ရှင်တို့အနေနဲ့ ကြိုက်တဲ့သူကို မေးကြည့်ရင်
သူတို့က ပြောပါလိမ့်မယ်၊
သူတို့တွေအနေနဲ့ တရားမျှတမှုအတွက်
တိုက်ပွဲဝင်ရတာ စိတ်ပျက်နေကြတာကိုပေါ့။
လူဖြူမဟုတ်ကြတဲ့ သူတွေနဲ့ LGBT
အသိုင်းအဝိုင်းထဲက သူတွေဟာလည်း
သူတို့ရဲ့ ပါးစပ်တွေ ပိတ်ပစ်ခံထားကြရပြီး
နောက်ကို တွန်းထုတ်ခံနေကြရတဲ့
ကြားမှာတောင်
ရှေ့ကိုတက်လှမ်းပြီး သူတို့ရဲ့
ခံစားချက်တွေကို
ဖွင့်ထုတ်ပြောနေရတဲ့ ဝန်ထုပ်ကြီးကြောင့်
လက်ပန်းကျနေကြပါပြီ။
ပြီးတော့ လူဖြူမဟာမိတ်တွေ
CIS မဟာမိတ်တွေလည်း ငြီးငွေ့နေကြပါပြီ
သူတို့ကို မှားနေတယ်လို့ ဝိုင်းပြောခံရတာ
ဒါမှမဟုတ် ဒါဟာ သူတို့ဝင်ပါရမယ့်
ကိစ္စမဟုတ်ဘူးလို့ အပြောခံရတာတွေရောပေါ့။
ဒီမောပန်းမှုဟာ ကျမတို့အားလုံးအပေါ်
သက်ရောက်နေပါတယ်။
ပြီးတော့ တကယ်တမ်းတော့၊
ကျမတို့ အောင်မြင်နိုင်မှာ မဟုတ်ဘူးလို့
ကျွန်မယုံကြည်တယ်။
ကျမတို့ တရားမျှတမှုကို နည်းလမ်းသစ်နဲ့
မချင်းကပ်နိုင်သရွေ့ပေါ့။
ကျမဟာ လူ့အခွင့်အရေး လှုပ်ရှားမှုကာလမှာ
ကြီးပြင်းခဲ့တယ်။
လူမျိုးရေးအရ ခွဲခြားကန့်သတ်မှုများတဲ့
အမေရိကန် တောင်ပိုင်းမှာပါ
ငါးနှစ်သမီး တစ်ယောက်အနေနဲ့
ဘဲလေးအကကို သိပ်စိတ်ဝင်စားခဲ့တယ်။
၁၉၆၀ ဝန်းကျင်လောက်က ဒါဟာ ငါးနှစ်အရွယ်
ကောင်မလေးတွေ စိတ်ဝင်စားတဲ့အရာမျိုးပါ။
အမေက ကျမကို ဘဲလေးအက
သင်တန်းကျောင်းကို ခေါ်သွားတယ်။
ဘယ်လိုဆရာမမျိုးတွေ
ရှိခဲ့ဖူးတဲ့ ကျောင်းဆိုတော့
ရှင့်ရဲ့အထုံပါရမီတွေ
အကြောင်းကို ပြောပြကြတယ်။
ရှင်ဟာ ဘယ်တော့မှ ဘဲလေးကချေသည်
ဖြစ်မလာနိုင်မှန်း သိသိကြီးနဲ့ပေါ့။
(ရယ်သံများ)
ကျမတို့ ရောက်သွားတော့
သူတို့က ကျမတို့ကို ကောင်းကောင်းမွန်မွန်ပဲ
ပြောလိုက်တာက နီဂရိုးတွေကို လက်မခံပါဘူးတဲ့။
ကျမတို့တွေ ကားထဲ ပြန်ဝင်ခဲ့တယ်။
လိမ္မော်သီးဖျော်ရည်မရှိတဲ့
စတိုးဆိုင်ထဲက ထွက်လာတဲ့ပုံနဲ့ပေါ့။
ကျမတို့ စကားတခွန်းမှ မပြောဖြစ်ဘဲ
ဘဲလေးအကင် သင်တန်း
နောက် တစ်ကျောင်းဆီ မောင်းခဲ့ကြတယ်။
သူတို့ပြောတာက တို့တွေ
နီဂရိုးတွေကို လက်မခံဘူးဆိုတာပါပဲ။
ကျမ စိတ်ရှုပ်သွားတာပေါ့။
ဒါနဲ့ အမေ့ကို မေးတယ်
