-
Kristian Hogganvik ဟာ အီသီယိုးပီးယားနိုင်ငံမှာ ဆေးဘက်ဆိုင်ရာ
သာသနာပြုတဲ့ နော်ဝေးလူမျိုးတစ်ဖြစ်ပါတယ်
-
၁၉၁၁ ခုနှစ် နော်ဝေနိုင်ငံတောင်ပိုင်းမှာရှိတဲ့
မြို့ငယ်လေးတစ်ခုမှာ သူ့ကိုမွေးဖွားခဲ့ပါတယ်
-
သူအသက် ၅နှစ်အရွယ်မှာ သူ့မိသားစုဝင်တွေက
မြော်လင့်သတင်းစကားကို လက်ခံခဲ့ပါတယ်
-
၁၂တန်းအောင်ပြီးတဲ့နောက်မှာ
-
ဆေးပညာလေ့လာဖို့နှင့် သာသနာပြုဖို့အတွက်
အော်စလို မြော်လင့်ခြင်း ရုံးချုပ်ကနေ
-
ငွေကြေးအထောက်အပံ့ကို ရရှိခဲ့ပါတယ်
-
သူ ဆေးကျောင်းပြီးသွားတဲ့အခါ
-
မြော်လင့်ခြင်း အသင်းတော်က နော်ဝေးမြောက်ပိုင်းဘက်ကို
ပို့လိုက်ပါတယ်
-
အဲ့နေရာမှာ ခွဲစိတ်ဆရာဝန်ဖြစ်ဖို့ လေ့ကျင့်ခဲ့တယ်
-
1949 ခုနှစ်မှာ အီသီယိုးပီးယားမှာ နေမကောင်းဖြစ်တဲ့
ဆရာဝန်တစ်ယောက်ကို အစားထိုးဖို့ အခေါ်ခံရတဲ့အခါ
-
ဇနီး၊ သမီးနှစ်ယောက်နှင့်အတူ လိုလိုလားလားနှင့်
အိမ်ကနေ ထွက်ခွာခဲ့ပါတယ်။
-
အစပိုင်းမှာတော့ ဒေါက်တာ Hogganvik မှာ
လူနာအများကြီး မရှိပါဘူး
-
မကြာပါဘူး။ အကြောင်းအရင်းကို သူသိရပါတယ်
-
မြော်လင့်အသင်းတော်ရဲ့ အဆောက်အအုံမှာ သေဆုံးသွားခဲ့ရင်
-
ကောင်းကင်ကို ဝင်ခွင့်မရမှာကို လူတွေက ကြောက်ကြတယ်
-
တစ်နေ့ကျတော့ လူငယ်တစ်ဦးက အူလမ်းကြောင်းပိတ်နေလို့
ဆေးရုံကို ရောက်လာတယ်
-
ခွဲစိတ်မှု အောင်မြင်မယ်လို့ ဒေါက်တာ Hogganvik က
-
ကတိပေးနိုင်မှာလားလို့ မိသားစုဝင်တွေက မေးလိုက်တယ်
-
ဆရာဝန်ကတော့ တတ်နိုင်သလောက်အစွမ်းကုန်လုပ်ပေးမယ်လို့ဘဲ
-
ကတိပေးနိုင်တဲ့အတွက် မိသားစုက ခွင့်မပြုခဲ့ပါဘူး
-
နှစ်ရက်အကြာမှာ လူနာက နေမကောင်းဖြစ်လွန်းလို့
သေတော့မလို ခံစားရတယ်
-
ခွဲစိတ်တာဘဲဖြစ်ဖြစ် တစ်ခုခုလုပ်ပေးဖို့ သူက
ဒေါက်တာ Hogganvik ကို တောင်းဆိုတယ်
-
ဒေါက်တာ Hogganvik က ဘုရားရဲ့လမ်း ညွှန်မှုကိုရဖို့
ဆုတောင်းပြီးတော့ အဲဒီလူကို ခွဲစိတ်ပေးလိုက်ပါတယ်
-
ဘုရားရဲ့ကျေးဇူးတော်ကြောင့်
-
ခွဲစိတ်မှုကအောင်မြင်သွားပြီး အဲ့ဒီလူက အိမ်ကိုပြန်လာတယ်
-
