ဘာကြောင့် လူတွေဟာ သတင်းမှားတွေရဲ့ သားကောင်အဖြစ် ကျရောက်ရတာလဲ။
-
0:07 - 0:10၁၉၀၁ မှာ David Hänig က
ကျွန်ုပ်တို့ရဲ့ အရသာ နားလည်ခြင်းကို -
0:10 - 0:14ထာဝရ ပြောင်းလဲသွားစေခဲ့တဲ့
စာတမ်းတစ်စောင်ကို ထုတ်ဝေခဲ့တယ်။ -
0:14 - 0:18သူ့ရဲ့ သုတေသနက ယနေ့ ရသ မြေပုံလို့
ကျွန်ုပ်တို့ သိကြတာကို ပေါ်လာစေခဲ့တာပါ။ -
0:18 - 0:22လျှာကို သီးခြား အပိုင်း လေးပိုင်း
ခွဲထားတဲ့ သရုပ်ဖော်ပုံပါ။ -
0:22 - 0:24ဒီမြေပုံအရ
-
0:24 - 0:27လျှာတွေရဲ့ ထိပ်ဖျားမှာရှိတဲ့ အာရုံခံတွေက
အချိုကို ဖမ်းယူတယ်၊ -
0:27 - 0:30အခါးကို လျှာရင်းမှာ သတိပြုမိပြီး
-
0:30 - 0:35ဘေးဘက်တွေက အာရုံခံတွေက
အငန်နဲ့ အတွေ့အထိကို ဖမ်းယူတယ်။ -
0:35 - 0:38၎င်းရဲ့ တီထွင်မှုကတည်းက ရသ မြေပုံကို
ပြဋ္ဌာန်းစာအုပ်တွေနဲ့ -
0:38 - 0:40သတင်းစာတွေမှာ ပုံနှိပ်ဖော်ပြပေးခဲ့တယ်။
-
0:40 - 0:44ဒီမြေပုံမှာရှိတဲ့ တစ်ခုတည်းသော
ပြဿနာက မှားနေတာပါ။ -
0:44 - 0:47အမှန်တော့ ဒါက Hänig မူလ
ရှာဖွေတွေ့ရှိတာရဲ့ တိကျတဲ့ -
0:47 - 0:50ကိုယ်စားပြူမှုတစ်ခု တောင် မဟုတ်ပါ။
-
0:50 - 0:53လျှာမြေပုံဟာ ဖြစ်နေကျ
နားလည်မှုလွဲခြင်းတစ်ခုပါ။ -
0:53 - 0:56ကျယ်ပြန့်စွာ ယုံကြည်ခဲ့ကြပေမဲ့
အဓိကအားဖြင့် လွဲမှားနေတဲ့ အချက်ပါ။ -
0:56 - 0:59ဒီတော့ ဒီလိုမျိုး နားလည်မှုလွဲခြင်းတွေ
ဘယ်ကနေ လာလဲ။ -
0:59 - 1:03ဘာက အချက်အလက်မှားတစ်ခုကို
အလွယ်ယုံမိစေတာလဲ။ -
1:03 - 1:07လျှာမြေပုံရဲ့ ခရီးဟာ David Hänig နဲ့
စတင်ခဲ့တယ်ဆိုတာ မှန်ပါတယ်။ -
1:07 - 1:10Leipzig တက္ကသိုလ်က သူ့ဘွဲ့ယူကျမ်းရဲ့
အစိတ်အပိုင်းဖြစ်တာကြောင့် -
1:10 - 1:16Hänig က အခြေခံ အရသာ လေးခုအတွက် လျှာအနှံ့က
အရသာ ခံစားတတ်မှုတွေကို စိတ်ဖြာခဲ့တယ်။ -
1:16 - 1:20အချိုအတွက် ကြံသကြား၊
အခါးအတွက် ကွီနင်း ဆာလဖိတ်၊ -
1:20 - 1:24အချဉ်အတွက် ဟိုက်ဒရိုကလိုရစ် အက်ဆစ်နဲ့
အငန်အတွက် ဆားကို အသုံးပြုရင်း -
1:24 - 1:29အစမ်းသပ်ခံရဲ့ လျှာအနှံ့မှာရှိတဲ့ အရသာ
စံတွေထဲက ခြားနားမှုတွေကို နှိုင်းယှဉ်ဖို့ -
1:29 - 1:31ဒီလှုံဆော်တဲ့အရာတွေကို
Hänig က အသုံးချခဲ့တာပါ။ -
1:31 - 1:34သူ မျှော်လင့်ခဲ့တာက ဒီအရသာ
လေးခုကို သက်ရောက်တဲ့ -
1:34 - 1:36ဇီဝကမ္မ ယန္တရားတွေကို
ပိုနားလည်ဖို့ဖြစ်ပြီး -
