< Return to Video

ဆူညံသံတွေဟာ သင့်ကျန်းမာရေးအတွက် မကောင်းဘူး-- အဲဒါကို ဘယ်လိုကာကွယ်မလဲ

  • 0:05 - 0:07
    ကြားရလားဟင်။
  • 0:10 - 0:12
    အဲ့ဒါ ဘာလဲ သိပါသလား။
  • 0:13 - 0:14
    တိတ်ဆိတ်ခြင်းဗျ။
  • 0:15 - 0:17
    တိတ်ဆိတ်ခြင်းရဲ့အသံ တဲ့။
  • 0:17 - 0:20
    Simon နဲ့ Garfunkel
    ရေးစပ်ခဲ့တဲ့ သီချင်းပေါ့။
  • 0:20 - 0:23
    အခုခေတ်မှာတော့ တိတ်ဆိတ်ခြင်းဆိုတာ
    တကယ့်ကို ရှားတဲ့ အရာပါ။
  • 0:23 - 0:25
    အဲဒါအတွက် ကျွန်တော်တို့တတွေရဲ့
  • 0:25 - 0:30
    အဖိုးတန် ကျန်းမာရေးနဲ့
    ပြန်ပေးဆပ်နေရသလို ဖြစ်နေတယ်ဗျ။
  • 0:30 - 0:33
    ကံကောင်းချင်တော့ ဒီအခြေအနေကို
    ပြန်လည်ပြုပြင်ဖို့
  • 0:33 - 0:34
    ကျွန်တော်တို့ တစ်ဦးချင်းစီမှာရော
  • 0:34 - 0:37
    အဖွဲ့အစည်းတွေဆီမှာရော
    ကျုပ်တို့ ကျန်းမာရေးကို ပိုကာကွယ်ပေးဖို့၊
  • 0:37 - 0:40
    တိတ်ဆိတ်ခြင်းရဲ့ အသံရဲ့
    အကျိုးကျေးဇူးတွေကို
  • 0:40 - 0:43

    ပြန်ပေးနိုင်ဖို့ အတွက်ပေါ့ဗျာ။
  • 0:45 - 0:48
    ဆူညံခြင်းဟာ အကြားအာရုံကို
    ထိခိုက်နိုင်တဲ့အကြောင်း
  • 0:48 - 0:49
    အားလုံးသိပြီးသားပါ။
  • 0:49 - 0:50
    ပွဲတွေ ဘားတွေက ပြန်လာတဲ့အခါ
  • 0:50 - 0:52
    ခင်ဗျားတို့နားတွေ အူနေတတ်ပါတယ်၊
  • 0:53 - 0:56
    ခင်ဗျားရဲ့ နားတော့ ဒဏ်ထိနေပြီဆိုတာ
    ခင်ဗျားသိလောက်ပါပြီ။
  • 0:56 - 0:58
    တခဏတာကနေ
    ရာသက်ပန်ဖြစ်သွားနိုင်တယ်။
  • 0:58 - 0:59
    သိပ်ကို အရေးကြီးပါတယ်ဗျာ။
  • 1:00 - 1:03
    သို့သော် လူတွေမသိသေးတာက
    ဆူညံသံဟာ နားကျန်းမာရေးအပြင်
  • 1:03 - 1:05
    အခြားကျန်းမာရေးတွေကိုပါ
    ထိခိုက်နိုင်တာကိုပါ။
  • 1:05 - 1:06
    လူသိနည်းတယ် ဆိုပေမဲ့
  • 1:06 - 1:09
    အကြားအာရုံ ထိခိုက်သလိုပဲ
    ဒါတွေက သိပ်အရေးကြီးပါတယ်။
  • 1:12 - 1:14
    ကဲ ဆူညံသံကို
    ဘယ်လို အဓိပ္ပါယ် ဖွင့်မလဲ။
  • 1:14 - 1:17
    ဆုညံသံ ဆိုတာကို
    မလိုအပ်သောအသံ လို့ သတ်မှတ်ပါတယ်။
  • 1:17 - 1:21
    ရုပ်ပိုင်းဆိုင်ရာ ဆူညံသံအပြင်
  • 1:21 - 1:23
    စိတ်ပိုင်းဆိုင်ရာ ဆူညံသံပါ ပါ၀င်ပါတယ်။
  • 1:23 - 1:26
