0:00:01.667,0:00:05.229 ကျွန်မဟာ ကျွန်မရဲ့ ဘဝကို[br]ဖက်ရှင်ဒီဇိုင်နာအဖြစ် စတင်ခဲ့ပြီး၊ 0:00:05.253,0:00:09.486 အထည်အလိပ်ဒီဇိုင်းနာတွေနဲ့ အထည်ပေးသွင်းသူ[br]တွေနဲ့ နီးကပ်စွာ အလုပ်လုပ်ခဲ့ပါတယ်။ 0:00:10.458,0:00:14.773 ဒီနေ့တွင် ကျွန်မ လက်တွဲ လုပ်ကိုင်သူ အသစ်[br]တွေနဲ့ မြင်မရသလို စကားလည်း ပြေမရပါဘူး။ 0:00:14.773,0:00:18.434 ၎င်းတို့ဟာ မြေဆီလွှာထဲမှာ ကျွန်မတို့[br]ခြေထောက်တွေရဲ့ အောက်မှာ ရှိနေကြလို့ပါ၊ 0:00:18.458,0:00:20.846 စူပါမားကက် စင်တွေပေါ်မှာ၊ 0:00:20.870,0:00:24.233 ဒီဟောပြောချက် နောက်မှာ ကျွန်မသောက်မယ့် [br]ဘီယာထဲမှာ ရှိနေကြလို့ပါ။ 0:00:25.720,0:00:28.299 အဏုဇီဝကောင်တွေကို ကျွန်မ ဆိုလိုတာပါ။ 0:00:28.323,0:00:30.662 သက်ရှိတွေဖြင့် ဒီဇိုင်းကို ထုတ်လုပ်နေတာပါ။ 0:00:31.278,0:00:32.469 လွန်ခဲ့တဲ့ ၁၅ နှစ်တုန်းက၊ 0:00:32.473,0:00:35.679 ဇီဝဗေဒပညာရှင်နဲ့အတူ လက်တွဲလုပ်ကိုင်ရင်း [br]အမြင်သစ်ကို ရရှိလိုက်လို့ 0:00:36.033,0:00:37.569 ကျွန်မ လုပ်ကိုင်ခဲ့တဲ့ အရာကိုရော 0:00:37.593,0:00:41.061 လုပ်ကိုင်နည်းကိုပါ လုံးဝကို[br]ပြောင်းလဲပစ်ခဲ့ပါတယ်။ 0:00:41.775,0:00:46.664 ကျွန်မတို့ရဲ့ ပရိုဂျက်က ကျွန်မရဲ့ ဘဝ[br]ကိုယ်၌ကို လုံးဝ ပြောင်းလဲပစ်လိုက်ပြီး 0:00:46.688,0:00:49.811 ကျွန်မတို့ ဒီဇိုင်းထုတ်လုပ်ပုံ၊ ပစ္စည်းတွေ[br]ထုတ်လုပ်ကြပုံ အတွက် 0:00:49.835,0:00:52.958 အလားအလာ ကမ္ဘာကြီးအသစ်ကို[br]ဖွင့်ပြပေးလိုက်ပါတယ်။ 0:00:53.561,0:00:57.378 ကျွန်မဟာ မကြုံစဖူး ထုတ်လုပ်ရေး[br]အကြံဉာဏ်ကို ရှာတွေ့ခဲ့တယ်- 0:00:58.323,0:00:59.679 ဇီဝအထည် ထုတ်လုပ်မှုပါ။ 0:01:00.172,0:01:04.251 ဇီဝဗေဒရဲ့ အကူအညီဖြင့် အထည်ထုတ်လုပ်မှုပါ။ 0:01:05.212,0:01:06.632 အဲဒါက ဘာများပါလိမ့်။ 0:01:06.656,0:01:11.871 ကောင်းပြီ၊ စားသုံးသူတို့အတွက်[br]အထည်တွေကို ထုတ်လုပ်ဖို့အတွက် 0:01:11.895,0:01:14.347 အပင်တွေ၊ အကောင်တွေနဲ့[br]အဆီကို စီမံလုပ်ကိုင်မှုအစား 0:01:14.371,0:01:19.991 သက်ရှိ အကောင်များဖြင့် ကျွန်မတို့ဟာ [br]အထည်တွေကို တိုက်ရိုက် ထုတ်လုပ်နိုင်ကြတယ်။ 0:01:20.618,0:01:24.634 လူတော်တော်များက "စတုတ္ထ စက်မှုတော်လှန်ရေး"[br]လို့ ခေါ်ကြတဲ့ဟာက 0:01:24.658,0:01:29.178 ကျွန်မတို့ ထင်သလိုဆိုရင် သက်ရှိဆဲလ်တွေနဲ့ [br]စက်ရုံသစ်တွေ တည်ဆောက်မှုပဲ ဖြစ်ပါလိမ့်မယ်။ 0:01:29.568,0:01:33.504 ဘက်တီးရီးယားတွေ၊[br]ရေညှိတွေ၊ မှိုတွေ၊ တဆေးတွေ - 0:01:33.528,0:01:38.710 ကျွန်မတို့ နောက်ဆုံး ဒီဇိုင်းကိရိယာတွေမှာ[br]အဲဒီလို ဇီဝနည်းပညာကိရိယာတွေ ပါဝင်ကြပါတယ်။ 0:01:39.212,0:01:41.887 ဒီဇီဝအထည် ထုတ်လုပ်ရေး ကျွန်မရဲ့ ခရီးဟာ 0:01:41.911,0:01:44.644 "Biocouture" လို့ခေါ်တဲ့[br]ပရိုဂျက်နဲ့ စတင်ခဲ့ပါတယ်။ 0:01:44.732,0:01:49.067 မယုံနိုင်စရာ အချက်က[br]ဝါပင်ကို စိုက်ပြီး ဝါဂွမ်းကို 0:01:49.081,0:01:52.174 လယ်ကွင်းထဲမှာ လအတော်ကြာ[br]စိုက်ပျိုး ထုတ်လုပ်မှုအစား 0:01:52.198,0:01:57.521 ကျွန်မတို့ဟာ ဓာတ်ခွဲခန်းထဲမှာ[br]အလားတူ သစ်စေး ပစ္စည်းကို 0:01:57.521,0:01:59.934 ရက်အနည်းငယ်အတွင်းမှာ[br]ထုတ်လုပ်ပေးနိုင်ကြတယ်။ 0:01:59.958,0:02:04.577 အချို့သော ဘက်တီးရီးယား အမျိုးအစားကို[br]အာဟာရကြွယ်ဝတဲ့ အရည်ထဲတွင် 0:02:04.601,0:02:07.982 အချဉ်ဖောက်ပေးခြင်းဖြင့် ကျွန်မတို့ဟာ 0:02:08.006,0:02:12.188 အထည်အဖြစ် အလိုလို ထုတ်လုပ်ပေးနိုင်ကြတယ်။ 0:02:12.529,0:02:15.474 ကျွန်မတို့ ထုတ်လုပ်ပေးလိုက်တဲ့[br]အထည်ကို အခြောက်လှန်ပြီးရင် 0:02:15.498,0:02:21.110 လိုအပ်သလို ဖြတ်ညှပ်လျက် အဝတ်အစားတွေ၊[br]ဖိနပ်တွေနဲ့ အိတ်တွေကို ချုပ်နိုင်ခဲ့ပါတယ်။ 0:02:21.134,0:02:23.993 နောက်တစ်မျိုး ရှင်းပြရပါက၊[br]ဓာတ်ခွဲခန်း တစ်ခုတည်း အတွင်းမှာ 0:02:23.993,0:02:26.761 ကျွန်မတို့ဟာ ရက်ပိုင်းအတွင်းမှာကို[br]အထည်တွေကို ထုတ်လုပ်ရင်း 0:02:26.785,0:02:28.745 ပစ္စည်းမျိုးစုံကို ထုတ်လုပ်ပေးနိုင်ကြတယ်။ 0:02:28.769,0:02:33.292 ပြီးတော့ ဒါဟာ လက်ရှိ[br]အထည်ထုတ်လုပ်ရေး နည်းစနစ်တွေ ဖြစ်တဲ့ 0:02:33.316,0:02:35.808 အပင်ကို စိုက်ပျိုးရတယ်၊ 0:02:35.832,0:02:38.927 ဝါဂွမ်းအပိုင်းကိုသာ ရိတ်သိမ်းကြတယ်၊ 0:02:38.951,0:02:40.736 ဝါဂွမ်းကို ချည်အဖြစ် ငင်ယူကြတယ်၊ 0:02:40.760,0:02:42.529 ပြီးမှ အထည်ကို ယက်ကြရတယ်၊ 0:02:42.553,0:02:45.307 အဲဒီနောက် ဖြတ်ညှပ်ပြီး[br]လိုတာကို မချုပ်လုပ်ခင်တွင် 0:02:45.331,0:02:48.482 လိုရာနိုင်ငံတွေဆီကို တင်ပို့ပေးရတဲ့[br]စနစ်နဲ့ လုံးဝကို မတူပါဘူး။ 0:02:48.506,0:02:51.125 ခုနက အရာတွေ အားလုံးဟာ လနဲ့ချီ ကြာနိုင်တယ်။ 0:02:52.016,0:02:55.112 ဒီရှေ့ပြေးပုံစံတွေကျတော့ အရင်းအမြစ်တွေကို 