လူမျိုးရေးခွဲခြားမှုက လူတိုင်းအတွက် ပေးဆပ်ရမှုတွေရှိပါတယ်..
-
0:01 - 0:03ကျွန်မက အများပြည်သူဆိုင်ရာမူဝါဒလေ့လာသူပါ။
-
0:03 - 0:08အမေရိကန်ရဲစီးပွားရေးမှာ ပြဿနာတွေဖြစ်စေတဲ့
အချက်အလက်တွေကို ကျွန်မ ရှာဖွေစစ်ဆေးပါတယ်။ -
0:08 - 0:11အိမ်တွင်းအကြွေးထူထပ်မှု မြင့်တက်လာမှုတွေ
-
0:11 - 0:13ဝင်ငွေနဲ့ အကျိုးခံစားရမှု လျော့ကျလာတာတွေ
-
0:13 - 0:15အစိုးရ အခွန်ဘဏ္ဍာ နည်းလာတာ မျိုးတွေပေါ့။
-
0:16 - 0:18ပြီးတော့ ကျွန်မတို့နိုင်ငံရဲ့စီးပွားရေးကို
-
0:18 - 0:21ပိုများတဲ့ လူတွေအတွက် အောင်မြင်လာစေဖို့
အဖြေရှာဖို့ ကြိုးစားတယ်။ -
0:23 - 0:26အခွန်မူဝါဒနဲ့ အခြေခံအဆောက်အအုံ
ရင်းနှီးမြုပ်နှံမှု တွေကို -
0:26 - 0:28ကျွန်မ စိတ်ဝင်စားတယ်။
-
0:28 - 0:30ပြီးတော့ ကျွန်မ ကျကျနနကြီး ပုံစံထုတ်ထားတဲ့
-
0:30 - 0:33မြို့တော်ယန္တရားကြီးကြောင့်
တကယ်စိတ်လှုပ်ရှားခဲ့ရပါတယ်။ -
0:33 - 0:35(ရယ်သံ)
-
0:35 - 0:38အခု ကျွန်မပြောနေခဲ့ဲ့့တဲ့ အကြောင်းတွေက
၂၀၁၆ ဩဂုတ်လ -
0:38 - 0:44ပြည်သူ့ရုပ်မြင်သံကြားမှာ တိုက်ရိုက်
ထုတ်လွှင့်တဲ့ အကြောင်းအရာမျိုးတွေပါ။ -
0:44 - 0:46အစီအစဉ်ရဲ့ တစ်ဝက်လောက်မှာ
-
0:46 - 0:48North Carolina က Gary ပါဆိုပြီး
-
0:48 - 0:51အမျိုးသားတစ်ယောက်က ဖုန်းခေါ်ခဲ့ပြီးတော့
-
0:51 - 0:52သူပြောခဲ့တာက....
-
0:53 - 0:56"ကျွန်တော် လူဖြူတစ်ယောက်ပါ၊
ကျွန်တော့်မှာ မလိုမုန်းတားစိတ်ရှိတယ်။" -
0:59 - 1:03ဒီနောက် သူ့ရဲ့မလိုမုန်းတားစိတ်ကြောင်းကို
အသေးစိတ်ပြောပြခဲ့ပါတယ် -
1:03 - 1:06လူမည်းတွေ လူဆိုးလူမိုက်အကြောင်းတွေ
-
1:06 - 1:08မူးယစ်ဆေးနဲ့ ဒုစရိုက်မှု
အကြောင်းတွေပြောရင်းပါ -
1:09 - 1:12ဒါပေမဲ့ ဒီတုန်းက ကျွန်မ လုံးဝမေ့လို့မရတဲ့
အရာတစ်ခု သူပြောခဲ့သေးတယ်.. -
1:13 - 1:15သူပြောခဲ့တာက
" ဒါပေမဲ့ကျွန်တော် ပြောင်းလဲချင်ပါတယ်၊ -
1:16 - 1:21ပိုကောင်းတဲ့ အမေရိကန်နိုင်ငံသားတစ်ယောက်
ဖြစ်ဖို့ ဘာလုပ်နိုင်မလဲဆိုတာသိချင်တယ်"တဲ့။ -
1:23 - 1:26အခု သတိရကြဖို့က ကျွန်မရဲ့အလုပ်က
စီးပွားရေးမူဝါဒတွေအကြောင်းပါ.. -
1:26 - 1:29ဒေါ်လာတွေ ဆင့်တွေ ပြောင်းလဲပေးဖို့ပါ..
-
1:29 - 1:31လူတစ်ယောက်ရဲ့ အတွေးအခေါ်
ခံစားချက်တွေဖို့ မဟုတ်ပါဘူး။ -
1:32 - 1:36ဒါပေမဲ့ အစီအစဉ်မှာပါတဲ့ အမျိုးသားအတွက်
တုံပြန်ဖို့ပါးစပ်ဖွင့်လိုက်တဲ့အခါမှာ -
1:36 - 1:39အံ့ဩဖို့ကောင်းတဲ့စကားလုံးတေွ ထွက်လာခဲ့တယ်။
-
1:39 - 1:40ကျွန်မပြောခဲ့တာက...