သူတို့ဘာလို့ သမီးကို လက်မခံတာလဲပေါ့။
အမေကပြောတယ် ဒါကတော့ အခုချိန်
မင်းကိုလက်ခံဖို့ သူတို့ ဉာဏ်မမီသေးလို့တဲ့။
မင်းဘယ်လောက် တော်တယ် ဆိုတာကိုလည်း
မသိသေးလို့နေမှာပေါ့တဲ့။
(အားပေးသံများ)
(လက်ခုပ်သြဘာသံများနှင့်အားပေးသံများ)
ဒါပေမဲ့ ဘာကိုဆိုလိုမှန်း
ကျမ နားမလည်လိုက်ပါဘူး။
(ရယ်သံများ)
ကျမ အသေအချာ သိတာကတော့
ဒါဟာ ကောင်းတဲ့ အရာမဟုတ်ဘူးဆိုတာပဲ။
ဘာလို့လဲဆိုတော့ အမေ့မျက်လုံးတွေထဲမှာ
အဲဒါကို မြင်နေရတယ်လေ။
အမေဟာ စိတ်တိုနေခဲ့တယ်။
ပြီးတော့ သူဟာ ငိုမတတ်ဖြစ်နေတယ်။
ဒါနဲ့ ကျမအဲ့အချိန် အဲ့နေရာမှာပဲ
တထိုင်တည်း ဆုံးဖြတ်ချက်ချလိုက်က
ဘဲလေးအကဆိုတာ ခပ်ညံ့ညံ့ပါ ဆိုပြီးပေါ့။
(ရယ်သံများ)
သိတယ်မဟုတ်လား ကျမဘဝတစ်လျှောက်
ဒီလိုအတွေ့အကြုံတွေ တပုံတပင်ကြီးပဲလေ။
ဒါပေမဲ့ အသက်ကြီးလာတာနဲ့အမျှ၊
ကျမ စပြီး စိတ်ဆိုးလာတော့တယ်။
ထင်ထင်ရှားရှား လူမျိုးရေးခွဲခြားမှုနဲ့
တရားမမျှတမှုတွေကို ဒေါသဖြစ်ရုံတင်မကဘဲ
ဘေးမှာရပ်ပြီး တုံဏှိဘာဝေ
နေနေကြတဲ့ သူတွေကိုပါ စိတ်ဆိုးမိတယ်။
ဥပမာ အဲ့ဒီဘဲလေးအက သင်တန်းကျောင်းက
လူဖြူမိဘတွေကော ဘာလို့မပြောကြတာလဲ။
"အာ၊ ဒါဟာမှားနေတယ်
ဒီကလေးမလေး ကပါစေပေါ့။’’
ဒါမှမဟုတ်လည်း ဘာကြောင့်လဲ--
(လက်ခုပ်သြဘာသံများ)
လူမျိုးရေးခွဲခြားတဲ့ စားသောက်ဆိုင်မှာ
ဘာဖြစ်လို့ လူဖြူနာယကတွေက မပြောခဲ့တာလဲ။
‘‘ဟေး ဒီလိုလုပ်တာ မမှန်ကန်ဘူး။
အဲဒီ မိသားစု ဝင်စားပါစေပေါ့။’’
ကောင်းပြီ ကျမ သဘောပေါက်ဖို့
သိပ်မကြာလိုက်တဲ့ အချက်က
လူမျိုးရေး တရားမျှတမှုက
လူအများစုတွေ နှုတ်ပိတ်နေကြတဲ့
တခုတည်းသော နေရာမဟုတ်တာကိုပါ။
ကျမ ဘုရားကျောင်းမှာ ထိုင်နေတုန်း
gay တွေကို မကောင်းပြောတာတွေ ကြားတဲ့အခါ၊
မသိရင် ကျမ်းစာထဲက ထုတ်ပြောတဲ့အတိုင်းပေါ့၊
ကျမပြောချင်တာက တဆိတ်လောက်ရှင့် ဘာလို့
လိင်မတူကာမဆက်ဆံတဲ့ ဘုရားကျောင်းတက်တဲ့လူတွေ
ဒီလိုအဓိပ္ပါယ်မဲ့တာကို မတားဆီးကြတာလဲ။
(လက်ခုပ်သြဘာသံများ)
ဒါမှမဟုတ်၊
boomers တွေ၊ Gen-Xers တွေနဲ့
ပြည့်နေတဲ့အခန်းမှာ
သူတို့ရဲ့ ထောင်စုသစ်
မျိုးဆက်သစ်တွေကို ချိုးနှိမ်ပြီး
