< Return to Video

အချိန်ဆွဲသူ ဆရာကြီးတစ်ဦး၏ စိတ်အတွင်းဘက်မှာ။

  • 0:01 - 0:02
    ဒီတော့ ကောလိပ်မှာ
  • 0:03 - 0:05
    အစိုးရဘာသာ အဓိက ယူခဲ့တယ်၊
  • 0:05 - 0:07
    ဆိုလိုတာက စာတမ်းတွေ
    အများကြီးရေးဖို့ လိုတယ်ပေါ့။
  • 0:07 - 0:09
    ကဲ သာမန်ကျောင်းသား စာတမ်းတစ်စောင်ရေးတဲ့အခါ
  • 0:09 - 0:12
    အလုပ်ကို ဒီလိုမျိုးလေး
    ဖြန့်လိုက်နိုင်တာပေါ့။
  • 0:12 - 0:13
    ဒီတော့ သိတဲ့အတိုင်း၊
  • 0:13 - 0:15
    (ရယ်သံများ)
  • 0:15 - 0:17
    နည်းနည်း ဖြည်းဖြည်းလေး စလိုက်တာပေါ့၊
  • 0:17 - 0:19
    ဒါပေမဲ့ ပထမအပတ်မှာ အတော်လောက်ပြီးတာပေါ့၊
  • 0:19 - 0:20
    နောက်မှာ ပိုပြင်းထန်တဲ့နေတွေနဲ့
  • 0:20 - 0:23
    အားလုံးပြီးသွားတယ်၊ အားလုံး အေးဆေးပေါ့။
  • 0:23 - 0:24
    (ရယ်သံများ)
  • 0:24 - 0:26
    ကျွန်တော်က ဒီလိုလုပ်ချင်ခဲ့တယ်။
  • 0:26 - 0:27
    ဒါက အစီအစဉ်ဖြစ်လိမ့်မယ်။
  • 0:27 - 0:30
    အားလုံး အဆင်သင့်ဖြစ်သွားမယ်ပေါ့၊
  • 0:30 - 0:32
    ဒါပေမဲ့ တကယ်ကျတော့ စာတမ်းက ရောက်လာတော့
  • 0:32 - 0:34
    ဒါကို လုပ်ရတာမျိုးပေါ့။
  • 0:34 - 0:37
    (ရယ်သံများ)
  • 0:37 - 0:39
    ဒါက စာတမ်းတိုင်းကို ဖြစ်နေကျပါ။
  • 0:40 - 0:44
    ဒါပေမဲ့ စာမျက်နှာ ၉၀ နောက်နှစ် စာတမ်း
    ရောက်လာတယ်၊
  • 0:44 - 0:46
    တစ်နှစ်တာ ကိုယ် အချိန်ကုန်ရမယ့် စာတမ်းလေ။
  • 0:46 - 0:49
    ဒီလောက်စာတမ်းဆိုတာ သိတယ်၊
    ကျွန်တော့ ပုံမှန်လုပ်နှုန်းနဲ့ မရတော့ဘူး။
  • 0:49 - 0:51
    ကြီးလွန်းတဲ့ ပရောဂျက်တစ်ခုပါ။
  • 0:51 - 0:52
    ဒီတော့ အစီအစဉ်ချပြီး
  • 0:52 - 0:55
    ဒီလို လုပ်ဖို့လိုတာမျိုးလို့
    ဆုံးဖြတ်လိုက်တယ်။
  • 0:56 - 0:57
    အဲဒီနှစ်ဖြစ်ပုံက ဒီလိုပါ။
  • 0:57 - 0:59
    ဒါနဲ့ ပေါ့ပေါ့လေးပဲ စလိုက်တယ်၊
  • 0:59 - 1:02
    လလယ်ပိုင်းမှာ တိုးလုပ်လိုက်တယ်၊
  • 1:02 - 1:04
    နောက်ဆုံးမှာတော့ ဂီယာအမြင့်ထိုးလိုက်တယ်၊
  • 1:04 - 1:06
    လှေကားလေး တစ်ခုလိုပေါ့ဗျာ။
  • 1:06 - 1:08
    လှေကားတက်ရတာ ဘယ်လောက်ခက်နိုင်လဲဗျာ။
  • 1:08 - 1:10
    သိပ် မခက်လှဘူးပေါ့၊
  • 1:11 - 1:13
    နောက် ရယ်စရာအကောင်းဆုံးအရာ ဖြစ်ခဲ့တယ်။
  • 1:13 - 1:14
    ဒီပထမ လအနည်းငယ်လား။
  • 1:15 - 1:16
    ပေါ်လိုက်၊ပျောက်လိုက်လေ
  • 1:16 - 1:18
    အစွမ်း သိပ်မပြနိုင်ခဲ့တော့
  • 1:18 - 1:19
    အံ့စရာ စိစစ်တဲ့ အစီအစဉ်သစ် ဆွဲခဲ့တယ်။
  • 1:19 - 1:21
    (ရယ်သံများ)
  • 1:21 - 1:22
    ဒီနောက်မှာ...
