ပြုံးခြင်းရဲ့ ပုန်းကွယ်နေတဲ့စွမ်းအား။
-
0:00 - 0:02ကျွှန်တော်ငယ်ငယ်တုန်းက
လူစွမ်းကောင်းတစ်ယောက်ဖြစ်ချင်ခဲ့တာပေါ့။ -
0:02 - 0:05ကမ္ဘာကြီးကို ကယ်မယ်၊ လူတိုင်းကို
ပျော်ရွှင်အောင် လုပ်ပေးမယ်ပေါ့။ -
0:05 - 0:07ဒါပေမဲ့ ကျွန်တော့စိတ်ကူးတွေ တကယ်ဖြစ်လာဖို့
-
0:07 - 0:08တန်ခိုးဣဒ္ဓိပါဒ်တွေ ရှိဖို့လိုလိမ့်မယ်
-
0:08 - 0:10ဆိုတာတော့ သိခဲ့တာပေါ့။
-
0:10 - 0:13ဒါကြောင့်Krypton ဂြိုလ်ကနေ
စကြာဝဠာ ဝတ္ထုတွေကို ရှာဖွေဖို့ -
0:13 - 0:16စိတ်ကူးခရီးရှည်ကြီးတွေ နှင်နေခဲ့ဘူးတာပေါ့။
-
0:16 - 0:18ရယ်စရာတော့ တော်တော်ကောင်းပါတယ်။
-
0:18 - 0:20ဒါပေမဲ့ အကျိုးတော့မများခဲ့ပါဘူး။
-
0:20 - 0:22ကြီးလာတော့ သဘောပေါက်မိတာက
-
0:22 - 0:23စိတ်ကူးယဉ် သိပ္ပံဝတ္ထုက
တန်ခိုးဣဒ္ဓိပါဒ်တွေအတွက်တော့ -
0:23 - 0:25အရင်းမြစ်ကောင်း မဟုတ်ဘူးဆိုတာပါ။
-
0:25 - 0:28အဲဒီအစား လက်တွေ့သိပ္ပံဆိုင်ရာ ခရီးတစ်ခုနှင်ဖို့
ဆုံးဖြတ်ချက် ချလိုက်တယ်။ -
0:28 - 0:30ပိုပြီးအသုံးဝင်တဲ့ ရလာဒ်တစ်ခုကို ရှာဖို့လေ။
-
0:30 - 0:32ကျွန်တော့ ခရီးကိုစတင်ခဲ့တာက
ကယ်ထီဖိုးနီးယားမှာရှိတဲ့ -
0:34 - 0:36Barkley တက္ကသိုလ်က နှစ်၃၀ကြာ
တိုးတက်မှုလေ့လာမှုတစ်ခုနဲ့ပါ။ -
0:36 - 0:38ဒီလေ့လာမှုက နှစ်ချုပ်စာအုပ်ဟောင်း
တစ်အုပ်ထဲက -
0:38 - 0:40ကျောင်းသားတွေရဲ့ ဓာတ်ပုံတွေကို စစ်ဆေးပြီး၊
-
0:40 - 0:42သူတို့ ဘဝတစ်လျှောက်လုံးထဲက အောင်မြင်မှုနဲ့
-
0:42 - 0:44ချမ်းသာသုခကို တိုင်းတာဖို့ အားထုတ်ထားတာပါ။
-
0:44 - 0:46သူတို့ရဲ့ အပြုံးတွေကို တိုင်းတာပြီး
-
0:46 - 0:48သုသေသီတွေဟာ
-
0:48 - 0:50အစမ်းသပ်ခံတွေရဲ့ အိမ်ထောင်ရေးဟာ
-
0:50 - 0:53ဘယ်လို စိတ်ချမ်းသာပြီး ရေရှည်ခံနိုင်တယ်၊
-
0:53 - 0:55ချမ်းသာသုခဆိုင်ရာ စံစစ်ဆေးလွာတွေမှာ
-
0:55 - 0:57ဘယ်လို အမှတ်ကောင်းကောင်း ရနိုင်မလဲ၊
-
0:58 - 1:00သူများတွေကို နှိုးဆော်ပေးလိမ့်မလဲဆိုတာ
ဟောကိန်းထုတ်နိုင်ကြပါတယ်။ -
