1 00:00:01,531 --> 00:00:06,198 ၂၀၀၉ ခု အောက်တိုဘာလ ၁၇ ရက်နေ့မှာ 2 00:00:06,222 --> 00:00:10,690 မောလ်ဒိုက်ရဲ့ သမ္မတ Mohamed Nasheed ဟာ တစ်မူထူးခြားတာတစ်ခု လုပ်ခဲ့တယ်။ 3 00:00:11,811 --> 00:00:15,374 ဝန်ကြီးအဖွဲ့အစည်းအဝေးကို ရေအောက်မှာ ကျင်းပခဲ့တယ်။ 4 00:00:19,614 --> 00:00:24,130 ကမ္ဘာကြီး ပူနွေးလာမှု မထိန်းချုပ်ရင် သူ့နိုင်ငံမြုပ်နိင်တာ ကမ္ဘာကို သတိပေးဖို့ 5 00:00:24,154 --> 00:00:28,633 သူ့ဝန်ကြီးတွေကို ရေငုပ် ကိရိယာဝတ်စုံနဲ့ 6 00:00:28,657 --> 00:00:30,979 အဲ့ဒီအတိုင်း တကယ် ခေါ်သွားခဲ့တယ်။ 7 00:00:31,741 --> 00:00:35,146 ကမ္ဘာတစ်လွှားကို သူ့သတင်းစကား ပါးခဲ့လား၊ မပါးခဲ့ဘူးလာ မသိပေမဲ့ 8 00:00:35,170 --> 00:00:36,929 ကျွန်တော့နိုင်ငံက အသေအချာ ရလိုက်တယ်။ 9 00:00:37,908 --> 00:00:39,868 နိုင်ငံရေး ထွင်လုံးတစ်ခု မြင်ခဲ့တယ်။ 10 00:00:40,901 --> 00:00:42,577 ကျွန်တော်က နိုင်ငံရေးသမားဆိုတော့ 11 00:00:42,601 --> 00:00:44,520 ဒီအရာတွေကို သတိထားမိခဲ့တယ်။ 12 00:00:45,108 --> 00:00:46,751 ပြောကြစတမ်းဆို 13 00:00:46,775 --> 00:00:50,750 မောလ်ဒိုက်ဟာ ကျွန်တော် လာတဲ့နေရာနဲ့ ဝေးပါတယ်၊ 14 00:00:50,774 --> 00:00:52,493 ကျွန်တော့နိုင်ငံက ဘူတန်ပါ၊ 15 00:00:52,517 --> 00:00:56,258 ဆိုတော့ သူတို့ရဲ့ဖြစ်အံ့အံ့ ကံကြမ္မာ အတွက် တစ်စက်မျှ အိပ်ရေးမပျက်ခဲ့ဘူး။ 16 00:00:57,375 --> 00:01:01,638 နောက် နှစ်လသာသာရှိတဲ့အခါ နောက် နိုင်ငံရေး ထွင်လုံးတစ်ခုမြင်ခဲ့တယ်။ 17 00:01:02,234 --> 00:01:06,098 ဒီတစ်ခါတော့ နီပေါ ဝန်ကြီးချုပ်ပါ။ 18 00:01:06,122 --> 00:01:09,845 သူ့ဝန်ကြီး အစည်းအဝေးကို ဧဝရက်တောင်မှာ လုပ်ခဲ့တယ်။ 19 00:01:11,102 --> 00:01:16,428 ဟိမဝန္တာ ရေခဲမြစ်တွေ ပျော်ကျနေတာ ကမ္ဘာကို သတိပေးဖို 20 00:01:16,452 --> 00:01:18,394 သူ့ဝန်ကြီးအားလုံးကို 21 00:01:18,418 --> 00:01:20,379 ဧဝရက် တောင်ခြေ စခန်းအထိ ခေါ်သွားတယ်။ 22 00:01:21,170 --> 00:01:22,869 အခုတော့ ကျွန်တော့ကို စိတ်ပူစေလား။ 23 00:01:22,893 --> 00:01:24,139 ကျိန်းသေတာပေါ့ဗျာ။ 24 00:01:24,163 --> 00:01:25,527 ကျွန်တော်က ဟိမဝန္တာမှာ နေတာ။ 25 00:01:27,598 --> 00:01:30,130 ဒါပေမဲ့ သူ့သတင်းစကားက ကျွန်တော့ကို အိပ်ရေးပျက်စေလား။ 26 00:01:31,205 --> 00:01:32,355 မပျက်ခဲ့ပါဘူး။ 27 00:01:32,748 --> 00:01:38,579 နိုင်ငံရေးထွှင်လုံးက ကျွန်တော့ရဲ့လှတဲ့ အိပ်စက်မှုကိုစွက်ဖက်ဖို့ အသင့်မဖြစ်ခဲ့ဘူး။ 28 00:01:38,952 --> 00:01:40,722 (ရယ်သံများ) 29 00:01:40,746 --> 00:01:42,428 ကဲ ရှေ့ ၁၀ နှစ်ကို အမြန်သွားရအောင်။ 30 00:01:43,865 --> 00:01:46,386 ဒီနှစ် ဖေဖေါ်ဝါရီမှာ 31 00:01:46,410 --> 00:01:48,690 ဒီအစီရင်ခံစာကို