WEBVTT 00:00:07.014 --> 00:00:12.249 အီသနော ဆိုတဲ့ မော်လီကျူးကို သေးငယ်ကြတဲ့ ကာဗွန်အက်တမ် အနည်းငယ်ဖြင့် ပြုလုပ်ထားပြီး 00:00:12.249 --> 00:00:15.089 အရက်မူးခြင်းရဲ့ အကြောင်းရင်းပါ။ 00:00:15.089 --> 00:00:17.750 မကြာခဏဆိုသလို အရက်လို ခေါ်လေ့ရှိကြတဲ့ 00:00:17.750 --> 00:00:20.510 အီသနောဟာ အရက်ယမကာများထဲက အဓိကပါဝင်ပစ္စည်းပါ။ 00:00:20.510 --> 00:00:23.840 ၎င်းရဲ့ ရိုးရှင်းမှုကြောင့် အမြှေးပါးတွေထဲ စိမ့်ဝင်နိုင်စွမ်းရှိပြီး 00:00:23.840 --> 00:00:26.160 ချောင်ချိုချောင်ကြား အများအပြားထဲမှာ နေရာယူလျက် 00:00:26.160 --> 00:00:31.369 အခြားသော မော်လီကျူးများနဲ့ ယှဉ်ကြည့်ရင် ကျယ်ပြန့်တဲ့ သက်ရောက်မှု ရှိနိုင်ပါတယ်။ 00:00:31.369 --> 00:00:33.979 အရက်ဟာ ဘာဖြစ်လို့ မူးလာစေတာလဲ၊ 00:00:33.979 --> 00:00:37.870 ပြီးတော့ လူအမျိုးမျိုးအပေါ် သက်ရောက်ပုံ ဘာဖြစ်လို့ များစွာမှ ကွဲပြားရတာလဲ။ 00:00:37.870 --> 00:00:40.058 အဲဒီလို မေးခွန်းတွေကို ဖြေပေးရန်၊ 00:00:40.058 --> 00:00:43.905 ကျုပ်တို့ဟာ အရက်က ခန္ဓာကိုယ်ထဲ ဖြတ်သန်း သွားပုံကို လေ့လာကြည့်ရပါမယ်။ 00:00:43.905 --> 00:00:47.293 အရက်ဟာ အစာအိမ်ထဲ ရောက်တာနဲ့ အစာချေရေး လမ်းကြောင်းမှတစ်ဆင့် 00:00:47.293 --> 00:00:50.910 အထူးသဖြင့်အူသိမ်းမှတစ်ဆင့် သွေးထဲ ရောက်ရှိသွားပါတယ်။ 00:00:50.910 --> 00:00:53.820 ထမင်းစားပြီးသွားတာနဲ့ အစာအိမ်နဲ့ အူသိမ်းကို ပိုင်းခြားထားတဲ့ 00:00:53.820 --> 00:00:57.563 pyloric sphincter က ပိတ်သွားတာမို့လို့၊ အစာအိမ်ထဲမှာ ရှိနေတဲ့ အရာတွေဟာ 00:00:57.563 --> 00:01:00.851 အရက်ရဲ့ လုပ်နိုင်စွမ်းအပေါ် သက်ရောက်မှု ရှိပါတယ်။ 00:01:00.851 --> 00:01:04.693 အဲဒါကြောင့် ထမင်းတဝကြီး စားပြီးလို့ အရက် သောက်လိုက်ရင် သွေးထဲပါဝင်မှုအဆင့်ဟာ 00:01:04.693 --> 00:01:09.066 ဘာမှမရှိတဲ့ အစာအိမ်ထဲ သောက်လိုက်တဲ့ အရက်နဲ့စာရင် လေးပုံတစ်ပုံမျှသာ ရှိမှာပါ။ 00:01:09.066 --> 00:01:11.756 သွေးထဲမှနေပြီး အရက်ဟာ ကိုယ်တွင်းအင်္ဂါများဆီသို့၊ 00:01:11.756 --> 00:01:14.073 အထူးသဖြင့် သွေးအများဆုံး စီးဆင်းကြတဲ့ 00:01:14.073 --> 00:01:16.673 အသည်းနှင့် ဦးနှောက်ဆီကို သွားပါတယ်။ 00:01:16.673 --> 00:01:19.583 ၎င်းဟာ အသည်းဆီ ပထမဦးဆုံး ရောက်သွားပြီး အသည်းထဲက