0:02:55.136,0:02:58.548 သိသိသာသာ[br]ထိရောက်စွာ သုံးနိုင်တဲ့ ပုံစံမျိုးပါ။ 0:02:58.572,0:03:02.537 အထည်ကို ထုတ်လုပ်ရန် လိုအပ်တဲ့[br]ရေ၊ စွမ်းအင်နဲ့ ဓာတုဗေဒ ပစ္စည်းတွေကို 0:03:02.561,0:03:04.925 လျှေိာ့ချပစ်နိုင်တဲ့ အပြင် 0:03:04.949,0:03:08.339 စွန့်ပစ်ပစ္စည်း သုညဖြစ်သွားစေလျက် 0:03:08.363,0:03:11.926 ကျွန်မတို့ဟာ အပြီးသတ် ပုံစံအထိကို[br]ထုတ်လုပ်ပေးနိုင်တယ် -- 0:03:11.950,0:03:16.803 "ဇီဝဗေဒမှ ဖြည့်ဆည်းပေးတဲ့ ထုတ်လုပ်မှု"[br]လို့ ခေါ်နိုင်ပါတယ်။ 0:03:17.307,0:03:19.974 ဇီဝအထည် ထုတ်လုပ်မှု မှတစ်ဆင့်၊ 0:03:19.998,0:03:24.299 ကျွန်မဟာ လူအင်အားကို များစွာမှ အသုံးချရတဲ့[br]အဆင့်တွေကို ဇီဝအဆင့် တစ်ခုတည်းနဲ့ 0:03:24.323,0:03:26.738 အစားထိုးပေးနိုင်ခဲ့ပါတယ်။ 0:03:27.033,0:03:29.755 ပြီးတော့ ကျွန်မက ဒီလိုသက်ရှိစနစ်ထဲ[br]ပါဝင် လုပ်ကိုင်လာမှုက 0:03:29.755,0:03:32.856 ကျွန်မရဲ့ ဒီဇိုင်းထုတ်လုပ်ရေး [br]အတွေးအခေါ်ကိုပါ ပြောင်းပစ်လိုက်တယ်။ 0:03:32.973,0:03:37.234 ကျွန်မရဲ့ ဇီဝနည်းက[br]ကျွန်မဘက်မှ စွက်ဖက်မှု မပါဘဲ 0:03:37.258,0:03:41.615 ကြီးထွားမှုအတွက် ကနဦး အခြေအနေတွေကို[br]ဒီဇိုင်း ရေးဆွဲမှ လွဲပြီး၊ 0:03:41.639,0:03:45.660 ထိရောက်စွာနဲ့ ရေရှည်ခံနိုင်ရည်ရှိပြီး[br]အသုံးတည့်တဲ့ ပစ္စည်းကို ထုတ်လုပ်ပေးပါတယ်။ 0:03:46.996,0:03:53.782 ဒါကြောင့် ကျွန်မဟာ အခု ပစ္စည်းအားလုံး ဇီဝ[br]ထုတ်လုပ်ရေး ရှုဒေါင့်နဲ့သာ ကြည့်တော့တယ်။ 0:03:53.806,0:03:59.300 တကယ်တော့ ပစ္စည်းတွေကို ဇီဝရှုထောင့်မှ[br]ပြန်ပြီး ရှုမြင်လာကြတဲ့ တီထွင်ပညာရှင်တွေ 0:03:59.324,0:04:02.887 တကမ္ဘာမှာ ကြီးထွားလာနေပါတယ်။ 0:04:03.498,0:04:08.283 များပြားလှတဲ့ ကုမ္ပဏီတွေဟာ အခုတော့ [br]မှိုပစ္စည်းတွေကို ထုတ်လုပ်နေကြတယ်၊ 0:04:08.307,0:04:10.236 တကယ့်မှုကို ဆိုလိုတာ မဟုတ်ပါဘူး -- 0:04:10.260,0:04:15.371 မှိုရဲ့ အမြစ်စနစ်ဖြစ်တဲ့[br]mycelium ကို သုံးနေကြတာပါ၊ 0:04:15.395,0:04:19.177 စိုက်ပျိုးရေး ထုတ်ကုန်တွေကို [br]အတူတူ ချည်နှောင်ပေးဖို့ အတွက်ပါ။ 0:04:19.201,0:04:23.322 အဲဒါ "သဘာဝ ကော်" လို့[br]ခေါ်နေကြတဲ့ လုပ်ငန်းစဉ်ပါ။ 0:04:23.680,0:04:27.355 အဲဒီလို ပြုလုပ်ဖို့ အသုံးများတဲ့[br]နည်းလမ်းက 3-D ပုံစံကို ယူပြီး 0:04:27.379,0:04:32.831 