1:00 - 1:02နောက်နှစ်ချုပ်စာအုပ်မှာ
-
1:02 - 1:04Barry Obama ရဲ့ ဓာတ်ပုံကို အမှတ်မထင်
တွေ့ခဲ့ပါတယ်။ -
1:04 - 1:06ဓါတ်ပုံကို ပထမစတွေ့တော့
-
1:06 - 1:09သူ့ရဲ ဘုန်းတန်ခိုးတွေဟာ အင်္ကျီကော်လာကြီးနေ
လာတာလို့ တွေးမိလိုက်တယ်။ -
1:10 - 1:13ဒါပေမဲ့ အခုတော့ ဒါအားလုံးဟာ
သူ့အပြုံးထဲကပါဆိုတာ သိလိုက်ပါတယ်။ -
1:13 - 1:15နောက်ထပ် 'ဟော'ကနဲ ဖြစ်စရာ တစ်ခုက
-
1:15 - 1:18၂၀၁၀ တုန်းက Wayne State University မှ
လာတဲ့ သုသေသန ပရောဂျက်ပါ။ -
1:18 - 1:21ဒါက ၁၉၅၀ နှစ်တွေ မတိုင်မီက
မေဂျာလိဂ် ကစားသမားတွေရဲ့ -
1:21 - 1:23ဘေ့စ်ဘောကဒ်တွေကို လေ့လာတာပါ။
-
1:23 - 1:25သုသေသီတွေတွေ့ရှိတာက
-
1:25 - 1:27ကစားသမားတစ်ဦးရဲ့ အပြုံးအကျယ်ဟာ
သူ့ရဲ့ ဘဝသက်တမ်းကို -
1:27 - 1:30တကယ့်ကို ဟောကိန်းထုတ်နိုင်တယ်ဆိုတာပါ။
-
1:30 - 1:33ပုံတွေထဲမှာ မပြုံးကြတဲ့သူတွေဟာ ပျမ်းမျှ
-
1:33 - 1:36သက်တမ်း ၇၂.၉ နှစ်လောက်ပဲနေကြရပြီး
-
1:36 - 1:38အားပါးတရ ပြုံးသူတွေကတော့
-
1:38 - 1:41နှစ် ၈၀နီးပါးလောက် အသက်ရှည်ကြတယ်။
-
1:41 - 1:43(ရယ်သံများ)
-
1:43 - 1:46သတင်းကောင်းကတော့ ကျွန်တော်တို့တွေဟာ
ပြုံးပြီးမွေးလာကြသူတွေပါ။ -
1:46 - 1:48သုံးဖက်မြင် အသံလှိုင်းနည်းပညာသုံးပြီး
-
1:48 - 1:49အခုဖွံ့ဖြိုးလာနေတဲ့ ကလေးငယ်လေးတွေဟာ
-
1:49 - 1:51ပြုံးယောင်သန်းနေတာကို မြင်နိုင်ပါတယ်၊
-
1:51 - 1:53ဝမ်းကြာသိုက်ထဲမှာ ရှိနေတုန်းမှာတောင်နော်။
-
1:53 - 1:55သူတို့မွေးလာတော့လည်း
-
1:55 - 1:57ဆက်ပြုံးနေကြတယ်၊
-
1:57 - 1:59ကနဦးမှာတော့ အများစုက
သူတို့အိပ်စက်ချိန်မှာပေါ့။ -
1:59 - 2:01နောက်ပြီး မျက်မမြင် ကလေးတွေတောင်မှ
-
2:01 - 2:04လူသံကြားရင် ပြုံးကြတယ်။
-
2:04 - 2:07ပြုံးခြင်းဟာ လူသားအားလုံးရဲ့
အခြေခံကျတဲ့ ဇီဝဆိုင်ရာ -
2:07 - 2:09တူညီတဲ့ မျက်နှာအမူအရာတစ်ခုပါ။
-
2:09 - 2:11Papua New Guinea မှာ
ပြုလုပ်ခဲ့တဲ့လေ့လာမှုတွေထဲမှာ -
2:11 - 2:13မျက်နှာ အမူအရာဆိုင်ရာမှာ
