Dracula ဟာ ဘယ်ပုံဘယ်နည်းနဲ့ ကမ္ဘာ့အကျော်ကြားဆုံးသွေးစုပ်ဖုတ်ကောင် ဖြစ်လာခဲ့သလဲ - Stanley Stepanic
-
0:05 - 0:08Dracula ဟာ ကမ္ဘာ့အကျော်ကြားဆုံး
သွေးစုပ်ဖုတ်ကောင် ဘယ်လိုဖြစ်လာခဲ့သလဲ -
0:08 - 0:12သူ့ရဲ့ ဖန်တီးရှင်ကြီး ကြွေလွင့်ပြီး
နှစ်ပေါင်းရာချီကျော် ကြာသည်အထိ -
0:12 - 0:18Dracula ဟာ သမိုင်းမှာ အကျော်ကြားဆုံး
သွေးစုပ်ဖုတ်ကောင်အဖြစ် ရှင်သန်နေပါသေးတယ် -
0:18 - 0:20ဒါပေမဲ့ ဒီ Transylvanian ဝတ္ထုကတော့
-
0:20 - 0:23ပထမဦးဆုံး စိတ်ကူးယဉ်
သွေးစုပ်ဖုတ်ကောင်ဝတ္တု လည်းမဟုတ် -
0:23 - 0:25သူ့ခေတ်အခါက အကျော်ကြားဆုံးဝတ္တုလည်း
မဟုတ်ခဲ့တဲ့ ဝတ္တုဟာ -
0:25 - 0:30ကံကြမ္မာအလှည့်အပြောင်းကြောင့်သာမဟုတ်ခဲ့ရင်
မထင်မရှားအဖြစ်နဲ့ တိမ်မြုပ်သွားလောက်မှာပါ -
0:30 - 0:34Dracula ဇာတ်ကောင်ဟာ Bram Stoker ရဲ့
၁၈၉၇ ခုနှစ်က ထွက်ရှိခဲ့တဲ့ -
0:34 - 0:36နာမည်တူဝတ္တုမှာ စတင်ပါဝင်လာခဲ့ပါတယ်
-
0:36 - 0:39သွေးစုပ်ဖုတ်ကောင်ဒဏ္ဍာရီတွေရဲ့ အစချီရာ
ဇာတ်လမ်းနဲ့တော့ မသက်ဆိုင်ခဲ့ပါဘူး -
0:39 - 0:43ရိုးရာပုံပြင်တွေမှာ သွေးစုပ်ဖုတ်ကောင်တွေ
တစ်စိတ်တစ်ဒေသ ပါရှိလာခဲ့တာဆိုရင် -
0:43 - 0:44အနည်းဆုံး နှစ် ၈၀၀ လောက် ရှိခဲ့ပါပြီ
-
0:44 - 0:48စလဗ်ရိုးရာပုံပြင်တွေကနေ သွေးစုပ်ဖုတ်ကောင်
စကားလုံးကို မိတ်ဆက်ပေးခဲ့ပြီး -
0:48 - 0:51ရှေးဟောင်း ရုရှားဘာသာစကားမှာတော့
upir လို့ အမည်ရပါတယ် -
0:51 - 0:55အားလုံးသိထားကြတဲ့ ဝေါဟာရအရေးအသားကိုတော့
၁၁ ရာစုမှာ စတင်ညွှန်းဆိုခဲ့ပါတယ် -
0:55 - 0:56အရပ်ထဲက သွေးစုပ်ဖုတ်ကောင်ဇာတ်လမ်းဟာ
-
0:56 - 0:58ခရစ်ယာန်ဘာသာထက် အလျင်ပေါ်ခဲ့ပြီး
-
0:58 - 1:03အသင်းတော်က ဒိဋ္ဌိအယူဝါဒတွေကိုဖယ်ရှားပစ်ရေး
အားထုတ်တဲ့ကြားထဲက ရှိမြဲရှိနေခဲ့ပါတယ် -
1:03 - 1:06သွေးစုပ်ကောင်ဇာတ်လမ်းတွေဟာ
ဒီလိုအနာရောဂါတွေကို -
1:06 - 1:08အဓိပ္ပာယ်ကောက်လွဲတာကနေ စတင်ခဲ့ပါတယ်
-
1:08 - 1:09ခွေးရူးပြန်ရောဂါ
-
1:09 - 1:10ပယ်လဂရာရောဂါ နဲ့
-
1:10 - 1:12ဆွေးမြည့်ပျက်စီးခြင်း တွေကနေပေါ့
-
1:12 - 1:15ဆွေးမြည့်ပျက်စီးတာမှာ အစာအိမ်ထဲက
ဂတ်စ်တွေကြောင့် ခန္ဓာကိုယ်ဖောရောင်ပြီး -
