Return to Video

အမျိုးသမီး ဓမ္မတာကိစ္စအတွက် အပြုသဘောမြင်ဖို့အတွက် စည်းရုံးလှုံ့ဆော်ရေးတစ်ခု။

  • 0:01 - 0:03
    ဓမ္မတာလာခြင်း
  • 0:03 - 0:07
    သဘာဝအရ ဇီဝဗေဒဖြစ်စဉ်ကို
    ပြောပြတဲ့ ရိုးစင်းတဲ့ စကားလုံး
  • 0:07 - 0:09
    ရာစုနှစ်များစွာ နှိမ့်ချမှုကြောင့်
    နိမ့်ကျခဲ့ရပြီး
  • 0:09 - 0:13
    ကိုယ်တွေအတွက် တိုးတိုးတိတ်တိတ်
    ဖြေရှင်းရမယ့် ကိစ္စတစ်ခုလို့
  • 0:13 - 0:15
    ဖြစ်လာစေခဲ့တယ်။
  • 0:15 - 0:16
    ဒါပေမဲ့ ဘာလို့လဲ။
  • 0:16 - 0:17
    အခု ကျွန်မပြောသလိုပါပဲ။
  • 0:17 - 0:20
    တစ်ကမ္ဘာလုံးက သန်း ၈၀၀ ကျော်သော
    အမျိုးသမီးတွေက
  • 0:20 - 0:22
    ဓမ္မတာလာကြပါတယ်။
  • 0:22 - 0:24
    ဒါမရှိဘဲနဲ့ ကျွန်မတို့ ဖြစ်မလာတော့ဘူးလေ။
  • 0:24 - 0:28
    အဲ့လိုပဲ အဲ့တာက "ရှက်စရာကိစ္စကြီး"
    တစ်ခုလို ကြီးကျယ်နေဆဲပဲ။
  • 0:29 - 0:32
    ကျွန်မနဲ့ ဘေးနားမှာရှိတဲ့ အမျိုးသမီးတွေ
    အတွေ့အကြုံအရ
  • 0:32 - 0:34
    ဒါက အတော်လေး ပင်ပန်းရတယ်လို့
    ဆိုနိုင်ပါတယ်။
  • 0:34 - 0:38
    လစဉ်သုံးပစ္စည်ကို စက္ကူအညိုနဲ့ ထုပ်ပြီး
    သေချာသယ်လာရတာတွေ၊ အဲဒါကို
  • 0:38 - 0:41
    အိတ်ကပ်ထဲ သိုသိုသိပ်သိပ်ထည့်ပြီး
    အခန်းထဲ ထည့်လာရတာတွေ
  • 0:41 - 0:45
    သန့်စင်ခန်းထဲကို အပြေးဝင်၊ တက်နိုင်သမျှ
    ဖုံးဖိပြီး သုံးရတာတွေက ပင်ပန်းပါတယ်။
  • 0:45 - 0:48
    ကိုယ်တွင်းမှာတော့ ရာသီကိုက်ခဲမှုတွေနဲ့
    အော်ပွဲဆင်နေရချိန်
  • 0:48 - 0:50
    အစည်းအဝေးတွေ၊ စာသင်ခန်းတွေမှာ ပုံမှန်လို
  • 0:50 - 0:54
    ဟန်ဆောင်ပြီး ထိုင်နေရတာ ပင်ပန်းပါတယ်။
  • 0:55 - 0:58
    မလာမီ စိတ်ပုံစံမမှန်တာနဲ့ ကိုက်ခဲနေတာ၊
    လာစဉ်ကိုက်ခဲနေတာကို ပြောပြဖို့
  • 0:58 - 1:00
    မသင့်မတော်သလို ဖြစ်နေတာမျိုးက
    ပင်ပန်းရပါတယ်။
  • 1:00 - 1:05
    ပြီးတော့ ခေတ်ဟောင်း ထုံးတမ်းတွေဖြစ်တဲ့
    ရာသီလာနေစဉ် အေးရာအေးကြောင်းနေရပြီး၊
  • 1:05 - 1:07
