ကွန်ပြူတာတစ်လုံးက ကဗျာ ရေးတတ်သလား။
-
0:01 - 0:02မေးခွန်းတစ်ခုရှိတယ်။
-
0:03 - 0:05ကွှန်ပြူတာက ကဗျာရေးနိုင်လား။
-
0:07 - 0:09ဒါက ဆွပေးတဲ့ မေးခွန်းပါ။
-
0:10 - 0:11တစ်မိနစ်လောက် စဉ်းစားကြည့်ကြပါ။
-
0:11 - 0:14ရုတ်တရက် ဒီလိုမေးခွန်းတွေ တသီကြီးရပါတယ်။
-
0:15 - 0:16ကွှန်ပြူတာဆိုတာ ဘာလဲ။
-
0:17 - 0:18ကဗျာဆိုတာက ဘာလဲ။
-
0:19 - 0:20ဖန်တီးမှုက ဘာလဲ။
-
0:22 - 0:23ဒါပေမဲ့ ဒါတွေက လူတွေ
-
0:23 - 0:26သူတို့တစ်ဘဝလုံး အကုန်ခံပြီး
ကြိုးစားဖြေခဲ့ကြတဲ့ မေးခွန်းတွေပါ။ -
0:26 - 0:28TED ဟောပြောပွဲ တစ်ခုတည်းမှာတင်မဟုတ်ပါဘူး။
-
0:28 - 0:31ဒီတော့ မတူတဲ့ နည်းတစ်ခုနဲ့
စမ်းကြည့်မလို့ပါ။ -
0:31 - 0:33ဟောဒီအထက်မှာ ကဗျာနှစ်ပုဒ် ရှိပါတယ်။
-
0:34 - 0:36တစ်ပုဒ်က လူရေးထားတာဖြစ်ပြီး
-
0:36 - 0:38ကျန်တဲ့ တစ်ပုဒ်က ကွှန်ပြူတာက ရေးထားတာပါ။
-
0:39 - 0:41ဘာက ဘာဆိုတာကို
ခင်ဗျားတို့ကို မေးတော့မှာပါ။ -
0:42 - 0:43စပ်းကြည့်လိုက်ပါဦး။
-
0:43 - 0:47ကဗျာ (၁) ယင်ကောင်လေး၊ မင်းရဲ့နွေဦး
ပြဇာတ်၊ အဆင်ခြင်မဲ့တဲ့ ငါ့လက်က ပွတ်ပစ်မိ၊ -
0:47 - 0:51ငါက မင်းလို ယင်ကောင်မဟုတ်ဘူးလား၊
ဒါမှမဟုတ် မင်းက ငါ့လို လူမဟုတ်ဘူးလား၊။ -
0:51 - 0:54ကဗျာ(၂) ပြောင်းလဲရေးဝါဒီ၊ မင်းဘဝရဲ့
မနက်ခင်းကနေ ခံစားလို့ရတယ်။ -
0:54 - 0:58ပုပ်ရဟန်းမင်း၊ ခဏရပ်ကြည့်ပါဦး၊ မုန်းတယ်၊
ခမ်းနားမှုစဖို့တစ်ညလုံး မဟုတ်၊ မဟုတ်ရင်... -
0:58 - 0:59ကောင်းပြီ၊ အချိန်စေ့ပါပြီ။
-
1:00 - 1:04ကဗျာ ၁ က လူတစ်ယောက်ရေးတာလို့
ထင်ရင် လက်ထောင်ပါ။ -
1:06 - 1:07အိုကေ၊ အများစုပဲဗျ။
-
1:07 - 1:10ကဗျာ ၂ က လူတစ်ယောက်ရေးတာလို့
ထင်ရင် လက်ထောင်ပါ။ -
1:11 - 1:12သတ္တိကောင်းလိုက်တာဗျာ။
-
1:13 - 1:17အကြောင်းက ပထမတစ်ပုဒ်ကို လူသား
ကဗျာဆရာ William Blake ကရေးခဲ့ပါ။ -
1:18 - 1:21ဒုတိယအပုဒ်က ကျွန်တော့ရဲ့
တစ်နေ့တာ Facebook အဝင် -
1:21 - 1:24ဘာသာစကားအားလုံးကို ယူပြီးတော့
အယ်လဂိုရစ်သမ်နည်းနဲ့ -
1:24 - 1:27ပြန်ထုတ်ပြီးရေးထားတာပါ။
-
1:27 - 1:31နောက်ပိုင်း ကျွန်တော် နည်းနည်း
ရှင်းလင်းပြမယ့် နည်းတွေအရပေါ့။ -
1:31 - 1:34ကဲ နောက်ထပ် စမ်းသပ်မှုတစ်ခု လုပ်ရအောင်။
-
1:34 - 1:36ထပ်ပြီး ဒါကိုဖတ်ဖို့
အချိန်အကြာကြီး မရပါဘူး။ -
1:37 - 1:38ဒီတော့ ကိုယ့်ကိုယ်ကိုပဲ ယုံပါ။