1:15 - 1:17ပါးစပ်ကနေ သွေးယိုစိမ့်တာတွေ ဖြစ်တာကြောင့်
-
1:17 - 1:21အလောင်းကောင်ဟာ အသက်ရှင်လျက်ရှိနေပြီး
အစာစားသုံးတဲ့ပုံ ပေါက်နေစေပါတယ် -
1:21 - 1:23သွေးစုပ်ဖုတ်ကောင်တွေကို
သာမန်ထက် ပိုရှည်လျားတဲ့ -
1:23 - 1:26သွားတွေ လက်သည်းတွေနဲ့
ဖော်ပြခဲ့ကြပါတယ် -
1:26 - 1:28ဒါဟာ သေရွာပြန် ဖြစ်စဉ်ကို
တားဆီးဖို့ ရည်ရွယ်တဲ့ -
1:28 - 1:30ရိုးရာအစီအရင်တွေကို
ပြုလုပ်လာစေခဲ့ပါတယ် -
1:30 - 1:33ရုပ်အလောင်းကို ကြက်သွန်ဖြူ သို့
ဘိန်းစေ့တွေနဲ့ သိပ်ပြီးဖြစ်ဖြစ် -
1:33 - 1:35ငုတ်တိုင်နဲ့ ထိုးစိုက်ပြီးဖြစ်ဖြစ်
-
1:35 - 1:36မီးမြှိုက်ပြီးဖြစ်ဖြစ်
-
1:36 - 1:38ကိုယ်အင်္ဂါဖြတ်တောက်ပြီးဖြစ်ဖြစ်
မြှုပ်နှံပြီးတော့ပါ -
1:38 - 1:41သွေးစုပ်ဖုတ်ကောင်ဇာတ်လမ်းဟာ ဒေသခံ
ဖြစ်ရပ်ဆန်းကျယ်တစ်ခုအဖြစ် -
1:41 - 1:42ဆက်ရှိနေတာမှာ ၁၈ ရာစုမတိုင်ခင်
-
1:42 - 1:46ဆားဘီးယားနိုင်ငံဟာ အင်အားပြိုင်လျက်ရှိတဲ့
အာဏာရ အင်အားကြီးအစု ၂ စုဖြစ်တဲ့ -
1:46 - 1:48Habsburg ဘုရင့်အနွယ်ဝင်အုပ်စုနဲ့
-
1:48 - 1:50Ottoman အင်ပါယာအစုအကြား
ကြားညှပ်မိချိန်အထိပါပဲ -
1:50 - 1:52သြစတြီးယားစစ်သားတွေနဲ့ အစိုးရ
အရာရှိမင်းတွေဟာ ဒေသခံတွေရဲ့ -
1:52 - 1:56တစ်မူထူးခြားတဲ့ မြေမြှုပ်ခြင်းဓလေ့ကို
သတိပြုမိပြီး မှတ်တမ်းတင်ခဲ့ကြရာကနေ -
1:56 - 1:59သူတို့ရဲ့ အစီရင်ခံစာတွေဟာ
လူသိရှင်ကြား ပျံ့နှံ့သွားခဲ့ပါတော့တယ် -
1:59 - 2:02အကျိုးဆက်အနေနဲ့ သွေးစုပ်ဖုတ်ကောင်လို့
ဆိုလိုက်တာနဲ့ စိတ်ခြောက်ခြားပြီး -
2:02 - 2:05ထိန်းမနိုင်သိမ်းမရတွေ ဖြစ်ခဲ့တာကြောင့်
၁၇၅၅ ခုနှစ်မှာ -
2:05 - 2:08သြစတြီးယားဧကရီဟာ နန်းတွင်းသမားတော်ကို
ပင့်ခေါ်ခိုင်းစေရတဲ့အထိပါပဲ -
2:08 - 2:10သမားတော်ကိုယ်တိုင် လေ့လာပြီးနောက်မှာတော့
-
2:10 - 2:14သိပ္ပံနည်းကျသေချာတဲ့ ချေပချက်ထုတ်ခဲ့ပြီး
ကောလာဟလတွေကို အဆုံးသတ်သွားစေခဲ့ပါတယ် -
2:14 - 2:17အထိတ်တလန့်ဖြစ်မှုတွေ လျော့ကျသွားပေမဲ့
သွေးစုပ်ဖုတ်ကောင်ဇာတ်လမ်းဟာ -
2:17 - 2:20အနောက်ဥရောပ အခြေစိုက်
စိတ်ကူးစိတ်သန်းကောင်းတဲ့ လက်ရာတွေဖြစ်တဲ့ -
2:20 - 2:23၁၈၁၉ ခုနှစ်ထုတ်
The Vampyre ဆိုတဲ့ဝတ္ထု နဲ့ -
