-
New York၊ Suffolk County မှာ အရေးပေါ်
စောင့်ရှောက်မှု EMT လုပ်တာ ၇ နှစ်ရှိပါပြီ
-
ယဉ်မတော်တဆမှု ကနေ
Sandy မုန်တိုင်းအထိ များပြားလှတဲ့
-
ဖြစ်ရပ်တွေမှာ
ပထမဆုံးတုံ့ပြန်ရသူ ဖြစ်ဖူးပါတယ်
-
အများစုလိုပဲဆိုရင် သေခြင်းဟာခင်ဗျားရဲ့
-
အကြီးမားဆုံး ကြောက်စရာတစ်ခု
ဖြစ်ကောင်းဖြစ်မှာပါ
-
တစ်ချို့က အဲဒါလာနေတာကို မြင်လိမ့်မယ်
-
တစ်ချို့ကျတော့ မမြင်ဘူးပေါ့
-
ဆေးဖက်ဆိုင်ရာဝေါဟာရ "သေမည့်ဆဲဆဲ"
အခြေအနေနဲ့ ပတ်သက်ပြီး
-
မှတ်တမ်းပြုစုထားမှု မရှိသလောက်ပါ။
-
အရိပ်အခြည်လောက်ပါပဲ။
-
အခြားဟာတွေလိုပဲ
ဒီအရိပ်လက္ခဏာကို တုံ့ပြန်ဖို့
-
ဆေးဖက်ဝန်ထမ်းဖြစ်တာမို့
ကျင့်သားရထားသူပါ
-
နှလုံးရောဂါရှိသူက ကျွန်တော့ကိုကြည့်ပြီး
-
"ကျွန်တော် ဒီနေ့ သေတော့မှာလား"လို့မေးတော့
-
လူနာရဲ့အခြေအနေကို
ပြန်ချင့်တွက်ဖို့ ကျင့်သားရနေပြီ
-
ကျွန်တော့ အလုပ်သက်တမ်းတ စ်လျှောက်မှာ
-
မိနစ်ပိုင်းလောက်ပဲ အသက်ရှင်နိုင်မယ့်
သူတွေအတွက်
-
ကျွန်တော်ဘာမှမတတ်နိူင်တော့တဲ့
-
လူနာတွေ အများအပြားကို တုံ့ပြန်ရခဲ့ဖူးတယ်။
-
အဲဒါက ဘေးကျပ်နံကျပ်ဖြစ်စရာ ကိ္စစတစ်ခုပါပဲ။
-
သေခါနီးလူနာကို သေရတော့မယ်လို့ ပြောရမလား၊
-
ဒါမှမဟုတ် သူတို့ကိုနှစ်သိမ့်ဖို့
ညာပြောရမလား
-
အလုပ် အစပိုင်းတုန်းကတော့
ဒီဘေးကျပ်နံကျပ်ကိစ္စမျိုးကို
-
လိမ်ပြောပြီးတော့
-
ရင်ဆိုင်မိခဲ့ပါတယိဗျာ။
-
သူတို့ကို အမှန်ပြောပြလိုက်ရင် သူတို့တွေ
-
ကြောက်ရွံ့ထိတ်လန့်ပြီး
ဘဝရဲ့နောက်ဆုံး ကာလတွေကို
-
ဆုပ်ကိုင်ရင်း
သေသွားမှာကို စိုးရွံ့မိခဲ့တယ်။
-
အဖြစ်အပျက်တစ်ခုကြောင့်
အဲဒါ ပြောင်းလဲသွားခဲ့ပါတယ်။
-
လွန်ခဲ့တဲ့၅နှစ်က
ဆိုင်ကယ်တိုက်မှုတစ်ခုကို တုံ့ပြန်ခဲ့ရတယ်။
-
စီးသူကအရမ်းဆိုးဝါးတဲ့
ဒဏ်ရာတွေကို ခံစားနေခဲ့ရတာပါ
-