    ဆုတောင်းလို့ မရ၊
  • 1:07 - 1:11
    စေတီထဲ ဝင်လို့မရ၊ ချက်ပြုတ်လို့မရ၊
    အချဉ်ရည်ကို ထိလို့မရတာကစပြီး
  • 1:11 - 1:14
    စာရင်းနဲ့ ချီတဲ့ဟာတွေကို
    တွန်းလှန်ရတာတွေက ပင်ပန်းပါတယ်။
  • 1:14 - 1:16
    (ရယ်ကြသည်)
  • 1:18 - 1:20
    ဒါပေမဲ့ အဆိုးဆုံးက ဘာလဲသိလား။
  • 1:20 - 1:24
    အဆိုးဆုံးကဘာလဲဆိုတော့ အဲလိုပင်ပန်းရတာတွေက
  • 1:24 - 1:27
    တကယ့်ကို အပေါ်ယံလေးပဲ ရှိသေးတယ်။
  • 1:27 - 1:30
    ဘာလို့ဆိုတော့ ဒီအခန်းမှာရှိတဲ့
    သူတွေက သန့်ရှင်းတဲ့
  • 1:30 - 1:33
    လစဉ်သုံးပစ္စည်းတွေ ဝယ်ခြမ်းနိုင်၊
    တခုခုဖြစ်လာရင်
  • 1:33 - 1:37
    သားဖွားမီးယပ်နဲ့ ပြနိုင်ပြီး လတိုင်း
    ဘယ်ဟာက ပုံမှန်ဖြစ်မဖြစ်
  • 1:37 - 1:41
    ပြောနိုင်ဆိုနိုင်ကြတဲ့ အခွင့်ထူးကို
    ရရှိထားကြသူတွေပါ။
  • 1:41 - 1:44
    မိမိလုံခြုံစိတ်ချမှုနဲ့
    ကျန်းမာသန့်ရှင်းမှုကို ထိန်းသိမ်းဖို့
  • 1:44 - 1:47
    ရေ၊ သန့်ရှင်းတဲ့အမှိုက်စနစ်နဲ့
    သန့်စင်ခန်းတွေ ရထားတယ်။
  • 1:48 - 1:50
    ဒါပေမဲ့ မရတဲ့သူတွေအတွက် ဘယ်လိုလုပ်ကြမလဲ။
  • 1:50 - 1:55
    လက်ဆေးဖို့ရေနဲ့ ဆပ်ပြာ မရရှိကြတဲ့
  • 1:55 - 1:58
    ကမ္ဘာတဝှမ်းလုံးက ကျောင်းနေအရွယ်
    မိန်းကလေး ၃၃၅ သန်း
  • 1:58 - 2:00
    အတွက်ကြတော့ရော။
  • 2:00 - 2:04
    လစဉ်သုံးပစ္စည်းဝယ်နိုင်ဖို့အရေး
    သူတို့ခန္ဓာကိုယ်ကို ရင်းနှီးရတဲ့
  • 2:04 - 2:08
    ကင်ညာနိုင်ငံက ကျောင်းသူလေးတွေ အတွက်ရော
  • 2:09 - 2:13
    အပျိုဖော် စစဝင်တဲ့အချိန် သူတို့
    ခန္ဓာကိုယ်မှာ ဘာဖြစ်နေလဲဆိုတာတောင်
  • 2:13 - 2:16
    နားမလည်ကြတဲ့ ၃ပုံ ၂ပုံသော
    ကျေးလက်နေ အိန္ဒိယကအထက်တန်း
  • 2:16 - 2:17
    ကျောင်းသူတွေ အတွက်ရော။
  • 2:17 - 2:21
    ကဲအခု ကျွန်မတို့ အမေရိကားမှာ
    ရှိနေကြတာဆိုတော့ ပြီးခဲ့တဲ့နှစ်က
  • 2:21 - 2:26
    စိန့်လူးဝစ်နဲ့ မစ်စိုရီပြည်နယ်တွေက
    သန့်ရှင်းတဲ့ လစဉ်သုံးပစ္စည်း
  • 2:26 - 2:29