တွေ့ခဲ့တယ်။ 32 00:01:50,163 --> 00:01:54,154 ဒီအစီရင်ခံစာက 33 00:01:54,178 --> 00:02:00,332 ဟိန္ဒူ ကပ်ရှ် ဟိမဝန္တာတောင်တွေပေါ်က ရေခဲ သုံးပုံတစ်ပုံဟာ ဒီရာစုအကုန်မှာ 34 00:02:00,356 --> 00:02:02,469 ပျော်ကျနိုင်တယ်လို့ သုံးသပ်ထားတယ်။ 35 00:02:03,085 --> 00:02:05,380 ဒါပေမဲ့ ဒါက 36 00:02:05,404 --> 00:02:08,611 စက်မှုခေတ်မတိုင်မီ အဆင့်တွေကိုလွန်တဲ့ 37 00:02:08,635 --> 00:02:12,916 ၁.၅ စင်တီဂရိတ်ထိ ကမ္ဘာ့ပူနွေးမှုကို ထိန်းချုပ်နိုင်မှပါ။ 38 00:02:12,940 --> 00:02:15,810 ဒါမှမဟုတ် မထိန်းချုပ်နိုင်ရင်တော့ 39 00:02:15,834 --> 00:02:17,817 ရေခဲမြစ်တွေဟာ ပိုမြန်မြန် ပျော်ကျလိမ့်မယ်။ 40 00:02:20,766 --> 00:02:24,149 ၁.၅ ဒီဂရီ ဆဲလ်ဆီရပ်။ "မဖြစ်နိုင်လိုက်တာ" လို့ ကျွန်တော်တွေးမိတယ်။ 41 00:02:24,173 --> 00:02:27,490 ပါရီ သဘောတူညီချက်ရဲ့ အလှမ်းကျယ်လွန်းတဲ့ သတ်မှတ်ချက်တွေတောင် 42 00:02:27,514 --> 00:02:30,750 ကမ္ဘာ့ပူနွေးမှုကို နှစ်ဒီဂရီ စင်တီဂရိတ်ထိ ကန့်သတ်ဖို့ ရည်ရွယ်ခဲ့တာလေ၊ 43 00:02:31,317 --> 00:02:35,822 ၁.၅ ဒီဂရီ စင်တီဂရိတ်က သူတိုခေါ်တဲ့ အကောင်းဆုံး စိတ်မှန်းဖြစ်နိုင်ခြေပါ။ 44 00:02:37,435 --> 00:02:39,484 "အခုတော့ မမှန်နိုင်ဘူး"လို့ တွေးမိတယ်။ 45 00:02:39,508 --> 00:02:41,662 ဟိန္ဒူ ကပ်ရှပ် ဟိမဝန္တာဒေသဟာ 46 00:02:41,686 --> 00:02:45,512 မြောက်နဲ့ တောင်ဝင်ရိုးစွန်းတွေပြီးရင် 47 00:02:45,536 --> 00:02:47,186 ကမ္ဘာ့ တတိအကြီးဆုံး ရေးခဲသိုက်ပါ။ 48 00:02:47,210 --> 00:02:49,781 ဒါကြောင့် "တတိယ ဝင်ရိုးစွန်း" လို့လည်း ခေါ်ကြတာပါ။ 49 00:02:50,361 --> 00:02:52,527 ဒီဒေသမှာ ရေခဲအများ ကြီးရှိပါတယ်။ 50 00:02:53,377 --> 00:02:55,860 ဟုတ်ပါတယ်၊ ရေခဲမြစ်တွေဟာ ပျော်ကျနေပါတယ်။ 51 00:02:56,380 --> 00:02:57,535 ကျွန်တော်တို့ သိတယ်။ 52 00:02:58,253 --> 00:03:00,092 ကျွန်တော့နိုင်ငံက ဒါတွေဆီ ရောက်ဖူးတယ်။ 53 00:03:00,116 --> 00:03:02,217 ဒါတွေကို မြင်ဖူးတယ်၊ ဟုတ်တယ်၊ ပျော်ကျနေတာပါ။ 54 00:03:02,241 --> 00:03:03,798 ခုခံနိုင်စွမ်းမဲ့နေတာပါ။ 55 00:03:03,822 --> 00:03:06,734 "ဒါပေမဲ့ ဒီလောက် ခံနိုင်စွမ်းမမဲ့နိုင်ဘူး" လို့တွေးတာ သတိရတယ်။ 56 00:03:09,275 --> 00:03:10,774 ဒါပေမဲ့ ဖြစ်နေရင်ရော။ 57 00:03:11,739 --> 00:03:15,675 ရေခဲမြစ်တွေဟာ မျော်လင့်တာထက် ပိုမြန်မြန် ပျော်ကျခဲ့မယ်ဆိုရင်ရော။ 58 00:03:16,320 --> 00:03:20,944 ရေခဲမြစ်တွေဟာ တွက်ထင်ခဲ့တာထက် အများကြီး ပျော်လွယ်မယ်ဆိုရင်ရော။ 59 00:03:20,968 --> 00:03:24,439 အကျိုးဆက်အနေနဲ့ ရေခဲကန်တွေ 60 00:03:24,463 --> 00:03:27,368 အခု ဒါတွေက ရေခဲမြစ်တွေ ပျော်ကျလို့ ဖြစ်လာတဲ့ ကန်တွေရှိတယ်၊ 61 00:03:27,392 --> 00:03:31,233 