    အသံတစ်ခုဟာ ခင်ဗျားအတွက်
    မလိုအပ်ဘူးဆိုရင် ဆူညံသံ ဖြစ်လာပြီပဲ။
  • 1:26 - 1:29
    ဥပမာ ရော့ခ်ဂီတပွဲတစ်ခု ဆိုပါတော့
  • 1:29 - 1:32
    ပွဲသွားတဲ့သူတစ်ယောက်ဟာ
    ၁၀၀ ဒက်စီဘယ်လ် လောက်ရှိနေတဲ့ အသံကို
  • 1:32 - 1:33
    ကြားနေရပေမဲ့၊
  • 1:33 - 1:35
    ဆူညံသံလို့ သူ မသတ်မှတ်ဘူး။
  • 1:36 - 1:40
    ဘာလို့လဲဆိုတော့ သူကိုယ်တိုင် ဒီပွဲကို
    လိုလိုလားလား ပိုက်ဆံပေးလာကြည့်တာ၊
  • 1:40 - 1:43
    ဘယ်လောက်ကျယ်ကျယ်
    သူ့အတွက် ဆူညံသံ မဟုတ်ဘူး။
  • 1:45 - 1:49
    ဒါပေမဲ့ ဒီပွဲနဲ့ မလှမ်းမကမ်းက
    အိမ်တစ်လုံးမှာ
  • 1:50 - 1:52
    လူတစ်ယောက် စာဖတ်နေတယ်ဗျာ၊
  • 1:52 - 1:55
    ဒါပေမဲ့ ဒီအသံကြောင့် သူဘယ်လိုမှ
    စာကို အာရုံစိုက်လို့ မရဘူး၊
  • 1:55 - 1:59
    သူကြားနေတဲ့ သီချင်းသံဟာ
    ပွဲကျင်းပတဲ့နေရာမှာထက် တိုးနေပေမဲ့၊
  • 1:59 - 2:01
    သူ မကြိုက်တဲ့ အသံမို့
    ဒါဟာ သူ့အတွက်တော့
  • 2:01 - 2:02
    ဆူညံသံ ဖြစ်လာတယ်။
  • 2:02 - 2:08
    ဒါဟာ ရေရှည်မှာ
    သူ့ကျန်းမာရေးအတွက် မကောင်းဘူးဗျ။
  • 2:09 - 2:11
    ဒါဆို တိတ်ဆိတ်တဲ့နေရာတွေ လိုအပ်တယ်ပေါ့။
  • 2:11 - 2:12
    ဘာကြောင့်ပါလဲ။
  • 2:13 - 2:16
    ဘာ့ကြောင့်လဲဆိုတော့ ဆူညံသံဟာ
    အကြားအာရုံအပြင် တခြားအများကြီး
  • 2:16 - 2:17
    ထိခိုက်စေနိုင်လို့ပါပဲ။
  • 2:17 - 2:23
    ဒါပေမဲ့ တိတ်ဆိတ်မှုဆိုတာကို
    အခုခေတ်မှာ ရှာရသိပ်ခက်သွားပြီဗျ။
  • 2:23 - 2:27
    ကားတွေက များသထက်များလာ၊
  • 2:27 - 2:29
    လူတွေက များသထက်များလာ၊
  • 2:29 - 2:31
    ဆောက်လုပ်ရေးလုပ်ငန်းတွေ၊
    နေရာအနှံ့က အဲကွန်းတွေ၊
  • 2:31 - 2:33
    သစ်ပင်ရိတ်စက် ဘာစက် ညာစက်၊
  • 2:33 - 2:36
    ရှိုးပွဲသံ၊ သီချင်းသံ၊ ကက်ဆက်သံတွေ၊
  • 2:36 - 2:39
    အိမ်နီးနားချင်းတွေဆီက ဆူညံသံတွေ။
  • 2:39 - 2:41
    (သက်ပြင်းချသည်)
  • 2:41 - 2:44
    ၂၀၁၁ ခုနှစ်မှာ ကမ္ဘာ့ကျန်းမာရေးအဖွဲ့က
  • 2:44 - 2:50
    ဆူညံသံတွေကြောင့် နှစ်စဉ်
    ကျန်းမာတဲ့ လူ့သက်တမ်းတွေထဲက
  • 2:50 - 2:53
    နှစ်ပေါင်း ၁.၆ သန်းလောက်
    ဆုံးရှုံးနေသတဲ့ဗျ။
  • 2:53 - 2:56
