ပိုပြီးတရားမျှတတဲ့ ကမ္ဘာကို လိုချင်သလား။ မျှော်လင့်မရနိုင်တဲ့ မဟာမိတ်လို ပါဝင် လုပ်ဆောင်ပေးပါ။
-
0:01 - 0:05ရှင်တို့အနေနဲ့ ကြိုက်တဲ့သူကို မေးကြည့်ရင်
-
0:05 - 0:06သူတို့က ပြောပါလိမ့်မယ်၊
-
0:06 - 0:11သူတို့တွေအနေနဲ့ တရားမျှတမှုအတွက်
တိုက်ပွဲဝင်ရတာ စိတ်ပျက်နေကြတာကိုပေါ့။ -
0:11 - 0:17လူဖြူမဟုတ်ကြတဲ့ သူတွေနဲ့ LGBT
အသိုင်းအဝိုင်းထဲက သူတွေဟာလည်း -
0:18 - 0:21သူတို့ရဲ့ ပါးစပ်တွေ ပိတ်ပစ်ခံထားကြရပြီး
-
0:21 - 0:23နောက်ကို တွန်းထုတ်ခံနေကြရတဲ့
ကြားမှာတောင် -
0:23 - 0:25ရှေ့ကိုတက်လှမ်းပြီး သူတို့ရဲ့
ခံစားချက်တွေကို -
0:25 - 0:28ဖွင့်ထုတ်ပြောနေရတဲ့ ဝန်ထုပ်ကြီးကြောင့်
လက်ပန်းကျနေကြပါပြီ။ -
0:28 - 0:30ပြီးတော့ လူဖြူမဟာမိတ်တွေ
-
0:30 - 0:32CIS မဟာမိတ်တွေလည်း ငြီးငွေ့နေကြပါပြီ
-
0:33 - 0:36သူတို့ကို မှားနေတယ်လို့ ဝိုင်းပြောခံရတာ
-
0:37 - 0:40ဒါမှမဟုတ် ဒါဟာ သူတို့ဝင်ပါရမယ့်
ကိစ္စမဟုတ်ဘူးလို့ အပြောခံရတာတွေရောပေါ့။ -
0:41 - 0:45ဒီမောပန်းမှုဟာ ကျမတို့အားလုံးအပေါ်
သက်ရောက်နေပါတယ်။ -
0:45 - 0:46ပြီးတော့ တကယ်တမ်းတော့၊
-
0:46 - 0:49ကျမတို့ အောင်မြင်နိုင်မှာ မဟုတ်ဘူးလို့
ကျွန်မယုံကြည်တယ်။ -
0:49 - 0:53ကျမတို့ တရားမျှတမှုကို နည်းလမ်းသစ်နဲ့
မချင်းကပ်နိုင်သရွေ့ပေါ့။ -
0:54 - 0:58ကျမဟာ လူ့အခွင့်အရေး လှုပ်ရှားမှုကာလမှာ
ကြီးပြင်းခဲ့တယ်။ -
0:58 - 1:01လူမျိုးရေးအရ ခွဲခြားကန့်သတ်မှုများတဲ့
အမေရိကန် တောင်ပိုင်းမှာပါ -
1:01 - 1:03ငါးနှစ်သမီး တစ်ယောက်အနေနဲ့
-
1:03 - 1:06ဘဲလေးအကကို သိပ်စိတ်ဝင်စားခဲ့တယ်။
-
1:06 - 1:11၁၉၆၀ ဝန်းကျင်လောက်က ဒါဟာ ငါးနှစ်အရွယ်
ကောင်မလေးတွေ စိတ်ဝင်စားတဲ့အရာမျိုးပါ။ -
1:12 - 1:15အမေက ကျမကို ဘဲလေးအက
သင်တန်းကျောင်းကို ခေါ်သွားတယ်။ -
1:15 - 1:18ဘယ်လိုဆရာမမျိုးတွေ
ရှိခဲ့ဖူးတဲ့ ကျောင်းဆိုတော့ -
1:18 - 1:20ရှင့်ရဲ့အထုံပါရမီတွေ
အကြောင်းကို ပြောပြကြတယ်။ -
1:20 - 1:23ရှင်ဟာ ဘယ်တော့မှ ဘဲလေးကချေသည်
ဖြစ်မလာနိုင်မှန်း သိသိကြီးနဲ့ပေါ့။ -
1:23 - 1:24(ရယ်သံများ)
-
1:24 - 1:26ကျမတို့ ရောက်သွားတော့
-