-
1:41 - 1:42" ကျေးဇူးတင်ပါတယ် "
-
1:43 - 1:46မလိုမုန်းတားစိတ်ကို ဝန်ခံတဲ့အတွက်
သူ့ကို ကျေးဇူးတင်ခဲ့တယ်. -
1:46 - 1:48ပြောင်းလဲချင်ပြီး ဒါက သူ့ကို
ပိုကောင်းတဲ့ အမေရိကန် -
1:48 - 1:51တစ်ဦးဖြစ်စေတယ်ဆိုတာကို
ဘာပဲဖြစ်ဖြစ် သိနေခြင်းအတွက်ပါ။ -
1:53 - 1:56ကျွန်မနဲ့ ဥGary ရဲ့စကားဖလှယ်မှုတွေက
အင်တာနက်မှာ ပျံနှံ့သွားခဲ့တယ် -
1:57 - 1:59၈သန်းကျော်လောက်
ကြည့်ရှုသူတွေရှိခဲ့ပြီးတော့ -
1:59 - 2:03ဆိုရှယ်မီဒီယာတွေမှာ မှတ်ချက်ပေးမှုတွေနဲ့
တော်တော်လေးလှုပ်ခတ်သွားခဲ့ပြီး -
2:03 - 2:04အခု သတင်းမျက်နှာဖုံးတွေပေါ့။
-
2:05 - 2:08ကျွန်မအထင်လူတွေ အံ့ဩသွားကြတာက
-
2:08 - 2:10လူမည်းအမျိုးသမီးတစ်ယောက်က
မလိုမုန်းတားစိတ်ရှိတဲ့ လူဖြူ -
2:11 - 2:12တစ်ဦးအပေါ်ထားတဲ့
ဂရုဏာကြောင့်ပါ -
2:12 - 2:15ပြီးတော့ လူဖြူအမျိုးသားတစ်ယောက်က
သူ့ရဲ့တစ်ဖက်သတ်အစွဲကို ရုပ်သံမှာ -
2:15 - 2:17ထုတ်ပြောတာကို အံ့ဩကြတာပါ
-
2:18 - 2:22Gary နဲ့ ကျွန်မရဲ့ အင်တာနက်ပေါ်က
လှုပ်ခတ်မှုတွေအပြီး သိပ်မကြာခင်မှာ -
2:22 - 2:24ကျွန်မတို့လူချင်းတွေ့ခဲ့ကြတယ်
-
2:24 - 2:27သူပြောခဲ့တာက သူကျွန်မရဲ့
အကြံဉာဏ်ကို ယူခဲ့ပါတယ်တဲ့။ -
2:27 - 2:32ကျွန်မစကားတွေက သူ့ဖို့ တစ်စုံတစ်ယောက်က
ပြတင်းပေါက်ကဖုန်တွေကို သုတ်ပေးသလိုဖြစ်ပြီး -
2:32 - 2:33အလင်းရခဲ့သလိုပါပဲတဲ့..
-
2:35 - 2:38နှစ်တွေအကြာကြီး Gary နဲ့ ကျွန်မ
သူငယ်ချင်းတွေဖြစ်နေကြပါတယ် -
2:38 - 2:41Gary ပြောလေ့ရှိတာက သူ့ကို
အမေရိကန်လူမျိုရေးခွဲခြားမှု -
2:41 - 2:45စနစ်နဲ့ အများဆိုင်ရာမူဝါဒတွေကို
ကျွန်မက သင်ပေးခဲ့တာတဲ့။ -
2:45 - 2:47ဒါပေမဲ့ကျွန်မလည်းပဲ
Gary ဆီက အများကြီးသင်ယူခဲ့ရတယ်။ -
2:48 - 2:49ကျွန်မအဖို့ အကြီးဆုံးသင်ခန်းစာက
-
2:49 - 2:55Gary ရဲ့ အဆိုးမြင်ဝါဒစွဲလန်းမှုက
သူ့ကိုယ်ကို ခံစားရစေတယ် ဆိုတာပါပဲ -
2:56 - 2:58ကြောက်ရွံ့မှုတွေ၊ စိုးရိမ်ပူပန်မှုတွေ၊
အထီးကျန်ဆန်မှုတွေ -
3:00 - 3:01ဒါတွေကကျွန်မကို ပြန်စဉ်းစားမိစေတယ်
-
3:01 - 3:04ကျွန်မ အလုပ်ခွင်တလျှောက်လုံး
စီးပွားရေးပြဿနာတွေကိုပဲ -
3:04 - 3:06အာရုံစိုက်ခဲ့တယ်
-
3:07 - 3:08ကျွန်မသိချင်ခဲ့တာက
-
3:09 - 3:14ကျွန်မတို့လူမှုအဖွဲ့အစည်းရဲ့
လူမျိုးရေးခွဲခြားမှုကြီးက -
3:14 - 3:19တူညီတဲ့လူအများစုရဲ့ အထူးခံစားခွင့်တွေ
စီစဉ်ထားတာကို -
3:19 - 3:22ဆန့်ကျင်ဘက်သက်ရောက်မှုတွေ
ဖြစ်စေနိုင်သလားလို့ပါ။ -
3:24 - 3:25ဒီမေးခွန်းကိုဆက်သွားရရင်..
-
3:25 - 3:28ကျွန်မရဲ့ အရင်နှစ်အနည်းငယ်ကို
နိုင်ငံခရီးသွားခဲ့တယ် -
3:28 - 3:30သုတေသနပြုရင်း စာအုပ်တအုပ်ရေးရင်းနဲ့ပေါ့..
