-
ဒီ ipad အရောင်နဲ့ ငါ့ရဲ့ အင်္ကျီအရောင်နဲ့ လာတူနေတာဘဲ
-
ဘာဘဲဖြစ်ဖြစ်
-
ငါဒီနေ့ စာမေးပွဲရှိတယ်
-
ဒီစာမေးပွဲက အမှတ်ယူတဲ့ထဲတော့ မပါဘူး
-
ဒါက လေ့ကျင့်တဲ့ မေးခွန်းသက်သက်ဘဲ
-
တကယ့်စာမေးပွဲမှာပါမဲ့ စာတွေရဲ့ တစ်ဝက်ဘဲပါတယ်
-
ဒါပေမဲ့ ငါ တစ်ညလုံး စာလုပ်ခဲ့တယ် ဘာလို့လဲဆိုတော့
-
ငါ ဒီစာမေးပွဲကို သေသေချာချာလေးကို ဖြေချင်လို့
-
ငါက နောက်ဆုံးမိနစ်အထိ ဦးနှောက်ထဲ စုပြုံထည့်နေတယ် နောက်ထပ် မိနစ် ၃၀ လောက်နေရင်ဘဲ သွားရတော့မှာကို
-
စာမေးပွဲကျမှာကို နည်းနည်းတော့ ကြောက်သား
-
ငါကြားထားတာတော့ ငါတို့တွေ ကျလို့ရှိရင် ကျတဲ့သူတွေက တစ်ယောက်ချင်းစီ
-
ကျောင်းက ပါမောက္ခဒါရိုက်တာနဲ့ တွေ့ပြီး
-
ဘာဖြစ်လို့ ကျတာလဲ ဘာညာ ဆွေးနွေးတိုင်ပင်ရမယ်တဲ့
-
အဲ့ဒါက ငါ့အတွက်တေ့ အဆိုးရွားဆုံး အိမ်မက်ဆိုးကြီးဘဲ
-
ငါစာတွေအကုန်လုံး သိသလိုလိုဘဲ ဒါပေမဲ့ ရတယ်လို့လည်း မခံစားရပြန်ဘူး
-
ငါဒီတစ်ပတ်လုံး embryology ကိုလေ့လာခဲ့တာ (embryology - သန္ဓေသားဗေဒ)
-
ဒါပေမဲ့ စာမေးပွဲမှာ embryology နဲ့ပတ်သတ်ပြီး မေးခွန်း ၄ ခုဘဲ မေးမှာ
-
ဘာလို့ ၄ ခုဘဲပါတာလဲ ငါနားကို မလည်နိုင်ဘူး
-
ဒါပေမဲ့ ငါက စာမေးပွဲမှာ အဲ့လောက်ပါမှာ မဟုတ်တာကို
-
လုပ်ပြီး အချိန်ဖြုန်းခဲ့တာဘဲ
-
နောက်ဆုံးအချိန်အထိ ရသလောက် ဦးနှောက်ထဲ စုပြုံထည့်နေတာ
-
မိုးရွာတဲ့ နေ့လေးတစ်နေ့
-
ဘတ်စ်ကားလာတာကို စောင့်နေတာ
-
စာမေးပွဲရှိတဲ့နေ့တွေကတော့ ညအိပ်ဝတ်စုံနဲ့ပေါ့
-
စာမေးပွဲဖြေပြီး
-
နေ့လည်မှာ အတန်းတွေရှိလို့ အိပ်မငိုက်သွားအောင် တော်တော်လေးထိန်းနေရတယ်
-
ငါဒီတိုင်း အတန်းမတက်ဘဲ နေလိုက်ရမလား
-
နောက်ဆုံးတော့ အိမ်ပြန်ရပါပြီ~~
-
အိမ်ပြန်ရောက်လည်း နောက်ထပ် အတန်းတွေ...
