-
အခုကျွန်တော်တို့ စကေလာတွေ ဗက်တာတွေအကြောင်းကို ပိုသိလာပါပြီ
-
ကျွန်တော်တို့ သိထားတာလေးတွေနဲ့ ရူပဗေဒစာသင်ခန်းထဲမှာ
-
တွေ့နေကျ ပုစ္ဆာလေးတွေကို ဖြေရှင်းကြည့်ရအောင်
-
ဒါပေမယ့် ဒီပုစ္ဆာလေးတွေဟာ လက်တွေဘဝမှာလည်း တွေ့နေမှာပါ
-
မင်းဟာ ဘယ်လောက်အကွာအဝေးကို ဘယ်လောက်အမြန်နှုန်းနဲ့
-
ဘယ်လောက်အချိန်အတွင်းမှာ ရောက်အောင်သွားနိုင်မလဲ ဆိုတာမျိုးပေါ့
-
ပထမဆုံးအနေနဲ့ လူတစ်ယောက်ဟာ ကားနဲ့ တစ်နာရီကို ၅ မိုင်နှုန်း နဲ့မြောက်ဖက်ကို
-
သွားနေတယ် သူရဲ့ ပျှမ်းမျှအလျင် နှုန်းက ဘယ်လောက်လဲ
-
ကောင်းပြီ ဗက်တာတွေ စကေလာတွေအကြောင်း နည်းနည်း ပြန်နွေးရအောင်
-
မြောက်ဖက်ကို ၅ ကီလိုမီတာသွားတယ်ပြောတာကြောင့်
-
ဒါ့အပြင် ဦးတည်ရာ ကိုလည်းပေးတယ်
-
၅ ကီလိုမီတာ အကွာအဝေးသည် စကေလာဖြစ်ပေမယ့်
-
ဦးတည်ဖက် ပါတာကြောင့် ဗက်တာကိန်း ဖြစ်သွားပါတယ်
-
ဒါကြောင့် ဒါဟာ ဗက်တာ ကိန်းပါ
-
သူဟာ တစ်နာရီအတွင်းမှာ မြောက်ဖက်ကို
-
၅ ကီလိုမီတာ ရောက်နေပါပြီ
-
သူရဲ့ ပျှမ်းမျှ အလျင်သည် ဘယ်လောက်လဲ
-
အလျင်းဆိုတာကို ပုံစံမျိုးစုံနဲ့ ရှင်းပြနိုင်ပါတယ်
-
ပထမပြောရရင် အလျင်ဟာ ဗက်တာကိန်းပါ
-
ဗက်တာကိန်းနဲ့ စကေလာကိန်း ကွဲပြားချင်ရင်
-
ဗက်တာကိန်းအပေါ်မှာ ဒီလိုမြှားလေး ထည့်လိုက်ရုံပါပဲ
-
ဗက်တာတွေရဲ့ အပေါ်မှာ
-
မြှားလေးပါပါတယ်
-
အဲလိုမျိုးမြှားပါလာရင်တော့ အဲဒီကိန်းရဲ့
-
ပမာဏတန်ဖိုး တင်မကပဲ ဦးတည်ဖက်ကိုပါ
-
ဂရုစိုက်ပြီး တွက်ချက်ရပါမယ်
-
မြှားဟာ ဦးတည်ချက်ကိုရည်ညွှန်းသလို ဗက်တာကိန်းလို့လဲ ပြောပါတယ်
-
ဒါကြောင့် အလျင်ဆိုတာ အရာဝတ္ထုတစ်ခုရဲ့ ဦးတည်ဖက်တစ်ခုခုကို
-
တည်နေရာ ပြောင်းလဲခြင်းလို့ သတ်မှတ်နိုင်ပါတယ်
-
ဒါကြေင့် အရာဝတ္ထုရဲ့ အရွေ့ ဟာ
-
အရွေ့ကို s လို့သုံးပါတယ်
-
ဗက်တာပါ
-
ဒါကအရွေ့
-
အရွေ့ ကို ဘာလို့ d နဲ့မသုံးတာလဲလို့
-
မေးစရာ ရှိတယ်
-
S ထက် d က ပိုပြီး သဘာဝကျတယ်လို့ ထင်စရာပဲ
-
ကျွန်တော်ထင်တာကတော့
-
ကဲကုလပ် တွက်တဲ့အခါ
-
"d" ကို ပြောင်းလဲမှု
-
အော်ပရေတာ အနေနဲ့ သုံးလိုထင်ပါတယ်
-
အရွေ့ကို S လို့ သုံးလိုက်လို့ ကဲကုလပ် တွက်ရင်
-
“d” နှစ်လုံးရောစရာ မရှိတော့ပါဘူး
-
ဒီအကြောင်းကို ပိုပြီးဆီလျော်အောင်ရှင်းပြနိုင်ရင်
-
ကွန်မန့် ရေးထားခဲ့နိုင်ပါတယ် နောက်သင်ခန်းစာတွေမှာ
-
ကျွန်တော် ပြန်ရှင်းပြပေးပါမယ်
-
ကောင်းပြီ အလျင်ဆိုတာ အချိန်ပေါ်မူတည်ပြီး ရွေ့နေတာကိုပြောတာ
-
စကေလာဖြစ်တဲ့ အမြန်ကို အရွေ့နဲ့ ရောမသွားအောင်လို့
-
နောက် ဆင်တူယိုးမှား နာမည်တစ်ခုပြောပြပါမယ်
-
အဲဒါကတော့ နှုန်း (rate) ပါ
-
... or maybe I will write rate.
