အမေရိကန်နိုင်ငံသားဖြစ်မှုနဲ့ပတ်သတ်ပြီး ကိုယ့်ကိုယ်ကိုယ်မေးစရာ မေးခွန်း(၃)ခု။
-
0:01 - 0:04USကိုရောက်ပြီးလေးနှစ်ကြာတော့
-
0:04 - 0:06တခြား၁၆နှစ်အရွယ်တွေလို
-
0:06 - 0:08ကားမောင်းလိုင်စင်လျှောက်ဖို့သွားခဲ့တယ်။
-
0:08 - 0:12စာရေးကို "လူဝင်မှုကြီးကြပ်ရေးစာရွက်စာတမ်း၊
green card" ကိုပြတော့ -
0:12 - 0:14"ဒါကအတု"လို့ပြောတယ်။
-
0:14 - 0:17"ဒီကိုနောက်ထပ်မလာခဲ့နဲ့" လို့လည်း
ပြောသေးတယ်။ -
0:17 - 0:20ကျွန်တော် "အမေရိကမှာတရားမဝင်နေထိုင်ခဲ့တယ်"
ဆိုတာသိရှိလိုက်ရတာပါ။ -
0:21 - 0:23အခုလည်း တရားမဝင် ဒီမှာရှိနေတုန်းပါ။
-
0:23 - 0:25သတင်းစာဆရာ၊ ရုပ်ရှင်ရိုက်ကူးသူ
-
0:25 - 0:26ကျွန်တော်ကဇာတ်လမ်းတွေမှာမွေ့လျော်သူပါ။
-
0:27 - 0:28ကျွန်တော် သိလိုက်ရတာက
-
0:28 - 0:31လူဝင်မှုနဲ့ပတ်သတ်ပြီး
လူအများစုနားမလည်နိုင်တာက -
0:31 - 0:35သူတို့ကိုယ်တိုင် အကြောင်းကို
သူတို့ နားမလည်ကြဘူးဆိုတာပါ။ -
0:35 - 0:38သူတို့မိသားစု ပြောင်းရွေ့ခဲ့တဲ့
ဖြစ်စဉ်ဟောင်းတွေနဲ့ green cardတွေ၊ -
0:38 - 0:41တံတိုင်းတွေ မပေါ်ခင်က
ဖြတ်သန်းလာရပုံ၊ -
0:41 - 0:45နိုင်ငံသားဖြစ်မှုအပေါ် သူတို့
နားလည်ခြင်းက ပုံသွင်းလိုက်တာကိုပါ။ -
0:46 - 0:47ကျွန်တော်ကဖိလစ်ပိုင်မှာမွေးခဲ့တယ်။
-
0:47 - 0:50၁၂နှစ်သားအရွယ်မှာ အမေက "သူမရဲ့မိဘ၊
ကျွန်တော့်ရဲ့အဘိုးအဘွား" -
0:50 - 0:52"tagalogလို loloနဲ့ lola"
-
0:52 - 0:54သူတို့နဲ့နေဖို့ ကျွန်တော့်ကို USပို့တယ်။
-
0:55 - 0:57အဘိုး ရဲ့နာမည်က Teofilo တဲ့
-
0:57 - 1:02သူအမေရိကမှာ" တရားဝင်အခြေချပြီး
နိုင်ငံသားအဖြစ်ခံယူလိုက်တဲ့အချိန်မှာ" -
1:02 - 1:05"Cheers ဆိုတဲ့ TVအစီအစဉ်က Ted Danson" ကို
သဘောကျပြီး -
1:05 - 1:08Teofilo ကနေTed လို့ နာမည်ပြောင်းလိုက်တယ်။
-
1:08 - 1:10ဒီထက်ပိုပြီး အမေရိကန်မဆန်နိုင်တော့ဘူး။
-
1:10 - 1:14Lolo ရဲ့ အကြိုက်ဆုံးသီချင်းက
Frank Sinatraရဲ့ "My Way" ဖြစ်ပြီး -
1:14 - 1:18"တစ်ဦးတည်းသောမြေးဖြစ်တဲ့ ကျွန်တော့်ကို
