< Return to Video

ဘိုင်နရီ ကုဒ် လက်တွေ့ အလုပ်လုပ်ပုံ - José Américo N L F Freitas

  • 0:07 - 0:11
    ရုပ်ရှင်ထဲက ပြကွက်တိုင်းကို၊ ခင်ဗျားတို့
    စိတ်ကြိုက် သီချင်းထဲက သံစဉ်တိုင်းကို
  • 0:11 - 0:13
    ဒါမှမဟုတ် သင့်မြို့ထဲက လမ်းတိုင်းကို
    စကားလုံးများသုံးပြီး
  • 0:13 - 0:16
    ဖေါ်ပြပေးရမှာကို စိတ်ကူးကြည့်ပါ။
  • 0:16 - 0:20
    အခုဆက်ပြီး အဲဒါကိုပဲ နံပါတ်တွေ
    ၁ နှင့် ၀ ဖြင့် ဖေါ်ပြရန် စိတ်ကူးကြည့်ပါ။
  • 0:20 - 0:22
    ကျုပ်တို့က အင်တာနက်ကို အသုံးပြုပြီး
    ရုပ်ရှင်ကြည့်ရန်၊
  • 0:22 - 0:24
    သီချင်းကို နားထောင်ရန်၊
  • 0:24 - 0:26
    ဒါမှမဟုတ် ကိုယ်သွားရမယ့်
    လမ်းကြောင်းကို ရှာရန်
  • 0:26 - 0:29
    ကြိုးပမ်းတိုင်းမှာ ကျုပ်တို့ ကိရိယာက
    အဲဒီလို လုပ်ပေးနေရတာပါ။
  • 0:29 - 0:32
    ဘိုင်နရီကုဒ် ဆိုတဲ့
    ဘာသာစကားကို သုံးရပါတယ်။
  • 0:32 - 0:37
    ကွန်ပျူတာတွေက ဘိုင်နရီကို သုံးကြတာက
    အဲဒါက ဒေတာ သိုလှောင်ဖို့ စိတ်ချရလို့ပါ။
  • 0:37 - 0:41
    ဥပမာ၊ ကွန်ပျူတာရဲ့ အဓိက မယ်မိုရီကို
    ထရန်စစ္စတာတွေနဲ့ လုပ်ထားပြီး
  • 0:41 - 0:44
    ၎င်းတို့ဟာ မြင့် ဒါမှမဟုတ် နိမ့်တဲ့
    ဗိုလ်အား ရှစ်ဆင့်အထိ ပြောင်းပေးနိုင်တယ်။
  • 0:44 - 0:48
    ဥပမာ၊ ၅ ဗို့နဲ့ ၀ ဖို့ဆိုပါစို့။
  • 0:48 - 0:52
    ဗို့အားဟာ ရံဖန်ရံခါမှာ ကစားတတ်ပါတယ်၊
    ဒါပေမဲ့ ရွေးစရာက နှစ်ခုတည်း ဆိုတော့
  • 0:52 - 0:55
    ၁ ဗို့အားကို "နိမ့်"တဲ့
    တန်ဖိုးလို့ ဖတ်နိုင်ပါတယ်။
  • 0:55 - 0:58
    အဲဒီလို ဖတ်ရှုမှုကို ကွန်ပျူတာရဲ့
    ပရိုဆက်ဆာက လုပ်ပေးပြီး၊
  • 0:58 - 1:02
    ဆော့ဝဲရဲ့ ညွှန်ကြားချက်များနှင့်အညီ
    ကွန်ပျူတာထဲက အခြား ကိရိယာတွေကို
  • 1:02 - 1:05
    ထိန်းချုပ်ရန် ထရန်စစ္စတာရဲ့
    အခြေအနေကို သုံးပါတယ်။
  • 1:05 - 1:08
    ဒီစနစ်ရဲ့ အံ့ဖွယ်အချက်က
    ဘိုင်နရီ အစဉ်တစ်ခုဆီမှာ
  • 1:08 - 1:12
    ကြိုတင်ဆုံးဖြတ်ပြီးသား ကိုယ်ပိုင်
    အဓိပ္ပါယ် မရှိခြင်းပါ။
  • 1:12 - 1:15
    အဲဒီအစား ဒေတာအမျိုးအစား တစ်ခုစီကို
    သီးခြား စည်းကမ်းချက်များနှင့်အညီ
  • 1:15 - 1:18
    ဘိုင်နရီ ကုဒ်နှင့် ရေးပေးရတာပါ။
  • 1:18 - 1:19
    ဂဏန်းတွေကို ယူကြည့်ကြပါစို့။
  • 1:19 - 1:21
    ပုံမှန် ဆယ်လီစနစ်ထဲတွင်
  • 1:21 - 1:26
    ညာဘက်ရှိ သုညမှ စတင်လျက်
    နံပါတ်တိုင်းကို ၎င်းရဲ့ နေရာတန်ဖိုးကို
  • 1:26 - 1:28
    တစ်ဆယ်နဲ့ မြှောက်ယူရတယ်။
  • 1:28 - 1:35
    ဒီတော့ ဆယ်လီပုံစံထဲတွင်
    ၈၄ ဟာ ၄x၁၀⁰ + ၈x၁၀¹ ဖြစ်ပါတယ်။
  • 1:35 - 1:38