1:26 - 1:30သူတို့က ကျမတို့ကို ကောင်းကောင်းမွန်မွန်ပဲ
ပြောလိုက်တာက နီဂရိုးတွေကို လက်မခံပါဘူးတဲ့။ -
1:31 - 1:35ကျမတို့တွေ ကားထဲ ပြန်ဝင်ခဲ့တယ်။
-
1:35 - 1:38လိမ္မော်သီးဖျော်ရည်မရှိတဲ့
စတိုးဆိုင်ထဲက ထွက်လာတဲ့ပုံနဲ့ပေါ့။ -
1:38 - 1:41ကျမတို့ စကားတခွန်းမှ မပြောဖြစ်ဘဲ
-
1:41 - 1:43ဘဲလေးအကင် သင်တန်း
နောက် တစ်ကျောင်းဆီ မောင်းခဲ့ကြတယ်။ -
1:44 - 1:49သူတို့ပြောတာက တို့တွေ
နီဂရိုးတွေကို လက်မခံဘူးဆိုတာပါပဲ။ -
1:50 - 1:52ကျမ စိတ်ရှုပ်သွားတာပေါ့။
-
1:52 - 1:55ဒါနဲ့ အမေ့ကို မေးတယ်
သူတို့ဘာလို့ သမီးကို လက်မခံတာလဲပေါ့။ -
1:55 - 2:00အမေကပြောတယ် ဒါကတော့ အခုချိန်
မင်းကိုလက်ခံဖို့ သူတို့ ဉာဏ်မမီသေးလို့တဲ့။ -
2:00 - 2:03မင်းဘယ်လောက် တော်တယ် ဆိုတာကိုလည်း
မသိသေးလို့နေမှာပေါ့တဲ့။ -
2:03 - 2:04(အားပေးသံများ)
-
2:04 - 2:08(လက်ခုပ်သြဘာသံများနှင့်အားပေးသံများ)
-
2:09 - 2:13ဒါပေမဲ့ ဘာကိုဆိုလိုမှန်း
ကျမ နားမလည်လိုက်ပါဘူး။ -
2:13 - 2:14(ရယ်သံများ)
-
2:14 - 2:17ကျမ အသေအချာ သိတာကတော့
ဒါဟာ ကောင်းတဲ့ အရာမဟုတ်ဘူးဆိုတာပဲ။ -
2:17 - 2:20ဘာလို့လဲဆိုတော့ အမေ့မျက်လုံးတွေထဲမှာ
အဲဒါကို မြင်နေရတယ်လေ။ -
2:20 - 2:24အမေဟာ စိတ်တိုနေခဲ့တယ်။
-
2:24 - 2:26ပြီးတော့ သူဟာ ငိုမတတ်ဖြစ်နေတယ်။
-
2:27 - 2:31ဒါနဲ့ ကျမအဲ့အချိန် အဲ့နေရာမှာပဲ
တထိုင်တည်း ဆုံးဖြတ်ချက်ချလိုက်က -
2:31 - 2:33ဘဲလေးအကဆိုတာ ခပ်ညံ့ညံ့ပါ ဆိုပြီးပေါ့။
-
2:34 - 2:35(ရယ်သံများ)
-
2:36 - 2:39သိတယ်မဟုတ်လား ကျမဘဝတစ်လျှောက်
ဒီလိုအတွေ့အကြုံတွေ တပုံတပင်ကြီးပဲလေ။ -
2:39 - 2:41ဒါပေမဲ့ အသက်ကြီးလာတာနဲ့အမျှ၊
-
2:41 - 2:44ကျမ စပြီး စိတ်ဆိုးလာတော့တယ်။
-
2:44 - 2:49ထင်ထင်ရှားရှား လူမျိုးရေးခွဲခြားမှုနဲ့
တရားမမျှတမှုတွေကို ဒေါသဖြစ်ရုံတင်မကဘဲ -
2:49 - 2:52ဘေးမှာရပ်ပြီး တုံဏှိဘာဝေ
နေနေကြတဲ့ သူတွေကိုပါ စိတ်ဆိုးမိတယ်။ -
2:53 - 2:58ဥပမာ အဲ့ဒီဘဲလေးအက သင်တန်းကျောင်းက
လူဖြူမိဘတွေကော ဘာလို့မပြောကြတာလဲ။ -
2:58 - 3:00"အာ၊ ဒါဟာမှားနေတယ်
-
3:00 - 3:02ဒီကလေးမလေး ကပါစေပေါ့။’’
-
3:02 - 3:04ဒါမှမဟုတ်လည်း ဘာကြောင့်လဲ--