    ဝယ်နိုင်ခြင်း မရှိတဲ့ ၆၄% သော
    အမျိုးသမီးတွေ
  • 2:29 - 2:30
    အတွက် ဆိုရင်ရော။
  • 2:31 - 2:34
    ဓမ္မတာလာတဲ့ အိမ်မဲ့ရာမဲ့တွေ၊
    လိင်ပြောင်းထားသူတွေ၊
  • 2:34 - 2:36
    ဒွိလိင်တွေနဲ့ ရွေ့ပြောင်းဒုက္ခသည်တွေ
  • 2:36 - 2:37
    ရုန်းကန်နေကြရတာ အတွက်ကြတော့ရော။
  • 2:38 - 2:40
    သူတို့အတွက် ဘာလုပ်ကြမလဲ။
  • 2:41 - 2:42
    ဓမ္မတာအပေါ် အရိုးစွဲနေတဲ့
  • 2:42 - 2:47
    နှိမ့်ချဆက်ဆံခြင်းတွေနဲ့ တည်မြဲနေတဲ့
    ဒီပြဿနာရဲ့ အတိုင်းအဆဟာ
  • 2:47 - 2:49
    ပုံဖော်ကြည့်လို့တောင် မရနိုင်ပါဘူး။
  • 2:49 - 2:52
    ဒီစိတ်ပျက်စရာတွေကို လူတွေ
    သိလာစေဖို့ ဖြစ်လာစေတာက
  • 2:52 - 2:54
    ကျွန်မနဲ့ ကျန်အဖွဲ့ဝင် ၃ ယောက်ကနေ
    ပြောင်းလဲမှုတွေ
  • 2:54 - 2:57
    စတင်ဖို့၊ ဓမ္မတာနဲ့ ပတ်သတ်တဲ့
    အရပ်ပြောတွေကို မေးခွန်းထုတ်ဖို့နဲ့
  • 2:57 - 3:00
    ဓမ္မတာနဲ့ ပတ်သတ်ပြီး
    အကောင်းမြင်ကြရေး ပျံ့နှံ့စေဖို့
  • 3:00 - 3:03
    စည်းရုံးလှုံ့ဆော်ရေးတစ်ခုကို စတင်ခဲ့တယ်။
  • 3:03 - 3:06
    စည်းရုံးလှုံ့ဆော်ရေး နာမည်က "ပရာဟခရစ်တီ"
  • 3:07 - 3:10
    ဒါက တစ်ကမ္ဘာလုံးကို ဖော်ပြပေးချင်တဲ့
    အသိတရားကနေ ဖြစ်လာတာပါ။
  • 3:10 - 3:12
    "ပရာဟ" က "စီးဆင်းတာ"
  • 3:12 - 3:15
    "ခရစ်တီ" က "လှပသော ဖန်ဆင်းမှုတစ်ခု"
  • 3:15 - 3:20
    ဘာလို့ဆိုတော့ ဒီလစဉ်ရာသီ
    စက်ဝန်းလောက် လှပတဲ့ ဖန်ဆင်းမှုမျိုး
  • 3:20 - 3:23
    အကောင်းဆုံး ပေးနိုင်တဲ့
    တခြားအရာ ဘယ်ရှိနိုင်မှာလဲ။
  • 3:24 - 3:28
    အခု လူမှုရေးပြဿနာ တစ်ခုအနေနဲ့ ဓမ္မတာ
    လာတာက အခြေအနေကို တစ်ခုကိုတစ်ခု
  • 3:28 - 3:32
    ထပ်နေ၊ ပံ့ပိုးနေ၊ ပိုဆိုးနေအောင် လုပ်တဲ့
    ရှုထောင့်တွေတော်တော်လေး ရှိလာတယ်။
  • 3:32 - 3:36
    ဒါနဲ့ ကျွန်မတို့က အဓိက မဏ္ဏိုင်ကြီး ၄ ခု
    ထားပြီး လှုံ့ဆော်ရေးကို စတင်ခဲ့တယ်။
  • 3:36 - 3:40
    ကျန်းမာရေး၊ သန့်ရှင်းသပ်ရပ်ရေး၊ အသိပညာနဲ့
