‘‘ဇီဝထုတ်လုပ်ရေးနည်း’’ ဟာ လာမယ့် စက်မှု တော်လှန်ရေး ဖြစ်တာ ဘာကြောင့်လဲ
-
0:02 - 0:05ကျွန်မဟာ ကျွန်မရဲ့ ဘဝကို
ဖက်ရှင်ဒီဇိုင်နာအဖြစ် စတင်ခဲ့ပြီး၊ -
0:05 - 0:09အထည်အလိပ်ဒီဇိုင်းနာတွေနဲ့ အထည်ပေးသွင်းသူ
တွေနဲ့ နီးကပ်စွာ အလုပ်လုပ်ခဲ့ပါတယ်။ -
0:10 - 0:15ဒီနေ့တွင် ကျွန်မ လက်တွဲ လုပ်ကိုင်သူ အသစ်
တွေနဲ့ မြင်မရသလို စကားလည်း ပြေမရပါဘူး။ -
0:15 - 0:18၎င်းတို့ဟာ မြေဆီလွှာထဲမှာ ကျွန်မတို့
ခြေထောက်တွေရဲ့ အောက်မှာ ရှိနေကြလို့ပါ၊ -
0:18 - 0:21စူပါမားကက် စင်တွေပေါ်မှာ၊
-
0:21 - 0:24ဒီဟောပြောချက် နောက်မှာ ကျွန်မသောက်မယ့်
ဘီယာထဲမှာ ရှိနေကြလို့ပါ။ -
0:26 - 0:28အဏုဇီဝကောင်တွေကို ကျွန်မ ဆိုလိုတာပါ။
-
0:28 - 0:31သက်ရှိတွေဖြင့် ဒီဇိုင်းကို ထုတ်လုပ်နေတာပါ။
-
0:31 - 0:32လွန်ခဲ့တဲ့ ၁၅ နှစ်တုန်းက၊
-
0:32 - 0:36ဇီဝဗေဒပညာရှင်နဲ့အတူ လက်တွဲလုပ်ကိုင်ရင်း
အမြင်သစ်ကို ရရှိလိုက်လို့ -
0:36 - 0:38ကျွန်မ လုပ်ကိုင်ခဲ့တဲ့ အရာကိုရော
-
0:38 - 0:41လုပ်ကိုင်နည်းကိုပါ လုံးဝကို
ပြောင်းလဲပစ်ခဲ့ပါတယ်။ -
0:42 - 0:47ကျွန်မတို့ရဲ့ ပရိုဂျက်က ကျွန်မရဲ့ ဘဝ
ကိုယ်၌ကို လုံးဝ ပြောင်းလဲပစ်လိုက်ပြီး -
0:47 - 0:50ကျွန်မတို့ ဒီဇိုင်းထုတ်လုပ်ပုံ၊ ပစ္စည်းတွေ
ထုတ်လုပ်ကြပုံ အတွက် -
0:50 - 0:53အလားအလာ ကမ္ဘာကြီးအသစ်ကို
ဖွင့်ပြပေးလိုက်ပါတယ်။ -
0:54 - 0:57ကျွန်မဟာ မကြုံစဖူး ထုတ်လုပ်ရေး
အကြံဉာဏ်ကို ရှာတွေ့ခဲ့တယ်- -
0:58 - 1:00ဇီဝအထည် ထုတ်လုပ်မှုပါ။
-
1:00 - 1:04ဇီဝဗေဒရဲ့ အကူအညီဖြင့် အထည်ထုတ်လုပ်မှုပါ။
-
1:05 - 1:07အဲဒါက ဘာများပါလိမ့်။
-
1:07 - 1:12ကောင်းပြီ၊ စားသုံးသူတို့အတွက်
အထည်တွေကို ထုတ်လုပ်ဖို့အတွက် -
1:12 - 1:14အပင်တွေ၊ အကောင်တွေနဲ့
အဆီကို စီမံလုပ်ကိုင်မှုအစား -
1:14 - 1:20သက်ရှိ အကောင်များဖြင့် ကျွန်မတို့ဟာ
အထည်တွေကို တိုက်ရိုက် ထုတ်လုပ်နိုင်ကြတယ်။ -
1:21 - 1:25လူတော်တော်များက "စတုတ္ထ စက်မှုတော်လှန်ရေး"
လို့ ခေါ်ကြတဲ့ဟာက -
1:25 - 1:29ကျွန်မတို့ ထင်သလိုဆိုရင် သက်ရှိဆဲလ်တွေနဲ့
စက်ရုံသစ်တွေ တည်ဆောက်မှုပဲ ဖြစ်ပါလိမ့်မယ်။ -
1:30 - 1:34ဘက်တီးရီးယားတွေ၊
ရေညှိတွေ၊ မှိုတွေ၊ တဆေးတွေ - -