ပြောင်းဖူး ရိုးတံ ဒါမှမဟုတ် လျှော်လို[br]စွန့်ပစ် ပစ္စည်းနဲ့ ဖြည့်ပြီး 0:04:32.855,0:04:34.450 ရေကို ထည့်ပေးရတယ်၊ 0:04:34.474,0:04:38.553 mycelium ကြီးထွားလာဖို့[br]ရက်အနည်းငယ်ကြာ စောင့်ပြီးရင် 0:04:38.577,0:04:40.029 ပုံစံကို ဖယ်ရှားပစ်လိုက်ပါ၊ 0:04:40.053,0:04:43.327 ကျွန်မတို့ လက်ထဲမှာ ကြီးထွားပြီးသား[br]3-D ပုံစံ ကျန်ခဲ့ပါမယ်။ 0:04:44.601,0:04:48.268 မယုံနိုင်လောက်အောင်ကိုပဲ ကျွန်မတို့ဟာ[br]သက်ရှိ အကောင်တွေကို အသုံးချပြီး 0:04:48.292,0:04:50.688 ပုံစံမျိုးစုံကို ဆောက်ယူနိုင်ကြရာ၊ 0:04:50.712,0:04:54.840 ဖိနပ်တွေထဲမှာ ပလတ်စတစ် အမြှုပ်တွေမှအစ 0:04:54.840,0:04:57.833 တိရိစ္ဆာန်တွေ မပါရဘဲ သားရေလို[br]ပစ္စည်းတွေကို ထုတ်လုပ်နိုင်ကြတယ်။ 0:04:57.857,0:05:01.730 ပရိဘောဂ၊ ကြမ်းခင်းပစ္စည်း စသဖြင့်[br]အရာရာတိုင်းကို ပုံစံထုတ်နေကြပါပြီ။ 0:05:01.754,0:05:07.472 မှိုတွေမှ ထုတ်လုပ်ရနိုင်တဲ့ ပစ္စည်းတွေဟာ[br]သဘာဝအရ မီးမလောင်နိုင်ပါဘူး၊ 0:05:07.496,0:05:09.336 ဓာတုပစ္စည်းတွေ ထည့်ရန် မလိုပါဘူး။ 0:05:09.336,0:05:11.368 ၎င်းတို့ဟာ သဘာဝအရ ရေကိုအထိမခံနိုင်ကြလို့ 0:05:11.392,0:05:13.622 ရေကို စုပ်ယူကြမှာ မဟုတ်ပါဘူး။ 0:05:13.646,0:05:17.107 ၎င်းတို့ အရည်ပျော်အမှတ်ဟာ[br]ပလပ်စတစ်မထက် ပိုမြင့်ပါတယ်။ 0:05:18.357,0:05:22.801 ပလပ်စတစ်ဟာ ဆွေးမြေ့ဖို့ နှစ်ပေါင်း[br]ထောင်ချီကြာမြင့်နိုင်တယ်။ 0:05:23.722,0:05:26.252 မှိုမှရရှိတဲ့ ထုပ်ပိုးရေး ပစ္စည်းတွေကျတော့ 0:05:26.276,0:05:29.950 သဘာဝနည်းအရကို အိမ်နောက်ဖေးမှာ[br]ရက် ၃၀ လောက်အတွင်းမှာကို 0:05:29.974,0:05:32.442 ဆွေးမြေ့သွားမှာပါ။ 0:05:33.442,0:05:36.387 သက်ရှိအကောင်များဟာ အမှိုက်တွေကို 0:05:36.411,0:05:40.879 တွက်ချက်ကိုက်တဲ့ အမျိုးမျိုးသုံးနိုင်တဲ့[br]ပစ္စည်းများသို့ ပြောင်းလဲ ထုတ်လုပ်ပေးလို့ 0:05:40.903,0:05:43.167 ၎င်းတို့ဟာ ပလပ်စတစ်နဲ့[br]CO2 ကို ထုတ်လွှတ်ကြတဲ့ 0:05:43.191,0:05:46.319 အခြားပစ္စည်းတွေကို အစားထိုးနိုင်ကြမယ်။ 0:05:46.924,0:05:50.543 ကျွန်မတို့ သက်ရှိအကောင်များဖြင့်[br]ပစ္စည်းတွေ ထုတ်လုပ်မှုကို စတင်လိုက်ကြတာနဲ့ 0:05:50.567,0:05:56.212 အရင်တုန်းက ထုတ်လုပ်ရေး နည်းစနစ်တွေ [br]ယုတ္တမရှိမှန်း ထင်ရှားလာပါတယ်။ 0:05:56.680,0:05:59.451 