-
ငါ အမြဲတမ်း သင်ခန်းစာတွေကို 2x နှုန်းနဲ့ ကြည့်တယ်
-
ဘာမှလည်း မတွေး ဘာအတွေးမှလည်း မရှိ ဒီတိုင်း ဦးနှောက်ထဲ အလွတ်ကြီး
-
ငါ့ရဲ့ အိမ်တွင်းဥယျာဥ်အသစ်လေးအတွက် လုပ်နေတာ
-
ပူစီနံလေးတွေ
-
ဒီကိုရီးယားအစားအစာတွေက DooFoodကနေပါ အိမ်မှာလည်း လုပ်စားလို့ရပါတယ် (အောက်မှာ linkချထားပါတယ်)
-
နေ့လည်စာ ထုပ်နေတာ
-
ငါနောက်ကျနေပြီမို့လို့ မြန်မြန်သွားရတော့မယ်
-
ချွေးနံ့ပျောက်ဆေးလိမ်း
-
ပြီးတော့ ရေမွှေး
-
ငါဟိုတစ်လောက ဒီလိုမျိုး ချစ်စရာကောင်းတဲ့ နေ့လည်စာဘူးလေးတွေ အများကြီးဝယ်ခဲ့တယ်
-
ငါက အိမ်ပြန်ရောက်မှ နေ့လည်စာစားတာက အကျင့်ဖြစ်နေပေမဲ့
-
ဒီနေ့တော့ ကျောင်းမှာ နည်းနည်းနောက်ကျတဲ့အထိ နေရမှာမို့လို့
-
နေ့လည်စာပြင်ပြီး ထုပ်ခဲ့ပါတယ်
-
ဝါရှင်တန်ဒီစီမှာက public transportation ကောင်းတယ်
-
ကျောင်းရောက်ပါပြီ
-
ငါ အားသွင်းကြိုးကို အိမ်မှာကျန်ခဲ့လို့ ဒါကို ငှားလာတာ ဒါကလည်း သွင်းလို့မရ
-
မနက်ဖြန် foundational rounds ရှိတယ်
-
ဒီမေးခွန်းတွေထဲက မေးခွန်း၂ခုရဲ့အဖြေကို အဖြေရှာ သုတေသနပြုပြီး
-
တစ်ခြားကျောင်းသားအဖွဲ့ဝင်တွေကို ရှင်းပြရမှာ
-
ဒါက သေချာပေါက် ငါ့ရဲ့တစ်ပတ်တာအတွင်း အမုန်းဆုံးအရာဘဲ
-
ငါဒီမီးခြစ်ဆံဘူးကို ဟိုတစ်လောက ဝယ်ခဲ့တာ
-
မီးခြစ်ဆံလေးတွေက ဒီစတော်ဘယ်ရီမုန့်ချောင်းလေးတွေနဲ့တူတယ်မလား
-
စားချင်စရာလေးတွေမို့ စားချင်လိုက်တာ--
-
စာလုပ်တဲ့အချိန် အမွှေးရနံ့ဖယောင်းတိုင်ထွန်းရတာကို ကြိုက်တယ်
-
ဒီနေ့လည်း public transportation
-
ဒီစက်လှေကားက အရမ်းနှေးပြီး ကြာတာဘဲ 😩
-
Video မှာ ဘာသာပြန်စာသားထည့်
-
ဘာသာပြန်ကြည့်ရတာ အဆင်ပြေအောင် video တိုင်းမှာ english subtitles ကို အမြဲထည့်တယ်
-
SD card အသစ်
-
Workout မလုပ်ခင်ကြိုပြီး Alani
-
အား ~~အရမ်းလှတာဘဲ
-
ဒီ time lapsesက ငါ့ကို ဖုန်းမသုံးမိအောင် တကယ်ကူညီပေးနိုင်တယ်
-
ညစာစားဖို့အချိန်~~
-