2:23 - 2:25Joseph Sheridan Le Fanu ရဲ့ လက်ရာဖြစ်တဲ့
-
2:25 - 2:29၁၈၇၂ ခုနှစ်ထုတ် Carmilla ဝတ္ထုတွေမှာ
အမြစ်တွယ်သွားခဲ့ပါပြီ -
2:29 - 2:32ဒီစာအုပ်ဟာ အိုင်းရစ်လူမျိုး
သက်နုပြဇာတ်ဝေဖန်ရေးဆရာဖြစ်တဲ့ -
2:32 - 2:35Bram Stoker အပေါ်
အကြီးအကျယ်လွှမ်းမိုးလာမှာပါ -
2:35 - 2:38ဒပ်ဗလင်မြို့ဇာတိ
၁၈၄၇ ခုနှစ်ဖွားဖြစ်သူ Stoker ဟာ -
2:38 - 2:40အမည်မသိရောဂါတစ်ခု စွဲကပ်ခဲ့တာကြောင့်
-
2:40 - 2:43အသက် ၇ နှစ် မပြည့်ခင်အထိ
အိပ်ရာထဲ လှဲနေခဲ့ရပါတယ် -
2:43 - 2:46အဲဒီကာလအတွင်းမှာပဲ သူ့ရဲ့အမေဟာ
သူ့ကို ရှေးရိုးပုံပြင်တွေနဲ့ -
2:46 - 2:48ကြောက်မက်ဖွယ် ဖြစ်ရပ်မှန်ပုံပြင်တွေအပါအဝင်
-
2:48 - 2:54ကာလဝမ်းရောဂါ ဖြစ်ပွားခဲ့ရာ ၁၈၃၂ ခုနှစ်က
ကိုယ်တွေ့အဖြစ်အပျက်တွေကို ပြောပြခဲ့ပါတယ် -
2:54 - 2:57အဲဒီလိုပြောပြရာမှာ တောင်ပုံရာပုံ
အုတ်ဂူတွေမှာ အရှင်လတ်လတ်မြေမြှုပ်ခံရတဲ့ -
2:57 - 2:59ဒုက္ခသည်တွေအကြောင်းလည်း ပါဝင်ခဲ့ပါတယ်
-
2:59 - 3:01သူ့ဘဝနှောင်းပိုင်းကာလမှာတော့ Stoker ဟာ
-
3:01 - 3:04စိတ်ကူးယဉ် အချစ်ဇာတ်လမ်း နဲ့
စွန့်စားခန်းဝတ္ထုတွေကို ရေးဖြစ်ခဲ့ပြီး -
3:04 - 3:09၁၈၉၇ ခုနှစ်မှာတော့ Dracula ဆိုတဲ့
ဝတ္ထုကို ထုတ်ဝေခဲ့ပါတယ် -
3:09 - 3:11ဝတ္ထုပါ အဓိကဗီလိန်နဲ့ နာမည်တူဟာ
-
3:11 - 3:16Vlad III Dracula ခေါ် Vlad
the Impaler ရဲ့ သမိုင်းနောက်ခံပုံရိပ်ကို -
3:16 - 3:17မှီငြမ်းထားတယ်လို့ ထင်မှတ်ရပေမဲ့လည်း
-
3:17 - 3:21ဝတ္ထုပါ အကြောင်းအရာအရ
နာမည်တူ သုံးထားရုံမျှသာဖြစ်ပါတယ် -
3:21 - 3:23တခြားအကြောင်းအရာတွေနဲ့
ဇာတ်ကောင်တွေကိုတော့ -
3:23 - 3:25တိုက်ရိုက်တစ်နည်း သွယ်ဝိုက်၍တစ်ဖုံ
-
3:25 - 3:27ဝိတိုရိယခေတ်မှာ ထွက်ရှိခဲ့တဲ့
စာပေလက်ရာတွေထဲက တစ်ခုဖြစ်တဲ့ -
3:27 - 3:30The Mysterious Stranger ဝတ္ထုကို
မှီငြမ်းပြီး ဖန်တီးခဲ့ပါတယ် -
3:30 - 3:35ဝတ္ထု ထုတ်ဝေပြီးပြီးချင်းကာလမှာ
အောင်မြင်မှု အတန်အသင့်သာ ရရှိခဲ့ပြီး -
3:35 - 3:38Stoker ရဲ့ နာမည်အကြီးဆုံး
စာပေလက်ရာ မဖြစ်ခဲ့တဲ့အပြင် -
3:38 - 3:42၁၉၁၂ ခုနှစ်ထုတ် နာရေးသတင်းမှာလည်း
