-
ငါးမန်းတွေကတော့ သမုဒ္ဒရာထဲမှာ ကြောက်စရာအကောင်းဆုံး တိရစ္ဆာန်တွေ ဖြစ်ပါတယ်။ သူတို့ကို ဘယ်သူမှ မစားရဲကြပါဘူး။
-
ဒါပေမယ့် ငါးမန်းတွေကို ဘယ်သူမှ မစားရဲကြဘူးဆိုရင် သမုဒ္ဒရာထဲမှာ ငါးမန်းတွေကြည့် ဖြစ်နေတော့မှာပေါ့။
-
အဖြေကတော့ "အစာကွင်းဆက်" (Food Chains) ပဲ ဖြစ်ပါတယ်။
-
Food Chain ကို နားလည်ဖို့ဆိုရင် "အစားအစာ" နဲ့ "အား" တွေအကြောင်းကို အရင်ဆုံးပြောကြရပါမယ်။
-
အားရှိဖို့အတွက် ကျွန်ုပ်တို့ဟာ မနက်စာ၊ နေ့လည်စာ နဲ့ ညစာတွေကို စားပေးရပါတယ်။
-
ဒီအားတွေကို ဘာလုပ်လို့ရပါသလဲ?
-
ပထမဆုံးပြောရရင် ဒီအားတွေကို သုံးပြီး သေတ္တာတွေကို ရွှေ့တဲ့ အလုပ်လိုမျိုး လုပ်လို့ရပါမယ်။
-
ဒုတိယအနေနဲ့က ကျွန်ုပ်တို့ခန္ဓာကိုယ် ကြီးထွားလာဖို့ ဒီအားအချို့ကို သုံးရပါတယ်။
-
တတိယအနေနဲ့ကတော့ ခင်ဗျားတို့ရဲ့ အရေပြားကို စမ်းကြည့်ပါ။
-
နွေးထွေးမနေဘူးလား?
-
အစားအစာကနေ အပူတွေထုတ်ပေးတယ်။ ဒါကြောင့် တချို့အစားအစာထဲက အားတွေက အပူတွေဖြစ်သွားတယ်။
-
နောက်ဆုံးအနေနဲ့ တချို့အားတွေက စွန့်ပစ်ပစ္စည်းအနေနဲ့ ဆုံးရှုံးသွားကြတယ်။
-
ဒီတော့ မှတ်ထားရမှာက အစားအစာထဲက အားတွေကို သုံးပြီး ကြီးထွားမှု၊ အလုပ်လုပ်နိုင်မှု၊ အပူဓါတ်နဲ့ စွန့်ပစ်ပစ္စည်းတွေ ဖြစ်လာတယ်ဆိုတာပါပဲ။
-
သမုဒ္ဒရာထဲမှ အပင်တွေကလည်း သူတို့ရဲ့အားတွေကို အစာကနေ ရရှိပါတယ်။ သူတို့ ဘာကိုစားသလဲဆိုတာပေါ်မူတည်ပြီး သူတို့ကို အမျိုးအစားခွဲလို့ရပါတယ်။
-
သက်ရှိသတ္တဝါတွေဟာ သူတို့ရဲ့အစာကို ကိုယ်ပိုင်စက်ရုံအသေးလေးတွေလို ထုတ်လုပ်ကြပါတယ်။
-
ဥပမာ၊ ထုတ်လုပ်သူတွေဖြစ်တဲ့ ကျောက်ပွင့်နဲ့ သေးမွှားသောအပင် (Phytoplankton) တွေဟာ နေရောင်နဲ့ ပတ်ဝန်းကျင်မှာရှိတဲ့ အဟာရဓါတ်တွေကို သုံးပြီး အစာထုတ်ပါတယ်။ အဲလိုလုပ်တာကို Photosynthesis လို့ ခေါ်ပါတယ်။
