ကမ္ဘာ့" တတိယဝင်ရိုးစွန်း" ကို ကာကွယ်ဖို့ အရေးတကြီး နှိုးဆော်ချက်။
-
0:02 - 0:06၂၀၀၉ ခု အောက်တိုဘာလ ၁၇ ရက်နေ့မှာ
-
0:06 - 0:11မောလ်ဒိုက်ရဲ့ သမ္မတ Mohamed Nasheed ဟာ
တစ်မူထူးခြားတာတစ်ခု လုပ်ခဲ့တယ်။ -
0:12 - 0:15ဝန်ကြီးအဖွဲ့အစည်းအဝေးကို
ရေအောက်မှာ ကျင်းပခဲ့တယ်။ -
0:20 - 0:24ကမ္ဘာကြီး ပူနွေးလာမှု မထိန်းချုပ်ရင်
သူ့နိုင်ငံမြုပ်နိင်တာ ကမ္ဘာကို သတိပေးဖို့ -
0:24 - 0:29သူ့ဝန်ကြီးတွေကို ရေငုပ် ကိရိယာဝတ်စုံနဲ့
-
0:29 - 0:31အဲ့ဒီအတိုင်း တကယ် ခေါ်သွားခဲ့တယ်။
-
0:32 - 0:35ကမ္ဘာတစ်လွှားကို သူ့သတင်းစကား
ပါးခဲ့လား၊ မပါးခဲ့ဘူးလာ မသိပေမဲ့ -
0:35 - 0:37ကျွန်တော့နိုင်ငံက
အသေအချာ ရလိုက်တယ်။ -
0:38 - 0:40နိုင်ငံရေး ထွင်လုံးတစ်ခု မြင်ခဲ့တယ်။
-
0:41 - 0:43ကျွန်တော်က နိုင်ငံရေးသမားဆိုတော့
-
0:43 - 0:45ဒီအရာတွေကို သတိထားမိခဲ့တယ်။
-
0:45 - 0:47ပြောကြစတမ်းဆို
-
0:47 - 0:51မောလ်ဒိုက်ဟာ ကျွန်တော် လာတဲ့နေရာနဲ့
ဝေးပါတယ်၊ -
0:51 - 0:52ကျွန်တော့နိုင်ငံက ဘူတန်ပါ၊
-
0:53 - 0:56ဆိုတော့ သူတို့ရဲ့ဖြစ်အံ့အံ့ ကံကြမ္မာ
အတွက် တစ်စက်မျှ အိပ်ရေးမပျက်ခဲ့ဘူး။ -
0:57 - 1:02နောက် နှစ်လသာသာရှိတဲ့အခါ
နောက် နိုင်ငံရေး ထွင်လုံးတစ်ခုမြင်ခဲ့တယ်။ -
1:02 - 1:06ဒီတစ်ခါတော့ နီပေါ ဝန်ကြီးချုပ်ပါ။
-
1:06 - 1:10သူ့ဝန်ကြီး အစည်းအဝေးကို
ဧဝရက်တောင်မှာ လုပ်ခဲ့တယ်။ -
1:11 - 1:16ဟိမဝန္တာ ရေခဲမြစ်တွေ ပျော်ကျနေတာ
ကမ္ဘာကို သတိပေးဖို -
1:16 - 1:18သူ့ဝန်ကြီးအားလုံးကို
-
1:18 - 1:20ဧဝရက် တောင်ခြေ စခန်းအထိ ခေါ်သွားတယ်။
-
1:21 - 1:23အခုတော့ ကျွန်တော့ကို
စိတ်ပူစေလား။ -
1:23 - 1:24ကျိန်းသေတာပေါ့ဗျာ။
-
1:24 - 1:26ကျွန်တော်က ဟိမဝန္တာမှာ နေတာ။
-
1:28 - 1:30ဒါပေမဲ့ သူ့သတင်းစကားက
ကျွန်တော့ကို အိပ်ရေးပျက်စေလား။ -
1:31 - 1:32မပျက်ခဲ့ပါဘူး။
-
1:33 - 1:39နိုင်ငံရေးထွှင်လုံးက ကျွန်တော့ရဲ့လှတဲ့
အိပ်စက်မှုကိုစွက်ဖက်ဖို့ အသင့်မဖြစ်ခဲ့ဘူး။ -
1:39 - 1:41(ရယ်သံများ)
-
1:41 - 1:42ကဲ ရှေ့ ၁၀ နှစ်ကို အမြန်သွားရအောင်။
-
1:44 - 1:46ဒီနှစ် ဖေဖေါ်ဝါရီမှာ
-
1:46 - 1:49ဒီအစီရင်ခံစာကို တွေ့ခဲ့တယ်။
-
1:50 - 1:54ဒီအစီရင်ခံစာက
-
1:54 - 2:00ဟိန္ဒူ ကပ်ရှ် ဟိမဝန္တာတောင်တွေပေါ်က
ရေခဲ သုံးပုံတစ်ပုံဟာ ဒီရာစုအကုန်မှာ -
2:00 - 2:02ပျော်ကျနိုင်တယ်လို့ သုံးသပ်ထားတယ်။
-