1:36 - 1:40တကယ်တမ်းက အရသာတစ်ခုစီအတွက် အာရုံခံစားမှုက
လျှာအနှံ့မှာ တကယ် -
1:40 - 1:43ကွဲပြားတယ်ဆိုတာကို
သူဒေတာတွေက ညွှန်းခဲ့တယ်။ -
1:43 - 1:47အချိုအတွက် အများဆုံး အာရုံခံစားမှုက
လျှာဖျားမှာ တည်ရှိတယ်၊ -
1:47 - 1:52ခါးတဲ့ အရသာတွေက အနောက်ဘက်မှာ
အပြင်းဆုံးပါ။ -
1:52 - 1:55အငန်က ဒီဧရိယာမှာ အပြင်းဆုံး၊
အချဉ်က လျှာစောင်းတွေရဲ့ အလယ်မှာပါ။ -
1:55 - 1:58ဒါပေမဲ့ အာရုံခံစာ။မှုတိုင်းကိုလည်း
လျှာအနှံ့မှာ အရသာခံနိုင်ပြီး -
1:58 - 2:01သူတေွ့ရှိထားတဲ့ ဒီဧရိယာတွေက
ပြင်းအားအရ အင်မတန် သေးငယ်တဲ့ -
2:01 - 2:07မျိုးကွဲတွေ ပေးတယ်ဆိုတာကို
သတိပြုမိဖို့ Hänig သတိထားခဲ့တယ်။ -
2:07 - 2:09များစွာသော နားလည်မှုလွဲခြင်းတွေလိုပဲ
-
2:09 - 2:13လျှာမြေပုံဟာ ၎င်းရဲ့ မူရင်း ရင်းမြစ်ရဲ့
လိုရာဆွဲမှုတစ်ခုကို ကိုယ်စားပြုတယ်။ -
2:13 - 2:16ဒါပေမဲ့ လိုရာဆွဲမှုရဲ့ သဘာဝက
ကွဲပြားနိုင်ပါတယ်။ -
2:16 - 2:19တချို့နားလည်မှုလွဲခြင်းတွေကို
မမှန်သတင်းတွေနဲ့ ဖွဲ့စည်းထားတယ်။ -
2:19 - 2:23လူတွေကို လှည့်စားဖို့ တမင်တကာ
ပုံစံထုတ်ထားတဲ့ သတင်းအချက်အလက် အတုပါ။ -
2:23 - 2:26ဒါပေမဲ့ လျှာမြေပုံ အပါအဝင်
များစွာသော နားလည်မှုလွဲခြင်းတွေက -
2:26 - 2:30သတင်းမှားကို ဗဟိုပြုထားတယ်။
-
2:30 - 2:35မရည်ရွယ်တဲ့ မတိကျမှုကနေ အကျိုးဖြစ်စေတဲ့
အတု (သို့) လှည့်စားတဲ့ သတင်းအချက်အလက်ပါ။ -
2:35 - 2:39သတင်းမှားကို မကြာခဏတော့ အမှားတွေနဲ့
လူ့အမှားကနေ အများဆုံး ပုံဖော်ထားပေမဲ့ -
2:39 - 2:42နားလည်မှုလွဲခြင်းတစ်ခုကို ဖြစ်စေတဲ့
တိကျတဲ့ အမှားတွေကတော့ -
2:42 - 2:45အံ့စရာကောင်းအောင် ကွဲပြားနိုင်တယ်။
-
2:45 - 2:46လျှာမြေပုံ ဖြစ်ရပ်မှာ
-
2:46 - 2:49Hänig ရဲ့ လိုရာဆွဲမှုက ဂျာမန်လို
ရေးသားခဲ့တာပါ၊ -
2:49 - 2:53ဆိုလိုတာက ဂျာမန်လို ကျွမ်းကျင်ပြီး
Hanig ရဲ့ ပညာရပ် နယ်ပယ်လေးမှာ -
2:53 - 2:57နောကျေနေတဲ့ စာဖတ်သူတွေသာ
နားလည်နိုင်တဲ့ စာတမ်းပါ။ -
2:57 - 3:02ဒါက Häing ရဲ့ သုတေသနကို ပုံဖော်ပေးတဲ့
တီးတိုးစကား ကစားပွဲကို စတင်ပေးလိုက်တယ်။ -
3:02 - 3:05ဒါကို ပြင်ပ အဖွဲ့အစည်းတွေနဲ့
မျှဝေခဲ့တဲ့ အကြိမ်တိုင်းပါ။ -
3:05 - 3:08သူ့ရဲ့ ဘွဲ့ယူကျမ်းနောက်
ဆယ်စုနှစ်တစ်ခု မရှိတရှိမှာ -
3:08 - 3:11အချိုဟာ လျှာရဲ့နောက်ဘက်မှာ မသိရှိနိုင်