ဥာဏ်စမ်းဖြေနိုင်ဖို့ နောက်ဆုံးမိနစ်အထိ စာကြည့်
-
ဒီတစ်ပတ်အချိန်ဇယားက ကြမ်းလိုက်တာ ပင်ပန်းစရာတွေကြီးဘဲ
-
ငါဒီနေ့ကျောင်းကို သွားတော့ လူတစ်ချို့က ငါ့ကို စကားလာပြောကြတယ်
-
ကျောင်းမှာ ငါ့ကိုစကားလာပြောတဲ့သူတွေက သိပ်မရှိဘူး
-
ငါက ပေါင်းသင်းဆက်ဆံရေးသိပ်မကောင်း အပေါင်းအသင်လည်းမများဘဲ ကျောင်းမှာ စာဘဲလုပ်တဲ့လူမျိုးပါ
-
ဒီနေ့ ငါ့ဆီ လူတစ်ချို့လာပြီး သူတို့ ငါ့ရဲ့ youtube channel ကို
-
ဟိုးတစ်လောက ရှာတွေ့ခဲ့တယ်လို့ လာပြောကြတယ်
-
ငါ ငါရဲ့ အတန်းဖော်တွေကို ငါ့ရဲ့ youtube channel နဲ့ပတ်သတ်ပြီး
-
မသိစေချင်တာက ဘာလို့လဲဆို
-
ငါ့ရဲ့ပုံစံက ကျောင်းပြင်ပမှာဆိုရင် ငါ့ရဲ့တကယ့်အပြင်ကပုံနဲ့ မကွာပေမဲ့
-
ကျောင်းမှာဆိုရင်တော့ ငါ့ရဲ့ပုံက တော်တော်လေးကွာတယ်ထင်တယ်
-
ငါက အရမ်းရှက်တတ်ပြီး စကားလည်း သိပ်မပြောဘူး
-
စာသင်ခန်းအနောက်မှာဘဲ သရဲလိုမျိုး ရှိနေတတ်တာ
-
ထောင့်မှာ ထိုင်ပြီး
-
သူတို့ငါ့ကို စကားစမပြောရင် ငါကလည်း စကားမပြောဘူး
-
ပြီးတော့ လူအများထင်နေတဲ့ youtuber တစ်ယောက်ရဲ့ ပုံစံမျိုးမဟုတ်တော့ ငါ့ရဲ့ youtube channel အကြောင်းကို
-
အတန်းဖော်တွေကို မသိစေချင်တာမျိုး ဖြစ်မယ်ထင်တယ်
-
ဒါမှမဟုတ် ငါကဘဲ အတွေးလွန်နေတာလား?
-
ထားလိုက်ပါတော့ ဒါနဲ့ ငါမှာထားတဲ့ keyboard အသစ်လေးရောက်လာပြီ
-
အမလေး 🤨
-
အမလေး
-
အမလေး 🤩
-
ကဲ, asmr asmr
-
ငါ ဒီလို keyboardမျိုးကို အမြဲလိုချင်နေခဲ့တာ
-
ဒီလို အရုပ်လေးပါ သူတို့ ထည့်ပေးလိုက်တယ်
-
အမလေး ချစ်စရာလေး ~~
-
ကောင်းကင်ကို တစ်ချက်ကြည့်လိုက် အရမ်းလှတာဘဲ
-
ငါဒီ keycapsလေးလည်း ရခဲ့တယ်
-
ကြောင်လေးက ချစ်စရာလေးနော်
-
အခုလောလောဆယ်တော့ ဒီ keyboard ကို သုံးနေရာကနေ
-
ဒီလို ရိုးရိုးရှင်းရှင်း vibeမျိုးကို ငြီးငွေ့လာပြီဆိုရင်
-
ဒီဟာလေးကို ပြောင်းသုံးမယ်
-
ဒါပေမဲ့ အခုလောလောဆယ်တော့ ဒီလို တို့ဖူးအရောင်ကို ကြိုက်လို့
-
DooFoodက ထမင်းသုတ်ကို ထပ်ပြီးချက်
-