ပျက်ဆီးပြီး ပျင်းရိနေကြကာ ယုံကြည်မှု
လွန်ကဲနေသူတွေလို့ ပြောခဲ့ကြရင်၊
ကျမက ပြောမိမှာက၊ တဆိတ်လောက်ရှင့်၊
ကျမနဲ့ ရွယ်တူ တစ်ယောက်ယောက်က ဒီလို ပုံသေ
ကားကျ ပြောနေတာကို မတားတာလဲပေါ့။
(ပရိသတ်) မှန်တယ်။
(လက်ခုပ်သြဘာသံများ)
ကျမကတော့ အဲ့သလိုမျိုးကြုံရင်
ထ ပြောသူပဲ၊
ဒါပေမဲ့ လူတိုင်းက ဘာလို့မပြောကြတာလဲ။
ကျမရဲ့ပဉ္စမတန်း ဆရာမဖြစ်တဲ့
Mrs. McFarland က
တရားမျှတမှုတဲ့ထဲမှာ ကြံရာပါတစ်ယောက်တော့
လိုအပ်တယ်လို့ ကျမကို သင်ခဲ့ဘူးတယ်။
လူတိုင်း လုပ်မှာတော့မဟုတ်ဘူး။
သူပြောသေးတာက၊ ကျမတို့က ပြောင်းလဲမှု
အစစ်အမှန်ကို မြင်ချင်ကြတယ်ဆိုရင်
ကျမတို့ဆီမှာ ဖြစ်နိုင်ခြေမရှိတဲ့
မဟာမိတ်တွေ လိုအပ်လိမ့်မယ်တဲ့။
တရားမမျှတမှုကို မျက်ဝါးထင်ထင်
ခံစားနေရတဲ့ ကျမတို့လို့ သူတွေဟာ
အကူအညီကို လက်ခံဖို့
အသင့်ဖြစ်နေဖို့ လိုအပ်ပါတယ်၊
အဲ့သလို အသင့်မရှိးရင်၊
ပြောင်းလဲဖို့ သိပ်ကြာသွားနိုင်လို့လေ။
ကျမပြောချင်တာက တကယ်လို့များ လိင်မတူဆက်ဆံသူ
တွေနဲ့ gay တွေသာ လက်ထပ်ခွင့် သာတူညီမျှရေး
ဆောင်ပုဒ်အောက်မှာ လက်တွဲ ရပ်တည်
မနေခဲ့ကြဘူး ဆိုရင်ပေါ့။
ဒါမှမဟုတ် သမ္မတ ကနေဒီကများ
လူ့အခွင့်အရေး လှုပ်ရှားမှုကို
စိတ်မဝင်စားခဲ့ဘူး ဆိုရင်ကော။
ကျမတို့နိုင်ငံထဲက အဓိကအကျဆုံး
လူထုလှုပ်ရှားမှုတွေဟာ နှောင့်နှေးခဲ့တာ
ဒါမှမဟုတ် ချုပ်ငြိမ်းသွားခဲ့တာတောင်
ကြုံခဲ့ရမှာမို့လို့ပါ။
တကယ်လိုများ ဖြစ်နိုင်ခြေနည်းတဲ့
မဟာမိတ်တွေသာ မရှိခဲ့ကြရင်ပေါ့။
ဒီလူတွေကပဲ အမြဲတမ်း သူတို့
ပြောဆိုလာခဲ့ကြသလိုပဲ
ထရပ်ပြီး ဖွင့်ထုတ် ပြောဆိုလာကြရင်၊
ကျမတို့ အများဆုံး ရရှိနိုင်တာက
အရင်တုန်းက ရလဒ်မျိုးကိုပဲ
ထပ်ခါပြီးရင် ထပ်ပြီး ရကြမှာပါ။
သိတယ်မလား မဟာမိတ်ဆိုတာ
လှမ်းခေါ်လာမှာကို
စောင့်နေရင်း ဘေးမှာ ရပ်နေတတ်တာကိုလေ။
ဖြစ်နိုင်ခြေနည်းတဲ့ မဟာမိတ်တွေက ပြဿနာ
တွေကို ဦးဆောင်ထွက်လာကြမယ် ဆိုရင်ကော။
ဆိုပါစို့၊
လူမည်းနဲ့ အမေရိကန်တိုင်းရင်းသား လူမျိုးတွေ
လူဝင်မှုပြဿနာတွေရှေ့မှာ ရပ်ပေးခဲ့ကြရင်ကော။
(လက်ခုပ်သြဘာသံများ)
ဒါမှမဟုတ် လူဖြူတွေကနေပြီး
အသားအရောင် ခွဲခြြးမှု