2:03 - 2:05ဒါပေမဲ့ ဒါက
-
2:05 - 2:09စက်မှုခေတ်မတိုင်မီ အဆင့်တွေကိုလွန်တဲ့
-
2:09 - 2:13၁.၅ စင်တီဂရိတ်ထိ
ကမ္ဘာ့ပူနွေးမှုကို ထိန်းချုပ်နိုင်မှပါ။ -
2:13 - 2:16ဒါမှမဟုတ် မထိန်းချုပ်နိုင်ရင်တော့
-
2:16 - 2:18ရေခဲမြစ်တွေဟာ ပိုမြန်မြန်
ပျော်ကျလိမ့်မယ်။ -
2:21 - 2:24၁.၅ ဒီဂရီ ဆဲလ်ဆီရပ်။ "မဖြစ်နိုင်လိုက်တာ"
လို့ ကျွန်တော်တွေးမိတယ်။ -
2:24 - 2:27ပါရီ သဘောတူညီချက်ရဲ့ အလှမ်းကျယ်လွန်းတဲ့
သတ်မှတ်ချက်တွေတောင် -
2:28 - 2:31ကမ္ဘာ့ပူနွေးမှုကို နှစ်ဒီဂရီ စင်တီဂရိတ်ထိ
ကန့်သတ်ဖို့ ရည်ရွယ်ခဲ့တာလေ၊ -
2:31 - 2:36၁.၅ ဒီဂရီ စင်တီဂရိတ်က သူတိုခေါ်တဲ့
အကောင်းဆုံး စိတ်မှန်းဖြစ်နိုင်ခြေပါ။ -
2:37 - 2:39"အခုတော့ မမှန်နိုင်ဘူး"လို့ တွေးမိတယ်။
-
2:40 - 2:42ဟိန္ဒူ ကပ်ရှပ် ဟိမဝန္တာဒေသဟာ
-
2:42 - 2:46မြောက်နဲ့ တောင်ဝင်ရိုးစွန်းတွေပြီးရင်
-
2:46 - 2:47ကမ္ဘာ့ တတိအကြီးဆုံး ရေးခဲသိုက်ပါ။
-
2:47 - 2:50ဒါကြောင့် "တတိယ ဝင်ရိုးစွန်း"
လို့လည်း ခေါ်ကြတာပါ။ -
2:50 - 2:53ဒီဒေသမှာ ရေခဲအများ
ကြီးရှိပါတယ်။ -
2:53 - 2:56ဟုတ်ပါတယ်၊ ရေခဲမြစ်တွေဟာ
ပျော်ကျနေပါတယ်။ -
2:56 - 2:58ကျွန်တော်တို့ သိတယ်။
-
2:58 - 3:00ကျွန်တော့နိုင်ငံက ဒါတွေဆီ ရောက်ဖူးတယ်။
-
3:00 - 3:02ဒါတွေကို မြင်ဖူးတယ်၊ ဟုတ်တယ်၊
ပျော်ကျနေတာပါ။ -
3:02 - 3:04ခုခံနိုင်စွမ်းမဲ့နေတာပါ။
-
3:04 - 3:07"ဒါပေမဲ့ ဒီလောက် ခံနိုင်စွမ်းမမဲ့နိုင်ဘူး"
လို့တွေးတာ သတိရတယ်။ -
3:09 - 3:11ဒါပေမဲ့ ဖြစ်နေရင်ရော။
-
3:12 - 3:16ရေခဲမြစ်တွေဟာ မျော်လင့်တာထက်
ပိုမြန်မြန် ပျော်ကျခဲ့မယ်ဆိုရင်ရော။ -
3:16 - 3:21ရေခဲမြစ်တွေဟာ တွက်ထင်ခဲ့တာထက်
အများကြီး ပျော်လွယ်မယ်ဆိုရင်ရော။ -
3:21 - 3:24အကျိုးဆက်အနေနဲ့ ရေခဲကန်တွေ
-
3:24 - 3:27အခု ဒါတွေက ရေခဲမြစ်တွေ
ပျော်ကျလို့ ဖြစ်လာတဲ့ ကန်တွေရှိတယ်၊ -
3:27 - 3:31ဒီကန်တွေဟာ အပိုဆောင်းလာတဲ့ ရေရဲ့
အလေးချိန်အောက်မှာ ကျိုးပျက်ကုန်ရင်ရော။ -
3:33 - 3:35ဒီရေလျှံတာတွေက အခြား
ရေခဲကန်တွေထဲကို ဖြာဆင်းသွားက -
3:35 - 3:37ပိုကြီးမားတဲ့ ကျိုးပျက်မှုတွေ
ဖန်တီးရင်ရော။ -
3:38 - 3:42ဒါက ကျွန်တော့နိုင်ငံမှာ မကြုံစဖူး ရုတ်တရက်
ရေကြီးမှုတွေ ဖြစ်ပေါ်စေလိမ့်မယ်။ -
3:43 - 3:45ဒါကကျွန်တော့နိုင်ငံကို ဖျက်ဆီးပစ်လိမ့်မယ်။
-
3:46 - 3:49ဒါက နိုင်ငံကို ထိခိုက်ကာ
ကသောင်းကနင်းဖြစ်စေလိမ့်မယ်။ -