-
3:31 - 3:33ကျွန်မစာအုပ် နိဂုံးချုပ်လား။
-
3:34 - 3:37လူမျိုးရေးခွဲခြားခြင်းက
ဆိုးဝါးတဲ့မူဝါဒချမှတ်ခြင်းကို ဦးတည်စေတယ် -
3:38 - 3:40ဒါကစီးပွားရေးလည်းကို ပိုမိုဆိုးဝါးစေတယ်
-
3:41 - 3:45လူတွေရဲ့အသားအရောင်ကို
ဆိုးကျိုးဖြစ်စေတာမျိုး ပဲမဟုတ်ပါဘူး -
3:46 - 3:49ဒါက တစ်ခုဆုံးရှုံးလို့
တစ်ခုပြန်ရတဲ့ ရလဒ်မျိုး မဟုတ်ပါဘူး.. -
3:49 - 3:53လူမျိုးရေးခွဲခြားခြင်းက လူဖြူတွေ
အတွက်လည်း မကောင်းစေပါဘူး -
3:56 - 3:58ဥပမာ တစ်ခု ယူပြောရမယ်ဆိုရင်
-
3:58 - 4:02အမေရိကန်နိုင်ငံကအများဆိုင်ရာအရာဝတ္ထုတွေမှာ
ရင်းနှီးမြှပ်နှံမှုပမာဏနည်းပါးနေပါတယ် -
4:02 - 4:05ကျွန်မအားလုံး လိုအပ်ပြီး
အတူတူအသုံးပြုရတဲ့အရာမျိုးတွေ- -
4:05 - 4:08ကျောင်းတွေ လမ်းမတွေ
တံတားတွေလိုမျိုးမှာပေါ့.. -
4:08 - 4:10အခြေခံအဆောက်အအုံတွေဟာ
-
4:10 - 4:13အမေရိကန်မြို့ပြအင်ဂျင်နီယာတွေဆီကနေ
အဆင့်နိမ့်ကျလာပြီးတော့ -
4:13 - 4:17လူတစ်ဦးချင်းဟာလည်းတခြားခေတ်မီနေတဲ့
နိုင်ငံတွေထက်ရင်းနှီးမြှပ်နှံမှု နည်းပါးလာမယ် -
4:17 - 4:19ဒါပေမဲ့ အမြဲတမ်း ဒါမျိုးဖြစ်မနေပါဘူး
-
4:20 - 4:22ကျွန်မ Alabama ပြည်နယ်
Montgomery မြို့ ကို ခရီးသွားခဲ့တယ် -
4:22 - 4:27အဲ့ဒီမှာ လူမျိုးရေးခွဲခြားမှုကအများဆိုင်ရာ
ပစ္စည်းတွေကို ဘယ်လိုဖျက်ဆီးနိုင်တာနဲ့ -
4:27 - 4:29ပြည်သူတွေကလည်းထောက်ခံကြတာမျိုး
ကျွန်မတွေ့ခဲ့ရတယ် -
4:30 - 4:32၁၉၃၀ နဲ့ ၁၉၄၀ လောက်မှာ
-
4:32 - 4:36အမေရိကန်နိုင်ငံက အများဆိုင်ရာ အပန်းဖြေ
အဆောက်အအုံတွေကိုတနိုင်ငံလုံးအတိုင်းအတာနဲ့ -
4:36 - 4:39အခွန်ငွေကောက်ခဲ့တယ်
-
4:39 - 4:43အဲဒီထဲမှာ Alabama ပြည်နယ် Montgomery မြို့
Oak ပန်းခြံရဲ့ ရေကူးကန်လည်း ပါတယ် -
4:43 - 4:46အဲဒီကန်ဟာ တော်တော်ကြီးကျယ်ခမ်းနားခဲ့ပါတယ်
-
4:46 - 4:49သိကြတဲ့အတိုင်း အရင်တုန်းက
လူတွေမှာ လေအေးပေးစက်တွေမရှိတော့.. -
4:49 - 4:53သူတို့ရဲ့ပူအိုက်တဲ့ နွေရာသီရက်တွေကို
-
4:53 - 4:57ဒီရေကန်မှာပဲ နေပူဆာလှုံလိုက်, ရေချိုးလိုက်
-
4:57 - 5:00အနီးမှာရှိတဲ့ သစ်ပင်အဝိုင်းကြီးအောက်မှာ
အနားယူလိုက်နဲ့ အသုံးပြုခဲ့ကြတယ်. -
5:01 - 5:03ရေကန်ကမြို့ရဲ့ တွေ့ဆုံ
စုစည်းရာနေရာမျိုးဖြစ်ခဲ့တယ် -
5:04 - 5:07ဒီ Oak ပန်းခြံထဲကရေကန်က
-
5:07 - 5:10Montgomery မြို့သူမြို့သားအားလုံးဆီကနေ
အခွန်ကောက်ခံတယ်ဆိုပေမဲ့ -
5:10 - 5:12လူဖြူတွေပဲ လာလို့ရပါတယ်..