1:34 - 1:39ကျွန်မတို့ နောက်ဆုံး ဒီဇိုင်းကိရိယာတွေမှာ
အဲဒီလို ဇီဝနည်းပညာကိရိယာတွေ ပါဝင်ကြပါတယ်။ -
1:39 - 1:42ဒီဇီဝအထည် ထုတ်လုပ်ရေး ကျွန်မရဲ့ ခရီးဟာ
-
1:42 - 1:45"Biocouture" လို့ခေါ်တဲ့
ပရိုဂျက်နဲ့ စတင်ခဲ့ပါတယ်။ -
1:45 - 1:49မယုံနိုင်စရာ အချက်က
ဝါပင်ကို စိုက်ပြီး ဝါဂွမ်းကို -
1:49 - 1:52လယ်ကွင်းထဲမှာ လအတော်ကြာ
စိုက်ပျိုး ထုတ်လုပ်မှုအစား -
1:52 - 1:58ကျွန်မတို့ဟာ ဓာတ်ခွဲခန်းထဲမှာ
အလားတူ သစ်စေး ပစ္စည်းကို -
1:58 - 2:00ရက်အနည်းငယ်အတွင်းမှာ
ထုတ်လုပ်ပေးနိုင်ကြတယ်။ -
2:00 - 2:05အချို့သော ဘက်တီးရီးယား အမျိုးအစားကို
အာဟာရကြွယ်ဝတဲ့ အရည်ထဲတွင် -
2:05 - 2:08အချဉ်ဖောက်ပေးခြင်းဖြင့် ကျွန်မတို့ဟာ
-
2:08 - 2:12အထည်အဖြစ် အလိုလို ထုတ်လုပ်ပေးနိုင်ကြတယ်။
-
2:13 - 2:15ကျွန်မတို့ ထုတ်လုပ်ပေးလိုက်တဲ့
အထည်ကို အခြောက်လှန်ပြီးရင် -
2:15 - 2:21လိုအပ်သလို ဖြတ်ညှပ်လျက် အဝတ်အစားတွေ၊
ဖိနပ်တွေနဲ့ အိတ်တွေကို ချုပ်နိုင်ခဲ့ပါတယ်။ -
2:21 - 2:24နောက်တစ်မျိုး ရှင်းပြရပါက၊
ဓာတ်ခွဲခန်း တစ်ခုတည်း အတွင်းမှာ -
2:24 - 2:27ကျွန်မတို့ဟာ ရက်ပိုင်းအတွင်းမှာကို
အထည်တွေကို ထုတ်လုပ်ရင်း -
2:27 - 2:29ပစ္စည်းမျိုးစုံကို ထုတ်လုပ်ပေးနိုင်ကြတယ်။
-
2:29 - 2:33ပြီးတော့ ဒါဟာ လက်ရှိ
အထည်ထုတ်လုပ်ရေး နည်းစနစ်တွေ ဖြစ်တဲ့ -
2:33 - 2:36အပင်ကို စိုက်ပျိုးရတယ်၊
-
2:36 - 2:39ဝါဂွမ်းအပိုင်းကိုသာ ရိတ်သိမ်းကြတယ်၊
-
2:39 - 2:41ဝါဂွမ်းကို ချည်အဖြစ် ငင်ယူကြတယ်၊
-
2:41 - 2:43ပြီးမှ အထည်ကို ယက်ကြရတယ်၊
-
2:43 - 2:45အဲဒီနောက် ဖြတ်ညှပ်ပြီး
လိုတာကို မချုပ်လုပ်ခင်တွင် -
2:45 - 2:48လိုရာနိုင်ငံတွေဆီကို တင်ပို့ပေးရတဲ့
စနစ်နဲ့ လုံးဝကို မတူပါဘူး။ -
2:49 - 2:51ခုနက အရာတွေ အားလုံးဟာ လနဲ့ချီ ကြာနိုင်တယ်။
-
2:52 - 2:55ဒီရှေ့ပြေးပုံစံတွေကျတော့ အရင်းအမြစ်တွေကို
-
2:55 - 2:59သိသိသာသာ
ထိရောက်စွာ သုံးနိုင်တဲ့ ပုံစံမျိုးပါ။ -
2:59 - 3:03အထည်ကို ထုတ်လုပ်ရန် လိုအပ်တဲ့
ရေ၊ စွမ်းအင်နဲ့ ဓာတုဗေဒ ပစ္စည်းတွေကို -
3:03 - 3:05လျှေိာ့ချပစ်နိုင်တဲ့ အပြင်
-
3:05 - 3:08စွန့်ပစ်ပစ္စည်း သုညဖြစ်သွားစေလျက်
-
3:08 - 3:12ကျွန်မတို့ဟာ အပြီးသတ် ပုံစံအထိကို
ထုတ်လုပ်ပေးနိုင်တယ် -- -