ကမ္ဘာ့အကျော်ကြားဆုံး -
2:13 - 2:16သုသေသီ Paul Ekman တွေ့ရှိတာက
-
2:16 - 2:19အနောက်တိုင်း ယဉ်ကျေးမှုနဲ့ လုံးဝကို
-
2:19 - 2:22အဆက်အသွယ်မရှိတဲ့ Fore လူမျိုးဝင်တွေတောင်မှ
-
2:22 - 2:26လူသားစားတဲ့ ထုံးတမ်းဓလေ့တွေ ကြောင့်လည်း
လူသိများကြတဲ့သူတွေ၊ -
2:26 - 2:29ခင်ဗျားတို့ ကျွန်တော်တို့လိုပဲ အပြုံးကို အခြေအနေရဲ့
သရုပ်သဘောကို ဖော်ပြတဲ့ -
2:29 - 2:31အကြောင်းတရားအဖြစ် မှတ်ယူကြတယ်။
-
2:31 - 2:34ဒီတော့ Papua New Guinea ကနေ
-
2:34 - 2:36Hollywood ထိ၊
-
2:36 - 2:39ပြီးတော့ Beijing က ခေတ်သစ် အနုပညာအထိ
-
2:39 - 2:41ကွန်တော်တို့ မကြာခဏပြုံးကြတယ်။
-
2:41 - 2:43ပီတိနဲ့ ကျေနပ်မှုကို ဖော်ပြဖို့
-
2:43 - 2:45ခင်ဗျားတို့ ပြုံးကြတာပေါ့ဗျာ။
-
2:45 - 2:47ဒီအခန်းထဲမှာရှိတဲ့ သူတွေ
ဘယ်နှစ်ယောက် လောက်ကများ -
2:47 - 2:49တစ်နေ့ကို အကြိမ် ၂၀ ထက် ပိုပြုံးကြသလဲဗျာ။
-
2:49 - 2:52ပြုံးတယ်ဆိုရင် လက်မြှောက်လိုက်ကြဗျာ။
အိုး ဝိုး -
2:52 - 2:54ဒီအခန်းအပြင်မှာတော့
-
2:54 - 2:55ကျွန်တော်တို့ထဲက ၃ပုံ၁ပုံကျော်ဟာ
-
2:55 - 2:57တစ်နေ့ အကြိမ်၂၀ထက် ပိုပြုံးကြတာပေါ့နော်။
-
2:57 - 3:00ကျွန်တော်တို့ထဲက ၁၄ ရာခိုင်နှုန်းကတော့
-
3:00 - 3:02၅ ကြိမ်ထက် လျော့ပြုံးကြတာပေါ့ဗျာ။
-
3:02 - 3:05အမှန်ကတော့ အံ့ဩစရာအကောင်းဆုံး
မဟာစွမ်းအားရှင်တွေကတော့ -
3:05 - 3:08တကယ်တော့ ကလေးတွေပါ၊
-
3:08 - 3:11သူတို့က တစ်နေ့ကို အကြိမ်
၄၀၀ လောက် ပြုံးကြတာကိုးဗျ။ -
3:11 - 3:13အရမ်းကို မကြာခဏပြုံးတတ်တဲ့
ကလေးတွေနားမှာနေခြင်းဟာ -
3:13 - 3:15ခင်ဗျားကို တော်တော် များများကြီး
ပြုံးစေတယ်ဆိုတာ -
3:15 - 3:18ဘာကြောင့်ဆိုတာကို တွေးမိကြဖူးလား။
-
3:19 - 3:21ဆွီဒင်မှာရှိတဲ့ Uppsala တက္ကသိုလ်က
မကြာသေးခင်က လေ့လာမှုမှာ -
3:21 - 3:24တွေ့ရှိချက်က ပြုံးနေတဲ့သူတစ်ယောက်ကို
ကြည့်နေတုန်း -
3:24 - 3:26မျက်မှောင်ကြုတ်ဖို့ဆိုတာ
တော်တော်ခက်ခဲတယ်တဲ့ဗျ။ -