သူ့ကိုတွက်ကြည့်လိုက်တော့ သူ့အတွက်
-
ဘာမှ လုပ်မပေးနိူင်တာ သဘောပေါက်လိုက်တယ်။
-
အခြားများစွာသော ဖြစ်စဉ်တွေလိုပါပဲ
သူက ကျွန်တော့ မျက်လုံးဆီကိုကြည့်ပြီး
-
ဒီမေးခွန်းမေးတယ်
"ကျွန်တော်သေတော့မှာလား" တဲ့
-
ဒီအခိုက်မှာ တစ်မျိုးတစ်ဖုံ
လုပ်ကိုင်ဖို့ ကျွန်တော် ဆုံးဖြတ်လိုက်တယ်
-
သူ့ကို အမှန်အတိုင်း ပြောပြဖို့ပါ။
-
သူ့ကို အမှန်အတိုင်း ပြောပြဖို့
ဆုံးဖြတ်လိုက်ကာ သူဟာသေတော့မယ်
-
သူ့အတွက် ကျွှန်တော်ဘာမှ
လုပ်မပေးနိူင်တော့ဘူးလို့ပါ
-
သူရဲ့တုံ့ပြန်မှုက ကျွန်တော့ကို
ချောက်ခြားသွားစေခဲ့ပါတယ်
-
သူဟာ နောက်ကို လှဲချလိုက်ပြီး
-
သူ့မျက်နှာပြင်ကျတော့
လက်ခံတဲ့ပုံမျိုး ပေါက်နေတယ်
-
သူကြည့်ရတာ ကျွန်တော် ထင်မှတ်နေခဲ့တဲ့
-
ကြောက့်ရွံမှု ဒါမှမဟုတ် ခြောက်ြခားမှုတွေ
သူမရင်ဆိုင်ခဲ့ရပါဘူး။
-
သူဟာ လှဲနေခဲ့တယ်
သူ့မျက်လုံးတွေကို ကြည့်လိုက်တော့
-
အတွင်းစိတ်ငြိမ်းချမ်းမှုနဲ့
လက်ခံမှုကိုတွေ့လိုက်ရတယ်
-
ဒီနောက်မှာ သေခါနီးလူကို အလိမ်အညာတွေနဲ့
-
အဲဒီအချိန်ကစလို့ ဖြေသိမ့်ဖို့ဟာ ကျွန်တော့
အလုပ်မဟုတ်ဘူးလို့ ဆုံးဖြတ်လိုက်တယ်။
-
နောက်ဆုံးကာလထဲမှာ ရှိနေကြတဲ့လူနာတွေကို၊
-
အဲဒီနောက်ပိုင်းမှာ အလားတူအဖြစ်မျိုးတွေကို
တုံ့ပြန်လာခဲ့ရရာ
-
သူတို့အတွက် ကျွန်တော် ဘာမှမတတ်နိူင်တဲ့
အချိန်မျိုးမှာ
-
ဖြစ်စဉ်အားလုံးနီးပါးတိုင်းထဲမှာ
-
သူတို့အားလုံးက အမှန်တရားကို
တုံ့ပြန်မှုကတော့ အတူတူပါပဲ
-
အတွင်းစိတ်ငြီမ်းချမ်းခြင်းနဲ့ လက်ခံခြင်းပါ
-
တကယ်တော့ ဒီဖြစ်စဉ်တွေမှာ
-
ကျွန်တော် သတိထားမိတဲ့ ပုံစံ ၃ မျိုးရှိပါတယ်။
-
ပထမပုံစံက ကျွန်တော့ကို အမြဲထိတ်လန့်စေပါတယ်
-
ဘာသာရေးယုံကြည်မှု (ဝါ)
ယဉ်ကျေးမူနောက်ခံ ဘယ်လိုပဲရှိရှိ
-
ခွင့်လွတ်ပေးချင်တဲ့ လိုအပ်ချက်
တစ်ရပ်ရှိပါတယ်
-
ဒါကို ဒုစရိက်ပဲခေါ်ခေါ်