ကြက်ဥ ၃ လုံးကြော်လောက်ကတော့ အေးဆေးဘဲ
-
ထမင်းစားရင်းနဲ့ High Kickကြည့်ရတာ ကြိုက်တယ်
-
Google Calendar မှာ ငါ့ရဲ့ တစ်ပတ်တာ အချိန်ဇယားကိုဆွဲ
-
ဒီ time-lapseက ငါထင်သလောက်တော့ သိပ်မမိုက်ဘူး 🤪
-
ရာသီဥတုက မှောင်မိုက်နေတာဘဲ
-
ဒီနေ့အတွက် သတ်မှတ်ထားတဲ့ ဝတ်စုံက ဝတ်စုံပြည့်ပါ
-
ငါ ဝတ်စုံပြည့် ဝတ်ဖို့အတွက် Yesstyle ကနေ order မှာခဲ့ပေမဲ့
-
အခုချိန်ထိ မရောက်လာသေးဘူး
-
ငါက ဝတ်စုံပြည့်ဝတ်ရမယ်လို့ ညကမှ သိတာ
-
နောက်ကျမှ သိပေမဲ့လည်း တော်သေးတာပေါ့
-
အကုန်လုံးက ဝတ်စုံပြည့်ဝတ်လာပြီး ငါတစ်ယောက်တည်း
-
Hoodie ဝတ်လာရင် တော်တော်လေးကို ထူးဆန်းနေမှာ
-
အတန်းထဲ ရောက်ပါပြီ
-
တကယ် အရမ်းပင်ပန်းတယ်
-
ကျောင်းသားတွေက တစ်နေကုန်အတန်းလည်းရှိတာကို စာလုပ်ဖို့
-
နောက်ထပ် energy ထပ်ရှိသေးတယ်လို့ ဘာလို့ထင်နေကြပါလိမ့်
-
ဒီနေ့ဆို အတန်းချိန်ကြီးဘဲ ၆ နာရီတောင်
-
၇နာရီ? အိမ်မှာကြည့်ရမဲ့ သင်ခန်းစာပါ အပါ
-
ငါ စာကြည့်စရာတွေ အများကြီး ကျန်သေးတယ်
-
ငါက caffeine ဓာတ် အပြည့်ရှိပေမဲ့ အခုလောလောဆယ်တော့ ခန္ဓာကိုယ်က အားမရှိဘူး
-
လတ်တလော ဘာဖြစ်လို့လဲမသိ အသားအရေက ဆိုးလာတယ်
-
ကျောင်းကိုလည်း makeup သေချာ မလိမ်းသွားတာကို
-
ပုံမှန်ဆို မျက်နှာပြောင်နဲ့ဘဲ ကျောင်းသွားပေမဲ့ ဒီနေ့တော့ mascara နဲ့ တစ်ခြားဟာ နည်းနည်းပါးပါး လိမ်းသွားတယ်
-
အသားအရေက မကောင်းဘူးလို့ ထင်လာတဲ့အခါတိုင်း
-
Manuka honeyကို သုံးလိုက်တယ်
-
၁ နာရီလောက် ထားပြီး ရေနဲ့ပြန်ဆေးချ
-
ပြီးတော့ skincare လုပ်
-
ရိုးရိုးရှင်းရှင်းနေ့လည်စာလေး ပြင်
-
ကြက်ဥ+ထောပတ်သီး+ငရုတ်ဆီ= အရသာထူးကဲလွန်းတဲ့ အတွဲအစပ်
-
နေ့လည်စာဘူးကို မဖိတ်အောင်လို့ အဖုံးမပိတ်ခင် plastic နဲ့အရင်ပတ်
-
Starbucks ရဲ့ fall drink ကို သောက်ချင်လို့
-
ဘတ်စ်ကား မမှီလိုက်လို့ uber စီး
-
Dark cycles 😮💨
-
ကြည့်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် ! :))