ဒီကန်တွေဟာ အပိုဆောင်းလာတဲ့ ရေရဲ့ အလေးချိန်အောက်မှာ ကျိုးပျက်ကုန်ရင်ရော။ 62 00:03:32,585 --> 00:03:35,354 ဒီရေလျှံတာတွေက အခြား ရေခဲကန်တွေထဲကို ဖြာဆင်းသွားက 63 00:03:35,378 --> 00:03:37,481 ပိုကြီးမားတဲ့ ကျိုးပျက်မှုတွေ ဖန်တီးရင်ရော။ 64 00:03:38,452 --> 00:03:42,227 ဒါက ကျွန်တော့နိုင်ငံမှာ မကြုံစဖူး ရုတ်တရက် ရေကြီးမှုတွေ ဖြစ်ပေါ်စေလိမ့်မယ်။ 65 00:03:43,113 --> 00:03:45,271 ဒါကကျွန်တော့နိုင်ငံကို ဖျက်ဆီးပစ်လိမ့်မယ်။ 66 00:03:46,302 --> 00:03:48,914 ဒါက နိုင်ငံကို ထိခိုက်ကာ ကသောင်းကနင်းဖြစ်စေလိမ့်မယ်။ 67 00:03:48,938 --> 00:03:52,478 ဒါက ကျွန်တော်တို့ရဲ့မြေ၊ အသက်မွေးမှုနဲ့ ဘဝနေထိုင်မှုကို တကယ့်ကို 68 00:03:52,502 --> 00:03:55,009 ဖျက်ဆီးဖို့ အလားအလာရှိလိမ့်မယ်။ 69 00:03:58,491 --> 00:04:02,371 ဒါကြောင့် ဒီအစီရင်ခံစာက နိုင်ငံရေး ထွင်လုံးတွေ 70 00:04:02,395 --> 00:04:05,735 မတတ်နိုင်တဲ့ နည်းလမ်းတွေနဲ့ ကျွန်တော့ကို အာရုံစိုက်မိစေတာပါ။ 71 00:04:05,759 --> 00:04:06,948 ဒါက နီပေါမှာ အခြေပြုတဲ့ 72 00:04:06,972 --> 00:04:11,537 ဘက်စုံပေါင်းစည်းထားတဲ့ တောင် ဖွံဖြိုးရေး နိုင်ငံတကာ ဗဟိုဌာန 73 00:04:11,561 --> 00:04:12,846 (သို့) ICIMOD က စုထားတာပါ။ 74 00:04:13,600 --> 00:04:18,315 သိပ္ပံပညာရှင်တွေနဲ့ ကျွမ်းကျင်သူတွေဟာ ရေခဲမြစ်တွေကို လေ့လာတာ ဆယ်စုနှစ်ချီပါပြီ၊ 75 00:04:18,339 --> 00:04:23,060 အစီရင်ခံစာက ညဆို အိပ်မရအောင်ဖြစ်စေပြီး သတင်းဆိုးတွေနဲ့ မချိတင်ကဲဖြစ်နေတယ်၊ 76 00:04:23,084 --> 00:04:25,395 ဆိုလိုတာက ကျွန်တော့နိုင်ငံနဲ့ 77 00:04:25,419 --> 00:04:26,569 လူမျိုးတွေအတွက်ပါ။ 78 00:04:27,750 --> 00:04:29,973 ဒါနဲ့ အိပ်ရေးပျက်တဲ့ ညများစွာနောက်မှာ 79 00:04:29,997 --> 00:04:33,170 ICIMOD ကို လည်ပတ်ဖို့ နီပေါကိုသွားခဲ့တယ်။ 80 00:04:34,892 --> 00:04:39,296 အဲဒီမှာ အလွန် ကျွမ်းကျင်ကာ နှစ်မြှပ်ထားတဲ့ သိပ္ပံပညာရှင်တစ်ဖွဲ့ကို တွေ့ရှိခဲ့တယ်။ 81 00:04:39,320 --> 00:04:40,939 ဒါက သူတို့ ပြောပြတာပါ။ 82 00:04:41,828 --> 00:04:42,978 နံပါတ် တစ်။ 83 00:04:43,706 --> 00:04:47,976 ဟိန္ဒူ ကပ်ရှပ် ဟိမဝန္တာ ရေခဲမြစ်တွေဟာ အခုဆို ပျော်ကျနေတာ အတော်ကြာပြီ။ 84 00:04:49,716 --> 00:04:52,730 ဥပမာ ဒီရေခဲမြစ်ကို ကြည့်ပါ။ 85 00:04:53,278 --> 00:04:55,096 ဒါက ဧဝရက်တောင်ပေါ်မှာပါ။ 86 00:04:55,120 --> 00:05:00,604 မြင်တဲ့အတိုင်း တစ်ခါက ဧရာမ ရေခဲမြစ်ဟာ ရေခဲအတော်များများကို ဆုံးရှုံးသွားပါပြီ။ 87 00:05:02,029 --> 00:05:03,538 နံပါတ် နှစ်။ 88 00:05:03,562 --> 00:05:05,912 ရေခဲမြစ်တွဟာ အခု ပိုပြီးမြန်မြန်ကို ပျော်ကျနေတယ်။ 89 00:05:05,936 --> 00:05:12,185 အတော် မြန်မြန်ပါ၊ တကယ်က ဒါဟာ ကမ္ဘာ့ပူနွေးမှုရဲ့ ၁.