-
ဒါမှမဟုတ် နောင်တရမှု ဆိုဆို
-
သူတို့ရဲ့အပြစ်မျိုးကို
နေရာတိုင်းမှာ တွေ့နိုင်တယ်။
-
တစ်ခါက နှလုံးရောဂါ အကြီးအကျယ်ဖြစ်နေတဲ့
-
သက်ကြီး လူကြီးလူကောင်းတစ်ယောက်ကို
ပြုစုစောင့်ရှောက်ခဲ့ဖူးတယ်
-
သူ့ရဲ့ဖြစ်အံ့ဆဲ နှလုံးရပ်တန့်မှုအတွက်
-
ကိုယ့်ကိုယ်ကိုနဲ့
ကိရိယာတွေကို ပြင်ဆင်နေတုန်း
-
လူနာအား ရင်ဆိုင်ရတော့မယ့်သေခြင်း
အကြောင်းကို စပြောမိလိုက်တယ်
-
ကျွန်တော့ အသံအနေအထားနဲ့ ကိုယ်ဟန်
အမူအရာအရ သူကသိနေပါပြီ
-
သူ့ရင်ဘတ်ပေါ် နှလုံးရှော့ရိုက်တဲ့
အပြားကို တင်ပေးလိုက်ကာ
-
နောက်ဖြစ်လာမယ့်ဟာကို ပြင်ဆင်နေစဉ်
-
ကျွန်တော့မျက်လုံးကိုကြည့်ပြီး
သူပြောလိုက်တာက
-
"အချိန်ကို ကိုယ့်အတွက် သုံးခဲ့မှုအစား
-
ငါ့မြေးလေးတွေ၊ သားလေးတွေနဲ့ ပိုပြီး
ကုန်ဆုံးချင်လိုက်တာ" တဲ့လေ
-
ရှောင်လွဲမရနိုင်တဲ့
သေခြင်းတရားနဲ့ ရင်ဆိုင်လိုက်ရတော့
-
သူလိုချင်တာက ခွင့်လွတ်မှုပါပဲ။
-
ကျွန်တော်လေ့လာမိတဲ့ ဒုတိယပုံစံကတော့
-
သတိရမှုအတွက် လိုအပ်ချက်ပါ။ ။
-
ကျွန်တော့အတွေးထဲမှာ သတိရဖို့ပဲဖြစ်ဖြစ်
-
သူတို့ချစ်တဲ့လူတွေရဲ့
အတွေးများထဲမှာဖြစ်ဖြစ်
-
သူတို့ဆက်ပြီး ရှင်သန်နေဦးမှာကို
ခံစားမိဖို့လိုပါတယ်။
-
သူတို့ချစ်ကြသူတွေရဲ့ ၊ ဒါမှမဟုတ်
ကျွန်တော်ကိုယ်တိုင်၊ ကျွန်တော့အဖွဲ့သားတွေရဲ့
-
နှလုံးသားတွေထဲမှာ၊ အတွေးတွေထဲမှာ
-
သူတို့ ထာဝရ အသက်ရှင်လျက် ရှိနေမှာကို
သူတို့ လိုအပ်ပါတယ်။
-
ကျွန်တော့မျက်လုံးတွေကိုကြည့်ပြီး
"ကျုပ်ကို သတိရမှာလား"လို့
-
မေးတဲ့ လူနာကို ကျွန်တော့မှာ
ကြုံတွေ့ခဲ့ရတာ အကြိမ်ကြိမ်ပါပဲ။
-
လေ့လာမိတဲ့
နောက်ဆုံးပုံစံကတော့ ကျွန်တော့ကို
-
နှလုံးသားကို အသဲကို အနက်ရှိုင်းဆုံး
ထိခိုက်စေခဲ့ပါတယ်
-
သေခါနီးလူတွေဟာ သူတို့ဘဝဟာ
အဓိပ္ပါယ်ရှိခဲ့တာကို သိဖို့လိုပါတယ်
-
