အရေပြားဆိုင်ရာ သိပ္ပံပညာ - Emma Bryce
-
0:07 - 0:10သင်နဲ့ ကျန်တဲ့ ကမ္ဘာအကြားမှာ
ကြားခံ အင်တာဖေ့စ် တစ်ခုရှိပြီး -
0:10 - 0:13အဲဒါရဲ့ သင့်ကိုယ်အလေးချိန်ရဲ့
၁၆% အထိ ရှိပါတယ်။ -
0:13 - 0:17အဲဒါက ခန္ဓာကိုယ်ထဲက အကြီးဆုံး
အစိတ်အပိုင်းဖြစ်တဲ့ သင့်ရဲ့အရေပြားပါ- -
0:17 - 0:22ဖြန့်ချလိုက်ရင် ၎င်းဟာ ၁.၇ စတုရန်းမီတာ
အထိ ကြီးတာကို မြင်နိုင်ပါတယ်။ -
0:22 - 0:27ရည်ရွယ်ချက်မှာ ခန္ဓာကိုယ်တွင်းအရာများကို
ထိန်းသိမ်းထားဖို့ဆိုတာ ထင်ရှားပါတယ်။ -
0:27 - 0:28ဒါပေမဲ့ မျက်နှာပြင်ကို ကျော်ပြီး
-
0:28 - 0:32လေ့လာကြည့်ရင် ၎င်းဟာ ကျွန်ုပ်တို့ဘဝထဲမှာ
အံ့သြစရာ အခန်းခဏ္ဍမှ ပါဝင်နေတယ်။ -
0:32 - 0:34ပထမအနေနဲ့ အခြေခံတွေကို ယူကြည့်မယ်။
-
0:34 - 0:38အရေပြားဟာ ပိတ်ခြုံးရေး
စနစ်ရဲ့ အုတ်မြစ် ဖြစ်ပါတယ်၊ -
0:38 - 0:44အဲဒီထဲမှာ သင့်ဆံပင်၊ ခြေသည်းလက်သည်းများနဲ့
အထူး ဂလင်းနှင့်အာရုံကြောတွေ ပါဝင်သေးတယ်။ -
0:44 - 0:46အရေပြားထဲမှာ အလွှာ သုံးလွှာ--
-
0:46 - 0:47အရေပြား အပေါ်ယံလွှာ၊
-
0:47 - 0:48အရေပြား အလယ်လွှာ၊
-
0:48 - 0:50အရေပြား အောက်ပိုင်းအလွှာ ပါဝင်ပြီး၊
-
0:50 - 0:54အရေပြားဟာ အပါးလွှာဆုံး ၀.၅ မီလီမီတာမှ
-
0:54 - 0:57အထူဆုံး လေးမီလီမီတာအထိကို ရှိတတ်ပါတယ်။
-
0:57 - 1:00၎င်းဟာ သော့ချက်ကျတဲ့ တာဝန်
သုံးခုကို ထမ်းဆောင်တယ်- -
1:00 - 1:01ကာကွယ်ပေးခြင်း၊
-
1:01 - 1:02ညှိပေးခြင်း၊
-
1:02 - 1:05နဲ့ ၎င်းရဲ့ ဘောင်အပြင်ရှိ ကမ္ဘာကြီးကို
အာရုံခံခြင်းတွေပါပဲ။ -
1:05 - 1:10နေ့စဉ်၎င်းရဲ့ ဧရာမမျက်နှာပြင်ဟာ ရုပ်ပိုင်း
ဆိုင်ရာ အာရုံခံကြည့်မှု လုပ်ငန်းစဉ်များကို -
1:10 - 1:12ထောင်ချီ မဟုတ်ရင်၊ ရာချီ ပြုလုပ်တတ်ပြီး၊
-
1:12 - 1:16Merkel ဆဲလ်များခေါ်ဖိအားကို ခံစား
နိုင်ကြတဲ့ ကြီးမားတဲ့ အစိတ်အပိုင်းများကို -
1:16 - 1:18အများဆုံး အားကိုးပါတယ်။
-
1:18 - 1:20သင့်လက်ချောင်းထိပ်များမှာကို
-
1:20 - 1:25အရေပြားရဲ့ စတုရန်းစင်တီမီတာ တိုင်းမှာ
Merkel ဆဲလ် ၇၅၀ နှုန်းကျ ရှိနေပြီး၊ -
1:25 - 1:30၂၅၀၀ ကျော် အာရုံခံကိရိယာများနဲ့ တွဲထားလျက်
သင့်အတွက် တို့ထိမှု ခံစားချက်ကို ပေးပါတယ်။ -
1:30 - 1:34အဲဒီမျက်နှာပြင်ဟာ တချိန်တည်းမှာ ခန္ဓာ