-
နှုန်းဆိုတာ အမြန်ကို ပြောတဲ့ နောက်တစ်နည်းပါ
-
ဦးတည်ဖက် ထည့်ပြောရင်
-
ဗက်တာ ဖြစ်ပြါတယ်
-
နှုန်းကို ဦးတည်ဖက်
-
ထည့်မပြောလဲ ရပါတယ်
-
နှုန်း ဒါမှမဟုတ် အမြန် ဆိုတာ
-
အချိန်တစ်ခုကြာပြီးတဲ့အခါ
-
မင်းရောက်နေတဲ့ အကွာအဝေး
-
ဒါမှမဟုတ် အရွေ့ပါ
-
ဒီနှစ်ခုက်ု ပုံသေနည်း
-
ဒါမှမဟုတ် အဓိပ္ပာယ်ဖွင့်ဆိုချက် လို့လဲပြောနိုင်ပါတယ်
-
... or you can call them definitions ...
-
ဒါက လွယ်ကူပါတယ်
-
အရာဝတ္ထုတစ်ခုဟာ ဘယ်လောက်အမြန်နဲ့ သွားနေသလဲ
-
အချိန်တစ်ခု ကြာတဲံအခါ ဘယ်အကွာအဝေးကိုရောက်နေသလဲ
-
ဒါက အကြောင်းအရာတစ်ခုထဲကို ပြောနေတာပါ
-
ဒီနေရာမှာ ဦးတည်ဖက်ကို ထည့်တွက်မယ်ဆိုရင်တော့
-
ဗက်တာတွေကို ပြောရပါတော့မယ်
-
အမြန်ပဲ ခေါ်ခေါ် နှုန်းပဲ ခေါ်ခေါ်
-
ဦးတည်ဖက် ထည့်မတွက်ရင်
-
စကေလာ ပါပဲ
-
အခုကျွနတော်တို့က အရွေ့အကြောင်း အလျင်အကြောင်း
-
ပြောမှာမို့လို့ ဒါကိုမေ့ထားပြီးတော့
-
ပျှမ်းမျှအလျင် ဘယ်လောက်ရှိမလဲဆိုတာကို ပြန်သွားရအောင်
-
ပျှမ်းမျှဆိုတဲ့ စကားလုံးက စိတ်ဝင်စားစရာကောင်းပါတယ်
-
အလျင်ဟာ သတ်မှတ်ထားတဲ့ အချိန်
-
တစ်ခုလုံးမှာ အမြဲ ပြောင်းလဲနေပါတယ်
-
ဒါပေမယ် ပိုရှင်းလင်းသွားအောင်
-
ကျွန်တော်တို့က အရာဝတ္ထုဟာ
-
ပျှမ်းမျှအလျင် ကိန်းသေအလျင်တစ်ခုနဲ့
-
ရွေ့လျားနေတယ်လို ယူဆပြီးတွက်တာပါ
-
စိတ်မပူပါနဲ့ ဒီအချိန်ကာလတစ်ခုလုံးမှာ
-
အလျင်ဟာ မပြောင်းလဲပဲ နေတယ်လို့ ယူဆပြီး တွက်နိုင်ပါတယ်
-
အလျင်က
-
သူဟာမြောက်ဖက်ကို ၅ ကီလိုမီတာရွေ့တယ်
-
အရွေ့က ၅ ကီလိုမီတာ
-
ကျွန်တော် ချရေးလိုက်ပါမယ်
-
မြောက်ဖက်ကို ၅ ကီလိုမီတာ
-
... 5 kilometers north.
