< Return to Video

ခေါင်းစွပ်အင်္ကျီရဲ့ နှစ် ၃၀၀၀ သမိုင်း။

  • 0:00 - 0:03
    ခေါင်းစွပ်အင်္ကျီဟာ အံ့ဖွယ်ပစ္စည်းတစ်ခုပါ။

  • 0:03 - 0:08
    ကျွန်မတို့ မတွေးသလောက်ဖြစ်တဲ့
    ထာဝရ ပစ္စည်းတွေထဲက တစ်ခုဖြစ်တာက
  • 0:08 - 0:10
    ဘဝရဲ့အစိတ်အပိုင်း
    အဖြစ် ကောင်းစွာအလုပ်ဖြစ်လို့ပါ။
  • 0:10 - 0:12
    ဒါတွေကို "အညတရ လက်ရာမွန်"လို့ခေါ်တယ်။
  • 0:12 - 0:14
    [သေးဖွဲတဲ့ အရာ]
  • 0:14 - 0:15
    [စိတ်ကူး ကြီးကြီး]
  • 0:16 - 0:19
    [ခေါင်းစွပ်အင်္ကျီ ဝတ်ထားတဲ့
    Paola Antonelli]
  • 0:19 - 0:22
    ခေါင်းစွပ်အင်္ကျီကို
    ဒီလို ကျွန်မတို့ မခေါ်ခဲ့ဘူးဆိုတာတောင်
  • 0:22 - 0:26
    အကြောင်းကောင်း၊ အကြောင်းဆိုးတွေအတွက်
    သမိုင်းတစ်လျှောက် အထင်ကရတစ်ခုဖြစ်ခဲ့တယ်။
  • 0:26 - 0:29
    ကျွန်မတို့ခြေရာခံနိုင်တဲ့ အစောဆုံးတွေကတော့
  • 0:29 - 0:32
    ရှေးဟာင်း ဂရိနဲ့ ရှေးဟောင်း ရောမကနေပါ။
  • 0:32 - 0:34
    အလယ်ခေတ်တွေမှာ ခေါင်းစွပ်တပ်ထားတဲ့
  • 0:34 - 0:38
    ဝတ်ရုံအထည်တွေ ဝတ်ထားတဲ့ဘုန်းကြီး
    အများအပြားကို တွေ့ပါတယ်။
  • 0:38 - 0:39
    ဒီတော့ ခေါင်းစွပ်အင်္ကျီတွေ
  • 0:39 - 0:42
    ၁၇ ရာစုက အမျိုးသမီးတွေဟာ
    သူတို့ချစ်သူတွေနဲ့ တွေ့တော့မယ့်အခါ
  • 0:42 - 0:46
    သူတို့ကိုယ်သူတို့ ပုန်းကွယ်တာမျိုးလို
    ခေါင်းစွပ်အင်္ကျီတွေ ဝတ်လေ့ရှိတယ်။
  • 0:46 - 0:49
    ဒီနောက် တကယ်တမ်းကျတော့
    ဒါက ဒဏ္ဍာရီရှိတယ်၊ စိတ်ကူးယဉ်ရှိတယ်။
  • 0:49 - 0:52
    ခက်ထန်နေတဲ့ ကောက်ရိတ်သမားနဲ့
    တွဲနေတဲခေါင်းစွပ်အင်္ကျီပုံရှိတယ်။
  • 0:52 - 0:55
    အာဏာပါးကွက်သားနဲ့ တွဲနေတဲ့
    ခေါင်းစွပ်အင်္ကျီပုံရှိတယ်။
  • 0:55 - 0:58
    ဒီတော့ ဒါဟာ ခေါင်းစွပ်အင်္ကျီရဲ့
    အမှောင်ဘက်ခြမ်းပေါ့။
  • 0:58 - 1:01
    ခေါင်းစွပ်အင်္ကျီရဲ့ ခေတ်သစ် ပြယုဂ်ရှိတယ်၊
  • 1:01 - 1:04
    အမြဲတော့ ချည်ထည်ဆွယ်တာနဲ့ လုပ်ထားတဲ့
    အထည်ပါ။
  • 1:04 - 1:07
    ဆွဲတဲ့ကြိုးတစ်ချောင်းတပ်ထားတဲ့