-
3:04 - 3:05(လက်ခုပ်သြဘာသံများ)
-
3:05 - 3:09လူမျိုးရေးခွဲခြားတဲ့ စားသောက်ဆိုင်မှာ
ဘာဖြစ်လို့ လူဖြူနာယကတွေက မပြောခဲ့တာလဲ။ -
3:09 - 3:10‘‘ဟေး ဒီလိုလုပ်တာ မမှန်ကန်ဘူး။
-
3:10 - 3:12အဲဒီ မိသားစု ဝင်စားပါစေပေါ့။’’
-
3:13 - 3:15ကောင်းပြီ ကျမ သဘောပေါက်ဖို့
သိပ်မကြာလိုက်တဲ့ အချက်က -
3:15 - 3:19လူမျိုးရေး တရားမျှတမှုက
-
3:19 - 3:22လူအများစုတွေ နှုတ်ပိတ်နေကြတဲ့
တခုတည်းသော နေရာမဟုတ်တာကိုပါ။ -
3:22 - 3:26ကျမ ဘုရားကျောင်းမှာ ထိုင်နေတုန်း
gay တွေကို မကောင်းပြောတာတွေ ကြားတဲ့အခါ၊ -
3:26 - 3:28မသိရင် ကျမ်းစာထဲက ထုတ်ပြောတဲ့အတိုင်းပေါ့၊
-
3:28 - 3:31ကျမပြောချင်တာက တဆိတ်လောက်ရှင့် ဘာလို့
-
3:31 - 3:37လိင်မတူကာမဆက်ဆံတဲ့ ဘုရားကျောင်းတက်တဲ့လူတွေ
ဒီလိုအဓိပ္ပါယ်မဲ့တာကို မတားဆီးကြတာလဲ။ -
3:37 - 3:38(လက်ခုပ်သြဘာသံများ)
-
3:38 - 3:39ဒါမှမဟုတ်၊
-
3:40 - 3:44boomers တွေ၊ Gen-Xers တွေနဲ့
ပြည့်နေတဲ့အခန်းမှာ -
3:44 - 3:46သူတို့ရဲ့ ထောင်စုသစ်
မျိုးဆက်သစ်တွေကို ချိုးနှိမ်ပြီး -
3:46 - 3:50ပျက်ဆီးပြီး ပျင်းရိနေကြကာ ယုံကြည်မှု
လွန်ကဲနေသူတွေလို့ ပြောခဲ့ကြရင်၊ -
3:50 - 3:53ကျမက ပြောမိမှာက၊ တဆိတ်လောက်ရှင့်၊
-
3:53 - 3:58ကျမနဲ့ ရွယ်တူ တစ်ယောက်ယောက်က ဒီလို ပုံသေ
ကားကျ ပြောနေတာကို မတားတာလဲပေါ့။ -
3:58 - 3:59(ပရိသတ်) မှန်တယ်။
-
3:59 - 4:02(လက်ခုပ်သြဘာသံများ)
-
4:02 - 4:06ကျမကတော့ အဲ့သလိုမျိုးကြုံရင်
ထ ပြောသူပဲ၊ -
4:06 - 4:09ဒါပေမဲ့ လူတိုင်းက ဘာလို့မပြောကြတာလဲ။
-
4:10 - 4:12ကျမရဲ့ပဉ္စမတန်း ဆရာမဖြစ်တဲ့
-
4:12 - 4:13Mrs. McFarland က
-
4:13 - 4:19တရားမျှတမှုတဲ့ထဲမှာ ကြံရာပါတစ်ယောက်တော့
လိုအပ်တယ်လို့ ကျမကို သင်ခဲ့ဘူးတယ်။ -
4:19 - 4:22လူတိုင်း လုပ်မှာတော့မဟုတ်ဘူး။
-
4:22 - 4:26သူပြောသေးတာက၊ ကျမတို့က ပြောင်းလဲမှု
အစစ်အမှန်ကို မြင်ချင်ကြတယ်ဆိုရင် -
4:26 - 4:30ကျမတို့ဆီမှာ ဖြစ်နိုင်ခြေမရှိတဲ့
မဟာမိတ်တွေ လိုအပ်လိမ့်မယ်တဲ့။ -
4:30 - 4:35တရားမမျှတမှုကို မျက်ဝါးထင်ထင်
ခံစားနေရတဲ့ ကျမတို့လို့ သူတွေဟာ -
4:35 - 4:38အကူအညီကို လက်ခံဖို့