  • 1:22 - 1:24
    (ရယ်သံများ)
  • 1:24 - 1:27
    အလယ်ပိုင်းက လတွေက တကယ်ကို ကုန်သွားတယ်။
  • 1:27 - 1:29
    တကယ် စာမရေးခဲ့ဘူး၊
  • 1:29 - 1:31
    ဒါနဲ့ ဒီမှာ ရှိခဲ့တာပေါ့။
  • 1:32 - 1:34
    နောက် နှစ်လကနေ တစ်လဖြစ်သွားတယ်၊
  • 1:34 - 1:36
    ဒါကနေ နှစ်ပတ်ဖြစ်သွားတယ်။
  • 1:36 - 1:37
    တစ်နေ့ နောက်ဆုံးရက်
  • 1:38 - 1:40
    သုံးရက်နဲ့ အိပ်ယာကနိူးခဲ့တယ်၊
  • 1:42 - 1:43
    တစ်လုံးမှ ရေးထားတာ မရှိသေးဘူး။
  • 1:43 - 1:46
    ဒါနဲ့ ကိုယ်လုပ်နိုင်တာပဲ လုပ်ခဲ့တယ်၊
  • 1:46 - 1:48
    စာမျက်နှာ ၉၀ ကို ၇၂ နာရီကျော် ရေးခဲ့တယ်၊
  • 1:48 - 1:50
    ညလုံးပေါက် တစ်ညမဟုတ်ပဲ
    နှစ်ညဆက်တိုက် ဆွဲတာပေါ့၊
  • 1:50 - 1:53
    လူသားတွေဟာ ညလုံးပေါက်
    နှစ်ည မဖြစ်သင့်ဘူးလေ။
  • 1:54 - 1:56
    ကျောင်းဝင်းးကို ခြေကုန်သုတ်ပြီး
  • 1:56 - 1:58
    နှေးနှေးလေး မောင်းဝင်ကာ
  • 1:58 - 2:00
    နောက်ဆုံး အချိန်မှာ ရောက်လာခဲ့တယ်။
  • 2:00 - 2:02
    အကုန်လုံးတော့ သွားပြီလို့ထင်ခဲ့တယ်။
  • 2:02 - 2:04
    ဒါပေမဲ့ တစ်ပတ်အကြာ ဖုန်းဝင်လာတယ်
  • 2:04 - 2:05
    ကျောင်းက ဆက်တာပါ။
  • 2:06 - 2:07
    သူတို့က " Tim Urban လား" တဲ့။
  • 2:07 - 2:09
    ကျွန်တော်က "ဟုတ်ပါတယ်"
  • 2:09 - 2:11
    သူတို့က " မင်းရဲ့ စာတမ်းအကြောင်း
    ပြောဖို့လိုတယ်"
  • 2:11 - 2:13
    ကျွန်တော်က "ရပါတယ်" ပေါ့။
  • 2:13 - 2:15
    သူတို့ကပြောတာက
  • 2:15 - 2:17
    "ငါတို့မြင်ဖူးသမျှ အကောင်းဆုံးပဲ" တဲ့။
  • 2:17 - 2:19
    (ရယ်သံများ)
  • 2:20 - 2:23
    (လက်ခုပ်သံများ)
  • 2:25 - 2:26
    ဒီလို မဖြစ်ခဲ့ပါဘူး။
  • 2:26 - 2:28
    (ရယ်သံများ)
  • 2:28 - 2:31
    အတော့ကို ဆိုးဝါးတဲ့ စာတမ်းတစ်စောင်ပါ။
  • 2:31 - 2:33
    (ရယ်သံများ)
  • 2:33 - 2:37
    "ဒီကောင်က အံ့စရာကွ"လို့ ခင်ဗျားတို့
    တွေးမိတဲ့ ကာလတစ်ခုကို
  • 2:38 - 2:39
    ကျွန်တော် ခံစားချင်တာပါပဲ။
  • 2:39 - 2:41
    (ရယ်သံများ)
  • 2:41 - 2:42
    မဟုတ်ဘူး၊ တော်တော့ကို ဆိုးပါတယ်။
  • 2:43 - 2:47
    ဘာဖြစ်ဖြစ် ဒီနေ့မှာ ကျွန်တော်ဟာ
    စာရေးဆရာ ဘလော့ရေးသူပါ။
  • 2:47 - 2:49
    Wait But Why ဘလော့ကို ရေးပါတယ်။
  • 2:49 - 2:52
    လွန်ခဲ့တဲ့ တစ်နှစ်၊ နှစ်နှစ်က အချိန်ဆွဲတဲ့
    အကြောင်း ရေးဖို့ ဆုံးဖြတ်ခဲ့တယ်။
  • 2:52 - 2:56
    ကျွန်တော့ အပြုအမူက ကိုယ့်ဘေးက
    အချိန်မဆွဲသူတွေကို အမြဲ စိတ်ရှုပ်စေပြီး
  • 2:56 - 2:59
    အချိန်ဆွဲသူတွေရဲ့ ခေါင်းတွေထဲမှာ
    ဖြစ်နေတာနဲ့ ဘာကြောင့်
  • 2:59 - 3:01
    ဒီလိုဖြစ်တာကို ကမ္ဘ့ာ့အချိန်မဆွဲသူတွေကို
  • 3:01 - 3:03
    ရှင်းပြချင်ခဲ့တယ်။
  • 3:03 - 3:04
    အချိန်ဆွဲသူတွေရဲ့
  • 3:04 - 3:07
    ဦးနှောက်တွေဟာ အခြားသူတွေရဲ့
    ဦးနှောက်တွေနဲ့ မတူဘူးလို့
  • 3:07 - 3:09
    ယူဆချက်တစ်ခု ကျွန်တော့မှာရှိတယ်။
  • 3:10 - 3:12
    ဒါကို စမ်းသပ်ဖို့ ကျွန်တော့ဦးနှောက်နဲ့
  • 3:12 - 3:14
    သက်သေပြုထားတဲ့ အချိန်မဆွဲသူရဲ့
    ဦးနှောက်ကို တကယ်
  • 3:14 - 3:17
    စကင်ဖတ်ပေးတဲ့ MRI
    စမ်းသပ်ခန်းတစ်ခု တွေ့ခဲ့တယ်။
  • 3:17 - 3:18
    ဒါနဲ့ နှိုင်းယှဉ်လို့ရတာပေါ့။
  • 3:19 - 3:21
    ဒီနေ့ ခင်ဗျားတို့ကို ပြဖို့ ယူလာပါတယ်။
  • 3:21 - 3:24
    ခြားနားချက်တစ်ခုကို သတိပြုမိလားလို့
    သေသေချာချာ ကြည့်စေချင်ပါတယ်။
  • 3:24 - 3:27
    သိတာက ကျင့်ထားတဲ့ ဦးနှောက်ပညာရှင်
    မဟုတ်ရင်တော့
  • 3:27 - 3:29
    သိပ်မသိသာပါဘူး၊ ဒါပေမဲ့ တစ်ချက်ကြည့်ပါဦး။
  • 3:29 - 3:31
    ဒါက အချိန်မဆွဲသူ တစ်ဦးရဲ့ ဦးနှောက်ပါ။
  • 3:32 - 3:34
    (ရယ်သံများ)
  • 3:34 - 3:35
    ကဲ...
