"အိုမင်းခြင်းကို အဆုံးသတ်ရေးဆီကို ရှေ့ရှရေး
-
0:00 - 0:02၁၈ မိနစ်ဆိုတာကတော့ တော်တော့်ကို ရက်စက်တဲ့ အချိန်ကန့်သတ်ချက်ပါပဲ...
-
0:02 - 0:04ဒါကြောင့် လိုရင်းအချက်ကိုပဲ တည့်တည့်ပြောပါမယ်။
-
0:04 - 0:06အခု ကျွန်တော်ပြောမယ့်အရာကို ဘယ်လိုရခဲ့တယ်ဆိုတာကိုပေ့ါ..
-
0:06 - 0:08ကဲ..စပြီနော်။ ကျွန်တော်က မတူညီတဲ့အရာ ငါးမျိုးအကြောင်းပြောပါမယ်။
-
0:08 - 0:11အိုမင်းခြင်းကို တိုက်ခိုက်အနိုင်ယူနိုင်ခြင်းဟာ ဘာကြောင့်ဖြစ်သင့်တဲ့အချက်လဲ..ဆိုတာ ပြောပါမယ်။
-
0:11 - 0:13ဘာကြောင့် ကျွန်တော်တို့တွေရဲ့အသိတွေကို စုစည်းပြီးတော့...
-
0:13 - 0:15ဒီအကြောင်းကို အခုထက် နည်းနည်းပိုပြီး ပြောသင့်တဲ့အကြောင်း ကျွန်တော်ပြောမှာပါ။
-
0:15 - 0:17ဒါ့အပြင် ...ဖြစ်နိုင်ခြေရှိမရှိဆိုတာတွေကိုလည်း ပြောသွားမှာပါ။
-
0:17 - 0:19ကျွန်တော်တို့တွေဟာ ဘာဖြစ်လို့ ကံအကြောင်းကြောင့်ပဲလို့ ယုံကြည်နေကြတာလဲ..
-
0:19 - 0:21အိုမင်းခြင်းနဲ့ပတ်သက်ပြီး လုပ်နိုင်တာတွေကိုပေါ့။
-
0:21 - 0:23ကျွန်တော့် ဟောပြောပွဲရဲ့ ဒုတိယပိုင်းတစ်ချိန်လုံးကို သုံးပြီး
-
0:23 - 0:28အိုမင်းခြင်းနဲ့ပတ်သက်ရင် ကံကိုပုံချနေကြတာဟာ မှားယွင်းကြောင်း ဘယ်လိုသက်သေပြနိုင်တယ်ဆိုတာကို ပြောသွားမှာပါ။
-
0:28 - 0:30နာမည်တပ်ပြောရရင်တော့ 'အိုမင်းခြင်းအတွက် တစ်ခုခုကို တကယ်လုပ်ပြခြင်း' ပေါ့။
-
0:30 - 0:32အဲဒါကို ကျွန်တော် အဆင့်နှစ်ဆင့်နဲ့ ရှင်းပြသွားပါမယ်။
-
0:32 - 0:34ပထမအဆင့်ကတော့....
-
0:34 - 0:37အတန်အသင့် ပိုရှည်လာမယ့် ပျမ်းမျှသက်တမ်းကို
-
0:37 - 0:40ကျွန်တော့်အနေနဲ့ နှစ်-၃၀ လို့ သတ်မှတ်လို်က်မယ်၊ အဲဒီအသက်ကို
-
0:40 - 0:42သက်လတ်ပိုင်းလူတွေကို ပေါင်းထည့်ပေးလိုက်၊ ရလာတဲ့အသက်ကနေ
-
0:42 - 0:45'ဇရာကို တွန်းလှန်အောင်မြင်ပြီ' လို့ စစ်စစ်မှန်မှန် ခေါ်လို့ရတဲ့အရွယ်အထိ ဘယ်လို ရောက်အောင်သွားမလဲ ဆိုတာပါ။
-
0:45 - 0:49ဒါကို 'ဆက်စပ်မှုကို ခြေဖျက်ပစ်လိုက်ခြင်း' လို့ ခေါ်ပါတယ်။
-
0:49 - 0:51'ခင်ဗျားရဲ့လက်ရှိအသက်' နဲ့ 'နောက်တစ်နှစ်မှာ ခင်ဗျား သေဆုံးနိုင်ခြေ' နဲ့ ဆက်စပ်မှု..
-
0:51 - 0:53ဒါမှမဟုတ် ' အရင်ဆုံး နေမကောင်းဖြစ်နိုင်ခြေ ' နဲ့ ဆက်စပ်မှုကို ဖျက်ပစ်ဖို့ပါ..
-
0:53 - 0:55နောက်ဆုံး ကျွန်တော်ပြောမှာကတော့....
-
0:55 - 0:57အဲဒီအလယ်အဆင့်ကို ဘယ်လိုရောက်အောင် သွားမလဲဆိုတာပါပဲ။
-
0:57 - 1:00နှစ်ပေါင်းသုံးဆယ် ပိုရှည်လာမယ့် ပျမ်းမျှသက်တမ်းကို ပြောတာပါ။
-
1:00 - 1:03ဒီတော့ ကျွန်တော်တို့ ဘာကြောင့် အသက်ရှည်သင့်သလဲဆိုတာနဲ့ စတင်ပါမယ်။
-
1:03 - 1:05အခု ကျွန်တော် မေးခွန်းတစ်ခု မေးချင်ပါတယ်။
-
1:05 - 1:08ဒီပရိတ်သတ်ထဲမှာ ငှက်ဖျားကို သဘောကျတဲ့သူရှိရင် လက်ထောင်ပြပါ။
-
1:08 - 1:09လွယ်ပါတယ်နော်။ အိုကေ။
-
1:09 - 1:11ဟုတ်ပြီ..ပရိတ်သတ်ထဲက လက်ထောင်ပြပါ..
-
1:11 - 1:14ငှက်ဖျားဆိုတာ ကောင်းတဲ့ဟာလား ဆိုးတဲ့ဟာလားဆိုတာ မသေချာတဲ့သူ လက်ထောင်ပြပါ။
-
1:14 - 1:16ဟုတ်ပြီ..ဒါဆို ဒီက ပရိတ်သတ်အားလုံးက ငှက်ဖျားဟာဆိုးတယ်ဆိုတာ သေချာသိတာပေါ့နော်။
-
1:16 - 1:18ဒါဟာ သတင်းကောင်းပါ။ ဘာဖြစ်လို့လဲဆိုတော့ အဲဒီအဖြေပဲ ဖြစ်မယ်လို့ ကျွန်တော်က ထင်ထားလို့ပါ။
-
1:18 - 1:20ဒီမှာ..ကျွန်တော် ခင်ဗျားတို့ကို တင်ပြချင်တာက
-
1:20 - 1:23ငှက်ဖျားကို ဆိုးတယ်လို့ ကျွန်တော်တို့ ထင်နေကြရတဲ့ အဓိကအကြောင်းရင်းက
-
1:23 - 1:27အိုမင်းခြင်းနဲ့ ငှက်ဖျားရဲ့ဝိသေသတစ်ခု ဆက်စပ်နေလို့ပါပဲ။
-
1:27 - 1:30အဲဒီ ၀ိသေသက ဒီလိုပါ..
-
1:30 - 1:35သူတို့နှစ်ခုရဲ့ တစ်ခုတည်းသော ကွဲပြားမှုက အိုမင်းခြင်းက ငှက်ဖျားထက် လူတွေအများကြီးကို ပိုပြီးသတ်ပစ်လို့ပါ။
-
1:35 - 1:37ကဲ.. ကျွန်တော့အနေနဲ့ ပရိတ်သတ်တွေကို .. (အထူးသဖြင့် ဗြိတိန်မှာပေ့ါဗျာ)..
-
1:37 - 1:39မြေခွေးကိုအမဲလိုက်တာနဲ့ နိိှုင်းယှဉ်ပြီး ပြောပြချင်ပါတယ်။
-
1:39 - 1:42မြေခွေးအမဲလိုက်တာကို ဥပဒေအရ တားမြစ်ပေးဖို့ နှစ်ပေါင်းများစွာကြိုးစားခဲ့ရပြီး..
-
1:42 - 1:45လွန်ခဲ့တဲ့ လအနည်းငယ်အတွင်းကမှ အစိုးရက သဘောတူခဲ့တာပါ။
-
1:45 - 1:47အခု ကျွန်တော်ဟာ စာနာတတ်တဲ့ ပရိတ်သတ်နဲ့ ရှိနေတယ်ဆိုတာ သိပါတယ်။
-
1:47 - 1:50ဒါပေမယ့်..ကျွန်တော်တို့သိကြတဲ့အတိုင်းပဲ.. လူတော်တော်များများက ဒီအတွေးအခေါ်ကို သိပ်သဘောမတူကြသေးပါဘူး။
-
1:50 - 1:53တကယ်တော့ ကျွန်တော့အတွက် ဒီဟာက အတော်ကောင်းတဲ့ နှိုင်းယှဉ်စရာအချက်ပါပဲ။
-
1:53 - 1:55လူအများကပြောလိမ့်မယ့်..အင်း..သိတယ်မဟုတ်လား...
-
1:55 - 2:00မြို့ကလူတွေက ငါတို့လိုတောသားတွေကို ကိုယ့်အချိန်တွေ ဘယ်လိုသုံးရမယ်ဆိုတာ လာပြောစရာမလိုပါဘူး။
-
2:00 - 2:02ဒါက တောနေလူ့ဘဝရဲ့ အစဉ်အလာ တစ်ခုဖြစ်နေတဲ့အတွက် ..
-
2:02 - 2:04ကျွန်တော်တို့ကို ဆက်လုပ်ခွင့်ပေးသင့်ပါတယ်။
-
2:04 - 2:07ဂေဟစနစ် အရလည်း သင့်တော်တယ်။ မြေခွေးကောင်ရေ ဖောင်းပွလာမှာကိုလည်း တားပေးတယ်လေ။
-
2:07 - 2:09ဒါပေမယ့် နောက်ဆုံးတော့လည်း အစိုးရက နိုင်သွားတာပါပဲ..
-
2:09 - 2:10ဘာလို့လဲဆိုတော့ ဗြိတိန်ပြည်သူအများစုနဲ့..
-
2:10 - 2:12ပါလီမန်အဖွဲ့ဝင်အများစုက...
-
2:12 - 2:14နောက်ဆုံး ကောက်ချက်ဆွဲလိုက်တာက..ဒါဟာ..
-
2:14 - 2:16ယဉ်ကျေးတဲ့လူ့အဖွဲ့အစည်းမှာ မဖြစ်သင့်ဘူးတဲ့။
-
2:16 - 2:17ကျွန်တော်ထင်တာက လူတွေ အိုမင်းခြင်းမှာ..
-
2:17 - 2:19ဒီဝိသေသတွေ ပါ၀င်နေပါတယ်။
-
2:20 - 2:22ဒါရဲ့ ဘယ်အပိုင်းကို လူတွေနားမလည်တာလဲ။
-
2:22 - 2:24ဒါဟာ ဘဝအတွက်တင် မဟုတ်ပါဘူး။
-
2:24 - 2:25(ရယ်သံများ)
-
2:25 - 2:28ဒါဟာ ကျန်းမာတဲ့ ဘဝအတွက်ဖြစ်ပါတယ်။
-
2:28 - 2:31အားအင်ချိနဲ့လာပြီး မသက်မသာ နဲ့ သူများအပေါ်မှီခိုနေရတာက ပျော်စရာမဟုတ်ဘူးလေ..
-
2:31 - 2:33သေခြင်းဟာ ပျော်စရာ ဖြစ်ဖြစ် မဖြစ်ဖြစ်ပေ့ါ။
-
2:33 - 2:35ဒီတော့ ဒါ တကယ်ပဲ ကျွန်တော် ဖော်ပြလိုတဲ့ပုံစံပါ။
-
2:35 - 2:37ဒါဟာ တစ်ကမ္ဘာလုံးက ဒီအချက်နဲ့ပတ်သက်ပြီး နဝေတိန်တောင်ဖြစ်နေသေးတဲ့အချက်ပါ။
-
2:37 - 2:39ဒါတွေဟာ မယုံနိုင်စရာ ဆင်ခြေတွေပါပဲ....
-
2:39 - 2:41အိုမင်းခြင်းနဲ့ပတ်သက်ပြီး လူတွေပေးတဲ့ ဆင်ခြေတွေလေ။
-
2:41 - 2:43တကယ်တော့ ကျွန်တော်က
-
2:43 - 2:45ဒီအကြောင်းပြချက်တွေဟာ လုံးဝတန်ဖိုးမဲ့တယ်လို့ ပြောနေတာမဟုတ်ပါဘူး။
-
2:45 - 2:47ဒီနေရာမှာ ကောင်းတဲ့အချက်တစ်ချို့ထုတ်ပြစရာရှိပါတယ်။
-
2:47 - 2:50ကျွန်တော်တို့ စဉ်းစားသင့်တဲ့ အရာတွေ၊ ရှေ့အတွက် ပြင်ဆင်ဖို့..
