-
.
-
ဒီညီမျှခြင်းကို ဆခွဲကိန်း ခွဲ (factor) ကြမယ်။
-
ဒီလို ဆခွဲကိန်းခွဲရာမှာ ပိုပြီးရှင်းလင်းလွယ်ကူတဲ့ တစ်ခြားနည်းလမ်း ရှိပေမယ့်လဲ
-
ဒီဗီဒီယိုမှာတော့ "အစုအဖွဲ့စုပြီး ဆခွဲကိန်းခွဲခြင်းနည်း" ကို အသုံးပြုမှာ ဖြစ်တယ်။
-
ဒီ "အစုအဖွဲ့စုပြီး ဆခွဲကိန်းခွဲခြင်းနည်း" ကို အသုံးပြုမယ်ဆိုရင် မင်းလုပ်ရမှာက
-
ဘယ်ကိန်းဂဏန်းနှစ်ခုရဲ့ မြှောက်လဒ်က
-
တူညီတဲ့ အဖြေရမလဲဆိုတာကို မင်းစဉ်းစားရမယ်။
-
ဒီမှာ မြှောက်ဖော်ကိန်းတစ်ခု ရှိတယ်..ဟုတ်တယ်နော်
-
't' နှစ်ထပ်ကိန်းဆိုတာ '1t' နှစ်ထပ်ကိန်းနဲ့ အတူတူပဲ
-
ငါတို့ 'a' နဲ့ 'b' လို့ ခေါ်ဆိုသတ်မှတ်လို့ရမဲ့ ဂဏန်းနှစ်လုံးကို ရှာပြီး၊
-
အဲဒီ 'a' နဲ့ 'b' ကို မြှောက်ကြည့်မယ်။
-
အဲဒီ 'a' နဲ့ 'b' ရဲ့မြှောက်လဒ်ဟာ
-
't' နှစ်ထပ်ကိန်းရဲ့ မြှောက်ဖော်ကိန်း '1' နဲ့
-
'-15' တို့ရဲ့ မြှောက်လဒ်ဖြစ်တယ်။
-
အဲဒီတော့ 'a' အမြှောက် 'b' ဟာ '1' အမြှောက် '-15'..
-
'-15' ပေါ့။
-
'a' နဲ့ 'b' ရဲ့ ပေါင်းခြင်းဟာ
-
'-2' နဲ့တူရမယ်။
-
.
-
အဲဒီ ဂဏန်းနှစ်ခုရပြီဆိုရင်
-
"အစုအဖွဲ့စုပြီး ဆခွဲကိန်းခွဲ" တာဟာ ဘယ်လိုဆိုတာ မင်းကို ရှင်းပြလို့ရပြီ။
-
တစ်ခြား ဗီဒီယိုတွေမှာ ဒီနည်းလမ်းဟာ ဘာကြောင့် အလုပ်ဖြစ်တယ်ဆိုတာ
-
ခွဲခြမ်းစိတ်ဖြာပြထားတယ်။
-
အခု ဒီမှာ မြှောက်လဒ်ဟာ '-15' ရပြီး
-
ပေါင်းလဒ်ဟာ '-2' ရနိုင်တဲ့
-
ဂဏန်းနှစ်လုံးကို ရှာကြမယ်။
-
မြှောက်လဒ် '-15' ရစေမယ့် ဂဏန်းနှစ်လုံးကို ကြည့်ကြမယ်။
-
ကျွန်တော်တို့ လုပ်လို့ရတာက ....ကျွန်တော် ဒါကို ပန်းရောင်ရေးမယ်..