  • 3:36 - 3:38
    ဒါက ကျွန်တော့ရဲ့ ဦးနှောက်။
  • 3:38 - 3:41
    (ရယ်သံများ)
  • 3:44 - 3:45
    မတူတာတစ်ခု ရှိပါတယ်။
  • 3:46 - 3:48
    နှစ်ခုလုံးမှာ ယုတ္တိတန်တဲ့
    ဆုံးဖြတ်သူရှိပေမဲ့
  • 3:48 - 3:50
    အချိန်ဆွဲသူရဲ့ ဦးနှောက်မှာတော့
  • 3:50 - 3:53
    ချက်ချင်း ဝမ်းမြောက်တဲ့
    မျောက်တစ်ကောင်လည်း ရှိပါတယ်။
  • 3:53 - 3:55
    ကဲ ဒါက အချိန်ဆွဲသူအတွက် ဘာကိုဆိုလိုတာလဲ။
  • 3:55 - 3:58
    အင်း ဒါမဖြစ်ခင်တော့ အရာရာ
    အဆင်ပြေတယ်လို့ ဆိုလိုတယ်။
  • 3:58 - 4:00
    (ဒါက အလုပ်ပြီးဖို့ အကောင်းဆုံးအချိန်ပါ)
    (မဟုတ်ပါဘူး)
  • 4:00 - 4:03
    ဒါနဲ့ ယုတ္တိတန်တဲ့ ဆုံးဖြတ်သူဟာ
    အကျိုးရှိတဲ့တစ်ခုခုလုပ်ဖို့
  • 4:03 - 4:05
    ယုတ္တိရှိတဲ့ ဆုံးဖြတ်ချက်ချလိမ့်မယ်
  • 4:05 - 4:07
    ဒါပေမဲ့ မျောက်က ဒီအစီအစဉ်ကို မကြိုက်ဘူး။
  • 4:07 - 4:09
    ဒီတော့ သူက ဘီးကို ယူလိုက်ပြီး
  • 4:09 - 4:12
    သူက "တကယ်က Nancy Kerrigan
    ရဲ့ ဝက်ဘ် စွယ်စုံကျမ်းတစ်ခုလုံး၊
  • 4:12 - 4:14
    Tonya Harding အတင်းအဖျင်း ဖတ်ရအောင်၊
  • 4:14 - 4:16
    ဒါဖြစ်ခဲ့တယ်လို့ပဲ ကျုပ်မှတ်မိလို့ပါ။
  • 4:16 - 4:17
    (ရယ်သံများ)
  • 4:17 - 4:18
    ပြီးတော့
  • 4:18 - 4:20
    (ရယ်သံများ)
  • 4:20 - 4:22
    ရေခဲသေတ္တာဆီ သွားကြမယ်လေ၊
  • 4:22 - 4:24
    ဒီမှာ လွန်ခဲ့တဲ့ ၁၀ မိနစ်က
    အသစ်တစ်ခုခု ရှိမလား ကြည့်ဖို့လေ။
  • 4:25 - 4:27
    ပြီးတော့ အတောမသတ်တဲ့ YouTube ဆီဆက်မယ်၊
  • 4:27 - 4:30
    ဒါက Richard Feynman ပြောတဲ့
    သံလိုက်တွေအကြောင်း ဗီဒီယိုနဲ့စပြီး
  • 4:30 - 4:33
    နောက် အရမ်းကြာတော့
    Justin Bieber ရဲ့ အမေနဲ့
  • 4:33 - 4:35
    တွေ့ဆုံခန်းကြည့်တာနဲ့ ဆုံးသွားတယ်။
  • 4:35 - 4:37
    (ရယ်သံများ)
  • 4:37 - 4:39
    "ဒါအားလုံးက ခဏလေးပါ၊
  • 4:39 - 4:43
    ဒါနဲ့ ဒီနေ့အတွက် အလုပ်အတွက် အစီအစဉ်မှာ
    နေရာ တကယ်မရှိတော့ပါဘူး၊
  • 4:43 - 4:44
    စိတ်မကောင်းပါဘူး။"
  • 4:44 - 4:45
    (သက်ပြင်းချသံ)
  • 4:46 - 4:50
    ကဲ ဒီမှာ ဘာဆက်ဖြစ်နေလဲ။
  • 4:51 - 4:54
    ချက်ချင်း ဝမ်းမြောက်တဲ့ မျောက်က
    ဘီးနောက်က သင်ရှိချင်တဲ့
  • 4:54 - 4:55
    ကောင်ပုံ မပေါက်ဘူး။
  • 4:55 - 4:57
    သူက ပစ္စုပ္ပန်တစ်ခုလုံးမှာ နေထိုင်ပါတယ်။
  • 4:57 - 5:00
    အတိတ်ရဲ့ မှတ်ဉာဏ်မရှိ၊
    အနာဂတ်ရဲ့ အသိသုတမရှိ၊
  • 5:00 - 5:02
    သူအရေးစိုက်တာ နှစ်ခုပဲရှိတယ်၊
  • 5:02 - 5:04
    အေးအေးနဲ့ ပျော်ပျော်ပဲ။
  • 5:04 - 5:07
    ကဲ တိရိစ္ဆာန်လောကကမှာတော့ အလုပ်ဖြစ်တယ်လေ။
  • 5:07 - 5:09
    ခွေးတစ်ကောင်ဖြစ်ပြီး
  • 5:09 - 5:12
    ဘာမှမလုပ်ပဲ အေးဆေးနဲ့ ပျော်စရာတွေ
    လုပ်ပြီး ဘဝတစ်ခုလုံးကို ကုန်ဆုံးရင်
  • 5:12 - 5:13
    ဧရာမ အောင်မြင်သူပေါ့။
  • 5:13 - 5:15
    (ရယ်သံများ)
  • 5:15 - 5:17
    မျောက်အတွက်ကျတော့
  • 5:18 - 5:20
    လူသားတွေဟာ နောက်
    တိရိစ္ဆာန် မျိုးစိတ်တစ်ခုပါ