-
အချိန်တစ်ခုကြာပြီးတဲ့အခါ
-
ပြောရရင် အချိန်နဲ့အမျှ
-
ပြောင်းလဲတာပါပဲ
-
အဲလို ပြောင်းလဲတဲ့အချိန်ကို
-
“t” နဲ့ရေးလေ့ရှိပါတယ်
-
... sometimes you'll just see a "t" written there.
-
တချို့ကတော့ ဒီတြိဂံပုံစံ
-
"delta" ကို t ရဲ့ အရှေ့မှာ
-
ထားပြီးလည်း ရေးတတ်ပါတယ်
-
Which expicitly means "change in".
-
ဒီလို သခ်ာၤမွာ “delta” ထည့္တယ္ဆိုတာ
-
ပြောင်းလဲနေတယ်လို့ ရည်ညွှန်းတာဖြစ်ပါတယ်
-
ဒါကြောင့် ဒါဟာ အချိန်ရဲ့ ပြောင်းလဲနှုန်းပါ
-
သူဟာမြောက်ဖက်ကို တစ်နာရီအတွင်း
-
၅ ကီလိုမီတာရွေ့ပါတယ်
-
ဒါကြောင့် အချိန်ရဲ့ ပြောင်းလဲနှုန်းက တစ်နာရီပါ
-
ဒီမှာ ချရေးပြမယ်
-
တစ်နာရီအကြာ
-
ကိန်းဂဏန်းတွေကိုကြည့်ရင်
-
၁ ပေါ်မှာ ၅ နဲ့
-
ရှိနေမယ်
-
၁ အပေါ်က ၅
-
ကီလိုမီတာ
-
ယူနစ်ကိုလည်း ကိန်းဖြေရှင်းသလိုပဲ ဖြေရှင်းရမယ်
-
တစ်နာရီကို ၅/၁ ကီလိုမီတာ
-
မြောက်ဖက်ကို ဦးတည်ပြီး
-
ဒါဟာ မြောက်ဖက်ကိုဦးတည်တဲ့ တစ်နာရီကို
-
၅ ကီလိုမီတာနှုန်းနဲ့ အတူတူပဲလို့ မင်းပြောရင်
-
ဟုတ်ပါတယ် အတူတူပါပဲ
-
ဒါက သူရဲ့ ပျှမ်းမျှ အလျင်ပါ
-
တစ်နာရီကို ၅ ကီလိုမီတာ
-
မြောက်ဖက်ကို သွားတဲ့အလျင်လို့
-
တိတိကျကျ ပြောရပါလိမ့်မယ့်
-
အကယ်၍ တစ်နာရီ ကို ၅ ကီလိုမီတာ လို့ပြောရင်
-
အမြန်ကိုပြောတာလား
-
နှုန်းကိုပြောတာလား
-
စကေလာ လား ဗက်တာ လား မကွဲပြားပဲ ဖြစ်နေပါလိမ့်မယ်
-
ဗက်တာဖြစ်ကြောင်းပြဖို့အတွက် ဦးတည်ရာကို ထည့်ရပါလိမ့်မယ်
-
တစ်ယောက်ယောက်က ပျှမးမျှ အမြန် ဘယ်လောက်လဲလို့ မေးရင်လဲ
-
ဒီလိုပဲ လုပ်ရပါလိမ့်မယ်
-
You could have said:
-
ဦးတည်ဖက်ကို ခဏဖယ်ထားလိုက်ပြီးတော့
-
သူ့ရဲ့ ပျှမ်းမျှ အမြန်ဟာ အချိန်တစ်နာရီအတွင်း
-
သူရောက်ခဲ့တဲ့
-
၅ ကီလိုမီတာပါလို့ ဖြေရပါလိမ့်မယ်
-
အချိန်ရဲ့ ပြောင်းလဲမှုက ၁ နာရီပါ
-
အပေါ်မှာပြေခဲ့သလို
-
တစ်နာရီကို ၅ ကီလိုမီတာပါပဲ
-
ဒါပေမယ့် ကျွန်တော်တို့ အခု ပမာဏသက်သက်ကို ပြောနေတာကြောင့်
-
ဒါဟာ စကေလာပါ
-
