Return to Video

အရက်ကြောင့် ကျုပ်တို့ အရက်မူးရတာ ဘာကြောင့်လဲ - Judy Grisel

  • 0:07 - 0:12
    အီသနော ဆိုတဲ့ မော်လီကျူးကို သေးငယ်ကြတဲ့
    ကာဗွန်အက်တမ် အနည်းငယ်ဖြင့် ပြုလုပ်ထားပြီး
  • 0:12 - 0:15
    အရက်မူးခြင်းရဲ့ အကြောင်းရင်းပါ။
  • 0:15 - 0:18
    မကြာခဏဆိုသလို အရက်လို ခေါ်လေ့ရှိကြတဲ့
  • 0:18 - 0:21
    အီသနောဟာ အရက်ယမကာများထဲက
    အဓိကပါဝင်ပစ္စည်းပါ။
  • 0:21 - 0:24
    ၎င်းရဲ့ ရိုးရှင်းမှုကြောင့်
    အမြှေးပါးတွေထဲ စိမ့်ဝင်နိုင်စွမ်းရှိပြီး
  • 0:24 - 0:26
    ချောင်ချိုချောင်ကြား
    အများအပြားထဲမှာ နေရာယူလျက်
  • 0:26 - 0:31
    အခြားသော မော်လီကျူးများနဲ့ ယှဉ်ကြည့်ရင်
    ကျယ်ပြန့်တဲ့ သက်ရောက်မှု ရှိနိုင်ပါတယ်။
  • 0:31 - 0:34
    အရက်ဟာ ဘာဖြစ်လို့ မူးလာစေတာလဲ၊
  • 0:34 - 0:38
    ပြီးတော့ လူအမျိုးမျိုးအပေါ် သက်ရောက်ပုံ
    ဘာဖြစ်လို့ များစွာမှ ကွဲပြားရတာလဲ။
  • 0:38 - 0:40
    အဲဒီလို မေးခွန်းတွေကို ဖြေပေးရန်၊
  • 0:40 - 0:44
    ကျုပ်တို့ဟာ အရက်က ခန္ဓာကိုယ်ထဲ ဖြတ်သန်း
    သွားပုံကို လေ့လာကြည့်ရပါမယ်။
  • 0:44 - 0:47
    အရက်ဟာ အစာအိမ်ထဲ ရောက်တာနဲ့
    အစာချေရေး လမ်းကြောင်းမှတစ်ဆင့်
  • 0:47 - 0:51
    အထူးသဖြင့်အူသိမ်းမှတစ်ဆင့်
    သွေးထဲ ရောက်ရှိသွားပါတယ်။
  • 0:51 - 0:54
    ထမင်းစားပြီးသွားတာနဲ့ အစာအိမ်နဲ့
    အူသိမ်းကို ပိုင်းခြားထားတဲ့
  • 0:54 - 0:58
    pyloric sphincter က ပိတ်သွားတာမို့လို့၊
    အစာအိမ်ထဲမှာ ရှိနေတဲ့ အရာတွေဟာ
  • 0:58 - 1:01
    အရက်ရဲ့ လုပ်နိုင်စွမ်းအပေါ်
    သက်ရောက်မှု ရှိပါတယ်။
  • 1:01 - 1:05
    အဲဒါကြောင့် ထမင်းတဝကြီး စားပြီးလို့
    အရက် သောက်လိုက်ရင် သွေးထဲပါဝင်မှုအဆင့်ဟာ
  • 1:05 - 1:09
    ဘာမှမရှိတဲ့ အစာအိမ်ထဲ သောက်လိုက်တဲ့
    အရက်နဲ့စာရင် လေးပုံတစ်ပုံမျှသာ ရှိမှာပါ။
  • 1:09 - 1:12
    သွေးထဲမှနေပြီး အရက်ဟာ
    ကိုယ်တွင်းအင်္ဂါများဆီသို့၊
  • 1:12 - 1:14
    အထူးသဖြင့် သွေးအများဆုံး စီးဆင်းကြတဲ့
  • 1:14 - 1:17
    အသည်းနှင့် ဦးနှောက်ဆီကို သွားပါတယ်။
  • 1:17 - 1:20
    ၎င်းဟာ အသည်းဆီ ပထမဦးဆုံး ရောက်သွားပြီး
    အသည်းထဲက အင်ဇိုင်းတွေဟာ
  • 1:20 - 1:23
    အရက်မော်လီကျူးကို
    အဆင့်နှစ်ဆင့်ဖြင့် ဖြိုခွင်းပစ်ပါတယ်။
  • 1:23 - 1:29
    ဦးစွာ ADH အင်ဇိုင်းက အရက်ကို acetaldehyde
    သို့ ပြောင်းပစ်ရာ အဆိပ်ဖြစ်ပါတယ်။
  • 1:29 - 1:36
    ALDH အင်ဇိုင်းက အဆိပ် acetaldehyde မှ
    အဆိပ်မဟုတ်တဲ့ acetate သို့ ပြောင်းပေးတယ်။
  • 1:36 - 1:40
    သွေးဟာ ဆက်လည်ပတ်နေရာ အသည်းဟာ
    အရက်ကို ဆက်တိုက် ချေဖျက်ပါတယ်၊
  • 1:40 - 1:44
    ဒါပေမဲ့ ပထမအဆင့်မှ
    ချေဖျက်ခံလိုက်ရတဲ့ အရက်ကမှ
  • 1:44 - 1:47
    ဦးနှောက်နဲ့ အခြားကိုယ်တွင်း အင်္ဂါများဆီ
    ဘယ်လောက် ရောက်မှာကို ဆုံးဖြတ်ပေးပါတယ်။
  • 1:47 - 1:51