-
ကိုယ်ပိုင်အစာမချက်လုပ်နိုင်တဲ့ စားသုံးသူတွေကတော့ အခြားသက်ရှိတွေကို စားပါတယ်။
-
လူတွေကတော့ အဲ့ဒီလိုမျိုး စားသုံးသူတွေ ဖြစ်ကြပါတယ်။ ပင်လယ်အာချင်း (Sea Urchin)၊ ငါးမန်း၊ ဖျံနဲ့ ပင်လယ်ဖျံတွေကလည်း စားသုံးသူတွေ ဖြစ်ပါတယ်။
-
ပျက်ပြားဆွေးမြေ့အောင်လုပ်သူ (Decomposer) ကတော့ အသက်မရှိသော ခန္ဓာနဲ့ စွန့်ပစ်ပစ္စည်းကိုသာ စားပါတယ်။
-
ပုဇွန်နဲ့ ဗက်တီးရီးယားပိုးတွေဟာ Decomposer များ ဖြစ်ကြပါတယ်။
-
ဒီလို ခြားနားတဲ့ အုပ်စုတွေဟာ အစာကွင်းဆက်ပဲ ဖြစ်ပါတယ်။
-
အစာကွင်းဆက် (Food Chain) ဆိုတာ ဒီပတ်ဝန်းကျင်မှာ ဘယ်သူက ဘယ်သူ့ကို စားတယ်ဆိုတာကို ပြခြင်းဖြစ်ပါတယ်။
-
အစာတွေကို ကိုယ်တိုင်ထုတ်လုပ်နိုင်တဲ့ ထုတ်လုပ်သူတွေကနေ အမြဲစတင်ပါတယ်။
-
ထုတ်လုပ်သူကို ပထမစားသုံးသူက စားပါတယ်။ ဒုတိယစားသုံးသူက ၎င်း(ပထမ)စားသုံးသူကို စားပါတယ်။ တခါတရံ တတိယနဲ့ စတုတ္ထစားသုံးသူကလည်း ၎င်း(ဒုတိယ)စားသုံးသူကို စားပါတယ်။
-
ဥပမာ၊ ကျောက်ပွင့်တွေကို ပင်လယ်အာချင်းတွေက စားပါတယ်။ ဖျံတွေက ပင်လယ်အာချင်းတွေကို စားပြီး ငါးမန်းတွေက ဖျံတွေကို ပြန်စားပါတယ်။
-
Phytoplankton တွေကို ငါးတွေက စားတယ်။ ငါးတွေကို ဖျံတွေကစားပြီး ငါးမန်းတွေက ဖျံတွေကို ပြန်စားပါတယ်။
-
သတိပြုရမှာကတော့ အကောင်တွေမတူပေမယ့် သဘောသဘာဝကတော့ တူပါတယ်။
-
အဲဒီကွင်းဆက်ကတော့ ထုတ်လုပ်သူတွေက အမြဲစပြီး စားသုံးသူတွေက အဆုံးသတ်ပါတယ်။
-
ဘာကြောင့်လဲ?
-
အဲ့ဒီ အစာကွင်းဆက် (Food Chain) က ဘယ်သူက ဘယ်သူ့ကို စားတာတွေကိုပဲ ပြတာ မဟုတ်ပါဘူး။
-
ကျွန်ုပ်တို့ဟာ အစာထဲမှ အားကို ရရှိပြီး အဲဒီအားတွေဟာ သတ္တဝါတွေ အမျိုးအမျိုးကို လည်ပတ် စီးဆင်းနေတာကိုလဲ ပြပါတယ်။
-