အင်ဇိုင်းတွေဟာ 00:01:19.583 --> 00:01:22.953 အရက်မော်လီကျူးကို အဆင့်နှစ်ဆင့်ဖြင့် ဖြိုခွင်းပစ်ပါတယ်။ 00:01:22.953 --> 00:01:29.427 ဦးစွာ ADH အင်ဇိုင်းက အရက်ကို acetaldehyde သို့ ပြောင်းပစ်ရာ အဆိပ်ဖြစ်ပါတယ်။ 00:01:29.427 --> 00:01:36.090 ALDH အင်ဇိုင်းက အဆိပ် acetaldehyde မှ အဆိပ်မဟုတ်တဲ့ acetate သို့ ပြောင်းပေးတယ်။ 00:01:36.090 --> 00:01:40.210 သွေးဟာ ဆက်လည်ပတ်နေရာ အသည်းဟာ အရက်ကို ဆက်တိုက် ချေဖျက်ပါတယ်၊ 00:01:40.210 --> 00:01:43.516 ဒါပေမဲ့ ပထမအဆင့်မှ ချေဖျက်ခံလိုက်ရတဲ့ အရက်ကမှ 00:01:43.516 --> 00:01:47.269 ဦးနှောက်နဲ့ အခြားကိုယ်တွင်း အင်္ဂါများဆီ ဘယ်လောက် ရောက်မှာကို ဆုံးဖြတ်ပေးပါတယ်။ 00:01:47.269 --> 00:01:51.199 ဦးနှောက်ရဲ့ ခံနိုင်စွမ်းကိုလိုက်ပြီး စိတ်ပိုင်း၊ သိမြင်မှု၊ 00:01:51.199 --> 00:01:56.623 ပြုမူပုံတို့အပေါ် အရက်ရဲ့ ဩဇာသက်ရောက် မှုကို အရက်မူးမှုလို့ ခေါ်ကြတာပါ။ 00:01:56.623 --> 00:02:01.360 အရက်ဟာ ဦးနှောက်ရဲ့ အဓိက ဘရိတ်ဖြစ်တဲ့ neurotransmitter GABA ကို ဖွင့်ပေးလျက် 00:02:01.360 --> 00:02:05.451 အဓိကဓာတ်ငွေ့ဖြစ်တဲ့ neurotransmitter glutamate ကို လျှော့ချပစ်ပါတယ်။ 00:02:05.451 --> 00:02:08.631 အဲဒီအချက်က အာရုံခံဆဲလ်တွေရဲ့ ဆက်သွယ် နိုင်စွမ်းကို နှိမ့်ချပစ်လို့ 00:02:08.631 --> 00:02:13.375 သုံးစွဲသူဟာ အသင့်အတင့် သောက်ထားရင် စိတ်ပြေလျော့သလို ခံစားရပြီး၊ 00:02:13.375 --> 00:02:19.330 သောက်တာ များလွန်းရင် အသက်ရှင်မှုဆိုင်ရာ ဦးနှောက် လုပ်ငန်းကို တားဆီးနိုင်ပါတယ်။ 00:02:19.330 --> 00:02:22.100 အရက်ဟာ ဦးနှောက်အလယ်ပိုင်းမှ nucleus accumben များ 00:02:22.100 --> 00:02:25.574 အထိရှိကြတဲ့အာရုံခံဆဲလ် အုပ်စုလေးကို စေ့ဆော်ပေးတတ်ရာ 00:02:25.574 --> 00:02:28.164 လှုံ့ဆော်စိတ်အတွက် အရေးကြီးတဲ့ နေရာပါ။ 00:02:28.164 --> 00:02:29.854 စွဲတတ်တဲ့ ဆေးဝါးတိုင်းလိုပဲ၊ 00:02:29.854 --> 00:02:32.944 အရက်ဟာ nucleus accumben များထဲကို dopamine ကို ပစ်သွင်းပေးတတ်ရာ 00:02:32.944 --> 00:02:36.004 သုံးစွဲသူအား စိတ်ထဲ ပျော်ပါးသလို ခံစားစေပါတယ်။ 00:02:36.004 --> 00:02:40.356 ထို့အပြင် အရက်ဟာ တချို့အာရုံခံဆဲလ်များကို endorphin များကို ထုတ်လုပ်လာစေပါတယ်။ 00:02:40.356 --> 00:02:44.566 စိတ်ဖိစီးမှု