-
1:38 - 1:42ကဗျာ( ၁) ခြင်္သေကဟိန်း၊ ခွေးကဟောင်
စိတ်ဝင်စားစရာ၊ စွဲမက်စရာက -
1:42 - 1:47ငှက်ကပျံသွားမှာ၊ မဟိန်း၊ မဟောင်နဲ့၊
ဖမ်းစားနေတဲ့ တိရစ္ဆာန် ပုံပြင်တွေ -
1:47 - 1:51ငါ့အိပ်မက်မှာ၊ ငါ မပင်ပန်းဘူးသာဆိုရင်
သူတို့အားလုံးကို သီချင်းဆိုပြလိုက်မှာ။ -
1:51 - 1:55(၂) အိုး၊ သားပိုက်ကောင်တွေ၊ ဘော်ကြယ်တွေ၊
ချောကလက် ဆိုဒါ၊ မင်းကသိပ်လှတာ -
1:55 - 1:59ပုလဲတွေ၊ ဘာဂျာတွေ၊ ဂျူဂျူးဘာတွေ၊
အက်စပရင်တွေ ဒါတွေအကြောင်းပဲ အမြဲပြောနေ။ -
1:59 - 2:00ကဲ၊ အချိန်စေ့ပါပြီ။
-
2:00 - 2:03ဒီတော့ ပထမကဗျာက လူရေးထားတာလို့ ထင်ရင်
-
2:03 - 2:05လက်ထောင်လိုက်ပါ။
-
2:06 - 2:07အိုကေ။
-
2:07 - 2:10ပြီးတော့ ဒုတိယကဗျာက လူရေးထားတာလို့ ထင်ရင်
-
2:10 - 2:11လက်ထောင်ပါဦး။
-
2:12 - 2:16ခွဲလိုက်ရင် တစ်ဝက်စီလောက်ပေါ့။
-
2:16 - 2:18ဒါက အများကြီး ပိုခက်ပါတယ်။
-
2:18 - 2:19အဖြေကတော့
-
2:19 - 2:23ပထမကဗျာက Ractor လို့ခေါ်တဲ့
အယ်လဂိုရစ်သမ်နဲ့ ပြန်ထုတ်ထားတာပါ။ -
2:23 - 2:26၁၉၇၀ နှစ်လွန်ကာလတွေတုန်းက ထွင်ခဲ့တာပါ။
-
2:26 - 2:29ဒုတိယကဗျာက Frank O'Hara ဆိုတဲ့
ငနဲတစ်ကောင် ရေးခဲ့တာ၊ -
2:29 - 2:32ကျွန်တော့ အကြိုက်ဆုံး လူသားကဗျာဆရာ
ဖြစ်တဲ့သွားသူပေါ့။ -
2:33 - 2:36(ရယ်သံများ)
-
2:36 - 2:39အခုကျွန်တော်တို့ လုပ်လိုက်တာက ကဗျာ
အတွက် Turing စမ်းသပ်ချက်ပါ။ -
2:40 - 2:45Turing စမ်းသပ်မှုက ၁၉၅၀ မှာ Alan Turin
ဆိုတဲ့လူက ဒီမေးခွန်းကို -
2:45 - 2:46ဖြေဖို့အတွက် အဆိုပြုခဲ့တာပါ။
-
2:46 - 2:48ကွန်ပြူတာက ကဗျာရေးနိုင်လား။
-
2:48 - 2:51Alan Turing ယုံကြည်တာက ကွန်ပြူတာတစ်လုံးဟာ
-
2:51 - 2:54လူသားတစ်ယောက်နဲ့ စာသားအခြေခံတဲ့
ပြောဆိုခြင်း ရှိနိုင်မယ်ဆိုရင်၊ -
2:54 - 2:57ကွန်ပြူတာကိုပြောနေလား၊ လူသားကို
ပြောနေလား ဆိုရလောက်အောင် -
2:57 - 3:00လူသားတစ်ယောက်က မခွဲခြားနိုင်
လောက်တဲ့ ကျွမ်းကျင်မှုနဲ့သာဆိုရင် -
3:00 - 3:03ကွန်ပြူတာဟာ အသိဉာဏ်ရှိတယ်လို့
ဆိုနိုင်တယ်တဲ့။ -
3:03 - 3:07ဒါနဲ့ သူငယ်ချင်း Benjamin Laird နဲ့
ကျွန်တော် -
3:07 - 3:10အွန်လိုင်း ကဗျာအတွက် Turing
စမ်းသပ်မှုတစ်ခု ဖန်တီးခဲ့တယ်။ -
3:10 - 3:11bot or not လို့ခေါ်ပြီး
-
3:11 - 3:13ကိုယ်တိုင် သွားကစားလို့ရပါတယ်။