အိမ်ဆောက်ဖို့ သုံးတဲ့[br]သာမန်အုတ်ကို ယူကြည့်ပါစို့။ 0:06:01.007,0:06:04.053 ဘိလပ်မြေလုပ်ငန်းဟာဖြင့်[br]ကမ္ဘာ့ CO2 ထုတ်လွှတ်မှုရဲ့ 0:06:04.077,0:06:05.942 ရှစ်ရာခိုင်နှုန်းခန့် ရှိပါတယ်။ 0:06:05.966,0:06:09.355 အဲဒါဟာ လေယာဉ်တွေနဲ့ သင်္ဘောတွေ [br]အားလုံးပေါင်းတို့ထက်ကို ပိုများပါတယ်။ 0:06:09.958,0:06:15.287 ဘိလပ်မြေကို ထုတ်လုပ်ရန် ပစ္စည်းတွေကို [br]ဖာရင်ဟိုက် ဒီဂရီ ၂၀၀၀ ကျော်အထိကို 0:06:15.311,0:06:18.506 အပူပေးရန် လိုအပ်ပါတယ်။ 0:06:19.504,0:06:22.632 အဲဒါကို bioMASON နဲ့ ယှဉ်ကြည့်ကြပါ။ 0:06:23.195,0:06:27.767 သဲ ဒါမှမဟုတ် ကျောက်မှုန့်တွေလို[br]စေးကပ်မနေတဲ့ အရာတွေကို ယူပြီး 0:06:27.791,0:06:30.409 မြေဆီလွှာ ပိုးမွှားတွေကို သုံးပြီး 0:06:30.433,0:06:34.712 ဇီဝနည်းဖြင့် ထုတ်လုပ်လိုက်တဲ့[br]ဇီဝဘိလပ်မြေ၊ အုတ်ကို ရနိုင်ပါတယ်။ 0:06:34.868,0:06:38.622 ပြီးတော့ ဒီလိုဖြစ်စဉ်ကို[br]သာမန်အပူချိန်နဲ့ကို လုပ်ရနိုင်တယ်၊ 0:06:38.806,0:06:40.837 နှစ်ရက်လောက်နဲ့ ရပါတယ်။ 0:06:40.861,0:06:43.765 ဒါဟာ အုတ်များအတွက် Hydroponic နဲ့ တူပါတယ်။ 0:06:43.789,0:06:48.259 ရေကို ထည့်သွင်းပေးတဲ့ စနစ်က[br]အာဟာရကြွယ်ဝပြီး 0:06:48.259,0:06:50.660 ပိုးတွေနဲ့ အားဖြည့်ထားတဲ့[br]ရေကို အုတ်တွေထည့်ထားတဲ့ 0:06:50.684,0:06:53.353 ဗန်းတွေကို တိုက်ကျွေးပေးပါတယ်။ 0:06:53.926,0:06:56.260 ဘက်တီးရီးယားတွေက[br]သဲပွင့်တိုင်းရဲ့ ပတ်ဝန်းကျင်မှာ 0:06:56.284,0:06:59.346 ဓာတ်ဆားပွင့်ကို ထုတ်လုပ်ပေးခြင်းဖြင့် 0:06:59.370,0:07:02.553 ဖရိုဖရဲရှိနေကြတဲ့ အမှုန်တွေကို ကျစ်လစ်တဲ့ 0:07:02.577,0:07:04.402 အုတ်ခဲအဖြစ် ဖန်တီးပေးပါတယ်။ 0:07:04.825,0:07:08.174 ဒီနည်းဖြင့် ကျွန်မတို့ဟာ သဘာဝတရားကနေပြီး 0:07:08.808,0:07:11.613 သန္တာကျောက်တန်းကို ဖန်တီးပေးသလိုပဲ[br]ကျော့ရှင်းတဲ့ နည်းဖြင့် 0:07:11.637,0:07:13.716 ထုတ်လုပ်ပေးနိုင်လာကြပါပြီ။ 0:07:14.831,0:07:20.434 ပြီးတော့ ဇီဝနည်းနဲ့ ထုတ်လုပ်ပေးလိုက်တဲ့ [br]အုတ်တွေဟာ ဘိလပ်မြေ အုတ်နဲ့စာရင် 0:07:20.458,0:07:22.508 သုံးဆပိုပြီး ခိုင်ခန့်ကြပါသေးတယ်။ 0:07:23.702,0:07:27.797 အဲဒါ့အပြင် အစဉ်အလာ ဘိလပ်မြေ ထုတ်လုပ်ရေး[br]နည်းနဲ့ လုံးဝကို ယှဉ်မရအောင်ကို 0:07:27.821,0:07:30.354 ကာဗွန်ကို များစွာပိုပြီး[br]စုစည်းထားနိုင်ကြပါတယ်။ 0:07:30.942,0:07:35.648 ဒီတော့ ကျွန်မတို့ဟာ နှစ်စဉ် ထုတ်လုပ်နေရတဲ့[br]အုတ် ၁.