3:12 - 3:17"ဇီဝဗေဒမှ ဖြည့်ဆည်းပေးတဲ့ ထုတ်လုပ်မှု"
လို့ ခေါ်နိုင်ပါတယ်။ -
3:17 - 3:20ဇီဝအထည် ထုတ်လုပ်မှု မှတစ်ဆင့်၊
-
3:20 - 3:24ကျွန်မဟာ လူအင်အားကို များစွာမှ အသုံးချရတဲ့
အဆင့်တွေကို ဇီဝအဆင့် တစ်ခုတည်းနဲ့ -
3:24 - 3:27အစားထိုးပေးနိုင်ခဲ့ပါတယ်။
-
3:27 - 3:30ပြီးတော့ ကျွန်မက ဒီလိုသက်ရှိစနစ်ထဲ
ပါဝင် လုပ်ကိုင်လာမှုက -
3:30 - 3:33ကျွန်မရဲ့ ဒီဇိုင်းထုတ်လုပ်ရေး
အတွေးအခေါ်ကိုပါ ပြောင်းပစ်လိုက်တယ်။ -
3:33 - 3:37ကျွန်မရဲ့ ဇီဝနည်းက
ကျွန်မဘက်မှ စွက်ဖက်မှု မပါဘဲ -
3:37 - 3:42ကြီးထွားမှုအတွက် ကနဦး အခြေအနေတွေကို
ဒီဇိုင်း ရေးဆွဲမှ လွဲပြီး၊ -
3:42 - 3:46ထိရောက်စွာနဲ့ ရေရှည်ခံနိုင်ရည်ရှိပြီး
အသုံးတည့်တဲ့ ပစ္စည်းကို ထုတ်လုပ်ပေးပါတယ်။ -
3:47 - 3:54ဒါကြောင့် ကျွန်မဟာ အခု ပစ္စည်းအားလုံး ဇီဝ
ထုတ်လုပ်ရေး ရှုဒေါင့်နဲ့သာ ကြည့်တော့တယ်။ -
3:54 - 3:59တကယ်တော့ ပစ္စည်းတွေကို ဇီဝရှုထောင့်မှ
ပြန်ပြီး ရှုမြင်လာကြတဲ့ တီထွင်ပညာရှင်တွေ -
3:59 - 4:03တကမ္ဘာမှာ ကြီးထွားလာနေပါတယ်။
-
4:03 - 4:08များပြားလှတဲ့ ကုမ္ပဏီတွေဟာ အခုတော့
မှိုပစ္စည်းတွေကို ထုတ်လုပ်နေကြတယ်၊ -
4:08 - 4:10တကယ့်မှုကို ဆိုလိုတာ မဟုတ်ပါဘူး --
-
4:10 - 4:15မှိုရဲ့ အမြစ်စနစ်ဖြစ်တဲ့
mycelium ကို သုံးနေကြတာပါ၊ -
4:15 - 4:19စိုက်ပျိုးရေး ထုတ်ကုန်တွေကို
အတူတူ ချည်နှောင်ပေးဖို့ အတွက်ပါ။ -
4:19 - 4:23အဲဒါ "သဘာဝ ကော်" လို့
ခေါ်နေကြတဲ့ လုပ်ငန်းစဉ်ပါ။ -
4:24 - 4:27အဲဒီလို ပြုလုပ်ဖို့ အသုံးများတဲ့
နည်းလမ်းက 3-D ပုံစံကို ယူပြီး -
4:27 - 4:33ပြောင်းဖူး ရိုးတံ ဒါမှမဟုတ် လျှော်လို
စွန့်ပစ် ပစ္စည်းနဲ့ ဖြည့်ပြီး -
4:33 - 4:34ရေကို ထည့်ပေးရတယ်၊
-
4:34 - 4:39mycelium ကြီးထွားလာဖို့
ရက်အနည်းငယ်ကြာ စောင့်ပြီးရင် -
4:39 - 4:40ပုံစံကို ဖယ်ရှားပစ်လိုက်ပါ၊
-
4:40 - 4:43ကျွန်မတို့ လက်ထဲမှာ ကြီးထွားပြီးသား
3-D ပုံစံ ကျန်ခဲ့ပါမယ်။ -
4:45 - 4:48မယုံနိုင်လောက်အောင်ကိုပဲ ကျွန်မတို့ဟာ
သက်ရှိ အကောင်တွေကို အသုံးချပြီး -
4:48 - 4:51ပုံစံမျိုးစုံကို ဆောက်ယူနိုင်ကြရာ၊
-
4:51 - 4:55ဖိနပ်တွေထဲမှာ ပလတ်စတစ် အမြှုပ်တွေမှအစ
-
4:55 - 4:58တိရိစ္ဆာန်တွေ မပါရဘဲ သားရေလို