ဗက်တာဖြစ်ချင်ရင် ဦးတည်ရာ မြောက်ဖက်ကို ထည့်လိုက်ပါ
-
အရင်သင်ခန်းစာတွေမှာ
-
ကျွန်တော်တို့ မီတာပါစက္ကန့် နဲ့
-
သုံးခဲ့ကြတာပဲ
-
အခုကျတော့
-
ကီလိုမီတာပါ အာဝါနဲ့
-
သုံးရမှာလားပေါ့
-
တကယ်လို့ မီတာပါစက္ကန့်နဲ့ သုံးချင်ရင်
-
တစ်စက္ကန့် ကို ဘယ်လောက်မီတာ ရောက်သလဲသိချင်ရင်
-
ယူနစ်ပြောင်းလဲတဲ့ ပုစ္ဆာ တစ်ခုထပ်ဖြေရှင်းရပါမယ်
-
ဒါက အခု မင်းတို့အတွက် သိပ်မခက်ခဲလောက်တော့ပါဘူး
-
ကောင်းပြီ မီတာပါစက္ကန့် ပြောင်းချင်ရင်
-
ဘယ်လို လုပ်ရမလဲ
-
ပထမဆုံးတစ်နာရီအတွင်း မီတာဘယ်လောက်ရောက်သလဲ လို့အရင်တွက်ရမယ်
-
၅ ကီလိုမီတာပါ အာဝါကို
-
မီတာပြောင်းမယ်
-
မီတာကို နျူမရေတာထဲထည့်
-
ကီလိုမီတာကို ဒင်နိုမီတာထဲထည့်
-
အဲလိုလုပ်ရတာက ကီလိုမီတာချင်း
-
ကျေသွားအောင်လို့ပါ
-
တစ်ကီလိုမီတာမှာ ဘယ်လောက် မီတာရှိသလဲ
-
ရပြီ တစ်ကီလိုမီတာမှာ
-
၁၀၀၀ မီတာရှိတယ်
-
ဒါကြောင့် ကီလိုမီတာမရှိတော့ဘူး
-
ဒီနှစ်လုံး ကျေသွားမယ်
-
၅ နဲ့ ၁၀၀၀ နဲ့ မြှောက်မယ်
-
၅၀၀၀
-
ရမယ်
-
၅ x ၁၀၀၀
-
ချရေးရင်
-
၅ x အရောင်တူနဲ့ပဲ ရေးမယ်နော်
-
ပြီးရင် မြှောက်လိုက်မယ်
-
ကိန်းတွေကို မြှောက်တဲ့အခါ
-
ကျွန်တော့် အနေနဲ့ မြှောက်လဒ်လို့ပြောရတာ
-
အသံထွက် အခက်အခဲရှိပါတယ်
-
နျူမရေတာနဲ့တွက်လိုက်တာ
-
မီတာ ယူနစ် ရပြီ
-
ဒင်နိုမနေတာထဲမှာ နာရီ( အာဝါ) ရမယ်
-
တစ်နာရီကို သွားတဲ့မီတာ
-
ဒါဆို တစ်နာရီကို ၅၀၀၀ မီတာရမယ်
-
And you might say:
-
မင်းကပြောမှာပေါ့ ၅ ကီလိုမီတာဟာ
-
မီတာ ၅၀၀၀ လို ကျွန်တော် သိသားပဲ
-
စိတ်တွက်နဲ့ တွက်တောင်ရတယ်
-
ဟုတ်ပါတယ်
-
ဒါပေမယ့် ဒိုင်မင်းရှင်း တွေကို
-
ခွဲခြမ်းစိတ်ဖြာတဲ့အခါ ဒီလိုလွယ်ကူတဲ့ ယူနစ်တွေက အကြောင်းမဟုတ်ပေမဲ့
-
အလွယ်တကူ မသိနိုင်တဲ့ ယူနစ်တွေကို ဖြေရှင်းတဲ့အခါ
-
ဒီလိုတွက်တာ ကောင်းပါတယ်
-
လွယ်တဲ့ ယူနစ်တွေုကိုတော့ အမှားအမှန် အလွယ်တကူ သိနိုင်တာပေါ့
-
တစ်နာရီ ၅ ကီလိုမီတာ ကို မီတာဖွဲ့ရင်
-
ကိန်းဂဏန်းကြီးကြီး ရမယ်ဆိုတာ ကြို သိနိုင်ပါတယ်