-
3:13 - 3:15အခြေခံအားဖြင့်တော့
အခုနက ကစားခဲ့တဲ့ ဂိမ်းပါ။ -
3:15 - 3:17သင့်ကို ကဗျာတစ်ပုဒ်ချပေးမယ်၊
-
3:17 - 3:20ဒါကို လူရေးတာလား၊ ကွှန်ပြူတာက
ရေးလား သင်မသိပါဘူး။ -
3:20 - 3:21မှန်းဆကြည့်ဖို့လိုတာပါ။
-
3:21 - 3:24ဒါနဲ့ ဒီအွန်လိုင်း စမ်းသပ်မှုကို
လူထောင်ပေါင်းချီပြီး လုပ်ကြတော့ -
3:24 - 3:26ရလဒ်တွေ ရပါတယ်။
-
3:26 - 3:27ဒီရလဒ်တွေက ဘာတွေလဲဗျာ။
-
3:28 - 3:31အင်း Turing ဆိုခဲ့တာက လူတစ်ယောက်လုပ်တဲ့
အချိန်ရဲ့ ၃၀% မှာ -
3:31 - 3:34ကွန်ပြူတာက လူကို အရူးလုပ်နိုင်တယ်ဆိုရင်
-
3:34 - 3:36၎င်းဟာ ဉာဏ်ရည်အတွက် Turing
စမ်းသပ်မှု အောင်တယ်တဲ့။ -
3:37 - 3:39ကျွန်တော်တို့မှာ လူသားစာဖတ်သူတွေရဲ့
၆၅% ကို -
3:39 - 3:42ဒါက လူရေးတာပါလို့ တွေးမိစေပြီး
အရူးလုပ်ခဲ့တဲ့ bot or not -
3:42 - 3:43ဒေတာအခြေခံ ကဗျာတွေရှိပါတယ်။
-
3:44 - 3:47ဒီတော့ မေးခွန်းအတွက်
အဖြေရှိတယ်လို့ ထင်တယ်။ -
3:48 - 3:50Turing စမ်းသပ်ချက်ရဲ့ တွက်ချက်မှုအရဆိုရင်
-
3:50 - 3:52ကွှန်ပြူတာဟာ ကဗျာရေးတတ်လား။
-
3:52 - 3:54အင်း လုံးဝကို ရေးတတ်တာပေါ့ဗျာ။
-
3:56 - 3:58ဒါပေမဲ့ ဒီအဖြေနဲ့ပတ်သက်ပြီး နည်းနည်း
-
3:58 - 4:00ကသိကအောက်ဖြစ်သွားရင် ရပါတယ်ဗျာ။
-
4:00 - 4:02ဒါကိုတုံ့ပြန်ဖို့ ရဲစိတ်တွေ
တသီကြီးရှိနေရင် -
4:02 - 4:06ဒါလည်း ရပါတယ်။ အကြောင်းက
ဒါက ဇာတ်လမ်းအဆုံး မဟုတ်လို့ပါ။ -
4:07 - 4:09တတိယနဲ့ နောက်ဆုံး စမ်းသပ်ချက် ကစားရအောင်။
-
4:10 - 4:12ထပ်ပြီး ခင်ဗျားတို့ဖတ်ပြီး ဘယ်ဟာက
-
4:12 - 4:14လူရေးတယ်လို့ထင်လဲဆိုတာ ပြောရမှာပါ။
-
4:14 - 4:17(၁) Reg က အလံလှလှတွေအတွက် အကြောင်း
ပြချက်ကို လွှင့်ထူတယ်၊ ဖဲကြိုးတွေရော -
4:17 - 4:22အလံတွေရဲ့ ဖဲကြိုးတွေ၊ အထည်ကို ဆင်မြန်း
ရင်း၊ အထည်ဆင်မြန်းတဲ့ အကြောင်းရင်းများ... -
4:22 - 4:26(၂) ဒဏ်ရာရ သမင်တစ်ကောင် အမြင့်ဆုံး
ခုန်တယ်၊ အဝါရောင်ပန်းကို ကြားလိုက်တယ်၊ -
4:26 - 4:29ဒီနေ့ အလံကို ကြားလိုက်တယ်၊
မုဆိုးပြောတာ ကြားလိုက်တယ်။ -
4:29 - 4:33ဒါဟာ မရဏရဲ့ ပီတိသက်သက်၊
နောက် မုန့်ဖုတ်တာက ပြီးလုလု(..) -
4:33 - 4:35အိုကေ၊ အချိန်စေ့ပြီ။
-
4:35 - 4:38ကဲဒီတော့ ကဗျာ ၁ က လူရေးထားတာလို့
ထင်ရင် လက်ထောင်လိုက်ပါ။ -
4:40 - 4:43ကဗျာ ၂ က လူရေးထားတာလို့ ထင်ရင်