    ဒါတောင် ဥရောပနိုင်ငံအချို့ပဲ
    တိုင်းရသေးတာနော်။
  • 2:57 - 2:59
    နောက်ထပ်အရေးကြီးတာတစ်ခုက
    ဆူညံသံဟာ လူတွေရဲ့
  • 2:59 - 3:01
    ပေါင်းသင်းဆက်ဆံရေးကို
    ထိခိုက်စေပါတယ်။
  • 3:01 - 3:03
    ဆူညံနေရင်
    စကားကို လိုတာထက်
  • 3:03 - 3:04
    ပိုကျယ်ကျယ် ပြောရမယ်။
  • 3:04 - 3:07
    တခါတလေ ပြောနေတာကို
    ရပ်လိုက်ရမယ်။
  • 3:08 - 3:10
    တစ်ယောက်နဲ့ တစ်ယောက်
    နားလည်ဖို့ ခက်လာမယ်။
  • 3:10 - 3:14
    ဒါကြောင့်ပဲ လေ့လာမှုတွေအရ
  • 3:14 - 3:17
    ဆူညံတဲ့နေရာမှာ
    ကျောင်းတက်ရတဲ့ ကျောင်းသားတွေဟာ
  • 3:17 - 3:22
    တခြားကျောင်းသားတွေထက်
    စာပိုညံ့နေတတ်ပါတယ်။
  • 3:24 - 3:26
    နောက်ထပ် အရေးကြီးတဲ့တွေ့ရှိမှုကတော့
  • 3:26 - 3:29
    အချိန်အတော်ကြာကြာ
    ဆူညံသံတွေနဲ့ ထိတွေ့နေရသူဟာ
  • 3:29 - 3:35
    နှလုံးရောဂါဖြစ်နိုင်ခြေ ပိုများပါတယ်။
  • 3:35 - 3:37
    ဆူညံသံဟာ စိတ်ဖိစီးစေပါတယ်။
  • 3:37 - 3:40
    ဆူညံသံကို မထိန်းချုပ်နိုင်ဘူးဆိုရင်
    ကျွန်တော်တို့ ခန္ဓာကိုယ်ကနေ
  • 3:40 - 3:44
    အဒီနလင်နဲ့ ကော်တီစော
    ဟော်မုန်းတွေထုတ်ပါတယ်။
  • 3:44 - 3:47
    ဒီဟော်မုန်းတွေဟာ
    သွေးရဲ့ဖွဲ့စည်းပုံ နဲ့
  • 3:47 - 3:49
    သွေးကြောတွေရဲ့ ပုံစံကိုပါ
    ပြောင်းလဲနိုင်ပါတယ်။
  • 3:49 - 3:53
    ဆူညံသံကို တစ်ညလေးခံရတာနဲ့တင်
    ဒီကိစ္စတွေ စဖြစ်နိုင်ပြီဗျ
  • 3:54 - 3:57
    လေ့လာမှုတွေအရ ဆူညံသံတွေဟာ
  • 3:57 - 4:03
    သွေးတိုး နှလုံးရောဂါ လေဖြတ်ခြင်းတို့နဲ့
    ဆက်စပ်နေတယ်ဗျ။
  • 4:04 - 4:07
    ရာခိုင်နှုန်း နည်းသေးတယ် ဆိုပေမဲ့
  • 4:07 - 4:11
    အရေးကြီးတဲ့ ပြည်သူ့ကျန်းမာရေး
    ပြဿနာတစ်ရပ် ဖြစ်နေပါတယ်။
  • 4:11 - 4:13
    ဘာလို့လဲဆိုတော့ ဆူညံသံဟာ
    နေရာတိုင်း ရှိနေတယ်လေ။
  • 4:13 - 4:16
    လူတိုင်း နေ့စဉ် မလွဲမသွေကြုံနေရတဲ့ အရာပဲ။
  • 4:17 - 4:20
    အမေရိကန်မှ သုတေသနတစ်ခုက
    ဘာပြောသလဲဆိုတော့၊
  • 4:20 - 4:22
    ကျွန်တော်တို့ နေ့စဉ်ကြားနေတဲ့ အသံတွေကို
  • 4:22 - 4:25
    ငါးဒက်စီဘဲလ်လောက်စီ လျှော့နိုင်မယ်ဆိုရင်၊
  • 4:25 - 4:29