  • 5:20 - 5:25
    ကောင်းကောင်းအိပ်၊ ကောင်းကောင်းစားပြီး
    မျိုးနွယ်စု ကာလတွေမှာ အဆင်ပြေ
  • 5:25 - 5:27
    နိုင်လောက်မယ့် နောက်မျိုးဆက်
    ပွားဖို့လိုတယ်လေ။
  • 5:27 - 5:30
    ဒါပေမဲ့ သတိမပြုမိခဲ့ရင် အခု
    မျိုးနွယ်စု ကာလထဲမှာ မရှိပါဘူး။
  • 5:30 - 5:34
    ကျွန်တော်တို့ဟာ အဆင့်မြင့် လူ့အဖွဲ့အစည်း
    မှာရှိနေပြီး မျောက်က ဒါကိုမသိဘူးလေ။
  • 5:34 - 5:36
    ဒါကြောင့် ဦးနှောက်ထဲမှာ
    နောက်တစ်ကောင် ရှိတာလေ၊
  • 5:36 - 5:39
    ယုတ္တိတန်တဲ့ ဆုံးဖြတ်သူ၊
  • 5:39 - 5:42
    အခြားတိရိစ္ဆာန်တွေ မတတ်နိုင်တာတွေ
    ကို လုပ်ဖို့ အစွမ်းပေးသူလေ။
  • 5:42 - 5:44
    အနာဂတ်ကို တွေးကြည့်နိုင်တယ်၊
  • 5:44 - 5:45
    ကြီးမားတဲ့ ပုံရိပ်ကို မြင်နိုင်တယ်၊
  • 5:45 - 5:47
    ရေရှည်အစီအစဉ်တွေ ဆွဲနိုင်တယ်
  • 5:47 - 5:49
    သူက ဒါအားလုံးကို ထည့်စဉ်းစားချင်တယ်။
  • 5:50 - 5:52
    လောလောဆယ် လုပ်နေတဲ့ အဓိပ္ပါယ်ရှိတာ
  • 5:52 - 5:55
    ဘာဖြစ်ဖြစ် ကျွန်တော်တို့ကို
    လုပ်ခိုင်းချင်တယ်။
  • 5:55 - 5:56
    ကဲ တစ်ခါတစ်လေမှာ အေးဆေးပြီး
  • 5:56 - 5:58
    ပျော်စရာတွေကို လုပ်နေတာ အဓိပ္ပါယ်ရှိပါတယ်။
  • 5:58 - 6:00
    ညစာစားနေတဲ့အခါ၊ အိပ်ယာဝင်နေတဲ့အခါ၊
  • 6:00 - 6:02
    ထိုက်တန်တဲ့ အားလပ်ချိန်တွေမှာလိုပေါ့။
  • 6:02 - 6:04
    ဒါကြောင့် ထပ်တာ ရှိတာပေါ့။
  • 6:04 - 6:06
    တစ်ခါတစ်လေ သဘောညီကြတယ်။
  • 6:06 - 6:08
    ဒါပေမဲ့ တစ်ချို့အချိန်မှာ
    ပိုခက်ပြီး၊ ပိုနှစ်လိုဖွယ်
  • 6:08 - 6:12
    မရှိတာတွေလုပ်နေတာက ကြီးမားတဲ့ ပုံရိပ်အတွက်
  • 6:12 - 6:14
    အများကြီး ပိုအဓိပ္ပါယ်ရှိပါတယ်။
  • 6:14 - 6:15
    ဒါက ကျွန်တော်တို့ ဝိရောဓိ ရှိချိန်မှာပါ
  • 6:16 - 6:17
    အချိန်ဆွဲသူအတွက်
  • 6:17 - 6:20
    ဝိရောဓိဟာ အကြိမ်တိုင်း
    နည်းတစ်ခုကို ဆုံးသွားတတ်တယ်၊
  • 6:20 - 6:24
    အဓိပ္ပါယ်ရှိတဲ့ စက်ဝန်းရဲ့ အပြင် သက်သက်
    က အေးဆေး၊ ပျော်ရွင်တဲ့ နေရာ
  • 6:24 - 6:28
    ဒီလိမ္မော်ရောင် ဇုန်ထဲမှာ အချိန်
    အများကြီး ကုန်ဆုံးစေခဲ့ရင်းပေါ့။
  • 6:28 - 6:30
    ကျွန်တော်ကတော့ အနက်ရောင်
    ကစားကွင်းလို့ ခေါ်တယ်။
  • 6:30 - 6:32
    (ရယ်သံများ)
  • 6:32 - 6:35
    ကဲ အနက်ရောင် ကစားကွင်းက ဒီမှာရှိတဲ့
  • 6:35 - 6:38
    အချိန်ဆွဲသူအားလုံး ကောင်းကောင်း
    သိတဲ့နေရာတစ်ခုပါ။
  • 6:39 - 6:41
    ဒါက အားလပ်ချိန် လှုပ်ရှားမှုတွေ
  • 6:41 - 6:44
    မရှိသင့်တဲ့ အချိန်တွေမှာ အားလပ်ချိန်
    လှုပ်ရှားမှုတွေ ဖြစ်တဲ့နေရာပါ။
  • 6:44 - 6:46
    အနက်ရောင် ကစားကွင်းမှာရတဲ့ အပျော်က
  • 6:46 - 6:49
    တကယ် မပျော်ပါဘူး။ အကြောင်းက
    ဒါဟာ လုံးဝ မထိုက်တန်ပဲ
  • 6:49 - 6:52
    လေထုက အပြစ်၊ ကြောက်လန့်မှု၊
    ပူပန်မှု၊ ကိုယ့်ဘာသာ မုန်းတီးမှု
  • 6:52 - 6:54
    အချိန်ဆွဲသူ ခံစားချက်တွေနဲ့ ပြည့်နေလို့ပါ။
  • 6:55 - 6:58
    ဒါနဲ့ ပြဿနာက ဒီအခြေအနေမှာ