အမေရိကကို ဘယ်လိုခေါ်ရမလဲ အဖြေရှာတဲ့အခါ" -
1:18 - 1:20သူ့နည်းသူ့ဟန်နဲ့လုပ်ဖို့
-
1:20 - 1:21ဆုံးဖြတ်ခဲ့တယ်။
-
1:22 - 1:26Lolo ပြောပုံအရ "ကျွန်တော်ဒီရောက်ဖို့
လွယ်ကူရိုးရှင်းတဲ့နည်း"မရှိဘူး။ -
1:26 - 1:30ဒါကြောင့်"Lolo လို တစ်နာရီ၈ဒေါ်လာပဲရတဲ့
လုံခြုံရေးအစောင့်တစ်ယောက်"အတွက် -
1:30 - 1:32"အတော်များတဲ့ငွေပမာဏဖြစ်တဲ့ဒေါ်လာ၄၅၀၀"ကို
-
1:32 - 1:34green cardအတုလုပ်ဖို့နဲ့
-
1:34 - 1:35"ကျွန်တော့်ကို US ခေါ်လာပေးမယ့်
-
1:35 - 1:38မှောင်ခိုသမား"ကိုပေးဖို့
ပိုက်ဆံစုနိုင်ခဲ့တယ်။ -
1:38 - 1:40အဲဒီလိုနဲ့ ဒီကိုရောက်လာတယ်။
-
1:40 - 1:43လူတွေက သူတိုဘိုးဘေးဘီဘင်တွေဟာ"အမေရိကကို
မှန်ကန်တဲ့နည်းလမ်းနဲ့လာတာ"လို့ -
1:43 - 1:45ပြောတာ အကြိမ်ပေါင်းမရေတွက်နိုင်ဘူး။
-
1:45 - 1:47"မှန်ကန်တဲ့နည်းလမ်း"ဆိုတာက
-
1:47 - 1:49အခြေချနေထိုင်သူတွေရဲ့ ပထမဆုံးသင်္ဘော
-
1:49 - 1:54ကျောက်ချရပ်နားချိန်မှစ၍
ပြောင်းလဲသွားခဲ့တယ်။ -
1:55 - 1:58ကျွန်တော်တို့သိတဲ့အတိုင်း အမေရိကဟာ
"နယ်မြေအပိုင်းအစတစ်ခု"ထက်ပိုတယ်။ -
1:58 - 2:02အခု 'အမေရိကပိုင်နယ်မြေတွေ"ဟာ
"ယခင်ကအခြားနိုင်ငံပိုင်နယ်မြေတွေ"နဲ့ -
2:02 - 2:04ဖွဲ့စည်းထားလို့ပဲဖြစ်ပါတယ်။
-
2:06 - 2:11အမေရိကဟာ ရွှေ့ပြောင်းနေထိုင်တွေနဲ့
ဖွဲ့စည်းထားတဲ့ နိုင်ငံတစ်ခု"ထက်ပိုတယ်။ -
2:11 - 2:15ရွှေ့ပြောင်းနေထိုင်တွေမဟုတ်တဲ့
အမေရိကန်အုပ်စုနှစ်ခု"ရှိတယ်။ -
2:15 - 2:17မျိုးတုံးသတ်ဖြတ်မှုလုပ်ငန်းများတွင်
အသတ်ခံခဲ့ရတဲ့ -
2:17 - 2:19ဒေသခံအမေရိကန်တွေနဲ့
-
2:20 - 2:23တိုင်းပြည်တည်ဆောက်ရန်ပြန်ပေးဆွဲခံရပြီး၊
ကျွန်ပြုခံခဲ့ရတဲ့ -
2:23 - 2:25အာဖရိကန်အမေရိကန်တွေပဲဖြစ်တယ်။
-
2:26 - 2:29ဒါအားလုံးထက် အမေရိကဟာ စိတ်ကူးတစ်ခုပါ။
-
2:29 - 2:32ဒါပေမဲ့ လက်တွေ့မကျဘဲ
မပြည့်စုံတဲ့တစ်ချက်ကတော့ -
2:32 - 2:36ပထမဆုံးအခြေချနေထိုင်သူတွေက
နိုင်ငံသားဖြစ်မှုကို စိုးရိမ်ခြင်းမရှိဘဲ -