-
2:50 - 2:52ဒါမှ နောက်ပိုင်းမှာ..ဘာမှမဖြစ်အောင်..ဒါမှမဟုတ် ဆိုးဆိုးရွားရွားမဖြစ်အောင် လျှော့ချဖို့..
-
2:52 - 2:55အိုမင်းခြင်းကို ပြန်လည်ပြုပြင်ဖို့အတွက် တကယ့်တကယ် လုပ်ကြတဲ့အခါ ကြုံရမယ့် ခက်ခဲကြမ်းတမ်းမှုတွေကိုပေ့ါ။
-
2:55 - 2:58ဒါပေမယ့် ဒါတွေဟာ တကယ့်ကို ရူးသွပ်မှုပါပဲ..
-
2:58 - 3:00ခင်ဗျားအနေနဲ့ ခင်ဗျားရဲ့ အချိုးချ ချင့်ချိန်နိုင်မှုကို သတိရသွားတဲ့အခါမှာပေ့ါ။
-
3:00 - 3:04ခင်ဗျားတို့သိလား...ဒါတွေဟာ ပြန်လှန်ငြင်းဆိုချက်တွေပါ။ ဒါတွေဟာ..
-
3:04 - 3:06တကယ့်ကို သတိထားရမယ့်အချက်တွေ ဖြစ်လာပါလိမ့်မယ်။
-
3:06 - 3:09ဒါပေမယ့် မေးသင့်တဲ့ မေးခွန်းတစ်ခုက..ဒါတွေဟာ အရမ်းပဲ အန္တရာယ်ရှိသလား...
-
3:09 - 3:11အသက်အိုမင်းခြင်းကို တိုက်ဖျက်ဖို့တစ်ခုခုလုပ်တာရဲ့ ဆိုးကျိုးတွေဟာ.....
-
3:11 - 3:15သူ့ရဲ့ဆန့်ကျင်ဘက်ကိုလုပ်တာထက် အန္တရာယ်ပိုများပါသလား...ဆိုတဲ့ မေးခွန်းပါ။
-
3:15 - 3:17ဘယ်လိုပြောရမလဲဆိုတော့...အိုမင်းခြင်းကို ဒီအတိုင်းပဲ ထားလိုက်ကြမှာလား
-
3:17 - 3:19အဲဒါတွေဟာ အလွန်ဆိုးတဲ့အချက်လား...
-
3:19 - 3:25တစ်နေ့ကို လူတစ်သိန်းလောက်မသေသင့်ပဲ စောစောသေနေတာကို ဒီအတိုင်းပဲ ပစ်ထားရမှာလား။
-
3:25 - 3:27ခင်ဗျားမှာသာ ဒီလောက်ပြင်းပြင်းထန်ထန် စောဒကတက်စရာမရှိဘူးဆိုရင်..
-
3:27 - 3:30ကျွန်တော့အချိန်တွေကို လာမဖြုန်းပါနဲ့လို့ ကျွန်တော်ပြောတာပါ။
-
3:30 - 3:31(ရယ်သံများ)
-
3:31 - 3:32အခု ငြင်းဆိုချက်တစ်ခုရှိပါတယ်။
-
3:32 - 3:34တစ်ချို့လူတွေက တကယ့်ကို ပြင်းပြင်းထန်ထန် ဒီလို ထင်ကြပါတယ်။
-
3:34 - 3:36လူတွေက လူဦးရေအရမ်းများလာမှာကို စိတ်ပူကြပါတယ်..လို့ပြောကြပါတယ်။
-
3:36 - 3:38အင်း..တကယ်လို့ ကျွန်တော်တို့က အိုမင်းခြင်းကို ပြန်ပြင်နိုင်မယ်ဆိုရင် ဘယ်သူမှ မသေတော့ဘူးပေ့ါ..
-
3:38 - 3:41ဒါမှမဟုတ် အနည်းဆုံးတော့ သေဆုံးနှုန်းတော့ အများကြီးနည်းသွားမယ်ပေါ့...
-
3:41 - 3:43သူတော်စင် St. Giles ကို ပြီးစလွယ်လေး ၀တ်ပြုရှိခိုးလိုက်တာနဲ့တင် မသေတော့ဘူးပေါ့...
-
3:43 - 3:45ဒါကြောင့် ကျွန်တော်တို့မှာ ကလေးတွေလည်း အများကြီးရမလာနိုင်တော့ဘူး။
-
3:45 - 3:47ကလေးတွေဟာ လူအများစုအတွက် တကယ့်ကို အရေးကြီးပါတယ်။
-
3:47 - 3:49ဒါဟာတကယ်မှန်ပါတယ်။
-
3:49 - 3:52နောက်ပြီး ခင်ဗျားတို့သိလား..လူတော်တော်များများက ဒီမေးခွန်းကို ပေါ့ပေ့ါပျက်ပျက် သဘောထားပြီး
-
3:52 - 3:53ဒီလိုအဖြေမျိုး ပေးတတ်ကြတယ်။
-
3:53 - 3:56ကျွန်တော်ကတော့ အဲဒီလိုအဖြေတွေကို သဘောမတူပါဘူး။ ဒါတွေဟာ အခြေခံအားဖြင့် အလုပ်မဖြစ်ဘူးလို့ပဲ ကျွန်တော်ယူဆပါတယ်။
-
3:56 - 3:59ဒါ့အတွက်နဲ့ ကျွန်တော်တို့ ဒွိဟဖြစ်စရာ ကြံုရပါလိမ့်မယ်။
-
3:59 - 4:03ကျွန်တော်တို့ဆုံးဖြတ်ရမှာက... မွေးဖွားနှုန်းနည်းတာကို ရွေးမလား..
-
4:03 - 4:05သေဆုံးနှုန်းမြင့်မားတာကို ရွေးမှာလား။
-
4:05 - 4:08မြင့်မားတဲ့ သေဆုံးနှုန်းဆိုတာက ဒီလိုကုထုံးတွေကို လက်မခံရင် ဖြစ်လာမှာပဲ...
-
4:08 - 4:12ကလေးတွေအများကြီးဆက်ပြီးမွေးတာကို ရွေးချယ်ရင်းနဲ့ပေ့ါ။
-
4:12 - 4:14ကျွန်တော်ကတော့ ဒါ အဆင်ပြေပါတယ်လို့ ပြောပါမယ်။
-
4:14 - 4:17လူသားတွေရဲ့အနာဂါတ်က ဒီရွေးချယ်မှုကို လုပ်နိုင်ပါတယ်။
-
4:17 - 4:21အဆင်မပြေတာက ဘာလဲဆိုတော့ ကျွန်တော်တို့က ဒီရွေးချယ်မှုကို အနာဂါတ်ရဲ့ ကိုယ်စားလုပ်ပေးရတာပဲ။
-
4:21 - 4:23ကျွန်တော်တို့တွေသာ ချီတုံချတုံဖြစ်နေပြီး..
-
4:23 - 4:26အိုမင်းမှုအတွက် ကုထုံးတွေကိုသာ မတီထွင်ခဲ့ရင်...
-
4:26 - 4:30ဒါဆို ကျွန်တော်တို့ဟာ ဒီလူတွေအားလုံးကို ပစ်ထားလိုက်ရာ ကျနေပြီ...
-
4:30 - 4:32အဲဒီလူတွေဟာ ကုထုံးတွေကြောင့် အတော်လေး အရွယ်တင်ကျန်းမာလာကြရမှာ...
-
4:32 - 4:34ဒါပေမယ့် အဲဒီအကျိုးတွေ သူတို့ရလာတော့မှာ မဟုတ်ပါဘူး။
-
4:34 - 4:36ဘာဖြစ်လို့လဲဆိုတော့ ဒီကုထုံးတွေကို ကျွန်တော်တို့ တတ်နိုင်သလောက် မြန်မြန်မထုတ်လုပ်ကြလို့ပေ့ါ။
-
4:36 - 4:38ကျွန်တော်တို့တွေက ဒီလူတွေကို အဆုံးမသိတဲ့သက်တမ်းအထိမနေရအောင် ငြင်းပယ်ထားသလိုဖြစ်နေလိမ့်မယ်...
-
4:38 - 4:40နောက်ပြီး ဒါ မလုပ်သင့်ဘူးလို့ ကျွန်တော် ထင်တယ်။
-
4:40 - 4:43ဒါကတော့ လူဦးရေအလွန်များပြားလာခြင်းအတွက် ကျွန်တော့်ရဲ့ အဖြေပါ။
-
4:43 - 4:45မှန်ပါတယ်။ နောက်တစ်ခုကတော့....
-
4:45 - 4:47ဘာဖြစ်လို့ ကျွန်တော်တို့ ဒီကိစ္စကို ပိုအားထည့်ပြီးလုပ်သင့်သလဲဆိုတော့...
-
4:47 - 4:49အခြေခံအကျဆုံးအဖြေက...
-
4:49 - 4:52အိုမင်းတာကို လက်ခံထားတဲ့အစွဲက ထင်သလောက်တော့ မထုံလှပါဘူး။
-
4:52 - 4:56အဲဒါဟာ တကယ်တော့ ရှောင်လို့မရတဲ့ အိုမင်းခြင်းကို ကိုယ့်ကိုယ်ကိုလက်ခံနိုင်စေတဲ့ နည်းကောင်းတစ်ခုပဲလေ။
-
4:56 - 5:00အိုမင်းခြင်းဟာ ကြောက်စရာပဲ..ဒါပေမယ့် ဒါဟာရှောင်လွှဲလို့မရဘူး...ဒီလိုပဲ ခင်ဗျားတို့ သိထားတယ်လေ။
-
5:00 - 5:02ခင်ဗျားတို့ ဒီအတွေးတွေကို စိတ်ထဲက ထုတ်ပစ်ဖို့ နည်းတော့ ရှာထားသင့်တယ်။
-
5:02 - 5:06နောက်ပြီး အဲဒီအတွက် ဘာမဆိုလုပ်ချင်တာလုပ်တာက သဘာဝကျပါတယ်။
-
5:06 - 5:09ဥပမာအားဖြင့်ပေ့ါလေ..ဒီလိုမိုက်မဲတဲ့ အကြောင်းပြချက်တွေလုပ်ပြတာ...
-
5:09 - 5:11တကယ်တော့ အိုမင်းခြင်းဟာ ကောင်းတဲ့အရာတစ်ခုပဲ ဆိုတာကိုပေ့ါ။
-
5:11 - 5:15ဒါပေမယ့်ပေါ့လေ...ကျွန်တော်တို့မှာ အဲဒီအကြောင်းအချက်နှစ်မျိုးစလုံးရှိနေမှ အဆင်ပြေမှာ..
-
5:15 - 5:18နောက်ပြီး မဖြစ်နိုင်ဘူး၊ မရှောင်လွှဲနိုင်ဘူးဆိုတဲ့အချက်က နည်းနည်းမသေချာဖြစ်လာတဲ့အခါ...
-
5:18 - 5:20နောက်ပြီး ကျွန်တော်တို့ကလည်း ဒီအိုမင်းခြင်းအတွက် တစ်ခုခုလုပ်တဲ့အခါ...
-
5:20 - 5:22ဒါဟာ ပြသနာရဲ့ အစိတ်အပိုင်းတစ်ခုဖြစ်လာပါတယ်။
-
5:22 - 5:26ဒီ အိုမင်းခြင်းအတွက် လက်ခံထားတဲ့အစွဲက ဒါနဲ့ပတ်သက်ပြီး ကျွန်တော်တို့ ချီတုံချတုံဖြစ်နေတာကို ရပ်စေတာပါပဲ။
-
5:26 - 5:30ဒါကြောင့် ကျွန်တော်တို့ ဒီအကြောင်းကို အများကြီးပြောဖို့ တကယ့်ကို လိုလာတာပါ။
-
5:30 - 5:32ကျွန်တော်ဒါကို တော်တော်လေးကို ပြောပါမယ်။
-
5:32 - 5:35လူတွေရဲ့ အာရုံစိုက်မှုကို ပိုရလာအောင်နဲ့ လူတွေကိုပိုပြီး သေချာသိလာအောင်..