    ဘီးနောက်က မျောက်နဲ့ဆိုတော့
  • 6:58 - 7:02
    အချိန်ဆွဲသူဟာ ဒီကနေ အပြာရောင်ဇုံကို
    ဘယ်လိုရောက်မလဲ၊
  • 7:02 - 7:05
    သာယာမှုပိုနည်းပေမဲ့ တကယ့်
    အရေးကြီးတာတွေဖြစ်တဲ့ နေရာလေ။
  • 7:05 - 7:10
    အင်း ဖြစ်သွားတာက အချိန်ဆွဲသူမှာ
    ကိုယ်စောင့်နတ် တစ်ပါးရှိတယ်၊
  • 7:10 - 7:13
    အဆိုးဆုံး ကာလတွေမှာ သူ့ကို အမြဲ ငုံ့ပြီး
  • 7:13 - 7:15
    မိုးကြည့်နေတဲ့သူတစ်ယောက်ပေါ့။
  • 7:15 - 7:17
    ကြောက်စရာ သတ္တဝါကြီး လို့ခေါ်ပါတယ်။
  • 7:17 - 7:20
    (ရယ်သံများ)
  • 7:22 - 7:27
    အခု ကြောက်စရာ သတ္တဝါကြီးက
    များသောအားဖြင့် အိပ်နေတယ်ဆိုပေမဲ့
  • 7:27 - 7:31
    နောက်ဆုံးရက် အရမ်းနီးကပ်တာ (သို့)
    လူသူကြားထဲ အရှက်ကွဲမယ့် ဘေးရှိတဲ့ အချိန်
  • 7:31 - 7:33
    အလုပ်ဘေးဒုက္ခ (သို့) အခြားကြောက်စရာ
  • 7:33 - 7:36
    အကျိုးဆက်ရှိချိန် ဘယ်အချိန်မဆို
    သူ ရုတ်တရက် နိုးတယ်။
  • 7:36 - 7:40
    ပို အရေးကြီးတာက မျောက်က
    ကြောက်တာဆိုလို့ သူပဲရှိတာပါ။
  • 7:40 - 7:45
    ကဲ သူဟာ ကျွန်တော့ဘဝမှာ
    သိပ်မကြာခင်လေးကမှ ပတ်သက်လာခဲ့တယ်၊
  • 7:45 - 7:48
    အကြောင်းက TED က လူတွေ လွန်ခဲ့တဲ့
    ခြောက်လက ကျွန်တော်ဆီ ရောက်လာပြီး
  • 7:48 - 7:50
    TED ဟောပြောချက်လုပ်ဖို့ ဖိတ်ခဲ့လို့ပါ။
  • 7:50 - 7:52
    (ရယ်သံများ)
  • 7:55 - 7:57
    ကဲ တကယ်ပါ၊ ဟုတ်ကဲ့လို့ ပြောလိုက်တယ်။
  • 7:57 - 8:01
    အတိတ်က TED ဟောပြောလိုက်ဖို့ဆိုတာဟာ
    ကျွန်တော့ရဲ့ အမြဲတမ်း အိပ်မက်တစ်ခုပါ။
  • 8:01 - 8:05
    (ရယ်သံများ)
  • 8:05 - 8:09
    (လက်ခုပ်သံများ)
  • 8:12 - 8:14
    ဒါပေမဲ့ ဒီစိတ်လှုပ်ရှားမှုအားလုံး အလယ်မှာ
  • 8:14 - 8:17
    ယုတ္တိတန်တဲ့ ဆုံးဖြတ်သူဟာ သူ့စိတ်ထဲမှာ
    အခြားတစ်ခု ရှိပုံရတယ်။
  • 8:18 - 8:20
    သူပြောနေတာက "ကျုပ်တို့လက်ခံ
    လိုက်တာကို ရှင်းလား။
  • 8:20 - 8:23
    အခုဖြစ်တော့မယ်အရာဟာ
    အနာဂတ် တစ်နေ့မှာ ဖြစ်နေမှာကို သိရဲ့လား။
  • 8:23 - 8:26
    ဒါကို အခုထိုင်ပြီး လုပ်ဖို့လိုတယ်နော်"တဲ့။
  • 8:26 - 8:29
    ဒါနဲ့ မျောက်က "လုံးဝ သဘောတူတယ်၊
    ဒါပေမဲ့ Google Earth လေးဖွင့်ပြီး
  • 8:29 - 8:32
    အိန္ဒိယအောက်ပိုင်းကို ချဲ့ကြည့်ရအောင်။
    မြေပြင်အထက် မီတာ ၂၀၀ ပေါ့။
  • 8:32 - 8:36
    နောက်ပြီး နိုင်ငံထိပ်ပိုင်းအထိ
    နှစ်နာရီခွဲလောက် ရွှေ့ကြည့်တာပေါ့။
  • 8:36 - 8:38
    အိန္ဒိယကို ပိုကောင်းကောင်း ခံစားရတာပေါ့။"
  • 8:38 - 8:42
    (ရယ်သံများ)
  • 8:43 - 8:45
    ဒါက အဲဒီနေ့က လုပ်ခဲ့ကြတာပါ။
  • 8:45 - 8:47
    (ရယ်သံများ)
  • 8:49 - 8:52
    ခြောက်လက လေးလ၊ နှစ်လကနေ
    တစ်လပြောင်းခဲ့တယ်။
  • 8:53 - 8:56
    TED ကလူတွေ ဟောပြောသူတွေကို
    ထုတ်ပြန်ဖို့ ဆုံးဖြတ်လိုက်ကြတယ်။
  • 8:56 - 8:58
    ဝက်ဆိုဒ်ကိုဖွင့်လိုက်တာကိုယ့်ကို
    ပြန်စိုက်ကြည့်နေတဲ့
  • 8:58 - 9:00
    ကိုယ့်မျက်နှာရှိတယ်။
  • 9:00 - 9:01
    ဘယ်သူနိုးလာလဲ သိလား။