    ဦးနှောက်ရဲ့ ခံနိုင်စွမ်းကိုလိုက်ပြီး
    စိတ်ပိုင်း၊ သိမြင်မှု၊
  • 1:51 - 1:57
    ပြုမူပုံတို့အပေါ် အရက်ရဲ့ ဩဇာသက်ရောက်
    မှုကို အရက်မူးမှုလို့ ခေါ်ကြတာပါ။
  • 1:57 - 2:01
    အရက်ဟာ ဦးနှောက်ရဲ့ အဓိက ဘရိတ်ဖြစ်တဲ့
    neurotransmitter GABA ကို ဖွင့်ပေးလျက်
  • 2:01 - 2:05
    အဓိကဓာတ်ငွေ့ဖြစ်တဲ့ neurotransmitter
    glutamate ကို လျှော့ချပစ်ပါတယ်။
  • 2:05 - 2:09
    အဲဒီအချက်က အာရုံခံဆဲလ်တွေရဲ့ ဆက်သွယ်
    နိုင်စွမ်းကို နှိမ့်ချပစ်လို့
  • 2:09 - 2:13
    သုံးစွဲသူဟာ အသင့်အတင့် သောက်ထားရင်
    စိတ်ပြေလျော့သလို ခံစားရပြီး၊
  • 2:13 - 2:19
    သောက်တာ များလွန်းရင် အသက်ရှင်မှုဆိုင်ရာ
    ဦးနှောက် လုပ်ငန်းကို တားဆီးနိုင်ပါတယ်။
  • 2:19 - 2:22
    အရက်ဟာ ဦးနှောက်အလယ်ပိုင်းမှ
    nucleus accumben များ
  • 2:22 - 2:26
    အထိရှိကြတဲ့အာရုံခံဆဲလ်
    အုပ်စုလေးကို စေ့ဆော်ပေးတတ်ရာ
  • 2:26 - 2:28
    လှုံ့ဆော်စိတ်အတွက် အရေးကြီးတဲ့ နေရာပါ။
  • 2:28 - 2:30
    စွဲတတ်တဲ့ ဆေးဝါးတိုင်းလိုပဲ၊
  • 2:30 - 2:33
    အရက်ဟာ nucleus accumben များထဲကို
    dopamine ကို ပစ်သွင်းပေးတတ်ရာ
  • 2:33 - 2:36
    သုံးစွဲသူအား စိတ်ထဲ ပျော်ပါးသလို
    ခံစားစေပါတယ်။
  • 2:36 - 2:40
    ထို့အပြင် အရက်ဟာ တချို့အာရုံခံဆဲလ်များကို
    endorphin များကို ထုတ်လုပ်လာစေပါတယ်။
  • 2:40 - 2:45
    စိတ်ဖိစီးမှု ဒါမှမဟုတ် အန္တရာယ်ရှိချိန်မှာ
    Endorphin က ကျုပ်တို့ စိတ်ကိုငြိမ်စေပါတယ်။
  • 2:45 - 2:48
    endorphin တွေရဲ့ အဆင့်မြင့်မားမှုက
    အရက်သောက်မှုနဲ့ ဆက်စပ်နေပြီး
  • 2:48 - 2:51
    ဝမ်းသာပီတိ ဖြစ်မှုနဲ့
    စိတ်ပြေလျော့မှုကို ခံစားရစေပါတယ်။
  • 2:51 - 2:52
    နောက်ဆုံးမှာတော့၊
  • 2:52 - 2:56
    အသည်းကနေပြီး အရက်အား ချေဖျက်မှု ပမာဏက
    ဦး နှောက်ရဲ့ စုပ်ယူမှုထက် နည်းလာတာနဲ့
  • 2:56 - 2:58
    အရက်မူးမှုဟာ လွင့်စင်သွားတတ်ပါတယ်။
  • 2:58 - 3:01
    အဲဒီခရီး တစ်လျှောက်အလိုက် ရှိနိုင်တဲ့
    လူတစ်ဦးစီရဲ့ ကွဲပြားမှုက
  • 3:01 - 3:04
    အရက်မူးမှုကို ပိုစေ ဒါမှမဟုတ်
    နည်းစေနိုင်ပါတယ်။
  • 3:04 - 3:08
    ဥပမာ၊ အလေးချိန် တူတဲ့ အမျိုးသား တစ်ဦးနှင့်
    အမျိုးသမီးတစ်ဦး တူညီတဲ့ ပမာဏကို သောက်ကြရင်
  • 3:08 - 3:13
    တူညီတဲ့ အစားအစာကို စားနေတောင်မှ သွေးထဲ
    အရက်ပျော်ဝင်မှု
  • 3:13 - 3:15
    တနည်းအားဖြင့် BAC ဟာ ကွဲပြားကြမယ်၊။
  • 3:15 - 3:18
    အကြောင်းရင်းက အမျိုးသမီးတွေမှာ သွေးပမာဏ
    နည်းတတ်ပြီး
  • 3:18 - 3:20
    အမျိုးသမီးတွေဆီမှာ အဆီပါဝင်မှုလည်း
    ပိုများတတ်လို့
  • 3:20 - 3:22
    ကြွက်သားနဲ့စာရင်
    သွေးကို လျော့ပြီး လိုအပ်လို့ပါ။
  • 3:22 - 3:26
    သွေးပမာဏ နည်းပေမဲ့
    ပါ၀င်တဲ့ အရက်ပမာဏက တူတယ်ဆိုတော့၊
  • 3:26 - 3:29
    အမျိုးသမီးတွေဆီမှာ အရပ်ပျော်ဝင်မှု
    နှုန်းဟမျာ ပိုမြင့်မှာကို ဆိုလိုပါတယ်။