    ခေါင်းစွပ်တစ်ခုပါ။
  • 1:07 - 1:10
    တစ်ခါတစ်လေမှာ သားပိုက်ကောင်လို
    အိတ်ကပ်တစ်ခုပါတယ်၊
  • 1:10 - 1:14
    Knickerbocker Knitting Company က
    ၁၉၃၀ လွန်နှစ်တွေမှာ မိတ်ဆက်ခဲ့တာပါ။
  • 1:14 - 1:16
    အခုတော့ Champion လို့ခေါ်တယ်။
  • 1:16 - 1:18
    ဆိုလိုတာက အားကစားသမားတွေကို
    နွေးထွေးစေဖို့ပါ။
  • 1:19 - 1:24
    တကယ်က နေရာတိုင်းက အလုပ်သမားတွေက
    အလွန် အလျင်အမြန် ပြုပြင်ပြောင်းလဲခဲ့တဲ့
  • 1:24 - 1:28
    ဒီလောက်ကို လက်တွေ့ကျ၊ ဇိမ်ကျတဲ့
    အထည်တစ်ခုဆိုတာတောင်ပါ။
  • 1:28 - 1:32
    ဒီနောက် ၁၉၈၀ လွန်ဝန်းကျင်မှာ
    ဟစ်ဟောပ်နဲ့ B-boys
  • 1:32 - 1:35
    စကိတ်စီးသူတွေကလည်း ပြုပြင်ပြောင်းလဲခဲ့ပြီး
  • 1:35 - 1:38
    လူငယ် လမ်းဘေးယဉ်ကျေးမှုမျိုး
    အသွင်ဆောင်လာတယ်။
  • 1:38 - 1:40
    တစ်ချိန်တည်းမှာ လမ်းတွေအတွက်
    အင်မတန်ဇိမ်ရှိကာ
  • 1:40 - 1:42
    ပြီးပြည့်စုံစေခဲ့တယ်၊
  • 1:42 - 1:45
    သင်လိုအပ်တဲ့အခါ မဖော်ပြလိုခြင်းရဲ့
  • 1:45 - 1:46
    ထပ်ဆောင်းတန်ဖိုးရှိခဲ့တယ်။
  • 1:46 - 1:48
    ဒီနောက်မှာတော့ Mark Zuckerberg ပါ၊
  • 1:48 - 1:53
    လုပ်ငန်းရှင်တွေအတွက် ဂုဏ်သရေရှိတဲ့
    အဝတ်အစားရဲ့ အစဉ်အလာကို ဖီဆန်သူပေါ့၊
  • 1:53 - 1:57
    ဒါပေမဲ့ စိတ်ဝင်စားစရာက ဒါကကလည်း
    သြဇာ ပြောင်းလဲပုံကို ပြသဖို့ နည်းတစ်ခုပါ။
  • 1:57 - 2:00
    သင်ဟာ ထက်အောက်တစ်စုံ ဝတ်ထားရင်
    သက်တော်စောင့် ဖြစ်လောက်တယ်။
  • 2:00 - 2:05
    တကယ် သြဇာရှိတဲ့လူတွေကတော့ ခေါင်းစွပ်
    ပါတဲ့ တီရှပ်နဲ့ ဂျင်းဘောင်းဘီဝတ်တယ်။
  • 2:06 - 2:09
    ခေါင်းစွပ်အင်္ကျီတွေရဲ့ ရုပ်ပိုင်းသွင်ပြင်
    တွေကို တွေးကြည့်ဖို့လွယ်ပါတယ်။
  • 2:09 - 2:12
    ချက်ချင်းဆိုသလို ခေါင်းစွပ်ကို
    ပင့်ဝတ်ထားနိုင်တယ်၊
  • 2:12 - 2:15
    ဒီနွေးထွေးမှုနဲ့ လုံခြုံမှုကို
    သင်ခံစားရတယ်၊
  • 2:15 - 2:16
    ဒါပေမဲ့ တစ်ချိန်တည်းမှာပဲ
  • 2:16 - 2:19
    ဒါရဲ့ စိတ်ပိုင်းဆိုင်ရာ သွင်ပြင်တွေလည်း