-
5:35 - 5:37သူတို့တွေဟာ ဒါနဲ့ပတ်သက်ရင် ယောင်ယောင်ဝါးဝါးအဆင့်မှာပဲရှိနေပါတယ်။
-
5:37 - 5:39ဒါနဲ့ပတ်သက်ပြီး ကျွန်တော်ပြောချင်တာက ဒီလောက်ပါပဲ။
-
5:39 - 5:42ဖြစ်နိုင်ခြေအကြောင်း အခု ပြောပြပါမယ်။
-
5:42 - 5:46နောက်ပြီးတော့ အိုမင်းခြင်းဟာ ရှောင်လွှဲလို့မရဘူးလို့ ကျွန်တော်တို့ ထင်ကြရခြင်းရဲ့ အခြေခံအကြောင်းရင်းတွေ...
-
5:46 - 5:49အဲဒီအချက်တွေကို အခ ကျွန်တော်ပြောပြမယ့် အိုမင်းခြင်းရဲ့ အဓိပ္ပါယ်ဖွင့်ဆိုချက်က ရှင်းပြနိုင်ပါလိမ့်မယ်။
-
5:49 - 5:50တကယ့်ကို ရိုးစင်းတဲ့ အဓိပ္ပါယ်ဖွင့်ဆိုချက်ပါပဲ...
-
5:50 - 5:53အိုမင်းခြင်းဟာ အသက်ရှင်နေခြင်းရဲ့ ဘေးထွက်ဆိုးကျိုးပဲပေ့ါ။
-
5:53 - 5:55ဇီဝဖြစ်ပျက်ခြင်းအားဖြင့်လို့ ဆိုရပါမယ်။
-
5:55 - 5:58ယုတ္တဗေဒအရတော့ ဒါဟာ လုံးလုံးမှန်ကန်တယ်လို့ ပြောနိုင်တဲ့ အဆိုမဟုတ်ပေမယ့်..
-
5:58 - 5:59ဒါဟာ ယုတ္တိရှိတဲ့ ဖော်ပြချက်ဖြစ်ပါတယ်။
-
5:59 - 6:03အိုမင်းခြင်းဟာ အခြေခံအားဖြင့်ပြောရမယ်ဆိုရင် မော်တော်ကားလိုမျိုး အသက်ဝိဉာဏ်မရှိတဲ့ အရာတစ်ခုမှာ ဖြစ်တဲ့ဖြစ်စဉ်မျိုးပါပဲ...
-
6:03 - 6:05ကျွန်တော်တို့ကိုလည်း အဲဒါမျိုးဖြစ်ပါတယ်။
-
6:05 - 6:08ကျွန်တော်တို့မှာ ကိုယ့်ဖာသာကိုယ် ပြန်ပြင်နိုင်တဲ့ ထက်မြက်တဲ့ စနစ်တွေရှိနေတာတောင်မှ အဲလိုဖြစ်တာပါပဲ...
-
6:08 - 6:10ဘာဖြစ်လို့လဲဆိုတော့ အဲဒီပြန်ပြင်တဲ့စနစ်တွေက ခြောက်ပစ်ကင်းသဲလဲစင် ကောင်းနေတာမဟုတ်ဘူးလေ။
-
6:10 - 6:12ဒါကြောင့်... ဇီဝပြောင်းလဲမှှုစနစ်ဆိုတာ...
-
6:12 - 6:15အခြေခံအားဖြင့်ပြောမယ်ဆိုရင် ကျွန်တော်တို့ကို တစ်နေ့ပြီးတစ်နေ့ ဆက်ပြီး အသက်ရှင်နေအောင် လုပ်ပေးနေတဲ့ အရာအားလုံးပဲ ဖြစ်ပါတယ်။
-
6:15 - 6:17ဘေးထွက်ဆိုးကျိုးတွေလည်း ရှိတယ်။
-
6:17 - 6:19အဲဒီဘေးထွက်ဆိုးကျိုးတွေက စုလာပြီးတော့ တစ်ဖြည်းဖြည်းနဲ့ ရောဂါဖြစ်လာစေတယ်။
-
6:19 - 6:21ဒါဟာ အဓိပ္ပါယ်ဖွင့်ဆိုချက် ကောင်းတစ်ခုပါ။ ကဲ...ဒီလိုပြောကြည့်ရအောင်...
-
6:21 - 6:23ဒီလို်အတွဲလိုက် ဖြစ်ပျက်နေတာတွေဟာ ကျွန်တော်တို့မှာရှိပါတယ်လို့ ပြောနိုင်ပါတယ်။
-
6:23 - 6:25အဲဒီမှာ ဂိမ်းနှစ်မျိုးရှိပါတယ်။
-
6:25 - 6:28အိုမင်းခြင်းကို အချိန်နောက်ပြန်ဆွဲတာနဲ့ ပတ်သက်ပြီးတော့ လူအများစုပြောကြတာပေ့ါလေ...
-
6:28 - 6:32ဒါကို ကျွန်တော်က ဘယ်လိုခေါ်သလဲဆိုတော့ Gerontology အိုမင်းခြင်းဆိုင်ရာလေ့လာတဲ့ဘာသာရပ် နဲ့ Geriatrics အိုမင်းခြင်းနဲ့ ဆိုင်တဲ့ ဆေးဝါးကုသမှုဆိုင်ရာ ပညာရပ် နည်းလမ်းတွေဖြစ်ပါတယ်။
-
6:32 - 6:34Geriatrician အိုမင်းခြင်းနဲ့ဆိုင်တဲ့ ရောဂါအထူးကု တွေက....
-
6:34 - 6:36ရောဂါဗေဒဆိုင်ရာတွေ ထင်ရှားလာတဲ့အခါမှ စတင်လှုပရှားပါလိမ့်မယ်။
-
6:36 - 6:39နောက်ပြီး အဲဒီ Geriatrician တွေက လူနာတွေရဲ့ အချိန်တွေကို ကြိုးစားပြီး နောက်ပြန်ဆွဲထားဖို့ လုပ်ကြပါလိမ့်မယ်....
-
6:39 - 6:42နောက်ပြီးတော့ ဘေးထွက်ဆိုးကျိုးတွေ တဖြည်းဖြည်းစုလာမှာကို ရပ်အောင်လုပ်မယ်။
-
6:42 - 6:44ရောဂါတွေ မြန်မြန်ဖြစ်မလာအောင်ပေါ့။
-
6:44 - 6:47တကယ်တော့ ဒါဟာ ရေတိုနည်းပါပဲ၊ ရှုံးမယ့်စစ်ပွဲပါပဲ...
-
6:47 - 6:50ဘာဖြစ်လို့လဲဆိုတော့ ရောဂါကိုဖြစ်စေတဲ့အရာတွေ..
-
6:50 - 6:52အဲဒါတွေဟာ အချိန်နဲ့အမျှ ပိုပိုများလာတယ်။
-
6:52 - 6:56Gerontology ချဉ်းကပ်နည်းဟာ အပြင်ပန်းအားဖြင့်တော့ ပိုပြီး စိတ်ချရသလိရှိပါတယ်။
-
6:56 - 6:59ဘာဖြစ်လို့လဲဆိုတော့ ကာကွယ်ခြင်းဟာ ကုသခြင်းထက် ပိုကောင်းလို့ပါပဲ။
-
6:59 - 7:02ဒါပေမယ့် ကံမကောင်းတာတစ်ခုကတော့ ကျွန်တော်တို့တွေဟာ ဇီဝဖြစ်ပျက်မှုအကြောင်းကို သေသေချာချာ နားမလည်ကြတာပဲ...
-
7:02 - 7:05တကယ်တော့ ကျွန်တော်တို့ဟာ သတ္တဝါတွေ၊ ပိုးမွှားတွေ အကြောင်းကို သနားစရာကောင်းလောက်အောင်ကို နားမလည်ကြပါဘူး။
-
7:05 - 7:07ဆဲလ်တွေအကြောင်းတောင်မှ သိပ်အသိကြီး မဟုတ်ပါဘူး။
-
7:07 - 7:09ကျွန်တော်တို့တွေဟာ လေ့လာတွေ့ရှိခဲ့တယ်...ဥပမာ...
-
7:09 - 7:12RNA interference ရိုက်ဘိုနယူးကလီးရစ် အက်စစ် အကြောင်းကို လွန်ခဲ့တဲ့ နှစ်အနည်းငယ်ကမှ တွေ့ရှိခဲ့တာပါ။
-
7:12 - 7:14ဒါတောင်မှ ဒါဟာ ဆဲလ်တစ်ခု အလုပ်လုပ်တာရဲ့ တကယ့်အခြေခံအချက်လေးပဲ ရှိသေးတယ်။
-
7:14 - 7:17အခြေခံအားဖြင့် ပြောမယ်ဆိုရင် gerontology ဟာ အဆုံးမှာတော့ ကောင်းတဲ့ ချဉ်းကပ်နည်းပဲ...
-
7:17 - 7:19ဒါပေမယ့် ဒီနည်းဟာ
-
7:19 - 7:21ဒါကို ဘယ်လိုနည်းနဲ့ ကိုင်တွယ်မလဲဆိုတာ ပြောကြတဲ့အခါ သုံးလို့ရတဲ့ နည်းတော့ မဟုတ်ပါဘူး။
-
7:21 - 7:24ဒါဆို...ဒီကိစ္စကို ဘယ်လိုလုပ်ကြမလဲ။
-
7:24 - 7:26ဆိုလိုတာက..ဒါဟာ လောဂျစ်ကောင်းတစ်ခုပါ နောက်ပြီးတော့ အတော်လေးလည်း ယုံကြည်ရသလို ထင်ရပါတယ်။
-
7:26 - 7:28တော်တော်လေး ခိုင်မာလုံခြံုနေတယ်၊ ဟုတ်တယ်မဟုတ်လား။
-
7:28 - 7:30ဒါပေမယ့် အဲဒီလို မဟုတ်ပါဘူး။
-
7:30 - 7:33ဘာဖြစ်လို့ မဟုတ်တာလဲလို့ မပြောခင်မှာ ကျွန်တော် နည်းနည်းထပ်ရှင်းပါမယ်။
-
7:33 - 7:35ကျွန်တော်ပြောခဲ့တဲ့ နံပါတ်-၂ အဆင့်ပါ။
-
7:35 - 7:39ဆိုကြပါစို့...ခုနကပြောခဲ့သလို ကျွန်တော်တို့ တကယ်ရခဲ့မယ်....
-
7:39 - 7:41ဒီငြင်းဆိုချက်အတွက် ကျွန်တော်တို့ ဒီနေ့လုပ်ဖြစ်ကြမယ်ဆိုရင်.....
-
7:41 - 7:45ကျန်းကျန်းမာမာနဲ့ နောက်အနှစ် ၃၀ အသက် ပိုရှည်လာနိုင်အောင်ပေ့ါ။
-
7:45 - 7:48လူလတ်ပိုင်းအရွယ်တွေ..အသက် ၅၅ လောက်ရှိနေတဲ့ လူတွေအတွက်ပေ့ါ...
-
7:48 - 7:51ဒါကို ကျွန်တော်က လူသားတွေ အားကောင်းမှုနဲ့နုပျိုလာမှု လို့ခေါ်မယ်၊ အိုကေ။
-
7:51 - 7:52တကယ်က ဒါဟာ ဘာကို ဆိုလိုချင်တာလဲ...
-
7:52 - 7:55ဒီနေ့ အသက်အရွယ်အမျိုးမျိုးရှိနေတဲ့ လူတွေဟာ.....
-
7:55 - 7:58ဒါမှမဟုတ်...အဲဒီကုထုံးတွေ ရလာတဲ့အချိန်မှာ အသက်အရွယ် အမျိုးမျိုးကို ရောက်နေကြမယ့် လူတွေဟာ...
-
7:59 - 8:00တကယ်တမ်းကျတော့ ဘယ်လောက်ကြာကြာ ပိုနေရမှာလဲ။
-
8:01 - 8:03ဒီမေးခွန်းကို ဖြေဖို့အတွက်က လွယ်လွယ်လေးလို့ ခင်ဗျားတို့ ထင်ချင်ထင်ကြလိမ့်မယ်။
-
8:03 - 8:04ဒါပေမယ့် မလွယ်ပါဘူး။
-
8:04 - 8:07အင်း...သူတို့တွေသာ ဒီကုထုံးရဲ့ အကျိုးကို ခံစားရနိုင်လောက်အောင် ငယ်ရွယ်နေတုန်းပဲဆိုရင်..