ကိုယ်ရဲ့ အဓိကအကျဆုံး ပထမကာကွယ်ရေးလိုင်းပါ။ -
1:34 - 1:38အဲဒါသာမရှိရင်၊ သင်တို့ ဒြပ်ပစ္စည်းများနဲ့
ထိတွေ့နေရတဲ့ တစ်ရှူးများနဲ့ အရည်တွေ -
1:38 - 1:41စုပြုံနေတဲ့ နုအိနေတဲ့ အရာသာ ဖြစ်ခဲ့မှာပါ။
-
1:41 - 1:44အရေပြားဟာ အတွင်းပိုင်းအရာများကို
ထိရောက်စွာ ပိတ်ပေးထားပြီး -
1:44 - 1:47အရေပြားရဲ့ အလွှာထဲ အများအဆုံးပါဝင်တဲ့
-
1:47 - 1:51ပျော့ပြောင်းတဲ့ collagen ဖြင့် ဖိအားများ
နဲ့ တုန်လှုပ်မှုများကို ခံယူပါတယ်။ -
1:51 - 1:56အရေပြားအပေါ်ယံလွှာကို keratinocyte ခေါ်
အရေပြားဆဲလ်များဖြင့် ပြုလုပ်ထားပြီး -
1:56 - 1:59လေးပတ်တိုင်းမှာ အားလုံးကို အစားထိုးပေးတယ်။
-
1:59 - 2:04အပေါ်ယံလွှာ အောက်ခြေမှာ ဆဲလ်သစ်တွေ ပေါ်လာ
တာနဲ့ အဟောင်းတွေ အပေါ်ကို တွန်းပစ်ပါတယ်။ -
2:04 - 2:06အဲဒီဆဲလ်တွေ အပေါ်ကို ရွှေ့သွားချိန်မှာ၊
-
2:06 - 2:10သူတို့နေရာကို keratin ခေါ်
မာတဲ့ ပရိုတိန်းဖြင့် ဖြည့်ပေးတယ်။ -
2:10 - 2:12၎င်းတို့ မျက်နှာပြင်ကို ရောက်တာနဲ့၊
-
2:12 - 2:15၎င်းတို့ဟာ ပြည့်ကျပ်ထပ်နေကြတဲ့
ရေစိုခံ အလွှာ ဖြစ်လာတာမို့လို့ပါတယ် -
2:15 - 2:19အဏုဇီဝ အကောင်တွေ ချိုးဖောက်ဝင်ဖို့
မလွယ်ပါဘူး။ -
2:19 - 2:22အရေပြားအပေါ်ယံကို ဖောက်ဝင်နိုင်တဲ့
အန္တရာယ်ပိုးမွှားတွေဟာ -
2:22 - 2:24Langerhan ဆဲလ်တွေနဲ့ ရင်ဆိုင်ကြရမှာပါ။
-
2:24 - 2:28ကာကွယ်ရေး အရေပြားဆဲလ်တွေရဲ့
အုပ်စုက ဖောက်ဝင်သူတွေကို ခံစားမိတာနဲ့ -
2:28 - 2:33ခန္ဓာကိုယ်ရဲ့ ကိုယ်ခံစနစ် T-ဆဲလ်တွေကို
ရန်သူရှိနေကြောင်းကို အကြောင်းကြားပေးလို့ -
2:33 - 2:36ကိုယ်ခံစနစ်ရဲ့ တုံ့ပြန်မှုဖြင့်
တုံ့ပြန်ပါလိမ့်မည်။ -
2:36 - 2:39အဲဒီကိုယ်ခံစွမ်းအားရဲ့
အလွန်အရေးပါတဲ့ အင်္ဂါရပ်က -
2:39 - 2:42အဏုဇီဝ အကောင်တွေရဲ့ မျိုးစိတ်
ထောင်ပေါင်းများစွာဖြစ်ပြီး -
2:42 - 2:44၎င်းတို့ဟာ ကျွန်ုပ်တို့ အရေပြားရဲ့
-
2:44 - 2:45မျက်နှာပြင်တွေ၊
-
2:45 - 2:47အခေါက်များနဲ့ အက်ကြောင်းများထဲ
နေထိုင်ကြတယ်။ -
2:47 - 2:50ဘက်တီးရီးယားနဲ့ နှင့်မှိုတွေ ပါဝင်ကြတဲ့
အဲဒီအဏုဇီဝ အကောင်းများဟာ -
2:50 - 2:52အရေပြား အလယ်လွှာအတွင်းရှိ
အဆီဂလင်းများမှ -
2:52 - 2:55ထုတ်ပေးတဲ့ sebum ခေါ်