2:36 - 2:38လွတ်လပ်စွာ လာရောက်နိုင်ခဲ့ခြင်းပဲဖြစ်တယ်။
-
2:38 - 2:41ဒီတော့ သင် ဘယ်ကနေလာခဲ့တာလဲ။
-
2:41 - 2:42ဘယ်လိုရောက်လာခဲ့တာလဲ။
-
2:43 - 2:44ဘယ်သူကငွေပေးချေပေးတာလဲ။
-
2:44 - 2:47အမေရိကတစ်ဝှမ်းက ရှေရိုးဆန်သူတွေေ
တိုးတက်နေသူတွေ၊ -
2:47 - 2:48အထက်တန်းကျောင်းသားတွေနဲ့
-
2:48 - 2:50အငြိမ်းစားတွေရှေ့ မတူညီတဲ့လူတွေရှေ့မှာ
-
2:50 - 2:52ဒီမေးခွန်းတွေကို မေးခဲ့တယ်။
-
2:52 - 2:54အသားအရောင်မတူတဲ့သူတစ်ယောက်"အနေနဲ့
-
2:54 - 2:57"ကျွန်တော်ဘယ်ကလာလဲ"လို့
အမြဲတမ်းအမေးခံခဲ့ရတယ်။ -
2:57 - 3:00ဒါကြောင့်ကျွန်တော်လူဖြူတွေကိုလည်း
"သူတို့ဘယ်ကလာလဲ"လို့မေးခဲ့တယ်။ -
3:00 - 3:03Georgia တက္ကသိုလ်ကကျောင်းသားတစ်ယောက်ကို
-
3:03 - 3:04ဘယ်ကလာလဲလို့မေးပြီးတဲ့အခါ
-
3:04 - 3:06"ကျွန်တော်ကအမေရိကန်"လို့သူကပြောတယ်။
-
3:06 - 3:09"ကျွန်တော်သိပါတယ်။ ဒါပေမဲ့
ခင်ဗျားဘယ်ကလာလဲ။" ဆိုတော့ -
3:09 - 3:11"ကျွန်တော်ကလူဖြူ"ပါလို့သူကပြန်ပြောတယ်။
-
3:11 - 3:14"လူဖြူဆိုတာ နိုင်ငံမဟုတ်ဘူးလို့"
ကျွန်တော်ပြန်ပြောခဲ့တယ်။ -
3:14 - 3:16"မင်းရဲ့ဘိုးဘေးတွေက ဘယ်ကလဲ။"
-
3:16 - 3:18သူကပခုံးတွန့်ပြီးပြန်ပြောတော့
-
3:18 - 3:20ကျွန်တော်ပြောခဲ့တယ်။
-
3:20 - 3:21"ကောင်းပြီ။ မင်းဘယ်ကနေလာခဲ့ပါသလဲ။
-
3:21 - 3:24ဒီကိုဘယ်လိုရောက်လာတာလဲ။
ဘယ်သူကငွေပေးချေပေးတာလဲ။" -
3:25 - 3:26သူမဖြေနိုင်ခဲ့ဘူး။
-
3:26 - 3:29ဒီအခြေခံမေးခွန်းသုံးခုကိုမဖြေဘဲနဲ့
အမေရိကန်တစ်ယောက်အနေနဲ့ -
3:29 - 3:33အမေရိကန်အကြောင်းပြောနိုင်မယ်လို့မထင်ဘူး။
-
3:33 - 3:36လူဝင်မှုကြီးကြပ်ရေးဟာ
အမေရိကရဲ့အသက်သွေးကြောပဲဖြစ်တယ်။ -
3:36 - 3:39မူလကိုလိုနီ၁၃နိုင်ငံမှအခြေချသူတွေ၊
တော်လှန်ရေးသမားတွေနဲ့ -
3:39 - 3:44အမေရိကကိုမညှာမတာသိမ်းပိုက်အုပ်ချုပ်ဖူးတဲ့
ဥရောပကသန်းပေါင်းများစွာသော -
3:44 - 3:47အခြေချနေထိုင်သူတွေကနေ နိုင်ငံကို
-
3:47 - 3:50ဘယ်လိုပြန်တည်ဆောက်ခဲ့တယ်
ဆိုတာတွေကြောင့်ဖြစ်တယ်။ -
3:50 - 3:53ဌာနေရင်း အမေရိကန်တွေက