    အကောင်းမြင်စိတ် ပြန့်နှံ့ရေး တို့ပါ။
  • 3:40 - 3:43
    ဒါပေမဲ့ ဒါကို ဘယ်လိုလက်တွေ့
    အကောင်ထည် ဖော်ခဲ့ကြသလဲ။
  • 3:43 - 3:46
    ဒီလိုပါ။ ကျောင်းစာသင်ခန်းတွေရဲ့
    နံရံတွေကြားကနေ စတင်ခဲ့ပါတယ်။
  • 3:47 - 3:50
    ဖတ်စာအုပ် သို့မဟုတ် ဇီဝဗေဒ
    ရှုထောင့်ကနေ ကလေးတွေကို
  • 3:50 - 3:53
    လွယ်လွယ်လေးပဲ ရှင်းပြလိုက်မဲ့အစား
  • 3:53 - 3:55
    ဆန်းသစ်တဲ့ နည်းတစ်ခုနဲ့ ချဉ်းကပ်ခဲ့ကြတယ်။
  • 3:56 - 4:00
    ကျွန်မတို့က ကျောင်းသားတွေကို
    အတူတူ ရပ်စေပြီး ပုတီးစေ့ ၂၈ စေ့ပါတဲ့
  • 4:00 - 4:05
    လက်ပတ်လေးကို ပေးထားတယ်။
    အဲ့တာက ဓမ္မတာ စက်ဝန်းကို ပြောချင်တာ၊
  • 4:05 - 4:08
    အဲဒီထဲမှာမှ ၄ လုံးကနေ
    ၇ လုံးအထိက တခြားအရောင်။
  • 4:08 - 4:11
    ပြောချင်တာက ဓမ္မလာတဲ့ ရက်တွေပေါ့။
  • 4:11 - 4:15
    အဲ့လိုနည်းနဲ့ကြတော့ ဓမ္မတာဆိုတာ
    ဘာလဲဆိုပြီး ရှင်းပြရုံတင်
  • 4:15 - 4:17
    မဟုတ်တော့ဘဲ ပညာပေးတဲ့ အဆင့်အထိ
  • 4:17 - 4:20
    သူတို့ကိုယ်တိုင်ပါ လွယ်ကူစွာ
    ပါဝင်လာနိုင်တယ်။
  • 4:21 - 4:22
    နောက်ဥပမာ တစ်ခုကတော့
  • 4:22 - 4:25
    နာကျင်ကိုက်ခဲမှုတွေကို လျှော့ချနိုင်တဲ့
    နည်းလမ်းတွေ ရှာဖွေပေးတယ်။
  • 4:25 - 4:29
    ကျောင်းထဲမှာတင် သဘာဝကုထုံးတွေ ပြင်ဆင်
    ပေးထားတာမျိုးတွေလည်း အပါအဝင်ပဲ။
  • 4:29 - 4:33
    ပြီးတော့ လှုံဆော်ရေးတွေမှာ မိန်းကလေးတွေကို
    ပါဝင်လာဖို့ မပိတ်ပင်ခဲ့ဘူး။
  • 4:33 - 4:35
    တကယ်ဆို ယောကျ်ားလေးတွေလည်း
    တန်းတူပါဝင်ကြပါတယ်။
  • 4:35 - 4:37
    တွေ့တဲ့အတိုင်းပါပဲ။
  • 4:37 - 4:38
    အဖွဲ့ဝင်တွေထဲက တစ်ယောက်က
  • 4:39 - 4:40
    ယောကျ်ားလေးပါ။
  • 4:41 - 4:43
    ကိုယ့်အချင်းချင်း ဝိုင်းဖွဲ့ပြောကြရင်
  • 4:43 - 4:46
    မိန်းကလေးတွေက သူတို့ရဲ့ အတွေ့အကြုံတွေကို
    လွတ်လပ်စွာ ပြောဆိုနိုင်ပြီး
  • 4:46 - 4:50
    ယောက်ျားလေးတွေက သူတို့ကို ပိန်းတယ် ထင်ချင်
    ထင်ပါစေ၊ မသိတာ မှန်သမျှကို မေးနိုင်ကြတယ်။