လက်ထောင်လိုက်ပါ။ -
4:43 - 4:45အိုး လူတွေ ပိုများလာတာပဲ။
-
4:46 - 4:49ကဲ ကဗျာ ၁ က လူသားကဗျာဆရာ
-
4:49 - 4:53Gertrude Stein ရေးတာလို့သိရင်
အံ့ဩသွားလိမ့်မယ်။ -
4:54 - 4:59ကဗျာ ၂ ကတော့ RKCP လို့ခေါ်တဲ့
အယ်လဂိုရစ်သမ်နဲ့ ထုတ်ထားတာပါ။ -
4:59 - 5:02ကဲ ရှေ့မဆက်ခင် RKCP
အလုပ်လုပ်ပုံကို ရိုးရိုး၊ မြန်မြန်လေး -
5:03 - 5:04ရှင်းပြခွင့်ပြုပါ။
-
5:05 - 5:09RKCP ဟာ Ray Kurzweil ဒီဇိုင်းထုတ်ခဲ့တဲ့
အယ်လဂိုရစ်သမ်တစ်ခုပါ။ -
5:09 - 5:11Google က အင်ဂျင်နီယာ ဒါရိုက်တာ
တစ်ဦးဖြစ်ပြီး -
5:11 - 5:13ဉာဏ်ရည်တုကို စွဲစွဲမြဲမြဲ ယုံကြည်သူပါ။
-
5:14 - 5:18ဒီတော့ RKCP မူရင်း စာသားကို ပေးလိုက်တော့
-
5:18 - 5:22ဒါက ဘာသာစကားကို ဘယ်လိုသုံးလဲဆိုတာ
သိဖို့ မူရင်းစာသားကို စီစစ်တယ်။ -
5:22 - 5:24နောက်ပြီး အဲဒီ ပထမစာသားကို အတုယူတဲ့
-
5:24 - 5:27ဘာသာစကားကို ပြန်ထုတ်လိုက်တယ်။
-
5:27 - 5:29ဒီတော့ အခုနက တွေ့ရတဲ့ ကဗျာထဲမှာ
-
5:29 - 5:32ခင်ဗျားတို့ လူလို့ထင်တဲ့ ကဗျာ ၂ မှာ
-
5:32 - 5:33Emily Dickinson ဆိုတဲ့ကဗျာဆရာမ
-
5:33 - 5:35ရဲ့ ကဗျာ တသီကြီးကို ထည့်လိုက်တယ်။
-
5:35 - 5:37သူမ ဘာသာစကားသုံးပုံကို ကြည့်တယ်၊
-
5:37 - 5:39ပုံစံကို လေ့လာတယ်၊
-
5:39 - 5:43ပြီးတော့ ဒီ အလားတူ တည်ဆောက်ပုံအတိုင်း
ပုံစံတစ်ခုကို ပြန်ထုတ်လိုက်တယ်။ -
5:45 - 5:47ဒါပေမဲ့ RKCP အကြောင်းသိဖို့
အရေးကြီးတဲ့အချက်က -
5:47 - 5:50၎င်းဟာ သုံးနေတဲ့ စကားလုံးတွေရဲ့
အဓိပ္ပါယ်ကို မသိဘူးဆိုတာပါ။ -
5:50 - 5:53ဘာသာစကားဟာ ကုန်ကြမ်းသက်သက်ပါ၊
-
5:53 - 5:55တရုတ်ဖြစ်နိုင်တယ်၊ ဆွီဒင် ဖြစ်နိုင်တယ်၊
-
5:55 - 5:59Facebook ကနေ တစ်နေ့စာ
စုထားတဲ့ ဘာသာစကားဖြစ်နိုင်တယ်။ -
5:59 - 6:01ဒါက ကုန်ကြမ်းသက်သက်ပါ။
-
6:01 - 6:04ဒါပေမဲ့လည်း ဒါက Gertrude Stein ရဲ့
-
6:04 - 6:07ကဗျာတွေထက် လူသား ပိုဆန်ပုံရတဲ့
ကဗျာတစ်ပုဒ် ဖန်တီးနိုင်ပါတယ်။ -
6:07 - 6:10Gertrude Stein ဟာ လူသားတစ်ဦးနော်။
-
6:11 - 6:15ဒီတော့ ဒီမှာ ကျွန်တော်တို့ လုပ်လိုက်တာက
Turing စမ်းသပ်မှုရဲ့ ပြောင်းပြန်နီးပါးပါ။ -
6:16 - 6:21ဒီတော့ လူသားဖြစ်တဲ့ Gertrude Stein က
လူအများစုကို -
6:21 - 6:25အရူးလုပ်ပြီး ကွန်ပြူတာနဲ့ရေးတယ်လို့
အထင်ရောက်စေတဲ့ -
6:25 - 6:27ကဗျာတစ်ပုဒ် ရေးနိုင်တယ်။