အဆုံးသတ်ရေးကို ဦးဆောင်ခဲ့ကြရင်ကော။
(လက်ခုပ်ဩဘာသံများနှင့် အားပေးသံများ)
ဒါမှမဟုတ်၊
အမျိုးသားတွေက အမျိုးသမီးတွေအတွက်
လစာ တန်းတူရရှိရေးကို ဦးဆောင်ခဲ့ကြရင်ကော။
(လက်ခုပ်ဩဘာသံများနှင့် အားပေးသံများ)
ဒါမှမဟုတ်၊
လိင်မတူဆက်ဆံကြသူတွေဟာ LGBTQ ကိစ္စတွေမှာ
မားမားမတ်မတ် ရပ်တည်ပေးခဲ့ကြရင်ကော။
(လက်ခုပ်ဩဘာသံများနှင့် အားပေးသံများ)
ပြီးတော့ ကျမတို့လို ကျန်းမာစွမ်းသူတွေက
မသန်စွမ်းတွေအတွက် အကျိုးဆောင်ပေးခဲ့ရင်ကော။
(လက်ခုပ်ဩဘာသံများနှင့် အားပေးသံများ)
သိပါတယ် ကျမတို့တွေ ဒီကိစ္စတွေမှာ
ဝင်ရပ်တည်ပေး၊
ပါဝင်ပေး လုပ်ဆောင်ပေးလို့ ရတယ်ဆိုတာ၊
ဒီလိုကိစ္စဟာ ကျမတို့နဲ့ ဘာပတ်သက်မှုမှ
မရှိဘူး ဆိုရင်တောင်မှပေါ့။
ပြီးတော့ ပြောရရင်၊
ဒါတွေဟာ စိတ်ဝင်စားဖို့
အကောင်းဆုံးကိစ္စတွေ ဖြစ်ပါတယ်။
ပြီးတော့ သေချာတာက၊
ရှင်တို့ ဘာလို့အဲ့ဒိမှာ ရှိနေတာ လူတွေ
သိကြမှာ မဟုတ်ပါဘူး။
ဒါ့ကြောင့်ပဲ ကျမတို့လို တရားမမျှတမှုကို
ရင်ဆိုင်နေရတဲ့ သူတွေဟာ
အကူအညီကို လက်ခံလိုစိတ် ရှိရပါမယ်။
သိတယ်မလား တရားမမျှတမှုကို တိုက်ထုတ်ရမယ်၊
နည်းမှန်လမ်းမှန်နဲ့ပေါ့။
လူဖြူတွေက ရင်ဆိုင် ရပ်တည်ပေးတဲ့အခါ
လူမည်းနဲ့ လူညိုတွေရဲ့
လွတ်မြောက်ရေးအတွက်ပေါ့၊
လူမည်းနဲ့ လူညိုတွေဟာ သူတို့ရဲ့အကူအညီကို
လက်ခံရပါလိမ့်မယ်။
ဒါက ရှုပ်ထွေးတယ်ဆိုတာ ကျမသိပါတယ်၊
ဒါပေမဲ့ ဒါဟာ လူတိုင်း ပေါင်းလုပ်ရမယ့်
အလုပ်ဖြစ်ပါတယ်။
ပြီးတော့ လူတိုင်း ပါဝင်ဖို့ လိုအပ်ပါတယ်။
ကျမ သူငယ်တန်းတက်နေတုန်း တနေ့မှာ
ကျမတို့ ဆရာမက မိတ်ဆက်ပေးတာက
မစ္စအန်းဆိုတဲ့ လှပတဲ့ အရပ်ရှည်ရှည်
လူဖြူ အမျိုးသမီး တစ်ယောက်ကိုပေါ့
သူက ကျမတွေ့ဖူးသမျှထဲမှာ အလှဆုံး
လူဖြူအမျိုးသမီးလို့ ကျမ တွေးမိတယ်။
ပွင့်ပွင့်လင်းလင်း ပြောရရင်
ကျမအထင် အဲ့အချိန်ဟာ ကျမကျောင်းမှာ လူဖြူ
အမျိုးသမီးတစ်ဦးကို ပထမဆုံး စတွေ့ဖူးတာပဲ။
(ရယ်သံများ)
မစ္စအန်းက ကျမတို့ရှေ့မှာ ရပ်လို့
သူဟာ ဘဲလေးအကကို သင်ကြားပေးမှာ
ဖြစ်ကြောင်း ပြောပါတယ်။
ကျမတို့ကျောင်းမှာပေါ့။
ပြီးတော့ ကျမတို့ကျောင်းမှာ အကဆရာမ