၂ ထရီလီယံကို ဇီဝနည်းဖြင့် 0:07:35.648,0:07:37.607 ထုတ်လုပ်ပေးလိုက်တာနဲ့ အစားထိုးပေးနိုင်ရင် 0:07:37.631,0:07:40.297 ကျွန်မတို့ဟာ CO2 ထုတ်လွှတ်မှုကို 0:07:40.321,0:07:42.934 တစ်နှစ်တစ်နှစ်ကို တန်ချိန်ပေါင်း 0:07:42.958,0:07:46.762 သန်း ၈၀၀ အထိ လျှေိာ့ချနိုင်ကြပါမယ်။ 0:07:48.307,0:07:54.747 (လက်ခုပ်သံများ) 0:07:55.264,0:07:58.763 သက်ရှိအကောင်များဖြင့် ပစ္စည်းတွေကို[br]ထုတ်လုပ်ပေးရုံ သာမက 0:07:58.977,0:08:01.688 ကျွန်မတို့ဟာ ၎င်းတို့ရဲ့ ကြီးထွားမှုကို[br]အားပေးကြမယ့် 0:08:01.688,0:08:04.109 ထုတ်ကုန်များကိုပါ [br]ဒီဇိုင်း ထုတ်လုပ်နေကြပါတယ်။ 0:08:04.338,0:08:06.687 ကျွန်မတို့က လက်တွေ့ အကျိုးရှိအောင်[br]အားထုတ်နေကြတဲ့ 0:08:06.711,0:08:12.211 သက်ရှိဘဝ ကိုယ်၌ကိုက ကျွန်မတို့ အတွက် 0:08:12.235,0:08:16.125 ဧရာမ လက်တွဲပူးပေါင်း ဆောင်ရွက်ပေးမယ့်[br]အရာပဲဆိုတဲ့ အသိတရားမှ သိရှိလာရတာပါ။ 0:08:16.689,0:08:20.538 အခုထက်ထိ ကျွန်မတို့ဟာ[br]ကျွန်မတို့ရဲ့ ဂေဟစနစ် အတွင်းမှာကို 0:08:20.562,0:08:24.640 ရှင်သန်တဲ့ ပိုးမွှားတွေဖြင့် ထုတ်လုပ်ရေး[br]နည်းမျိုးစုံဖြင့် လုပ်ကိုင်လာခဲ့ကြတယ်။ 0:08:25.482,0:08:29.713 ဧရာမ အားရဖွယ် သာဓက တစ်ခုက[br]ဗိသုကာပညာရှင်တွေက 0:08:29.737,0:08:33.499 အဆောက်အအုံ တစ်ခုဆီမှာ အပင်ရဲ့ သစ်ခေါက်လို 0:08:33.523,0:08:36.324 လုပ်နိုင်စွမ်းရှိမယ့် အရေပြားလိုဟာမျိုးကို[br]စိတ်ကူးနေကြတာပါ။ 0:08:36.680,0:08:39.627 ကာရံပေးမဲ့ စိမ်းလန်းတဲ့ အလွှာရိုးရိုးကို[br]ဆိုလိုတာ မဟုတ်ပါဘူး။ 0:08:39.982,0:08:43.252 သူတို့ဟာ ဆင့်ကဲတိုးတက်လာနေတဲ့ ဂေဟစနစ်ထဲ 0:08:43.276,0:08:47.262 အသုံးပြုနိုင်မယ့် ဗိသုကာ အခေါက်များကို[br]ဒီဇိုင်း ထုတ်လိုကြတယ်။ 0:08:48.104,0:08:53.730 အဲဒီလို အပြင်ပန်း အကာအဖြစ် ဆောက်လုပ်လျက်[br]သက်ရှိဘဝကို ဖိတ်ကြားဖို့ ရည်ရွယ်ပါတယ်။ 0:08:54.239,0:08:59.649 ကျွန်မတို့ဟာ သက်ရှိဘဝကို ဖိနှိပ်ပစ်ရန်[br]သုံးနေကြတဲ့ စွမ်းအင်လောက်ကိုပဲ 0:08:59.673,0:09:02.649 သက်ရှိ ဘဝကို ပြုစုပျိုးထောင်ဖို့[br]သုံးကြမယ် ဆိုရင်၊ 0:09:02.673,0:09:06.400 မြို့ပြတိုက်တာကြီးတွေရဲ့[br]အနှုတ်လက္ခဏာ ပုံရိပ်ကို 