အဆီနှင့်တူတဲ့ -
2:55 - 2:59အရာများထဲတွင်
အသက်ရှင် နေထိုင်ကြတာပါ။ -
2:59 - 3:04အဲဒီ အရေပြား အဏုဇီဝများဟာ ကိုယ်ခံစွမ်းအား
စနစ်ကို တချိန်လုံး -
3:04 - 3:09အသင့် ပြင်ဆင်ထားပြီး ခန္ဓာကိုယ်
အန္တရာယ်ရှိလာရင် တုံ့ပြန်ရန် အသင့်ပါပဲ။ -
3:09 - 3:10သင့်အရေပြားက ဒီလို ကာကွယ်ရေး အပြင်
-
3:10 - 3:15သင့်ခန္ဓာကိုယ် အပူချိန်ကို ထိန်းညှိရာတွင်
ကူပေးတဲ့ အာရုံခံအင်္ဂါလည်း ဖြစ်ပြီး -
3:15 - 3:18အဲဒီ အခန်းနှစ်ခုတို့ဟာ
နီးကပ်စွာ ဆက်စပ်နေကြတယ်။ -
3:18 - 3:21အာရုံကြောများးက သင့်းအရေပြားဟာ ၏
နွေးလား အေးလမ်းကို အာရုံခံလျက် -
3:21 - 3:24အဲဒီအချက်အလက်ကို သင့်ဦးနှောက်ထံ
သတင်းပို့ပါတယ်။ -
3:24 - 3:27ဦးနှောက်ကျတော့
အဲဒီနေရာရှိ သွေးကြောများအား -
3:27 - 3:29ခန္ဓာကိုယ်နွေးနေရင် တိုးချဲ့ပေးလျက်
-
3:29 - 3:32သွေးထဲရှိ အပူဓာတ်ကို အရေပြားမှတဆင့်
ထုတ်လွင့်ပေးရန်၊ သို့မဟုတ် -
3:32 - 3:37ခန္ဓာကိုယ် အေးနေရင် အပူကို ထိန်းထားရန်
ချုံ့ပစ်ရန် ညွှန်ကြားပေးပါတယ်။ -
3:37 - 3:42ခန္ဓာကိုယ်ထဲက သွေးရဲ့ ၂၅% အထိဟာ
အရေပြားအလယ်လွှာမှ တစ်ဆင့် လည်ပတ်နေလျက် -
3:42 - 3:45အဲဒီလုပ်ငန်းစဉ်ကို
ထိရောက်စွာ ဆောင်ရွက်ပေးပါတယ်။ -
3:45 - 3:47နွေးနေတဲ့ အခြေအနေထဲမှာဆိုရင်၊
-
3:47 - 3:51အရေပြားရဲ့ ချွေးထုတ်ရေးဂလင်းများက
ပြွန်များမှ ချွေးကို မျက်နှာပြင်ဆီ -
3:51 - 3:53ပို့ပေးလျက် အပူကို
ခန္ဓာကိုယ် အပြင်ထုတ်ပေးတယ်။ -
3:53 - 3:58ဆံပင်ကိုလည်း ခန္ဓာကိုယ်ရဲ့ နွေးထွေးမှုကို
ထိန်းသိမ်း (သို့) လွှတ်ပေးရန် သုံးနိင်တယ်။ -
3:58 - 4:01ပျမ်းမျှ လူထံတွင် မွေးညင်းပေါက်
၅ သန်းရှိပြီး -
4:01 - 4:03သင့် လက်ဖဝါးနဲ့ ခြေဖဝါးများမှ လွဲပြီး
-
4:03 - 4:07ခန္ဓာကိုယ် တဝမ်းလုံးမှာ
ပြန့်ကြဲလျက် ရှိနေပါတယ်။ -
4:07 - 4:10အဲဒီထဲက ၉၀၀၀၀ မှ ၁၅၀၀၀၀ ဟာ
သင့် ဦးခေါင်းမှာ ရှိနေကြပြီး -
4:10 - 4:14သင့်ဦးခေါင်းရဲ့ နေရာအများစုကို
ထိခိုက်မှုနဲ့ နေပူလောင်မှုမှ -
4:14 - 4:16ကာကွယ်ပေးတဲ့ ဒိုင်းကြီးသဖွယ်
ပါဝင် ကာကွယ်ပေးပါတယ်။ -
4:16 - 4:20သင်သည် ချမ်းနေရင်၊ arrector pilli ခေါ်
သေးနုပ်တဲ့ ကြွက်သားတွေဟာ -
4:20 - 4:23ဆံပင်ကို မာတောင့်လာစေလျက်