3:26 - 3:28ဘာလို့လဲလို့ ခင်ဗျားမေးမိမယ်။
-
3:28 - 3:30အကြောင်းကတော့ ပြုံးခြင်းဟာ
ဆင့်ကဲ ကူးစက်ဖြစ်ပေါ်လာတာဖြစ်ပြီး၊ -
3:30 - 3:32ကျွန်တော်တို့မှာ အမြဲရှိနေတဲ့
မျက်နှာပြင်ဆိုင်ရာ -
3:32 - 3:35ကြွက်သားတွေရဲ့ ထိန်းချုပ်မှုကို
ဖုံးဖိလိုက်လို့ပါ။ -
3:35 - 3:37အပြုံးတစ်ခုကို တုပပြီး၊ ဒါကို
-
3:37 - 3:39ကာယကံမြောက် ခံစားလိုက်ခြင်းဟာ
ကျွန်တို့ရဲ့အပြုံးဟာ -
3:39 - 3:43အတုလား၊ အစစ်လားဆိုတာကို
နားလည်ဖို့ အထောက်အပံ့ပြုပါတယ်။ -
3:43 - 3:45ဒီလိုဆို ပြုံးသူတစ်ယောက်ရဲ့
စိတ်ခံစားမှုအခြေအနေကို -
3:45 - 3:47ကျွန်တော်တို့နားလည်နိုင်ပြီပေါ့။
-
3:47 - 3:49ပြင်သစ်က Clermont-Ferrandf တ
က္ကသိုလ်မှာလုပ်တဲ့ -
3:49 - 3:52ပြီးခဲ့တဲ့ အသွင်တုခြင်း လေ့လာမှုတစ်ခုမှာ
-
3:52 - 3:54အစမ်းသပ်ခံတွေကို ပြုံးခြင်း
ကြွက်သားတွေကို ချုပ်တည်းဖို့ -
3:54 - 3:56သူတို့ပါးစပ်မှာ ခဲတံတစ်ချောင်းကိုက်ထားရင်း
-
3:56 - 3:58အပြုံးတစ်ခုဟာ အစစ်လား၊ အတုလားဆိုတာကို
-
3:58 - 4:00အဆုံးအဖြတ်ပေးဖို့ မေးမြန်းခဲ့ပါတယ်။
-
4:00 - 4:01ခဲတံမပါတဲ့အခါ အစမ်းသပ်ခံတွေဟာ
-
4:01 - 4:03ပြောင်မြောက်တဲ့ အကဲဖြတ်တွေဖြစ်ကြပေမည့်
-
4:03 - 4:05သူတို့ပါးစပ်ထဲမှာ ခဲတံပါတဲ့အခါကျတော့
-
4:05 - 4:08သူတို့တွေ့ရတဲ့ အပြုံးကို မတုပနိုင်တဲ့အခါ
-
4:08 - 4:10သူတို့ရဲ့အဲဖြတ်ချက်ကို ထိခိုက်စေပါတယ်။
-
4:10 - 4:12(ရယ်သံများ)
-
4:12 - 4:15သက်ရှိတို့ရဲ့ မူလဖြစ်စဉ်ထဲက
ဆင့်ကဲဖြစ်စဉ်နဲ့ပတ်သက်ပြီး -
4:15 - 4:17ကောက်ချက်ချတာအပြင်
ချားလ်စ် ဒါဝင်ကလည်း မျက်နှာပြင်ဆိုင်ရာ -
4:17 - 4:19တုံ့ပြန်မှု သီအိုရီကို ရေးသားခဲ့ပါတယ်။
-
4:19 - 4:21သူ့သီအိုရီမှာ ဖော်ပြတာက
-
4:21 - 4:23ပြုံးခြင်းသက်သက်ကပင် ကွန်တော်တို့ကို
-
4:23 - 4:25နေလို့ထိုင်လို့ ပိုကောင်းစေပါတယ်။
-
4:25 - 4:27နေထိုင်ကောင်းခြင်းရဲ့ရလာဒ်
တစ်ခုဖြစ်ခြင်းလောက်ပဲ -
4:27 - 4:29ပြုံးတာဆိုတာထက် ပိုတာပေါ့။
-