ပစ္စည်းတွေကို ထုတ်လုပ်နိုင်ကြတယ်။ -
4:58 - 5:02ပရိဘောဂ၊ ကြမ်းခင်းပစ္စည်း စသဖြင့်
အရာရာတိုင်းကို ပုံစံထုတ်နေကြပါပြီ။ -
5:02 - 5:07မှိုတွေမှ ထုတ်လုပ်ရနိုင်တဲ့ ပစ္စည်းတွေဟာ
သဘာဝအရ မီးမလောင်နိုင်ပါဘူး၊ -
5:07 - 5:09ဓာတုပစ္စည်းတွေ ထည့်ရန် မလိုပါဘူး။
-
5:09 - 5:11၎င်းတို့ဟာ သဘာဝအရ ရေကိုအထိမခံနိုင်ကြလို့
-
5:11 - 5:14ရေကို စုပ်ယူကြမှာ မဟုတ်ပါဘူး။
-
5:14 - 5:17၎င်းတို့ အရည်ပျော်အမှတ်ဟာ
ပလပ်စတစ်မထက် ပိုမြင့်ပါတယ်။ -
5:18 - 5:23ပလပ်စတစ်ဟာ ဆွေးမြေ့ဖို့ နှစ်ပေါင်း
ထောင်ချီကြာမြင့်နိုင်တယ်။ -
5:24 - 5:26မှိုမှရရှိတဲ့ ထုပ်ပိုးရေး ပစ္စည်းတွေကျတော့
-
5:26 - 5:30သဘာဝနည်းအရကို အိမ်နောက်ဖေးမှာ
ရက် ၃၀ လောက်အတွင်းမှာကို -
5:30 - 5:32ဆွေးမြေ့သွားမှာပါ။
-
5:33 - 5:36သက်ရှိအကောင်များဟာ အမှိုက်တွေကို
-
5:36 - 5:41တွက်ချက်ကိုက်တဲ့ အမျိုးမျိုးသုံးနိုင်တဲ့
ပစ္စည်းများသို့ ပြောင်းလဲ ထုတ်လုပ်ပေးလို့ -
5:41 - 5:43၎င်းတို့ဟာ ပလပ်စတစ်နဲ့
CO2 ကို ထုတ်လွှတ်ကြတဲ့ -
5:43 - 5:46အခြားပစ္စည်းတွေကို အစားထိုးနိုင်ကြမယ်။
-
5:47 - 5:51ကျွန်မတို့ သက်ရှိအကောင်များဖြင့်
ပစ္စည်းတွေ ထုတ်လုပ်မှုကို စတင်လိုက်ကြတာနဲ့ -
5:51 - 5:56အရင်တုန်းက ထုတ်လုပ်ရေး နည်းစနစ်တွေ
ယုတ္တမရှိမှန်း ထင်ရှားလာပါတယ်။ -
5:57 - 5:59အိမ်ဆောက်ဖို့ သုံးတဲ့
သာမန်အုတ်ကို ယူကြည့်ပါစို့။ -
6:01 - 6:04ဘိလပ်မြေလုပ်ငန်းဟာဖြင့်
ကမ္ဘာ့ CO2 ထုတ်လွှတ်မှုရဲ့ -
6:04 - 6:06ရှစ်ရာခိုင်နှုန်းခန့် ရှိပါတယ်။
-
6:06 - 6:09အဲဒါဟာ လေယာဉ်တွေနဲ့ သင်္ဘောတွေ
အားလုံးပေါင်းတို့ထက်ကို ပိုများပါတယ်။ -
6:10 - 6:15ဘိလပ်မြေကို ထုတ်လုပ်ရန် ပစ္စည်းတွေကို
ဖာရင်ဟိုက် ဒီဂရီ ၂၀၀၀ ကျော်အထိကို -
6:15 - 6:19အပူပေးရန် လိုအပ်ပါတယ်။
-
6:20 - 6:23အဲဒါကို bioMASON နဲ့ ယှဉ်ကြည့်ကြပါ။
-
6:23 - 6:28သဲ ဒါမှမဟုတ် ကျောက်မှုန့်တွေလို
စေးကပ်မနေတဲ့ အရာတွေကို ယူပြီး -
6:28 - 6:30မြေဆီလွှာ ပိုးမွှားတွေကို သုံးပြီး
-
6:30 - 6:35ဇီဝနည်းဖြင့် ထုတ်လုပ်လိုက်တဲ့
ဇီဝဘိလပ်မြေ၊ အုတ်ကို ရနိုင်ပါတယ်။ -
6:35 - 6:39ပြီးတော့ ဒီလိုဖြစ်စဉ်ကို
သာမန်အပူချိန်နဲ့ကို လုပ်ရနိုင်တယ်၊ -