3:49 - 3:52ဒါက ကျွန်တော်တို့ရဲ့မြေ၊ အသက်မွေးမှုနဲ့
ဘဝနေထိုင်မှုကို တကယ့်ကို -
3:53 - 3:55ဖျက်ဆီးဖို့ အလားအလာရှိလိမ့်မယ်။
-
3:58 - 4:02ဒါကြောင့် ဒီအစီရင်ခံစာက
နိုင်ငံရေး ထွင်လုံးတွေ -
4:02 - 4:06မတတ်နိုင်တဲ့ နည်းလမ်းတွေနဲ့
ကျွန်တော့ကို အာရုံစိုက်မိစေတာပါ။ -
4:06 - 4:07ဒါက နီပေါမှာ အခြေပြုတဲ့
-
4:07 - 4:12ဘက်စုံပေါင်းစည်းထားတဲ့
တောင် ဖွံဖြိုးရေး နိုင်ငံတကာ ဗဟိုဌာန -
4:12 - 4:13(သို့) ICIMOD က စုထားတာပါ။
-
4:14 - 4:18သိပ္ပံပညာရှင်တွေနဲ့ ကျွမ်းကျင်သူတွေဟာ
ရေခဲမြစ်တွေကို လေ့လာတာ ဆယ်စုနှစ်ချီပါပြီ၊ -
4:18 - 4:23အစီရင်ခံစာက ညဆို အိပ်မရအောင်ဖြစ်စေပြီး
သတင်းဆိုးတွေနဲ့ မချိတင်ကဲဖြစ်နေတယ်၊ -
4:23 - 4:25ဆိုလိုတာက ကျွန်တော့နိုင်ငံနဲ့
-
4:25 - 4:27လူမျိုးတွေအတွက်ပါ။
-
4:28 - 4:30ဒါနဲ့ အိပ်ရေးပျက်တဲ့ ညများစွာနောက်မှာ
-
4:30 - 4:33ICIMOD ကို လည်ပတ်ဖို့
နီပေါကိုသွားခဲ့တယ်။ -
4:35 - 4:39အဲဒီမှာ အလွန် ကျွမ်းကျင်ကာ နှစ်မြှပ်ထားတဲ့
သိပ္ပံပညာရှင်တစ်ဖွဲ့ကို တွေ့ရှိခဲ့တယ်။ -
4:39 - 4:41ဒါက သူတို့ ပြောပြတာပါ။
-
4:42 - 4:43နံပါတ် တစ်။
-
4:44 - 4:48ဟိန္ဒူ ကပ်ရှပ် ဟိမဝန္တာ ရေခဲမြစ်တွေဟာ
အခုဆို ပျော်ကျနေတာ အတော်ကြာပြီ။ -
4:50 - 4:53ဥပမာ ဒီရေခဲမြစ်ကို ကြည့်ပါ။
-
4:53 - 4:55ဒါက ဧဝရက်တောင်ပေါ်မှာပါ။
-
4:55 - 5:01မြင်တဲ့အတိုင်း တစ်ခါက ဧရာမ ရေခဲမြစ်ဟာ
ရေခဲအတော်များများကို ဆုံးရှုံးသွားပါပြီ။ -
5:02 - 5:04နံပါတ် နှစ်။
-
5:04 - 5:06ရေခဲမြစ်တွဟာ အခု ပိုပြီးမြန်မြန်ကို
ပျော်ကျနေတယ်။ -
5:06 - 5:12အတော် မြန်မြန်ပါ၊ တကယ်က ဒါဟာ
ကမ္ဘာ့ပူနွေးမှုရဲ့ ၁.၅ ဒီဂရီ စင်တီဂရိတ်ပါ၊ -
5:12 - 5:15ရေခဲမြစ် သုံးပုံတစ်ပုံ အရည်ပျော်လိမ့်မယ်။
-
5:16 - 5:19ကမ္ဘာ့ပူနွေးမှုရဲ့ ၂ ဒီဂရီ စင်တီဂရိတ်မှာ
ရေခဲမြစ်တွေရဲ့ထက်ဝက် -
5:19 - 5:22ပျောက်ကွယ်လိမ့်မယ်။
-
5:22 - 5:25လက်ရှိ အလားအလာတွေ ဆက်ဖြစ်နေမယ်ဆို
-
5:25 - 5:28ရေခဲမြစ် သုံးပုံနှစ်ပုံအပြည့်
ပျောက်ကွယ်သွားလိမ့်မယ်။ -
5:30 - 5:31နံပါတ် သုံး။
-
5:32 - 5:37ကမ္ဘာ့ပူနွေးမှုဆိုတာက တောင်တွေဟာ
မိုးပိုရပြီး နှင်းရတာ ပိုနည်းတာပါ၊ -
5:39 - 5:42နှင်းကျတာနဲ့မတူပဲ မိုးက
ရေခဲကို ပျော်ကျစေတာပါ၊ -
5:43 - 5:45ဒါက ရေခဲမြစ်တွေရဲ့
ကျန်းမာမှုကို ထိခိုက်စေပါတယ်။ -
5:46 - 5:48နံပါတ် လေး။