4:29 - 4:31သူ့လေ့လာချက်ထဲမှာ
-
4:31 - 4:32ဒါဝင် တကယ်တမ်း ကိုးကားသွားတာက
ပြင်သစ်လူမျိုး -
4:32 - 4:34ဦးနှောက်နဲ့ အာရုံကြောပါရဂူ
Guillaume Duchenne ပါ။ -
4:34 - 4:36သူက အပြုံးတွေဖြစ်ပေါ် နိုးကြွလာစေဖို့
-
4:36 - 4:37မျက်နှာပြင် ကြွက်သားတွေပေါ်ကို
-
4:37 - 4:39လျှပ်စစ်တွန်းထုတ်မှုကို သုံးခဲ့ပါတယ်။
-
4:39 - 4:41ဒါကို အိမ်မှာ သွားလုပ်မနေနဲ့ဦးနော်။
-
4:41 - 4:43(ရယ်သံများ)
-
4:43 - 4:45ဆက်စပ်နေတဲ့ ဂျာမန်လေ့လာမှုတစ်ခုမှာ
-
4:45 - 4:47သုသေသီတွေဟာ fMRI ပုံရိပ်ထုတ်ခြင်းကို
သုံးခဲ့ပါတယ်။ -
4:47 - 4:49အပြံးကြွက်သားတွေကို ထိန်းချုပ်ဖို့
-
4:49 - 4:52Botox ထိုးဆေး မထိုးခင်နဲ့
ထိုးပြီးကာလက ဦးနှောက်ရဲ့ -
4:52 - 4:55လုပ်ဆောင်မှုကို တိုင်းတာဖို့အတွက်ပါ။
-
4:55 - 4:57မျက်နှာပြင်ဆိုင်ရာ တုံ့ပြန်မှုကိုပြသခြင်းနဲ့
-
4:57 - 4:59ဒါဝင်ရဲ့သီအိုရီကို သက်သေထူတဲ့ တွေ့ရှိချက်ဟာ
ကျွန်တော်တို့ပြုံးတဲ့အခါ -
4:59 - 5:01ကွန်တော်တို့ ပိုပြီးနေလို့ထိုင်လို့
ကောင်းအောင်ကူညီတဲ့ -
5:01 - 5:03နည်းလမ်းတစ်ခုဖြစ်တဲ့ ဦးနှောက်ထဲက
စိတ်ခံစားမှုဆိုင်ရာတွေရဲ့ -
5:03 - 5:06အာရုံကြောဆိုင်ရာဖြစ်စဉ်ကို
မွမ်းမံပေးပါတယ်။ -
5:07 - 5:09ပြုံးခြင်းက ကျွန်တော်တို့ ဦးနှောက်ကို
ဇီဝဖြစ်စဉ် ဆုလာဘ်ချ နှိုးဆွပေးပုံဟာ -
5:09 - 5:11ကြည်နူးဖွယ် မက်လုံးလို့ ကောင်းကောင်းကြီး
-
5:11 - 5:14သတ်မှတ်ခံထားတဲ့ ချောကလက်တောင်မှ
-
5:14 - 5:16မမှီနိုင်ပါဘူးဗျာ။
-
5:16 - 5:19ဗြိတိသျှ သုသေသီတွေ တွေ့ရှိထားတာက
အပြုံးတစ်ခုဟာ -
5:19 - 5:22ချောကလက် အတောင့်ပေါင်း
၂၀၀၀ လောက်အထိနဲ့ကို တူညီတဲ့ -
5:22 - 5:25ဦးနှောက်လှုံ့ဆော်ပေးခြင်း
အဆင့်ကို ထုတ်ပေးနိုင်တယ် ဆိုတာပါ။ -
5:25 - 5:27(ရယ်သံများ)
-
5:27 - 5:30နေဦး။ ဒီလေ့လာမှုမှာပဲတွေ့ရှိတာက
-
5:30 - 5:32ပြုံးခြင်းဟာ ငွေသားပေါင်စတာလင် ၁၆၀၀၀ အထိ
-
5:32 - 5:37ရရှိခြင်းနဲ့တူတဲ့ နှိုးဆော်ခြင်းမျိုးရှိတယ်တဲ့။