0:09:06.424,0:09:11.940 ရှင်သန် ဖွံ့ဖြိုးနေတဲ့ ဂေဟစနစ်ကို[br]တကယ့်ကို ဖန်တီးပေးနိုင်ကြမှာပါ။ 0:09:12.734,0:09:18.596 နံရံမျက်နှာပြင်တွေ ရှင်သန်ကြတဲ့ ပိုးမွှား[br]တွေနဲ့ တုံ့ပြန်မှုကို အားပေးခြင်းဖြင့် 0:09:18.596,0:09:21.108 ကျွန်မတို့ဟာ ရာသီဥတုအား အလိုအလျောက်[br]ထိန်းချုပ်မှုကို၊ 0:09:21.108,0:09:23.545 မိုးရေ ထိန်းသိမ်းစီမံခန့်ခွဲမှုကို[br]မြှင့်တင်ပေးရင်း 0:09:23.569,0:09:26.118 အဆောက်အအုံ နွေးစေရန် ဒါမှမဟုတ် အေးစေရန်[br]အသုံးပြုရတဲ့ 0:09:26.118,0:09:29.743 စွမ်းအင်ကို လျှော့ချနိုင်လို့[br]CO2 ထုတ်လွှတ်မှုလျှော့ချနိုင်ကြမယ်။ 0:09:30.847,0:09:34.943 ကျွန်မတို့ဟာ သဘာဝ အခြေခံ နည်းပညာတွေရဲ့[br]အလားအလာတွေကို 0:09:34.967,0:09:38.117 စပြီး ရုပ်လုံးဖေါ်ခါစပဲ ရှိပါသေးတယ်။ 0:09:38.141,0:09:43.164 ကျွန်မတို့ဟာ ပစ္စည်းသစ် ကမ္ဘာအား ဒီဇိုင်း[br]ဆွဲကာ ဇီဝထုတ်လုပ်မှုကို စတင်နေကြတာ 0:09:43.188,0:09:45.442 သိပ်ကို စိတ်လှုပ်ရှားစရာကြီးပါ။ 0:09:49.177,0:09:53.438 ဒါဟာဖြင့် ပြန်လည်ပြည့်ဖြိုးမလာနိုင်ကြတဲ့[br]ရင်းမြစ်များအား 0:09:53.462,0:09:55.915 အသုံးချရေး လမ်းစဉ်မှ ခွဲထွက်လျက် 0:09:55.939,0:10:00.275 သဘာဝမူရင်း ပြန်လည်ပြည့်ဖြိုးမြဲ [br]အရာများနဲ့ စပြီး လုပ်ကိုင်လာမှုပါပဲ။ 0:10:00.409,0:10:02.871 ကျွန်မတို့ဟာ သက်ရှိဘဝကို[br]စွန့်ပစ်ထားတဲ့ ဒီဇိုင်းအစား 0:10:02.895,0:10:06.259 သက်ရှိဘဝနဲ့အတူ သက်ရှိဘဝအတွက်[br]ဒီဇိုင်းကို ပြုစုနေကြပါပြီ။ 0:10:06.934,0:10:10.968 ထုပ်ပိုးခြင်း၊ ဖက်ရှင်၊ ဖိနပ်၊[br]ပရိဘောဂ၊ ဆောက်လုပ်ခြင်း -- 0:10:10.992,0:10:16.143 ဇီဝနည်း ထုတ်ကုန်များကို အလိုရှိတဲ့[br]နေရာတွေ အနီးအနားမှာ 0:10:16.167,0:10:19.937 ဒေသခံရင်းမြစ်များဖြင့်[br]မြေနဲ့ စွမ်းအင်တွေကို လျှော့သုံးလျက်၊ 0:10:19.961,0:10:23.837 စက်မှုစွန့်ပစ်ပစ္စည်းများကိုတောင်[br]အသုံးပြုသွားနိုင်မှာပါ။ 0:10:24.924,0:10:28.925 ဒီလိုနည်းဖြင့် ဇီဝနည်းပညာရဲ့[br]နည်းကိရိယာတွေဟာ 0:10:28.949,0:10:31.316 စွမ်းအားကောင်းကြတဲ့ နိုင်ငံတကာ 0:10:31.340,0:10:35.528 ဓာတုနှင့်ဇီဝနည်းပညာ ကုမ္ပဏီတွေကို[br]ထိန်းသိမ်းပေးကြမှာပါ။ 0:10:35.950,0:10:40.061 လွန်ခဲ့တဲ့ ရာစုနှစ်တုန်းက ပစ္စည်းတွေ [br]ဆန်းသစ်ထုတ်လုပ်နည်းတွေကို 0:10:40.085,0:10:44.593 