    ဘိုင်နရီ နံပါတ်ကို ရေးမှတ်ပုံဟာ ဆင်တူပါပဲ။
  • 1:38 - 1:42
    ဒါပေမဲ့ နံပါတ်ရဲ့ နေရာကို ၂ ရဲ့
    ထပ်ကိန်းသို့ မြှောက်ယူရတယ်။
  • 1:42 - 1:46
    အဲဒါကြောင့် ခုနက ၈၄ ကို အောက်ပါအတိုင်း
    ရေးရပါမယ်-
  • 1:46 - 1:50
    ပြီးတော့စာလုံးတွေကို UTF-8 နဲ့တူတဲ့ပုံမှန်
    စည်းကမ်းကို အခြေခံပြီး အနက်ကို ကောက်ရတယ်၊
  • 1:50 - 1:55
    သင်္ကေတ တစ်ခုစီကို ဂဏန်း ၈ လုံး အုပ်စု
    တွေရဲ့ ဘိုင်နရီ လိုင်းဖြင့် ရေးပါတယ်။
  • 1:55 - 2:02
    ကျုပ်တို့ရဲ့ ကိစ္စထဲတွင်၊
    ၀၁၀၁၀၁၀၀ ဟာ စာလုံး T ကို ဆိုလိုပါတယ်။
  • 2:02 - 2:06
    ဒီတော့ ကျုပ်တို့ မြင်ရတဲ့ ဂဏန်းအစဉ်
    တစ်ခုက
  • 2:06 - 2:09
    T ဒါမှမဟုတ် ၈၄ ကို ဆိုလိုတာကို
    ဘယ်လိုလုပ် သိနိုင်မလဲ။
  • 2:09 - 2:12
    တကယ်တော့ လိုင်း တစ်ခုတည်းကို
    မြင်ရုံနဲ့ ပြောမရနိုင်ပါ၊
  • 2:12 - 2:16
    - "da" ဆိုတဲ့ အသံကို သီးခြားကြားရရင်
    ဘာဆိုလိုမှန်း ပြောမရနိုင်သလိုပါပဲ။
  • 2:16 - 2:21
    ကိုယ် ကြားနေရတာက ရုရှား၊ စပိန် ဒါမှမဟုတ်
    အင်္ဂလိပ်လား သိဖို့ စကားစပ် လိုအပ်တယ်။
  • 2:21 - 2:23
    အလားတူပဲ ကိုယ်မြင်နေရတဲ့ဟာက
  • 2:23 - 2:27
    ဘိုင်နရီ နံပါတ်လား ဘိုင်နရီ စာသားလား
    သိဖို့အတွက်ပါ စကားစပ် လိုပါတယ်။
  • 2:27 - 2:31
    ဘိုင်နရီ ကုဒ်ကို များစွာမှ ရှုပ်ထွေးတဲ့
    ဒေတာကို ဖေါ်ပြရန် အတွက်လည်း သုံးပါတယ်။
  • 2:31 - 2:33
    ဥပမာ၊ ဒီဗီဒီယိုရဲ့ ပုံရိပ် တစ်ခုစီကို
  • 2:33 - 2:36
    pixel တွေ ထောင်ချီနဲ့ ဖွဲ့စည်းယူရတာပါ။
  • 2:36 - 2:38
    ရောင်စုံ ပုံရိပ်တွေ ကျတော့၊
  • 2:38 - 2:41
    pixel တိုင်းကို အခြေခံ အရောင်များနဲ့
    ကိုက်ညီကြတဲ့
  • 2:41 - 2:43
    ဘိုင်နရီ နံပါတ်စဉ် သုံးခုဖြင့် ဖေါ်ပြရတယ်။
  • 2:43 - 2:45
    အမှတ်အစဉ် တစ်ခုစီဟာ နံပါတ်
    တစ်ခုရဲ့ ကုဒ်ဖြစ်ပြီး
  • 2:45 - 2:49
    သက်ဆိုင်ရာ အရောင်ရဲ့
    ပြင်းထန်မှုအားကို သတ်မှတ်ပေးတယ်။
  • 2:49 - 2:52
    အဲဒီနောက်မှာ၊ ဗွီဒီယို ဒရိုင်ဘာက
    အဲဒီ အချက်အလက်တွေကို
  • 2:52 - 2:55
    ကျုပ်တို့ စခရင်ထဲက သန်းချီရှိကြတဲ့
    ပုံဆောင်ခဲပွင့်များထံသို့ ထုတ်လွင့်ပေးတယ်။
  • 2:55 - 2:58
    ဒီလိုနည်းဖြင့် ကျုပ်တို့ဟာ ပုံရိပ်
    မျိုးစုံကို မြင်နိုင်လာရတာပါ။
  • 2:58 - 3:01
    ဒီဗီဒီယိုထဲက အသံကိုလည်း
    ဘိုင်နရီဖြင့် သိုလှောင်ထားပြီး၊
  • 3:01 - 3:04
    pulse code modulation ဆိုတဲ့
    နည်းပညာနဲ့ လုပ်ပေးပါတယ်။
  • 3:04 - 3:07
    မီလီစက္ကန့်တိုင်းမှာ အသံအနိမ့်အမြင့်
    ပုံရိပ်တွေကို ဖမ်းယူပြီး
