Return to Video

အိပ်ရေးမဝမှုက သင့်စိတ်ထဲ ခံစားရမှုတွေကို သက်ရောက်နိုင်ပုံ

  • 0:00 - 0:05
    အိပ်ရေးမ၀မှုက ဦးနှောက်ထဲ စိတ်ခံစားရမှုကို
    တကယ်တမ်း ဘယ်လို အကျိုးသက်ရောက်ပါသလဲ။
  • 0:05 - 0:07
    အိပ်ရေးမဝမှုက ဘာဖြစ်လို့များ ကျုပ်တို့ကို
  • 0:07 - 0:12
    စိတ်ပိုင်းအရ မဆင်မခြင်နဲ့
    လွန်ကဲစွာ တုံ့ပြန်လာစေတာလဲ။
  • 0:12 - 0:14
    [သိပ္ပံနည်းကျ အိပ်ခြင်း]
  • 0:15 - 0:18
    လွန်ခဲ့တဲ့ နှစ်များစွာတုန်းက ကျုပ်တို့ဟာ
    ဦးနှောက် ပုံရိပ်ကို လေ့လာခဲ့ကြတယ်။
  • 0:19 - 0:21
    ကျုပ်တို့ဟာ ကျန်းမာတဲ့
    သက်ကြီးအုပ်စုနဲ့ လေ့လာခဲ့ကြတယ်။
  • 0:21 - 0:24
    ကျုပ်တို့ဟာ တချို့ကို တညတာ
    အပြည့်အဝ အိပ်စေခဲ့ကြတယ်
  • 0:24 - 0:26
    ကျန်တဲ့ တချို့ကို အိပ်မရအောင်
    ပြုလုပ်ခဲ့ကြတယ်။
  • 0:27 - 0:31
    ပြီးတော့ နောက်တစ်နေ့တွင် သူတို့အားလုံးကို
    MRI စကင်နာစက်ထဲ ထည့်လိုက်ပြီး
  • 0:31 - 0:35
    သူတို့ရဲ့ စိတ်ပိုင်းဆိုင်ရာ ဦးနှောက်
    အပိုင်းရဲ့ တုံ့ပြန်မှုကို လေ့လာခဲ့ကြတယ်။
  • 0:35 - 0:38
    ကျုပ်တို့ အထူးအာရုံပြု
    လေ့လာခဲ့ကြတဲ့ အပိုင်းကို
  • 0:38 - 0:40
    amygdala လို့ခေါ်ပါတယ်။
  • 0:40 - 0:43
    အဲဒီ amygdala ဟာဖြင့် အားကောင်းတဲ့
    တုံ့ပြန်မှုများ ထုတ်လုပ်ပေးမှုအတွက်၊
  • 0:43 - 0:47
    အနှုတ်လက္ခဏာ တုံ့ပြန်မှုများ အပါအဝင်အတွက်၊
  • 0:48 - 0:50
    တာဝန်ရှိကြတဲ့ နေရာများအနက်
    ဗဟိုချက် အစိတ်အပိုင်း တစ်ခု ဖြစ်တယ်။
  • 0:51 - 0:54
    ဒါနဲ့ တညလုံး အိပ်ရေး အပြည့်အဝ ရခဲ့ကြတဲ့
    လူတွေကို စစ်ကြည့်တော့၊
  • 0:54 - 0:59
    amygdala ထဲမှ တုံပြန်မှုဟာ
    အတော့ကို ကောင်းမွန်ခဲ့ပြီး
  • 0:59 - 1:02
    သင့်လျော်မှု ရှိခဲ့တာကို တွေ့မြင်ကြရတယ်။
  • 1:02 - 1:04
    တုံ့ပြန်မှု လုံးဝကို မရှိခဲ့ဘူးလို့
    မဆိုနိုင်ပေမဲ့၊
  • 1:04 - 1:07
    တုံ့ပြန်မှုဟာ သင့်တော် ဆီလျော်ခဲ့ပါတယ်။
  • 1:07 - 1:09
    ဒါပေမဲ့ အိပ်မရအောင် ပြုလုပ်ခဲ့ကြရတဲ့
    လူတွေမှာ ကျတော့၊
  • 1:09 - 1:14
    ခုနက စိတ်ပိုင်းဆိုင်ရာ ဦးနှောက်
    ဗဟိုချက်ဟာ လွန်ကဲစွာ တုံ့ပြန်ခဲ့ပါတယ်။
  • 1:15 - 1:19
    လက်တွေ့တွင်၊ အိပ်ရေးမဝမှု အခြေအနေ
    မျိုးထဲတွင် amygdala ရဲ့ တုံ့ပြန်မှုဟာ
  • 1:19 - 1:22
    ၆၀ ရာခိုင်နှုန်းနီးပါး ပိုမြင့်မားခဲ့တယ်။
  • 1:22 - 1:24
    ဘာဖြစ်လို့ အဲဒီလို ဖြစ်လာရတာလဲ။
  • 1:25 - 1:26
    ကျုပ်တို့ ရှာတွေ့ခဲ့ကြတာက
  • 1:26 - 1:30
    ဒီကိစ္စထဲမှာ ဦးနှောက်ထဲက နောက်တစ်နေရာ
    ပါဝင်ပတ်သက်နေတာကိုပါ။
  • 1:30 - 1:33
    ဦးနှောက်ရဲ့ အဲဒီအပိုင်းကို ကျတော့
    prefrontal cortex လို့ ခေါ်ပြီး၊
  • 1:33 - 1:36
    ၎င်းဟာ ကျုပ်တို့ မျက်လုံးတွေရဲ့
    အပေါ်တည့်တည့်တွင် တည်ရှိပါတယ်။
  • 1:36 - 1:39
    အဲဒီ prefrontal cortex ဆိုတဲ့ဟာက
  • 1:39 - 1:42
    ကျုပ်တို့ ဦးနှောက်ရဲ့
    CEO နဲ့တူတယ်လို့ ပြောနိုင်ပါတယ်။
  • 1:42 - 1:45
    ၎င်းဟာ အဆင့်မြင့်၊ အမှုဆောင်၊
    အထက်မှနေပြီး အောက်သို့ ချပေးတဲ့
  • 1:46 - 1:48
    ဆုံးဖြတ်ချက်များနဲ့ တုံ့ပြန်ရာတွင်
    သိပ်ကို တော်ပါတယ်။
  • 1:49 - 1:52
    တကယ်တမ်းမှာ အဲဒီအပိုင်းဟာ ဦးနှောက်ထဲက