အတိုချုပ်အနေနဲ့သာ ဖော်ပြခံခဲ့ရပါတယ် -
3:42 - 3:44ဒါပေမဲ့ စာမူ မူပိုင်ခွင့်ဆိုင်ရာ ရယူမှုဟာ
-
3:44 - 3:47Dracula ဝတ္ထုရဲ့ ကံကြမ္မာကို
အပြီးတိုင်ပြောင်းလဲပေးနိုင်ပြီး -
3:47 - 3:51ထူးခြားတဲ့ဇာတ်ကောင်မျိုးကို နာမည်ကျော်
စာပေလက်ရာအဖြစ် တွန်းတင်ပေးနိုင်ပါတယ် -
3:51 - 3:54၁၉၂၂ ခုနှစ်မှာတော့ ဂျာမန်ရုပ်ရှင်
စတူဒီယိုကြီးတစ်ခုကနေ Dracula ဝတ္ထုကို -
3:54 - 3:57ဂန္ထဝင်တွင်သွားစေမယ့် အသံတိတ်ရုပ်ရှင်
Nosferatu အဖြစ် -
3:57 - 3:59မူပိုင်ခ ပေးအပ်ခဲ့ခြင်းမရှိဘဲ
ဖန်တီးခဲ့ပါတယ် -
3:59 - 4:03ဇာတ်ကောင်နာမည်တွေနဲ့ ထူးမခြားနား
ဇာတ်ကွက်လေးတွေကို ပြောင်းလိုက်တာကလွဲလို့ -
4:03 - 4:05တုနှိုင်းထားမှန်း သိသာခဲ့တာကြောင့်
-
4:05 - 4:08စတူဒီယိုဟာ ဒေဝါလီခံရသည်အထိ
တရားစွဲဆိုခံခဲ့ရပါတယ် -
4:08 - 4:10နောက်ထပ် ကူးယူခံရမှုတွေကနေ
ကာကွယ်ဖို့အတွက် -
4:10 - 4:11ကွယ်လွန်သူ Stoker ရဲ့ ဇနီးဖြစ်သူဟာ
-
4:11 - 4:13Dracula ဝတ္ထုကို
ပြဇာတ်အဖြစ် တင်ဆက်တာမှာ -
4:13 - 4:15မူပိုင်ခွင့်ဖြန့်ချိဖို့ ဆုံးဖြတ်ခဲ့ပြီး
-
4:15 - 4:19အတွင်းမိတ်ဆွေ Hamilton Deane ကို
ထုတ်လုပ်ခွင့်ပေးခဲ့ပါတယ် -
4:19 - 4:23Deane ရဲ့ ပြဇာတ်ဇာတ်ညွှန်းမှာ
မူရင်းနဲ့ ကွဲထွက်တာတွေရှိခဲ့ပေမဲ့လည်း -
4:23 - 4:27ဘရော့ဒ်ဝေးပြဇာတ်ရုံကြီးမှာ Bela Lugosi
ရဲ့ ဖျော်ဖြေတင်ဆက်ခဲ့မှု ကျေးဇူးနဲ့ -
4:27 - 4:29ဂန္ထဝင် စာရင်းဝင်ခဲ့ပါတယ်
-
4:29 - 4:32Lugosi ဟာ Universal ရုပ်ရှင်ကုမ္ပဏီရဲ့
၁၉၃၁ ခုနှစ်ထွက် -
4:32 - 4:34ရုပ်ရှင်ဗားရှင်းမှာလည်း ပါဝင်ခဲ့ပြီး
-
4:34 - 4:38သူ့ရဲ့ ပီပြင်လှတဲ့ သရုပ်ဆောင်ချက်တွေနဲ့
ဇာတ်ကောင်ကို အားဖြည့်ပေးခဲ့ပါတယ် -
4:38 - 4:41အဲဒီအချိန်ကစပြီး Dracula ဇာတ်ကောင်ဟာ
မရေမတွက်နိုင်တဲ့ ကိုးကားချက်တွေကြားမှာ -
4:41 - 4:43တစ်ဖန်ပြန်လည် အသက်ဝင်လာခဲ့ပြီး
-
4:43 - 4:47စာမျက်နှာတွေထဲက အညတရဖြစ်တည်မှုထက်သာလွန်တဲ့
အဆုံးအစမဲ့ဘဝကို ရှာဖွေတွေ့ရှိသွားပါတော့တယ်
- Title:
- Dracula ဟာ ဘယ်ပုံဘယ်နည်းနဲ့ ကမ္ဘာ့အကျော်ကြားဆုံးသွေးစုပ်ဖုတ်ကောင် ဖြစ်လာခဲ့သလဲ - Stanley Stepanic
- Description:
-