-
'1' နဲ့ '-15' မြှောက်ရင် ရနိ်ုင်တယ်
-
ကျွန်တော် ဒီမှာ စာရင်းလုပ်ပြထားတာတွေက မြှောက်လဒ် '-15' ဖြစ်နိ်ုင်တာ တွေချည်းပဲ။
-
ဒါပေမယ့် '1' နဲ့ '-15' ပေါင်းရင်
-
ဘာဖြစ်မလဲ စဉ်းစားကြည့်ရအောင်။
-
'1' နဲ့ '-15' ပေါင်းရင် '-14' ရမယ်။
-
တကယ်လို့ '-1' ကို '15' နဲ့ပေါင်းရင်လဲ
-
သူတို့ရဲ့ အနုတ်ကိန်းကိုပဲ ရမယ်။
-
သူတို့ရဲ့ပေါင်းလဒ်က '14' ဖြစ်မယ်။
-
'-2' ရမှာတော့ မဟုတ်ဘူး။
-
ဒါဆိုရင် '3' နှင့် '-5' ဆိုရင်ကော
-
မြှောက်လဒ်ကတော့ '-15' ရမှာ အသေအချာပဲ
-
ပေါင်းလဒ်က '-2' ရမယ်။ ဒါဆို အလုပ်ဖြစ်ပြီ။
-
တကယ်လို့ '-3' နဲ့ '5' ကို အရင် လုပ်ကြည့်ဖြစ်ခဲ့မယ်ဆိုရင်
-
ပေါင်းလဒ်က '+2' ရနေလိမ့်မယ်။
-
အဲဒီတော့ "ဟာ...လက္ခဏာလေးကို ပြောင်းလိုက်ရင်
-
ငါတို့ '-2' ရမယ်" ဆိုတာကို သိလိမ့်မယ်။
-
ဒါဆို အခုဒီမှာ '3' နဲ့ '-5' က အလုပ်ဖြစ်နေပြီ။
-
'3' နဲ့ '-5' မြှောက်ရင် '-15' ရမယ်.
-
'3' နဲ့ '-5' ပေါင်းရင် '-2' ရမယ်။
-
ကျွန်တော်တို့ အခုဆက်လုပ်ရမှာက
-
အလယ်က ကိန်းစဉ် (term) ကို ခွဲလိုက်မယ်။
-
'3' အပေါင်း '-5' ဟာ '-2' ဆိုတာ ကျွန်တော်တို့သိတယ်..
-
အဲဒီတော့အလယ်က ကိန်းစဉ်ကို ပေါင်းလဒ်အဖြစ်....
-
ဒီမှာ လုပ်လိုက်မယ်... ကျွန်တော် ဒါကို အရောင်တူတာနဲ့ ရေးလိုက်မယ်...
-
အဲဒီတော့ ဒီဟာကို နှစ်ထပ်ကိန်း 't' လို့ပြင်ရေးမယ်။
-
'-15' ကို ဒီမှာ ထားပြီး ပြင်ရေးမယ်။
-
'-2t' ကို '3t' နဲ့ '-5t' ရဲ့ပေါင်းလဒ်လို့
-
+3t -5t လို့ပြန်ပြင်ရေးမယ်။
-
.
-
ဘယ်ဟာကို ပထမ၊ ဘယ်ဟာကို ဒုတိယ ထားရမလဲဆိုတာ စဉ်းစားမယ်ဆိုရင်တော့
-
တစ်ခြားကိန်းစဉ်တွေကို ကြည့်ပြီး
-
ဘယ်ဟာက ဘုံဆခွဲကိန်းရှိတယ်ဆိုတာ ကြည့်ရမယ်။
-
'3' နဲ့ '5' နှစ်ခုစလုံးဟာ '15' ရဲ့ ဘုံဆခွဲကိန်းတွေ ဖြစ်ကြတယ်။
-
အဲဒီတော့ ဘယ်ဟာကို အရှေ့မှာ ထားရမလဲဆိုတာ သိပ်မထင်ရှားဘူး။
-
အဲဒီတော့ ဒီအတိုင်းပဲ ရေးလိုက်မယ်။
-
'3t' အနုတ် '5t' လို့ ရေးထားတာက..'3t' အနုတ် '5t' ဟာ
-
'-2t' နဲ့ ညီမျှတယ်။
-
'3' နဲ့ '-5' မြှောက်တာက '-15' ရတယ်ဆိုတာကနေ
-
ရလာတယ် ဆိုတာကို သိရမယ်။
-
အခု အစုအဖွဲ့ စုပြီး ဆခွဲကိန်းခွဲဖို့ အသင့်ဖြစ်ပြီ။
-
ပထမအုပ်စုအဖြစ် ပထမကိန်းစဉ် နှစ်ခုကို
-
ယူလိုက်မယ်။
-
အဲဒီမှာ ဘယ်ဟာက ဘုံခွဲထုတ်လို့ရတဲ့ ဟာဖြစ်မလဲ။
-
အဲဒီမှာ 't' ဟာ ဘုံခွဲထုတ်လို့ရတဲ့ မြှောက်လဒ်ဖြစ်တယ်။
-
အဲဒီတော့ 't' ကို ခွဲထုတ်လိုက်ရင်.. 't' နှစ်ထပ်ကိန်းကို
-
't' နဲ့စားတော့ 't' ရမယ်။
-
'3t' ကို 't' နဲ့စားတော့ '3' ရမယ်။
-
အဲဒါဆိုရင် 't' အမြှောက် ကွင်းစ 't'
-
အပေါင်း '3' ကွင်းပိတ် ဖြစ်သွားမယ်။
-
အခု ဒုတိယကိန်းစဉ်နှစ်ခုကို ကြည့်မယ်..
