Return to Video

မီးဆိုတာဘာလဲ။ - Elizabeth Cox

  • 0:07 - 0:10
    မီးပုံပွဲတစ်ခုအနားထိုင်နေရင်း
    ၎င်းရဲ့အပူကို သင်ခံစားရနိုင်တယ်
  • 0:10 - 0:13
    ထင်းမီးခိုးနံ့ရမယ်
    မီးပေါက်သံသဲ့သဲ့လေးတွေကြားရမယ်
  • 0:13 - 0:14
    မီးပုံနား တအားနီးလာရင်
  • 0:14 - 0:17
    မျက်လုံးတွေပူလာတယ်၊
    နှာခေါင်းပေါက်တေွ စူးလာတယိ
  • 0:17 - 0:20
    အမြဲ တောက်နေတဲ့မီးတောက်တွေကို
    စိုက်ကြည့်လိုက်မယ်ဆိုရင်
  • 0:20 - 0:24
    မီးတောက်တွေဟာ အဆုံးမဲ့ ယိမ်းထိုးပြီး
    မှိတ်တုတ်မှိတ်တုတ်လင်းနေပါတယ်
  • 0:24 - 0:26
    ဒါပေမဲ့ သင်ကြည့်နေတာက
    ဘာလဲလို့ တိတိကျကျသိပါသလား
  • 0:26 - 0:29
    မီးတောက်တွေဟာ အစိုင်အခဲတစ်ခု
    မဟုတ်တာ ရှင်းပါတယ်
  • 0:29 - 0:30
    အရည်လည်းမဟုတ်ပြန်ပါဘူး
  • 0:30 - 0:33
    လေနဲ့ရောပြီး မီးတောက်တွေဟာ
    အငွေ့တစ်ခုနဲ့ ပိုဆင်ပါတယ်။
  • 0:33 - 0:35
    သို့သော် ပိုမြင်သာပြီး
    လှုပ်ရှားမှုကပိုမြန်ဆန်တယ်
  • 0:35 - 0:39
    သိပ္ပံပညာအရတော့
    မီးတောက်ဟာ အငွေ့နဲ့ ခြားနားပါတယ်
  • 0:39 - 0:43
    အကြောင်းက အငွေ့တွေဟာ တူညီတဲ့အခြေအနေမှာ
    လွတ်လပ်စွာတည်ရှိနေချိန်
  • 0:43 - 0:47
    မီးတောက်ကတော့
    နောက်ဆုံးမှာ ကုန်ဆုံးသွားတာကြောင့်ပါ။
  • 0:47 - 0:51
    မှားနေတဲ့အယူအဆတစ်ခုကတော့
    အက်တမ်မှ အီလက်ထရွန် တွေကိုခွာချလိုက်ပြီး
  • 0:51 - 0:53
    ဝတ္ထုရဲ့စတုတ္ထအခြေအနေဖြစ်တဲ့
  • 0:53 - 0:56
    အရည်ကြည် တစ်ခုလို့မီးကိုယူဆတာပါပဲ
  • 0:56 - 0:59
    မီးနဲ့တူပြီး အခြားအရာဝတ္ထုတွေနဲ့
    မတူတာကတော့
  • 0:59 - 1:03
    အရည်ကြည်ဟာ ကမ္ဘာပေါ်မှာ
    တည်ငြိမ်တဲ့အခြေအနေနဲ့ မရှိနေတာပါပဲ
  • 1:03 - 1:09
    အငွေ့ဟာလျှပ်စစ်ပတ်လမ်းပေါ်
    ရောက်လို့ပဲဖြစ်ဖြစ်အပူချိန်ထောင်ကျော်
  • 1:09 - 1:13
    သို့မဟုတ် သောင်းကျော်အထိပေးလိုက်မှ
    အရည်ကြည်အဖြစ်ရရှိတာပါ
  • 1:13 - 1:17
    ဆန့်ကျင်ဘက်အနေနဲ့ သစ်သားနဲ
    စက္ကူလို လောင်စာတွေက
  • 1:17 - 1:19
    အရည်ကြည်အခြေအနေ
    မရောက်သေးတဲ့ အပူချိန်တစ်ခုမှာ
  • 1:19 - 1:24
    ရာလောက်ရှိတဲ့ အပူချိန်မှာ လောင်ကျွမ်ပါတယ်။
  • 1:24 - 1:27
    ဒါဆိုမီးဟာ အစိုင်အခဲ၊ အငွေ့၊ အရည်၊အရည်ကြည်
    တစ်ခုမှမဟုတ်ဘူးဆိုရင်
  • 1:27 - 1:30
    မီးတောက်တစ်ခုက ဘာကျန်ခဲ့လဲ။
  • 1:30 - 1:34
    ဖြစ်သွားတာက မီးတောက်တစ်ခခုဟာ
    ဒြပ်ထုလုံးဝ မဟုတ်တာပါ။
  • 1:34 - 1:37
    ဒီအစား လောင်ကျွမ်းခြင်းဆိုတဲ့
    ဓာတ်ပြုမှုဖြစ်စဉ်တစ်ခုကို
  • 1:37 - 1:40
    အမြင်အာရုံကမြင်နေရခြင်းသာဖြစ်တယ်
  • 1:40 - 1:44
    တစ်နည်းဆိုသော် မီးဟာ ဆောင်းဦးမှာ
    အရောင်ပြောင်းနေတဲ့ သစ်ရွက်တွေလို
  • 1:44 - 1:46
    (သို့) ရင့်မှည့်လာတဲ့ သစ်သီးရဲ့အန့ံလို၊
  • 1:46 - 1:49
    ပိုးစုန်းကြူးရဲ့ မှိတ်တုတ်တုတ်အလင်းလိုပါ။
  • 1:49 - 1:51
    ဒီဥပမာတွေဟာ ဓာတုဓာတ်ပြုမှုဖြစ်ပေါ်ပြီး
  • 1:51 - 1:54
    အမြင်အာရုံဖမ်းစားခြင်းတွေပါပဲ
  • 1:54 - 1:57
    မီးကဘာလဲလို့ ဝိ၀ါဒကွဲနေကြလဲဆိုတော့
  • 1:57 - 2:01
    မီးဟာ ဒြပ်ထုတစ်ခုမှလာတယ်လို့ထင်အောင်
    တစ်ချိန်တည်းမှာ
  • 2:01 - 2:06
    ရောင်စုံအလင်းရောင်တန်းကိုဖန်းတီပြီး
    အာရုံတွေကိုဖမ်းစားနိုင်လို့ဖြစ်တယ်
  • 2:06 - 2:08
    လောင်ကျွမ်းမှုတစ်ခုဟာ လောင်စာ၊အပူနဲ့
    အောက်ဆီဂျင်ကိုသုံးကာ