Dracula ဟာ သူ့ရဲ့ဖန်တီးသူ ကြွေလွင့်ပြီး နှစ်ပေါင်းရာချီကျော်ကြာတဲ့အထိ သမိုင်းမှာ အကျော်ကြားဆုံး သွေးစုပ်ဖုတ်ကောင်အဖြစ် ဆက်လက်ရှင်သန်နေလျက်ပါပဲ။ ဒါပေမဲ့ ပထမဦးဆုံး စိတ်ကူးယဉ် သွေးစုပ်ဖုတ်ကောင်ဇာတ်လမ်းလည်းမဟုတ်၊ သူ့ခေတ်အခါက အကျော်ကြားဆုံးလည်းမဟုတ်ခဲ့တဲ့ ဒီ Transylvanian ဝတ္ထုဟာ ကံကြမ္မာအလှည့်အပြောင်းကြောင့်သာမဟုတ်ခဲ့ရင် မထင်မရှားအဖြစ်နဲ့ တိမ်မြှုပ်သွားလောက်မှာပါ။ စာမူမူပိုင်ခွင့်ဆိုင်ရာ ရယူမှုဟာ Bram Stoker ရဲ့ ဇာတ်ကောင်ကို ထင်ရှားကျော်ကြားတဲ့ စာပေလက်ရာအဖြစ် ဘယ်ပုံဘယ်နည်းနဲ့ တွန်းတင်ပေးခဲ့သလဲဆိုတာကို Stanley Stepanic က ရှင်းလင်းပြသထားပါတယ်။
Lesson by Stanley Stepanic, animation by Phuong Mai NGUYEN.
- Video Language:
- English
- Team:
closed TED
- Project:
- TED-Ed
- Duration:
- 05:06
![]() |
sann tint approved Burmese subtitles for How did Dracula become the world's most famous vampire? - Stanley Stepanic | |
![]() |
sann tint accepted Burmese subtitles for How did Dracula become the world's most famous vampire? - Stanley Stepanic | |
![]() |
sann tint edited Burmese subtitles for How did Dracula become the world's most famous vampire? - Stanley Stepanic | |
![]() |
sann tint edited Burmese subtitles for How did Dracula become the world's most famous vampire? - Stanley Stepanic | |
![]() |
Kay Khaing Aung edited Burmese subtitles for How did Dracula become the world's most famous vampire? - Stanley Stepanic | |
![]() |
Kay Khaing Aung edited Burmese subtitles for How did Dracula become the world's most famous vampire? - Stanley Stepanic | |
![]() |
Kay Khaing Aung edited Burmese subtitles for How did Dracula become the world's most famous vampire? - Stanley Stepanic | |
![]() |
Kay Khaing Aung edited Burmese subtitles for How did Dracula become the world's most famous vampire? - Stanley Stepanic |