  • 3:29 - 3:35
    အရက်ကို ချေဖျက်ပေးတဲ့ အသည်း အင်ဇိုင်းများ
    ဆိုင်ရာ ဗီဇမတူမှုက BAC ကို သက်ရောက်တယ်။
  • 3:35 - 3:38
    ပုံမှန်သောက်သုံးသူဆီမှာ အရက်ကို
    ခံနိုင်ရည် ရှိလာလို့
  • 3:38 - 3:40
    အဲဒီအင်ဇိုင်းတွေကို
    တိုးပြီး ထုတ်လုပ်တတ်ပါတယ်။
  • 3:40 - 3:44
    ပြီးတော့ အရက်ကို အလွန်အကျွံ ရေရှည်
    သောက်လာသူတို့ဆီမှာ
  • 3:44 - 3:48
    အသည်းပျက်စီးလာနိုင်လို့
    ဆန့်ကျင်ဘက် အကျိုးသက်ရောက်နိုင်တယ်။
  • 3:48 - 3:52
    ယင်းအတောအတွင်းမှာ dopamine ထဲက
    မျိုးရိုးဗီဇကွဲပြားချက်တွေ၊ GABA နှင့်
  • 3:52 - 3:55
    endorphin စီးဆင်းမှုဟာ
    အရက်စွဲမှုဆိုင်ရာ
  • 3:55 - 3:57
    ပြဿနာတွေ ပေါ်ပေါက်လာမှာ စိုးရပါတယ်။
  • 3:57 - 4:00
    သဘာဝအလျောက် endorphin ဒါမှမဟုတ် dopamine
    နည်းပြီး ရှိကြသူတို့ဟာ အရက်ကို
  • 4:00 - 4:02
    သောက်ရာတွင် မိမိကိုမိမိ
    ထိန်းချုပ်နိုင်ကြတယ်။
  • 4:02 - 4:05
    တချို့လူတွေကျတော့ endorphin
    တုံ့ပြန်နိုင်စွမ်း မြင့်မားလို့
  • 4:05 - 4:09
    အရက်ကြောင့် စိတ်ထဲပျော်ရွှင်သလို
    ခံစားရမှုကို မြှင့်တင်ပေးနိုင်တာမို့လို့
  • 4:09 - 4:11
    အရက်ကို အလွန်အကျွံ စွဲလာမယ့်
    အန္တရာယ် ရှိပါတယ်။
  • 4:11 - 4:13
    တချို့သူတို့ရဲ့ GABA စီးဆင်းမှုဟာ
    တမျိုးဖြစ်တတ်လို့
  • 4:13 - 4:17
    သူတို့ဟာ အရက်ရဲ့ စိတ်ငြိမ်စေရေး သက်ရောက်
    မှုကို အထူးခံစားတတ်သူ ဖြစ်လာစေလို့
  • 4:17 - 4:21
    အရက်ကို စည်းမဲ့ကမ်းမဲ့ သောက်လာနိုင်မယ့်
    အန္တရာယ် ရှိလာမှာ စိုးရပါတယ်။
  • 4:21 - 4:26
    တစ်ချိန်တည်းမှ ဦး နှောက်ဟာ ရေရှည်
    အရက်သောက်မှုကြောင့် GABA၊
  • 4:26 - 4:30
    dopamine နဲ့ endorphin စီးဆင်းမှု နည်းလျက်
    glutamate လှုပ်ရှားမှုကို မြှင့်ပေးတယ်။
  • 4:30 - 4:34
    ပုံမှန်သောက်သူတို့ဟာ သောကများတတ်ပြီး
    အိပ်မပျော်မှု ပြဿနာ ရှိနိုင်ကာ
  • 4:34 - 4:37
    စိတ်ပျော်ရွှင်မှုကို ခံစားနိုင်စွမ်း
    နည်းလာနိုင်ကြတယ်။
  • 4:37 - 4:41
    ခန္ဓာကိုယ်နဲ့ လုပ်ကိုင်နိုင်စွမ်း ပြောင်း
    လဲမှုတွေက စည်းမဲ့ သောက်မှုဆီ တွန်းပို့လျက်
  • 4:41 - 4:45
    အရက်သောက်မှ ပုံမှန်လို ခံစားရပြီး
    မသောက်ရရင် မနေတတ်မထိုင်တတ် ဖြစ်တတ်လျက်
  • 4:45 - 4:48
    အဲဒီ သံသရာထဲက ထွက်မရနိုင်တော့ပါ။
  • 4:48 - 4:53
    ဒီတော့ လူတစ်ဦးရဲ့ အရက်ဆိုင်ရာ ပြုမူပုံဟာ
    မျိုးရိုးဗီဇနဲ့ ဘဝအတွေ့အကြုံနဲ့ ဆက်စပ်လျက်
  • 4:53 - 4:56
    လူတချို့ဟာ အခြားသူတွေနဲ့ ယှဉ်ပြောရပါက
  • 4:56 - 4:58
    အရက်သောက်ပုံ သောက်နည်း မတူကွဲပြားနိုင်သလို
  • 4:58 - 5:03
    ကြာရှည်စွာ သောက်သုံးမှုက အာရုံကြောဆိုင်ရာ
    နဲ့ ပြုမူပုံကို ပြောင်းလဲပစ်နိုင်ပါတယ်။
Title:
အရက်ကြောင့် ကျုပ်တို့ အရက်မူးရတာ ဘာကြောင့်လဲ - Judy Grisel
Speaker:
Judy Grisel
Description:

သင်ခန်းစာ အပြည့်ကို ကြည့်ရန်- https://ed.ted.com/lessons/how-does-alcohol-make-you-drunk-judy-grisel

အီသနော ဆိုတဲ့ မော်လီကျူးကို သေးငယ်ကြတဲ့ ကာဗွန်အက်တမ် အနည်းငယ်ဖြင့် ပြုလုပ်ထားပြီး ၎င်းဟာ အရက်မူးမှုနဲ့ သက်ဆိုင်ပါတယ်။ မကြာခဏဆိုသလို အရက်လို ခေါ်လေ့ရှိကြတဲ့ အီသနောဟာ အရက်ယမကာများထဲက အဓိကပါဝင်ပစ္စည်းပါ။ အရက်ဟာ ဘာဖြစ်လို့ မူးလာစေတာလဲ၊ ပြီးတော့ လူအမျိုးမျိုးအပေါ် သက်ရောက်ပုံ ဘာဖြစ်လို့ များစွာမှ ကွဲပြားရတာလဲ။ Judy Grisel ဟာ အဲဒါကို ရှင်းပြန်ဖို့ ခန္ဓာကိုယ် တလျှောက် စူးစမ်းလေ့လာခဲ့ပါတယ်။

Judy Grisel ရဲ့ သင်ခန်းစာကို Anton Bogaty မှ စီစဉ်ရိုက်ကူးပေးထားပါတယ်။

more » « less
Video Language:
English
Team:
closed TED
Project:
TED-Ed
Duration:
05:04

Burmese subtitles

Revisions