-
5:37 - 5:39ဒါက အပြုံးတစ်စဟာ ဒေါ်လာ ၂၅၀၀၀
ဆိုသလိုမျိုးပေါ့ဗျာ။ -
5:39 - 5:41မဆိုးဘူးနော်။
-
5:41 - 5:43နောက်ပြီး ဒီလိုတွေးကြည့်ရအောင်။
-
5:43 - 5:45၂၅၀၀၀ အမြှောက် ၄၀၀။
-
5:45 - 5:47ကလေး အတော်အတန်ကတော့
-
5:47 - 5:50နေ့တိုင်းပဲ Mark Zuckerberg လို
အထင်ရောက်နေတော့တာပေါ့။ -
5:50 - 5:52နောက်ပြီး ချောကလက်
တော်တော်များများနဲ့မတူတာက -
5:52 - 5:55အများကြီးပြုံးခြင်းဟာ
တကယ်ပဲ ပိုပြီးကျန်းမာစေတာပါ။ -
5:55 - 5:56ပြုံးခြင်းဟာ စိတ်ဖိစီးမှုကိုတိုးပွားစေတဲ့
-
5:58 - 5:59ကော်တီဇော၊ အဒရီနလင်း၊
ဒိုပါမင်တိုလို့ ဟိုမုန်းတွေ -
5:59 - 6:02မြင့်တက်မှုတို လျှော့ချပေးနိုင်တယ်။
-
6:02 - 6:04အန်ဒေါ်ဖင်လို စိတ်ဓာတ်တိုးပွားစေတဲ့
ဟိုမုန်းတွေကို -
6:04 - 6:06မြှင့်တင်ပေးတယ်။
-
6:06 - 6:08ပြီးတော့ ပျမ်းမျှသွေးတိုးတာကိုပါ
လျှော့ချပေးနိုင်ပါတယ်။ -
6:08 - 6:10ဒါနဲ့တင် မလုံလောက်သေးဘူး
ဆိုရင် ပြုံးခြင်းဟာ -
6:10 - 6:12တခြားသူတွေရဲ့အမြင်မှာ သင့်ကို တကယ်ပဲ
-
6:12 - 6:14ကြည့်လို့ ကောင်းစေတယ်ဆိုပါ။
-
6:14 - 6:16မကြာသေးခင်က Penn State တက္ကသိုလ်က လေ့လာမှုအရ
-
6:16 - 6:18သင်ပြုံးလိုက်တဲ့အခါ
-
6:18 - 6:21သင်ဟာ ပိုပြီးနှစ်လိုဖွယ်၊လေးစားဖွယ်
ပုံပေါက်ရုံမက သင်ဟာ တကယ်ပဲ -
6:21 - 6:23ပိုပြီး တတ်ကျွမ်း လိမ္မာတဲ့ပုံလို့လည်း
ထင်ရဟန်ရှိစေပါတယ်။ -
6:23 - 6:25ဒီတော့ဗျာ ခင်ဗျားဟာ ထူးကဲပြီး၊
-
6:25 - 6:27ကျွမ်းကျင်မှုရှိတဲ့ပုံ ပေါက်ချင်တဲ့အခါတိုင်း၊
-
6:27 - 6:29စိတ်ဖိစီးမှု လျော့ချချင်တာ
-
6:29 - 6:31ဒါမှမဟုတ် အိမ်ထောင်ရေး
တိုးတက်ချင်တဲ့အခါတိုင်း၊ -
6:31 - 6:32ဒါမှမဟုတ် ကယ်လိုရီနဲ့ ပတ်သက်ပြီး
-
6:32 - 6:34ကုန်ကျစရိတ်မပါပဲနဲ့ အကောင်းစား
ချောကလက်အပုံလိုက်ကြီးကို -
6:34 - 6:37အခုလေးပဲစားလိုက်သလို ခံစားချင်တဲ့အခါ
-
6:37 - 6:39ဒါမှမဟုတ် သင်မဝတ်တာကြာပြီဖြစ်တဲ့
ဂျက်ကက်ဟောင်းရဲ့ -
6:39 - 6:42အိတ်ကပ်ထဲမှာ