-
ဘာကို ဘုံခွဲထုတ်လို့ရမလဲ။
-
နှစ်ခုစလုံးကို '-5' နဲ့ စားရင် ပြတ်မှာဖြစ်တဲ့အတွက်
-
'-5' ကို ဘုံခွဲထုတ်လိုက်မယ်။
-
.
-
'-5t' ကို '-5' နဲ့စားရင်
-
't' ရမယ်။
-
ဆခွဲကိန်း -5 ယူခဲ့ရင်
-
'-15' ကို '-5' နဲ့စားရင်
-
'+3' ရမယ်။
-
အခု ဒီမှာ သတိထားကြည့်..ကျွန်တော်တို့ ကိန်းစဉ်နှစ်ခုရနေတယ်..
-
အဲဒီ နှစ်ခုလုံးကနေလဲ 't' အပေါင်း '3' ကို ဘုံဆခွဲကိန်း ပြန်ခွဲထုတ်လို့ရတယ်။
-
(t + 3) ရဲ့ မြှောက်လဒ် လို့ြန်ရေးမယ်
-
't' အပေါင်း '3' ကို ဘုံထပ်ထုတ်လိုက်ရင်
-
't' အမြှောက် 't' အပေါင်း '3' ကနေ 't' ကျန်မယ်။
-
'-5' အမြှောက် 't' အပေါင်း '3' ကနေ '-5' ကျန်မယ်။
-
အဲဒီတော့ ('t' အပေါင်း '3') အမြှောက်
-
('t' အနုတ် '5') ရမယ်။
-
t နဲ့ (t+3) မြှောက့်ပြီး (t+3) ကိုဆခွဲကိန်းယူရင်၊
-
t ဘဲကျန်မယ်။
-
-5 နဲ့ (t+3) မြှောက့်ပြီး (t+3) ကိုဆခွဲကိန်းယူရင်၊
-
-5 ဘဲကျန်မယ်။
-
(t+3) ကိုဆခွဲကိန်းယူရင်၊
-
t-5 ဘဲကျန်မယ်။
-
ဆခွဲကိန်းကိန်းတန်း ကိုရပါပြီ။
-
နောက်ဆိုရင် ဒီထက်ပိုလွယ်ကူတဲ့ ဆခွဲကိန်းခွဲနည်းတွေကို
-
မြင်ရမှာပဲ။ ဒါပေမယ့် ဒီနေရာမှာ
-
1 ထက်ကြီးတဲ့ တစ်နည်းအားဖြင့်
-
1 မဟုတ်တဲ့ မြှောက်ဖော်ကိန်းရှိနေရင်တော့ ဒီနည်းသုံးတာ အလွက်ကူဆုံးပဲ။
-
အနုတ်မြှောက်ဖော်ကိန်းဖြစ်လဲရတယ်၊
-
မြှောက်ဖော်ကိန်းက 1 ဆိုရင်တော့
-
ဒီထက်ပိုလွယ်တဲ့ ဆခွဲကိန်းခွဲနည်းတွေ ရှိပါသေးတယ်။
-
ဒါပေမယ့် အမှန်ကတော့ စဉ်းစားပုံ စဉ်းစားနည်းတွေက အတူတူပါပဲ။
-
.