    ဆူညံသံကြောင့်ခံစားနေရတဲ့ ရောဂါတွေ
    အတွက် ကုသစရိတ်
  • 4:29 - 4:32
    ဒေါ်လာ ၃.၉ ဘီလီယံကို
    နှစ်စဉ် ချွေတာမိမယ် တဲ့ဗျ။
  • 4:33 - 4:36
    ဆူညံသံဟာ ကင်ဆာ၊ ဆီးချိုနဲ့
  • 4:36 - 4:39
    အ၀လွန်ရောဂါတွေနဲ့လည်း ဆိုင်သေးတယ်နော်။
  • 4:39 - 4:46
    တိတိကျကျ သက်သေပြဖို့တော့
    ခက်သေးတယ်ပေါ့ဗျာ။
  • 4:47 - 4:50
    နောက်ထပ် ပြဿနာတစ်ခုကတော့
  • 4:50 - 4:51
    အိပ်မပျော်ခြင်း ပါပဲ။
  • 4:51 - 4:54
    အိပ်စက်ခြင်းဟာ
    နောက်တစ်ရက် ကျန်းမာရွှင်လန်းစွာနိုးထပြီး
  • 4:54 - 4:56
    အလုပ်လုပ်ဖို့
    သိပ်ကို အရေးပါတဲ့ အချက်တစ်ခုပါပဲ။
  • 4:57 - 4:59
    တိတ်ဆိတ်နေတဲ့ အိပ်ခန်းတစ်ခုဟာ
  • 4:59 - 5:02
    ကောင်းမွန်စွာ အိပ်နိုင်မှုရဲ့ လက္ခဏာပါ။
  • 5:03 - 5:06
    ကျွန်တော်တို့ရဲ့ အကြားအာရုံဟာ
  • 5:06 - 5:10
    ကျွန်တော်တို့ အိပ်နေတာတောင် နိုးကြားစွာ
    အလုပ်လုပ်နေတဲ့အာရုံခံအင်္ဂါတွေပါ။
  • 5:11 - 5:17
    ဒါ့ကြောင့် ဆူညံနေရင် အိပ်မောကျဖို့
    အချိန်ပိုယူရနိုင်သလို
  • 5:17 - 5:19
    ညကြီးမင်းကြီး နိုးလာစေနိုင်ပါတယ်။
  • 5:19 - 5:21
    အိပ်နေစဉ် သဘာ၀အတိုင်း ဖြစ်ရမယ့်
  • 5:21 - 5:23
    သွေးပေါင်ကျမှုကို ဟန့်တားစေပါတယ်။
  • 5:23 - 5:26
    ဒီလိုမျိုး အိပ်ရေးမ၀တာတွေ၊
  • 5:26 - 5:29
    နေ့စဉ်ရက်ဆက်ကနေ
    လတွေ နှစ်တွေနဲ့ချီပြီး ကြာလာပြီဆိုရင်တော့၊
  • 5:29 - 5:33
    နောက်ဆက်တွဲအနေနဲ့
    နှလုံးရောဂါဖြစ်လာဖို့ များနေပါပြီ။
  • 5:34 - 5:38
    ဒါပေမဲ့ ကျွန်တော်တို့ဟာ
    အိပ်ရေးမ၀တာကို သတိမထားမိပါဘူး။
  • 5:38 - 5:41
    ဘာလို့လဲဆိုတော့ အိပ်နေစဉ်မှာ
    ဘာမှ မသိလို့ပါပဲ။
  • 5:41 - 5:43
    အရင်က
    ဆူညံသံတွေဟာ အိပ်စက်ခြင်းကို
  • 5:43 - 5:45
    ဘယ်လို ထိခိုက်သလဲဆိုတာ
    လေ့လာခဲ့ပါတယ်။
  • 5:45 - 5:48
    လေ့လာမှုတွေအရ
    မနက်ခင်းမှာ နိုးထလာသူတိုင်းဟာ
  • 5:48 - 5:51
    အိပ်ရေး၀လိုက်တာ
    တချိုးတည်းအိပ်သွားတာပဲ၊
  • 5:51 - 5:53
    တစ်ရေးမှ မနိုးဘူး လို့
    ပြောနေကြပေမဲ့၊
  • 5:53 - 5:57
    တကယ်တမ်း စက်တွေနဲ့ စမ်းတဲ့အခါမှာ၊
  • 5:57 - 6:00