ဖြစ်ရတာကို ဂုဏ်ယူကြောင်းလည်း ပြောပါတယ်။
ယုံဖို့တောင် မလွယ်တဲ့ကိစ္စပါ။
ရုတ်တရက်
(သီချင်းဆို) ဘဲလေးအကဟာ
ပေါတောတောလို့ မထင်တော့ဘူး
(ရယ်သံများ)
သိတယ်မလား ကျမ နောက်မှ သိလိုက်တာက
မစ္စအန်းဟာ လုံးဝသိနေခဲ့တယ်၊
လူဖြူ ဘဲလေးကျောင်းတွေက လူမည်းကောင်မလေး
တွေကို လက်ခံမှာ မဟုတ်ဘူး ဆိုတာကိုပေါ့။
အဲ့ဒါကြောင့် သူစိတ်တိုရတယ်။
ဒါ့ကြောင့်ပဲ သူဟာ လူမည်း
အသိုင်းအဝိုင်းဆီကို လာတာက
သူကိုယ်တိုင် အကသင်တန်းတွေ စပေးဖို့ပါ။
သိတယ်မလား ဒါလုပ်ဖို့ သူ့မှာ
ချစ်ခြင်းမေတ္တာနဲ့ သတ္တိရှိဖို့လိုတယ်ဆိုတာ
(လက်ခုပ်သြဘာသံများ)
ပြီးတော့ တရားမျှတမှုဆိုတာ မရှိတဲ့အခါ
သူက တည်ဆောက်ယူတယ်။
ကျမတို့အားလုံး ရှင်သန်နိုင်ခဲ့ကြတယ်။
ဘာ့ကြောင့်လဲဆိုတော့ ရှေးလူမည်းဘိုးဘွား
တွေရဲ့ ပခုံးပေါ်မှာ ကျမတို့ ရပ်ခဲ့လို့လေ။
ကျမတို့တွေ အောင်မြင်ခဲ့ကြတယ် ဘာ့ကြောင့်လဲ
မစ္စအန်းက ဖြစ်နိုင်ချေနည်းတဲ့မဟာမိတ်မို့လေ
သိတဲ့အတိုင်းပဲ ကိုယ်နဲ့ မပတ်သက်ဘူးလို့
ထင်ရတဲ့ အခြေအနေတွေမှာ
ကိုယ့်အသံနဲ့အတူ
ကိုယ့်လက်တွေ့ လုပ်ဆောင်မှုတွေကို
ပေါင်းလိုက်ရင်၊
ကိုယ်ဟာ တကယ်ပဲ အခြားလူတွေကို
လှုံ့ဆော်ပေးနိုင်မှာ သေချယ်။
မစ္စအန်းဟာ ကျမကို အမြဲပဲ
လှုံ့ဆော်ပေးခဲ့တာက
ကျမနဲ့ မဆိုနင်တဲ့ အခြေအနေတွေကို
တရားမမျှတာကို
သာတူညီမျှမရှိတာတွေ ဖြစ်နေတာကို
မြင်တွေ့မိရင် စောင့်ကြည့်ပေးဖို့ပေါ့။
သူဟာ ရှင်တို့ကိုလည်း စေ့ဆော်
ပေးနိုင်မယ်လို့ မျှော်လင့်ပါတယ်။
တန်းတူညီမျှရေး တိုက်ပွဲမှာ နိုင်ဖို့ဆိုရင်
ကျမတို့အားလုံး ရှေ့ကိုထွက်ပြီး
ပြောရဲဖို့ လိုပါတယ်။
ပြီးတော့ မားမားမတ်မတ်
ရပ်ပေးဖို့ လိုတယ်ပေါ့။
ဒါကို ကျမတို့အားလုံး လုပ်ဖို့လိုတယ်။
ပြီးတော့ ကျမတို့အားလုံး အဲဒီလို
လုပ်ကြဖို့ လိုပါတယ်။
ခက်ခဲတယ်ဆိုရင် တောင်မှပေါ့။
နေရာမှားနေတယ်လို့ ထင်နေရင်တောင်မှပေါ့။
ဘာ့ကြောင့်လဲဆိုတော့ ဒါဟာ
ရှင်တို့ရဲ့ နေရာ ဖြစ်လို့ပါ။
ဒါဟာ ကျမတို့နေရာ ဖြစ်လို့ပါ။
တရားမျှတမှုဆိုတာ ကျမတို့အားလုံးပေါ်မှာ
မူတည်ပါတယ်။
ကျေးဇူးတင်ပါတယ်
(လက်ခုပ်သြဘာသံများနှင့် အားပေးသံများ)