၅ ဒီဂရီ စင်တီဂရိတ်ပါ၊ 90 00:05:12,209 --> 00:05:14,891 ရေခဲမြစ် သုံးပုံတစ်ပုံ အရည်ပျော်လိမ့်မယ်။ 91 00:05:16,084 --> 00:05:19,305 ကမ္ဘာ့ပူနွေးမှုရဲ့ ၂ ဒီဂရီ စင်တီဂရိတ်မှာ ရေခဲမြစ်တွေရဲ့ထက်ဝက် 92 00:05:19,329 --> 00:05:21,791 ပျောက်ကွယ်လိမ့်မယ်။ 93 00:05:21,815 --> 00:05:24,941 လက်ရှိ အလားအလာတွေ ဆက်ဖြစ်နေမယ်ဆို 94 00:05:24,965 --> 00:05:28,434 ရေခဲမြစ် သုံးပုံနှစ်ပုံအပြည့် ပျောက်ကွယ်သွားလိမ့်မယ်။ 95 00:05:30,339 --> 00:05:31,489 နံပါတ် သုံး။ 96 00:05:32,295 --> 00:05:37,469 ကမ္ဘာ့ပူနွေးမှုဆိုတာက တောင်တွေဟာ မိုးပိုရပြီး နှင်းရတာ ပိုနည်းတာပါ၊ 97 00:05:38,779 --> 00:05:42,481 နှင်းကျတာနဲ့မတူပဲ မိုးက ရေခဲကို ပျော်ကျစေတာပါ၊ 98 00:05:42,505 --> 00:05:45,282 ဒါက ရေခဲမြစ်တွေရဲ့ ကျန်းမာမှုကို ထိခိုက်စေပါတယ်။ 99 00:05:46,397 --> 00:05:47,547 နံပါတ် လေး။ 100 00:05:49,457 --> 00:05:52,458 ဒေသတွင်းက ညစ်ညမ်းမှုက ရေခဲမြစ်တွေပေါ် ပို့ချတဲ့ ကာဗွန်နက်ပမာဏကို 101 00:05:52,482 --> 00:05:54,642 တိုးပွားစေခဲ့တယ်။ 102 00:05:54,666 --> 00:05:56,021 ကာဗွန်နက်ဟာ ကျပ်ခိုးလိုဟာပါ။ 103 00:05:56,045 --> 00:05:58,346 ကဗွန်နက်က အပူကို စုပ်ယူပြီး 104 00:05:58,370 --> 00:06:00,774 ရေခဲမြစ်တွေ ပျော်ကျခြင်းကို အရှိန်မြှင့်ပေးတာပါပဲ။ 105 00:06:02,243 --> 00:06:03,393 အနှစ်ချုပ်ရရင် 106 00:06:04,344 --> 00:06:06,592 ရေခဲမြစ်တွေဟာ အလျှင်အမြန် ပျော်ကျနေပြီး 107 00:06:07,775 --> 00:06:11,251 ကမ္ဘာ့ပူနွေးမှုက ၎င်းတို့ကို ပိုမြန်မြန် ပျော်ကျအောင်လုပ်နေပါတယ်။ 108 00:06:13,036 --> 00:06:14,362 ဒါပေမဲ့ ဒါက ဘာကိုဆိုလိုတာလဲ 109 00:06:15,539 --> 00:06:20,310 ဆိုလိုတာက ဟိန္ဒူ ကပ်ရှ် ဟိမဝန္တာဒေသ၊ 110 00:06:20,334 --> 00:06:22,843 အာဖဂန်နစ္စတန်၊ ပါကစ္စတန်၊ အိန္ဒိယ၊ တရုတ်၊ 111 00:06:22,867 --> 00:06:28,119 နီပေါ၊ ဘင်္ဂလားဒေ့ရှ် မြန်မာ မှာ နေထိုင်တဲ့ သန်း ၂၄၀ ရှိတဲ့ လူတွေနဲ့ 112 00:06:28,143 --> 00:06:30,769 ကျွန်တော် ချစ်ရပါတဲ့နိုင်ငံ ဘူတန် 113 00:06:30,793 --> 00:06:32,959 ဒီလူတွေကိ တိုက်ရိုက် ထိခိုက်မှာပါ။ 114 00:06:34,932 --> 00:06:36,875 ရေခဲမြစ်တွေ ပျော်ကျတဲ့အခါ 115 00:06:36,899 --> 00:06:38,816 မိုးပိုများပြီး နှင်းပိုနည်းတဲ့အခါ 116 00:06:38,840 --> 00:06:43,117 ရေပြုမူပုံမှာ ဧရာမအပြောင်းအလဲတွေ ဖြစ်လိမ့်မယ်။ 117 00:06:43,681 --> 00:06:45,437 လွန်ကဲမှုတွေ ပိုများလိမ့်မယ်၊ 118 00:06:46,800 --> 00:06:49,966 ပို ပြင်းတဲ့မိုး၊ပိုများတဲ့ ရုတ်တရက်ရေကြီးမှု၊ပိုများတဲ့မြေပြိုမှု 119 00:06:49,990 --> 00:06:52,928 ပိုများတဲ့ ရေခဲကန် ကျိုးပျက် ရေလျှံတာတွေပါ။ 