    သူတို့ မကြာခဏ နိုးနေတာကို
  • 6:00 - 6:03
    တွေ့ရှိရပါတယ်။
  • 6:03 - 6:08
    ဒီလို နိုးနေတာလေးတွေဟာ
    ခဏတာလေးစီသာ ဖြစ်လို့၊
  • 6:08 - 6:11
    သူတို့လုံး၀ မသိရှိ မမှတ်မိပေမဲ့၊
  • 6:11 - 6:17
    သူတို့ ကောင်းမွန်စွာ အိပ်စက်ခဲ့ကြတယ်လို့
    ပြောမရပါဘူး
  • 6:17 - 6:20
    ကဲ ဒါဆို ဘယ်အချိန်မှာ ဆူတယ်လို့
    သတ်မှတ်နိုင်ပြီလဲ။
  • 6:21 - 6:23
    ခင်ဗျားပုံမှန်လုပ်နေတာတွေ
    ပြောင်းလဲနေပြီဆိုရင်၊
  • 6:23 - 6:26
    ဒါကို ဆူညံနေပြီလို့ ပြောလို့ရပြီ။
  • 6:26 - 6:28
    ဥပမာ - ခင်ဗျာ့ပုံမှန်အသံထက်
    ပိုကျယ်ကျယ် ပြောနေရတာတွေ၊
  • 6:28 - 6:31
    တီဗွီသံကို ပိုပြီး မြှင့်လာရတာတွေ၊
  • 6:31 - 6:34
    အပြင်ကအသံ မကြားရအောင်
    တံခါးကို ပိတ်မယ်၊
  • 6:34 - 6:37
    အောက်ထပ်ကို ပြောင်းအိပ်မယ်၊
  • 6:37 - 6:40
    အသံကာတဲ့ နံရံတွေ၊ ဘာတွေ တပ်မယ်
    စသဖြင့် ပေါ့ဗျာ။
  • 6:40 - 6:43
    လူတွေဟာ ဆူညံသံနဲ့ ဝေးရာကို
    ပြောင်းရွှေ့တတ်ကြတယ်။
  • 6:43 - 6:46
    လူတိုင်းတော့ မလုပ်နိုင်ဘူးဗျ။
  • 6:48 - 6:50
    ဒါဆို ဆူညံသံတွေနည်းလာဖို့၊
    ပတ်၀န်းကျင် သာယာဖို့၊
  • 6:50 - 6:52
    ကျန်းမာရေးတွေပိုကောင်းလာဖို့၊
  • 6:52 - 6:54
    ကျွန်တော်တို့ ဘာတွေ လုပ်ကြမလဲ။
  • 6:54 - 6:58
    ပထမဆုံးကတော့ ထုတ်ဖော်ပြောဖို့ပဲ
  • 6:59 - 7:01
    ဥပမာ ပြရရင်
    ရုပ်ရှင်ရုံပိုင်ရှင်တွေပေါ့ဗျာ။
  • 7:01 - 7:05
    တလောကလုံးကလူတွေကို နားလေးတယ်လို့
    ထင်နေကြတဲ့လူတွေပေါ့။
  • 7:05 - 7:06
    (အကျယ်ကြီးဖွင့်တယ်)
  • 7:06 - 7:09
    အသံကျယ်လွန်းတဲ့အကြောင်း သွားပြောလို့
    လက်မခံဘူးဆိုရင်
  • 7:09 - 7:11
    ပိုက်ဆံပြန်အမ်းခိုင်းပြီး
    ပြန်ထွက်လာခဲ့ဗျာ။
  • 7:11 - 7:14
    ဒီလိုလုပ်မှ ဒီလိုလူတွေက နားလည်တာ။
  • 7:15 - 7:18
    ခလေးတွေကိုလည်း မှာထားပါ။
    နားလည်အောင်ရှင်းပြဖို့က-
  • 7:18 - 7:22
    သီချင်းသံအကျယ်ကြီး နားထောင်ရင်
    ကြီးလာရင် နားလေးမယ့်အကြောင်း
  • 7:23 - 7:26
    အိပ်ခန်းကို အသံတိုးတဲ့ဘက် ပြောင်းအိပ်ဗျာ။
  • 7:26 - 7:29
    အပြင်ကအသံတွေနဲ့ ဝေးရာကို ပြောင်းကြည့်