6:39 - 6:41နှစ်ရက်လောက်နဲ့ ရပါတယ်။
-
6:41 - 6:44ဒါဟာ အုတ်များအတွက် Hydroponic နဲ့ တူပါတယ်။
-
6:44 - 6:48ရေကို ထည့်သွင်းပေးတဲ့ စနစ်က
အာဟာရကြွယ်ဝပြီး -
6:48 - 6:51ပိုးတွေနဲ့ အားဖြည့်ထားတဲ့
ရေကို အုတ်တွေထည့်ထားတဲ့ -
6:51 - 6:53ဗန်းတွေကို တိုက်ကျွေးပေးပါတယ်။
-
6:54 - 6:56ဘက်တီးရီးယားတွေက
သဲပွင့်တိုင်းရဲ့ ပတ်ဝန်းကျင်မှာ -
6:56 - 6:59ဓာတ်ဆားပွင့်ကို ထုတ်လုပ်ပေးခြင်းဖြင့်
-
6:59 - 7:03ဖရိုဖရဲရှိနေကြတဲ့ အမှုန်တွေကို ကျစ်လစ်တဲ့
-
7:03 - 7:04အုတ်ခဲအဖြစ် ဖန်တီးပေးပါတယ်။
-
7:05 - 7:08ဒီနည်းဖြင့် ကျွန်မတို့ဟာ သဘာဝတရားကနေပြီး
-
7:09 - 7:12သန္တာကျောက်တန်းကို ဖန်တီးပေးသလိုပဲ
ကျော့ရှင်းတဲ့ နည်းဖြင့် -
7:12 - 7:14ထုတ်လုပ်ပေးနိုင်လာကြပါပြီ။
-
7:15 - 7:20ပြီးတော့ ဇီဝနည်းနဲ့ ထုတ်လုပ်ပေးလိုက်တဲ့
အုတ်တွေဟာ ဘိလပ်မြေ အုတ်နဲ့စာရင် -
7:20 - 7:23သုံးဆပိုပြီး ခိုင်ခန့်ကြပါသေးတယ်။
-
7:24 - 7:28အဲဒါ့အပြင် အစဉ်အလာ ဘိလပ်မြေ ထုတ်လုပ်ရေး
နည်းနဲ့ လုံးဝကို ယှဉ်မရအောင်ကို -
7:28 - 7:30ကာဗွန်ကို များစွာပိုပြီး
စုစည်းထားနိုင်ကြပါတယ်။ -
7:31 - 7:36ဒီတော့ ကျွန်မတို့ဟာ နှစ်စဉ် ထုတ်လုပ်နေရတဲ့
အုတ် ၁.၂ ထရီလီယံကို ဇီဝနည်းဖြင့် -
7:36 - 7:38ထုတ်လုပ်ပေးလိုက်တာနဲ့ အစားထိုးပေးနိုင်ရင်
-
7:38 - 7:40ကျွန်မတို့ဟာ CO2 ထုတ်လွှတ်မှုကို
-
7:40 - 7:43တစ်နှစ်တစ်နှစ်ကို တန်ချိန်ပေါင်း
-
7:43 - 7:47သန်း ၈၀၀ အထိ လျှေိာ့ချနိုင်ကြပါမယ်။
-
7:48 - 7:55(လက်ခုပ်သံများ)
-
7:55 - 7:59သက်ရှိအကောင်များဖြင့် ပစ္စည်းတွေကို
ထုတ်လုပ်ပေးရုံ သာမက -
7:59 - 8:02ကျွန်မတို့ဟာ ၎င်းတို့ရဲ့ ကြီးထွားမှုကို
အားပေးကြမယ့် -
8:02 - 8:04ထုတ်ကုန်များကိုပါ
ဒီဇိုင်း ထုတ်လုပ်နေကြပါတယ်။ -
8:04 - 8:07ကျွန်မတို့က လက်တွေ့ အကျိုးရှိအောင်
အားထုတ်နေကြတဲ့ -
8:07 - 8:12သက်ရှိဘဝ ကိုယ်၌ကိုက ကျွန်မတို့ အတွက်
-
8:12 - 8:16ဧရာမ လက်တွဲပူးပေါင်း ဆောင်ရွက်ပေးမယ့်
အရာပဲဆိုတဲ့ အသိတရားမှ သိရှိလာရတာပါ။ -
8:17 - 8:21အခုထက်ထိ ကျွန်မတို့ဟာ
ကျွန်မတို့ရဲ့ ဂေဟစနစ် အတွင်းမှာကို -
8:21 - 8:25ရှင်သန်တဲ့ ပိုးမွှားတွေဖြင့် ထုတ်လုပ်ရေး
နည်းမျိုးစုံဖြင့် လုပ်ကိုင်လာခဲ့ကြတယ်။ -