120 00:06:52,952 --> 00:06:57,364 ဒါအားလုံးက ကမ္ဘာမြေမှာ အဆင်းရဲဆုံး လူတစ်ချို့ရှိပြီးသား 121 00:06:57,388 --> 00:07:01,959 ဒေသတစ်ခုထဲမှာ စိတ်ကူး မရနိုင်တဲ့ ပျက်စီးမှု ဖြစ်စေမှာပါ။ 122 00:07:03,971 --> 00:07:06,797 ဒါပေမဲ ထိခိုက်ခံရမယ့် လူတွေက ဒီအနီးဆုံး ဒေသထဲက 123 00:07:06,821 --> 00:07:08,110 လူတွေတင် မဟုတ်ပါဘူး။ 124 00:07:08,134 --> 00:07:11,605 ရေစုန်မှာ နေထိုင်နေတဲ့ လူတွေကိုပါ ထိခိုက်စေမှာပါ။ 125 00:07:13,619 --> 00:07:18,318 အကြောင်းက ဟိန္ဒူ ကပ်ရှ် ဟိမဝန္တာတောင်တွေမှာ 126 00:07:18,342 --> 00:07:21,186 အစပြုတဲ့ အဓိက မြစ် ၁၀ စင်းကြောင့်ပါ။ 127 00:07:22,031 --> 00:07:26,564 ဒီမြစ်တွေဟာ ရေစုန်မှာ နေထိုင်နေတဲ့ လူ ၁.၆ ဘီလီယံကျော်ကို 128 00:07:26,588 --> 00:07:28,042 စိုက်ပျိုးရေးနဲ့ 129 00:07:28,066 --> 00:07:33,070 သောက်သုံးရေအတွက် အရေးပါတဲ့ ရေကို ထောက်ပံ့ပေးတယ်။ 130 00:07:33,094 --> 00:07:35,578 ဒါက လူသား ငါးဦးမှာ တစ်ဦးပါ။ 131 00:07:37,149 --> 00:07:39,254 ဒါကြောင့် ဟိန္ဒူ ကပ်ရှ် ဟိမဝန္တာ တောင်တွေကို 132 00:07:41,463 --> 00:07:41,713 "အာရှရဲ့ ရေစင်တွေ"လို့ခေါ်တာပါ။ 133 00:07:43,815 --> 00:07:45,219 ဒါပေမဲ့ ရေခဲမြစ်တွေပျော်ကျရင် 134 00:07:46,213 --> 00:07:47,830 မုတ်သုန်လေက ပြင်းထန်သွားရင် 135 00:07:47,854 --> 00:07:50,608 ဒီမြစ်တွေဟာ သိသိသာသာ ရေလျှံမှာဆိုတော့ 136 00:07:51,432 --> 00:07:54,401 ရေကို မလိုအပ်တဲ့အခါ ဒလဟောကျတာတွေနဲ့ 137 00:07:54,425 --> 00:07:57,156 ရေကို အသည်းအသန် လိုအပ်တဲ့အခါ 138 00:07:57,180 --> 00:07:59,123 မိုးခေါင်ရေရှားမှုတွေ ဖြစ်လိမ့်မယ်။ 139 00:07:59,147 --> 00:08:04,942 အတိုချုပ်ရရင် အာရှ ရေစင်ဟာ ပြိုကျပြီး 140 00:08:04,966 --> 00:08:11,037 လူသား ငါးပုံတစ်ပုံအတွက် ကပ်ဆိုက်စေလိမ့်မယ်။ 141 00:08:14,765 --> 00:08:16,407 ကျန်ရှိတဲ့ ကမ္ဘာက ဂရုစိုက်သင့်လား။ 142 00:08:17,899 --> 00:08:20,050 ဥပမာ ခင်ဗျားတို့ ဂရုစိုက်သင့်လား။ 143 00:08:20,472 --> 00:08:23,645 သတိရပါ၊ မော်လ်ဒိုက်ကျွန်းတွေ ရေအောက် ရောက်သွားနိုင်တယ်လို့ ကြားစဉ်က 144 00:08:23,669 --> 00:08:25,520 ကျွန်တော် ဂရုမစိုက်ခဲ့ဘူး။ 145 00:08:25,544 --> 00:08:28,670 ဒါက ပြဿနာရဲ့ အခရာ မဟုတ်လား။ 146 00:08:28,694 --> 00:08:30,273 ကျွန်တော်တို့ ဂရုမစိုက်ကြဘူး။ 147 00:08:32,428 --> 00:08:35,043 ကိုယ်တိုင် မထိခိုက်ခင်အထိ ကျွန်တော်တို့ ဂရုမစိုက်ကြဘူး။ 148 00:08:35,729 --> 00:08:38,420 ဆိုလိုတာက သိတယ်၊ ရာသီဥတု ပြောင်းလဲမှု တကယ်ဆိုတာ သိတယ်။ 149 00:08:38,444 --> 00:08:41,012 စိုးရိမ်၊အံ့သြဖွယ် အပြောင်းအလဲကို ရင်ဆိုင်ရတာ သိကြတယ်။ 150 00:08:41,036 --> 