ခင်ဗျားတို့ အခန်းတစ်ဝိုက်ကို ခဏလောက်ကြည့်ပြီး ဒီက သံသယအပွားဆုံးသူတစ်ယောက်ကို ကြိုးစားရှာကြည့်စေချင်တယ်။ (ရယ်သံများ) အဲဒီလူကို ကျွန်တော့အတွက် ညွှန်ပြပေးစေချင်ပါတယ်။ (ရယ်သံများ) အိုကေ၊ တကယ် မလုပ်ကြပါနဲ့။ (ရယ်သံများ) ဒါပေမဲ့ အဖွဲ့အစည်း စိတ်ပညာရှင်အနေနဲ့ အလုပ်ခွင်တွေမှာ အချိန် အတော်ကုန်ခဲ့ပြီး သံသယလွန်ကဲမှုကို နေရာတိုင်းမှာ တွေ့ခဲ့ပါတယ်။ သံသယလွန်ကဲမှုဟာ "ယူသူတွေ" ဆိုတဲ့ လူတွေကြာင့်ပါ။ ယူသူတွေဟာ ဆက်ဆံမှုတွေမှာ ကိုယ့်အတွက်ပဲလုပ်တယ်။ သင် ကျုပ်အတွက် ဘာလုပ်ပေးနိုင်လဲ ဆိုတာပါ။ ဆန့်ကျင်ဖက်ကတော့ ပေးသူပါ။ ဆက်ဆံမှု အများစုမှာ "သင့်အတွက် ကျုပ်ဘာလုပ်ပေးရမလဲ" လို့ မေးပြီး ချဉ်းကပ်သူပါ။ သင့်ရဲ့ ကိုယ်ပိုင်ဟန်ကို တွေးဖို့ အခွင့်တစ်ခု ပေးချင်ပါတယ်။ အားလုံးမှာ ပေးခြင်း၊ ယူခြင်း ကာလတွေရှိတယ် သင့်ရဲ့ဟန်ဟာ သင်လူအများစုကို အချိန်အများစုမှာ ဆက်ဆံပုံပါ၊ သင့်ရဲ့ ရွေးချယ်မှုပါ။ သင်ဟာ ပေးသူ (သို့) ယူသူလားဆိုတာ မှန်းဆဖို့ သင်တို့ဖြေနိုင်တဲ့ စစ်ဆေးလွှာ အတိုတစ်ခု ရှိပြီး အခုဖြေလို့ရပါတယ်။ (အတ္တပေမ စစ်ဆေးလွှာ) (အဆင့် ၁- သင့်ကိုယ်သင် စဉ်းစားဖို့ ခဏအချိန်ယူပါ။) (ရယ်သံများ) အဆင့်၂- ဒါကို အဆင့် ၂ ထိလုပ်ရင် သင်ဟာ အတ္တပေမဝါဒီ မဟုတ်ဘူး။ (ရယ်သံများ) ဒါက ကျွန်တော် ဒီနေ့ပြောမယ့် တစ်ခုတည်းသော အရာပါ၊ နောက်ခံ ဒေတာမရှိပါဘူး။ ဒါပေမဲ့ သဘောကျမိတာက ဒီကာတွန်းကို ရယ်မောဖို့ အချိန်ပိုယူရလေ သင်ဟာ ယူသူတစ်ယောက်ဖြစ်တာ ပိုစိုးရိမ်ရလေပါ။ (ရယ်သံများ) တကယ်က ယူသူအားလုံး အတ္တပေမဝါဒီတွေ မဟုတ်ပါ။ တစ်ချို့က အကြိမ်အများကြီး လောင်ခံရတဲ့ ပေးသူသက်သက်တွေပါ။ ဒီနောက် ဒီနေ့ ပြောမှာမဟုတ်တဲ့ နောက်ထပ် ယူသူတစ်မျိုးရှိပါတယ်။ အကြမ်းပတမ်း စိတ်ဝေဒနာရှင် လို့ခေါ်ပါတယ်။ (ရယ်သံများ) ဒါပေမဲ့ ဒီအစွန်းရောက်မှုတွေဟာ ဘယ်လို တွင်ကျယ်တာသိချင်ပြီး ဒါနဲ ကမ္ဘာ့ယဉ်ကျေးမှု အသီးသီးက စက်မှုလုပ်ငန်း အသီးသီးက လူ ၃၀၀၀၀ ကျော်ကို လေ့လာခဲ့တယ်။ တွေ့ရတာက အများစုဟာ ပေးခြင်းနဲ့ ယူခြင်းအကြား အလယ် တည့်တည့်မှာ ရှိတာပါ။ ဒီ ယှဉ်တွဲခြင်းဆိုတဲ့ တတိယဟန်ကို ရွေးကြတယ်။ သင်ဟာ ယှဉ်တွဲသူဆိုရင် အပေးနဲ အယူရဲ့ ဟန်ချက်ညီမှုနဲ့ ညီအောင်ကြိုးစားတယ်။ အပေးအယူပေါ့၊ ငါ့အတွက်တစ်ခုခုလုပ်ပေးရင် မင်းကိုတစ်ခုခုလုပ်ပေးမယ်ပေါ့။ ဘဝရှင်သန်ဖို့ စိတ်ချရတဲ့ နည်းတစ်ခုလို ဖြစ်ပုံရတယ်။ ဒါပေမဲ့ ဒါက ဘဝရှင်သန်ဖို့ အထိရောက်ဆုံး၊ အရာရောက်ဆုံးနည်းလား။ ဒီမေးခွန်းအတွက် အဖြေကတော့ အရမ်းကို ခိုင်မာပါတယ်၊ ဖြစ်လောက်တယ်ပေါ့။ (ရယ်သံများ) ဒါဇင်ချီတဲ့ အဖွဲ့အစည်းတွေ၊ ထောင်ချီတဲ့ လူတွေကို လေ့လာခဲ့တယ်။ သူတို့ရဲ့ ထုတ်လုပ်မှုကို တိုင်းတာတဲ့ အင်ဂျင်နီယာတွေကို လေ့လာခဲ့တယ်။ (ရယ်သံများ) ဆေးကျောင်းသားတွေရဲ့ အဆင့်တွေကို ကြည့်ခဲ့တယ်။ အရောင်းသမားတွေရဲ့ ဝင်ငွေတွေတောင်ပါ။ (ရယ်သံများ) ဒါနဲ့ မမျှော်လင့်ပဲ ဒီအလုပ်တွေတိုင်းမှာ အဆိုးဝါးဆုံး စွမ်းဆောင်သူတွေက ပေးသူတွေဖြစ်တာပါ။ အလုပ်အနည်းဆုံးပြီးတဲ့ အင်ဂျင်နီယာတွေဟာ သူတို့ရရှိတာထက် အကူအညီတွေ ပိုပေးသူတွေပါ။ အြခားသူတွေရဲ့ အလုပ်တွေလုပ်ရင်း မအားကြဘူး။ ပြောရရင် သူတို့အလုပ်တွေ ပြီးမြောက်ဖို့ အချိန်တွေ၊ စွမ်းအင်တွေကုန်ခဲ့တယ်။ ဆေးကျောင်းမှာတော့ အဆင့်အနိမ့်ဆုံးရသူတွေဟာ ဒီအဆိုပြုချက်တွေကို အပြင်းထန်ဆုံး သဘောတူတွေပါ "သူတစ်ပါးကို ကူညီရတာကြိုက်တယ်။" ဒါက ဖော်ပြတာက ဆရာဝန် သင့််အနေနဲ့ ယုံကြည်သင့်တာက ဆေးကျောင်းကို လာတဲ့သူဟာ ဘယ်သူ့ကိုမှ ကူညီဖို့ ဆန္ဒမပါတာပါ။ (ရယ်သံများ) အရောင်းမှာလည်းပဲ အရက်ရောဆုံး အရောင်းသမားတွေမှာ အနိမ့်ဆုံးဝင်ငွေ တင်ကျန်ပါတယ်။ ကျွန်တော် တကယ်ပဲ ပေးသူအမှတ် တော်တော်မြင့်တဲ့ ဒီအရောင်းသမားတစ်ဦးဆီ ရောက်ခဲ့တယ်။ သူ့ကိုမေးတာက ဘာလို့ ဒီအလုပ်မှာ ခင်ဗျား ပတ်သက်တာလဲ။ ဒီအတိုင်း ဒါကို မမေးခဲ့ပေမဲ့ (ရယ်သံများ) အရောင်းမှာ ရက်ရောမှုရဲ့ ကုန်ကျစရိတ်ကဘာလဲ။ သူပြောတာက အင်း၊ ကျွန်တော်က ဖောက်သည်တွေကို အင်မတန် လေးနက်စွာ ဂရုစိုက်တော့ ချာတူးလံ ထုတ်ကုန်တစ်ခုမှ မရောင်းရတော့ဘူး (ရယ်သံများ) ဒီတော့ သိချင်လို့ပါ၊ ဘယ်နှစ်ယောက်များ မိမိကိုယ်ကို ပေးသူ (သို့) ယူသူတွေလို့ သတ်မှတ်လဲ။ လက်တွေ မြှောက်လိုက်ပါ။ အိုကေ၊ ဒီဒေတာတွေအကြောင်း မပြောခင်ကဆို ပိုများလိမ့်မယ်။ ဒါပေမဲ့ တကယ်တမ်း ဖြစ်သွားတာက ဒီမှာ လှည့်ကွက်တစ်ခုရှိတယ်။ အကြောင်းက ပေးသူတွေဟာ မကြာခဏ သူတို့ကိုယ်သူတို့ စတေးနေပေမဲ့ သူတို့ အဖွဲ့အစည်းတွေ ပိုကောင်းအောင် လုပ်နေတယ်။ ကျွန်တော့တို့မှာ သက်သေ အစုကြီးရှိတယ်၊ များပြားလှတဲ့ လေ့လာမှုတွေက အသင်း(သို့) အဖွဲ့အစည်းတွေမှာရှိတဲ့ ပေးသူအမူအကျင့်ကြိမ်နှုန်းကို ကြည့်ပါတယ်၊ မကြာခဏတော့ ကူညီသူတွေ၊ သူတို့ရဲ့ ဗဟုသုကို မျှဝေသူတွေနဲ သင်ပေးသူတွေ ပိုများလေ တိုင်းနိုင်တဲ့ မက်ထရစ်တိုင်း အဖွဲ့အစည်းလုပ်ဆောင်တာကောင်းလေ၊ အမြတ်၊ဖောက်သည်၊ ကျေနပ်မှု ဝန်ထမ်းထိန်းချုပ်မှု ပိုမြင့်လေ လုပ်ဆောင်စရိတ်တွေတောင် ပိုနည်းလေပါ။ ပေးသူတွေဟာ လူတွေကို ကူညီဖို့၊ အသင်းတိုးတက်ဖို့ ကြိုးစားရင်း အချိန်မအများကြီးကုန်ကြကယ် နောက်တော့ ကံမကောင်းစွာပဲ တစ်လျှောက်လုံး ခံစားရတယ်။ ကျွန်တော်ပြောချင်တာက ပေးသူတွေ တကယ်ကို အောင်မြင်တဲ့ ယဉ်ကျေးမှုတွေ တည်ဆောက်ဖို့ လိုအပ်တာအကြောင်းပါ။ ဒါနဲ့ တွေးမိတာက ပေးသူတွေဟာ အဆိုးဆုံး စွမ်းဆောင်သူတွေဆိုရင် အကောင်းဆုံး စွမ်းဆောင်သူတွေက ဘယ်သူတွေလဲ သတင်းကောင်းနဲ့ စတင်ပါရစေ။ ယူသူတွေတော့ မဟုတ်ပါဘူး။ ယူသူတွေဟာ အလုပ်အများစုမှာ အတက်မြန်တတ်ပေမဲ့ အကျလည်း မြန်ပါတယ်။ သူတို့ဟာ ယှဉ်တွဲသူတွေရဲ့ လက်ထဲကိုကျသွားတယ်။ သင်ဟာ ယှဉ်တွဲသူဆိုရင် ထပ်တူတုံ့ပြန်မှု လောကကိုပဲ သင်ယုံကြည်တယ်။ ဒါနဲ့ ယူသူတစ်ဦးနဲ့ဆုံတဲ့အခါ ဒီလူကို ပြစ်ဒဏ်ပေးဖို့ရာဟာ သင့်ဘဝရဲ့ တာဝန်တစ်ရပ်လို့ ခံစားမိတယ်။ (ရယ်သံများ) ဒါက တရားမျှတတဲ့ နည်းလမ်းပါ။ ကောင်းပြီ၊ လူအများစုဟာ ယှဉ်တွဲသူတွေပါ။ ဆိုလိုတာက သင်တို့ဟာ ယူသူတွေဆိုရင် နောက်ဆုံးမှာ သင့်ကိုမိသွားတတ်တာပါ။ သံသရာ လည်လာမယ်ဆိုတာပါ။ ဒီတော့ ယုတ္တိတန်တဲ့ ကောက်ချက်က အကောင်းဆုံး စွမ်းဆောင်သူတွေဟာ ယှဉ်တွဲသူတွေပဲ ဖြစ်ရမှာပါ။ ဒါပေမဲ့ သူတို့မဟုတ်ကြဘူး။ အဖွဲ့အစည်းတိုင်းရရဲ့ အလုပ်တိုင်းမှာ ကျွန်တော်လေ့လာခဲ့တာက ပေးသူတွေ အကောင်းဆုံးရလဒ်တွေ ပြန် ထိုက်တန်တာပါ ရာချီတဲ့ အရောင်းသမားတွေဆီက သူတို့ဝင်ငွေကို ခြေရာခံကာ ကောက်ယူထားတဲ့ ဒေတာတွေကို ကြည့်ပါ။ မြင်နိုင်တာက ပေးသူတွေဟာ အစွန်းနှစ်ဖက်လုံးကိုသွားတာပါ။ အနိမ့်ဆုံးဝင်ငွေရသူ အများစုရော အမြင့်ဆုံး ဝင်ငွေရသူတွေနဲ့ပါ ဖွဲ့စည်းပါဝင်တာပါ။ နမူနာပုံစံတွေဟာ အင်ဂျင်နီယာ ထုတ်လုပ်မှု၊ဆေးကျောင်းသား အဆင့်တွေအတွက် အမှန်တွေပါ။ ပေးသူတွေဟာ ခြေရာခံနိုင်တဲ့ အောင်မြင်မှုမက်ထရစ်တိုင်းရဲ့ အောက်ခြေနဲ့ ထိပ်မှာ