-
ကောင်းပြီ ကျွန်တော်တို့ စက္ကန့် ဖွဲ့တာကိုတော့
-
စိတ်တွက်နဲ့ လွယ်လွယ်ကူကူ တွက်ကြည့်ရအောင်
-
နာရီနဲ့ တွက်ထားတဲ့ ကိန်းတစ်ခုကို စက္ကန့်နဲ့ ပြောင်းရင်
-
ပိုပြီးသေးငယ်တဲ့ ကိန်းကို ရမယ်ဆိုတာ ကြိုသိနိုင်ပါတယ်
-
၃၆၀၀ ပုံ ၁ ပုံ ပေါ့ ဘာလို့ဆိုတော့
-
ဒါဟာ တစ်နာရီမှာ ရှိတဲ့ စက္ကန့် တွေပါ
-
စိတ်တွက်အရ 〖ms〗^(-1) နဲ့ပြောရင်
-
ပိုသေးတဲ့ ကိန်းကို ရလာပါလိမ့်မယ်
-
ကောင်းပြီ ဒိုင်မင်းရှင်းခွဲခြမ်းစိတ်ဖြာခြင်းနဲ့ တွက်ကြည့်ရအောင်
-
နာရီ ကျေသွားပြီး ဒင်နိုမင်နေတာမှာ စက္ကန့်ကိုကျန်ခဲ့ စေချင်တာပါ
-
ဒင်နိုမင်နေတာထဲမှာ နာရီကျေသွားအောင်လို့
-
နျူမင်နေတာထဲမှာ နာရီကိုထည့်ပေးရပါမယ်
-
တစ်စက္ကန့်ကို ဘယ်နှစ်နာရီ ရမလဲ
-
So, how many hours are there per second?
-
နောက်တစ်နည်းပြောရင်
-
ပိုကြီးတဲ့ကိန်း တစ်နာရီကို
-
စက္ကန့် ဘယ်လောက်ရှိမလဲ
-
စက္ကန့် ၆၀ တစ်မိနစ်
-
မိနစ် ၆၀ တစ်နာရီ
-
မိနစ်တွေ ကျေပြီးတော့
-
၆၀ နဲ့ ၆၀ မြှောက်လိုက်ရင်
-
တစ်နာရီကို
-
၃၆၀၀ စက္ကန့် ရမယ်
-
တစ်နာရီတိုင်းအတွက်
-
၃၆၀၀ စက္ကန့် ရပါတယ်
-
၃၆၀၀⁄၁ ပေါ့
-
တစ်နာရီမှာ ရှိတဲ့ စက္ကန့် အရေအတွက်
-
ဒါကြောင့် တစ်နာရီဆိုတာ
-
၃၆၀၀ စက္ကန့် နဲ့ အတူတူပါပဲ
-
ဒီနာရီနဲ့ ဒီနာရီကျေသွားမယ်
-
ဒီနေရာက ကိန်းတွေကို မြှောက်လိုက်မယ် ဒါမှမဟုတ် စားလိုက်မယ်
-
ဒါဆို ၃၆၀၀ အပေါ်က ၅၀၀၀ ရမယ်
-
ဒင်နိုမင်နေတာ ထဲမှာကျန်တာက စက္ကန့်မို့လို့
-
〖ms〗^(-1) ရမယ်
-
နှစ်ဖက်စလုံးကို စားမယ်
-
ဒီသင်ခန်းစာ ကအတော်ရှည်နေပြီမို့လို့
-
ပိုမြန်သွားအောင်လို့ ကယ်ကူလေတာတွေဖယ်ပြီး
-
လက်နဲ့ပဲ တွက်တော့မယ်
-
၅၀၀၀ ကို ၃၆၀၀ နဲ့စား
-
သုညတွေဖယ် ၅၀ ကို ၃၆ နဲ့စား
-
၁.၃ ပိုတိကျချင်ရင် ၁.၃၉
-
ဒါက ၁.၃၉ မီတာပါစက္ကန့်ပါ ( ms^(-1) )
-
ဒါကြောင့် သူကားရဲ့သွားနေတဲ့ နှုန်းက အလွန်နည်းပါတယ်
-
ဒါကို ကြည်တာ နဲ့တင်သိနိုင်ပါတယ်
-
တစ်နာရီကို ၅ ကီလိုမီတာနှုန်း ကားက ဖြည်းဖြည်းလေးပဲ ရွေ့နေမှာပါ