-
3:53 - 3:56ကိုယ်ပိုင်မျိုးနွယ်စုအထောက်အထားတွေနဲ့
ဒီမှာရှိနေခဲ့ကြပေမဲ့ -
3:56 - 4:02"၁၉၂၄ Indian Citizenship Act"မတိုင်ခင်အထိ
အမေရိကန်နိုင်ငံသားအဖြစ်သတ်မှတ်မခံခဲ့ရဘူး။ -
4:02 - 4:07အမေရိကန်လူမည်းတွေတိုက်ပွဲဝင်ခဲ့တဲ့
1964 Civil Rights Act" ဟာ -
4:07 - 4:11နှစ်ပေါင်း၄၀ကြာခဲ့တဲ့
-
4:12 - 4:15" America's race-based exclusionary
system"ကိုအဆုံးသတ်ပေးတဲ့ -
4:15 - 4:18"1965 Immigration and National Act"ကို
ဖြစ်စေခဲ့တယ်။ -
4:19 - 4:21ကျွန်တော်ဒီမှာ ဒီလိုပဲဆက်သွားလို့ရတယ်။
-
4:21 - 4:24ဒါပေမဲ့ ကျွန်တော်ပြောချင်တဲ့အချက်က
-
4:24 - 4:26အရင်ကဖြစ်ဖြစ်၊အခုဖြစ်ဖြစ်
-
4:26 - 4:29ပြောင်းရွှေ့အခြေချနေထိုင်သူတွေက
အမေရိကန်သမိုင်းရဲ့ -
4:29 - 4:32အရေးပါတဲ့အစိတ်အပိုင်းတွေကို
ဘယ်လောက်သိလဲဆိုတာပဲ။ -
4:32 - 4:36ဒီသမိုင်းကြောင်းတွေက တကယ့် အမေရိကန်
နိုင်ငံသားဖြစ်မှုစမ်းသပ်မှာ ဘယ်လောက်ပါလဲ။ -
4:36 - 4:38ခင်ဗျားတို့တွေ့ဖူးကြလား။
-
4:38 - 4:39အများစုက နှုတ်ဖြေစာမေးပွဲတစ်ခုဖြစ်ကာ
-
4:39 - 4:44အစိုးရအရာရှိတွေက လျှောက်ထားသူတွေကို
မေးခွန်းတွေ ၁၀ခုကနေ အခု၁၀၀အထိ မေးကြတယ်။ -
4:44 - 4:48စာမေးပွဲအောင်ဖို့ လျှောက်ထားသူတွေက
အနည်းဆုံးမေးခွန်း၆ခုမှန်ရမယ်။ -
4:48 - 4:50တစ်လောက ဒီစာမေးပွဲကိုကျွန်တော်ကြည့်ပြီး
-
4:50 - 4:54သိသာထင်ရှားတဲ့မေးခွန်းတွေကို
ဘယ်လိုမျိုးလက်ခံနိုင်တဲ့ -
4:54 - 4:58အဖြေလိုချင်တာလဲဆိုတာတွေးပြီးတော့
ကျွန်တော်စိတ်ပျက်သွားခဲံတယ်။ -
4:58 - 5:01"the Statue of Liberty"အကြောင်းနဲ့
အဲဒါဘယ်နေရာမှာလဲဆိုတဲ့မေးခွန်းပါတယ်။ -
5:01 - 5:03Ellis Island အကြောင်း၊
အမေရိကန် ပြည်ထောင်စုက -
5:03 - 5:06ရွှေ့ပြောင်းနေထိုင်တဲ့
နိုင်ငံဆိုတဲ့အကြောင်းနဲ့ -
5:06 - 5:09"မရေမတွက်နိုင်တဲ့ရွှေ့ပြောင်း
ဆန့်ကျင်မှု ဥပဒေတွေ ပြဌာန်းခဲ့တာပါ။ -
5:09 - 5:12ဒေသခံအမေရိကန်သမိုင်းကြောင်း မပါဘူး။
-
5:12 - 5:16"Martin Luther King, Jr.