    ခံစားလို့ရတယ်။
  • 2:19 - 2:21
    ခေါင်းစွပ် ရုံထားတာတွေးကြည့်ပါ။
  • 2:21 - 2:23
    ရုတ်ခြည်းဆိုသလို ပိုလုံခြုံသွားပြီး
  • 2:23 - 2:28
    သင့်အခွံထဲမှာ ရှိနေတယ်လို့ခံစားရတယ်။
  • 2:29 - 2:33
    လွန်ခဲ့တဲ့ နှစ်အန်းငယ်က
    အမေရိကန် ပြည်ထောင်စုမှာ
  • 2:33 - 2:36
    ဘာလက္ခဏာဆောင်လာတယ်ဆိုတာ
    ကျွန်မတို့ ကောင်းကောင်းသိတယ်။
  • 2:36 - 2:40
    အသက် ၁၇ နှစ်အရွယ် အာဖရိကန်
    အမေရိကန်ကလေးငယ် Trayvon Martin, ဟာ
  • 2:40 - 2:44
    ရပ်ရွာ စေတနာ့ဝန်ထမ်း ကင်းသမားရဲ့
    ပစ်သတ်တာခံရတော့
  • 2:44 - 2:48
    အမေရိကန် ပြည်ထောင်စုတစ်ခုလုံးမှာ
    Million Hoodie Marche ဖြစ်ပေါ်ခဲ့တယ်၊
  • 2:48 - 2:51
    အဲဒီမှာ လူတွေက ခေါင်းစွပ်အင်္ကျီတွေကို
    ပင့်ဝတ်ပြီး
  • 2:51 - 2:54
    ဒီမလိုမုန်းတာမှုမျိုးကို ဆန့်ကျင်ပြီး
    လမ်းတွေမှာ ချီတက်ခဲ့ကြတယ်။
  • 2:55 - 2:57
    အထည်တစ်ခုက ဒီလောက်ကြီး
  • 2:57 - 3:02
    သရုပ်ဖော်မှုနဲ့ သမိုင်းရှိဖို့နဲ ဒီလောက်
    များပြားတဲ့ မတူညီတဲ့ အစုအေဝေးတွေကို
  • 3:02 - 3:05
    ခေါင်းစွပ်အင်္ကျီ အနေနဲ့ လွှမ်းခြုံဖို့က
  • 3:05 - 3:07
    ဒီလောက် ခဏခဏ မဖြစ်တတ်ပါဘူး။
  • 3:07 - 3:08
    ဒီတော့ အထည်တွေအားလုံးလိုပဲ
  • 3:08 - 3:11
    အထူးသဖြင့် တကယ် အသုံးဝင်တဲ့ အထည်တွေလိုပဲ
  • 3:11 - 3:14
    ဒီဇိုင်းအနေနဲ အလွန် အခြေခံကျပါတယ်။
  • 3:14 - 3:15
    ဒါပေမဲ့ တစ်ချိန်တည်းမှာပဲ
  • 3:15 - 3:19
    တွဲစပ်လို့ရတဲ့ ဖြစ်နိုင်ခြေတွေက
    အနန္တပါ။
Title:
ခေါင်းစွပ်အင်္ကျီရဲ့ နှစ် ၃၀၀၀ သမိုင်း။
Speaker:
Paola Antonelli
Description:

ခေါင်းစွပ်အင်္ကျီဟာ ဇိမ်ကျတဲ့ ချွေးထိန်းအင်္ကျီတစ်ထည်ထက် အများကြီးပိုပါတယ်။ ဒီဇို်း တာဝန်ခံ Paola Antonelli ကနေပြီး ၎င်းရဲ့သမိုင်းတစ်လျှောက် ကျွန်ုပ်တို့ကို ခေါ်ဆောင်သွားထားပါတယ်။

more » « less
Video Language:
English
Team:
closed TED
Project:
TED Series
Duration:
03:32

Burmese subtitles

Revisions