  • 4:50 - 4:53
    အဲ့ကြ ယောက်ျားလေး လုပ်အားပေးတွေက
    သူတို့အခက်ခဲတွေကို ပြောပြရုံတင်မက
  • 4:53 - 4:57
    ပညာပေးတဲ့အဆင့်ထိ မြန်မြန်ဆန်ဆန်ပဲ
    ဖြေရှင်းပေးကြတယ်။
  • 4:58 - 5:00
    ကျား၊မမရွေး ပါဝင်နိုင်တဲ့
    စကားဝိုင်းမျိုး လုပ်ခြင်းနှင့်
  • 5:00 - 5:02
    နားထောင်ပြီး တစ်ယောက်နဲ့တစ်ယောက်
  • 5:02 - 5:05
    ကူညီခြင်းက သိသိသာသာပဲ ရှေ့ဆက်
  • 5:05 - 5:06
    အများကြီး လုပ်လို့ရပါတယ်။
  • 5:07 - 5:11
    လှုံ့ဆော်ရေး အောင်မြင်လာဖို့ အတွက်ကို
    သုသေတနတွေ ကျယ်ကျယ်ပြန့်ပြန့် လုပ်လာတယ်။
  • 5:11 - 5:13
    သားဖွားမီးယပ်ဆရာဝန်တွေနဲ့ မေးမြန်းတယ်။
  • 5:13 - 5:16
    ဓမ္မတာအပေါ် လူတွေရဲ့အမြင်ကို ဆန်းစစ်ဖို့
    လူထုထဲ စစ်တမ်းဆင်းတယ်။
  • 5:16 - 5:21
    ဒီနယ်ပယ်ထဲမှာ တကယ်လုပ်ကိုင်နေတဲ့
    ပညာရှင်တွေနဲ့ စကားဝိုင်းတွေ လုပ်ပေးတယ်။
  • 5:21 - 5:24
    ပြီးတော့ အပြောင်းအလဲတွေ ဖန်တီးဖို့အတွက်
    ခရီးစဉ်ကို စတင်ခဲ့ပါတေ့ာတယ်။
  • 5:24 - 5:27
    နှစ်စဉ်ကျင်းပတဲ့ 'ရှိပေါ့ဆဗ်'
    ဒေသဆိုင်ရာပွဲမှာ ဆိုင်ခန်းတစ်ခန်း
  • 5:27 - 5:30
    လုပ်ပြီး ဓမ္မတာနဲ့ ပတ်သတ်ပြီး၊
    အပြုသဘောမြင်တဲ့ ပညာပေးလေးတွေပါတဲ့
  • 5:30 - 5:34
    လစဉ်သုံးပစ္စည်းနဲ့ဆင်တူ စာအိတ်တွေ၊
    စာအုပ်ညှပ်တာလေးတွေ ဖြန့်ဝေပေးပါတယ်။
  • 5:34 - 5:37
    ရာနဲ့ချီတဲ့ လစဉ်သုံးပစ္စည်းတွေကို
    ကျောင်းတွေမှာ
  • 5:37 - 5:39
    အလှူကောက်ခံရရှိတာကနေ
    ပြန်လှူဒါန်းခဲ့ပါတယ်။
  • 5:39 - 5:43
    အစိုးရနဲ့ ပရဟိတကျောင်းတွေမှာ
    မိန်းကလေးတွေနဲ့ အတူတူလုပ်ကိုင်ရင်း
  • 5:43 - 5:45
    ခြေတစ်ပေါင်ကျိုးဆော့ရင်း
    ရာသီအကြောင်းကို ရှင်းပြတယ်။
  • 5:46 - 5:49
    ပြီးတော့ ကိုယ့်ဘာသာပဲ လုပ်ထားတဲ့
    ရာသီနဲ့ဆိုင်တဲ့ ပစ္စည်းလေးတွေကို
  • 5:49 - 5:52
    ဝေပေးတယ်။ အထဲမှာ
    လစဉ်သုံးပစ္စည်း၊ ဆပ်ပြာစက္ကူ၊
  • 5:52 - 5:55
    သန်ရှင်းရေးအတွက် လက်သန့်ဆေးရည်၊