-
5:13 - 5:17နောက်ဆုံး ပြည်ထောင်စုတရားရုံးက
ဒါဟာ ဥပဒေနဲ့မညီညွှတ်ဘူးလို့ ယူဆလာတဲ့အခါမှာ -
5:17 - 5:20မြို့တော်ကောင်စီရဲ့ တုံ့ပြန်မှုက
တော်တော်လေး မြန်ဆန်ခဲ့ပါတယ်.. -
5:20 - 5:25ဇန်နဝါရီ ၁ရက်နေ့ ၁၉၅၉ မှာ
သက်ရောက်မှုတခုဖြစ်လာတယ် -
5:25 - 5:29လူမည်းမိသားစုတွေကိုပါ
ရေကူးခွင့်ပြုမဲ့အစား -
5:30 - 5:32ဒီရေကူးကန်ကြီးကို
ဖောက်ထုတ်လိုက်ဖို့ ဆုံးဖြတ်ခဲ့ကြတယ်.. -
5:37 - 5:40ဒီလိုအများဆိုင်ရာ အရာဝတ္ထုတွေကို
ဖျက်ဆီးခြင်းဟာဆိုရင် -
5:40 - 5:43တောင်ပိုင်းခရိုင်တခုတည်းမှာတင်မဟုတ်ပဲနဲ့
-
5:43 - 5:45နိုင်ငံတဝှမ်းကမြို့တွေမှာပါဖြစ်လာခဲ့တယ်..
-
5:46 - 5:49မြို့တွေက အများဆိုင်ရာပန်းခြံတွေ
ရေကူးကန်တွေ ကျောင်းတွေကို -
5:49 - 5:52လူမျိုးရေးသီးသန့်ခွဲခြားမှု အမိန့်အရ
-
5:52 - 5:54၁၉၆၀ ခုနှစ်တလျှောက်လုံး ပိတ်ခဲ့ရတယ်
-
5:54 - 5:58Montgomery မြို့မှာလည်း
သူတို့ရဲ့ပန်းခြံကြီးတစ်ခုလုံးကို -
5:58 - 5:59ဆယ်စုနှစ်တစ်ခုထိ ပိတ်ခဲ့ရတယ်..
-
5:59 - 6:01မြို့တော်အပန်းဖြေစင်တာကိုလည်း
ပိတ်ခဲ့ပြီး -
6:01 - 6:04တိရိစ္ဆာန်ရုံထဲက တိရိစ္ဆာန်တွေကိုပါ
သူတို့ရောင်းထုတ်ခဲ့ကြတယ် -
6:07 - 6:11အခုတော့ Oak ပန်းခြံထဲမှာ ကျွန်မ
လမ်းလျှောက်ခဲ့သလိုခင်ဗျားတို့လည်းရပါပြီ -
6:11 - 6:13ဒါပေမဲ့ လူတော်တော်နည်းသွားခဲ့ပါပြီ
-
6:14 - 6:16ရေကူးကန်ကို လုံးဝပြန်ဆောက်ခဲ့ကြပါဘူး..
-
6:17 - 6:20လူမျိုးရေးခွဲခြားမှုက
လူတိုင်းအတွက် ပေးဆပ်ရမှုတွေ ရှိပါတယ် -
6:23 - 6:27စက်တင်ဘာ ၁၅ရက် ၂၀၀၈ တုန်းက
Lehman Brothers ပြိုလဲပြီလို့သတင်းကြားတော့ -
6:27 - 6:30ကျွန်မမှာ အတွေးတခုရှိနေခဲ့တာကို
သတိရသေးတယ် -
6:31 - 6:33အခု Lehman က......
-
6:33 - 6:37နောက်ပိုင်းမှာဒေဝါလီခံရနိုင်တဲ့
တခြားငွေကြေးဆိုင်ရာလုပ်ငန်းတွေလိုမျိုးပဲ.. -
6:37 - 6:41နှစ်၃၀ ပုံသေအတိုးနှုန်းနဲ့အိမ်ဝယ်တာမျိုးက
ရိုးရှင်းလုံခြုံတဲ့နည်းလမ်းလို့ ပြောလေ့ရှိကြပြီး -
6:41 - 6:44အဆိပ်ဖြစ်စေတဲ့ငွေကြေးလက်နက်တွေကို
အလွန်အကျွံအသုံးပြုမှုတွေကြောင့် -
6:44 - 6:46ပြီးဆုံးသွားခဲ့တယ်
-
6:47 - 6:51ငွေကြေးကပ်ဆိုက်မှုတွေကြောင့်
အပေါင်လုပ်ငန်းတွေမှာလည်း -
6:51 - 6:54ထူးဆန်းတဲ့ စည်းမျဉ်းအသစ်တွေရှိခဲ့တယ်
-
6:54 - 6:58ကျွန်မသွားတုန်းကတွေ့ခဲ့တဲ့ Glenn လို
အိမ်ပိုင်ရှင်လို လူမည်းလူညို အလတ်တန်းစား -
6:58 - 7:02အဖွဲ့အစည်းကြားထဲမှာအရစ်ကျဝယ်ယူခြင်း
လုပ်ငန်းက တိုးတက်ကျယ်ပြန့်လာပြီး -
7:02 - 7:05ဈေးကွက်ကိုလည်းနှစ်တော်တော်ကြာ
ကောင်းကောင်းအုပ်စိုးထားနိုင်ခဲ့တယ်.. -
7:07 - 7:09Glennက Cleveland ပြည်နယ်
-
7:09 - 7:12Mount Pleasant ရဲ့ အုံ့ဆိုင်းဆိုင်းလမ်းမှာ
ဆယ်စုနှစ်တခုအကြာထိ -
7:12 - 7:14အိမ်တလုံးပိုင်ဆိုင်ခဲ့တယ်
-
7:14 - 7:17ဒါပေမဲ့ သူ့ကိုတွေ့တော့ အိမ်က
ရောင်းဖို့စာထုတ်ထားပြီးပါပြီ -
7:18 - 7:20သူ့ရဲ့ အိမ်နီးချင်းအားလုံး လိုပဲ
-
7:20 - 7:21အိမ်ဝယ်စာချုပ် ကျန်ငွေကိုပေးဖို့
-
7:21 - 7:24နည်းအသစ်ပြုပြင်ထားကြောင်း
ပွဲစားဆီကနေ သတင်းရခဲ့တယ်.. -
7:24 - 7:29ဒါပေမဲ့ပွဲစားက ဒါဟာစာချုပ်အသစ်
တစ်မျိုးဆိုတာ သူကို မပြောခဲ့ပါဘူး -
7:29 - 7:32ငွေကြေးဖောင်းပွမှုအတိုးနှုန်းတွေ
-
7:32 - 7:34အရစ်ကျငွေ အလုံးအရင်းပေးချေမှု
-
7:34 - 7:37ဒီကနေနုတ်ထွက်တဲ့အခါ
ကြိုပေးဒဏ်ငွေ ပေးရမဲ့ စာချုပ်ပါ.. -
7:39 - 7:42အခုလို မှားယွင်းတဲ့နားလည်မှု ဖြစ်ရပ်မျိုးက
-
7:42 - 7:44ယနေ့အထိရှိနေပါတယ်..