စုပြုံကိုယ်စားပြုတယ် ဒါက မေးခွန်းဖြစ်စေတာက ပိုများတဲ့ပေးသူတွေ သာလွန်စေတဲ့ ကမ္ဘာတစ်ခု ဘယ်လိုဖန်တီးမလဲ။ ဒါကိုလုပ်နည်း ပြောချင်ပါတယ်၊ စီးပွားရေးလုက်ငန်းတွေတင်မဟုတ်ပဲ ကိုယ်ကျိုးမဖက်တဲ့ ကျောင်းတွေ၊ အစိုးရတွေမှာတောင်ပါ။ အဆင်သင့်ပဲလားဗျာ။ (ဩဘာသံများ) ဘယ်နည်းနဲ့မဆို လုပ်မှာဖြစ်ပေမဲ့ စိတ်အားထက်သန်မှုတော့ လိုလားတယ်။ (ရယ်သံများ) ပထမဆုံး တကယ့်အရေးပါတာက ပေးသူတွေဟာ သင့်တန်ဖိုးအရှိဆုံး လူတွေဆိုတာ အသိအမှတ်ပြုဖို့၊ ဒါပေမဲ့ သူတို့ သတိမထားရင်တော့ အားအင်ကုန်ခမ်းသွားတယ် ဒီတော့ ပေးသူတွေကို သင်တို့အလယ်မှာ ကာကွယ်ဖို့လိုတယ်။ Fortune ရဲ့ ကွန်ရက်သမားဆီက ဒီအကြောင်း ကြီးမားတဲ့ သင်ခန်းစာတစ်ခု သင်ယူခဲ့တယ်။ လူတစ်ယောက်၊ ကြောင်မဟုတ်ဘူး။ (ရယ်သံများ) သူ့နာမည်က Adam Rifkin ပါ။ သူက အောင်မြင်တဲ့ အစဉ်လိုက် စွန့်ဦးထွင်တစ်ဦးပါ။ ကြီးမားတဲ့ အချိန်ပမာဏကို သူများကို ကူညီရင်းကုန်ဆုံးသူပါ။ သူ့ရဲ့ လျှို့ဝှက်လက်နက်က ငါးမိနစ် အကူအညီပါ။ Adam ပြောတာက "ပေးသူတစ်ဦးဖြစ်ဖို့ Mother Teresa (သို့) Gandhi ဖြစ်ဖို့မလိုဘူး။ အခြားသူတွေရဲ့ ဘဝတွေထဲ့ ကြီးမားတဲ့ တန်ဖိုးဖြည့်ပေးဖို့ နည်းလမ်းလေးတွေ ရှာဖို့ပါ"တဲ့ ဒါက တစ်ဦးကိုတစ်ဦးသိတာကနေ အကျိုးရနိုင်တဲ့ လူနှစ်ဦးကို မိတ်ဆက်ပေးတာလို ရိုးရှင်းနိုင်ပါတယ်။ ဒါက သင့်အသိပညာကို မျှဝေတာ(သို့) တုံ့ပြန်ချက်ကလေးပေးတာဖြစ်နိုင်ပါတယ်။ (သို့) "သိလား"လို့ ပြောတာလို အခြေခံကျတာတောင် ဖြစ်နိုင်တယ်။ သတိမထားမိတဲ့ တစ်ယောက်ယောက်ရဲ့ အလုပ်ကို ကျွန်တော် အသိအမှတ်ပြုနိုင် မလား ကြိုးစား မှန်းဆမယ်။ ဒီ ငါးမိနစ် အကူအညီတွေဟာ ပေးသူတွေကို နယ်နိမိတ် မှတ်ဖို့နဲ့ သူတို့ကိုယ်ကို ကာကွယ်ဖို့ ကူညီရာမှာ အရေးပါတယ် ပေးသူတွေ အောင်မြင်တဲ့ ယဉ်ကျေးမှုတစ်ခု တည်ဆောက်ချင်ရင် အရေးပါတဲ့ ဒုတိယက အကူအညီ တောင်းခံခြင်းက စံဖြစ်ရာ ယဉ်ကျေးမှုတစ်ခု တကယ်လိုအပ်တာပါ။ လူအများကြီး တောင်းခံရာပါ ဒါက အချို့အတွက်နည်းနည်း