  • 2:08 - 2:12
    မီးတောက်အဖြစ်
    အမြင်ခံစားမှုတစ်ခုကိုဖန်တီးပါတယ်
  • 2:12 - 2:16
    မီးပုံပွဲတစ်ခုမှာ ထင်းတုံးတွေကို
    မီးတောက်ဖို့အပူပေးလိုက်တဲ့အခါ
  • 2:16 - 2:18
    ၎င်းတို့ နံရံမှာရှိတဲ့ဆဲလ်တွေပြိုကွဲသွားကာ
  • 2:18 - 2:22
    လေထဲကို မော်လီကျူးတွေအဖြစ်အသွင်ပြောင်းပြီး
    ထွက်လာပါတယ်
  • 2:22 - 2:25
    အဲ့မော်လီကျူးလေးတွေဟာ
    လေထဲကအောက်ဆီဂျင်နဲ့ပေါင်းပြီး
  • 2:25 - 2:28
    ကာဗွန်ဒိုင်အောက်ဆိုဒ်နဲ့ရေအဖြစ်
    ပြောင်းလဲသွားပါတယ်
  • 2:28 - 2:32
    တစ်ချိန်ထဲမှာပဲ သစ်တုံးမှာကပ်နေတဲ့ရေတွေဟာ
  • 2:32 - 2:36
    အငွေ့ပျံ၊ ပွတက် ပေါက်ထွက်လာပြီး
  • 2:36 - 2:39
    တဖျစ်ဖျစ်တဖြောက်ဖြောက်မြည်သံကို
    ကြားရစေပါတယ်။
  • 2:39 - 2:43
    မီးတောက်ကအရှိန်ရလာတဲ့နဲ့အမျှ
    လောင်ကျွမ်းခြင်းကနေ
  • 2:43 - 2:46
    ကာဗွန်ဒိုင်အောက်ဆိုဒ်နဲ့ ရေငွေ့တွေ
    ဖြစ်လာပြီး
  • 2:46 - 2:51
    သိပ်သည်းဆနည်းလာကာ
    အငွေ့တန်းအငယ်လေးအဖြစ်အပေါ်ကိုတက်သွားပါတယ်
  • 2:51 - 2:54
    မီးတောက်တွေရဲ့ပုံစံဟာ ထိပ်မှာသေးပြီး
    မီးတောက်အခြေက ပိုကြီးနေခြင်းဟာ
  • 2:54 - 2:56
    ကမ္ဘာမြေဆွဲအားကြောင့်ဖြစ်ပါတယ်
  • 2:56 - 3:00
    ကမ္ဘာမြေဆွဲအားသာမရှိခဲ့ရင် မော်လီကျူးတွေဟာ
    သိပ်သည်းဆအရ
  • 3:00 - 3:04
    မပိုင်းခြားနိုင်တော့ဘဲမီးတောက်ရဲ့ပုံစံက
    တစ်မျိုးတစ်မည်ဖြစ်သွားပါလိမ့်မယ်
  • 3:04 - 3:07
    ခုလိုမီးတောက်တွေကိုမြင်နေရတာဟာ
    လောင်ကျွမ်းမှုကနေ
  • 3:07 - 3:08
    အလင်းရောင်ထွက်လာလို့ဖြစ်တယ်
  • 3:08 - 3:11
    မော်လီကျူးလေးတွေက ပူလာတဲ့အခါ
    အလင်းရောင်တွေထွက်လာပါတယ်
  • 3:11 - 3:13
    ထွက်လာတဲ့အလင်းတွေဟာ
    မော်လီကျူးတွေရဲ့
  • 3:13 - 3:15
    အပူချိန်ပေါ်လိုက်ပြီး
    အရောင်ပြောင်းလဲတယ်
  • 3:15 - 3:18
    အပူဆုံးမီးတောက်ဟာ အဖြူ (သို့) အပြာဖြစ်တယ်
  • 3:18 - 3:20
    မီးတောက်မှာရှိတဲ့
    မော်လီကျူးအမျိုးအစားတွေက
  • 3:20 - 3:22
    မီးတောက်အရောင်ကိုစီမံနိုင်ပါသေးတယ်
  • 3:22 - 3:26
    ဥပမာ ထင်းတုံးတွေကနေဘာနဲ့မှဓာတ်မပြုသေးတဲ့
    ကာဗွန်ပျိုလေးတွေဟာ
  • 3:26 - 3:29
    မီးတောက်ထဲမှာ ကြပ်ခိုးအသွင်ပြောင်းပြီး
  • 3:29 - 3:32
    မီးပုံပွဲမှာမြင်လေ့ရှိတဲ့
    အဝါလိမ္မော်အလင်းရောင် ထုတ်ပေးတယ်
  • 3:32 - 3:35
    Copper, Calcium Chloride,
    Potassium Chloride လို
  • 3:35 - 3:38
    ဒြပ်ထုတွေဟာ မီးတောက်မှာရှိတဲ့အရောင်တွေကို
  • 3:38 - 3:40
    ပိုစုံလာအောင်ပံပိုးပေးပါသေးတယ်
  • 3:40 - 3:44
    မီးတောက်တစ်ခုက ရောင်စုံအလင်းရောင်တွေအပြင်
  • 3:44 - 3:46
    လောင်ကျွမ်းမှု မှ
    အပူတွေလည်းထုတ်ပေးပါတယ်
  • 3:46 - 3:49
    အဲ့ဒီအပူဟာလောင်စာတွေအပူချိန်ကို
  • 3:49 - 3:52
    လောင်ကျွမ်းမှတ်အပေါ်မှာရှိနေစေပြီး
  • 3:52 - 3:56
    မီးတောက်တွေကိုဆက်ရှိနေစေပါတယ်
  • 3:56 - 3:59
    နောက်ဆုံးမှာတော့ အပူဆုံးဆိုတဲ့မီးဟာ
  • 3:59 - 4:01
    အောက်ဆီဂျင်ကုန် လောင်စာကုန်လာပြီး
  • 4:01 - 4:04
    နောက် ယိမ်းထိုးနေတဲ့မီးတောက်တွေဟာ
    တရှူးရှူးမြည်သံနဲ့အတူ
  • 4:04 - 4:07
    မီးခိုးမျှင်တစ်စုနဲ့အတူ ပျောက်ကွယ်သွားတယ်၊
  • 4:07 - 4:09
    ဘယ်တုန်းကမှ မရှိခဲ့သလိုမျိုးပေါ့။
Title:
မီးဆိုတာဘာလဲ။ - Elizabeth Cox
Speaker:
Elizabeth Cox
Description:

အပြည့်အစုံသို့ : https://ed.ted.com/lessons/is-fire-a-solid-a-liquid-or-a-gas-elizabeth-cox

သင်မီးပုံပွဲတစ်ခုမှနယးာထိုင်နေရင်း ၎င်းရဲ့အပူကို ခံစားရနိုင်တယ်။ ထင်းမီးခိုးနံ့ရမယ်။ မီးပေါက်သံသဲ့သဲ့လေးတွေကြားရမယ်။ မီးပုံနားတအားနီးလာရင် မျက်လုံးတွေပူလာမယ်။ နှာခေါင်းမီးဟပ်ခံရလိမ့်မယ်။ တောက်လောင်နေတဲ့မီးတောက်တွေကို စိုက်ကြည့်လိုက်မယ်ဆိုရင် မီးတောက်တွေဟာယိမ်းထိုးပြီး မှိတ်တုတ်မှိတ်တုတ်လင်းနေပါတယ်။ ဒါပေမဲ့ သင်ကြည့်နေတာက ဘာလဲလို့တိတိကျကျသိပါသလား။ ဒါကို Elizabeth Cox က သိပ္ပံနည်းကျ သရုပ်ဖော်ရှင်းပြထားပါတယ်။

Lesson by Elizabeth Cox, directed by Héloïse Dorsan Rachet.

more » « less
Video Language:
English
Team:
closed TED
Project:
TED-Ed
Duration:
04:25

Burmese subtitles

Revisions Compare revisions