8:25 - 8:30ဧရာမ အားရဖွယ် သာဓက တစ်ခုက
ဗိသုကာပညာရှင်တွေက -
8:30 - 8:33အဆောက်အအုံ တစ်ခုဆီမှာ အပင်ရဲ့ သစ်ခေါက်လို
-
8:34 - 8:36လုပ်နိုင်စွမ်းရှိမယ့် အရေပြားလိုဟာမျိုးကို
စိတ်ကူးနေကြတာပါ။ -
8:37 - 8:40ကာရံပေးမဲ့ စိမ်းလန်းတဲ့ အလွှာရိုးရိုးကို
ဆိုလိုတာ မဟုတ်ပါဘူး။ -
8:40 - 8:43သူတို့ဟာ ဆင့်ကဲတိုးတက်လာနေတဲ့ ဂေဟစနစ်ထဲ
-
8:43 - 8:47အသုံးပြုနိုင်မယ့် ဗိသုကာ အခေါက်များကို
ဒီဇိုင်း ထုတ်လိုကြတယ်။ -
8:48 - 8:54အဲဒီလို အပြင်ပန်း အကာအဖြစ် ဆောက်လုပ်လျက်
သက်ရှိဘဝကို ဖိတ်ကြားဖို့ ရည်ရွယ်ပါတယ်။ -
8:54 - 9:00ကျွန်မတို့ဟာ သက်ရှိဘဝကို ဖိနှိပ်ပစ်ရန်
သုံးနေကြတဲ့ စွမ်းအင်လောက်ကိုပဲ -
9:00 - 9:03သက်ရှိ ဘဝကို ပြုစုပျိုးထောင်ဖို့
သုံးကြမယ် ဆိုရင်၊ -
9:03 - 9:06မြို့ပြတိုက်တာကြီးတွေရဲ့
အနှုတ်လက္ခဏာ ပုံရိပ်ကို -
9:06 - 9:12ရှင်သန် ဖွံ့ဖြိုးနေတဲ့ ဂေဟစနစ်ကို
တကယ့်ကို ဖန်တီးပေးနိုင်ကြမှာပါ။ -
9:13 - 9:19နံရံမျက်နှာပြင်တွေ ရှင်သန်ကြတဲ့ ပိုးမွှား
တွေနဲ့ တုံ့ပြန်မှုကို အားပေးခြင်းဖြင့် -
9:19 - 9:21ကျွန်မတို့ဟာ ရာသီဥတုအား အလိုအလျောက်
ထိန်းချုပ်မှုကို၊ -
9:21 - 9:24မိုးရေ ထိန်းသိမ်းစီမံခန့်ခွဲမှုကို
မြှင့်တင်ပေးရင်း -
9:24 - 9:26အဆောက်အအုံ နွေးစေရန် ဒါမှမဟုတ် အေးစေရန်
အသုံးပြုရတဲ့ -
9:26 - 9:30စွမ်းအင်ကို လျှော့ချနိုင်လို့
CO2 ထုတ်လွှတ်မှုလျှော့ချနိုင်ကြမယ်။ -
9:31 - 9:35ကျွန်မတို့ဟာ သဘာဝ အခြေခံ နည်းပညာတွေရဲ့
အလားအလာတွေကို -
9:35 - 9:38စပြီး ရုပ်လုံးဖေါ်ခါစပဲ ရှိပါသေးတယ်။
-
9:38 - 9:43ကျွန်မတို့ဟာ ပစ္စည်းသစ် ကမ္ဘာအား ဒီဇိုင်း
ဆွဲကာ ဇီဝထုတ်လုပ်မှုကို စတင်နေကြတာ -
9:43 - 9:45သိပ်ကို စိတ်လှုပ်ရှားစရာကြီးပါ။
-
9:49 - 9:53ဒါဟာဖြင့် ပြန်လည်ပြည့်ဖြိုးမလာနိုင်ကြတဲ့
ရင်းမြစ်များအား -
9:53 - 9:56အသုံးချရေး လမ်းစဉ်မှ ခွဲထွက်လျက်
-
9:56 - 10:00သဘာဝမူရင်း ပြန်လည်ပြည့်ဖြိုးမြဲ
အရာများနဲ့ စပြီး လုပ်ကိုင်လာမှုပါပဲ။ -
10:00 - 10:03ကျွန်မတို့ဟာ သက်ရှိဘဝကို
စွန့်ပစ်ထားတဲ့ ဒီဇိုင်းအစား -
10:03 - 10:06သက်ရှိဘဝနဲ့အတူ သက်ရှိဘဝအတွက်
ဒီဇိုင်းကို ပြုစုနေကြပါပြီ။ -