-
5:49 - 5:52ဒေသတွင်းက ညစ်ညမ်းမှုက ရေခဲမြစ်တွေပေါ်
ပို့ချတဲ့ ကာဗွန်နက်ပမာဏကို -
5:52 - 5:55တိုးပွားစေခဲ့တယ်။
-
5:55 - 5:56ကာဗွန်နက်ဟာ ကျပ်ခိုးလိုဟာပါ။
-
5:56 - 5:58ကဗွန်နက်က အပူကို စုပ်ယူပြီး
-
5:58 - 6:01ရေခဲမြစ်တွေ ပျော်ကျခြင်းကို
အရှိန်မြှင့်ပေးတာပါပဲ။ -
6:02 - 6:03အနှစ်ချုပ်ရရင်
-
6:04 - 6:07ရေခဲမြစ်တွေဟာ
အလျှင်အမြန် ပျော်ကျနေပြီး -
6:08 - 6:11ကမ္ဘာ့ပူနွေးမှုက ၎င်းတို့ကို
ပိုမြန်မြန် ပျော်ကျအောင်လုပ်နေပါတယ်။ -
6:13 - 6:14ဒါပေမဲ့ ဒါက ဘာကိုဆိုလိုတာလဲ
-
6:16 - 6:20ဆိုလိုတာက ဟိန္ဒူ ကပ်ရှ် ဟိမဝန္တာဒေသ၊
-
6:20 - 6:23အာဖဂန်နစ္စတန်၊ ပါကစ္စတန်၊ အိန္ဒိယ၊ တရုတ်၊
-
6:23 - 6:28နီပေါ၊ ဘင်္ဂလားဒေ့ရှ် မြန်မာ
မှာ နေထိုင်တဲ့ သန်း ၂၄၀ ရှိတဲ့ လူတွေနဲ့ -
6:28 - 6:31ကျွန်တော် ချစ်ရပါတဲ့နိုင်ငံ ဘူတန်
-
6:31 - 6:33ဒီလူတွေကိ တိုက်ရိုက် ထိခိုက်မှာပါ။
-
6:35 - 6:37ရေခဲမြစ်တွေ ပျော်ကျတဲ့အခါ
-
6:37 - 6:39မိုးပိုများပြီး နှင်းပိုနည်းတဲ့အခါ
-
6:39 - 6:43ရေပြုမူပုံမှာ ဧရာမအပြောင်းအလဲတွေ
ဖြစ်လိမ့်မယ်။ -
6:44 - 6:45လွန်ကဲမှုတွေ ပိုများလိမ့်မယ်၊
-
6:47 - 6:50ပို ပြင်းတဲ့မိုး၊ပိုများတဲ့
ရုတ်တရက်ရေကြီးမှု၊ပိုများတဲ့မြေပြိုမှု -
6:50 - 6:53ပိုများတဲ့ ရေခဲကန် ကျိုးပျက်
ရေလျှံတာတွေပါ။ -
6:53 - 6:57ဒါအားလုံးက ကမ္ဘာမြေမှာ အဆင်းရဲဆုံး
လူတစ်ချို့ရှိပြီးသား -
6:57 - 7:02ဒေသတစ်ခုထဲမှာ စိတ်ကူး
မရနိုင်တဲ့ ပျက်စီးမှု ဖြစ်စေမှာပါ။ -
7:04 - 7:07ဒါပေမဲ ထိခိုက်ခံရမယ့် လူတွေက
ဒီအနီးဆုံး ဒေသထဲက -
7:07 - 7:08လူတွေတင် မဟုတ်ပါဘူး။
-
7:08 - 7:12ရေစုန်မှာ နေထိုင်နေတဲ့ လူတွေကိုပါ
ထိခိုက်စေမှာပါ။ -
7:14 - 7:18အကြောင်းက ဟိန္ဒူ ကပ်ရှ်
ဟိမဝန္တာတောင်တွေမှာ -
7:18 - 7:21အစပြုတဲ့ အဓိက မြစ် ၁၀ စင်းကြောင့်ပါ။
-
7:22 - 7:27ဒီမြစ်တွေဟာ ရေစုန်မှာ နေထိုင်နေတဲ့
လူ ၁.၆ ဘီလီယံကျော်ကို -
7:27 - 7:28စိုက်ပျိုးရေးနဲ့
-
7:28 - 7:33သောက်သုံးရေအတွက် အရေးပါတဲ့
ရေကို ထောက်ပံ့ပေးတယ်။ -
7:33 - 7:36ဒါက လူသား ငါးဦးမှာ တစ်ဦးပါ။
-
7:37 - 7:39ဒါကြောင့် ဟိန္ဒူ ကပ်ရှ်
ဟိမဝန္တာ တောင်တွေကို -
7:41 - 7:42"အာရှရဲ့ ရေစင်တွေ"လို့ခေါ်တာပါ။
-
7:44 - 7:45ဒါပေမဲ့ ရေခဲမြစ်တွေပျော်ကျရင်
-
7:46 - 7:48မုတ်သုန်လေက ပြင်းထန်သွားရင်
-