  • 9:01 - 9:04
    (ရယ်သံများ)
  • 9:05 - 9:08
    ဒီတော့ ကြောက်စရာ သတ္တဝါကြီး စိတ်တိုလာပြီး
  • 9:08 - 9:11
    ခဏအကြာမှာ စနစ်တစ်ခုလုံး ပရမ်းပတာဖြစ်ရောလေ။
  • 9:11 - 9:13
    (ရယ်သံများ)
  • 9:16 - 9:19
    ဒါနဲ့ မျောက်၊ မှတ်မိတယ်နော်၊ ကြောက်စရာ
    သတ္တဝါကြီးကို သူလန့်တာလေ၊
  • 9:19 - 9:20
    ဝုန်းဆို သစ်ပင်ပေါ်မှာလေ
  • 9:20 - 9:21
    ဒါနဲ့ နောက်ဆုံး၊
  • 9:21 - 9:24
    နောက်ဆုံး ယုတ္တိတန်တဲ့ ဆုံးဖြတ်သူ
    ဘီးကို ကိုင်နိုင်ပြီး
  • 9:24 - 9:25
    ဟောပြောချက်ကို စလုပ်နိုင်တော့တယ်။
  • 9:25 - 9:28
    ကဲ ကြောက်စရာ သတ္တဝါကြီးက
    တော်တော် စိတ်မနှံ့တဲ့
  • 9:28 - 9:31
    အချိန်ဆွဲသူ အပြုအမူ
    အမျိုးအစားတွေကို ရှင်းပြတယ်။
  • 9:31 - 9:34
    ဆိုပါစို့ ကျွန်တော့လို
    နှစ်ပတ်အချိန်ကုန်ခံပြီး
  • 9:34 - 9:37
    စာတမ်းအဖွင့်စာကြောင်း စမရေးနိုင်ပုံ၊
  • 9:37 - 9:40
    ပြီးတော့ ညလုံးပေါက် ရှစ်မျက်နှာရေးဖို့
    မယုံနိုင်လောက်တဲ့
  • 9:40 - 9:43
    အလုပ် ကျင့်ဝတ်ကို အံ့သြစရာ တွေ့ရှိပုံပေါ့။
  • 9:44 - 9:47
    ဒီအခြေအနေတစ်ခုလုံး ၊ ဇာတ်ကောင်
    သုံးကောင်နဲ့ပေါ့၊
  • 9:47 - 9:49
    ဒါက အချိန်ဆွဲသူရဲ့ စနစ်ပါ။
  • 9:50 - 9:54
    မလှပေမဲ့ အဆုံးမှာတော့
    အလုပ်ဖြစ်ပါတယ်။
  • 9:54 - 9:58
    ဒါက လွန်ခဲ့တဲ့ တစ်နှစ်၊နှစ်နှစ်က
    ဘလော့ဂ်ရေးဖို့ ဆုံးဖြတ်ခဲ့တဲ့အကြောင်းပါ။
  • 9:58 - 10:01
    ကျွန်တော် ရေးလိုက်တော့ တုံ့ပြန်မှုက
    အံ့သြစရာကောင်းပါတယ်။
  • 10:01 - 10:03
    ပြောရရင် ကမ္ဘာတစ်လွှားက
  • 10:03 - 10:06
    အလုပ်အမျိုးမျိုးလုပ်ကြတဲ့ လူအမျိုးမျိုးဆီက
  • 10:06 - 10:07
    အီးမေးလ်တွေ ထောင်ချီဝင်လာခဲ့တယ်။
  • 10:07 - 10:10
    သူနာပြုတွေ၊ ဘဏ်သူဌေးတွေ၊
    ပန်းချီဆရာတွေ၊ အင်ဂျင်နီယာတွေ၊
  • 10:10 - 10:13
    များစွာသော PhD ကျောင်းသားတွေပေါ့။
  • 10:13 - 10:15
    (ရယ်သံများ)
  • 10:15 - 10:17
    သူတို့အားလုံး ရေးနေ၊ ပြောနေတာ
    တစ်မျိုးတည်းပါ။
  • 10:17 - 10:19
    "ကျွန်တော့မှာလည်း ဒီပြဿနာရှိတယ်"တဲ့။
  • 10:19 - 10:23
    ဒါပေမဲ့ ကျွန်တော့ကို အံ့အားသင့်စေတာက
    ပို့စ်တင်တာရဲ့ ပေါ့ပါးတဲ့လေသံနဲ့
  • 10:23 - 10:25
    ဒီအီးမေးလ်တွေရဲ့ လေးလံမှု
    အကြားကအရာပါ။
  • 10:25 - 10:28
    ဒီလူတွေ ခါးသီးတဲ့ စိတ်ပျက်ခြင်းနဲ့
    ရေးနေကြတာက
  • 10:28 - 10:31
    အချိန်ဆွဲခြင်းက သူတို့ဘဝတွေကို
    ထိခိုက်တဲ့အကြောင်း
  • 10:31 - 10:33
    ဒီမျောက်က သူတိုကို
    ထိခိုက်တဲ့အကြောင်းပါ။
  • 10:35 - 10:38
    ကျွန်တော် စဉ်းစားပြီး ပြောလိုက်တာက
  • 10:38 - 10:41
    ကဲ အချိန်ဆွဲသူရဲ့ စနစ် အလုပ်ဖြစ်ရင်
    ဘာဆက်ဖြစ်လဲ။
  • 10:41 - 10:44
    ဘာလို့ ဒီလူအားလုံး ဒီလို
    ဆိုးဝါးတဲ့နေရာမှာရှိရတာလဲ။
  • 10:44 - 10:47
    ဖြစ်သွားတာက အချိန်ဆွဲတာ နှစ်မျိုးရှိတယ်။
  • 10:48 - 10:51
    ဒီနေ့ ပြောတာတိုင်းနဲ့ ပေးတဲ့
    ဥပမာတွေမှာ အားလုံး