-
6:27 - 6:31ဒါကြောင့် Turing စမ်းသပ်မှု ပြောင်းပြန်
အခြေခံတွက်ချက်မှုအရ -
6:31 - 6:33Gertrude Stein ဟာ ကွန်ပြူတာ တစ်လုံးပါ။
-
6:33 - 6:35(ရယ်သံများ)
-
6:35 - 6:37စိတ်ရှုပ်သွားကြလား။
-
6:37 - 6:39ဒါဟာ မျှတမှုရှိတယ်လို့ထင်ပါတယ်။
-
6:40 - 6:44ဒီအထိ ကျွန်တော်တို့မှာ
လူသားလိုရေးတဲ့ လူသားတွေရှိတယ်၊ -
6:44 - 6:47ကွန်ပြူတာတွေလို ရေးကြတဲ့
ကွန်ပြူတာတွေရှိတယ်။ -
6:47 - 6:50လူသားတွေလို ရေးကြတဲ့
ကွန်ပြူတာတွေရှိတယ်။ -
6:50 - 6:54ဒါပေမဲ့ ထပ်ရှိသေးတာက ၊ စိတ်အရှုပ်
ထွေးဆုံး ဖြစ်လောက်တာက -
6:54 - 6:56ကွန်ပြူတာတွေလို ရေးကြတဲ့
လူသာတွေရှိတယ် ဆိုတာပါ။ -
6:57 - 6:59ဒီတော့ ဒါအကုန်လုံးက ဘာကိုယူလိုက်ကြလဲ။
-
7:00 - 7:03William Blake က Gertrude Stein ထက်
တစ်နည်းနည်းနဲ့ လူသားပိုဆန်တယ် -
7:03 - 7:04လို့ယူကြမလား။ ဒါမှမဟုတ်
-
7:04 - 7:07Gertrude Stein က William Blake
ထက် ကွန်ပြူတာပိုဆန်တယ်လို့ ယူမလား။ -
7:07 - 7:09(ရယ်သံများ)
-
7:09 - 7:11ဒီမေးခွန်းတွေကို ကိုယ့်ကိုယ်ကိုမေးနေတာ
-
7:11 - 7:13အခုဆို နှစ် နှစ်လောက်ရှိပြီ၊
-
7:13 - 7:15အဖြေကတော့ မရသေးဘူး။
-
7:15 - 7:17ဒါပေမဲ့ နည်းပညာနဲ့ ကျွန်တော်တို့ရဲ့
ဆက်စပ်မှု -
7:17 - 7:20အကြောင်း အတွေးတွေ တစ်ပြုံကြီးရှိပါတယ်။
-
7:21 - 7:25ဒီတော့ ကျွန်တော့ရဲ့ ပထမဆုံး သိမြင်မှုက
အကြောင်းတစ်ခုခုနဲ့ -
7:25 - 7:28ကဗျာစာပေကို လူသားဖြစ်ခြင်းနဲ့
ဆက်စပ်ကြတာကိုပါ။ -
7:28 - 7:32"ကွန်ပြူတာက ကဗျာရေးနိုင်လား"
လို့ မေးတဲ့အခါ -
7:32 - 7:33ကျွန်တော်တို့ မေးနေသေးတာက
-
7:33 - 7:35"လူသားဖြစ်ဖို့ဆိုတာက ဘာကိုဆိုလိုတာလဲ၊
-
7:35 - 7:38ဒီအတန်းအစား ဝန်းကျင်မှာ
နယ်နိမိတ်တွေကို ဘယ်လိုထားလဲ၊ -
7:38 - 7:42ဘယ်သူက၊ ဘာက ဒီအတန်းအစားရဲ့ အစိတ်
အပိုင်း ဖြစ်နိင်တာ ဘယ်လိုပြောလဲ" ပေါ့။ -
7:42 - 7:46ဒါက အခြေခံအားဖြင့် ဒဿနဆိုင်ရာ
မေးခွန်းလို့ ထင်တယ်၊ -
7:46 - 7:48ပြီးတော့ Turing စမ်းသပ်မှုလို ဟုတ်၊ မဟုတ်
-
7:48 - 7:49ဆိုပြီး ဖြေလို့ရတာမဟုတ်ဘူး။
-
7:50 - 7:53ဒါကို Alan Turing နားလည်ပြီး ၁၉၅၀ က ဒါကို
-
7:53 - 7:56တီထွင်နေတုန်းမှာ ဒဿနဆိုင်ရာ
ဆွပေးတာတစ်ခုအဖြစ် -
7:56 - 7:59လုပ်နေတာလို့ ယုံကြည်မိပါတယ်။
-
8:01 - 8:07ဒီတော့ ကျွန်တော့ ဒုတိယသိမြင်မှုက Turing