10:07 - 10:11ထုပ်ပိုးခြင်း၊ ဖက်ရှင်၊ ဖိနပ်၊
ပရိဘောဂ၊ ဆောက်လုပ်ခြင်း -- -
10:11 - 10:16ဇီဝနည်း ထုတ်ကုန်များကို အလိုရှိတဲ့
နေရာတွေ အနီးအနားမှာ -
10:16 - 10:20ဒေသခံရင်းမြစ်များဖြင့်
မြေနဲ့ စွမ်းအင်တွေကို လျှော့သုံးလျက်၊ -
10:20 - 10:24စက်မှုစွန့်ပစ်ပစ္စည်းများကိုတောင်
အသုံးပြုသွားနိုင်မှာပါ။ -
10:25 - 10:29ဒီလိုနည်းဖြင့် ဇီဝနည်းပညာရဲ့
နည်းကိရိယာတွေဟာ -
10:29 - 10:31စွမ်းအားကောင်းကြတဲ့ နိုင်ငံတကာ
-
10:31 - 10:36ဓာတုနှင့်ဇီဝနည်းပညာ ကုမ္ပဏီတွေကို
ထိန်းသိမ်းပေးကြမှာပါ။ -
10:36 - 10:40လွန်ခဲ့တဲ့ ရာစုနှစ်တုန်းက ပစ္စည်းတွေ
ဆန်းသစ်ထုတ်လုပ်နည်းတွေကို -
10:40 - 10:45DuPont၊ Dow၊ BASF တို့ထံမှ ထွက်ပေါ်
လာမယ်လို့ ကျွန်မတို့ မျှော်လင့်ခဲ့ကြတယ်။ -
10:45 - 10:51ဒါပေမဲ့ ၂၁ ရာစု ပစ္စည်းများ ထုတ်လုပ်ရေး
တော်လှန်ရေးကို သေးငယ်တဲ့ -
10:51 - 10:54အဖွဲ့တွေက ရင်းနှီးမှု အနည်းအကျဉ်းဖြင့်
ဦးဆောင်နေကြပါတယ်။ -
10:55 - 10:59စကားမစပ်၊ အဲဒါတွေကို တည်ထောင်ခဲ့ကြသူ
အားလုံးတို့ဟာ သိပ္ပံဘွဲ့ရတွေ မဟုတ်ကြပါဘူး။ -
10:59 - 11:03သူတို့ထဲမှာ အနုပညာရှင်တွေ၊ ဗိသုကာ
ပညာရှင်တွေနဲ့ ဒီဇိုင်နာတွေ ပါဝင်ကြတယ်။ -
11:05 - 11:08လူအများသုံး ကုန်ပစ္စည်းတွေကို ဇီဝနည်းဖြင့်
-
11:08 - 11:12ထုတ်လုပ်ကြမယ့် လုပ်ငန်းသစ်များထဲကို
ဒေါ်လာ တစ်ဘီလီယံခန့် ရင်းနှီးထားကြပါပြီ။ -
11:13 - 11:18ကျွန်မအထင် ကျွန်မတို့ အနာဂတ်ကို ဇီဝထုတ်
လုပ်ရေးနည်းမှလွဲပြီး ရွေးစရာမရှိနိုင်ဘူး။ -
11:18 - 11:20ရှင်တို့ ဝတ်ထားတဲ့ ဂျာကင်အင်္ကျီမှအစ
-
11:20 - 11:22ရှင်တို့ ထိုင်နေကြတဲ့ ထိုင်ခုံနဲ့
-
11:22 - 11:24ရှင်တို့ နေကြတဲ့ အိမ်တွေ အဆုံး
-
11:24 - 11:29ရှင်တို့အတွက် ဒီဇိုင်းထုတ်ထားတဲ့
ကမ္ဘာကြီးဟာ ရှင်တို့ရဲ့ ကျန်းမာရေးကို -
11:29 - 11:32ကျွန်မတို့ ကမ္ဘာဂြိုဟ်ရဲ့
ရှင်သန်မှုကို မထိခိုက်စေရပါ။ -
11:32 - 11:34ပြန်ပြီး သုံးမရနိုင်တဲ့ ဒါမှမဟုတ် အိမ်မှာ
-
11:34 - 11:36သဘာဝ အလျောက်
ဆွေးမြေ့မသွားနိုင်တဲ့ ပစ္စည်းတွေကို -
11:36 - 11:38ကျွန်မတို့ ပစ်ပယ်ကြရပါမယ်။
-
11:38 - 11:43အဲဒီလို အနာဂတ်ကို
လက်တွေ့ ရုပ်လုံးဖေါ်ပေးရန် -
11:43 - 11:46ဒီနေ့ လုပ်ကိုင်နေကြတဲ့