ဘူးလို့ စမ်းသပ်ချက်တွေက -
3:11 - 3:16သက်သေပြနိုင်တယ်လို့ သတင်းစာတွေက
မှားယွင်းစွာ ခိုင်ခိုင်မာမာ ပြောနေကြတယ်။ -
3:16 - 3:19ဒုတိယ လက်သည်က
လျှာမြေပုံရဲ့ ပျံ့နှံ့မှု နောက်ကွယ်မှာ -
3:19 - 3:22Hänig စေ့ဆော်ပေးခဲ့ ရုပ်ပုံတွေ ရှိနေတာပါ။
-
3:22 - 3:27၁၉၁၂ ခုနှစ်မှာ မြေပုံရဲ့ပုံကြမ်းမူ တစ်ခုဟာ
အရသာနဲ့ အနံ့ သုတေသန နောက်ကွယ်က -
3:27 - 3:29ပဟေဠိတချို့ကို သတိရှိရှိ သရုပ်ဖော်ထားတဲ့
သတင်းစာ ဆောင်းပါး -
3:29 - 3:32တစ်စောင်မှာ ပါလာခဲ့တယ်။
-
3:32 - 3:36လျှာအနှံ့မှာ ရှင်းလင်းတဲ့ အညွှန်းတွေကို
အသားပေးရင်း ဆောင်းပါးရဲ့ သရုပ်ဖော်ချက်က -
3:36 - 3:40Hänig ရဲ့ ပိုရှုပ်ထွေးတဲ့ မူလ ပုံတွေကို
ရှင်းလင်းလွယ်ကူစေတယ်။ -
3:40 - 3:45ဒီချဉ်းကပ်နိုင်တဲ့ ရုပ်ပုံရဲ့ မူကွဲတွေဟာ
အထပ်ထပ် တိုက်ရိုက် ကိုးကားစရာဖြစ်တယ်၊ -
3:45 - 3:49မကြာခဏ Hänig ရဲ့ စာတမ်းကို အသိအမှတ်ပြုတာ
(သို့) အရိပ်အမြွက်အရေးထားမှု မပါဘဲနဲ့ပါ။ -
3:49 - 3:53နောက်ဆုံးမှာတော့ ဒီရုပ်ပုံက အရသာ
တွေ့ကြုံခံစားပုံရဲ့ အမှန်တရားအဖြစ်နဲ့ -
3:53 - 3:58ပြဌာန်းစာအုပ်တွေနဲ့
စာသင်ခန်းတွေအထိ ပျံ့နှံ့သွားတယ်။ -
3:58 - 4:01ဒါပေမဲ့ ဖြစ်နိုင်တာက နားလည်မှုလွဲခြင်းကို
အများဆုံး ပံ့ပိုးခဲ့တဲ့ အကြောင်းရင်းက -
4:01 - 4:04၎င်းရဲ့ တစ်ဆင့်စကား ရိုးစင်းမှုပါ။
-
4:04 - 4:05နည်းလမ်းများစွာမှာ
-
4:05 - 4:10မြေပုံက ဝန်းကျင်လောကအကြောင်း ရှင်းလင်း
တဲ့ အဖြစ်တွေအတွက် အာသီသကိုမြှောက်ပင့်တယ်။ -
4:10 - 4:15တစ်ခါတရံ သိပ္ပံပညာရဲ့ ရှုပ်ပွနေတဲ့ နယ်ပယ်
တွေမှာအမြဲ မရှိတတ်တဲ့ အရည်အသွေးတစ်ခုပါ။ -
4:15 - 4:16ဥပမာ
-
4:16 - 4:21ကျွန်ုပ်တို့မှာရှိတဲ့ အရသာ အရေအတွက်တောင်မှ
Hänig ရဲ့ စာတမ်းက ညွှန်းတာထက် ပိုရှုပ်တယ်။ -
4:21 - 4:27အနံ့အရသာကောင်းမှုလို့ပါ သိကြတဲ့ Umami ကို
အခု ပဉ္စမမြောက်အခြေခံ အရသာလို့ ယူဆကြပြီး -
4:27 - 4:30အဆီ၊ အယ်လ်ကာလီ၊ သတ္တုနဲ့
ရေလို အရသာတွေရဲ့ တည်ရှိမှုကို -
4:30 - 4:34အများပြားက ဝေဖန်ဆွေးနွေးဆဲပါ။
-
4:34 - 4:36ဇာတ်လမ်းကောင်းတစ်ခုကို ကြားပြီးတာနဲ့
-
4:36 - 4:40ဒီသတင်းအချက်အလက်ကို မြင်ကြပုံကို
ပြောင်းလဲဖို့ ခက်ခဲနိုင်ပါတယ်။ -
4:40 - 4:42အထော်အထားသစ်နဲ့ ကြုံရတာတောင်ပါ။
-