  • 5:55 - 5:58
    စိတ်တည်ငြိမ်ဖို့ ချောကလက်အညိုနဲ့
  • 5:58 - 6:00
    တစ်ခါသောက်စာ ချင်းလက်ဖက်ထုပ် စတာတို့ပါတယ်။
  • 6:00 - 6:05
    ဘာပဲလုပ်လုပ် ကျွန်မတို့က အရပ်ပြောတွေ၊
    အခက်ခဲတွေကို ကျော်လွှားဖို့ အတော်စဉ်းစား
  • 6:05 - 6:07
    ရပါတယ်။ အံဒါက ဓမ္မတာ စက်ဝန်းကို
    မှတ်သားနိုင်တဲ့
  • 6:07 - 6:10
    မှတ်တမ်းပစ္စည်းကို ဖန်တီးပြီး
    မိန်းကလေးတွေက အင်တာနက်
  • 6:10 - 6:12
    မလိုဘဲ သူတို့ဓမ္မတာ
    စက်ဝန်းကို မှတ်သားနိုင်ပြီ။
  • 6:12 - 6:17
    လူထုကို လမ်းတွေမှာ ပြဇာတ်ကပြပြီး
    လက်တွေဆေးပေးကြတယ်။
  • 6:17 - 6:20
    ပြီးတော့ ဗီဒီယိုဂိမ်း "Crimson Crusade"
    ကို ထုတ်လုပ်ခဲ့တယ်။ အဲ့ဂိမ်းက
  • 6:20 - 6:21
    (ရယ်ကြသည်)
  • 6:21 - 6:23
    ယောက်ျားလေးရော မိန်းကလေးကိုပါ
  • 6:23 - 6:25
    တစိကမ္ဘာလုံးက အမျိုးသမီးတွေရင်ဆိုင်နေရတဲ့
    ဓမ္မတာပြဿနာကို
  • 6:25 - 6:27
    မိတ်ဆက်ထားပြီး ဆော့တဲ့သူတွေက တဆင့်ဆင့်
  • 6:27 - 6:30
    ဓမ္မတာလူဆိုးကြီးကို နိုင်အောင်
    တိုက်ရတာ မျိုးပါ။
  • 6:30 - 6:32
    (ရယ်ကြသည်)
  • 6:33 - 6:34
    ဒီကြိုးစားမှုကိုထိန်းသိမ်းဖို့
  • 6:34 - 6:38
    ကျောင်းတော်တော်များများမှာ လစဉ်သုံးပစ္စည်း
    တွေထုတ်ပေးတဲ့စက် ၁၀ ခု ထားထားပေးတယ်။
  • 6:39 - 6:43
    တဖြည်းဖြည်းနဲ့ လူတွေရဲ့ အတွေးအခေါ်တွေ
    ပြောင်းလဲလာတယ်။
  • 6:43 - 6:46
    ဒါပေမဲ့ ဒီပြောင်းလဲမှုက
    လွယ်လွယ်နဲ့ ရခဲ့တာလား။
  • 6:47 - 6:49
    အခြေခံ လူတန်းစားတွေအတွက်
  • 6:49 - 6:51
    ကျောင်းတစ်ကျောင်းဆို ရာသီပထမဆုံးရက်မှာ
    ရာသီသွေး စုပ်ယူဖို့
  • 6:51 - 6:54
    ဘာမှမဝတ်ထားတဲ့ ကျောင်းသူကို
    ဝတ်ဖို့ တိုက်တွန်းခဲ့တယ်။
  • 6:55 - 6:57
    သူ့အဖြစ်ကို တွေးကြည့်ပါ။
  • 6:57 - 7:00
    အတန်းထဲမှာ ထိုင်နေတာ မသက်မသာနဲ့
    အောက်ကို ကြည့်လိုက်ရင်
  • 7:00 - 7:02
    အနီတွေမြင်နေရတာ ရှက်နေပြီး၊ သူ့မိဘတွေကို