အသင့်ဖြစ်နေဖို့ လိုအပ်ပါတယ်၊ -
4:38 - 4:41အဲ့သလို အသင့်မရှိးရင်၊
-
4:41 - 4:44ပြောင်းလဲဖို့ သိပ်ကြာသွားနိုင်လို့လေ။
-
4:44 - 4:48ကျမပြောချင်တာက တကယ်လို့များ လိင်မတူဆက်ဆံသူ
တွေနဲ့ gay တွေသာ လက်ထပ်ခွင့် သာတူညီမျှရေး -
4:48 - 4:51ဆောင်ပုဒ်အောက်မှာ လက်တွဲ ရပ်တည်
မနေခဲ့ကြဘူး ဆိုရင်ပေါ့။ -
4:51 - 4:53ဒါမှမဟုတ် သမ္မတ ကနေဒီကများ
-
4:53 - 4:57လူ့အခွင့်အရေး လှုပ်ရှားမှုကို
စိတ်မဝင်စားခဲ့ဘူး ဆိုရင်ကော။ -
4:57 - 5:01ကျမတို့နိုင်ငံထဲက အဓိကအကျဆုံး
လူထုလှုပ်ရှားမှုတွေဟာ နှောင့်နှေးခဲ့တာ -
5:01 - 5:04ဒါမှမဟုတ် ချုပ်ငြိမ်းသွားခဲ့တာတောင်
ကြုံခဲ့ရမှာမို့လို့ပါ။ -
5:05 - 5:09တကယ်လိုများ ဖြစ်နိုင်ခြေနည်းတဲ့
မဟာမိတ်တွေသာ မရှိခဲ့ကြရင်ပေါ့။ -
5:10 - 5:12ဒီလူတွေကပဲ အမြဲတမ်း သူတို့
ပြောဆိုလာခဲ့ကြသလိုပဲ -
5:12 - 5:16ထရပ်ပြီး ဖွင့်ထုတ် ပြောဆိုလာကြရင်၊
-
5:16 - 5:18ကျမတို့ အများဆုံး ရရှိနိုင်တာက
အရင်တုန်းက ရလဒ်မျိုးကိုပဲ -
5:18 - 5:21ထပ်ခါပြီးရင် ထပ်ပြီး ရကြမှာပါ။
-
5:22 - 5:25သိတယ်မလား မဟာမိတ်ဆိုတာ
လှမ်းခေါ်လာမှာကို -
5:25 - 5:27စောင့်နေရင်း ဘေးမှာ ရပ်နေတတ်တာကိုလေ။
-
5:27 - 5:32ဖြစ်နိုင်ခြေနည်းတဲ့ မဟာမိတ်တွေက ပြဿနာ
တွေကို ဦးဆောင်ထွက်လာကြမယ် ဆိုရင်ကော။ -
5:32 - 5:33ဆိုပါစို့၊
-
5:33 - 5:40လူမည်းနဲ့ အမေရိကန်တိုင်းရင်းသား လူမျိုးတွေ
လူဝင်မှုပြဿနာတွေရှေ့မှာ ရပ်ပေးခဲ့ကြရင်ကော။ -
5:40 - 5:41(လက်ခုပ်သြဘာသံများ)
-
5:42 - 5:47ဒါမှမဟုတ် လူဖြူတွေကနေပြီး
အသားအရောင် ခွဲခြြးမှု -
5:47 - 5:49အဆုံးသတ်ရေးကို ဦးဆောင်ခဲ့ကြရင်ကော။
-
5:49 - 5:53(လက်ခုပ်ဩဘာသံများနှင့် အားပေးသံများ)
-
5:54 - 5:55ဒါမှမဟုတ်၊
-
5:55 - 5:59အမျိုးသားတွေက အမျိုးသမီးတွေအတွက်
လစာ တန်းတူရရှိရေးကို ဦးဆောင်ခဲ့ကြရင်ကော။ -
6:00 - 6:03(လက်ခုပ်ဩဘာသံများနှင့် အားပေးသံများ)
-
6:04 - 6:05ဒါမှမဟုတ်၊
-
6:05 - 6:11လိင်မတူဆက်ဆံကြသူတွေဟာ LGBTQ ကိစ္စတွေမှာ
မားမားမတ်မတ် ရပ်တည်ပေးခဲ့ကြရင်ကော။ -
6:11 - 6:15(လက်ခုပ်ဩဘာသံများနှင့် အားပေးသံများ)
-