ထုတ်လုပ်သူတွေဟာ နေကနေ အားယူပြီး အစာကို ထုတ်လုပ်နိုင်တဲ့အတွက် Food Chain မှာ သူတို့ကနေ အမြဲစတင်ပါတယ်။
-
အဲ့ဒီ့အစာထဲက အားတွေကတော့ အဲ့ဒီ့ Food Chain ထဲကိုဝင်မည့် အားတွေဖြစ်ပါတယ်။
-
ဒါပေမယ့် မှတ်သားထားရမှာက သက်ရှိသတ္တဝါတို့ဟာ အဲ့ဒီအားတွေကိုသုံးပြီး ကြီးထွားလာရုံသာမက လုပ်အား၊ အပူဓါတ်နဲ့ အညစ်အကြေးတွေကို စွန့်ပစ်ဖို့လည်းသုံးတယ်။
-
ဒါပေမယ့် ကြီးထွားမှုအတွက်သုံးတဲ့ အားကသာလျင် Food Chain တလျှောက် လွဲပြောင်းပေးသွားနိုင်ပါတယ်။ ဘာလို့လဲဆိုတော့ စားသုံးသူတွေဟာ အဲဒီကြီးထွားမှုကို စားတဲ့အတွက် ဖြစ်ပါတယ်။
-
တကယ်တမ်းမှာတော့ အုပ်စုတစ်ခုရဲ့ ခွန်အား ဆယ်ရာခိုင်နှုန်းခန့်သာ နောက်ထပ်အုပ်စုတခုကို လွဲပြောင်းပေးနိုင်ပါတယ်။
-
အဲဒီလို အားတွေ တလျှောက်လုံး လျော့နည်းပျောက်ဆုံးသွားတာကတော့ ပိရမစ် တစ်ခုလိုပါပဲ။
-
အားတွေရဲ့ အရင်းအမြစ်ဖြစ်တဲ့ အစာတွေကို ထုတ်လုပ်တဲ့ ထုတ်လုပ်သူတွေကတော့ ပိရမစ်ရဲ့ အောက်ခြေမှာ ရှိပါတယ်
-
အားတွေက အုပ်စုတစ်ခုနဲ့ တစ်ခု အလွှဲအပြောင်းမှာ ဆုံးရှုံးကုန်တဲ့အတွက် ထိပ်ဆုံးက စားသုံးသူတွေအတွက် အနည်းငယ်သာ ကျန်တော့မှာ ဖြစ်ပါတယ်။
-
မှတ်ထားရမှာကတော့ Food Chain ပုံစံမှာ ထုတ်လုပ်သူနဲ့ ပထမ၊ ဒုတိယ၊ တတိယ စားသုံးသူဆိုပြီးရှိပါတယ်။
-
အခုသင်သိသွားပြီး ဘာဖြစ်လို့ စတုတ္ထစားသုံးသူဆိုတာ အမြဲမရှိရတာလဲ ပြီးတော့ ပဉ္စမစားသုံးသူဆိုတာလဲ ကြုံတောင့်ကြုံခဲ တွေ့ရတာပဲဖြစ်တယ်။
-
အဲဒီလိုတိရိစ္ဆာန်တွေအတွက် အားသိပ်ကျန်တော့မှာ မဟုတ်ဘူးလေ။
-
အဲဒါကြောင့် ငါးမန်းတွေကို စတုတ္ထစားသုံးသူတွေက မစားရင်တောင်မှ သမုဒ္ဒရာထဲမှာ ငါးမန်းတွေ နေရာအနှံ့ဖြစ်မနေတာပါ။
-
အဲဒီငါးမန်းတွေ အများကြီးအတွက် အားတွေ အလုံအလောက် မရနိုင်ပါဘူး။
-
ဟုတ်တယ်နော်...