  • 7:02 - 7:06
    သူဘာဖြစ်နေမှန်း မသိတာကို အကူညီတောင်းပေမဲ့
  • 7:06 - 7:07
    အထင်အမြင်သေးခံရတယ်။
  • 7:08 - 7:15
    သူ့ကျန်းမာရေး၊ ဂုဏ်သိက္ခာအတွက်နဲ့
    မသိကျိုးကျွံပြုခံ၊ တိတ်ဆိတ်ခံ နေနေရတာကို
  • 7:15 - 7:18
    တစ်ခုခုမှားနေသလို လူသိခံရတာက
    သူဘယ်လောက်တောင် ရှက်ပြီးကြောက်ရွံ့
  • 7:18 - 7:21
    စိတ်ပျက်သွားမလဲဆိုတာ မှန်းကြည့်ပါ။
  • 7:22 - 7:25
    ကျွန်မတို့က ကိုယ်ကျရာ
    အစိတ်အပိုင်းကို ကိုယ်လုပ်တဲ့အချိန်
  • 7:25 - 7:29
    ကျန်တဲ့တစ်ယောက်ချင်းစီကနေ ဓမ္မတာလာတာက
    လုံးဝကို ဖြစ်ရိုးဖြစ်စဉ်ပါ ဆိုတာကို
  • 7:29 - 7:32
    ကိုယ်သိသမျှ လူတိုင်းကို
    အသိစကား ပေးခြင်းဖြင့်
  • 7:32 - 7:36
    ပူးပေါင်းဖြန့်ဝေပေးမှသာ ကျွန်မတို့
    ရည်မှန်းချက် အောင်မြင်နိုင်မှာပါ။
  • 7:37 - 7:42
    ကျွန်မတို့တွေ အစာခြေစနစ်၊
    သွေးလည်ပတ်မှုစနစ်နဲ့ အသက်ရှူစနစ်တွေလို
  • 7:42 - 7:45
    သဘာဝအတိုင်း ဇီဝဗေဒဖြစ်စဉ်တွေ
    ဆွေးနွေးနိုင်ချိန်မှာ
  • 7:45 - 7:48
    ဓမ္မတာကိစ္စကိုဘာလို့ တားမြစ်ထားတာလဲ။
  • 7:48 - 7:51
    သင်ကိုယ်တိုင်လည်း
    ယောက်ျားလေး သူငယ်ချင်းတွေနဲ့
  • 7:51 - 7:55
    မိသားစုဝင်တွေနဲ့ ပွင့်ပွင့်လင်းလင်းရှိမယ်၊
    ပြည်တွင်းပြည်ပ အဖွဲ့အစည်းတွေကို ကူညီမယ်၊
  • 7:55 - 7:58
    ဓမ္မတာဆိုင်ရာ ကျန်းမာရေး
    စီမံခန့်ခွဲမှုတွေကို
  • 7:58 - 8:01
    တိုးတက်စေမယ်၊ သင့်ဒေသမှာရှိတဲ့
    အလယ်တန်းကျောင်းတွေမှာ
  • 8:01 - 8:05
    လက်ပတ်လေးတွေ လုပ်ပေးမယ်၊
    မဟုတ်တောင် သူငယ်ချင်းတွေနဲ့
  • 8:05 - 8:08
    Crimson Crusade ဆော့ရင်းနဲ့ပဲ
    ယုံတမ်းတွေ လျှော့ချနိုင်ပါတယ်။
  • 8:08 - 8:13
    နှမ်းတစ်စေ့နဲ့ ဆီဖြစ်ပါတယ်။ ဘာလို့ဆိုတော့
    ဒီကိစ္စကို ရှက်စရာဆိုပြီး မပြောမဆိုဘဲ
  • 8:13 - 8:16
    နေတာက လစဉ်သုံးပစ္စည်း
    မရရှိနိုင်တာ၊ ဓမ္မတာဆိုင်ရာ ကျန်းမာရေး
  • 8:16 - 8:19
    ပြဿနာတွေကို လျစ်လျူရှုခံရတာ၊