အဓိပ္ပါယ်မဲ့ လုပ်ရပ်တွေမှာ သူတို့ဘဝ
မဖြုန်းတီးခဲ့ဘူး
-
ဆိုတာကို သိဖို့လိုပါတယ်
-
အဲဒါကိုတော့ ကျွန်တော့အလုပ်သက်တမ်း
ခပ်စောစောပိုင်းမှာ နားလည်လာခဲ့တာပါ
-
ဖုန်းခေါ်လာတာ တစ်ခုကိုဖြေလိုက်တယ်။
-
ကားတစ်စီးထဲမှာ အပြင်းအထန်
ပိညှပ်ခံနေရတဲ့
-
အသက် ၅၀ နှောင်းပိုင်း မိန်းမတစ်ယောက်ပါ။
-
သူမဟာ မြင့်မားတဲ့အဟုန်နဲ့
ဘေးမှ အတိုက်ခံခဲ့ရတာပါ
-
သေရေးရှင်ရေး ပြင်းထန်လှတဲ့
အခြေအနေမှာပါ။
-
သူမကို မီးသတ်ဌာနက ကားထဲကဆွဲထုတ်တုန်း၊
-
ကျွန်တော် သူ့ကိုစပြီးပြုစုဖိဖို့
အထဲကို ဝင်လိုက်တယ်။
-
ကျွန်တော်တို့ စကားပြောတုန်း
သူမပြောလိုက်တာက
-
"ကျွန်မ ဘဝမှာလုပ်ချင်တာတွေ
အများကြီးရှိသေးတယ်" တဲ့
-
ကမ္ဘာပေါ်မှာ သူမရဲ့အမှတ်အသား
မချန်ခဲ့ရသေးဘူးလို့ ခံစားနေရတယ်။
-
နောက်ထပ်ပြီး ပြောတော့ သူမဟာ
-
မွေးစာကလေး၂ယောက်ရဲ့ အမေဖြစ်နေတယ်။
-
၂ယောက်စလုံးက ဆေးကျောင်း တက်တော့မှာလေ။
-
သူမသာ မရှိခဲ့ရင်
-
အဲဒီကလေး၂ယောက် ဆေးကျောင်းကို
-
တက်နိင်ခဲ့လို့ ဆရာဝန်တွေအဖြစ်နဲ့
-
အသက်တွေကို ကယ်နိူင်ခဲ့မှာ မဟုတ်ဘူးလေ။
-
သူမကို ကားထဲက ဆွဲထုတ်ဖို့
-
၄၅ မိနစ်ကြာခဲ့တယ်။
-
ဒါပေမဲ့ သူမကို မထုတ်နိုင်သေးခင်
ဆုံးသွားခဲ့တယ်။
-
ရုပ်ရှင်တွေထဲမှာ ခင်ဗျားတို့လည်း
တွေ့မြင်ခဲ့ကြမှာ ဆိုတာယုံပါတယ်
-
အပြင်းအထန်ထိတ်လန့်ရတဲ့
အဲဒီနောက်ဆုံးကာလတွေမျိုး
-
မြင်ခဲ့ကြရမှာပါ။
-
ကျွန်တော်နားလည်လိုက်တာက
အခြေအနေတွေက ဘယ်လိုပဲဖြစ်ဖြစ်
-
အများအားဖြင့် ငြိမ်းချမ်းခြင်းနဲ့
လက်ခံခြင်းကို တွေ့ရပါတယ်၊
-
ဒါက မပြောပလောက်တာလေးတွေ၊
မပြောပလေက်တဲ့ ကာလလေးတွေပါ။
-
လောကထဲကို ခင်ဗျားယူလာတဲ့
မဖြစ်စလောက်လေးတွေဟာ ခင်ဗျားကို
-
ဒီနောက်ဆုံး တဒင်္ဂလေးတွေမှာ
ငြိမ်းချမ်းမှုကို ပေးတယ်ဆိုတာပါ။
-
ကျေးဇူးတင်ပါတယ်
-
(လက်ခုပ်သံများ)