ဘာလုပ်ခဲ့သလဲ"ဆိုတဲ့မေးခွန်းပါပေမဲ့ -
5:16 - 5:19အာဖရိကန်အမေရိကန်တွေရဲ့ မဖူလုံခြင်းနဲ့
တာဝန်မဲ့တဲ့အကြောင်းအရာတွေ" -
5:19 - 5:21အများဆုံးပါတယ်။
-
5:21 - 5:22ဥမာတစ်ခုပြောပြမယ်။
-
5:22 - 5:27အမေရိကသမိုင်းကြောင်းအပိုင်းက
မေးခွန်းနံပါတ် ၇၄ မှာ လျှောက်ထားသူတွေကို -
5:27 - 5:32ပြည်တွင်းစစ်ဖြစ်စေတဲ့ပြဿနာတစ်ခုကို
ပြောပြခိုင်းတယ်။ -
5:32 - 5:35လက်ခံနိုင်တဲ့အဖြေသုံးခု ရှိတယ်။
-
5:35 - 5:37ကျွန်စနစ်၊
-
5:37 - 5:39ပြည်နယ်များ၏အခွင့်အရေးများ၊
-
5:39 - 5:41စီးပွားရေးဆိုင်ရာအကြောင်းအရာတွေပဲဖြစ်တယ်။
-
5:41 - 5:45Lola နဲ့Lolo က ဒီမေးခွန်းကို
ဖြေနိုင်ခဲ့ရဲ့လား။ -
5:45 - 5:46သူတို့ဒီမေးခွန်းကိုသိရင်တောင်
-
5:46 - 5:49ဒီနောက်က သမိုင်းကြောင်းကို
နားလည်နိုင်ပါ့မလား။ -
5:49 - 5:51အမေရိကန်ဖြစ်လာဖို့ ဒီစာမေးပွဲဖြေခဲ့ရတဲ့
-
5:51 - 5:55ကျွန်တော်ရဲ့ဦးလေး၊အဒေါ်၊ဝမ်းကွဲတွေနဲ့
သန်းပေါင်းများစွာသော ပြောင်းရွေ့ -
5:55 - 5:56နေထိုင်သူတွေ"ရော နားလည်နိုင်မလား။
-
5:57 - 6:00ဒီကိုမရောက်ခင် ပြောင်းရွှေ့နေထိုင်သူတွေက
အမေရိကအကြောင်းဘာသိသလဲ။ -
6:00 - 6:04ဘယ်လိုနိုင်ငံသားဖြစ်ဖို့လျှောက်ထားကြတာလဲ။
-
6:04 - 6:08ကျွန်တော်တို့ဖြစ်ချင်တဲ့
နိုင်ငံသားပုံစံနဲ့ရော ကိုက်ညီမှုရှိရဲ့လား။ -
6:09 - 6:12အဲဒါကိုတွေးကြည့်ပါ။
ကျွန်တော်တော့အများကြီးတွေးဖြစ်တယ်။ -
6:12 - 6:16ဂုဏ်သိက္ခာရှိတဲ့ နိုင်ငံသားဆိုတာ
ဘယ်လိုမျိုးလဲ။ -
6:16 - 6:20အမေရိကမှာ နှစ်ရာချီပြီး ရောက်နေခဲ့တဲ့
လူမည်းတွေနဲ့ဒေသခံတွေ"တောင်မရနိုင်သေးတာကို -
6:20 - 6:22လွန်ခဲ့တဲ့ ၂၆နှစ် ကျွန်တော်ဒီကို
-
6:22 - 6:25စရောက်စဉ်ကကျွန်တော်ဘယ်လိုလုပ်ပြီး
-
6:25 - 6:27တောင်းဆိုလို့ရမှာလဲ။
-
6:27 - 6:30ကျွန်တော်ကြိုက်တဲ့ စာရေးဆရာထဲက
တစ်ယောက်က Toni Morrison ပါ။ -
6:30 - 6:34ကျွန်တော် ဒီကိုတရားမဝင်ရောက်နေတယ်
ဆိုတာမသိခင် အရင်နှစ်၊ ၁၉၉၆မှာ -
6:34 - 6:37ရှစ်တန်းတွေက Morrison ရဲ့ ပထမဆုံး စာအုပ်
"The Bluest Eye" ကို -
6:37 - 6:39ဖတ်ရတယ်။
-
6:39 - 6:43ချက်ချင်းပဲ စာအုပ်ကကျွန်တော့်ကို ခက်ခဲတဲ့
မေးခွန်းတွေကို ကိုယ့်ကိုယ်ကိုပြန်မေးစေတယ်။ -
6:43 - 6:45စာအုပ်အလယ်လောက်မှာပါတဲ့
-
6:45 - 6:48ငယ်ရွယ်တဲ့လူမည်းမိန်းကလေး
Pecola Breedlove က -