4:42 - 4:47ဒီတော့ နောက်တစ်ခါ အခန့်သင့်တဲ့ ဇယားတစ်ခု
(သို့) အံ့ဩစရာ ဖြစ်ရပ်တစ်ခုကို ဖတ်မိတဲ့အခါ -
4:47 - 4:50ဖြစ်နိုင်လောက်တဲ့ သံသယစိတ်တစ်ခု
ထိန်းထားဖို့ ကြိုးစားပါ။ -
4:50 - 4:53အကြောင်းက နားလည်မှုလွဲခြင်းတွေကြောင့်
-
4:53 - 4:56သင့်လျှာရဲ့ အပိုင်းတိုင်းမှာ
ခါးတဲ့ အရသာ ကျန်ရစ်ခဲ့မှာမို့လို့ပါ။
- Title:
- ဘာကြောင့် လူတွေဟာ သတင်းမှားတွေရဲ့ သားကောင်အဖြစ် ကျရောက်ရတာလဲ။
- Speaker:
- Joseph Isaac
- Description:
-
သင်ခန်းစာ အပြည့်အစုံကို https://ed.ted.com/lessons/why-people-fall-for-misinformation-joseph-isaac တွင် ကြည့်ရှုပါ။
၁၉၀၁ မှာ David Hänig ကနေပြီး ယနေ့ ရသ မြေပုံလို့ ကျွန်ုပ်တို့ သိကြတာကို ဖြစ်စေခဲ့တဲ့ သုတေသနကို ထုတ်ဝေခဲ့တယ်။ လျှာကို သီးခြား အပိုင်း လေးပိုင်း ခွဲထားတဲ့ သရုပ်ဖော်တစ်ခုပါ။ အဲဒီအချိန်ကတည်းက ပြဋ္ဌာန်းစာအုပ်တွေနဲ့ သတင်းစာတွေမှာ ပုံနှိပ်ဖော်ပြခဲ့တယ်။ ပြဿနာ တစ်ခုပဲရှိတယ်။ ဒီမြေပုံက မှားနေပါတယ်။ ဒီတော့ ဒီလိုမျိုး နားလည်မှုလွဲခြင်းတွေ ဘယ်လို ပျံ့နှံ့သွားလဲ။ အချက်အလက် အမှားတစ်ခုကို ဘာက အယုံလွယ်စေတာလဲ။ Joseph Isaac ကနေပြီး သတင်းမှား လောကကို လေ့လာစူးစမ်းထားပါတယ်။
သင်ခန်းစာကို Joseph Isaac က ပြစုပြီး CUB Animation က ရိုက်ကူးထားပါတယ်။ - Video Language:
- English
- Team:
closed TED
- Project:
- TED-Ed
- Duration:
- 04:57
![]() |
sann tint edited Burmese subtitles for Why people fall for misinformation | |
![]() |
sann tint approved Burmese subtitles for Why people fall for misinformation | |
![]() |
sann tint edited Burmese subtitles for Why people fall for misinformation | |
![]() |
sann tint edited Burmese subtitles for Why people fall for misinformation | |
![]() |
Myo Aung accepted Burmese subtitles for Why people fall for misinformation | |
![]() |
Myo Aung edited Burmese subtitles for Why people fall for misinformation | |
![]() |
sann tint edited Burmese subtitles for Why people fall for misinformation | |
![]() |
sann tint edited Burmese subtitles for Why people fall for misinformation |