ခန္ဓာကိုယ်အနှံ့မှာ ထောင်မတ်လာစေပါတယ်။ -
4:23 - 4:29အဲဒါကို ကြက်သီးထခြင်းလို့ ခေါ်ဝေါ်ပြီး
အရေပြားနဲ့ ကပ်နေတဲ့ အပူကို ထိန်းပေးပါတယ်။ -
4:29 - 4:32ကျယ်ဝန်းလှတဲ့ အရေပြားရဲ့ မျက်နှာပြင်ရုဟာ
ဒိုင်းလွှား ဖြစ်ရုံသာမက၊ -
4:32 - 4:35လောကကြီးနဲ့ ချိတ်ဆက် ဆက်သွယ်နိုင်အောင်
ကူညီပေးပါသေးတယ်။ -
4:35 - 4:39၎င်းရဲ့ အလွှာအထပ်ထပ်က ကျွန်ုပ်တို့ကို
အေးစေလျက် နွေးလာစေနိုင်ပါတယ်။ -
4:39 - 4:42ဖုံးအုပ်ထားတဲ့ အရေပြားစနစ်ဟာ
အရာများစွာကို လုပ်ကိုင်နိုင်ပြီး၊ -
4:42 - 4:45ထူတဲ့အရေပြား ဖြစ်ရုံမက
များစွာမှ စွမ်းထက်တာ သေချာပါတယ်။
- Title:
- အရေပြားဆိုင်ရာ သိပ္ပံပညာ - Emma Bryce
- Description:
-
more » « less
သင်ခန်းစာ အပြည့်ကို ကြည့်ရန်- https://ed.ted.com/lessons/the-science-of-skin-emma-bryce
သင်နဲ့ ကျန်တဲ့ ကမ္ဘာအကြားမှာ ကြားခံ အင်တာဖေ့စ် တစ်ခုရှိပြီး အဲဒါဟာ သင့်ကိုယ်အလေးချိန်ရဲ့
၁၆% အထိ ရှိပါတယ်။ အဲဒါကတော့ သင့်အရေပြားဖြစ်ပြီး ခန္ဓာကိုယ်ထဲက အကြီးမားဆုံး အစိတ်အပိုင်းပါ။ မြေပေါ် ဖြန့်လိုက်ရင် ၁.၇ စတုရန်းမီတာ ကျယ်ဝန်းမှာပါ။ ကျွန်ုပ်တို့ရဲ့ ခန္ဓာကိုယ် အပိုင်းများကို ပိတ်ထိန်းသိမ်းထားတဲ့ အပြင် ၎င်းရဲ့ ရည်ရွယ်ချက်က ဘာများလဲ။ Emma Bryce က အဲဒီအဖြေကို ရှာပြရန် ကျွန်ုပ်တို့ကို အဲဒီဖုံးလွှမ်းထားတဲ့ စနစ်ထဲကို ခေါ်ဆောင်သွားမှာပါ။Emma Bryce ရဲ့ သင်ခန်းစာကို Augenblick Studios မှ ပုံများဖြင့် သရုပ်ဖေါ်ပေးထားပါတယ်။
- Video Language:
- English
- Team:
closed TED
- Project:
- TED-Ed
- Duration:
- 05:11
|
sann tint approved Burmese subtitles for The science of skin - Emma Bryce | |
|
Myo Aung accepted Burmese subtitles for The science of skin - Emma Bryce | |
|
Myo Aung edited Burmese subtitles for The science of skin - Emma Bryce | |
|
Sanda Aung edited Burmese subtitles for The science of skin - Emma Bryce | |
|
Sanda Aung edited Burmese subtitles for The science of skin - Emma Bryce | |
|
Sanda Aung edited Burmese subtitles for The science of skin - Emma Bryce |