-
7:44 - 7:49Glenn လိုမျိုးလူတွေကမတတ်နိုင်တာကို
ဝယ်ယူသလိုမျိုးဖြစ်နေတယ် -
7:50 - 7:53ဒါက သူတို့ကိုယ်တိုင်ကို
အန္တရာယ်ဖြစ်စေခဲ့တယ်.. -
7:54 - 7:59အရင်တည်းကစီးပွားရေးကပ်ဆိုက်မှုကို
တားဆီးဖို့အချိန်ရှိခဲ့ပေမဲ့ -
7:59 - 8:02အခုလိုပုံသေကားချပ်လိုမျိုးဖြစ်စဉ်ကို
-
8:02 - 8:05အစိုးရကကိုင်တွယ်ဖို့ အတော်ခက်ခဲတယ်
ဆိုတာ တွေ့မြင်ခဲတယ်။ -
8:06 - 8:07ဒါတွေအားလုံးကဖြစ်နေမှာပဲ။
-
8:07 - 8:09ပုံသေကားချပ်ဖြစ်စဉ်ပါ။
-
8:09 - 8:15Subprime စာချုပ်အများစုက Glenn လို
Good Credit ကောင်းကောင်းရှိတဲ့သူတွေဆီကို -
8:15 - 8:16ဦးတည်ခဲ့တယ်။
-
8:16 - 8:20အာဖရိကန်အမေရိကန်နဲ့ လက်တင်လူမျိုးတွေက
လူဖြူတွေထက်၃ဆလောက်ပိုပြီး -
8:20 - 8:22Good Credit တွေရှိနေခဲ့ရင်တောင်
-
8:22 - 8:25ဒီလိုအဆိပ်အတောက်ဖြစ်စေတဲ့
အကြွေးဝယ်စနစ်မျိုးအရောင်းခံရပါတယ် -
8:25 - 8:27ပြဿနာက ငွေချေးယူတဲ့သူတွေမဟုတ်ပါဘူး
-
8:27 - 8:29ဒီစနစ်က ပြဿနာဖြစ်နေတာပါ။
-
8:32 - 8:34ငွေကြေးကပ်ပျက်မှုတွေဖြစ်ပြီးနောက်မှာ
-
8:34 - 8:39Wells Fargo, Countrywide လို
ချေးငွေလုပ်ငန်းစု ကုမ္ပဏီကြီးတွေဟာ -
8:39 - 8:42လူမျိုးရေးခွဲခြားမှုကြောင့်
ဒဏ်ငွေအရိုက်ခံခဲ့ရပါတယ် -
8:43 - 8:45ဒါပေမဲ့ အရမ်းနောက်ကျသွားခဲ့ပါပြီ
-
8:46 - 8:49ဒီလို ငွေချေးပေးတဲ့သူတွေအတွက်
အကြီးစားအကျိုးအမြတ်ရှိစေပြီး -
8:49 - 8:51ငွေချေးသူတွေ ငွေဆုံးအောင် လုပ်ထားတဲ့
ဒီစနစ်ကြီးက -
8:51 - 8:53Glenn လို လူမည်း အသိုင်းအဝိုင်းကြီးနဲ့
-
8:53 - 8:55လူဖြူအသိုင်းအဝိုင်းကြားမှာရော
-
8:55 - 8:59ကျယ်ကျယ်ပြန့်ပြန့် ပျံ့နှံ့နေခဲ့ပြီးပါပြီ
-
9:01 - 9:04နိုင်ငံအကြီးကျယ်ဆုံး Wall Street
ငွေကြေးလုပ်ငန်းတွေေရာ ဒီစနစ်သုံးတယ်။ -
9:04 - 9:05အမြင့်ဆုံးမှာတော့
-
9:05 - 9:09နိုင်ငံရဲ့ စာချုပ် ၅ခုတိုင်းမှာ
တစ်ခုက ဒီစနစ်ကြီးဖြစ်နေပြီးပြီ -
9:09 - 9:11ကပ်ပျက်မှု၊
-
9:11 - 9:15ကျွန်မရဲ့သူငယ်ချင်းတွေနဲ့
ကျွန်မဆီကိုရောရောက်လာတဲ့ ဒီကပ်ပျက်မှုက -
9:16 - 9:18အားလုံဆီကိုသက်ရောက်
လာတယ်.. -
9:19 - 9:23ငွေကြေး ၁၉ ထရီလီယံ ဆုံးရှုံးခဲ့ရတယ်..