ကဗျာစာပေ စမ်းသပ်ချက်ကို ဖြေတဲ့အခါ -
8:07 - 8:10ကျွန်ပြူတာတွေရဲ့ စွမ်းဆောင်ရည်ကို
စမ်းသပ်နေတာမဟုတ်ပါဘူး၊ -
8:10 - 8:13အကြောင်းက ကဗျာထုတ်တဲ့
အယ်လဂိုရစ်သမ်ကြောင့် -
8:13 - 8:18ဒါတွေဟာ အရမ်း ရိုးစင်ပြီး ၁၉၅၀ ကာလ
နီးပါးလောက် ကတည်းက တည်ရှိနေတာပါ။ -
8:19 - 8:22Turing ကဗျာစာပေ စမ်းသပ်ချက် နဲ့
ပတ်သက်ပြီးလုပ်နေတာက တကယ်တော့ -
8:22 - 8:27လူသားဆန်မှုမှာ ပါဝင်တဲ့ ထင်မြင်ချက်တွေကို
ကောက်ယူနေတာပါ။ -
8:28 - 8:31ဒီတော့ ကျွန်တော် မှန်းဆမိတာက
-
8:31 - 8:34ဒါကို ဒီနေ့ အစောပိုင်းက တွေ့ပြီးပါပြီ၊
-
8:34 - 8:37William Blake က Gertrude Stein ထက်
လူသားပိုဆန်တယ်လို့ -
8:37 - 8:38ကျွန်တော်တို့ပြောတယ်။
-
8:38 - 8:41အမှန်က William Blake က
တကယ်ပဲလူသားပိုဆန်တယ်၊ -
8:41 - 8:42ဒါမှမဟုတ် Gertrude Stein က ပိုပြီး
-
8:42 - 8:45ကွန်ပြူတာဆန်တယ်လို့ ဆိုလိုတာ မဟုတ်ပါဘူး။
-
8:46 - 8:50လူသားရဲ့ အတန်းအစားဟာ မတည်ငြိမ်ဘူးလို့
ဆိုရုံသက်သက်ပါ။ -
8:51 - 8:54ဒါက ကျွန်တော့ကို နားလည် သွားမိစေတာက
-
8:54 - 8:56လူသားဆိုတာ အေးစက်၊ မာကျောတဲ့
အရာ မဟုတ်ဘူဆိုတာပါ။ -
8:57 - 9:00တကယ်တမ်းက ဒါဟာ ကျွန်တော်တို့ရဲ့
ထင်မြင်ချက်တွေနဲ့ ဖွဲ့စည်းထားတဲ့၊ -
9:00 - 9:03ကာလကိုလိုက်ပြီး ပြောင်းတတ်တဲ့ အရာပါ။
-
9:05 - 9:09ဒီတော့ နောက်ဆုံး သိမြင်မှုက ကွန်ပြူတာဟာ
အနည်းနဲ့အများဆိုသလို -
9:09 - 9:13ကွန်တော်တို့ ပြတဲ့ လူတစ်ဦးရဲ့ စိတ်ကူး
တိုင်းကို ပုံရိပ်ထင်တဲ့ မှန်တစ်ချပ်လို -
9:13 - 9:15အလုပ်လုပ်ပါတယ်။
-
9:15 - 9:17Emily Dickson ကို ပြလိုက်တော့
-
9:17 - 9:19ကျွန်တော်တို့ကို Emily Dickson ပြန်ပေးတယ်။
-
9:20 - 9:22William Blake ပြလိုက်ရင်
-
9:22 - 9:24ဒါကို ကျွန်တော်တို့ဆီ ပြန်ပေးပါတယ်။
-
9:24 - 9:26Gertrude Stein ကို ပြလိုက်တော့
-
9:26 - 9:28ကျွန်တော်တို့ ပြန်ရတာက Gertrude Stein ပါ။
-
9:29 - 9:31အခြားနည်းပညာ အစအနတွေထက်ပိုတာက
-
9:31 - 9:37ကွန်ပြူတာဟာ ၎င်းကို သင်ပေးတဲ့ လူ့စိတ်ကူး
တိုင်းကို ပုံရိပိထင်တဲ့ မှန်တစ်ချပ်ပါ။ -
9:38 - 9:40မကြာသေးခင်က ဉာဏ်ရည်တုအကြောင်း ခင်ဗျားတို့
-
9:40 - 9:43တော်တော်များများ ကြားမိနေမယ်ဆိုတာ
သေချာပါတယ်။ -
9:45 - 9:48တော်တော်များများ ပြောကြတာက