6:48 - 6:51ဘာကြောင့်အပြာရောင်မျက်လုံးတွေလိုချင်တာလဲ။
-
6:51 - 6:52သူ့ကိုဒါတွေလိုချင်အောင်ဘယ်သူပြောလဲ။
-
6:53 - 6:54သူက ဒါတွေကိုဘာလို့ယုံကြည်တာလဲ။
-
6:55 - 6:58Morrison ကလူတစ်ယောက်ဟာ
"the master narrative" ဆိုတာကို -
6:58 - 7:03အညံ့ခံရင်ဘယ်လိုဖြစ်မယ်ဆိုတာပုံဖော်ဖို့
ဒီစာအုပ်ကိုရေးခဲ့တာလို့ပြောတယ်။ -
7:04 - 7:10"အဓိပ္ပါယ်ဖွင့်ဆိုချက်ဆိုတာဖွင့်ဆိုသူနဲ့ပဲ
သက်ဆိုင်တယ်"လို့ Morrison က ပြောတယ်။ -
7:11 - 7:13ကျွန်တော် ဒီကိုတရားမဝင်ရောက်နေတာကို
သိရတော့ -
7:13 - 7:19ဥပဒေအရရော၊ဒီမှာမွေးတာမဟုတ်တဲ့အတွက်ကြောင့်
တရားဝင်နိုင်ငံသား မဖြစ်နိုင်ပေမဲ့ -
7:19 - 7:22နောက်တစ်မျိုးနဲ့နိုင်ငံသားဖြစ်ခွင့်
ရနိုင်သေးတယ်ဆိုပြီးယုံကြည်ထားတယ်။ -
7:22 - 7:25နိုင်ငံသားဆိုတာ
ပါဝင်ဆင်နွှဲခြင်းလို့သဘောထားပြီး -
7:25 - 7:26ကျွန်တော်ထိတွေ့ဆက်ဆံတယ်။
-
7:26 - 7:30ကျွန်တော့်ကိုသဘောမကျတဲ့
အမေရိကန်တွေနဲ့တောင် ကျွန်တော်ပေါင်းတယ်။ -
7:31 - 7:33နိုင်ငံသားဆိုတာ
အထောက်အကူပြုခြင်းလို့သဘောထားပြီး -
7:33 - 7:37လူမှုအသိုင်းအဝိုင်းကို
ကျွန်တော်တတ်နိုင်သလောက်ကူညီပေးမယ်။ -
7:37 - 7:41အထောက်အထားမဲ့ စီးပွားရေးလုပ်ငန်းရှင်
တစ်ယောက်အနေနဲ့ တစ်ခုရှိတာက -
7:41 - 7:43အမေရိကန်နိုင်ငံသားအများစုကို
အလုပ်ခန့်ထားတယ်။ -
7:43 - 7:46နိုင်ငံသားဆိုတာ ပညာပေးခြင်းလို့သဘောထားတယ်။
-
7:46 - 7:50အတိတ်အကြောင်းနဲ့ပစ္စုပ္ပန်ကို
ဘယ်လိုရောက်လာလဲဆိုတာ တခြားလူတွေက -
7:50 - 7:52ကိုယ့်ကိုပညာလာပေးမှာကိုစောင့်လို့မရဘူး။
-
7:52 - 7:55ကိုယ်ကိုယ်တိုင်နဲ့ကိုယ့်အနီးအနားကလူတွေကို
ပညာပေးနိုင်ရမယ်။ -
7:56 - 8:00နိုင်ငံသားဆိုတာ
ကိုယ့်ထက်ကြီးမြတ်တဲ့အရာလို့ခံယူပြီး -
8:00 - 8:03ကျွန်တော်တို့ဟာတစ်ဦးချင်းနဲ့
စုပေါင်းပြီးတော့ -
8:03 - 8:06အမေရိကရဲ့ဇာတ်ကြောင်းကို
ပြန်ရေးနေကြတယ်လို့ထင်တယ်။ -
8:06 - 8:10အဓိပ္ပါယ်ဖွင့်ဆိုခံခဲ့ရတဲ့သူတွေက
အဓိပ္ပါယ်ဖွင့်ဆိုတဲ့သူတွေ ဖြစ်နေကြပြီ။ -
8:10 - 8:13သူတို့က"မေးဖို့လိုအပ်တဲ့
မေးခွန်းတွေ"ကိုမေးနေကြတယ်။ -
8:13 - 8:15ဒီပြန်လည်ဖွင့်ဆိုချက်ရဲ့ အဓိကအပိုင်းက
-
8:15 - 8:18အမေရိကန်ဆိုတာဘယ်သူလဲဆိုတာတင်မက
ဘာကနိုင်ငံသားဖြစ်စေတာလဲ -
8:18 - 8:20စတာတွေကို
အဓိပ္ပါယ်ဖွင့်ဆိုပုံဖြစ်တယ်။ -