6:15 - 6:19ပြီးတော့ ကျမတို့လို ကျန်းမာစွမ်းသူတွေက
-
6:19 - 6:21မသန်စွမ်းတွေအတွက် အကျိုးဆောင်ပေးခဲ့ရင်ကော။
-
6:21 - 6:25(လက်ခုပ်ဩဘာသံများနှင့် အားပေးသံများ)
-
6:25 - 6:28သိပါတယ် ကျမတို့တွေ ဒီကိစ္စတွေမှာ
ဝင်ရပ်တည်ပေး၊ -
6:28 - 6:30ပါဝင်ပေး လုပ်ဆောင်ပေးလို့ ရတယ်ဆိုတာ၊
-
6:30 - 6:34ဒီလိုကိစ္စဟာ ကျမတို့နဲ့ ဘာပတ်သက်မှုမှ
မရှိဘူး ဆိုရင်တောင်မှပေါ့။ -
6:35 - 6:36ပြီးတော့ ပြောရရင်၊
-
6:36 - 6:40ဒါတွေဟာ စိတ်ဝင်စားဖို့
အကောင်းဆုံးကိစ္စတွေ ဖြစ်ပါတယ်။ -
6:40 - 6:41ပြီးတော့ သေချာတာက၊
-
6:42 - 6:46ရှင်တို့ ဘာလို့အဲ့ဒိမှာ ရှိနေတာ လူတွေ
သိကြမှာ မဟုတ်ပါဘူး။ -
6:46 - 6:49ဒါ့ကြောင့်ပဲ ကျမတို့လို တရားမမျှတမှုကို
ရင်ဆိုင်နေရတဲ့ သူတွေဟာ -
6:49 - 6:52အကူအညီကို လက်ခံလိုစိတ် ရှိရပါမယ်။
-
6:52 - 6:55သိတယ်မလား တရားမမျှတမှုကို တိုက်ထုတ်ရမယ်၊
-
6:55 - 6:58နည်းမှန်လမ်းမှန်နဲ့ပေါ့။
-
6:59 - 7:01လူဖြူတွေက ရင်ဆိုင် ရပ်တည်ပေးတဲ့အခါ
-
7:01 - 7:05လူမည်းနဲ့ လူညိုတွေရဲ့
လွတ်မြောက်ရေးအတွက်ပေါ့၊ -
7:05 - 7:09လူမည်းနဲ့ လူညိုတွေဟာ သူတို့ရဲ့အကူအညီကို
လက်ခံရပါလိမ့်မယ်။ -
7:10 - 7:12ဒါက ရှုပ်ထွေးတယ်ဆိုတာ ကျမသိပါတယ်၊
-
7:12 - 7:16ဒါပေမဲ့ ဒါဟာ လူတိုင်း ပေါင်းလုပ်ရမယ့်
အလုပ်ဖြစ်ပါတယ်။ -
7:16 - 7:21ပြီးတော့ လူတိုင်း ပါဝင်ဖို့ လိုအပ်ပါတယ်။
-
7:22 - 7:25ကျမ သူငယ်တန်းတက်နေတုန်း တနေ့မှာ
-
7:25 - 7:26ကျမတို့ ဆရာမက မိတ်ဆက်ပေးတာက
-
7:26 - 7:30မစ္စအန်းဆိုတဲ့ လှပတဲ့ အရပ်ရှည်ရှည်
လူဖြူ အမျိုးသမီး တစ်ယောက်ကိုပေါ့ -
7:31 - 7:35သူက ကျမတွေ့ဖူးသမျှထဲမှာ အလှဆုံး
လူဖြူအမျိုးသမီးလို့ ကျမ တွေးမိတယ်။ -
7:35 - 7:36ပွင့်ပွင့်လင်းလင်း ပြောရရင်
-
7:36 - 7:40ကျမအထင် အဲ့အချိန်ဟာ ကျမကျောင်းမှာ လူဖြူ
အမျိုးသမီးတစ်ဦးကို ပထမဆုံး စတွေ့ဖူးတာပဲ။ -
7:40 - 7:41(ရယ်သံများ)
-
7:41 - 7:43မစ္စအန်းက ကျမတို့ရှေ့မှာ ရပ်လို့
-
7:43 - 7:47သူဟာ ဘဲလေးအကကို သင်ကြားပေးမှာ
ဖြစ်ကြောင်း ပြောပါတယ်။ -
7:47 - 7:49ကျမတို့ကျောင်းမှာပေါ့။
-
7:50 - 7:54ပြီးတော့ ကျမတို့ကျောင်းမှာ အကဆရာမ
ဖြစ်ရတာကို ဂုဏ်ယူကြောင်းလည်း ပြောပါတယ်။ -