ဒါမှမဟုတ် အန္တရာယ်ရှိချိန်မှာ Endorphin က ကျုပ်တို့ စိတ်ကိုငြိမ်စေပါတယ်။ 00:02:44.566 --> 00:02:47.714 endorphin တွေရဲ့ အဆင့်မြင့်မားမှုက အရက်သောက်မှုနဲ့ ဆက်စပ်နေပြီး 00:02:47.714 --> 00:02:51.104 ဝမ်းသာပီတိ ဖြစ်မှုနဲ့ စိတ်ပြေလျော့မှုကို ခံစားရစေပါတယ်။ 00:02:51.104 --> 00:02:51.970 နောက်ဆုံးမှာတော့၊ 00:02:51.970 --> 00:02:55.776 အသည်းကနေပြီး အရက်အား ချေဖျက်မှု ပမာဏက ဦး နှောက်ရဲ့ စုပ်ယူမှုထက် နည်းလာတာနဲ့ 00:02:55.776 --> 00:02:57.646 အရက်မူးမှုဟာ လွင့်စင်သွားတတ်ပါတယ်။ 00:02:57.646 --> 00:03:00.616 အဲဒီခရီး တစ်လျှောက်အလိုက် ရှိနိုင်တဲ့ လူတစ်ဦးစီရဲ့ ကွဲပြားမှုက 00:03:00.616 --> 00:03:03.806 အရက်မူးမှုကို ပိုစေ ဒါမှမဟုတ် နည်းစေနိုင်ပါတယ်။ 00:03:03.806 --> 00:03:07.846 ဥပမာ၊ အလေးချိန် တူတဲ့ အမျိုးသား တစ်ဦးနှင့် အမျိုးသမီးတစ်ဦး တူညီတဲ့ ပမာဏကို သောက်ကြရင် 00:03:07.846 --> 00:03:12.781 တူညီတဲ့ အစားအစာကို စားနေတောင်မှ သွေးထဲ အရက်ပျော်ဝင်မှု 00:03:12.781 --> 00:03:14.731 တနည်းအားဖြင့် BAC ဟာ ကွဲပြားကြမယ်၊။ 00:03:14.731 --> 00:03:17.656 အကြောင်းရင်းက အမျိုးသမီးတွေမှာ သွေးပမာဏ နည်းတတ်ပြီး 00:03:17.656 --> 00:03:20.056 အမျိုးသမီးတွေဆီမှာ အဆီပါဝင်မှုလည်း ပိုများတတ်လို့ 00:03:20.056 --> 00:03:22.466 ကြွက်သားနဲ့စာရင် သွေးကို လျော့ပြီး လိုအပ်လို့ပါ။ 00:03:22.466 --> 00:03:25.816 သွေးပမာဏ နည်းပေမဲ့ ပါ၀င်တဲ့ အရက်ပမာဏက တူတယ်ဆိုတော့၊ 00:03:25.816 --> 00:03:29.356 အမျိုးသမီးတွေဆီမှာ အရပ်ပျော်ဝင်မှု နှုန်းဟမျာ ပိုမြင့်မှာကို ဆိုလိုပါတယ်။ 00:03:29.356 --> 00:03:34.908 အရက်ကို ချေဖျက်ပေးတဲ့ အသည်း အင်ဇိုင်းများ ဆိုင်ရာ ဗီဇမတူမှုက BAC ကို သက်ရောက်တယ်။ 00:03:34.908 --> 00:03:37.938 ပုံမှန်သောက်သုံးသူဆီမှာ အရက်ကို ခံနိုင်ရည် ရှိလာလို့ 00:03:37.938 --> 00:03:40.103 အဲဒီအင်ဇိုင်းတွေကို တိုးပြီး ထုတ်လုပ်တတ်ပါတယ်။ 00:03:40.103 --> 00:03:43.693 ပြီးတော့ အရက်ကို အလွန်အကျွံ ရေရှည် သောက်လာသူတို့ဆီမှာ 00:03:43.693 --> 00:03:48.252 အသည်းပျက်စီးလာနိုင်လို့ ဆန့်ကျင်ဘက် အကျိုးသက်ရောက်နိုင်တယ်။ 00:03:48.252 --> 00:03:52.092 ယင်းအတောအတွင်းမှာ dopamine ထဲက မျိုးရိုးဗီဇကွဲပြားချက်တွေ၊ GABA နှင့် 00:03:52.092 --> 00:03:54.723 endorphin စီးဆင်းမှုဟာ အရက်စွဲမှုဆိုင်ရာ 00:03:54.723 --> 00:03:56.653 ပြဿနာတွေ ပေါ်ပေါက်လာမှာ စိုးရပါတယ်။ 00:03:56.653 --> 00:04:00.084 သဘာဝအလျောက် endorphin ဒါမှမဟုတ် dopamine နည်းပြီး ရှိကြသူတို့ဟာ အရက်ကို 00:04:00.084 --> 00:04:02.194 သောက်ရာတွင် မိမိကိုမိမိ ထိန်းချုပ်နိုင်ကြတယ်။ 00:04:02.194 --> 00:04:05.183 တချို့လူတွေကျတော့ endorphin တုံ့ပြန်နိုင်စွမ်း မြင့်မားလို့ 00:04:05.183 --> 00:04:08.683 အရက်ကြောင့် စိတ်ထဲပျော်ရွှင်သလို ခံစားရမှုကို မြှင့်တင်ပေးနိုင်တာမို့လို့ 00:04:08.683 --> 00:04:10.953 အရက်ကို အလွန်အကျွံ စွဲလာမယ့် အန္တရာယ် ရှိပါတယ်။ 00:04:10.953 --> 00:04:13.333 တချို့သူတို့ရဲ့ GABA စီးဆင်းမှုဟာ တမျိုးဖြစ်တတ်လို့ 00:04:13.333 --> 00:04:17.133 သူတို့ဟာ အရက်ရဲ့ စိတ်ငြိမ်စေရေး သက်ရောက် မှုကို အထူးခံစားတတ်သူ ဖြစ်လာစေလို့ 00:04:17.133 --> 00:04:20.873 အရက်ကို စည်းမဲ့ကမ်းမဲ့ သောက်လာနိုင်မယ့် အန္တရာယ် ရှိလာမှာ စိုးရပါတယ်။ 00:04:20.873 --> 00:04:25.575 တစ်ချိန်တည်းမှ ဦး နှောက်ဟာ ရေရှည် အရက်သောက်မှုကြောင့် GABA၊ 00:04:25.575 --> 00:04:30.423 dopamine နဲ့ endorphin စီးဆင်းမှု နည်းလျက် glutamate လှုပ်ရှားမှုကို မြှင့်ပေးတယ်။ 00:04:30.423 --> 00:04:34.413 ပုံမှန်သောက်သူတို့ဟာ သောကများတတ်ပြီး အိပ်မပျော်မှု ပြဿနာ ရှိနိုင်ကာ 00:04:34.413 --> 00:04:37.113 စိတ်ပျော်ရွှင်မှုကို ခံစားနိုင်စွမ်း နည်းလာနိုင်ကြတယ်။ 00:04:37.113 --> 00:04:41.103 ခန္ဓာကိုယ်နဲ့ လုပ်ကိုင်နိုင်စွမ်း ပြောင်း လဲမှုတွေက စည်းမဲ့ သောက်မှုဆီ တွန်းပို့လျက် 00:04:41.103 --> 00:04:45.053 အရက်သောက်မှ ပုံမှန်လို ခံစားရပြီး မသောက်ရရင် မနေတတ်မထိုင်တတ် ဖြစ်တတ်လျက် 00:04:45.053 --> 00:04:47.587 အဲဒီ သံသရာထဲက ထွက်မရနိုင်တော့ပါ။ 00:04:47.587 --> 00:04:53.333 ဒီတော့ လူတစ်ဦးရဲ့ အရက်ဆိုင်ရာ ပြုမူပုံဟာ မျိုးရိုးဗီဇနဲ့ ဘဝအတွေ့အကြုံနဲ့ ဆက်စပ်လျက် 00:04:53.333 --> 00:04:55.543 လူတချို့ဟာ အခြားသူတွေနဲ့ ယှဉ်ပြောရပါက 00:04:55.543 --> 00:04:58.247 အရက်သောက်ပုံ သောက်နည်း မတူကွဲပြားနိုင်သလို 00:04:58.247 --> 00:05:02.847 ကြာရှည်စွာ သောက်သုံးမှုက အာရုံကြောဆိုင်ရာ နဲ့ ပြုမူပုံကို ပြောင်းလဲပစ်နိုင်ပါတယ်။