    ကျောင်းပြေးလာတာ၊
  • 8:19 - 8:22
    ပိုးဝင်တာ စတာတွေကို များပြားလာစေပါတယ်။
  • 8:24 - 8:27
    လုပ်အားပေးတစ်ယောက် ကျွန်မတို့ကို
    ရေပေးထားတဲ့ စာတချို့နဲ့ အဆုံးသတ်ပါမယ်။
  • 8:28 - 8:30
    ကြက်သွေးရောင် ဒီရေ စီးဆင်းပါစေ၊
  • 8:30 - 8:32
    အကောင်းဓာတ်ခံလှိုင်းတွေ ပုတ်ခတ်ပါစေ၊
  • 8:32 - 8:33
    ခြိမ့်ခြိမ့်သဲသဲ အားပေးသံတွေနဲ့
  • 8:34 - 8:37
    ဂုဏ်သိက္ခာရှိရှိ ရာသီလာတဲ့
    အမျိုးသမီးတွေ ပြည့်နေတဲ့ ရွာတွေ
  • 8:37 - 8:39
    ပညာရနံ့ ထုံလွှမ်းပြီး
    ဖြတ်သန်းသွားတဲ့
  • 8:39 - 8:44
    အောက်ဆီဂျင်ကနေတဆင့်
    ကျား၊ မ၊ ကလေးတွေ ရှူရှိုက်မိပါစေ
  • 8:44 - 8:47
    ဓမ္မတာရဲ့ စွမ်းအားတွေကို လူတိုင်းသိစေပြီး
  • 8:47 - 8:50
    "ပရာဟခရစ်တီ" ကို ဆင်နွှဲကြရအောင်"။
  • 8:50 - 8:51
    ကျေးဇူးတင်ပါတယ်။
  • 8:51 - 8:54
    (လက်ခုပ်တီးသံ)
Title:
အမျိုးသမီး ဓမ္မတာကိစ္စအတွက် အပြုသဘောမြင်ဖို့အတွက် စည်းရုံးလှုံ့ဆော်ရေးတစ်ခု။
Speaker:
Ananya Grover
Description:

ဓမ္မတာလာတယ်ဆိုတာ အတော်လေး ခက်ခဲပင်ပန်းလှပါတယ်။ တကမ္ဘာလုံးမှာရှိတဲ့ လူပေါင်းများစွာက ဓမ္မတာကိစ္စအတွက်နဲ့ ကျန်းမာသန့်ရှင်းတဲ့ အခြေခံလိုအပ်ချက်တွေ ရရှိနိုင်မှု ခက်ခဲခြင်းနဲ့ နှိမ့်ချခံရခြင်းကြောင့် ပိုလို့တောင် စိန်ခေါ်မှုတွေနဲ့ ရင်ဆိုင်နေရပါတယ်လို့ လူမှုရေးဆိုင်ရာ တက်ကြွလှုပ်ရှားသူ Ananya Grover က ပြောပြပါတယ်။ ဒီစိတ်အားတက်ဖွယ် ထိရောက်တဲ့ ဟောပြောပွဲမှာ သူမက "ပရာဗတ်ခရစ်တီ" ဆိုတဲ့ စည်းရုံးလှုံ့ဆော်ရေးကို ဝေမျှပေးထားပြီး ရာသီနဲ့ဆိုင်ရာ အကောင်းမြင်ဖို့၊ တီထွင်ကြံဆမှုနဲ့ အမျိုးသမီးဓမ္မတာနဲ့ဆိုင်တဲ့ ကျန်းမာရေးကို လူတိုင်းနဲ့ ထိတွေ့နိုင်ဖို့၊ အသိပညာတိုးလာဖို့၊ ရာသီကိစ္စနဲ့ဆက်စပ်တဲ့ အရပ်ပြောတွေကို ကျော်လွှားဖို့တွေကို ဖြန့်ဝေပေးနိုင်ဖို့ ဖြစ်ပါတယ်။

more » « less
Video Language:
English
Team:
closed TED
Project:
TEDTalks
Duration:
09:08

Burmese subtitles

Revisions