00:08:42,526 ဒါက အမြန်လာနေတာ သိကြတယ်။ 151 00:08:42,550 --> 00:08:44,359 ဒါပေမဲ့ အများစုက 152 00:08:45,662 --> 00:08:48,947 အရာတိုင်းဟာ ပုံမှန်ဖြစ်သလို ပြုမူနေကြတယ်။ 153 00:08:50,359 --> 00:08:51,724 ဒီတော့ ကျွန်တော်တို့ အားလုံး 154 00:08:52,726 --> 00:08:54,308 ဂရုစိုက်ရမှာပါ။ 155 00:08:54,332 --> 00:08:59,046 ရေခဲမြစ်တွေ ပျော်ကျခြင်းကြောင့် ထိခိုက်ခံရသူတွေအတွက် ဂရုမစိုက်နိုင်ရင် 156 00:08:59,070 --> 00:09:01,033 ကိုယ့်ကိုယ်ကိုယ်တော့ ဂရုစိုက်သင့်တယ်လေ။ 157 00:09:02,193 --> 00:09:05,266 အကြောင်းက ဟိန္ဒူ ကပ်ရှ် ဟိမဝန္တာတောင်တွေဟာ 158 00:09:05,290 --> 00:09:08,741 ဒေသတစ်ခုလုံးဟာ ကမ္ဘာဂြိုဟ်ရဲ့ သွေးခုန်နှုန်းလိုပါ။ 159 00:09:10,819 --> 00:09:13,191 ဒီဒေသ ဖျားနာရင် 160 00:09:13,215 --> 00:09:15,960 နောက်ဆုံး ကမ္ဘာဂြိုဟ်တစ်ခုလုံး ခံစားရမှာပါ။ 161 00:09:17,164 --> 00:09:18,314 လောလောဆယ်မှာတော့ 162 00:09:18,970 --> 00:09:21,646 အမြန် ပျော်ကျနေတဲ့ ရေခဲမြစ်တွေနဲ့အတူ 163 00:09:21,670 --> 00:09:23,511 ဒီဒေသဟာ ချူချာရုံတင်မက 164 00:09:23,535 --> 00:09:25,361 အကူအညီ တောင်းခံနေတာပါ။ 165 00:09:27,810 --> 00:09:30,254 ဒါက ကျန်တဲ့ကမ္ဘာကို ဘယ်လို ထိခိုက်စေမှာလဲ။ 166 00:09:30,278 --> 00:09:34,664 ရှင်းနေတဲ့ အနာဂတ် ဖြစ်နိုင်ခြေ တစ်ခုက ကုဋေချီတဲ့ 167 00:09:34,688 --> 00:09:38,562 ရာသီဥတု ဒုက္ခသည်တွေကြောင့် ဖြစ်တဲ့ အလားအလာရှိတဲ့ မတည်ငြိမ်မှုပါ၊ 168 00:09:38,586 --> 00:09:41,763 သူတို့ဟာ ရေ လုံးဝ(သို့)နည်းနည်းမျှ မရှိတာကြောင့် (သို့) 169 00:09:41,787 --> 00:09:44,748 ရေခဲမြစ်တွေ ပျော်ကျတာက အသက်မွေးမှုတွေကို ပျက်စီးတာကြောင့် 170 00:09:44,772 --> 00:09:46,475 အတင်း ရွေ့ပြောင်းခံရမယ့်သူတွေပါ။ 171 00:09:47,391 --> 00:09:51,116 ကျွန်တော်တို့ ပေါ့ပေါ့လေး ယူဆလို့မရတဲ့ နောက်ထပ်ဖြစ်နိုင်ခြေက 172 00:09:51,140 --> 00:09:54,066 ရေကြောင့်ဖြစ်တဲ့ ပဋိပက္ခဖြစ်နိုင်ခြေနဲ့ 173 00:09:55,409 --> 00:10:02,329 နူကလိယ စွမ်းအင် သုံးခုရှိတဲ့ ဒေသတစ်ခုထဲက နိုင်ငံရေး မတည်ငြိမ်မှုပါ။ 174 00:10:02,353 --> 00:10:06,575 တရုတ်၊ အိန္ဒိယ၊ ပါကစ္စတန်ပါ။ 175 00:10:09,175 --> 00:10:14,439 ကျွန်တော်တို့ရဲ့ ဒေသတွင်းက အခြေအနေဟာ အစိုးရအချင်းချင်း ဌာသစ်တစ်ခု ဖန်တီးမှုကို 176 00:10:14,463 --> 00:10:19,080 ခိုင်လုံစေလောက်အောင် လုံလောက်တဲ့ စိုးရိမ်ဖွယ်ရာလို့ ယုံကြည်မိပါတယ်။ 177 00:10:20,022 --> 00:10:23,877 ဒီတော့ ကမ္ဘာ့ အဲဒီအပိုင်းမှ ဒေသခံတစ်ဦးအနေနဲ့ 178 00:10:23,901 --> 00:10:27,116 ဒီနေ့ ဒီမှာ အဆိုပြုချင်တာက 179 00:10:27,140 --> 00:10:30,203 Third Pole Council တည်ထောင်မှုပါ။ 180 00:10:31,846 --> 00:10:35,342 ကမ္ဘာ့ တတိယ အကြီးဆုံး ရေခဲသိုက် ကာကွယ်ရေးရဲ့ 181 00:10:35,366 --> 00:10:39,030 တစ်မူထူးတဲ့ တာဝန် ပေးအပ်ထားတဲ့ 182 00:10:39,054 --> 00:10:42,449 အဆင့်မြင့် အစိုးရအချင်းချင်းဆိုင်ရာ အဖွဲ့အစည်းတစ်ခုပါ။ 183 00:10:43,720 --> 00:10:45,848 Third Pole Council တစ်ခုမှာ 184 00:10:45,872 --> 00:10:49,819 ဒေသတွင်းက ရှစ်နိုင်ငံစလုံး အဖွဲ့ဝင် နိုင်ငံတွေအဖြစ် 185 00:10:49,843 --> 00:10:51,101 တန်းတူ အဖွဲ့ဝင်နိုင်ငံတွေ 186 00:10:51,125 --> 00:10:53,763 အဖြစ် ပါဝင်မှာဖြစ်ပြီး 187 00:10:53,787 --> 00:10:56,533 ကိုယ်စားလှယ် အဖွဲ့အစည်းတွေနဲ့ ဒေသတွင်းက 188 00:10:56,557 --> 00:11:00,311 ကိုယ်ကျိုးမျှော်လင့်ချက်ရှိတဲ့ အခြား နိုင်ငံတွေလည်း မဲမပေးတဲ့ အဖွဲ့ဝင်တွေအဖြစ် 189 00:11:00,335 --> 00:11:01,891 ပါဝင်နိုင်ပါတယ်။ 190 00:11:01,915 --> 00:11:03,969 ဒါပေမဲ့ ကြီးမားတဲ့ စိတ်ကူးက 191 00:11:03,993 --> 00:11:07,556 အတူတကွ အလုပ်လုပ်ဖို့ ပါဝင်သူတွေအားလုံး စုစည်းဖို့၊ 192 00:11:07,580 --> 00:11:12,124 ရေခဲမြစ်တွေရဲ့ ကျန်းမာမှုကို စောင့်ကြည့် ရန် အတူတကွ အလုပ်လုပ်ဖို့၊ 193 00:11:12,148 --> 00:11:17,028 ရေခဲဖြစ်တွေ ကာကွယ်ရန်အကောင်အထည်ဖော်မှုနဲ့ မူဝါဒတွေ ပုံဖော်ဖို့ အတူတကွ လုပ်ဆောင်ဖို့၊ 194 00:11:17,052 --> 00:11:18,803 တစ်ဆင့်တက်ကာ 195 00:11:18,827 --> 00:11:23,951 ရေခဲမြစ်တွေကို တည်မှီနေတဲ့ ဘီလီယံချီတဲ့ လူတွေကို ကာကွယ်ဖို့ပါ။ 196 00:11:25,602 --> 00:11:27,009 အတူတကွ အလုပ်လုပ်ဖို့လိုပါတယ်၊ 197 00:11:28,783 --> 00:11:33,354 အကြောင်းက တစ်ကမ္ဘာလုံး တွေးခြင်း၊ ဒေသအလိုက် လုပ်ဆောင်ခြင်းဟာ 198 00:11:34,552 --> 00:11:35,991 အလုပ်မဖြစ်တာကြောင့်ပါ။ 199 00:11:36,015 --> 00:11:37,490 ဒါကို ဘူတန်မှာ စမ်းကြည့်ဖူးတယ်။ 200 00:11:38,463 --> 00:11:42,720 ဒေသအလိုက် လုပ်ဆောင်ဖို့ ကြီးမားတဲ့ စွန့်လွှတ်မှုတွေ လုပ်ထားပြီး 201 00:11:44,705 --> 00:11:49,831 တစ်ဦးချင်း အကန့်အသတ်နဲ့ အားထုတ်မှုတွေက ဆက်လက် အရေးပါပေမဲ့ 202 00:11:49,855 --> 00:11:53,308 ရာသီဥတု ပြောင်းလဲမှုရဲ့ အပြင်းအထန် တိုက်ခိုက်မှုကို မခံနိုင်ကြပါဘူး။ 203 00:11:53,677 --> 00:11:57,407 ရာသီဥတု ပြောင်းလဲမှုကို ခံနိုင်ဖို့ ကျွန်တော်တို့ အတူတကွ လုပ်ရမှာပါ။ 204 00:11:58,272 --> 00:12:01,931 ကျွန်တော်တို့ဟာ တစ်ကမ္ဘာလုံး တွေးပြီး ဒေသအလိုက် လုပ်ဆောင်ရမျာပါ။ 205 00:12:03,017 --> 00:12:06,932 အတူတကွ လုပ်ဆောင်ဖို့၊ ရာသီဥတု ပြောင်းလဲမှုကို 206 00:12:06,956 --> 00:12:08,498 အတူတကွ တိုက်ဖို့၊ 207 00:12:08,522 --> 00:12:10,484 ကျွန်တော်တို့ရဲ့အသံတွေကို အတူတူ ကြားရဖို့ 208 00:12:10,508 --> 00:12:13,252 ကျွန်တော်တို့ရဲ ဒေသတစ်ခုလုံး အတူတူ စုစည်းရမှာပါ။ 209 00:12:15,751 --> 00:12:20,068 ဒါက အိန္ဒိယနဲ့ တရုတ်ပါဝင်ပါတယ်။ 210 00:12:20,836 --> 00:12:22,901 သူတို့ဟာ ဒီကစားပွဲကို အရှိန်မြှင့်ရမှာပါ။ 211 00:12:24,197 --> 00:12:28,879 ရေခဲမြစ်တွေကို ကာကွယ်ဖို့ တိုက်ပွဲရဲ့ ပိုင်ဆိုင်မှုကို ယူရမှာပါ။ 212 00:12:29,482 --> 00:12:32,544 ဒီအတွက် ဒီနှစ်နိုင်ငံ၊ ဒီသြဇာကြီးတဲ့ ဘီလူးကြီးတွေဟာ 213 00:12:32,568 --> 00:12:35,419 သူတို့ရဲ့ ဖန်လုံအိမ် ၊ ဓာတ်ငွေ့တွေကို လျှော့ချ 214 00:12:36,646 --> 00:12:39,475 ညစ်ညမ်းမှုကို ထိန်းချုပ်ကာ တိုက်ပွဲကို ဦးဆောင်ရပါမယ်။ 215 00:12:41,134 --> 00:12:44,428 ရာသီဥတု ပြောင်းလဲမှုကို ဆန့်ကျင်တဲ့ တစ်ကမ္ဘာလုံးတိုက်ပွဲကို ဦးဆောင်ပါ။ 216 00:12:45,950 --> 00:12:48,886 အားမာန်သစ်တဲ့ အရေးပေါ်အသိ တစ်ခုနဲ့ပါ။ 217 00:12:48,910 --> 00:12:52,908 ဒီအခါမှပဲ၊ ဒါပဲဖြစ်လောက်တာပါ၊ 218 00:12:52,932 --> 00:12:54,808 ရေခဲမြစ်တွေအပေါ် တည်မှီနေတဲ့ 219 00:12:54,832 --> 00:12:57,268 ကျွန်တော်တို့ဒေသနဲ့ အခြားဒေသတွေဟာ ကပ်ဆိုးကြီးတွေကို 220 00:12:57,292 --> 00:13:01,855 ရှောင်ရှားဖို့ အခွင့်အလမ်းရမှာပါ။ 221 00:13:03,554 --> 00:13:04,998 အချိန်က ကုန်နေတာပါ။ 222 00:13:06,257 --> 00:13:09,526 အခု အတူတူ လုပ်ဆောင်ရမှာပါ။ 223 00:13:10,400 --> 00:13:16,899 ဒါမှမဟုတ်ရင် နောက်တစ်ခါ နိပေါရဲ့ ဝန်ကြီး အစည်းအဝေးကို ဧဝရက်တောင်ပေါ်မှာ ကျင်းပရင်၊ 224 00:13:16,923 --> 00:13:19,226 ဒီခမ်းနားတဲ့ နောက်ခံကားဟာ 225 00:13:20,534 --> 00:13:22,018 လုံးဝ ခြားနားသွားနိုင်ပါတယ်။ 226 00:13:25,316 --> 00:13:26,466 ပြီးတော့ ဒါဖြစ်လာရင် 227 00:13:28,031 --> 00:13:30,244 ရေခဲမြစ်တွေ ပျော်ကျရင် 228 00:13:30,268 --> 00:13:33,673 မြင့်လာတဲ့ ပင်လယ်ရေမျက်နှာပြင်တွေက မော်လ်ဒိုက်ကို မြှုပ်ပစ်နိုင်ပါတယ်။ 229 00:13:35,229 --> 00:13:39,551 ပြီးတော့ ကမ္ဘာကို အရေးပေါ် အကူအညီတောင်းခံချက်ပို့ဖို့ 230 00:13:39,575 --> 00:13:42,226 ရေအောက်ဝန်ကြီးအဖွဲ့အစည်းအဝေးတွေ သူတို့ ကျင်းပနိုင်ပေမဲ့ 231 00:13:42,250 --> 00:13:44,679 သူတို့ရဲ့ ကျွန်းတွေ ဆက်တည်ရှိမှသာ 232 00:13:44,703 --> 00:13:49,083 သူတို့ရဲ့နိုင်ငံ ဆက်တည်ရှိနိုင်မှာပါ။ 233 00:13:51,256 --> 00:13:55,931 မောလ်ဒိုက်ကျွန်းတွေဟာ အဝေးကြီးမှာ ရှိနေပါသေးတယ်။ 234 00:13:57,090 --> 00:14:00,669 သူတို့ရဲ့ကျွန်းတွေဟာ ကျွန်တော်နေတဲ့ နေရာကနေ ဝေးပါတယ်။ 235 00:14:01,927 --> 00:14:07,498 ဒါပေမဲ့ အခု အဲဒီမှာ ဖြစ်ပျက်တာကို ကျွန်တော် အနီးကပ် အာရုံစိုက်ပါတယ်။ 236 00:14:09,259 --> 00:14:12,023 ကျေးဇူးအများကြီးတင်ပါတယ်။ 237 00:14:12,047 --> 00:14:16,507 (လက်ခုပ်သံများ)