အံ့ဖွယ် လုပ်ငန်းတွေအားလုံးကို -
11:46 - 11:48မီးမောင်း ထိုးပြပေးရင်း
-
11:48 - 11:51ဒီဇိုင်နာတွေ၊ သိပ္ပံပညာရှင်တွေ၊
ရင်းနှီးမြှုပ်နှံလိုသူတွေနဲ့ -
11:51 - 11:55နာမည်ကြီး တံဆိပ်တွေ ပိုပြီးထိတွေ့
လုပ်ကိုင်ကြဖို့ စီစဉ်ပေးလိုပါတယ်။ -
11:56 - 11:59ကျွန်မတို့ ပစ္စည်းထုတ်လုပ်ရေး
တော်လှန်ရေးကို လိုအပ်နေပြီး -
11:59 - 12:01ဒီနေ့ကို ဆင်နွှဲဖို့ လိုအပ်နေပါပြီ။
-
12:01 - 12:02ကျေးဇူးတင်ပါတယ်။
-
12:02 - 12:07(လက်ခုပ်သံများ)
- Title:
- ‘‘ဇီဝထုတ်လုပ်ရေးနည်း’’ ဟာ လာမယ့် စက်မှု တော်လှန်ရေး ဖြစ်တာ ဘာကြောင့်လဲ
- Speaker:
- Suzanne Lee
- Description:
-
ကျုပ်တို့ဟာ အဝတ်အစားတွေကို မိုးမွှားများမှ၊ ပရိဘောဂတွေကို သက်ရှိအကောင်များမှနဲ့ သစ်ပင် အခေါက်တွေလို့ အပြင်ပန်းရှိကြမယ့် အဆောက်အဦတွေကို စိုက်ပျိုးယူနိုင်ကြမယ် ဆိုရင်ကော။ TED ဝိုင်းတော်သူ Suzanne Lee ကနေပြီး ဇီဝထုတ်လုပ်ရေးနည် နယ်ပယ်ထဲက စိတ်လှုပ်ရှားဖွယ် တိုးတတ်မှုများကို မျှဝေပေးရင်း ပလစ်စတစ်နဲ့ ဘိလပ်မြေလို အမှိုက်တွေရဲ့ အဓိကအကျဆုံး ရင်းမြစ်တွေကို ရေရှည်အကျိုးရှိပြီး ဂေဟစနစ်ကို ပံ့ပိုးပေးမယ့် အစားထိုးစရာများဖြင့် အစားထိုးသုံးနိုင်ပုံကို ရှင်းပြထားပါတယ်။
- Video Language:
- English
- Team:
- closed TED
- Project:
- TEDTalks
- Duration:
- 12:20
Myo Aung approved Burmese subtitles for Why "biofabrication" is the next industrial revolution | ||
Myo Aung edited Burmese subtitles for Why "biofabrication" is the next industrial revolution | ||
Sanda Aung accepted Burmese subtitles for Why "biofabrication" is the next industrial revolution | ||
Sanda Aung edited Burmese subtitles for Why "biofabrication" is the next industrial revolution | ||
Myo Aung edited Burmese subtitles for Why "biofabrication" is the next industrial revolution | ||
Myo Aung edited Burmese subtitles for Why "biofabrication" is the next industrial revolution | ||
Myo Aung edited Burmese subtitles for Why "biofabrication" is the next industrial revolution |