နီးနီးစပ်စပ် အရှိုက်ထိလောက်တယ်။ [ဒီတော့ သင်တို့ ဆက်ဆံရေးအားလုံးမှာ သင် အြမဲပေးသူဖြစ်ဖို့လိုလား] (ရယ်သံများ) အောင်မြင်တဲ့ ပေးသူတွေနဲ့ တွဲမြင်တာက လက်ခံသူဖြစ်ဖို့လည်း အဆင်ပြေတယ်ဆိုတာ သူတို့ အသိအမှတ်ပြုတာပါ။ အဖွဲ့အစည်းတစ်ခုကို လည်ပတ်တာဆိုရင် ပိုလွယ်အောင် လုပ်နိုင်တယ်။ အကူအညီတောင်းသူတွေအတွက် ပိုလွယ်အောင် လုပ်နိုင်တယ်။ ကျွန်တော်နဲ့ အဖော်တွေ ဆေးရုံတွေ လေ့လာတယ်။ တွေ့ရတာက အထပ်တစ်ချို့မှာ သူနာပြုတွေဟာ အကူအညီအများကြီးတောင်းခံနေပြီး တစ်ချို့ အထပ်တွေမှာတော့ မဆိုစလောက်ပဲတောင်းခံတယ်။ အကူအညီ တောင်းခံတာဖြစ်နေကျပြီး ဒါက စံဖြစ်နေတဲ့ အထပ်တွေမှာ ထင်ပေါ်နေတဲ့ အကြောင်းခံက သူနာပြုတစ်ဦးယောက်ပဲရှိပြီး သူ့အလုပ်က ယူနစ်က အခြား သူနာပြုတွေကို ကူညီဖို့သက်သက်ပါ။ ဒီကဏ္ဍာရှိခဲ့တော့ သူနာပြုကပြောတာက ဒါရှက်စရာမဟုတ်ဘူး၊ အကူအညီတောင်းတာ အားနွဲ့တာမဟုတ်ဘူး ဒါက တကယ်တော့ အားတက်စေတယ်"တဲ့။ အကူအညီ တောင်းခံခြင်းဟာ ပေးသူတွအတွက် အောင်မြင်မှုကာကွယ်တာနဲ့ ကောင်းကျိုးပဲ အရေးကြီးတာမဟုတ် ပေးသူတွေလိုပဲ လူတွေပိုလုပ်ဆောင်ဖို့ကလည်း အရေးပါပါတယ်။ အကြောင်းက ဒေတာက ပြောတာက ပန်ကြားချက်တစ်ခုနဲ့ စတင်တဲ့ အဖွဲ့အစည်းတွေထဲက ပေးတာအားလုံးရဲ့ ၇၅ နဲ့ ၉၀% အကြားရှိလို့ပါ။ ဒါပေမဲ့ အများက မတောင်းဘူး သူတို့က ညံတဲ့ပုံ မဖြစ်ချင်ဘူး၊ ဘယ်ဘက် လှည့်ရမယ် မသိဘူး၊ သူများကို ဝန်မပိစေချင်ဘူး။ ဒါပေမဲ့ ဘယ်သူမှ အကူအညီမတောင်းရင် သင့်အဖွဲ့အစည်းမှာ ရှေ့တက်ပြီး ပေးဝေးတာ နှစ်သက်တဲ့ မချင့်မရဲ့ဖြစ်နေတဲ့ ပေးသူတွေ အများကြီးပါ။ ဘယ်သူ အကျိုးရှိပြီး ဘယ်လိုဆိုတာပဲ သိသူတွေပါ။ ဒါပေမဲ့ ထင်တာက အောင်မြင်တဲ့ ပေးသူတွေ ယဉ်ကျေးမှုတစ်ခု ဆောက်ချင်ရင် အရေးပါဆုံးအရာက အသင်းမှာ ဘယ်သူတွေ ပါခွင့်ပြုမယ် ဆိုတာကို စဉ်းစားတတ်ဖို့ပါ။ မှန်းဆမိတာက အကျိုးရှိတဲ့ ရက်ရောမှု ယဉ်ကျေးမှုတစ်ခု လိုအပ်တယ်၊ ပေးသူတစ်စုကို ခန့်သင့်တယ်၊ ဒါပေမဲ့ ဒါဟာ တကယ်တော့ မမှန်ဘူးဆိုတာ သိလိုက်တော့ အံ့သြမိတယ်၊ ယဉ်ကျေးမှုတစ်ခုက ယူသူတစ်ဦးရဲ့ အပျက်သဘော သက်ရောက်မှုက ပေးသူတစ်ဦးရဲ့ အပြုသဘော သက်ရောက်မှုကို အမြဲ နှစ်ဆက သုံးဆထိပါ။ ဒီနည်းနဲ့ တွေးကြည့်ပါ၊ ပန်းသီးပုပ်က