ဒေါ်လာ ၂၅၀၀၀ တွေ့လိုက်မိသလိုမျိုး -
6:42 - 6:46ဒါမှမဟုတ် သင်နဲ့ သင့်ပတ်ဝန်းကျင်က
လူတွေကို ပိုပြီး -
6:46 - 6:49အသက်ရှည်၊ ကျန်းမာ၊ ပျော်ရွှင်စွာ
နေထိုင်ဖို့ ကူညီတဲ့ -
6:49 - 6:52တန်ခိုးဣဒ္ဓိပါဒ်ကို တို့ထိချင်တဲ့အခါ
ဖြစ်ဖြစ်ပေါ့ဗျာ -
6:52 - 6:54ပြုံးလိုက်ပါ။
-
6:54 - 7:05(လက်ခုပ်သံများ)
- Title:
- ပြုံးခြင်းရဲ့ ပုန်းကွယ်နေတဲ့စွမ်းအား။
- Speaker:
- Ron Gutman
- Description:
-
Ron Gutman ဟာ ပြုံးပြခြင်းနဲ့ပတ်သက်တဲ့ လေ့လာမှုတစ်လှေကြီးကို သုံးသပ်ပြီး အံ့ဩ၈ရာ ကောင်းတဲ့ ရလာဒ်တစ်ချို့ကို လှစ်ဟပြထားပါတယ်။ သင့်ရဲ့အပြုံးဟာ သင်ဘယ်လောက် အသက်ရှည်မယ်ဆိုတာအတွက် နိမိတ်လက္ခဏာဆိုတာရယ်၊ ဒီရိုးရှင်းတဲ့ အပြုံးလေးတစ်ခုဟာ သင့်ရဲ့ အလုံးစုံသော ကျန်းမာသုခအတွက် တိုင်းတာလို့ရနိုင်တဲ့ သက်ရောက်မှု တစ်ခုဖြစ်တယ် ဆိုတာကိုကော သိပါရဲ့လား။ ဒီဆင့်ကဲဆင့်ကဲ ဖြစ်ပေါ်လာတဲ့ အပြုအမူအကြောင်းကို ပိုမိုလေ့လာရင်း သင့်မျက်နှာပြင်ပေါ်က ကြွက်သားအနည်းငယ်ကို ကွေးဖို့၊ ဆန့်ဖို့ ပြင်ဆင်လိုက်ပါဦး။
- Video Language:
- English
- Team:
closed TED
- Project:
- TEDTalks
- Duration:
- 07:06
![]() |
Myo Aung edited Burmese subtitles for The hidden power of smiling | |
![]() |
Myo Aung edited Burmese subtitles for The hidden power of smiling | |
![]() |
Myo Aung edited Burmese subtitles for The hidden power of smiling | |
![]() |
Myo Aung approved Burmese subtitles for The hidden power of smiling | |
![]() |
Myo Aung edited Burmese subtitles for The hidden power of smiling | |
![]() |
Myo Aung edited Burmese subtitles for The hidden power of smiling | |
![]() |
Myo Aung accepted Burmese subtitles for The hidden power of smiling | |
![]() |
sann tint edited Burmese subtitles for The hidden power of smiling |