-
8:07 - 8:08သူတို့အသက် ၃၀ ပိုရှည်ရှည်နေရလိမ့်မယ်...ကျွန်တော်တို့ ဒီလိုလေးပဲတော့ မပြောနိုင်ပါဘူး။
-
8:08 - 8:10ဒါမှားတဲ့အဖြေပါ။
-
8:10 - 8:12ဘာလို့ အဖြေမှားဖြစ်ရတာလဲဆိုတော့ တဖြည်းဖြည်းတိုးတက်လာနေမှုကြောင့်ပဲ ဖြစ်ပါတယ်။
-
8:12 - 8:14ပညာရပ်ပိုင်းဆိုင်ရာ တိုးတက်မှုနှစ်မျိုး တကယ်ကို ရှိပါတယ်။
-
8:14 - 8:15ဒီအိုမင်းခြင်းနဲ့ပတ်သက်ပြီးတော့ပေါ့။
-
8:15 - 8:18ဒါတွေဟာ အခြေခံကျတာတွေ ဖြစ်ပါတယ်။ အဓိကကျတဲ့ ရှာဖွေတွေ့ရှိမှုလည်း ဖြစ်ပါတယ်။
-
8:18 - 8:22ဒီလို ထိုးဖောက်ရှာဖွေတွေ့ရှိမှုတွေကို ဒီထက်ပိုပြီး အသေးစိတ်လေ့လာမှုတွေ ရှိပါတယ်။
-
8:22 - 8:24အခုဆိုရင် ဒါတွေဟာ တော်တော်လေးကို ပြောင်းလဲလာပါပြီ။
-
8:24 - 8:27အချိန်ကာလကို မှန်းဆနိုင်တာနဲ့ ပတ်သက်ပြီးတောပေ့ါ။
-
8:27 - 8:28အခြေခံကျတဲ့ ထိုးဖောက်ရှာဖွေတွေ့ရှိမှုတွေ...
-
8:28 - 8:30ဒါတွေလက်တွေ့ဖြစ်လာဖို့ ဘယ်လောက်တောင် ကြာဦးမလဲဆိုတာကတော့ မှန်းရတာ အရမ်းခက်ပါတယ်။
-
8:30 - 8:31အဲဒါတွေကို လုပ်နိုင်ဖို့....
-
8:31 - 8:34ဟိုး...ရှေးရှေးတုန်းကဆိုရင် ကျွန်တော်တို့ ဆုံးဖြတ်ခဲ့ဖူးတာက.... ပျံလို့ရရင် ပျော်ဖို့ကောင်းမှာပဲ..လို့လေ။
-
8:34 - 8:37ဒါပေမယ့်် တကယ်တမ်းကျတော့ ၁၉၀၃ ခုနှစ်ကျမှ တကယ်ပျံနိုင်ဖို့အထိ လုပ်ဆောင်နိုင်ခဲ့တာပါ။
-
8:37 - 8:41ဒါပေမယ့် အဲဒီနောက်ပိုင်းကျတော့ အရာအားလုံးဟာ တော်တော်လေး ပုံမှန်ဖြစ်သွားပြန်ရော။
-
8:41 - 8:44ကျွန်တော်ထင်တယ်။ အဲဒီလိုဖြစ်ပျက်ခဲ့တာဟာ ဖြစ်သင့်ဖြစ်ထိုက်တဲ့ ဖြစ်စဉ်ပါပဲ...
-
8:44 - 8:48လေကြောင်းနဲ့ ပျံသန်းနိုင်တဲ့ နည်းပညာ တိုးတက်မှုအတွက်ပေ့ါ။
-
8:48 - 8:52ကျွန်တော်တို့ တကယ် စဉ်းစားနိုင်တာက.. အဲဒီတစ်ခုစီဟာ...
-
8:52 - 8:55သူ့အရင်က တီထွင်ခဲ့တဲ့လူရဲ့ စိတ်ကူးနိုင်စွမ်းထက် ပိုပါတယ်။
-
8:55 - 8:59တိုးတက်ဖြစ်ပေါ်မှုတွေဟာ ထပ်ထပ်စုပေါင်းလာပြီး....
-
8:59 - 9:01ထပ်တိုးလို့မရတော့တဲ့ အထိကို ရောက်လာတယ်။
-
9:01 - 9:04ဒါဟာ ထိုးဖောက်ရှာဖွေတွေ့ရှိမှု တစ်ခုခုတိုင်းမှာ ခင်ဗျားတို့ တွေ့နိုင်တာမျိုးပဲ။
-
9:04 - 9:06နည်းပညာရပ်တိုင်းမှာ ခင်ဗျားတို့ တွေ့နိုင်တယ်။
-
9:06 - 9:09ဒီလိုအချိန်ကာလအတွင်းလောက်မှာပဲ ကွန်ပျူတာကိုလည်း ခင်ဗျားတို့ ကြည့်နိုင်ပါတယ်။
-
9:09 - 9:10နည်းနည်းတော့ နောက်ကျပြီးမှ ဖြစ်တာပေ့ါလေ။
-
9:10 - 9:13ကျန်းမာရေးစောင့်ရှောက်မှုတွေကိုလည်း ကြည့်နိုင်တယ်။ ဆိုလိုတာက.. တစ်ကိုယ်ရည်သန့်ရှင်းရေး၊ ကာကွယ်ဆေးတွေ၊ ပိုးမွှားတိုက်ဖျက်တဲ့ ဆေးတွေ...
-
9:13 - 9:15ဒီကာလအပိုင်းအခြားအတွင်းမှာပဲလေ။
-
9:15 - 9:19ဒါကြောင့်ကျွန်တော်ထင်တာက ဒုတိယအဆင့်မှာ...ဒါကို ကျွန်တော်က ခုနက အဆင့်တစ်ခုလို့ ပြောခဲ့တဲ့ဟာ..
-
9:19 - 9:20အဆင့်တစ်ခုတော့ လုံးဝမဟုတ်ဘူး။
-
9:20 - 9:23အဲဒီဟာက တကယ်တော့ ငယ်ရွယ်နေသေးတဲ့လူတွေကို ....
-
9:23 - 9:25ပထမကုထုံးတွေကနေ အကျိုးရနိုင်ဖို့အတွက် ဆိုရင်...
-
9:25 - 9:27ပထမကုထုံးဆိုတာ..အသက်ကို တော်ရုံအချိန်ကာလလောက် ပိုရှည်စေတဲ့အကျိုးပေ့ါလေ....
-
9:27 - 9:31ကုထုံးတွေရောက်လာတဲ့အချိန်မှာ အဲဒီလူငယ်တွေက လူလတ်ပိုင်းအရွယ်ရောက်နေပြီ ဆိုရင်တောင်မှ...
-
9:31 - 9:33တကယ့်ကို ထူးခြားတဲ့ အပြောင်းအလဲ အချိုးအကွေ့ဖြစ်စေလိမ့်မယ်။
-
9:33 - 9:37သူတို့တွေအများစုဟာ ပိုကောင်းလာတဲ့ ကုသမှုတွေရနိုင်လာတဲ့အထိ အသက်ရှင်နေကြလိမ့်မယ်။
-
9:37 - 9:39အဲဒီကုထုံးတွေကို ရနိုင်တဲ့အတွက် သူတို့တွေဟာ နောက်ထပ် နှစ် ၃၀ (ဒါမှမဟုတ် နှစ် ၅၀ လည်းဖြစ်ချင်ဖြစ်မယ်) ထပ်နေခွင့်ရလိမ့်မယ်။
-
9:39 - 9:42တနည်းအားဖြင့်တော့ သူတို့တွေဟာ ဒီကစားပွဲမှာ ဦးဆောင်ကစားနိုင်ကြလိမ့်မယ်။
-
9:42 - 9:45ကုထုံးတွေဟာ ပိုပြီး မြန်မြန်တိုးတက်လာလိမ့်မယ်။
-
9:45 - 9:49ကုထုံးရဲ့ ကျန်တဲ့ လိုအပ်ချက်လေးတွေကိုကျော်လွှား၊ မြန်မြန်တိုးတက်လာပြီး ကျွန်တော်တို့ကို အမှီလိုက်လာလိမ့်မယ်။
-
9:49 - 9:51ဒါဟာ ကျွန်တော်တို့ တွေ့ကြံုရမယ့်အလွန်အရေးကြီးတဲ့ အချက်ပဲဖြစ်ပါတယ်။
-
9:51 - 9:53ဘာဖြစ်လို့လဲဆိုတော့ လူအများစုက ဒီလိုကြားတဲ့အခါ...
-
9:53 - 9:58ကျွန်တော်က 'လူအများကြီးဟာ နှစ်၁၀၀၀ (ဒါမှမဟုတ်) ဒါ့ထက်ပိုပြီး နေရမယ်' လို့ ဟောကိန်းထုတ်တာကို ကြားရတဲ့အခါ....
-
9:58 - 10:02သူတို့ဘယ်လိုထင်ကြသလဲဆိုတော့..ကျွန်တော်တို့ ဒါအတွက် ကုထုံးကို နောက်ဆယ်စုနှစ်တွေကျမှ တီထွင်ကြမယ်လို့ ထင်ကြတယ်။
-
10:02 - 10:05အိုမင်းခြင်းကို လုံးဝပျောက်သွားစေတဲ့ ကုထုံး....
-
10:05 - 10:08နှစ်တစ်ထောင်နဲ့အထက် အသက်ရှည်စေတဲ့ ကုထုံးတွေပေ့ါ။
-
10:08 - 10:10ကျွန်တော်အဲဒီလို လုံးဝမပြောပါဘူး။
-
10:10 - 10:12ကျွန်တော်ပြောနေတာက ဒီလိုကုထုံးတွေရဲ့ တိုးတက်မှုနှုန်းပါ။
-
10:12 - 10:13အဲဒီတိုးတက်မှုနှုန်းက လုံလုံလောက်လောက်ရှိပါတယ်။
-
10:13 - 10:16သူတို့တွေဟာ ဘယ်တော့မှတော့ ခြောက်ပစ်ကင်းသဲလဲစင်ဖြစ်မှာ မဟုတ်ပါဘူး။ ဒါပေမယ့် ကျွန်တော်တို့တွေက ကိစ္စတွေကို ကိုင်တွယ်နိုင်ပါလိမ့်မယ်...
-
10:16 - 10:19အသက်နှစ်ရာကျော်တွေ မရှိသေးခင်မှာ အသက်နှစ်ရာရှိတဲ့လူတွေ သေဆုံးခြင်းကို ကိုင်တွယ်နိုင်မှာပါ။
-
10:19 - 10:21အသက် သုံး၊ လေးရာ၊ စသည်ဖြင့် အတွက်လည်း အတူတူပါပဲ။
-
10:21 - 10:24ဒါလေးကို နာမည်လေးတစ်ခုပေးဖို့ ကျွန်တော် ဆုံးဖြတ်လိုက်ပါတယ်။
-
10:24 - 10:25အလျင်ကို ကျော်လွှားနိုင်တဲ့ အသက်ရှည်ခြင်း လို့ပေ့ါ။
-
10:26 - 10:28ရယ်သံများ
-
10:28 - 10:31ကဲ..ကြည့်ရတာကတော့ လိုရင်းကို ကျော်သွားပြီ။
-
10:31 - 10:36အဲဒီတော့ ဒီလမ်းကြောင်း၊ အချိုးအကွေ့တွေဟာ လူ့ဘဝတစ်လျှောက်မှာ ပုံမှန်အားဖြင့် တွေ့ကြံုရမယ့်ပုံစံပါပဲ။
-
10:36 - 10:38ကိုယ့်ရဲ့လက်ကျန်ဘဝအချိန်လေးအနေနဲ့....
-
10:38 - 10:40သူတို့ရဲ့ ကျန်းမာရေးအခြေအနေနဲ့ တိုင်းတာပြီး...
-
10:40 - 10:43အဲဒီကုထုံးတွေရောက်လာတဲ့အချိန်ကျရင် ရောက်ရှိနေကြမယ့် သူတို့ရဲ့အသက်...............
-
10:43 - 10:45ခင်ဗျားဟာ အသက် ၁၀၀ ရှိနေပြီဆိုရင် (ဒါမှမဟုတ်) အသက်၈၀ ဆိုရင်တောင်မှ....
-
10:45 - 10:47ပျမ်းမျှအားဖြင့် အသက် ၈၀ ထားပါတော့။
-
10:47 - 10:49ဒီအရွယ်ရောက်နေပြီဆိုရင်တော ကျွန်တော်တို့ရဲ့ ဒီကုထုံးတွေဟာ ခင်ဗျားအတွက် ဘာမှသိပ်လုပ်ပေးနိုင်မယ်မထင်ဘူး။
-
10:49 - 10:51ဘာလို့လဲဆိုတော့ ခင်ဗျားက နောက်ဆုံးအချိန်နားရောက်နေပြီကိုး။
-
10:51 - 10:55တကယ့်အစပိုင်းမှာတော့ စမ်းသပ်ထားတဲ့ကုထုံးတွေက ခင်ဗျားအတွက် အတော်ပါပဲ။
-
10:55 - 10:56အဲဒါတွေကို ခင်ဗျားခံနိုင်ရည်ရှိမှာ မဟုတ်ဘူး။
-
10:56 - 10:58ဒါပေမယ့် ခင်ဗျားဟာ အဲဒီအချိန်မှာ အသက်ငါးဆယ်ပဲရှိသေးတယ် ဆိုရင်တော့... အခွင့်အရေးရှိပါတယ်။
-
10:58 - 11:01တရရိန်ထိုးကျဆင်းနေတာကနေ ခင်ဗျားကို ပြန်ဆွဲတင်ရင် တင်နိုင်လိမ့်မယ်။ သိတယ်မဟုတ်လား။
-
11:01 - 11:02ရယ်သံများ
-
11:02 - 11:05ဒီလိုနဲ့ ဒါကို ကျော်ဖြတ်ပြီး....