တစ်စည် ပုပ်နိုင်ပေမဲ့ ကြက်ဥကောင်းတစ်လုံးက တစ်ဒါဇင်မလုပ်နိုင်တာပါပဲ။ ဒါက ဘာဆိုလိုတာ မသိဘူးဗျ။ (ရယ်သံများ) ဒါပေမဲ့ ခင်ဗျားတိုတော့ သိမယ် နိုး၊ ယူသူတစ်ဦး အသင်းထဲဝင်ခွင့်ပြုတာတောင် ပေးသူတွေ ကူညီတာ ရပ်သွားတာကို မြင်ရလိမ့်မယ်။ သူတို့က "ကျုပ်တော့ မြွေတွေနဲ့ ငါးမန်းအုပ် အဝိုင်းခံရပြီ၊ ဘာလို့ ပေးကမ်းရမှာတုန်း" ပေးသူတစ်ဦး အသင်းမှာ ဝင်ခွင့်ပြုလို့ကတော့ ရက်ရောမှု ဒလေဟာကြီးမရဘူး။ ဖြစ်တတ်တာက လူတွေက "ကောင်းတယ်၊၊ ဒီလူ ငါတို့အလုပ်တွေ အကုန်လုပ်နိုင်တယ်။" ဒီတော့ ထိရောက်တဲ့ ခန့်ခြင်း၊ စစ်ဆေးခြင်း၊ အသင်းဖွဲ့ခြင်းဟာ ပေးသူတွေ ခေါ်လာဖို့မဟုတ်ပဲ ယူသူတွေကို ရှင်းလင်းဖို့ပါ။ ကောင်းစွာ လုပ်နိုင်ရင် ပေးသူနဲ့ ယှဉ်တွဲသူတွေပဲ ကျန်လိမ့်မယ်။ ပေးသူတွေက ရက်ရောလိမ့်မယ်၊ အကြောင်းက အကျိုးဆက်တွေကို သူတို့ တွေးပူစရာ မလိုလို့ပါ။ ယှဉ်တွဲသူတွေရဲ့ ကောင်းကွက်က သူတိုဟာ စံကိုလိုက်နာတာပါ။ ဒီတော့ အချိန်သိပ်မနှောင်းခင် ယူသူကို ဘယ်လိုဖမ်းမလဲ။ ဘယ်သူက ယူသူဆိုတာကို မှန်ဆဖို့ ကျွန်တော်တို့က အတော်ညံ့ပါတယ်၊ အထူသဖြင့် စတွေ့ခြင်းတွေမှာပေါ့။ ကျွန်တော်တို့ မတွေ့နိုင်တဲ့ ပင်ကိုယ်စရိုက်ရှိတယ်။ နှစ်လိုဖွယ် လို့ ခေါ်တယ်၊ ယဉ်ကျေးမှုအသီးသီးက အဓိက ပင်ကိုယ်စရိုက် ရှုထောင့်တစ်ခုပါ။ နှစ်လိုဖွယ်ကောင်းသူတွေဟာ နွေးထွေး၊ ဖော်ရွေတယ်၊ မွန်ရည်တယ်၊ ယဉ်ကျေးတယ်။ ဒီလူအများအြပားကို ကနေဒါမှာ တွေ့ရတယ်။ (ရယ်သံများ) အဲဒီမှာ ကနေဒါ ဆောင်ပုဒ်သစ်တစ်ခု စိတ်ကူးရလာပြီး "....လို ကနေဒါ"လို့ ကွက်လပ်ဖြည့်တဲ့ တကယ့် အမျိုးသား ပြိုင်ပွဲတစ်ခုရှိခဲ့တယ် ထင်ခဲ့တာက နိုင်တဲ့သူဟာ "မေပယ်သကာလို (သို့) ရေခဲဟော်ကီလို ကနေဒါသား"ဖြစ်မယ်ပေါ့။ ဒါပေမဲ့ နိုး၊သူတို့ အမျိုးသားဆောင်ပုဒ် အတွက် ကနေဒါတွေ မဲပေးတာက နောက်တာမဟုတ်ဘူးနော် "အခြေအနေအရ ကနေဒါသားလို တတ်နိုင်သလောက်ဖြစ်ပါစေ။" (ရယ်သံများ) အခု အလွန်နှစ်လိုဖွယ်ကောင်းတဲ့ ခင်ဗျားတို့အတွက် (သို့) နည်းနည်း ကနေဒါဆန်သူတွေ ဒါကို ချက်ချင်း ရတယ်။ ကျွန်တော်ဟာ အခြားသူတွေ စိတ်ကျေနပ်အောင် ကြိုးစားဖို့ မပြတ် ပြင်တော့ တစ်ခုခုဆိုတာ ဘယ်လိုပြောနိုင်လဲ။ နှစ်သက်လိုဖွယ် မကောင်းသူတွေက