-
9:25 - 9:28ပင်စင်တွေ၊ အိမ်ပိုင်ဆိုင်မှုတွေ၊
စုဆောင်းငွေတွေ -
9:28 - 9:32အလုပ်ပေါင်း ၈ မီလီယံလောက် ပျောက်သွားတယ်
-
9:34 - 9:37အိမ်ပိုင်ဆိုင်မှုနှုန်းလည်း
ဘယ်တော့မှ တက်မလာတော့ပါဘူး -
9:39 - 9:44Glenn လိုအိမ်ရှင်တွေကိုထောက်ခံပေးခဲ့ပြီး
အလကားဖြစ်သွားတဲ့အချိန်တွေက -
9:44 - 9:46ကျွန်မကိုဒီလိုမျိုးတွေးမိစေခဲ့တယ်
-
9:46 - 9:51လူမျိုးရေးခွဲခြားမှုတွေသာမရှိခဲ့ရင်
ငွေကြေးကပ်ပျက်မှု မရှိလောက်ဘူး။ -
9:54 - 9:562017 တုန်းက ကျွန်မ Mississippi ကို
ခရီးသွားခဲ့တယ် -
9:57 - 10:02အဲ့ဒီမှာ မော်တော်ယာဉ်ထုတ်အလုပ်သမားအုပ်စုက
အဖွဲ့အစည်းတခု ဖွဲ့စည်းဖို့ကြိုးစားနေကြတယ် -
10:02 - 10:04သူတို့တောင်းဆိုတဲ့ အကျိုးအမြတ်ကတော့
-
10:04 - 10:06လစာတိုးဖို့၊
ကျန်းမာရေးဝန်ဆောင်မှုကောင်းရဖို့၊ -
10:06 - 10:08စစ်မှန်တဲ့ပင်စင်ရဖို့၊
-
10:08 - 10:10စက်ရုံကသူတွေအားလုံးအတွက်
ကူညီဖို့လုပ်နေကြတယ်.. -
10:10 - 10:13ဒါပေမဲ့ လူတဦးချင်း တယောက်ချင်း
ကျွန်မစကားပြောကြည့်တဲ့အခါမှာ -
10:13 - 10:17လူဖြူ..လူမည်း အဖွဲ့အစည်း
အဖွဲ့အစည်းကိုဆန့်ကျင်ဖို့ -
10:17 - 10:19သဘောထားမတူညီမှုတွေ ဖြစ်လာကြတယ်။
-
10:20 - 10:23Joey လို့ခေါ်တဲ့လူဖြူတစ်ယောက်က
ဒီလိုလုပ်ခဲ့တယ် -
10:23 - 10:24သူပြောခဲ့တာက
-
10:24 - 10:29"လူမည်းတွေက yes ကြမယ်ဆိုရင် လူဖြူတွေက
yes လို့မဲမပေးဘူးလို့တွေးထားကြတယ်" -
10:29 - 10:32"လူမည်းတွေကလုပ်မယ်ဆိုရင်
ကျွန်တော်တို့က ဆန့်ကျင်မှာ" -
10:33 - 10:36Chip လို့ခေါ်တဲ့ လူဖြူအမျိုးသားကလည်း
ကျွန်မကိုပြောခဲ့တယ် -
10:36 - 10:39"ခင်များလူမည်းတွေကို ဆွဲတင်ရင်
-
10:39 - 10:41လူဖြူတွေကို ဆွဲနှစ် နေတာပဲ"
-
10:41 - 10:44ဒါက "မစားရအမဲ သဲနဲ့ပက်" တဲ့
သဘောမျိုးကို ဖြစ်နေပါတယ် -
10:45 - 10:48အခုတော့ အဖွဲ့အစည်းကြီးရဲ့
တောင်းဆိုမှုတွေ မအောင်မြင်ခဲ့ပါဘူး။ -
10:49 - 10:54အဖွဲ့အစည်းကတောင်းဆိုပေးတဲ့ လစာထက်
သူတို့တွေရဲ့လစာကတွေကနည်းနေတုန်းပါပဲ.. -
10:54 - 10:57ကျန်းမာရေးထောက်ခံချက်အတွက်သူတို့
စိတ်ပူနေရတုန်းပါပဲ။ -
10:58 - 11:01ဒါက သွေးဆောင်ဖြားယောင်းတာ..တနည်းပြောရရင်
-
11:01 - 11:04ကျွန်မ Mississippi မှာ
ကြားခဲ့ရတဲ့ကိစ္စက လူတွေနဲ့ -
11:04 - 11:08အလုပ်သမားတွေရဲ့ မလိုမုန်းတားစိတ်ကို
အဓိကအာရုံထားတာ.. -
11:08 - 11:11ကျွန်မအနေနဲ့ကတော့
-
11:11 - 11:14ကိုယ်ကျိုးအတွက် လူမျိုးရေးခွဲခြားမှုကို
ခုတုံးလုပ်နေကြတဲ့လူတွေက -
11:15 - 11:17လူမျိုးရေးခွဲခြားမှုကို လက်ခံသူတွေထက်
တာဝန်ရှိတယ်လို့ထင်တယ်။ -
11:19 - 11:21ကျွန်မတွေ့ခဲ့ရတဲ့ပုံစံမျိုးတွေ
-
11:21 - 11:25မဖြစ်နေတဲ့နေရာတွေကိုလည်းပဲ
ကျွန်မခရီးသွားခဲ့ပါတယ် -
11:25 - 11:28လူဖြူအများဆုံးရှိတဲ့
Maine မြို့ကိုလည်းသွားခဲ့တယ် -