-
9:48 - 9:49ဒါကို ဆောက်လို့ရလားပေါ့။
-
9:50 - 9:54ဉာဏ်ရည်ရှိတဲ့ ကွန်ပြူတာတစ်လုံး
ဆောက်လို့ရလား။ -
9:54 - 9:56ထွင်ဉာဏ်ရှိတဲ့ ကွန်ပြူတာတစ်လုံး
ဆောက်လို့ရလား။ -
9:56 - 9:58ကျွန်တောိတို့တွေ ထပ်ကာတလဲလဲ မေးနေကြတာက
-
9:58 - 10:01လူသားတစ်ဦးလို ကွန်ပြူတာတစ်လုံး
ဆောက်လို့ရလား။ -
10:02 - 10:04ဒါပေမဲ့ အခုပဲ တွေ့လိုက်ရတာက
-
10:04 - 10:07လူသားဟာ သိပ္ပံဆိုင်ရာ ဖြစ်ရပ်
တစ်ခုမဟုတ်ဘူး၊ -
10:07 - 10:10ဒါဟာ အမြဲပြောင်းနေတဲ့ ကွင်းဆက်ဖြစ်နေတဲ့
စိတ်ကူးတစ်ခုဖြစ်ပြီး -
10:10 - 10:13ဒါက ကာလအလိုက် ပြောင်းနေတာပါ။
-
10:13 - 10:16ဒီတော့ အနာဂတ် မှာရှိတဲ့ ဉာဏ်ရည်တုဆိုတဲ့
-
10:16 - 10:18စိတ်ကူးတွေနဲ့ နပန်းလုံးဖို့ စတဲ့အခါ
-
10:18 - 10:20"ဆောက်လို့ရလား။" လို့ ကိုယ့်ကိုယ်ကို
-
10:20 - 10:22မေးသင့်ရုံတင်မကပဲ
-
10:22 - 10:24နောက်ထပ် မေးနေသင့်တာကတော့
-
10:24 - 10:27"ဘယ် လူသားစိတ်ကူးကို ကိုယ့်ဆီ
ပြန်ရောင်ပြန်ဟပ်စေချင်လဲ" ဆိုတာပါ။ -
10:28 - 10:31ဒါဟာ အခြေခံကအားဖြင့်တော့
ဒဿနဆိုင်ရာ စိတ်ကူးဖြစ်ပြီး -
10:31 - 10:34ဒါဟာ ဆော့ဖ်ဝဲ တစ်ခုတည်နဲ့
ဖြေလို့ရတာမဟုတ်ပါဘူး။ -
10:34 - 10:39ဒါပေမဲ့ မျိုးစိတ်တစ်ခုလုံး၊ အတ္တဘဝ
ထင်ဟပ်ချက် အချိန်ကာလလိုတယ်လို့ ထင်ပါတယ်။ -
10:39 - 10:40ကျေးဇူးတင်ပါတယ်။
-
10:40 - 10:43(လက်ခုပ်သံများ)
- Title:
- ကွန်ပြူတာတစ်လုံးက ကဗျာ ရေးတတ်သလား။
- Speaker:
- Oscan Schwartz
- Description:
-
သင်ဟာ ကဗျာတစ်ပုဒ်ကိုဖတ်မိပြီး စိတ်လှုပ်ရှားသွားတယ်၊ ဒါပေမဲ့ ဒီကဗျာကို တကယ်တမ်းကျတော့ ကွန်ပြူတာက ရေးခဲ့တယ်လို့ဆိုရင် အဲဒါနဲ့ပတ်သက်ပြီး တစ်မျိုးခံစားမိသွားမလား။ ဒီကွန်ပြူတာက သူ့ဘာသာသူ ရေးဖွဲ့နိုင်ကာ ထိုးထွင်းဖန်တီးတတ်တယ်လို့များ ထင်မိမှာလား၊ ဒါမှမဟုတ် ခပ်ညံ့ညံ့လှည့်ကွက်တစ်ခုထဲ ကျဆင်းသွာမျိုး ခံစားမိသွားမလား။ ဒီဟောပြောချက်မှာ စာရေးဆရာ Oscar Schwartz ကနေပြီး ကဗျာရေးနိုင်တဲ့ ကွန်ပြူတာဆိုတဲ့ အယူအဆကို ကျွန်တော်တို့ ဘာဖြစ်လို့ ပြင်းပြင်းထန်ထန်ကြီး တုံ့ပြန်ကြတာလဲဆိုတာနဲ့ ဒီတုံ့ပြန်မှုက လူသားဖြစ်တာရဲ့ အဓိပ္ပါယ်ကို နားလည်အောင် ကူညီပေးပုံကို ကျွန်ုပ်တို့အတွက် ဆန်းစစ်ပေးထားပါတယ်။
ကဗျာ စမ်းသပ်ချက် (၁)ကဗျာ (၁)
ယင်ကောင်လေး၊ မင်းရဲ့နွေဦး ပြဇာတ်