  • 3:07 - 3:12
    ဒီဂျီတယ် ပုံစံသွင်းပေးခြင်းဖြင့်
    အသံကို ပြန်ဖေါ်ပေးနိုင်တယ်။
  • 3:12 - 3:15
    အဲဒါတွေကို နံပါတ်များပါတဲ့ ဘိုင်နရီ
    လိုင်းအဖြစ် ဖမ်းယူပေးတယ်။
  • 3:15 - 3:19
    အသံရဲ့ စက္ကန့်တိုင်း အတွက်
    လိုင်းပေါင်း ၄၄,၀၀၀ ကို သုံးပါတယ်။
  • 3:19 - 3:22
    အဲဒါတွေကို ကျုပ်တို့ ကွန်ပျူတာရဲ့
    အသံ ဆော့ဝဲက ဖတ်ကြည့်ပြီး
  • 3:22 - 3:26
    ကျုပ်တို့ စပီကာတွေရဲ့ ကွိုင်တွေ ဘယ်လို
    ကြိမ်နှုန်းနဲ့ လှုပ်ခါရမှာကို ဆုံးဖြတ်တယ်။
  • 3:26 - 3:29
    ကြိမ်နှုန်း မျိုးစုံရှိကြတဲ့
    အသံတွေကို ဖန်တီးပေးဖို့ အတွက်ပါ။
  • 3:29 - 3:33
    ဒါတွေ အားလုံးက ဘီလီယံချီ ရှိကြတဲ့
    bit တွေ လိုအပ်ပါတယ်။
  • 3:33 - 3:37
    အဲဒီလို များပြားတဲ့ ပမာဏကို ချုံ့ပစ်ရေး
    ဖေါ်မက်များနဲ့ လျှော့ချနိုင်တယ်။
  • 3:37 - 3:41
    ဥပမာအားဖြင့်၊ ပုံတစ်ပုံထဲတွင် pixel ၃၀
    ထိစပ်နေကြတဲ့ အစိမ်းရောင် နေရာရှိရင်။
  • 3:41 - 3:46
    pixel တစ်ခုစီကို ကုဒ်သွင်းမယ့်အစား
    "အစိမ်းရောင် ၃၀"ဆိုပြီး မှတ်ထားနိုင်တယ် -
  • 3:46 - 3:49
    အဲဒီလုပ်နည်းကို run-length ကုဒ်သွင်းခြင်း
    ခေါ်ပါတယ်။
  • 3:49 - 3:54
    အဲဒီလို ချုံ့ထားတဲ့ ဖေါ်မက်တွေ ကိုယ်၌ကို
    ဘိုင်နရီ ကုဒ်နဲ့ပဲ ရေးရပါတယ်။
  • 3:54 - 3:57
    ဒီလိုဆို ဘိုင်နရီဟာ တွက်ချက်မှုအားလုံးရဲ့
    အစအဆုံးပါလား။
  • 3:57 - 3:59
    အဲဒီလိုတော့လည်း မဟုတ်သေးပါ။
  • 3:59 - 4:01
    သုတေသနတွေကို အခြေအနေ သုံးခုထဲ
    လည်ပတ် လုပ်နိုင်တဲ့
  • 4:01 - 4:03
    ternary ကွန်ပျူတာများနှင့် လည်းကောင်း၊
  • 4:03 - 4:06
    တချိန်တည်းမှာ အခြေအနေ များစွာမှာ
    ရှိနိုင်တဲ့ ပတ်လမ်းများကို အသုံးပြုတဲ့
  • 4:06 - 4:09
    ကွမ်တမ် ကွန်ပျူတာကို လည်းကောင်း
    စမ်းသပ်ကြည့်ခဲ့ပါတယ်။
  • 4:09 - 4:11
    ဒါပေမဲ့ ၎င်းတို့ထဲက ဘယ်ဟာကမှ
    ဒေတာ သိုလှောင်မှုနဲ့
  • 4:11 - 4:15
    ထုတ်လွင့်မှု အတွက် ရုပ်ပိုင်းအရ
    အခုလို တည်ငြိမ်မှုကို မပေးနိုင်ကြသေးပါဘူး။
  • 4:15 - 4:17
    ဒါကြောင့်မို့လို့၊ ဒီနေ့တွင်
    ခင်ဗျားတို့ မြင်ရသမျှ၊
  • 4:17 - 4:18
    ကြားရသမျှ၊
  • 4:18 - 4:19
    ပြီးတော့ စခရင်မှ ဖတ်ရသမျှဟာ
  • 4:19 - 4:23
    ခင်ဗျားတို့ဆီကို "မှန်တယ်"၊ "မှားတယ်"
    ဆိုတဲ့ သာမန် ရွေးချယ်မှုကို
  • 4:23 - 4:26
    အကြိမ်ပေါင်း ဘီလီယံချီ လုပ်ပေးခြင်းဖြင့်
    ရရှိလာတဲ့ ရလဒ်ပါပဲ။
Title:
ဘိုင်နရီ ကုဒ် လက်တွေ့ အလုပ်လုပ်ပုံ - José Américo N L F Freitas
Speaker:
- José Américo N L F Freitas
Description:

သင်ခန်းစာ အပြည့်အစုံကို ကြည့်ရှုရန်မှာ- https://ed.ted.com/lessons/how-exactly-does-binary-code-work-jose-americo-n-l-f-freitas

ရုပ်ရှင် တစ်ခုထဲက ပြကွက်တိုင်းကို၊ သီချင်း တစ်ခုထဲက သံစဉ်တိုင်းကို၊ ဒါမှမဟုတ် သင့်မြို့ထဲက လမ်းတိုင်းကို ဖေါ်ပြပေးဖို့ စကားလုံးတွေကို သင် စိတ်ကူးကြည့်ပါ။ အခုဆက်ပြီး အဲဒါကို ၁ နှင့် ၀ ဆိုတဲ့ နံပါတ်တွေကိုသာ သုံးပြီး ဖေါ်ပြဖို့ စိတ်ကူးကြည့်ပါ။ ကျုပ်တို့က အင်တာကို သုံးပြီး ရုပ်ရှင်ကြည့်ဖို့၊ သီချင်းကို နားထောင်ဖို့ ဒါမှမဟုတ် ကိုယ်သွားရမယ့် နေရာသို့ လမ်းညွှန်မှုကို ရှာဖို့ ကြိုးစားတိုင်းမှာ ကျုပ်တို့ရဲ့ ကိရိယာတွေ လုပ်ဖို့ ကြိုးစားနေကြတာ အဲဒီပုံစံ အတိုင်းပါပဲ၊ ဘိုင်နရီ ကုဒ်ရဲ့ ဘာသာစကားကို သုံးကြတာပါ။ José Américo N L F de Freitas က ဘိုင်နရီ ကုဒ် အလုပ်လုပ်ပုံကို ရှင်းပြထားပါတယ်။

José Américo N L F de Freitas ရဲ့ သင်ခန်းစာကို Qa'ed Mai ကနေပြီး လှုပ်ရှားပုံများဖြင့် ဖေါ်ပြပေးထားပါတယ်။

more » « less
Video Language:
English
Team:
closed TED
Project:
TED-Ed
Duration:
04:41

Burmese subtitles

Revisions