11:28 - 11:29တော်တော်ဟောင်းနေပြီး
-
11:29 - 11:32နှစ်စဉ် မွေးဖွားနှုန်းထက်
သေဆုံးမှုနှုန်းပိုများနေတဲ့ -
11:32 - 11:37Lewiston မြို့(စက်ရုံများတဲ့မြို့)ကိုလည်း
သွားခဲ့ပါတယ် -
11:37 - 11:40ဒီမြို့လေးကို လူအသစ်တွေနဲ့
ပြန်လည်တည်ဆောက်နေကြတယ် -
11:40 - 11:43အာဖရိကန်တွေ၊ မူစလင်တွေ
-
11:43 - 11:45ပြောင်းရွေ့နေထိုင်သူတွေ...ဒုက္ခသည်တွေနဲ့
-
11:45 - 11:47အဲဒီမှာ Cecile ဆိုတဲ့
အမျိုးသမီးနဲ့တွေ့တယ် -
11:47 - 11:51သူမရဲ့မိဘတွေက Lewiston မြို့ကို
ရွေ့ပြောင်းလာတဲ့လူတွေ -
11:51 - 11:52နောက်ဆုံးသုတ်မှာ ပါတယ်
-
11:52 - 11:55သူတို့ကရာစုသစ်တခုရဲ့ ပြင်သစ်-ကနေဒီယံ
စက်ရုံအလုပ်သမားတွေဖြစ်ပါတယ် -
11:56 - 12:00Cecile ကအလုပ်ထွက်ခဲ့ပြီး
သူရည်ရွယ်ချက်အသစ်တစ်ခုကို ရှာတွေ့ခဲ့ပါတယ် -
12:00 - 12:03Congo လူမျိုးဒုက္ခသည်တွေကို စုစည်းပြီး
-
12:04 - 12:08Franco သမိုင်းဝင်ပြတိုက်မှာ
အလုပ်ထွက်ထားတဲ့လူဖြူတွေနဲ့ပူးပေါင်းဖို့ပါ. -
12:08 - 12:09(ရယ်သံ)
-
12:09 - 12:12Congo လူမျိုး အမျိုးသား အမျိုးသမီးတွေက
-
12:12 - 12:15အလုပ်ထွက်ထားတဲ့လူဖြူတွေကို
ကူညီခဲ့ကြတယ်။ ပြင်သစ်လူမျိုးတွေဆိုတာက -
12:16 - 12:18သူတို့အတွက် ကလေးဘဝကတည်း
စကားတောင်မပြောခဲ့ဖူးတဲ့သူမျိုးတွေပါ -
12:20 - 12:24ဒီအဖွဲ့အစည်းကြီးနှစ်ခုကအချင်းချင်းကူညီ
ပြီးကိုယ့်အိမ်ကိုယ့်ရာလိုအဆင်ပြေနေကြပါတယ် -
12:26 - 12:27မြို့ထဲဆက်တိုက်ဝင်လာတဲ့
လူအသစ်တွေကို -
12:27 - 12:31နိုင်ငံရေးစကားအနေနဲ့ပြောရရင်
-
12:31 - 12:36ပါတီနှစ်ခုရဲ့အကြံပေးအဖွဲ့တွေ တွေ့ရှိခဲ့တာက
ပြည်တွင်းဒုက္ခသည်အဖွဲ့အစည်းကြီးကနေ -
12:36 - 12:39အခွန်ဝင်ငွေ
မီလီယံဒေါ်လာ ၄၀လောက်ဖန်တီးနိုင်ခဲ့ပြီး -
12:39 - 12:41၁၃၀ မီလီယံလောက် ဝင်ငွေရခဲ့ပါတယ်။
-
12:41 - 12:43Maine ပြည်နယ်ရဲ့ တခြားမြို့တွေမှာ
-
12:43 - 12:46ကျောင်းတွေပိတ်ထားတုန်း
Lewiston မြို့မှာ ကျောင်းအသစ်ဆောက်တာကို -
12:46 - 12:49ဂုဏ်ယူဝင့်ကြွားနေတဲ့ မြို့တော်ရဲ့
အကြီးအကဲနဲ့တောင် -
12:49 - 12:51ကျွန်မစကားပြောခဲ့ပါသေးတယ်
-
12:51 - 12:56တစ်ဦးနဲ့တစ်ဦး ခွဲခြားဆက်ဆံနေကြတာဟာ
ပေးဆပ်ရမှုတွေ များပါတယ် -
12:56 - 12:58တခုဆုံရှုံးမှ တခုနိုင်မယ်ဆိုတဲ့
-
12:58 - 13:01အဖွဲ့အစည်းတစ်ခုကောင်းစားဖို့
နောက်တဖွဲ့ကဆုံးရှုံးရမယ်ဆိုတဲ့အတွေးဟာ -
13:01 - 13:04ဒီအခြေအနေဆိုးကြီးဆီကို
တွန်းပို့ပေးခဲ့တာပါ -
13:04 - 13:07ဒီလို ဟောင်းနေတဲ့အတွေးတွေကို
ဖယ်သင့်ပြီလို့ကျွန်မယုံကြည်ပါတယ် -
13:07 - 13:10ကျွန်မတို့ကံကြမ္မာတွေက ချိတ်ဆက်
နေတာကို သတိပြုသင့်ပါပြီ။ -
13:11 - 13:15တစ်ဦးတစ်ယောက်မှာ ထိခိုက်ရမှုဟာ
ကျွန်မတို့အားလုံး ထိခိုက်ရတာနဲ့အတူတူပါပဲ။ -
13:18 - 13:20ကျွန်မတို့မှာ ရွေးချယ်ခွင့်ရှိပါတယ်။
-