7:48 - 7:51ဒီမြစ်တွေဟာ သိသိသာသာ ရေလျှံမှာဆိုတော့
-
7:51 - 7:54ရေကို မလိုအပ်တဲ့အခါ
ဒလဟောကျတာတွေနဲ့ -
7:54 - 7:57ရေကို အသည်းအသန် လိုအပ်တဲ့အခါ
-
7:57 - 7:59မိုးခေါင်ရေရှားမှုတွေ ဖြစ်လိမ့်မယ်။
-
7:59 - 8:05အတိုချုပ်ရရင် အာရှ ရေစင်ဟာ ပြိုကျပြီး
-
8:05 - 8:11လူသား ငါးပုံတစ်ပုံအတွက်
ကပ်ဆိုက်စေလိမ့်မယ်။ -
8:15 - 8:16ကျန်ရှိတဲ့ ကမ္ဘာက ဂရုစိုက်သင့်လား။
-
8:18 - 8:20ဥပမာ ခင်ဗျားတို့ ဂရုစိုက်သင့်လား။
-
8:20 - 8:24သတိရပါ၊ မော်လ်ဒိုက်ကျွန်းတွေ ရေအောက်
ရောက်သွားနိုင်တယ်လို့ ကြားစဉ်က -
8:24 - 8:26ကျွန်တော် ဂရုမစိုက်ခဲ့ဘူး။
-
8:26 - 8:29ဒါက ပြဿနာရဲ့ အခရာ မဟုတ်လား။
-
8:29 - 8:30ကျွန်တော်တို့ ဂရုမစိုက်ကြဘူး။
-
8:32 - 8:35ကိုယ်တိုင် မထိခိုက်ခင်အထိ
ကျွန်တော်တို့ ဂရုမစိုက်ကြဘူး။ -
8:36 - 8:38ဆိုလိုတာက သိတယ်၊ ရာသီဥတု
ပြောင်းလဲမှု တကယ်ဆိုတာ သိတယ်။ -
8:38 - 8:41စိုးရိမ်၊အံ့သြဖွယ် အပြောင်းအလဲကို
ရင်ဆိုင်ရတာ သိကြတယ်။ -
8:41 - 8:43ဒါက အမြန်လာနေတာ သိကြတယ်။
-
8:43 - 8:44ဒါပေမဲ့ အများစုက
-
8:46 - 8:49အရာတိုင်းဟာ ပုံမှန်ဖြစ်သလို
ပြုမူနေကြတယ်။ -
8:50 - 8:52ဒီတော့ ကျွန်တော်တို့ အားလုံး
-
8:53 - 8:54ဂရုစိုက်ရမှာပါ။
-
8:54 - 8:59ရေခဲမြစ်တွေ ပျော်ကျခြင်းကြောင့်
ထိခိုက်ခံရသူတွေအတွက် ဂရုမစိုက်နိုင်ရင် -
8:59 - 9:01ကိုယ့်ကိုယ်ကိုယ်တော့ ဂရုစိုက်သင့်တယ်လေ။
-
9:02 - 9:05အကြောင်းက ဟိန္ဒူ ကပ်ရှ်
ဟိမဝန္တာတောင်တွေဟာ -
9:05 - 9:09ဒေသတစ်ခုလုံးဟာ ကမ္ဘာဂြိုဟ်ရဲ့
သွေးခုန်နှုန်းလိုပါ။ -
9:11 - 9:13ဒီဒေသ ဖျားနာရင်
-
9:13 - 9:16နောက်ဆုံး ကမ္ဘာဂြိုဟ်တစ်ခုလုံး
ခံစားရမှာပါ။ -
9:17 - 9:18လောလောဆယ်မှာတော့
-
9:19 - 9:22အမြန် ပျော်ကျနေတဲ့ ရေခဲမြစ်တွေနဲ့အတူ
-
9:22 - 9:24ဒီဒေသဟာ ချူချာရုံတင်မက
-
9:24 - 9:25အကူအညီ တောင်းခံနေတာပါ။
-
9:28 - 9:30ဒါက ကျန်တဲ့ကမ္ဘာကို ဘယ်လို
ထိခိုက်စေမှာလဲ။ -
9:30 - 9:35ရှင်းနေတဲ့ အနာဂတ် ဖြစ်နိုင်ခြေ
တစ်ခုက ကုဋေချီတဲ့ -
9:35 - 9:39ရာသီဥတု ဒုက္ခသည်တွေကြောင့်
ဖြစ်တဲ့ အလားအလာရှိတဲ့ မတည်ငြိမ်မှုပါ၊ -
9:39 - 9:42သူတို့ဟာ ရေ လုံးဝ(သို့)နည်းနည်းမျှ
မရှိတာကြောင့် (သို့) -
9:42 - 9:45ရေခဲမြစ်တွေ ပျော်ကျတာက
အသက်မွေးမှုတွေကို ပျက်စီးတာကြောင့် -
9:45 - 9:46အတင်း ရွေ့ပြောင်းခံရမယ့်သူတွေပါ။
-
9:47 - 9:51ကျွန်တော်တို့ ပေါ့ပေါ့လေး ယူဆလို့မရတဲ့