-
11:05 - 11:08အဓိပ္ပါယ်ရှိရှိနဲ့ ရုပ်ဇီဝအရ ပိုပြီး ပြန်နုပျိုလာလိမ့်မယ်။
-
11:08 - 11:10ခင်ဗျားရဲ့ နုပျိုမှုဟာ ရုပ်ပိုင်းရော စိတ်ပိုင်းရော...
-
11:10 - 11:12ဒါ့အပြင် အသက်အရွယ်အိုမင်းလို့ ဖြစ်လာတဲ့ အကြောင်းတွေကြောင့် သေဆုံးနိုင်ခြေကိုလည်း လျော့လာစေလိမ့်မယ်။
-
11:12 - 11:14အဲဒီအချိန်မှာ ခင်ဗျားအသက်က ငါးဆယ်ထက်ပိုငယ်နေတယ်ဆိုရင်တော့.....
-
11:14 - 11:16ခင်ဗျားဟာ ဘယ်တော့မှ ....
-
11:16 - 11:19(အသက်ကြီးလာချိန်မှာ အမျိုးမျိုးဖြစ်ပြီး သေဆုံးသွားနိုင်တဲ့) ထိခိုက်လွယ်တဲ့ အခြေအနေကို ရောက်မလာနိုင်တော့ဘူး။
-
11:19 - 11:24ကျွန်တော်က ဒါကြောင့်ဒီလို အဆုံးသတ်ချင်ပါတယ်။ ပထမဦးဆုံးသော အသက် ၁၅၀ နှစ်အထိ နေနိုင်တဲ့သူ...
-
11:24 - 11:26အဲဒီလူဟာ ဒီနေ့အသက်ဘယ်လောက်ရှိပြီလဲ..ကျွန်တော်တို့ မသိဘူး။
-
11:26 - 11:28ဘာဖြစ်လို့လဲဆိုတော့ ဘယ်လောက်ထပ်ကြာဦးမလဲ မသိဘူး။
-
11:28 - 11:30ပထမဦးဆုံးတီထွင်လိုက်တဲ့ ကုထုံးပေါ်လာဖို့။
-
11:30 - 11:32ဒါပေမယ့် အသက်ဘယ်လောက်ပဲ ရှိနေနေပါ။
-
11:32 - 11:36ကျွန်တော်တင်ပြလိုတာက အသက် ၁၀၀၀ အထိနေနိုင်တဲ့ ပထမဦးဆုံးလူဟာ...
-
11:36 - 11:39ကမ္ဘာပေါ်မှာဖြစ်နေတဲ့ ကပ်ဘေး အမျိုးမျိုးပေါ်တော့ မူတည်တာပေ့ါလေ...
-
11:39 - 11:43အဲဒီအသက် တစ်ထောင်နေနိုင်တဲ့လူဟာ ပထမဦးဆုံးအသက် ၁၅၀ နေနိုင်မယ့်လူထက် ဆယ်နှစ်လောက်ပဲ ငယ်ချင်ငယ်ပါလိမ့်မယ်။
-
11:43 - 11:45ဒါဟာ တကယ့်အတွေးတစ်ခုပါ။
-
11:45 - 11:48ကဲ...ကောင်းပြီ။ ဒီတော့ နောက်ဆုံးတော့ ကျွန်တော့်ဟောပြောပွဲရဲ့ နောက်ပိုင်းအချိန်ကို ဘယ်လိုသုံးမလဲဆိုတော့....
-
11:48 - 11:51ကျွန်တော့်ရဲ့ နောက်ဆုံး ခုနစ်မိနစ်ခွဲကို ... အဆင့်-၁ အတွက် သုံးပါမယ်။
-
11:51 - 11:56ကျွန်တော်တို့ တော်သင့်ရုံ အသက်ပိုရှည်အောင် ဘယ်လိုလုပ်ကြမလဲ။
-
11:56 - 11:59ဘဝရဲ့ အလျင်ကနေ လွတ်မြောက်နိုင်မယ့်ဟာပေါ့။
-
11:59 - 12:03ဒီလိုလုပ်ဖို့အတွက်ဆိုရင် ကျွန်တော်က ကြွက်တွေအကြောင်း နည်းနည်းတော့ ပြောဖို့လိုလိမ့်မယ်။
-
12:03 - 12:06လူသားတွေ ပြန်နုပျိုလာအောင် အားသွန်ခွန်စိုက် ကြိုးစားရာမှာ ကျွန်တော့်မှာ မှတ်တိုင်တစ်ခုရှိပါတယ်။
-
12:06 - 12:09ဒါကို ကျွန်တော်က 'အားကောင်းတဲ့ကြွက်နုပျိုခြင်း' လို့ခေါ်ချင်ပါတယ်။ သိပ်တော့ စိတ်ကူးယဉ်မဆန်ဘူးပေ့ါ။
-
12:09 - 12:11အဲဒါဟာ ဘာလဲဆိုတော့..အခုပြောမယ့်ဟာပါ။
-
12:11 - 12:13ကျွန်တော်တို့တွေဟာ အသက်ရှည်ကြွက်မျိုးတွေကို ယူပါမယ်။
-
12:13 - 12:16ဒါကဘာလဲဆိုတော့ ပျမ်းမျှအားဖြင့် အသက်သုံးနှစ်အထိနေတဲ့ ကြွက်တွေပေ့ါ။
-
12:16 - 12:19သူတို့အသက်နှစ်နှစ်အထိ သူတို့ကို ကျွန်တော်တို့ ဘာမှမလုပ်သေးဘူး။
-
12:19 - 12:21နှစ်နှစ်ပြီးတော့မှ သူတို့ကို လုပ်စရာတွေအားလုံးစလုပ်ပါမယ်။
-
12:21 - 12:23ဒီကုထုံးတွေကို သုံးပြီး သူတို့ကို အသက်ဆက်ရှင်နေအောင်...
-
12:23 - 12:25ပျမ်းမျှအားဖြင့် သူတို့ အသက်ငါးနှစ်မွေးနေ့ ရောက်တဲ့အထိလုပ်ပေးမယ်။
-
12:25 - 12:27တနည်းပြောရမယ်ဆိုရင် ကျွန်တော်တို့ ၂-နှစ် ပေါင်းထည့်လိုက်မယ်။
-
12:27 - 12:29သူတို့ရဲ့ လက်ကျန်သက်တမ်းကို ကျွန်တော်တို့တွေ ပြန်တည်ဆောက်ကြမယ်။
-
12:29 - 12:31ကုထုံးနဲ့ စကုတဲ့အချိန်က စလိုက်မယ်။
-
12:31 - 12:34ဒီမှာ မေးစရာရှိလာတာက အဲဒီအချိန်ကာလ က ဘာကို ဆိုလိုသလဲ။
-
12:34 - 12:37ကျွန်တော်ခုနပြောခဲ့တဲ့ မှတ်တိုင်ကို ရောက်တဲ့အထိလား။
-
12:37 - 12:39ခုနကျွန်တော်ရှင်းပြခဲ့သလို...
-
12:39 - 12:43လူသားတွေကောင်းစွာ ပြန်လည်နုပျိုလာခြင်း ဒါမှမဟုတ် အလျင်ကို ရှောင်လွှဲပြီး အသက်ပိုရှည်လာခြင်း ဘယ်လိုပဲဖြစ်ဖြစ် ခေါ်နိုင်ပါတယ်။
-
12:43 - 12:46ဒုတိယအဆင့်က...ဒါဟာ လူထုရဲ့ အမြင်အပေါ်ဘယ်လို အဓိပ္ပါယ်သက်ရောက်စေသလဲ။
-
12:46 - 12:48အဲဒီအရာတွေရလာဖို့ အချိန်ဘယ်လောက်ယူရဦးမလဲဆိုတဲ့ လူတွေရဲ့ အမြင်။
-
12:48 - 12:50ကြွက်တွေနဲ့ စမ်းသပ်အဆင်ပြေပြီးတဲ့အချိန်က စပြီးပေ့ါ။
-
12:50 - 12:52တတိယအနေနဲ့...မေးခွန်းက..အဲဒါကဘာလုပ်ပေးမလဲ..
-
12:52 - 12:53လူဘယ်လောက်များများက ဒါကို တကယ်လိုချင်ကြသလဲ။
-
12:54 - 12:56ကျွန်တော့်အတွက်ကတော့ ပထမမေးခွန်းက...
-
12:56 - 12:57ဇီဝဆိုင်ရာ မေးခွန်းသက်သက်ပဲဖြစ်တယ်။
-
12:57 - 12:59နောက်ပြီး ဖြေဖို့တော်တော်ကြီးကို ခက်ပါတယ်။
-
12:59 - 13:01အဲဒီမှာ ထင်မြင်ယူဆမှုရှိ ရမယ်။
-
13:01 - 13:04ကျွန်တော့ရဲ့ လုပ်ဖော်ကိုင်ဖက်တွေကတော့ ကျွန်တော်တို့ ဒီထင်မြင်ယူဆတာကို မလုပ်သင့်ဘူးလို့ ပြောလိမ့်မယ်။
-
13:04 - 13:08ကျွန်တော်တို့ဒီထက်ပိုသိလာတဲ့အချိန်အထိ ကျွန်တော်တို့ ထုတ်မပြောသင့်ဘူးတဲ့။
-
13:08 - 13:09ဒါက အဓိပ္ပါယ်မရှိပါဘူးလို့ ကျွန်တော်ပြောလိုက်တယ်။
-
13:09 - 13:12ကျွန်တော်တို့ မပြောပဲ တိတ်တိတ်နေရင် တာဝန်မယူရာကျသွားလိမ့်မယ်လို့ ပြောလိုက်တယ်။
-
13:12 - 13:15အချိန်နဲ့အမျှ ကျွန်တော်တို့ရဲ့အကောင်းဆုံး ထင်မြင်ချက်တွေကို ချပြသင့်တယ်လေ။
-
13:15 - 13:18ဒါမှ လူတွေကလည်း သူတို့ ရဲ့ အပိုင်းကို သိလာပြီး
-
13:18 - 13:20သူတို့ဘယ်ဟာကို ဦးစားပေးရမယ်ဆိုတာ ဆန်းစစ်နိုင်မှာပေ့ါ။
-
13:20 - 13:23ဒါကြောင့် ကျွန်တော်ပြောချင်တာက ကျွန်တော်တို့မှာ ရာခိုင်နှုန်း ၅၀း၅၀ အခွင့်အရေးရှိပါတယ်။
-
13:23 - 13:25ဒီ မှတ်တိုင်ကို ရောက်ဖို့ပေ့ါ။
-
13:25 - 13:28လူသားများ အားကောင်းစွာနဲ့ ပြန်နုပျိုလာမှုကို ၁၅ နှစ်အကြာမှာ...
-
13:28 - 13:30ကြွက်တွေနဲ့ စမ်းသပ်အောင်မြင်ပြီး...
-
13:30 - 13:33အဲဒါကနေ ၁၅ နှစ်အကြာမှာ...
-
13:33 - 13:36လူထုရဲ့ ထင်မြင်ယူဆချက်ကတော့ ဒီထက်ပိုကောင်းချင်ကောင်းနိုင်ပါတယ်။
-
13:36 - 13:38သိပ္ပံနည်းပညာ ဘယ်လောက်ခက်ခဲတယ်ဆိုတာကို လူတွေက အများအားဖြင့် လျှော့တွက်ကြတယ်။
-
13:38 - 13:40အဲဒီတော့ သူတို့က နောက်ငါးနှစ်လောက်ဆို ရမှာပါလို့ ထင်ချင်ထင်ကြမယ်။
-
13:40 - 13:42သူတို့မှားပါလိမ့်မယ်။ ဒါပေမယ့် ဒါကလည်း သိပ်တော့ အကြောင်းမဟုတ်ပါဘူး။
-
13:42 - 13:45နောက်ဆုံးအနေနဲ့ကတော့ ဒီလိုပြောရင် သင့်မယ်ထင်ပါတယ်။
-
13:45 - 13:49အခုအချိန်မှာ အိုမင်းခြင်းနဲ့ပတ်သက်ပြီး လူတွေအနေနဲ့ ဘာဖြစ်လို့ စိတ်နှစ်ခွဖြစ်နေတယ်ဆိုတာ နဲ့ပတ်သက်ပြီး အဓိက အကြောင်းပြချက်ကတော့ ....