    အဖွံ့ဖြိုးဆုံး နေရာ တစ်ခုပါ။
  • 1:53 - 1:56
    ပြီးတော့ ၎င်းဟာ စိတ်ပိုင်းဆိုင်ရာ
    နက်ရှိုင်းတဲ့ ဗဟိုချက်ဖြစ်တဲ့
  • 1:56 - 1:59
    amygdala ကို ထိန်းချုပ်ပေးတဲ့
    အပိုင်းတစ်ခုလည်း ဖြစ်ပါတယ်။
  • 2:00 - 2:03
    ခုနက အိပ်ရေးကို အပြည့်အဝ
    ရရှိခဲ့ကြတဲ့ လူတွေဆီမှာ
  • 2:03 - 2:06
    prefrontal cortex နဲ့ စိတ်ပိုင်းဆိုင်ရာ
    နက်ရှိုင်းတဲ့ ဦးနှောက်အပိုင်းအကြား
  • 2:06 - 2:08
    ဆက်သွယ် ချိတ်ဆက်မှုဟာ
  • 2:08 - 2:12
    ကောင်းမွန်ခဲ့ပြီး အားကောင်းခဲ့ပါတယ်။
  • 2:12 - 2:14
    ဒါပေမဲ့ အိပ်မရအောင် ပြုလုပ်ခံခဲ့ကြရတဲ့
    လူတွေဆီမှာ ကျတော့၊
  • 2:14 - 2:18
    ခုနက prefrontal cortex နဲ့ စိတ်ပိုင်း
    ဆိုင်ရာ နက်ရှိုင်းတဲ့ ဦးနှောက်အပိုင်
  • 2:18 - 2:21
    amygdala တို့ အကြားက
    ဆက်သွယ်မှုရော ချိတ်ဆက်မှုပါ
  • 2:21 - 2:23
    သိသိသာသာကြီး လွန်ကဲပြင်းထန်နေခဲ့တယ်။
  • 2:23 - 2:25
    အဲဒါရဲ့ အကျိုးဆက် အဖြစ်၊
  • 2:25 - 2:27
    amygdala ဟာ အိပ်ရေး မပြည့်ဝခဲ့မှုကြောင့်
  • 2:27 - 2:29
    တုံ့ပြန်ရာတွင် များစွာမှ လွန်ကဲနေခဲ့တယ်။
  • 2:30 - 2:32
    အဲဒါက အိပ်လို့မရတဲ့ အခါမှာ
  • 2:32 - 2:36
    ကျုပ်တို့ဟာ စိတ်ပိုင်း ခံစားမှုအရှိန်
    မြင့်မားလာပြီး
  • 2:36 - 2:39
    ထိန်းချုပ်ရေး ဘရိတ်ကျတော့
    နည်းပါးလာတဲ့ သဘောမျိုးပါ။
  • 2:39 - 2:43
    ကျုပ်တို့ အိပ်ရေးမဝကြခြင်းဟာ
    စိတ်ပိုင်းခံစားမှု အရ
  • 2:43 - 2:46
    ကျုပ်တို့ ထိန်းသိမ်းမရ ဖြစ်လာတတ်မှုရဲ့
  • 2:46 - 2:48
    အကြောင်းရင်း ဖြစ်တာကို တွေ့မြင်ကြရတယ်။
  • 2:48 - 2:51
    ဒီတော့ လူတွေဆီကနေပြီး
    အိပ်ရေးဝမှုကို ယူပစ်လိုက်ရင်
  • 2:51 - 2:53
    ဖြစ်လာနိုင်တဲ့ မကောင်းတဲ့
    အချက်က အဲဒီလိုရှိပါတယ်။
  • 2:53 - 2:55
    ဒါပေမဲ့ ကိုယ် မရရှိလိုက်တဲ့ အိပ်စက်မှုကို
  • 2:55 - 2:57
    ပြန်ရတဲ့အခါမှာ ကောင်းမွန်တာ တစ်ခုကိုပါ
  • 2:57 - 2:59
    ကျုပ်တို့ ခံစားရနိုင်တာ တွေ့ခဲ့ပါတယ်။
  • 2:59 - 3:02
    အိပ်စက်မှုဟာ၊ အထူးသဖြင့် မျက်လုံးတွေ
    လျင်မြန်စွာ လှုပ်ရှားတဲ့ အိပ်စက်မှုဟာ၊
  • 3:02 - 3:07
    စိတ်ပိုင်းခံစားမှု အတွက် ရှေးဦးသူနာပြုမှု
    ပုံစံတစ်မျိုးနဲ့ တူပါတယ်။
  • 3:07 - 3:09
    ညအချိန်မှာ ကျုပ်တို့ အိပ်စက်နေစဉ်
  • 3:09 - 3:12
    တစ်နေ့တာအတွင်း ကျုပ်တို့ ရင်ဆိုင်ခဲ့ကြရတဲ့
  • 3:12 - 3:15
    စိတ်ပိုင်းဆိုင်ရာ
    ခက်ခဲခဲ့တဲ့ ခံစားရမှုတွေကို
  • 3:15 - 3:19
    ပြန်ခံစားကြရပြီး အိပ်စက်မှုက
    ကုသပေးတဲ့ ဆေးနဲ့တူပြီး
  • 3:19 - 3:23
    ခက်ခဲခဲ့တဲ့ ခံစားရမှုတွေကို ပြေလျော့
    လာအ​ောင် ပြုလုပ်ပေးတာပါ။
  • 3:23 - 3:28
    အိပ်စက်ချိန်ဟာ အနာအဆာ အားလုံးကို
    ကုသပေးတာ ဟုတ်ချင်မှ ဟုတ်နိုင်ပေမဲ့၊
  • 3:28 - 3:35
    အိပ်ချိန်အတွင်းမှာသာ စိတ်ပိုင်းခံစားမှု
    များမှ နာလန်ထူအောင် လုပ်ပေးနိုင်တာပါ။
  • 3:35 - 3:37
    အဲဒါကြောင့်မို့လို့သာ နောက်တစ်နေ့ကျရင်
  • 3:37 - 3:40
    အဲဒီလို စိတ်ခံစားမှုများဆိုင်ရာ မှတ်မိတာ
    တွေကို မေ့ပစ်ကျော်လွှားနိုင်ကြတာပါ။
Title:
အိပ်ရေးမဝမှုက သင့်စိတ်ထဲ ခံစားရမှုတွေကို သက်ရောက်နိုင်ပုံ
Speaker:
Matt Walker
Description:

ကျုပ်တို့ဟာ နှစ်ခြိုက်စွာ အိပ်မရခဲ့ပါက ကျုပ်တို့ရဲ့ စိတ်ကူးနိုင်စွမ်းသာမက ကျုပ်တို့ရဲ့ စိတ်ထဲက ခံစားရမှုများကိုပါ သက်ရောက်မှု ရှိနိုင်ပါတယ်။ အိပ်စက်မှုဆိုင်ရာ သိပ္ပံပညာရှင် ဖြစ်သူ Matt Walker က ညအချိန်မှာ ကျုပ်တို့ရဲ့ အိပ်စက်မှုဟာ ကျုပ်တို့ ဦးနှောက်ထဲက စိတ်ခံစားမှုများ ဆိုင်ရာ နေရာကို သက်ရောက်နိုင်ပုံနဲ့ အိပ်ရေးဝမှုကို ကျုပ်တို့ဟာ ကျုပ်တို့ရဲ့ စိတ်ခံစားမှုများ အတွက် ရှေးဦးသူနာပြုမှုလို ခံယူသင့်တာ ဘာကြောင့်လဲကို ရှင်းလင်း တင်ပြထားပါတယ်။

more » « less
Video Language:
English
Team:
closed TED
Project:
TED Series
Duration:
03:40

Burmese subtitles

Revisions