7:54 - 7:57ယုံဖို့တောင် မလွယ်တဲ့ကိစ္စပါ။
-
7:58 - 8:00ရုတ်တရက်
-
8:00 - 8:03(သီချင်းဆို) ဘဲလေးအကဟာ
ပေါတောတောလို့ မထင်တော့ဘူး -
8:03 - 8:05(ရယ်သံများ)
-
8:06 - 8:11သိတယ်မလား ကျမ နောက်မှ သိလိုက်တာက
မစ္စအန်းဟာ လုံးဝသိနေခဲ့တယ်၊ -
8:11 - 8:16လူဖြူ ဘဲလေးကျောင်းတွေက လူမည်းကောင်မလေး
တွေကို လက်ခံမှာ မဟုတ်ဘူး ဆိုတာကိုပေါ့။ -
8:16 - 8:18အဲ့ဒါကြောင့် သူစိတ်တိုရတယ်။
-
8:18 - 8:21ဒါ့ကြောင့်ပဲ သူဟာ လူမည်း
အသိုင်းအဝိုင်းဆီကို လာတာက -
8:21 - 8:24သူကိုယ်တိုင် အကသင်တန်းတွေ စပေးဖို့ပါ။
-
8:25 - 8:28သိတယ်မလား ဒါလုပ်ဖို့ သူ့မှာ
ချစ်ခြင်းမေတ္တာနဲ့ သတ္တိရှိဖို့လိုတယ်ဆိုတာ -
8:28 - 8:31(လက်ခုပ်သြဘာသံများ)
-
8:35 - 8:38ပြီးတော့ တရားမျှတမှုဆိုတာ မရှိတဲ့အခါ
-
8:38 - 8:40သူက တည်ဆောက်ယူတယ်။
-
8:41 - 8:44ကျမတို့အားလုံး ရှင်သန်နိုင်ခဲ့ကြတယ်။
-
8:44 - 8:49ဘာ့ကြောင့်လဲဆိုတော့ ရှေးလူမည်းဘိုးဘွား
တွေရဲ့ ပခုံးပေါ်မှာ ကျမတို့ ရပ်ခဲ့လို့လေ။ -
8:49 - 8:56ကျမတို့တွေ အောင်မြင်ခဲ့ကြတယ် ဘာ့ကြောင့်လဲ
မစ္စအန်းက ဖြစ်နိုင်ချေနည်းတဲ့မဟာမိတ်မို့လေ -
8:56 - 8:59သိတဲ့အတိုင်းပဲ ကိုယ်နဲ့ မပတ်သက်ဘူးလို့
ထင်ရတဲ့ အခြေအနေတွေမှာ -
8:59 - 9:01ကိုယ့်အသံနဲ့အတူ
-
9:01 - 9:05ကိုယ့်လက်တွေ့ လုပ်ဆောင်မှုတွေကို
ပေါင်းလိုက်ရင်၊ -
9:05 - 9:08ကိုယ်ဟာ တကယ်ပဲ အခြားလူတွေကို
လှုံ့ဆော်ပေးနိုင်မှာ သေချယ်။ -
9:09 - 9:13မစ္စအန်းဟာ ကျမကို အမြဲပဲ
လှုံ့ဆော်ပေးခဲ့တာက -
9:13 - 9:17ကျမနဲ့ မဆိုနင်တဲ့ အခြေအနေတွေကို
တရားမမျှတာကို -
9:17 - 9:19သာတူညီမျှမရှိတာတွေ ဖြစ်နေတာကို
-
9:19 - 9:21မြင်တွေ့မိရင် စောင့်ကြည့်ပေးဖို့ပေါ့။
-
9:22 - 9:25သူဟာ ရှင်တို့ကိုလည်း စေ့ဆော်
ပေးနိုင်မယ်လို့ မျှော်လင့်ပါတယ်။ -
9:25 - 9:30တန်းတူညီမျှရေး တိုက်ပွဲမှာ နိုင်ဖို့ဆိုရင်
-
9:30 - 9:34ကျမတို့အားလုံး ရှေ့ကိုထွက်ပြီး
ပြောရဲဖို့ လိုပါတယ်။ -
9:34 - 9:36ပြီးတော့ မားမားမတ်မတ်
ရပ်ပေးဖို့ လိုတယ်ပေါ့။ -
9:36 - 9:39ဒါကို ကျမတို့အားလုံး လုပ်ဖို့လိုတယ်။
-
9:39 - 9:41ပြီးတော့ ကျမတို့အားလုံး အဲဒီလို