-
13:49 - 13:51ကျွန်တော်ပြောခဲ့တဲ့ တစ်ကမ္ဘာလုံးရဲ့ အိုမင်းခြင်းအပေါ် ခံယူထားတဲ့ အစွဲပဲဖြစ်ပါတယ်။
-
13:51 - 13:53ဒီအချိန်ကျရင်တော့ အဲဒါဟာ အတိတ်မှာကျန်ခဲ့မှာပါ။
-
13:53 - 13:56ဘာဖြစ်လို့လဲဆိုတော့ အဲဒီအချိန်ကျရင် အိုမင်းခြင်းဟာ လူသားတွေအမြဲကြံုတွေ့ရမယ့်အရာလို့ ယုံကြည်ဖို့ မဖြစ်နိုင်တော့ပါဘူ။
-
13:56 - 13:59ဘာဖြစ်လို့လဲဆိုတော့ အိုမင်းခြင်းကို နောက်ဆုတ်ဖို့ ကြွက်တွေနဲ့ သေသေချာချာ စမ်းသပ်အောင်မြင်ပြီမို့လို့ပေ့ါ။
-
13:59 - 14:03ဒီတော့ ကျွန်တော်တို့ဟာ လူတွေရဲ့ ခံယူမှုမှာ အလွန်အားကောင်းတဲ့ အပြောင်းအလဲ ဖြစ်သွားနိုင်ပါစေလိမ့်မယ်။
-
14:03 - 14:05အဲဒါဟာ တကယ့်ကို အကျိုးသက်ရောက်မှု ကြီးကြီးမားမား ရှိပါတယ်။
-
14:06 - 14:08ဒီတော့ အခုခင်ဗျားတို့ကို ကြွက်တွေအဆင့်ကို ကျွန်တော်တို့ ဘယ်လိုရောက်လာမယ်ဆိုပြောဖို့အတွက်...
-
14:09 - 14:11ကျွန်တော့်ရဲ့ အိုမင်းခြင်းအဓိပ္ပါယ် ကို နည်းနည်းထပ်ရှင်းပြပါမယ်
-
14:11 - 14:13ပျက်စီးခြင်းဆိုတဲ့ စကားလုံး ကို ကျွန်တော်သုံးပါမယ်။
-
14:13 - 14:17ဇီဝဖြစ်ပျက်မှုကြောင့်ဖြစ်ရတဲ့ အရာတွေကို ပြောပြဖို့ပါ။
-
14:17 - 14:19အဲဒါတွေက ရောဂါဖြစ်စဉ်တွေကို ဖြစ်ပေါ်စေတယ်လေ။
-
14:19 - 14:21ဘာလို့လိုဆိုတော့ ဒါနဲ့ပတ်သက်တဲ့ အရေးကြီးအချက်က...
-
14:21 - 14:23ပျက်စီးခြင်းဟာ ရောဂါဖြစ်စဉ်တွေကို ဖြစ်စေတယ် ဆိုရင်တောင်မှ...
-
14:23 - 14:28ပျက်စီးခြင်းကိုယ်တိုင်ဟာလည်း ကျွန်တော်တို့ မွေးတဲ့အချိန်ကစပြီး တစ်ဘဝလုံး ဆက်တိုက်ဖြစ်နေတာပဲလေ။
-
14:28 - 14:31ဒါပေမယ့် ပျက်စီးခြင်းကိုယ်တိုင်ကကျတော့ ဇီဝဖြစ်ပျက်မှုထဲမှာ မပါဘူးလေ။
-
14:31 - 14:32အဲဒီအချက်ဟာ အသုံးဝင်သွားပါတယ်။
-
14:32 - 14:35ဘာလို့လဲဆိုတော့ ကျွန်တော်တို့ရဲ့ မူရင်းပုံကို ဒီလိုနည်းနဲ့ ပြန်ဆွဲလို့ရတယ်လေ။
-
14:35 - 14:38Gerontology နဲ့ Geriatrics အကြောင်းတွေကို ကျွန်တော်တို့တွေ အခြေခံကျကျ ပြောနိုင်ပါမယ်။
-
14:38 - 14:40Gerontology က တားပေးဖို့ ကြိုးစားလိမ့်မယ်...
-
14:40 - 14:42ဇီဝဖြစ်ပျက်မှုက ဒီပျက်စီးမှုကို ဖြစ်လာမှာကိုပေါ့။
-
14:42 - 14:44ဘယ်လို ပျက်စီးမှုလဲဆိုတာ ကျွန်တော်သေချာရှင်းပြပါမယ်။
-
14:44 - 14:46ဇီဝဗေဒဆိုင်ရာ အသုံးအနှုန်းအတိအကျတွေနဲ့ အခုမကြာခင်ပဲ ရှင်းပြပါမယ်။
-
14:47 - 14:49Geriatricians တွေက အချိန်တွေကို ဆွဲထားဖို့ ကြိုးစားကြမယ်။
-
14:49 - 14:51ပျက်စီးမှုတွေက ရောဂါဖြစ်စဉ်အဖြစ်ပြောင်းပေးတာကို တားပေးပြီးတော့ပေ့ါ။
-
14:51 - 14:53အဲဒါဟာ ရှံုးမယ့်စစ်ပွဲဖြစ်ရတဲ့ အကြောင်းကတော့
-
14:53 - 14:55ပျက်စီးခြင်းဟာ တစ်ဖြည်းဖြည်းနဲ့ ဆက်ပြီးစုစည်းလာနေမှာမို့လို့ပါပဲ။
-
14:55 - 14:58ကဲ..ဒီမှာ တတိယချဉ်းကပ်နည်းပါ။ ဒီလိုနည်းနဲ့ ကြည့်မယ်ဆိုရင်ပေ့ါ။
-
14:58 - 15:00ဒါကို အင်ဂျင်နီယာချဉ်းကပ်နည်းလို့ ခေါ်နိုင်ပါတယ်။
-
15:00 - 15:03ဒီနည်းဟာ လက်တစ်ကမ်းအတွင်းမှာပဲ ရှိနေတယ်လို့ ကျွန်တော်ပြောချင်ပါတယ်။
-
15:03 - 15:06ဒီနည်းဟာ ဒီဖြစ်စဉ်ထဲမှာ ၀င်ရောက်လှုပ်ရှားမှာ မဟုတ်ပါဘူး။
-
15:06 - 15:08အဲဒါဟာ ဒီဖြစ်စဉ်ထဲမှာ ၀င်မပါပါဘူး။
-
15:08 - 15:11အဲဒါကောင်းပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဒါကဘာကို ဆိုလိုလဲဆိုတော့ ဒါဟာ ရှံုးမယ့်စစ်ပွဲမဟုတ်လို့ပါ။
-
15:11 - 15:14နောက်ပြီးတော့ ကျွန်တော်တို့ရနိုင် ရောက်နိုင်တဲ့ဟာလည်း ဖြစ်ပါတယ်။
-
15:14 - 15:17ဒီဟာက ပြောင်းလဲဖြစ်ပေါ်မှုဖြစ်စဉ်တိုးတက်လာမှုမှာ မပါ၀င်တဲ့အတွက်လည်း ဖြစ်ပါတယ်။
-
15:17 - 15:19အင်ဂျင်နီယာ ချဉ်းကပ်နည်းက ရိုးရိုးလေးပဲ..ပြောပါတယ်။
-
15:19 - 15:23ပျက်စီးခြင်းအမျိုးမျိုးကို အချိန်နဲ့အမျှ ပြန်ပြင်ဆင်မယ်။
-
15:23 - 15:27လုံးဝကောင်းသွားအောင် ပြင်ပစ်မယ်တော့ မဆိုလိုပါဘူး။ ဒါပေမယ့် တော်တော်များများကို ပြင်ပါမယ်။
-
15:27 - 15:30ဒါမှ ဒီပျက်စီးသွားတဲ့ အနေအထားကို....
-
15:30 - 15:33ရောဂါတွေဖြစ်လာနိုင်တဲ့ အနေလောက်မရောက်အောင် ထားရပါမယ်။
-
15:33 - 15:35အဲဒီရောဂါဖြစ်လာနိုင်တဲ့အဆင့် ရှိတယ်ဆိုတာ ကျွန်တော်တို့ သိကြပါတယ်။
-
15:35 - 15:38ဘာဖြစ်လို့လဲဆိုတော့ အိုမင်းခြင်းနဲ့ပတ်သက်တဲ့ ရောဂါတွေက ကျွန်တော်တို့ လူလတ်ပိုင်းရောက်တဲ့အထိ မဖြစ်ဘူးလေ။
-
15:38 - 15:41ပျက်စီးမှုဟာ ကျွန်တော်တို့ မွေးဖွားမလာခင်ကတည်းက စပြီး တစ်ဖြည်းဖြည်း စုလာတယ်ဆိုပေမယ့်...
-
15:41 - 15:45ကျွန်တော်တို့ ဟာလက်တစ်ကမ်းမှာ ရောက်နေတယ်လို့ ဘာလို့ ကျွန်တော်ပြောပါသလဲ။ အင်း..ဒါဟာ အခြေခံပါပဲ။
-
15:45 - 15:48ဒီSlide မှာ ပြောထားတဲ့အချက်က တကယ့်အခြေခံပါပဲ။
-
15:48 - 15:51ဇီဝဖြစ်ပျက်ခြင်းရဲ့ ဘယ်အပိုင်းလေးက အသက်အရွယ်အိုမင်းခြင်းအတွက် အရေးကြီးတာလဲလို့ ကျွန်တော်တို့ပြောရမယ်ဆိုရင်..
-
15:51 - 15:54ကျွန်တော်တို့အားလုံး ဒီတစ်ညလုံး ဒီမှာပဲ နေရပါလိမ့်မယ် ဘာဖြစ်လို့လဲဆိုတော့ ဇီဝဖြစ်ပျက်ခြင်းရဲ့ အစိတ်အပိုင်းအားလုံးဟာ..အခြေခံအားဖြင့်..
-
15:54 - 15:56အသက်အိုမင်းခြင်းအတွက် တစ်နည်းမဟုတ်တစ်နည်း အရေးပါနေတာကြောင့်ပါပဲ။
-
15:56 - 15:58ဒါဟာ ရှင်းပြဖို့အတွက်ပါပဲ...မပြည့်စုံသေးပါဘူး။
-
15:59 - 16:01ညာဘက်မှာ ပြထားတဲ့ စာရင်းကလည်း မပြည့်စုံပါဘူး။
-
16:01 - 16:04အဲဒါက အသက်ကြီးလာတာနဲ့ဆိုင်တဲ့ ရောဂါဗေဒအမျိုးအစားစာရင်းပါ။
-
16:04 - 16:06အဲဒါဟာ မပြည့်စုံတဲ့ စာရင်းပါ။
-
16:06 - 16:09ဒါပေမယ့် ကျွန်တော်ပြောချင်တာက အလယ်မှာရှိတဲ့ စာရင်းက တကယ်တော့ ပြည့်စုံပါတယ်။
-
16:09 - 16:12ဒါဟာ ပျက်စီးတယ်လို့ ပြောနိုင်တဲ့ အရာတွေစာရင်းပါ။
-
16:12 - 16:15နောက်ဆုံးမှာ ရောဂါတွေဖြစ်စေတဲ့ ဇီဝဖြစ်ပျက်မှုရဲ့နောက်ဆက်တွဲဆိုးကျိုးတွေပါ။
-
16:15 - 16:17ဒါမှမဟုတ် ရောဂါတွေဖြစ်လာစေနိုင်တာပါ။
-
16:17 - 16:20အဲဒီမှာ ရ-မျိုးပဲ ရှိပါတယ်။
-
16:20 - 16:23အဲဒါတွေက အမျိုးအစားတွေပါ။ ဒါပေမယ့် ရ-မျိုးပဲ ရှိပါတယ်။
-
16:23 - 16:28ဆဲလ်တွေဆုံးရှံုးတာ၊ ခရိုမိုဆုံးတွေ၊ မိုက်တို ကွန်ဒရီးယားတွေ၊ စတာတွေမှာ ပြောင်းလဲသွားတာတွေပါ။
-
16:28 - 16:33ပထမဆုံးအနေနဲ့ ကျွန်တော်ပြောချင်တာက ဒီစာရင်းဟာ ဘာဖြစ်လို့ ပြည့်စုံတဲ့စာရင်း ဖြစ်တာလဲ။
-
16:33 - 16:35ဘယ်သူမဆို ဇီဝဆိုင်ရာ ငြင်းချက်ထုတ်နိုင်တာပေ့ါ။
-
16:35 - 16:37ဟုတ်ပြီ။ ငါတို့တွေဟာ ဘာနဲ့လုပ်ထားတာလဲ..လို့ ပြောနိုင်ပါတယ်။
-
16:37 - 16:39ကျွန်တော်တို့ကို ဆဲလ်တွေနဲ့ ဆဲလ်တွေတစ်ခုနဲ့တစ်ခု ကြားမှာ ရှိနေတဲ့ အရာတွေနဲ့ လုပ်ထားတာပေါ့။
-
16:39 - 16:42ပျက်စီးမှုတွေဟာ ဘယ်ဟာအဖြစ်ကို စုစည်းသွားနိုင်သလဲ။
-
16:42 - 16:44အဖြေကတော့ သက်တမ်းရှည်မော်လီကျူးတွေပဲ ဖြစ်ပါတယ်။
-
16:44 - 16:47ဘာလို့လဲဆိုတော့ သက်တမ်းတိုတဲ့ မော်လီကျူးတွေက ပျက်စီးမှုဖြစ်ခဲ့ရင် အဲဒီဟာကို ဖျက်ဆီးပစ်လိုက်ပါတယ်။
-
16:47 - 16:51ပရိုတင်းကို ခြေဖျက်တဲ့ စနစ်ကနေပြီး ပရိုတင်းတွေကို ဖျက်ဆီးလိုက်သလိုပေ့ါ..အဲဒီအပျက်အစီးတွေလည်း အားလုံးကုန်သွားပါတယ်။
-
16:51 - 16:53အဲဒီတော့ ဒါဟာ သက်တမ်းရှည်မော်လီကျူးတွေပဲ ဖြစ်ကိုဖြစ်ရမယ်။
-
16:53 - 16:56အဲဒီ ရ မျိုးကို Gerontology ပညာရပ်ပိုင်းမှာ ဟိုးအရင်ကတည်းက ဆွေးနွေးနေခဲ့ကြတာပါ။
-
16:56 - 17:00နောက်ပြီး ဒါဟာ တော်တော်ကို ကောင်းတဲ့သတင်းပါ။ ဘာလို့လဲဆိုတော့ ဒါက ဘာကို ဆိုလိုသလဲဆိုတော့....