  • 7:30 - 7:33
    ခင်ဗျားအိမ်၀ယ်မယ်၊ ငှားမယ်ဆိုလည်း
  • 7:33 - 7:35
    ဆိတ်ငြိမ်တဲ့နေရာကိုသာ ရွေး။
  • 7:35 - 7:38
    မနေခင် အရင်လေ့လာ၊
    အချိန်တွေခွဲပြီး သွားလေ့လာ၊
  • 7:38 - 7:40
    အိမ်နီးချင်းတွေကို မေးကြည့်ပါ။
  • 7:41 - 7:45
    ခရီးသွားရင် နားအကာကွယ်တွေ ဘာတွေတပ်၊
  • 7:45 - 7:48
    အလုပ်မှာဆူတယ်ဆိုလဲ နားအကာတပ်။
  • 7:49 - 7:52
    ခြုံပြောရရင် တိတ်ဆိတ်တဲ့နေရာမှာ နေပါ။
  • 7:52 - 7:55
    ခရီးထွက် အနားယူမယ်ဆို
    ဆိတ်ငြိမ်တဲ့နေရာကို ရွေးပါ။
  • 7:55 - 7:58
    ခန္ဓာကိုယ်တစ်ခုလုံး
    အေးချမ်းပြီး ငြိမ်ငြိမ်လေး အနားယူပါစေ။
  • 7:59 - 8:01
    အခုအကြောင်းအရာနဲ့ ဆက်စပ်ပြီး
    ပြောရမယ်ဆိုရင်၊
  • 8:01 - 8:02
    လွန်ခဲ့တဲ့လေးနှစ်က ဂျပန်မှာ
  • 8:02 - 8:04
    ဆူညံသံအကြောင်း
    ကွန်ဖရန့်တစ်ခု တက်ခဲ့တယ်၊
  • 8:04 - 8:08
    အမေရိကားကို ပြန်ရောက်လို့
    လေဆိပ်ကို၀င်လိုက်တာနဲ့
  • 8:08 - 8:10
    ဆူညံသံပေါင်းစုံနဲ့
    ပြေးဆောင့်တော့တာပဲ။
  • 8:11 - 8:13
    ကျွန်တော်တို့ဟာ
    ဒီလောက်များပြားတဲ့ ဆူညံသံတွေကို
  • 8:13 - 8:15
    လုံး၀ကို သတိမထားမိကြဘူး။
  • 8:15 - 8:19
    ဆိတ်ငြိမ်ခြင်းဟာ
    ဘာကောင်းကျိုးတွေယူလာပေးနိုင်သလဲ
  • 8:19 - 8:20
    လုံး၀ကို မတွေးမိကြဘူး။
  • 8:21 - 8:23
    ဒီဆူညံသံတွေကို
    ကျွန်တော်တို့ ဘယ်လိုရှင်းမလဲ။
  • 8:23 - 8:27
    ကောင်းပြီ ထုတ်လွှင့်နေတဲ့ အရာတွေကို
  • 8:27 - 8:30
    နည်းသထက်နည်းအောင် လုပ်ကြမယ်လေ။
  • 8:31 - 8:36
    ဥပမာ ရုံးပိတ်ရက်မနက်မျိုးမှာ
    မြက်ရိတ်စက်ကို မမောင်းဘူးဗျာ။
  • 8:36 - 8:38
    ဒါဆို အိမ်နီးချင်းကလဲ ကျေးဇူးတင်လိမ့်မယ်။
  • 8:38 - 8:41
    သစ်ရွက်ခြောက်တွေကို
    တံမြက်စည်းနဲ့ပဲ လှည်းမယ်ဗျာ။
  • 8:41 - 8:44
    အရှင်းဆုံးကတော့ ဆူညံတဲ့အရာတွေကို
  • 8:44 - 8:45
    လျှော့ချကြဖို့ပါပဲ။
  • 8:45 - 8:48
    ထားပါတော့ ကား၀ယ်တယ်၊
  • 8:48 - 8:51
    အဲကွန်း၀ယ်တယ်၊ အသီးဖျော်စက်၀ယ်တယ်၊
  • 8:51 - 8:52
    အသံတိုးတာကို ဦးစားပေး၀ယ်ပါ။
  • 8:53 - 8:57
    အခုဆို စက်ပစ္စည်းအတော်များများမှာ