  • 10:51 - 10:52
    နောက်ဆုံးအချိန်တွေပါတယ်။
  • 10:52 - 10:53
    နောက်ဆုံးအချိန်ဆိုတဲ့အခါ
  • 10:53 - 10:56
    အချိန်ဆွဲ့ခြင်းရဲ့ သက်ရောက်မှုတွေဟာ
    ရေတိုအထိအကျုံးဝင်တယ်၊
  • 10:56 - 10:58
    ကြောက်စရာ သတ္တါကြီးပါဝင်နေတာကိုး။
  • 10:58 - 11:00
    ဒါပေမဲ့ အချိန်ဆွဲခြင်း ဒုတိယတစ်မျိုးရှိတယ်
  • 11:00 - 11:03
    ဒါက နောက်ဆုံးအချိန် မရှိတဲ့အခါမှာ ဖြစ်တာပါ
  • 11:03 - 11:06
    ကိုယ်တိုင်စတဲ့ လုပ်ငန်းမျိုး
    အနုပညာ၊ စွန့်ဦးထွင်တာလို
  • 11:06 - 11:08
    နောက်ဆုံးအချိန် မရှိတဲ့အလုပ်
    တစ်ခုခု လုပ်ချင်ရင်
  • 11:08 - 11:11
    ဒါတွေအတွက် အစမှာတော့ နောက်ဆုံး
    အချိန်မရှိပါဘူး၊ အကြောင်းက
  • 11:12 - 11:14
    အရှိန်ရဖို့၊ ကိစ္စတွေဆက်ဖြစ်ဖို့
    ကိုယ်ကထွက်ပြီး
  • 11:14 - 11:15
    မကြိုးစားခင် ဘာမှ ဖြစ်မနေဘူး။
  • 11:15 - 11:19
    နောက်ဆုံးအချိန် မပါဝင်တဲ့ အလုပ်အပြင်က
  • 11:19 - 11:20
    အရေးပါတဲ့ အရာမျိုးစုံရှိတယ်။
  • 11:20 - 11:23
    မိသားစုကိုတွေ့တာတို့၊ လေ့ကျင့်ခန်းလုပ်တာ၊
    ကျန်းမာရေး ဂရုစိုက်တာတို့၊
  • 11:23 - 11:25
    ဆက်ဆံရေးအတွက် လုပ်တာတို့၊
  • 11:25 - 11:28
    အလုပ်မဖြစ်တဲ့ ဆက်ဆံရေးကနေ ထွက်တာတို့ပေါ့။
  • 11:28 - 11:33
    ကဲ ဒီခက်ခဲတာတွေ လုပ်ခြင်းရဲ့
    အချိန်ဆွဲသူရဲ့ တစ်ခုတည်းသော ယန္တရားဟာ
  • 11:33 - 11:35
    ကြောက်စရာ သတ္တဝါကြီးဆိုရင် ဒါပြဿနာပါ။
  • 11:35 - 11:37
    အကြောင်းက ဒီနောက်ဆုံးအချိန်မပါတဲ့
    အခြေအနေအားလုံးမှာ
  • 11:37 - 11:39
    ကြောက်စရာ သတ္တဝါက ပေါ်မလာလို့ပါ။
  • 11:39 - 11:41
    သူ့မှာ နှိုးစရာ မရှိဘူးလေ။
  • 11:41 - 11:43
    ဒီတော့ အချိန်ဆွဲခြင်းရဲ့
    သက်ရောက်မှုတွေ၊ ပါဝင်မလာဘူး၊
  • 11:43 - 11:45
    အပြင်ဘက်ကို အဆုံးမဲ့ ဆန့်ထွက်တယ်။
  • 11:46 - 11:49
    ဒါဟာ ပိုပျော်ရွှင်တဲ့ ရေတို
    နောက်ဆုံးအချိန် အခြေခံတဲ့
  • 11:49 - 11:52
    အမျိုးအစားထက် အရမ်း မြင်သာမှု
    နည်းပြီး သိပ် အပြောနည်းတဲ့
  • 11:52 - 11:55
    ရေရှည် အချိန်ဆွဲခြင်း အမျိုးအစားပါ။
  • 11:55 - 11:58
    အမြဲတမ်း တိတ်တိတ်လေး၊ ကြိတ်ခံစားပါတယ်။
  • 11:59 - 12:00
    ဒါ ရေရှည် မပျော်မှုရဲ့
  • 12:00 - 12:04
    ကြီးမားတဲ့ ပမာဏနဲ့ အရင်းအမြစ်
    ဖြစ်နိုင်ပါတယ်၊ ပြီးတော့ နောင်တတွေပေါ့။
  • 12:05 - 12:07
    ကျွန်တော် ထင်တာက ဒါကြောင့်
    လူတွေဟာ အီးမေးလ် ပို့နေတာဖြစ်ပြီး
  • 12:07 - 12:10
    ဒါကြောင့်ပဲ ဒီလို ဆိုးဝါးတဲ့နေရာမှာ
    ရှိနေတာလို့ပါ။
  • 12:10 - 12:13
    သူတို့ဟာ ပရောဂျက်တစ်ခုအတွက်
    တွန်းလုပ်နေတာ မဟုတ်ဘူး။
  • 12:13 - 12:16
    ရေရည် အချိန်ဆွဲခြင်းက သူတို့
    ကိုယ်ပိုင်ဘဝတွေရဲ့ အချိန်တွေမှာ
  • 12:16 - 12:18
    ပွဲ့ကြည့်သူ တစ်ယောက်လိုခံစားစေတာပါ။
  • 12:19 - 12:22
    စိတ်ပျက်တာက သူတို့အိပ်မက်တွေကို
    မစွမ်းဆောင်နိုင်လို့ မဟုတ်ပဲ
  • 12:22 - 12:25
    သူတို့အနေဲ့ ဒါတွေကို စတင်