-
17:00 - 17:02ဒီနှစ်ပေါင်းနှစ်ဆယ်အတွင်းမှာ ကျွန်တော်တို့တွေ ဇီဝဗေဒမှာ တော်တော်ကို ခရီးရောက်နေပါပြီ။
-
17:02 - 17:04ဒီစာရင်းကို ထပ်မတိုးချဲ့သေးတဲ့ အကြောင်းက...
-
17:04 - 17:07ထပ်ချဲ့ဖို့ မလိုတဲ့ အကြောင်းပြချက်ကောင်းတစ်ခုကြောင့်ပေ့ါ။
-
17:08 - 17:10ဒါပေမယ့် ဒါဟာ အဲဒါထက်ပိုကောင်းပါတယ်။ အဲဒါတွေကို ဘယ်လို ပြန်ပြင်ဆင်ရမလဲဆိုတာ တကယ်တော့ ကျွန်တော်တို့ သိပါတယ်။
-
17:10 - 17:13ကြွက်တွေမှာ..မူအရဆိုရင် ... မူအရဆိုတာ ဘာလဲဆိုတော့
-
17:13 - 17:16ဒီလိုပြုပြင်မှုတွေကို လာမယ့် ဆယ်နှစ်အတွင်းမှာ ကျွန်တော်တို့ လုပ်နိုင်ကောင်းလုပ်နိုင်ပါလိမ့်မယ်။
-
17:16 - 17:20တစ်ချို့ဟာ..အပေါ်ပိုင်းကဟာတွေဆိုရင် တစ်ပိုင်းတစ်စ စလုပ်နေပါပြီ။
-
17:20 - 17:23အဲဒါတွေအားလုံးကို ပြောပြဖို့ ကျွန်တော့်မှာ အချိန်မရှိပါဘူး။ ဒါပေမယ့်...
-
17:23 - 17:27ကျွန်တော် နိဂုံးချုပ်ချင်တာကတော့..ဒါအတွက် သင့်တော်တဲ့ ထောက်ပံ့ငွေရမယ်ဆိုရင်...
-
17:27 - 17:31ကြွက်တွေနဲ့ စမ်းသပ်မှုကို လာမယ့် ဆယ်နှစ်အတွင်းမှာ အောင်မြင်အောင်လုပ်နိုင်မယ်။
-
17:31 - 17:34ဒါပေမယ့် ကျွန်တော်တို့ ဒါကို သေသေချာချာ အားထည့်ပြီး လုပ်ဖို့တော့ လိုမှာပေ့ါ။
-
17:34 - 17:35ကျွန်တော်တို့ တကယ်ကို စပြီး ကြိုးစားသင့်ပါပြီ။
-
17:36 - 17:39ဒါကြောင့် ...ဒီပရိတ်သတ်ထဲမှာ ဇီဝဗေဒပညာရှင်တွေလည်းပါပါတယ်။
-
17:39 - 17:42ခင်ဗျားတို့မှာ မေးစရာရှိရင်လည်း ကျွန်တော်ဖြေပေးချင်ပါတယ်။
-
17:42 - 17:44ကျွန်တော့်ဟောပြောပွဲကို ခင်ဗျားတို့ စိတ်တိုင်းမကျတာလည်း ရှိချင်ရှိမှာပါ။
-
17:44 - 17:46ဒါပေမယ့် အခြေခံအားဖြင့်တော့ ခင်ဗျားတို့ ဒီအကြောင်းကို ရှာဖွေ ဖတ်သင့်ပါတယ်။
-
17:46 - 17:48ဒါနဲ့ပတ်သက်ပြီး ကျွန်တော် စာအုပ် တော်တော်များများ ထုတ်ဝေခဲ့ပြီးပါပြီ။
-
17:48 - 17:51ကျွန်တော့်ရဲ့ ဒါနဲ့ပတ်သက်တဲ့ အကောင်းမြင်ဝါဒက သုတေသနကို ကိုးကားအခြေပြုပါတယ်။
-
17:51 - 17:53နောက်ပြီးဒီမှာ အသေးစိတ်တွေအများကြီးရှိပါတယ်။
-
17:53 - 17:55အသေးစိတ်အချက်တွေက ကျွန်တော့ကို ယုံကြည်စိတ်ချမှုရှိစေပါတယ်။
-
17:55 - 17:57ကျွန်တော်မှန်းဆနေတဲ့ အချိန်ကာလ ခန့်မှန်းခြေကိုပေ့ါ။
-
17:57 - 17:59ဒါကြောင့် ခင်ဗျားတို့က ကျွန်တော်မှားတယ်လို့ထင်ရင်..
-
17:59 - 18:02ကျွန်တော်ဘာကြောင့်မှားတယ်လို့ ထင်သလဲဆိုတာကို သေချာ ရှာဖွေသင့်ပါတယ်။
-
18:03 - 18:06နောက်ပြီးတော့ အဓိက,ကတော့ ခင်ဗျားတို့ လူတွေကို မယုံသင့်လို့ပါပဲ။
-
18:06 - 18:08Gerontologist လို့ ခေါ်တဲ့လူတွေကိုပေါ့ဗျာ..ဘာလို့လဲဆိုတော့..
-
18:08 - 18:12အကြောင်းအရာနယ်ပယ်တစ်ခုခုအတွင်းမှာ အရင်တုန်းကရှိခဲ့တဲ့ အတွေးအခေါ် ထင်မြင်ယူဆချက်တွေကို ပယ်ရှားဖို့ဟာ...
-
18:12 - 18:16လူအများစုဟာ နည်းနည်းတော့ လက်မခံတာ ခင်ဗျားတို့ မျှော်လင့်ထားပါလိမ့်မယ်။
-
18:16 - 18:18ဒါပေမယ့် ဒါကို သိပ်တော့ အပြင်းအထန်ကြီး မခံယူပါနဲ့။
-
18:18 - 18:20ဒီတော့ ခင်ဗျားတို့ အိမ်စာကို တကယ်ကို လုပ်ရမယ်။
-
18:20 - 18:21ဒါမှန်မမှန်နားလည်အောင်လို့ပေါ့။
-
18:21 - 18:23ကျွန်တော် နည်းနည်းပြောပြီး အဆုံးသတ်ပါမယ်။
-
18:23 - 18:26တစ်ခုကတော့ အခုနောက်တစ်ယောက်က ပြောတာကို ခင်ဗျားတို့ ကြားရပါလိမ့်မယ်
-
18:26 - 18:30သူက ဘာပြောမလဲဆိုတော့ လွန်ခဲ့တုန်းက လူတွေရဲ့ Genome တွေကို တခဏနဲ့ ဆက်စပ်နိုင်တယ်လို့..
-
18:30 - 18:32အဲတော့ လူတွေကပြောမယ်...အင်းအဲဒါကတော့ မဖြစ်နိုင်တာ ထင်ရှားပါတယ်..လို့
-
18:32 - 18:33အဲဒါဘာဖြစ်မလဲသိလား။
-
18:33 - 18:37အဲဒါတကယ်ကို ဖြစ်ပါတယ်။
-
18:37 - 18:39ကျွန်တော်တို့မှာ နည်းအမျိုးမျိုးရှိပါတယ်။ Methuselah Mouse ဆုဆိုတာရှိပါတယ်။
-
18:39 - 18:42ဒါဟာ အသစ်တီထွင်ဖန်တီးဖို့အတွက် အားပေးတဲ့ ဟာတစ်ခုပါ။
-
18:42 - 18:45ခင်ဗျားက တကယ်အလုပ်ဖြစ်နိုင်တဲ့ဟာလို့ထင်တဲ့ဟာကို လုပ်ဖို့အတွက်...