ခွဲစိတ်မှုအောင်မြင်တဲ့သတင်းက ပျံ့နှံ့သွားပြီးတဲ့နောက်မှ
-
ဒေါက်တာ Hogganvik မှာ လူနာများလာခဲ့ပါတယ်
-
ဒေါက်တာ Hogganvik ဟာ သမားတော် တစ်ယောက်သာမကဘူး
-
လျှပ်စစ်ပညာရှင်၊ ရေပိုက်သမား၊ လက်သမား၊
ဆောက်လုပ်ရေးနှင့် စက်ပြင်ဆရာအနေနှင့် လုပ်ခဲ့ပါတယ်
-
သူပြုပြင်နေတဲ့ ကားအောက်မှာ လဲပြီး
-
သူ့လက်က အမည်းဆီနဲ့ ပေနေမယ်
-
သူနာပြုဆရာမက ဆေးရုံကနေလာပြီး
-
လူနာတွေကို ခွဲစိတ်ဖို့ အဆင်သင့်ဖြစ်နေပြီလို့ လာပြောတဲ့အခါ
-
သူ့လက်ကို ဆေးရည်နှင့်သေချာတိုက်ဆေးပြီးတော့မှ
လည်ပင်းကြီးရောဂါသည်ဖြစ်ဖြစ်၊
-
မွေးဖို့ခက်ခဲနေတဲ့ လူနာဘဲဖြစ်ဖြစ် ခွဲစိတ်ပေးပါတယ်
-
ဒေါက်တာ Hogganvik ဟာ အီသီယိုးပီလူမျိုးတွေကို ချစ်မြတ်နိုးပြီး
-
သူကူညီနိုင်တာကို တတ်နိုင်သမျှ လုပ်ပေးချင်တယ်
-
သူတို့ရဲ့ အပ်ချုပ်စက်တွေ၊ ကားတွေနှင့် စက်ကိရိယာအမျိုးစုံကို သူ ပြင်ပေးခဲ့တယ်
-
ဆင်းရဲတဲ့ ကျောင်းသူကျောင်းသားတွေ ပညာရေးရရှိအောင် ကူညီတယ်
-
လူတွေ ကိုယ့်ဟာကိုယ် ကူညီရပ်တည်နိုင်အောင်
လုပ်ပေးရတာကို သူသဘောကျတယ်
-
၂၆ နှစ်ကြာ အမှုထမ်းပြီးတဲ့နောက် ၁၉၇၅ ခုနှစ်
-
တစ်မနက်ခင်းမှာ
-
ဓားပြ ၃၀၀ ခန့်က ဆေးရုံကို လုယက်ဖျက်ဆီးခဲ့ပါတယ်
-
သူတို့က Hogganvik ရဲ့အိမ်ကိုမီးရှို့ပြီး
သူနှင့်သူရဲ့ဇနီးကိုသတ်ပစ်မယ်ဆိုပြီး ခြိမ်းခြောက်ခဲ့ပါတယ်
-
အနီးနားမှာရှိတဲ့ မိတ်ဆွေတစ်ယောက်ရဲ့ အိမ်မှာ ခိုလှုံခဲ့ကြရပါတယ်
-
နောက်တစ်နေ့မှာ ဘေးကင်းရာ မြို့တော်Addis Ababaဆီ
-
လေယာဉ်နှင့် ပျံသွားပါတယ်
-
ကြောက်လန့်စရာ အတွေ့အကြုံကို ရင်ဆိုင်ပြီးတဲ့နောက်
-
ဒေါက်တာ Kristian Hogganvik ဘယ်လောက်ထိ
အိမ်ပြန်ချင်မလဲဆိုတာကို စိတ်ကူးကြည့်နိုင်ပါတယ်
-
အဲဒီအစား အီသီယိုးပီးယားအနောက်ပိုင်းမှာရှိတဲ့
Gimbie ဆေးရုံကို ပြောင်းရွှေ့ခဲ့ပြီးတော့
-
သူအနားယူချိန်အထိ လုပ်ကိုင်ခဲ့ပါတယ်
-
သူကွယ်လွန်သွားတဲ့အချိန် ၁၉၉၄ ခုနှစ်
သူ့အသက် ၈၃ နှစ်အထိ
-
ဘုရားအမှုတော်ကို ဆောင်ခဲ့ပါတယ်
-
ရှေ့ဆောင်သာသနာပြုတွေ အကြောင်း အရာတွေကို