    သူတို့ထုတ်လွှတ်တဲ့ အသံပမာဏကို
  • 8:57 - 8:59
    ဖော်ပြထားကြတယ်၊ ကြေညာထားကြပါတယ်။
  • 8:59 - 9:01
    ဒီအချက်အလက်တွေကို ကြည့်ဝယ်ပါ။
  • 9:02 - 9:06
    တချို့ကတော့ အသံထိန်းချုပ်တဲ့ ဥပဒေတွေက
  • 9:06 - 9:08
    အလုပ်ဖြစ်တယ် ပြောကြတယ်၊ ဟုတ်ပါတယ်။
  • 9:08 - 9:10
    ဒါပေမယ့် ထင်သလောက်တော့ မလွယ်ဘူးဗျ။
  • 9:10 - 9:13
    ဘာလို့လဲဆိုတော့ အချို့လုပ်ငန်းကြီးတွေက
  • 9:13 - 9:15
    ဆူညံနေကာမှပဲ အကျိုးအမြတ်များတာကိုး။
  • 9:15 - 9:20
    ဥပမာ - လေဆိပ်နဲ့ ဆက်စပ်လုပ်ငန်းတွေပေါ့ဗျာ
  • 9:21 - 9:24
    ကျွန်တော်တို့ သုတေသီတွေကလည်း
    ဘယ်အခြေအနေမှာ ဆူညံသံဟာ
  • 9:24 - 9:27
    ကျန်းမာရေးကို ထိခိုက်တဲ့အကြောင်း
    တိတိကျကျတင်ပြ
  • 9:27 - 9:29
    အုပ်ချုပ်ရေးဘက်ကလည်း
    ပိုကောင်းတဲ့ ဥပဒေတွေ
  • 9:29 - 9:30
    ထုတ်ပြန်ပေးနိုင်လိမ့်မယ်
  • 9:31 - 9:33
    Robert Koch က ပြောခဲ့ဖူးတယ်
  • 9:33 - 9:34
    တစ်နေ့ကျရင် လူသားတွေဟာ
  • 9:34 - 9:36
    ဆူညံသံတွေကို ၀မ်းရောဂါနဲ့ ကြွက်တွေလို
  • 9:36 - 9:39
    လိုက်လံနှိမ်နင်းရမယ် တဲ့။
  • 9:39 - 9:41
    ကျွန်တော်ကတော့ အခု
    အဲ့နေ့ကို ရောက်နေပြီလို့ ထင်တယ်။
  • 9:41 - 9:43
    နိုင်မယ်လို့လဲမျှော်လင့်တယ်။
  • 9:43 - 9:47
    ဒီအခါကျရင် တိတ်ဆိတ်စွာ
    အောင်ပွဲခံကြတာပေါ့ဗျာ။
  • 9:47 - 9:48
    (ရယ်သံများ)
  • 9:48 - 9:50
    ကျေးဇူးတင်ပါတယ်
  • 9:50 - 9:52
    (လက်ခုပ်သံများ)
Title:
ဆူညံသံတွေဟာ သင့်ကျန်းမာရေးအတွက် မကောင်းဘူး-- အဲဒါကို ဘယ်လိုကာကွယ်မလဲ
Speaker:
Mathias Basner
Description:

ယခုခေတ်မှာ တိတ်ဆိတ်ခြင်းဆိုတာ သိပ်ကိုရှားလှတဲ့ အရာပါ။ ကားသံတွေ လူသံတွေ ဆောက်လုပ်ရေးလုပ်ငန်းတွေ အဲကွန်းတွေ အိမ်နီးနားချင်း စတဲ့ ဆူညံသံပေါင်းစုံဟာ သင့်ကျန်းမာရေးကို ထိခိုက်နေပါတယ်။ သုတေသီ Mathias Basner က ဒီအကြောင်းကို ရှင်းပြထားပြီး တိတ်ဆိတ်ခြင်းရဲ့ အကျိုးကျေးဇူးတွေကို ဘယ်လို ပိုခံစားရယူနိုင်ကြောင်းကို ရှင်းပြထားပါတယ်။

more » « less
Video Language:
English
Team:
closed TED
Project:
TEDTalks
Duration:
10:04

Burmese subtitles

Revisions