-
18:45 - 18:47အဲဒီဆုကိုရရင် အဲဒါလုပ်ဖို့ ပိုက်ဆံရပါတယ်။
-
18:48 - 18:51ဒါအတွက် အဆိုပြုလွှာတစ်ခုရှိပါတယ်။
-
18:51 - 18:53ပိုက်ဆံလည်း ကုန်မယ့်ဟာပေ့ါ။
-
18:53 - 18:56ဒါပေမယ့် ကျွန်တော်ဆိုလိုချင်တာက ဒီမှာ..အဲဒီပိုက်ဆံကို အီရတ်စစ်ပွဲမှာ သုံးမယ်ဆိုဘယ်လောက်ကြာကြာခံမလဲ။
-
18:56 - 18:57သိပ်မကြာဘူးမဟုတ်လား။
-
18:57 - 18:58ရယ်သံများ
-
18:58 - 19:01ဒါဟာ လူသားချင်းစာနာထောက်ထားမှုနဲ့ ဆိုင်သင့်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ အကျိုးအမြတ်က ဇီဝနည်းပညာကို လမ်းကြောင်းပြောင်းစေလို့ပါပဲ။
-
19:01 - 19:05ဒါပေမယ့် အဲဒါဟာ အောင်မြင်ဖို့ ၉၀ ရာခိုင်နှုန်းရှိတယ် လို့ ကျွန်တော်ထင်ပါတယ်။
-
19:05 - 19:08ဘယ်လိုလုပ်ရမယ်ဆိုတာလည်း ကျွန်တော်တို့ သိပါတယ်။ ဒီမှာပဲ ကျွန်တော့် ဟောပြောချက်ကို ရပ်ပါမယ်။
-
19:08 - 19:09ကျေးဇူးတင်ပါတယ်။
-
19:09 - 19:14လက်ခုပ်သံများ
-
19:14 - 19:17Chris Anderson: အိုကေ၊ မေးစရာမေးခွန်းများရှိမလား မသိဘူး။
-
19:17 - 19:19ဒါပေမယ့် ကျွန်တော့်ကို မေးချင်တာရှိရင် မေးဖို့ အခွင့်ရှိပါတယ်။
-
19:19 - 19:23(ပရိတ်သတ်)... ခင်ဗျားက အိုမင်းခြင်းနဲ့ အဲဒါကို တိုက်ခိုက်အနိုင်ယူဖို့ ကြိုးစားမယ့်အကြောင်း ပြောသွားခဲ့တယ်နော်။
-
19:23 - 19:27ဒါဆိုခင်ဗျားက ဘာဖြစ်လို့ အဘိုးကြီးပုံစံ ဖြစ်နေရတာလဲ။
-
19:27 - 19:31ရယ်သံများ
-
19:31 - 19:34(AG) ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော်က အဘိုးကြီးမို့လို့ပေါ့။ ကျွန်တော်က တကယ်တော့ အသက် ၁၅၈ နှစ်ရှိပါပြီ။
-
19:34 - 19:35ရယ်သံများ
-
19:35 - 19:38လက်ခုပ်သံများ
-
19:38 - 19:42(ပရိတ်သတ်)..ဒီဂြိုလ်ပေါ်က သတ္တဝါတွေဟာ ကိုယ်ခံအားစနစ်နဲ့ပတ်သက်ပြီး အဆင့်ဆင့်ဖြစ်ပေါ်ပြောင်းလဲခဲ့ပါတယ်။
-
19:42 - 19:46လူတွေအသက်ပိုရှည်ရှည်နေရပြီးတော့ တီထွင်ဖန်တီးမှုတွေလုပ်နိုင်အောင်လို့ ရောဂါတွေအားလုံးကို တိုက်ခိုက်ဖို့ပေ့ါ။
-
19:46 - 19:51ဒါပေမယ့် ကျွန်တော်သိသလောက်ကတော့..သတ္တဝါတွေဖြစ်ပေါ်ပြောင်းလဲလာတာက တကယ်ကတော့ သေဖို့ပါ။
-
19:51 - 19:56ဒါကြောင့် ဆဲလ်တွေ ကွဲကြတဲ့အခါ တီလိုမားရေ့စ်အင်ဇိုင်းဟာ ပိုတိုလာတယ်။ နောက်ပြီး တစ်ဖြည်းဖြည်းနဲ့ သတ္တဝါတွေသေကြတယ်။
-
19:56 - 20:01ဒါဆို ဘာကြောင့် ဒီဖြစ်ပေါ်ပြောင်းလဲမှုက မသေခြင်းရဲ့ ပြောင်းပြန်ကို ရွေးချယ်ခဲ့တယ် လို့ ထင်ရသလဲ။
-
20:01 - 20:05အကျိုးကျေးဇူးတွေအများကြီးရှိရဲ့သားနဲ့။ ဒါမှမဟုတ် ဒီဖြစ်ပေါ်ပြောင်းလဲမှုဟာ မပြည့်စုံတာလား။
-
20:05 - 20:07(ဟောပြောသူ).. သိပ်ကောင်းတဲ့မေးခွန်းပါ။ မေးတဲ့အတွက် ကျေးဇူးပါပဲ။
-
20:07 - 20:09ဒါကို ကျွန်တော်က တိကျတဲ့အဖြေပေးနိုင်ပါတယ်။
-
20:09 - 20:12ခင်ဗျားရဲ့မေးခွန်းအတွက် တကယ့်အဖြေကို ပြောပါမယ်။
-
20:12 - 20:14ဒီမေးခွန်းကို ကျွန်တော် သဘောတူပါတယ်။
-
20:14 - 20:17အိုမင်းခြင်းဟာ ရွေးချယ်မှုရဲ့၊ ဖြစ်ပေါ်ပြောင်းလဲမှုရဲ့ ရလဒ်မဟုတ်ပါဘူး
-
20:17 - 20:19ဒါဟာ ဖြစ်ပေါ်ပြောင်းလဲမှုကို လစ်လျူရှုခြင်းရဲ့ ရလဒ်ပါ။
-
20:20 - 20:25တစ်နည်းအားဖြင့်ဆိုရရင်.. ကျွန်တော်တို့မှာ အိုမင်းခြင်းတွေဖြစ်နေတယ်..ဘာလို့လဲဆိုတော့ မအိုအောင်လုပ်ရတာ ခက်ခဲတဲ့ အလုပ်တစ်ခုဖြစ်နေလို့ပေ့ါ။
-
20:25 - 20:27ခင်ဗျားတို့ မျိုးရိုးဗီဇဆိုင်ရာနဲ့ပတ်သက်ပြီး ပိုသိဖို့လိုမယ်။
-
20:27 - 20:29ပိုပြီးနှေးနှေးကွေးကွေး အိုလာစေဖို့အတွက်ပေ့ါ။
-
20:29 - 20:32ခင်ဗျားက အိုမင်းခြင်းကို ဆက်ပြီး တိုက်နေသမျှ အိုမင်းခြင်းရောက်လာမှုဟာ ပိုကြာနေပါလိမ့်မယ်။
-
20:32 - 20:37ဖြစ်ပေါ်ပြောင်းလဲခြင်း က အကြောင်းမဟုတ်တော့တဲ့အထိ...
-
20:37 - 20:39မျိုးရိုးဗီဇတွေ တစ်ဦးကနေတစ်ဦးလက်ဆင့်ကမ်းသည်ဖြစ်စေ မကမ်းသည်ဖြစ်စေ...
-
20:39 - 20:41အကြာကြီးအသက်ရှည်ရှည်နေဖို့..ဒါမှမဟုတ် တီထွင်ဖန်တီးခြင်းနဲ့...
-
20:42 - 20:44အဲဒီမှာ တော်တော်လေးတော့ ချိန်ညှိတာရှိပါတယ်။
-
20:44 - 20:47ဒါကြောင့်လည်း သတ္တဝါအမျိုးမျိုးမှာ သက်တမ်းအမျိုးမျိုး ရှိနေကြတာပေ့ါ။
-
20:47 - 20:49ဒါပေမယ့် ဒါကြောင့်လည်း မသေတဲ့ သတ္တဝါဆိုတာ မရှိတာပေါ့။
-
20:50 - 20:52CA: မျိုးရိုးဗီဇက ကိစ္စ မရှိဘူး။ ကျွန်တော်တို့က ကိစ္စရှိတယ်ပေ့ါ။ ဟုတ်လား
-
20:52 - 20:53ဟုတ်ပါတယ်။
-
20:54 - 20:59(ပရိတ်သတ်) ဟယ်လို။ လွန်ခဲ့တဲ့ အနှစ်နှစ်ဆယ်က ကျွန်တော် တစ်နေရာရာမှာ ဖတ်ဖူးတယ်။
-
20:59 - 21:04ဒီဂြိုဟ်ပေါ်မှာရှိတဲ့ လူတိုင်းရဲ့ ပျမ်းမျှသက်တမ်းဟာ ဆယ်နှစ်တိုးလာတယ်တဲ့။
-
21:04 - 21:07ဒါက ကျွန်တော့်ကို ဘယ်လိုထင်စေသလဲဆိုတော့...
-
21:07 - 21:11အကယ်လို့သာ ကျွန်တော်မော်တော်ဆိုင်ကယ်မတိုက်ခဲ့ဘူးဆိုရင် ကျွန်တော် အသက် ၁၂၀ အထိနေရလိမ့်မယ်ပေါ့နော်။
-
21:12 - 21:17ဒါက ဘာကိုဆိုလိုမလဲဆိုတော့ ကျွန်တော်က အသက်တစ်ထောင်အထိနေနိုင်မယ့် ခင်ဗျားရဲ့ လူတစ်ယောက်ဖြစ်လိမ့်မယ်ပေ့ါ။ ဟုတ်လား။
-
21:17 - 21:18ခင်ဗျား ကိုယ်အလေးချိန်နည်းနည်း လျော့သွားရင်ပေ့ါ။
-
21:19 - 21:22ရယ်သံများ
-
21:22 - 21:25ခင်ဗျားရဲ့ နံပါတ်တွေက နည်းနည်းလွဲနေတယ်။
-
21:25 - 21:28စံနံပါတ်တွေက ..
-
21:28 - 21:31သက်တမ်းတွေရဲ့ စံနှုန်းက ဆယ်နှစ်တိုင်းကို တစ်နှစ် နှစ်နှစ် တိုးနေတယ်။
-
21:31 - 21:34ဒါကြောင့် ခင်ဗျားထင်သလောက်/မျှော်မှန်းသလောက်တော့ မကောင်းလှဘူး။
-
21:35 - 21:37ဒါပေမယ့် ကျွန်တော်က အဲဒါကို တစ်နှစ်တိုင်းမှာ တစ်နှစ်ထပ်တိုးလာအောင် ဖြစ်နိုင်သမျှ မြန်မြန် တိုးပေးဖို့ ရည်ရွယ်ပါတယ်။
-
21:38 - 21:41(ပရိတ်သတ်) ကျွန်တော်သိထားတာက လူကြီးတွေမှာရှိတဲ့ ဦးဏှောက်ဆဲလ်တွေဟာ ...
-
21:41 - 21:42တကယ်တော့ သန္ဓေသားတုန်းကတည်းက ဟာတွေတဲ့။
-
21:43 - 21:45နောက်ပြီး အဲဒီဦးဏှောက်ဆဲလ်တွေဟာ နှစ်-၈၀ လောက်ပဲ ခံတယ်တဲ့။
-
21:45 - 21:47အဲဒါသာတကယ်မှန်ခဲ့ရင်...
-
21:47 - 21:50ပြန်လည်နုပျိုခြင်းမှာ အဲဒီအချက်က ဇီဝဗေဒဆိုင်ရာအားဖြင့် သက်ရောက်မှုရှိနိုင်မလား
-
21:50 - 21:53ကျွန်တော့် ကိုယ်ခန္ဓာမှာ နှစ်ပေါင်း ၈၀ သက်တမ်းရှိတဲ့ ဆဲလ်သာ ရှိခဲ့ရင်...
-
21:53 - 21:55သူတို့ရဲ့ ပုံမှန်သက်တမ်း..လအနည်းငယ် ထက်ပေ့ါလေ...
-
21:55 - 21:57အဲဒီမှာ နည်းပညာပိုင်းဆိုင်ရာ သက်ရောက်မှု ရှိမှာ လုံးဝသေချာတာပေ့ါ။
-
21:57 - 22:00အခြေခံအားဖြင့် ကျွန်တော်တို့လုပ်ဖို့လိုတာက ဆဲလ်တွေကို အစားပြန်ထိုးဖို့ပါပဲ။
-
22:01 - 22:04ဦးဏှောက်ရဲ့ အချို့နေရာက ဆုံးရှုံးသွားတဲ့ ဆဲလ်တွေကို လိုအပ်တဲ့နှုန်းနဲ့ ပြန်အစားထိုးမှာပါ။
-
22:04 - 22:07ဦးဏှောက်ထဲက နူရွန်တွေက အဓိကပေ့ါ...ဒါပေမယ့် ကျွန်တော်တို့ အဲဒါတွေကို ...
-
22:07 - 22:09ပိုမြန်မြန်တော့မဟုတ်ဘူး။ ဒါမှမဟုတ်..ဘယ်လိုပဲဖြစ်ဖြစ် မြန်မြန်တော့ အစားထိုးမယ်မဟုတ်ဘူ။
-
22:09 - 22:13ဘာလို့လဲဆိုတော့ မြန်မြန်အစားထိုးလိုက်ရင် မှတ်ဉာဏ်ရဲ့ လုပ်ဆောင်မှု လျော့ကျသွားလိမ့်မယ်လေ။
-
22:13 - 22:16ကျွန်တော်အစောက ပြောခဲ့တဲ့ မအိုတဲ့ သတ္တဝါမရှိဘူးဆိုတဲ့ဟာက...
-
22:16 - 22:18အရမ်းရှင်းအောင် ပြောလိုက်တာပါ။
-
22:18 - 22:22မအိုတဲ့ သတ္တဝါတွေရှိပါတယ်။ ဥပမာအားဖြင့် ...Hydra
-
22:22 - 22:24ဒါပေမယ့် သူတို့မှာက အာရုံကြောစနစ် မရှိလို့ပါ။
-
22:24 - 22:26နောက်ပြီး တစ်သျှူးတွေ မရှိတာလည်းပါတယ်။
-
22:26 - 22:28သူတို့တွေက အရမ်းကို သက်တမ်းရှည်တဲ့ ဆဲလ်တွေရဲ့ လုပ်ဆောင်မှုအပေါ် မူတည်ပြီး အသက်ရှင်တာပါ။
- Title:
- "အိုမင်းခြင်းကို အဆုံးသတ်ရေးဆီကို ရှေ့ရှရေး
- Speaker:
- Aubrey de Grey
- Description:
-
Cambridge သုတေသနပညာရှင် Aubrey de Grey က အိုမင်းခြင်းဟာ ကုသပျောက်ကင်းနိုင်တဲ့ ရောဂါတစ်ခုသာ ဖြစ်တယ်လို့ ဆိုပါတယ်။ လူဟာ အခြေခံအားဖြင့် နည်းလမ်း ၇-နည်းနဲ့ အသက်အရွယ်အိုမင်းလာကြပြီး အဲဒီအချက်အားလုံးကို မဖြစ်အောင် ရှောင်လွှဲနိုင်ပါတယ်တဲ့..
- Video Language:
- English
- Team:
closed TED
- Project:
- TEDTalks
- Duration:
- 22:28
![]() |
Myo Aung edited Burmese subtitles for A roadmap to end aging | |
![]() |
Myo Aung edited Burmese subtitles for A roadmap to end aging | |
![]() |
TED edited Burmese subtitles for A roadmap to end aging | |
![]() |
TED edited Burmese subtitles for A roadmap to end aging | |
![]() |
TED edited Burmese subtitles for A roadmap to end aging | |
![]() |
Swe Swe Aye added a translation |