နောက်ထပ်ဖြစ်နိုင်ခြေက -
9:51 - 9:54ရေကြောင့်ဖြစ်တဲ့ ပဋိပက္ခဖြစ်နိုင်ခြေနဲ့
-
9:55 - 10:02နူကလိယ စွမ်းအင် သုံးခုရှိတဲ့ ဒေသတစ်ခုထဲက
နိုင်ငံရေး မတည်ငြိမ်မှုပါ။ -
10:02 - 10:07တရုတ်၊ အိန္ဒိယ၊ ပါကစ္စတန်ပါ။
-
10:09 - 10:14ကျွန်တော်တို့ရဲ့ ဒေသတွင်းက အခြေအနေဟာ
အစိုးရအချင်းချင်း ဌာသစ်တစ်ခု ဖန်တီးမှုကို -
10:14 - 10:19ခိုင်လုံစေလောက်အောင် လုံလောက်တဲ့
စိုးရိမ်ဖွယ်ရာလို့ ယုံကြည်မိပါတယ်။ -
10:20 - 10:24ဒီတော့ ကမ္ဘာ့ အဲဒီအပိုင်းမှ
ဒေသခံတစ်ဦးအနေနဲ့ -
10:24 - 10:27ဒီနေ့ ဒီမှာ အဆိုပြုချင်တာက
-
10:27 - 10:30Third Pole Council တည်ထောင်မှုပါ။
-
10:32 - 10:35ကမ္ဘာ့ တတိယ အကြီးဆုံး ရေခဲသိုက်
ကာကွယ်ရေးရဲ့ -
10:35 - 10:39တစ်မူထူးတဲ့ တာဝန် ပေးအပ်ထားတဲ့
-
10:39 - 10:42အဆင့်မြင့် အစိုးရအချင်းချင်းဆိုင်ရာ
အဖွဲ့အစည်းတစ်ခုပါ။ -
10:44 - 10:46Third Pole Council တစ်ခုမှာ
-
10:46 - 10:50ဒေသတွင်းက ရှစ်နိုင်ငံစလုံး
အဖွဲ့ဝင် နိုင်ငံတွေအဖြစ် -
10:50 - 10:51တန်းတူ အဖွဲ့ဝင်နိုင်ငံတွေ
-
10:51 - 10:54အဖြစ် ပါဝင်မှာဖြစ်ပြီး
-
10:54 - 10:57ကိုယ်စားလှယ် အဖွဲ့အစည်းတွေနဲ့ ဒေသတွင်းက
-
10:57 - 11:00ကိုယ်ကျိုးမျှော်လင့်ချက်ရှိတဲ့ အခြား
နိုင်ငံတွေလည်း မဲမပေးတဲ့ အဖွဲ့ဝင်တွေအဖြစ် -
11:00 - 11:02ပါဝင်နိုင်ပါတယ်။
-
11:02 - 11:04ဒါပေမဲ့ ကြီးမားတဲ့ စိတ်ကူးက
-
11:04 - 11:08အတူတကွ အလုပ်လုပ်ဖို့
ပါဝင်သူတွေအားလုံး စုစည်းဖို့၊ -
11:08 - 11:12ရေခဲမြစ်တွေရဲ့ ကျန်းမာမှုကို စောင့်ကြည့်
ရန် အတူတကွ အလုပ်လုပ်ဖို့၊ -
11:12 - 11:17ရေခဲဖြစ်တွေ ကာကွယ်ရန်အကောင်အထည်ဖော်မှုနဲ့
မူဝါဒတွေ ပုံဖော်ဖို့ အတူတကွ လုပ်ဆောင်ဖို့၊ -
11:17 - 11:19တစ်ဆင့်တက်ကာ
-
11:19 - 11:24ရေခဲမြစ်တွေကို တည်မှီနေတဲ့ ဘီလီယံချီတဲ့
လူတွေကို ကာကွယ်ဖို့ပါ။ -
11:26 - 11:27အတူတကွ အလုပ်လုပ်ဖို့လိုပါတယ်၊
-
11:29 - 11:33အကြောင်းက တစ်ကမ္ဘာလုံး တွေးခြင်း၊
ဒေသအလိုက် လုပ်ဆောင်ခြင်းဟာ -
11:35 - 11:36အလုပ်မဖြစ်တာကြောင့်ပါ။
-
11:36 - 11:37ဒါကို ဘူတန်မှာ စမ်းကြည့်ဖူးတယ်။
-
11:38 - 11:43ဒေသအလိုက် လုပ်ဆောင်ဖို့
ကြီးမားတဲ့ စွန့်လွှတ်မှုတွေ လုပ်ထားပြီး -
11:45 - 11:50တစ်ဦးချင်း အကန့်အသတ်နဲ့ အားထုတ်မှုတွေက
ဆက်လက် အရေးပါပေမဲ့ -
11:50 - 11:53ရာသီဥတု ပြောင်းလဲမှုရဲ့ အပြင်းအထန်