လုပ်ကြဖို့ လိုပါတယ်။ -
9:41 - 9:43ခက်ခဲတယ်ဆိုရင် တောင်မှပေါ့။
-
9:43 - 9:46နေရာမှားနေတယ်လို့ ထင်နေရင်တောင်မှပေါ့။
-
9:46 - 9:50ဘာ့ကြောင့်လဲဆိုတော့ ဒါဟာ
ရှင်တို့ရဲ့ နေရာ ဖြစ်လို့ပါ။ -
9:50 - 9:52ဒါဟာ ကျမတို့နေရာ ဖြစ်လို့ပါ။
-
9:53 - 9:57တရားမျှတမှုဆိုတာ ကျမတို့အားလုံးပေါ်မှာ
မူတည်ပါတယ်။ -
9:57 - 9:59ကျေးဇူးတင်ပါတယ်
-
9:59 - 10:01(လက်ခုပ်သြဘာသံများနှင့် အားပေးသံများ)
- Title:
- ပိုပြီးတရားမျှတတဲ့ ကမ္ဘာကို လိုချင်သလား။ မျှော်လင့်မရနိုင်တဲ့ မဟာမိတ်လို ပါဝင် လုပ်ဆောင်ပေးပါ။
- Speaker:
- Nita Mosby Tyler
- Description:
-
ပိုပြီးသာတူညီမျှတဲ့ ကမ္ဘာဆိုတာ ကိုယ်ကနေ စတင်ပါတယ်။ သာတူညီမျှမှုကို အားပေးထောက်ခံသူ Nita Mosby Tyler က သူ့ဘဝကို ပြောင်းလဲပစ်ခဲ့တဲ့ ဖြစ်ရပ်တစ်ခုကို ပြောပြရင်း ကိုယ့်ဘဝကနေ ကျော်လွန်ပြီး တရားမမျှတမှုကို ရင်ဆိုင်နေရတဲ့ အခြားသူတွေအတွက် ရပ်တည်ပေးရင်း တိုက်ပွဲ ဝင်ပေးတာဟာ လူသားအားလုံးအတွက် ပိုမိုတရားမျှတတဲ့ အနာဂတ်ဆီကို ဘယ်လို ဦးတည်စေနိုင်ကြောင်းကို အလေးပေး ရှင်းလင်း ပြောကြားထားပါတယ်။
- Video Language:
- English
- Team:
- closed TED
- Project:
- TEDTalks
- Duration:
- 10:15
Myo Aung approved Burmese subtitles for Want a more just world? Be an unlikely ally | ||
Myo Aung edited Burmese subtitles for Want a more just world? Be an unlikely ally | ||
Myo Aung accepted Burmese subtitles for Want a more just world? Be an unlikely ally | ||
Myo Aung edited Burmese subtitles for Want a more just world? Be an unlikely ally | ||
Myo Aung edited Burmese subtitles for Want a more just world? Be an unlikely ally | ||
Chan Nyein edited Burmese subtitles for Want a more just world? Be an unlikely ally | ||
Myo Aung declined Burmese subtitles for Want a more just world? Be an unlikely ally | ||
Myo Aung edited Burmese subtitles for Want a more just world? Be an unlikely ally |