DuPont၊ Dow၊ BASF တို့ထံမှ ထွက်ပေါ်[br]လာမယ်လို့ ကျွန်မတို့ မျှော်လင့်ခဲ့ကြတယ်။ 0:10:45.173,0:10:51.180 ဒါပေမဲ့ ၂၁ ရာစု ပစ္စည်းများ ထုတ်လုပ်ရေး [br]တော်လှန်ရေးကို သေးငယ်တဲ့ 0:10:51.204,0:10:54.347 အဖွဲ့တွေက ရင်းနှီးမှု အနည်းအကျဉ်းဖြင့်[br]ဦးဆောင်နေကြပါတယ်။ 0:10:54.903,0:10:58.617 စကားမစပ်၊ အဲဒါတွေကို တည်ထောင်ခဲ့ကြသူ[br]အားလုံးတို့ဟာ သိပ္ပံဘွဲ့ရတွေ မဟုတ်ကြပါဘူး။ 0:10:58.950,0:11:03.363 သူတို့ထဲမှာ အနုပညာရှင်တွေ၊ ဗိသုကာ[br]ပညာရှင်တွေနဲ့ ဒီဇိုင်နာတွေ ပါဝင်ကြတယ်။ 0:11:04.538,0:11:08.292 လူအများသုံး ကုန်ပစ္စည်းတွေကို ဇီဝနည်းဖြင့် 0:11:08.316,0:11:12.260 ထုတ်လုပ်ကြမယ့် လုပ်ငန်းသစ်များထဲကို[br]ဒေါ်လာ တစ်ဘီလီယံခန့် ရင်းနှီးထားကြပါပြီ။ 0:11:13.316,0:11:17.763 ကျွန်မအထင် ကျွန်မတို့ အနာဂတ်ကို ဇီဝထုတ်[br]လုပ်ရေးနည်းမှလွဲပြီး ရွေးစရာမရှိနိုင်ဘူး။ 0:11:17.868,0:11:20.422 ရှင်တို့ ဝတ်ထားတဲ့ ဂျာကင်အင်္ကျီမှအစ 0:11:20.422,0:11:22.002 ရှင်တို့ ထိုင်နေကြတဲ့ ထိုင်ခုံနဲ့ 0:11:22.026,0:11:23.748 ရှင်တို့ နေကြတဲ့ အိမ်တွေ အဆုံး 0:11:23.772,0:11:29.115 ရှင်တို့အတွက် ဒီဇိုင်းထုတ်ထားတဲ့[br]ကမ္ဘာကြီးဟာ ရှင်တို့ရဲ့ ကျန်းမာရေးကို 0:11:29.115,0:11:31.871 ကျွန်မတို့ ကမ္ဘာဂြိုဟ်ရဲ့[br]ရှင်သန်မှုကို မထိခိုက်စေရပါ။ 0:11:31.879,0:11:33.879 ပြန်ပြီး သုံးမရနိုင်တဲ့ ဒါမှမဟုတ် အိမ်မှာ 0:11:33.903,0:11:36.442 သဘာဝ အလျောက်[br]ဆွေးမြေ့မသွားနိုင်တဲ့ ပစ္စည်းတွေကို 0:11:36.466,0:11:37.974 ကျွန်မတို့ ပစ်ပယ်ကြရပါမယ်။ 0:11:37.998,0:11:42.537 အဲဒီလို အနာဂတ်ကို[br]လက်တွေ့ ရုပ်လုံးဖေါ်ပေးရန် 0:11:42.561,0:11:46.203 ဒီနေ့ လုပ်ကိုင်နေကြတဲ့[br]အံ့ဖွယ် လုပ်ငန်းတွေအားလုံးကို 0:11:46.227,0:11:47.759 မီးမောင်း ထိုးပြပေးရင်း 0:11:47.783,0:11:50.791 ဒီဇိုင်နာတွေ၊ သိပ္ပံပညာရှင်တွေ၊[br]ရင်းနှီးမြှုပ်နှံလိုသူတွေနဲ့ 0:11:50.815,0:11:55.255 နာမည်ကြီး တံဆိပ်တွေ ပိုပြီးထိတွေ့[br]လုပ်ကိုင်ကြဖို့ စီစဉ်ပေးလိုပါတယ်။ 0:11:55.581,0:11:58.747 ကျွန်မတို့ ပစ္စည်းထုတ်လုပ်ရေး[br]တော်လှန်ရေးကို လိုအပ်နေပြီး 0:11:58.771,0:12:00.747 ဒီနေ့ကို ဆင်နွှဲဖို့ လိုအပ်နေပါပြီ။ 0:12:00.914,0:12:02.088 ကျေးဇူးတင်ပါတယ်။ 0:12:02.112,0:12:06.577 (လက်ခုပ်သံများ)