နည်းတယ်။ သူတိုဟာ ပိုဝေဖန်တယ် အယုံအကြည်မဲ့တယ်၊ စိန်ခေါ်တယ်၊ သူတို့ရဲ့ တန်းတူတွေထက် ဥပဒေကျောင်းတက်ဖို့ ဖြစ်နိုင်ခြေပိုများတယ်။ (ရယ်သံများ) ဒါ ဟာသမဟုတ်ဘူး။ တကယ့်ကိုယ်တွေ့ အချက်တစ်ခုပါ။ (ရယ်သံများ) ဒါနဲ့ အမြဲ ယူဆမိတာက နှစ်လိုဖွယ်ကောင်းသူတွေဟာ ပေးသူတွေ နှစ်လိုဖွယ် မကောင်းသူတွေက ယူသူတွေလို့ပါ။ ဒါပေမဲ့ နောက် ဒေတာကောက်တော့ ဒီလက္ခဏာတွေကြားမှာ ဆက်စပ်မှုမရှိတာ တွေ့တော့ မယုံနိုင်ဖြစ်မိတယ်။ အကြောင်းက နှစ်လိုဖွယ်၊ မနှစ်လိုဖွယ်ဟာ သင့် အပေါ်ယံဖြစ်လို့ပါ။ ဆက်သွယ်မှုက ဘယ်လောက်နှစ်လိုဖွယ်ဖြစ်လဲ တကယ်က ပေးတာနဲ့ ယူတာဟာ သင့် အတွင်းစေ့ဆော်မှုတွေထက်ပိုတယ်။ သင့်တန်ဖိုးတွေကဘာလဲ။ အခြားသူတွေကို သင့်ရည်ရွယ်ချက်တွေကဘာလဲ။ လူတွေကို တကယ်ပဲ တိတိကျကျ အကဲဖြတ်ချင်ရင် အခန်းထဲမှာ အတိုင်ပင်ခံတိုင်း စောင့်နေတဲ့ အချိန်ကို သွားဖို့လိုပြီး နှစ်ခုစီ ဆွဲပေါ့။ (ရယ်သံများ) နှစ်လိုဖွယ်ပေးသူတွေဟာ ကြည့်ဖို့ လွယ်ပါတယ်။ အကုန်လုံးကို ဟုတ်ကဲ့ပြောကြတယ်။ မနှစ်လိုဖွယ် ယူသူတွေကိုလည်း အြမန် သိနိုင်ပါတယ်။ သူတို့ကို နည်းနည်း မတူတဲ့ အမည်နဲ့ ခေါ်ချင်ခေါ်နိုင်ပေမဲ့ပေါ့လေ၊ (ရယ်သံများ) အခြား အတွဲနှစ်တွဲ ကျွန်တော်တို့ မေ့နေတယ်။ ကျွန်တော်တို့ အဖွဲ့အစည်းတွေမှာ
 မနှစ်သက်ဖွယ် ပေးသူတွေရှိတယ်။ အပြင်ပန်းမှာ သုန်မှုန်၊ ကြမ်းတမ်းနေပေမဲ့ အောက်က နှလုံးသားမှာ သူများရဲ့ စိတ်ဝင်စားမှု အရှိဆုံးတွေပါ။ အင်ဂျင်နီယာတစ်ဦး ပြောသလို "အိုး မနှစ်သက်စရာ ပေးသူတွေ၊ ကြားခံစနစ် မကောင်းပေမဲ့ လုပ်ဆောင်မှု စနစ်ကောင်းတဲ့ လူလိုပေါ့ဗျာ။ (ရယ်သံများ) ခင်ဗျားတို့ နားလည်ရင်ပေါ့။ (ရယ်သံများ) မနှစ်သက်စရာ ပေးသူတွေဟာ အဖွဲ့အစည်း တွေမှာ တန်ဖိုးချ အခံရဆုံးလူတွေပါ။ အကြောင်းက ဘယ်သူမှ မကြားချင်ပေမဲ့ လူတိုင်း ကြားဖို့လိုတဲ့ အပြစ်မြင် တုံပြန်မှု ပေးသူတွေမို့ပါ။ ဒီလူတွေကို တန်ဖိုးထားကာ အများကြီးသာတာ လုပ်ဖို့လိုတယ်၊ စောစော အရေးမပါဘူးလို့ဆိုတာနဲ့ တခြားစီ "ဟ၊ ကျွဲမြီးတိုတတ်တဲ့ကောင်၊ တစ်ကိုယ်ကောင်း ယူသူပဲဖြစ်ရမယ်" ကျွန်တော်တို့မေ့နေတဲ့ နောက်အတွဲကတော့ အလွန်မုန်းတီးစရာပါ၊ နှစ်လိုဖွယ်ယူသူပါ၊ အယောင်ဆောင်သူလို့လည်း သိကြတယ်။ သင့်ကို အပါ်ယံကောင်းပြီး နောက်ကျော ဓားနဲ့ထိုးမယ့် သူဟာ ဒီလူပါ။ (ရယ်သံများ) ဒီလူတွေကို ဖမ်းဖို့ ကျွန်တော် အကြိုက်ဆုံးနည်းက လူတွေ့အဆင့်မှာ မေးခွန်းမေးဖို့ပါ။ အခြေခံအနေနဲ့ အလုပ်တွေမှာ တိုးတက်အောင် မင်းလုပ်ပေးခဲ့တဲ့ လူလေးဦးအမည်ကို ပြောနိုင်မလား။ ယူသူတွေက သင့်ကို နာမည်လေးခု ပေးလိမ့်မယ်၊ သူတို့ထက်် ပိုဩဇာရှိသူတေွဖြစ်လိမ့်မယ်။ အကြောင်းက ယူသူတွေဟာ အထက်ဖား၊ အောက်ဖိရာမှာ ဆရာကြီးတွေလေ။ ပေးသူတွေကတော့ ဝါစဉ်အရ သူတို့ထက် နိမ့်တဲ့သူတွေကို အမည်တပ်ဖို့ ပိုများတယ်။ အာဏာ အများကြီး မရှိတဲ့သူတွေ၊ ကောင်းတာ မလုပ်နိုင်သူတွေပါ။ လက်ခံရမှာပဲလေ၊ စားသောက်ဆိုင် စာပွဲထိုး (သို့) ယဉ်မောင်းသမားကို ဆက်ဆံပုံကြည့်ပြီး လူတစ်ဦး စရိုက်ကိုသိတာ အားလုံးသိပါတယ်။ ဒါကောင်းကောင်းလုပ်နိုင်ကာ ယူသူတွေကို အဖွဲအစည်းတွေထဲက ရှင်းထုတ်နိုင်ရင် အကူအညီတောင်းဖို့ စိတ်ချရအောင်လုပ်နိုင်ရင် ပေးသူတွေကို ချုံးချုံးကျတာက ကာကွယ်ပြီး သူတို့ပန်းတိုင်တွေနောက်လိုက်ဖို့ ရည်ရွယ်ချက်ကြီးဖို့နဲ့ သူတစ်ပါးကို ကူဖို့ကြိုးစားတာလည်း အဆင်ပြေအောင်လုပ်နိုင်ရင် အောင်မြင်မှုကို လူတွေအနက်ဖွင့်ပုံကို တကယ် ပြောင်းလဲနိုင်တယ်။ ပြိုင်ပွဲတစ်ခု နိုင်ခြင်းလို့ ဆိုမယ့်အစား အောင်မြင်မှုဆိုတာ တကယ်တော့ ထောက်ပံ့ခြင်းလို် လူတွေ နားလည်လာမယ်။ ယုံကြည်မိတာက အောင်မြင်ဖို့ အဓိပ္ပါယ်အရှိဆုံးနည်းက အခြားသူတွေ အောင်မြင်ဖို့ကူညီတာပါ။ ဒီယုံကြည်ချက်ကို ပြန့်ပွားနိုင်ရင် သံသယလွန်ကဲမှုကို ပြောင်းပြန်လှန်နိုင်တယ်။ ဒီအတွက် နာမည်တစ်ခုရှိတယ် "pronoia" လို့ခေါ်ပါတယ်။ Pronoia ဟာ သင့်ရဲ့ သုခချမ်းသာကို အခြားသူတွေက ပူးပေါင်းကြံနေတယ်ဆိုတဲ့ ယုံမှားခြင်း အယူပါ။ (ရယ်သံများ) သူတို့ဟာ သင့်နောက်ကျောကို ဝိုင်းလာကာ သင့်အကြောင်း ရွှန်းဝေနေတဲ့ အရာတွေ ထူးခြားစွာ ပြောဆိုနေတာကိုပါ။ ပေးသူတွေရဲ့ ယဉ်ကျေးမှုနဲ့ပတ်သက်ပြီး ကြီးကျယ်တဲ့အရာက ဒါက ယုံမှားခြင်းမဟုတ်ပဲ အစစ်အမှန်ဖြစ်တာပါ။ ပေးသူတွေ အောင်မြင်တဲ့ ကမ္ဘာတစ်ခုမှာ နေချင်ပြီး ဒီကမ္ဘာဖန်တီးဖို့ သင်တို့ ကူညီမယ် မျှော်လင့်ပါတယ် ကျေးဇူးပါ။ (လက်ခုပ်သံမျာ)