တိုက်ခိုက်မှုကို မခံနိုင်ကြပါဘူး။ -
11:54 - 11:57ရာသီဥတု ပြောင်းလဲမှုကို ခံနိုင်ဖို့
ကျွန်တော်တို့ အတူတကွ လုပ်ရမှာပါ။ -
11:58 - 12:02ကျွန်တော်တို့ဟာ တစ်ကမ္ဘာလုံး တွေးပြီး
ဒေသအလိုက် လုပ်ဆောင်ရမျာပါ။ -
12:03 - 12:07အတူတကွ လုပ်ဆောင်ဖို့၊
ရာသီဥတု ပြောင်းလဲမှုကို -
12:07 - 12:08အတူတကွ တိုက်ဖို့၊
-
12:09 - 12:10ကျွန်တော်တို့ရဲ့အသံတွေကို
အတူတူ ကြားရဖို့ -
12:11 - 12:13ကျွန်တော်တို့ရဲ ဒေသတစ်ခုလုံး
အတူတူ စုစည်းရမှာပါ။ -
12:16 - 12:20ဒါက အိန္ဒိယနဲ့ တရုတ်ပါဝင်ပါတယ်။
-
12:21 - 12:23သူတို့ဟာ ဒီကစားပွဲကို
အရှိန်မြှင့်ရမှာပါ။ -
12:24 - 12:29ရေခဲမြစ်တွေကို ကာကွယ်ဖို့
တိုက်ပွဲရဲ့ ပိုင်ဆိုင်မှုကို ယူရမှာပါ။ -
12:29 - 12:33ဒီအတွက် ဒီနှစ်နိုင်ငံ၊
ဒီသြဇာကြီးတဲ့ ဘီလူးကြီးတွေဟာ -
12:33 - 12:35သူတို့ရဲ့ ဖန်လုံအိမ် ၊
ဓာတ်ငွေ့တွေကို လျှော့ချ -
12:37 - 12:39ညစ်ညမ်းမှုကို ထိန်းချုပ်ကာ
တိုက်ပွဲကို ဦးဆောင်ရပါမယ်။ -
12:41 - 12:44ရာသီဥတု ပြောင်းလဲမှုကို ဆန့်ကျင်တဲ့
တစ်ကမ္ဘာလုံးတိုက်ပွဲကို ဦးဆောင်ပါ။ -
12:46 - 12:49အားမာန်သစ်တဲ့ အရေးပေါ်အသိ
တစ်ခုနဲ့ပါ။ -
12:49 - 12:53ဒီအခါမှပဲ၊ ဒါပဲဖြစ်လောက်တာပါ၊
-
12:53 - 12:55ရေခဲမြစ်တွေအပေါ် တည်မှီနေတဲ့
-
12:55 - 12:57ကျွန်တော်တို့ဒေသနဲ့ အခြားဒေသတွေဟာ
ကပ်ဆိုးကြီးတွေကို -
12:57 - 13:02ရှောင်ရှားဖို့ အခွင့်အလမ်းရမှာပါ။
-
13:04 - 13:05အချိန်က ကုန်နေတာပါ။
-
13:06 - 13:10အခု အတူတူ လုပ်ဆောင်ရမှာပါ။
-
13:10 - 13:17ဒါမှမဟုတ်ရင် နောက်တစ်ခါ နိပေါရဲ့ ဝန်ကြီး
အစည်းအဝေးကို ဧဝရက်တောင်ပေါ်မှာ ကျင်းပရင်၊ -
13:17 - 13:19ဒီခမ်းနားတဲ့ နောက်ခံကားဟာ
-
13:21 - 13:22လုံးဝ ခြားနားသွားနိုင်ပါတယ်။
-
13:25 - 13:26ပြီးတော့ ဒါဖြစ်လာရင်
-
13:28 - 13:30ရေခဲမြစ်တွေ ပျော်ကျရင်
-
13:30 - 13:34မြင့်လာတဲ့ ပင်လယ်ရေမျက်နှာပြင်တွေက
မော်လ်ဒိုက်ကို မြှုပ်ပစ်နိုင်ပါတယ်။ -
13:35 - 13:40ပြီးတော့ ကမ္ဘာကို အရေးပေါ်
အကူအညီတောင်းခံချက်ပို့ဖို့ -
13:40 - 13:42ရေအောက်ဝန်ကြီးအဖွဲ့အစည်းအဝေးတွေ
သူတို့ ကျင်းပနိုင်ပေမဲ့ -
13:42 - 13:45သူတို့ရဲ့ ကျွန်းတွေ ဆက်တည်ရှိမှသာ
-
13:45 - 13:49သူတို့ရဲ့နိုင်ငံ ဆက်တည်ရှိနိုင်မှာပါ။
-
13:51 - 13:56မောလ်ဒိုက်ကျွန်းတွေဟာ
အဝေးကြီးမှာ ရှိနေပါသေးတယ်။ -