13:21 - 13:26ကျွန်မတို့နိုင်ငံကလူ့တန်ဖိုး
အဆင့်ဆင့်ခွဲခြားတာကို ယုံကြည်နေကြတုန်းပါ -
13:27 - 13:31ဒါပေမဲ့ကျွန်မတို့လူမျိုးရေးခွဲခြားမှု
မရှိတဲ့ နိုင်ငံတစ်ခုဖြစ်သင့်နေပါပြီ -
13:32 - 13:36ကျွန်မတို့တွေက တစ်သားတည်းမဟုတ်ဘူးလို့
ဆက်ပြီးဟန်ဆောင်နေလို့ရပါတယ် -
13:37 - 13:39ကျွန်မတို့ဟာ ကိုယ့်လူတွေကို
နစ်နာ စိတ်ပျက်စေပြီး -
13:39 - 13:42အောင်မြင်မှုတွေကို ဆက်ပြီး
ဖျက်ဆီးနေနိုင်ပါတယ် -
13:42 - 13:48ဒါမှမဟုတ်.ကျွန်မတို့ မတူညီမှုတွေကို
နီးစပ်ခွင့်ပြုစေပြီးတော့ -
13:48 - 13:50ကျွန်မတို့ရဲ့ လူသားဆန်မှုကို ထုတ်ပြပါ..
-
13:51 - 13:55နောက်ဆုံးမှာ ကျွန်မတို့ အကောင်းမွန်ဆုံးသော
အနာဂတ်အတွက် ရင်းနှီးမြှပ်နှံနိုင်ပါပြီ -
13:56 - 13:57ကျွန်မတို့ လူတွေဆီမှာ
-
13:58 - 13:59ကျွန်မတို့ လူတွေအားလုံးဆီမှာပါ။
-
14:01 - 14:02ကျေးဇူးတင်ပါတယ်
-
14:02 - 14:08(လက်ခုပ်သံ)
- Title:
- လူမျိုးရေးခွဲခြားမှုက လူတိုင်းအတွက် ပေးဆပ်ရမှုတွေရှိပါတယ်..
- Speaker:
- Heather C. McGhee
- Description:
-
လူမျိုးရေးခွဲခြားမှုဟာ လူတွေရဲ့အသားအရောင်ကိုထိခိုက်စေတာအပြင် နိုင်ငံရဲ့စီးပွားရေးကိုပါ ပိုမိုဆုတ်ယုတ်စေပါတယ်....လို့ အများပြည်သူဆိုင်ရာမူဝါဒကျွမ်းကျင်ပညာရှင် Heather C. McGhee ကပြောပါတယ်။ McGhee ရဲ့ US တလျှောက်ခရီးသွား သုတေသနပြုချက်တွေအရ
လူမျိုးရေးခွဲခြားမှုဟာ မှားယွင်းတဲ့နိုင်ငံရေးဆုံးဖြတ်ချက်တွေနဲ့ စီးပွားရေးအလားအလာ ကျဆင်းမှုတွေအပေါ် သက်ရောက်မှုရှိစေတယ်ဆိုတာ မီးမောင်းထိုးပြခဲ့ပြီးပိုမိုကြွယ်ဝဖွံ့ဖြိုးတဲ့ တိုင်းပြည်တစ်ခုဖြစ်အောင် ဘာတွေလုပ်ပေးနိုင်မလဲဆိုတဲ့ အရေးပါတဲ့ အတွေးခေါ်တစ်ခုကို ချပြသွားခဲ့ပါတယ် သူပြောခဲ့တာက..."ကျွန်မတို့ ကံကြမ္မာတွေက ဆက်စပ်နေတာပါ၊ ခွဲခြားဆက်ဆံမှုတွေကြောင့် ပေးဆပ်ရမှုတွေအများကြီးရှိပါတယ်"တဲ့။ - Video Language:
- English
- Team:
closed TED
- Project:
- TEDTalks
- Duration:
- 14:21
![]() |
sann tint approved Burmese subtitles for Racism has a cost for everyone | |
![]() |
sann tint edited Burmese subtitles for Racism has a cost for everyone | |
![]() |
sann tint accepted Burmese subtitles for Racism has a cost for everyone | |
![]() |
sann tint edited Burmese subtitles for Racism has a cost for everyone | |
![]() |
sann tint edited Burmese subtitles for Racism has a cost for everyone | |
![]() |
sann tint edited Burmese subtitles for Racism has a cost for everyone | |
![]() |
sann tint edited Burmese subtitles for Racism has a cost for everyone | |
![]() |
Hsu Myat Thu edited Burmese subtitles for Racism has a cost for everyone |