-
ဥပမာ နှစ်ခုစလုံးမှာ ငါးမန်းတွေဟာ ထိပ်ဆုံး စားသုံးသူတွေဆိုတာ သင်သတိပြုမိမှာပါ။
-
လက်တွေကြည့်ရင်လဲ လူတွေဟာ မုန်လာဥနီနဲ့ အသားကို စားကြသလို အခြားတိရိစ္ဆာန်တွေလည်း အစာအမျိုးမျိုးကို စားကြပါတယ်။
-
ဥပမာ၊ ဖျံတွေဟာ ကင်းမွန်နဲ့ ပင်ဂွင်းတွေကို စားသလို ငါးတွေကလည်း ခရုနဲ့ ကျောက်ပွင့်တွေကို စားကြပါတယ်။
-
ဒါကြောင့် တူညီတဲ့ ပတ်ဝန်းကျင်တစ်ခုထဲမှာပဲ အစာကွင်းဆက်အမျိုးမျိုးရှိနေပါတယ်။
-
အဲဒီ အစာကွင်းဆက် (Food Chain) တွေကို ပေါင်းစပ်ပြီးတော့ အစာကွန်ရက် (Food Web) တစ်ခု ပြုလုပ်နိုင်ပါတယ်။
-
Food Chain တွေပေါင်းစပ်ထားတဲ့ Food Web ဟာ ကျွန်ုပ်တို့ ပတ်ဝန်းကျင်မှာ ဘာတွေဖြစ်နေတယ်ဆိုတာကို ပိုပြီး သဘာဝကျကျ ပုံဖော်ပြနိုင်ပါတယ်။
-
ကံဆိုးချင်တော့ အဲ့ဒီ သမုဒ္ဒရာထဲက အစာကွန်ယက်တွေကို လူသားတွေက ကြီးမားဆိုးရွားသော အကျိုးသက်ရောက်မှု ဖြစ်စေနေပါတယ်။
-
တနည်းအားဖြင့် လူတွေဟာ ငါးမန်းအရေအတွက်ကို ဖျက်ဆီးနေပါတယ်။
-
ငါးမန်းတွေဟာ သူတို့ရဲ့ ဆူးတောင်တွေကို ဟင်းချိုလုပ်သောက်ဖို့သော်လည်းကောင်း အခြားငါးတွေဖမ်းရင်း မတော်တဆသော်လည်းကောင်း ဖမ်းဆီးခံနေရပါတယ်။
-
တနှစ်ကို ငါးမန်းကောင်ရေ သန်းတစ်ရာလောက် အသတ်ခံနေရပါတယ်။
-
အဲဒီအရေအတွက်က ဆွစ်ဇာလန်၊ ကနေဒါ၊ ဒိန်းမတ်၊ ကမ္ဘောဒီယား၊ ဩစတေးလျနဲ့ ဇင်ဘာဘွေနိုင်ငံတွေမှာရှိတဲ့ လူဦးရေထက် ပိုများပါတယ်။
-
ငါးမန်းတွေဟာ အစာကွင်းဆက်ရဲ့ ထိပ်ဆုံးမှာ ရှိနေသူဖြစ်တဲ့အတွက် ဒီလိုဖြစ်နေတာ တော်တော်ဆိုးပါတယ်။
-
အဓိပ္ပါယ်ကတော့ ငါးမန်းတွေဟာ အခြားတိရိစ္ဆာန်တွေရဲ့ အရေအတွက်ကို မျှတအောင် ထိန်းထားပါတယ်။
-
တကယ်လို့ ငါးမန်းတွေ အကုန်သတ်လိုက်ရင် ဖျံတွေအများကြီး ဖြစ်လာမှာပါ။ ပြီးရင် ဖျံတွေက ငါးတွေအရေအတွက်ကို ဖျက်ဆီးပါလိမ့်မယ်။
-
ပတ်ဝန်းကျင် ဆက်စပ်မှု တခုလုံး ပျက်ဆီးသွားပါလိမ့်မယ်။
-
ငါးမန်းတွေကို သင်ဘယ်လိုကယ်ဆယ်နိုင်မလဲ?
-
ပထမဆုံး ငါးမန်းတောင်ဟင်းချိုကို မစားပါနဲ့။
-
ဒုတိယအနေနဲ့ ပိုက်ကွန်နဲ့ဖမ်းတဲ့ ငါးတွေကို ဝယ်မစားပါနဲ့။
-
ငါမန်းတွေကို အပေါ်ဆုံးမှ စားသုံးသူတွေလို့ပြောခဲ့တာ မှတ်မိမှာပါ။ ဒါပေမယ့် အကြောင်းအမျိုးမျိုးကြောင့် လူသားတွေက အပေါ်ဆုံးမှာ ဖြစ်နေပါတယ်။
-
တကယ်လို့ အစာကွင်းဆက်ကို မဖျက်ဆီးချင်ဘူးဆိုရင် ကျွန်ုပ်တို့ဟာ တာဝန်ယူစိတ်ဖြင့် စားသုံးကြရမှာ ဖြစ်ပါတယ်။