13:57 - 14:01သူတို့ရဲ့ကျွန်းတွေဟာ ကျွန်တော်နေတဲ့
နေရာကနေ ဝေးပါတယ်။ -
14:02 - 14:07ဒါပေမဲ့ အခု အဲဒီမှာ ဖြစ်ပျက်တာကို
ကျွန်တော် အနီးကပ် အာရုံစိုက်ပါတယ်။ -
14:09 - 14:12ကျေးဇူးအများကြီးတင်ပါတယ်။
-
14:12 - 14:17(လက်ခုပ်သံများ)
- Title:
- ကမ္ဘာ့" တတိယဝင်ရိုးစွန်း" ကို ကာကွယ်ဖို့ အရေးတကြီး နှိုးဆော်ချက်။
- Speaker:
- Tshering Tobgay
- Description:
-
ဟိန္ဒူကပ်ရှ် ဟိမဝန္တာ ဒေသဟာ မြောက်နဲ့ တောင်ဝင်ရိုးစွန်းတွေပြီးရင် ကမ္ဘာ့ တတိယ အကြီးဆုံး ရေခဲသိုက်ဖြစ်ပြီး လက်ရှိ ပျော်ကျနေတဲ့နှုန်းအတိုင်း ဆက်ပျော်ကျနေမယ်ဆိုရင် ၎င်းရဲ့ ရေခဲမြစ် သုံးပုံနှစ်ပုံဟာ ဒီရာစုနှစ်အဆုံးမှာ ပျောက်ကွယ်သွားနိုင်ပါတယ်။ ဒီအတိုင်း ဒါတွေကို ပျော်ကျခွင့်ပေးလိုက်ရင် ဘာများဖြစ်သွားလိမ့်မလဲ။ ပတ်ဝန်းကျင်ဆိုင်ရာပညာရှင်နဲ့ ဘူတန်ရဲ့ ဝန်ကြီးချုပ်ဟောင်း Tshering Tobgay ကနေပြီး ရေခဲမြစ်တွေကို ကာကွယ်ရန်နှင့် မြေနဲ့ အသက်မွေးဝမ်းကျောင်းတွေကို ဖျက်ဆီးပစ်မယ့် ကြီးမားလှတဲ့ ရေကြီးမှုကနေ ရေစုန်မှာရှိတဲ့ ဘီလီယံ နှစ်သန်းရှိတဲ့ လူတွေကို ကယ်တင်ဖို့ အစိုးရအချင်းချင်းဆိုင်ရာ ကိုယ်စားလှယ်ဌာနတစ်ခု ဖန်တီးဖို့အရေးပေါ် နှိုးဆော်ချက်တစ်ခုဖန်တီးရင်း "အာရှရဲ့ ရေစင်တွေ"ဆီကနေ နောက်ဆုံး အခြေအနေကို မျှဝေထားပါတယ်။
- Video Language:
- English
- Team:
- closed TED
- Project:
- TEDTalks
- Duration:
- 14:33
sann tint approved Burmese subtitles for An urgent call to protect the world's "Third Pole" | ||
sann tint edited Burmese subtitles for An urgent call to protect the world's "Third Pole" | ||
sann tint edited Burmese subtitles for An urgent call to protect the world's "Third Pole" | ||
Myo Aung accepted Burmese subtitles for An urgent call to protect the world's "Third Pole" | ||
Myo Aung edited Burmese subtitles for An urgent call to protect the world's "Third Pole" | ||
sann tint edited Burmese subtitles for An urgent call to protect the world's "Third Pole" | ||
sann tint edited Burmese subtitles for An urgent call to protect the world's "Third Pole" | ||
sann tint edited Burmese subtitles for An urgent call to protect the world's "Third Pole" |