8:20 - 8:24ဒါကကျွန်တော့်အတွက်တော့
အချင်းချင်းတာဝန်သိစိတ်လို့ပဲ မြင်တယ်။ -
8:25 - 8:28ဒါကြောင့် ကိုယ့်ရဲ့ဇာတ်ကြောင်းကို
စဉ်းစားကြည့်ပါ။ -
8:28 - 8:29မေးကြည့်ပါ။
-
8:30 - 8:31ငါဘယ်ကလာတာလဲ။
-
8:32 - 8:33ငါဒီကိုဘယ်လိုရောက်လာတာလဲ။
-
8:34 - 8:35ဘယ်သူကငွေပေးချေပေးခဲ့တာလဲ။
- Title:
- အမေရိကန်နိုင်ငံသားဖြစ်မှုနဲ့ပတ်သတ်ပြီး ကိုယ့်ကိုယ်ကိုယ်မေးစရာ မေးခွန်း(၃)ခု။
- Speaker:
- Jose Antonia Vargas
- Description:
-
အသက်၁၆နှစ်မှာ "သတင်းစာဆရာ၊ရုပ်ရှင်ရိုက်ကူးသူJose Antonia Vargas"က US မှာသူတရားမဝင်ရောက်နေတယ်ဆိုတာတွေ့ရှိသွားခဲ့တယ်။ အဲဒီအချိန်ကစပြီး သူက လူဝင်မှုကြီးကြပ်ရေးအကြောင်းနဲ့ ဥပဒေအရပဲဖြစ်ဖြစ်၊ ဘယ်နည်းနဲ့မဆို အမေရိကန်နိုင်ငံသားဖြစ်တယ်ဆိုတာ ဘာကိုဆိုလိုတာလဲဆိုတာကို လေးလေးနက်နက်တွေးနေခဲ့တယ်။ ဒီဟောပြောချက်မှာ သူက "ငါဘယ်ကလာတာလဲ။ ဘယ်လိုဒီကိုရောက်လာတာလဲ။ ဘယ်သူကငွေပေးချေပေးတာလဲ.။" စတဲ့မေးခွန်းသုံးခုကိုဖြေခြင်းဖြင့် ကိုယ့်ရဲ့သမိုင်းကြောင်းကို ပြန်စဉ်းစားဖို့ တိုက်တွန်းပြီး အမေရိကန်နိုင်ငံသားနဲ့ပတ်သတ်ပြီး ကျွန်တော်တို့ရဲ့ထင်မြင်ချက်ကို ပြောင်းလဲပေးဖို့ တောင်းဆိုထားတယ်။
- Video Language:
- English
- Team:
closed TED
- Project:
- TEDTalks
- Duration:
- 08:48
![]() |
sann tint edited Burmese subtitles for 3 questions to ask yourself about US citizenship | |
![]() |
sann tint approved Burmese subtitles for 3 questions to ask yourself about US citizenship | |
![]() |
sann tint edited Burmese subtitles for 3 questions to ask yourself about US citizenship | |
![]() |
sann tint accepted Burmese subtitles for 3 questions to ask yourself about US citizenship | |
![]() |
sann tint edited Burmese subtitles for 3 questions to ask yourself about US citizenship | |
![]() |
sann tint edited Burmese subtitles for 3 questions to ask yourself about US citizenship | |
![]() |
sann tint edited Burmese subtitles for 3 questions to ask yourself about US citizenship | |
![]() |
sann tint edited Burmese subtitles for 3 questions to ask yourself about US citizenship |