အဆင်ခြင်မဲ့တဲ့ ငါ့လက်က ပွတ်ပစ်မိ၊
ငါက မင်းလို ယင်ကောင်မဟုတ်ဘူးလား၊
ဒါမှမဟုတ် မင်းက ငါ့လို့ လူမဟုတ်ဘူးလား၊ကဗျာ(၂)
ပြောင်းလဲရေးဝါဒီ၊ မင်းဘဝရဲ့
မနက်ခင်းကနေ ခံစားလို့ရတယ်။ပုပ်ရဟန်းမင်း၊ ခဏရပ်ကြည့်ပါဦး၊ မုန်းတယ်၊
ခမ်းနားမှုစဖို့ တစ်ညလုံး မဟုတ်၊ မဟုတ်ရင်...ကဗျာ စမ်းသပ်ချက် (၂)
ကဗျာ( ၁)
ခြင်္သေကဟိန်း၊ ခွေးကဟောင်
စိတ်ဝင်စားစရာ၊ စွဲမက်စရာက
ငှက်ကပျံသွားမှာ၊ မဟိန်း၊ မဟောင်နဲ့၊
ဖမ်းစားနေတဲ့ တိရစ္ဆာန်တွေအကြာင်း ပုံပြင်တွေ
ငါ့အိပ်မက်မှာ၊ ငါ မပင်ပန်းဘူးသာဆိုရင်
သူတို့အားလုံးကို သီချင်းဆိုပြလိုက်မှာ။ကဗျာ( ၂)
အိုး၊ သားပိုက်ကောင်တွေ၊ ဘော်ကြယ်တွေ၊
ချောကလက် ဆိုဒါ၊ မင်းကသိပ်လှတာပုလဲတွေ၊ ဘာဂျာတွေ၊ ဂျူဂျူးဘာတွေ၊
အက်စပရင်တွေ ဒါတွေအကြောင်းပဲ အမြဲပြောနေ။ကဗျာ စမ်းသပ်ချက် (၃)
ကဗျာ(၁)
Reg က အလံလှလှတွေအတွက် အကြောင်း
ပြချက်ကို လွှင့်ထူတယ်၊ ဖဲကြိုးတွေရော
အလံတွေရဲ့ ဖဲကြိုးတွေ၊ အထည်ကို ဆင်မြန်းရင်း၊
အထည်ဆင်မြန်းတဲ့ အကြောင်းရင်များ...ကဗျာ (၂)
ဒဏ်ရာရ သမင်တစ်ကောင် အမြင့်ဆုံး
ခုန်တယ်၊ အဝါရောင်ပန်းကို ကြားလိုက်တယ်၊
ဒီနေ့ အလံကို ကြားလိုက်တယ်၊
မုဆိုးပြောတာ ကြားလိုက်တယ်။
ဒါဟာ မရဏရဲ့ ပီတိသက်သက်၊
နောက် မုန့်ဖုတ်တာက ပြီးလုလု...(..)
ပြီးတော့ နေရောင်ခြည်က နီးကပ်စွာ မွေးဖွား
အနီးနားမှာ နွေဦး ဖြစ်ပေါ်လာ၊
ကိုယ်တို့ ထိတွေ့ရတာက စိတ်ပျက်မှုနဲ့
ကာလအားလုံးရဲ့ သွေးရူးသွေးတန်း မျှော်လင့်ချက်ပါ။ - Video Language:
- English
- Team:
- closed TED
- Project:
- TEDTalks
- Duration:
- 10:56
sann tint edited Burmese subtitles for Can a computer write poetry? | ||
Myo Aung approved Burmese subtitles for Can a computer write poetry? | ||
Myo Aung edited Burmese subtitles for Can a computer write poetry? | ||
Myo Aung edited Burmese subtitles for Can a computer write poetry? | ||
Myo Aung edited Burmese subtitles for Can a computer write poetry? | ||
Myo Aung accepted Burmese subtitles for Can a computer write poetry? | ||
Myo Aung edited Burmese subtitles for Can a computer write poetry? | ||
Myo Aung edited Burmese subtitles for Can a computer write poetry? |