    လိုက်နိုင်စွမ်းတောင် မရှိလို့ပါ။
  • 12:25 - 12:29
    ဒီအီးမေးလ်တွေကိုဖတ်ပြီး အသိအမြင်
    နည်းနည်းလေး ရလိုက်တာက
  • 12:30 - 12:34
    အချိန်မဆွဲသူ ရှိတယ်လို့ မထင်တာပါ။
  • 12:34 - 12:37
    ဒါ ဟုတ်ပါတယ်၊ ခင်ဗျားတို့အားလုံးဟာ
    အချိန်ဆွဲသူတွေလို့ ထင်ပါတယ်။
  • 12:38 - 12:40
    ကဲ ခင်ဗျားတို့အားလုံး ကျွန်တော်တို့လို
  • 12:40 - 12:41
    မရှုပ်ပွလောက်ပါဘူး။
  • 12:41 - 12:43
    (ရယ်သံများ)
  • 12:43 - 12:46
    ခင်ဗျားတို့ တစ်ချို့က နောက်ဆုံးအချိန်နဲ့
    ဆက်ဆံရေး ကောင်းလောက်ပါတယ်။
  • 12:46 - 12:49
    ဒါပေမဲ့ သတိရပါ၊ မျောက်ရဲ့
    ကလိမ်ကျဆုံး ပရိယာယ်က
  • 12:49 - 12:50
    နောက်ဆုံးအချိန် မရှိတဲ့အခါမှာပါ။
  • 12:51 - 12:53
    အခု နောက်ဆုံးတစ်ခု ပြချင်ပါတယ်။
  • 12:53 - 12:56
    ဒါကို ဘဝပြက္ခဒိန်လို့ ကျွန်တော်ခေါ်တယ်။
  • 12:56 - 13:01
    နှစ် ၉၀ သက်တမ်းရဲ့ သီတင်းပတ်တိုင်း
    အတွက် အကွက်တစ်ကွက် ရှိတယ်။
  • 13:01 - 13:03
    အကွက်အများကြီး မရှိပါဘူး၊
  • 13:03 - 13:06
    အထူးသဖြင့် ဒါတွေရဲ့ တသီကြီး
    ကျွန်တော်တို့ သုံးပြီးတာကြောင့်ပါ။
  • 13:07 - 13:12
    ဒီတော့ ဒီပြက္ခဒိန်ကို ကြာကြာ
    စိုက်ကြည့်ဖို့လိုတယ် ထင်ပါတယ်။
  • 13:13 - 13:16
    ကျွန်တော်တို့ ဘာကို ဆက်အချိန်ဆွဲနေလဲ
    ဆိုတာ စဉ်းစားဖို့လိုပါတယ်၊
  • 13:16 - 13:19
    အကြောင်းက လူတိုင်းဟာ ဘဝမှာ တစ်ခုခုကို
    အချိန်ဆွဲနေလို့ပါ။
  • 13:21 - 13:24
    ချက်ချင်း ဝမ်းမြောက်တဲ့ မျောက်ကို
    မပြတ် သတိထားဖို့လိုပါတယ်။
  • 13:25 - 13:28
    ဒါက ကျွန်တော်တို့ အားလုံးရဲ့ အလုပ်ပါ။
  • 13:29 - 13:31
    အကွက်တွေ အများကြီးမရှိတာကြောင့်
  • 13:31 - 13:33
    ဒီနေ့ပဲ စလုပ်သင့်တဲ့ အလုပ်
    ဖြစ်လောက်ပါတယ်။
  • 13:33 - 13:36
    အင်း ဒီနေ့တော့ မဟုတ်လောက်ပေမဲ့...
  • 13:36 - 13:38
    (ရယ်သံများ)
  • 13:38 - 13:39
    သိတယ်နော်၊
  • 13:40 - 13:41
    နောင်မကြာခင်ပေါ့ဗျာ။
  • 13:41 - 13:43
    ကျေးဇူးတင်ပါတယ်။
  • 13:43 - 13:51
    (လက်ခုပ်သံများ)
Title:
အချိန်ဆွဲသူ ဆရာကြီးတစ်ဦး၏ စိတ်အတွင်းဘက်မှာ။
Speaker:
Tim Urban
Description:

အချိန်ဆွဲတာဟာ အဓိပ္ပါယ်မရှိဘူးဆိုတာ Tim Urban သိပေမဲ့ ကိစ္စတွေပြီးပြတ်ဖို့ နောက်ဆုံးမိနစ်အထိ စောင့်တတ်တဲ့ အကျင့်ကို တစ်ခါမှ ဖြတ်မရနိင်ဘူးဖြစ်နေပါတယ်။ ရယ်မောစရာကောင်းပြီး ထိုးထွင်းအသိမြင်ပါတဲ့ ဒီဟောပြောချက်ထဲမှာ Urban ကနေပြီး YouTube စိတ်ကြိုက်ပွဲတော်ကြီးတွေ၊ Wikipedia ယုန်တိုးပေါက်တွေနဲ့ ပြတင်းပေါက်ကနေ ဖုတ်ပူမီးတိုက် ငေးကြည့်နေရချိန်တွေကနေ ကျွန်တော်တို့ကို ခရီးရှည်ကြီးတစ်ခုဆီ ခေါ်သွားပြီး ကျွန်တော်တို့တွေ တကယ့်ကို အချိန်ဆွဲနေတဲ့ အကြောင်းကို အချိန်မကုန်ခင်မှာ ပိုပြီးအပြင်းအထန် စဉ်းစားကြဖို့ အားပေးထားပါတယ်။

more » « less
Video Language:
English
Team:
closed TED
Project:
TEDTalks
Duration:
14:03

Burmese subtitles

Revisions Compare revisions