-
-
သွေးနီဥတွေထဲမှာ ဟီးမ်မိုဂလိုဘင်ရဲ့အရေးပါပုံကို
-
ကျွန်တော်ပြောခဲ့ပြီးပါပြီ
-
ဒါကြောင့် ဒီ ဗီဒီယို တစ်ခုလုံးကိုဟီးမ်မိုဂလိုဘင်အတွက် ပြင်ဆင်လိုက်တာပါ။
-
ပထမ အချက်ကတော့ သူဟာ အရေးကြီးလို့ပါ။
-
နောက် ဟီးမ်မိုဂလိုဘင် ဒါမှမဟုတ် သွေးနီဥ တွေဟာ သင် ဘယ်အဆင့်ထိ
-
စဉ်းစားမလဲဆိုတာ မူတည်ပြီး အတော်များများ ရှင်းပြပေးနိုင်လို့ပါ။
-
သိထားတော့ ကျွန်တော်လည်း အကိုးအကား သုံးရတာ ကောင်းတာပေါ့။
-
သူတို့တွေဟာ မခံစားတတ်ပါဘူး။ ဒါပေမယ့် သူတို့တွေ
-
ဘယ်အချိန်မှာ အောက်ဆီဂျင်ကို ကောက်ယူရမယ်၊ ဘယ်အချိန်မှာ အောက်ဆီဂျင်ကို လွှတ်ချရမယ် ဆိုတာ ဘယ်လို သိတာပါလိမ့်။
-
ဒီနေရာလေးမှာကတော့
-
ဟီးမ်မိုကလိုဘင်ပရိုတင်းလေးပေါ့။
-
-
ဒါကို အမိုင်နိုအက်ဆစ် chain လေးချောင်းနဲ့ လုပ်ထားတယ်
-
ဒါကတော့ သူတို့ထဲက တစ်ခုပေါ့။
-
ဒါတွေက နောက်ထပ် နှစ်ခု။
-
ကျွန်တော်တို့အသေးစိတ်ထိတော့ သွားမနေတော့ဘူး။
-
ဒါတွေဟာ ဖဲကြိုးခွေလေးတွေအတိုင်းပါပဲ
-
သူတို့ကို စိတ်ကူးကြည့်မယ်ဆိုရင် ဒါတွေဟာအမိုင်နို အက်ဆစ်နဲ့ မော်လီကျူးအစုကြီးပါ။
-
ဒီလို ဖဲကြိုးပုံစံခွေနေကြတာပေါ့။
-
ဒါဆိုရင် သူတို့ပုံစံတွေကို ပုံဖော်မိလောက်ပါပြီ
-
ဒီ ချိန်းကြိုးတစ်တွဲစီမှာ
-
အစိမ်းရောင် ဟီးမ် ဆိုတာလေး ကို တွေ.ရလိမ့်မယ်။
-
ဒီမှာ ဟီးမ်မိုကလိုဘင်ကနေ ဟီးမ် ဆိုတာကို ရတာပေါ့။
-
ဒါဆို ဟီးမ် ဆိုတဲ့အရာ လေးခုကိုရပါပြီ။ ဂလိုဘင်တွေက
-
ကျန်တဲ့အစိတ်အပိုင်းတွေပါ။သူတို့က
-
peptide လေးခုနဲ့ဆက်ထားတဲ့ပရိုတင်းတွေပါ။
-
ခုစိတ်ဝင်စားဖို့ကောင်းတဲ့ဟီးမ်အကြောင်းပြောပါမယ်။
-
တကယ်တော့ဟီးမ်တွေက porphyrin တွေနဲ့တည်ဆောက်ထားတာပါ။
-
ဗီဒီယိုကပုံကိုကြည့်လိုက်ရင် porphyrin
-
တည်ဆောက်ပုံကိုတွေ့မှာပါ။ဒါပေမယ့် ပုံအလယ်မှာ
-
Magnesium အိုင်းယွန်းတစ်လုံး ရှိပါတယ်
-
ဟီးမ်မိုဂလိုဘင်ရဲ့ဟိုးအလည်တည့်တည့်မှာတော့ Iron(သံဓာတ်)အိုင်းယွန်းတစ်လုံးရှိပါသေးတယ်
-
အဲ့အိုင်းယွန်းမှာ အောက်စီဂျင် လာပေါင်းတာပါ
-
ဟီးမ်မိုဂလိုဘင်မှာအောက်စီဂျင် ပေါင်းစည်းဖို့နေရာလေးခုရှိပါတယ်။
-
-
ဒီနား ဒါမှမဟုတ်ဒီနား
-
ဒါမှမဟုတ်နောက်နားလေး ပြီးတော့ဒီနားပေါ့
-
ဘာလို့အောက်စီဂျင်ကဒီနားမှာလာပေါင်းတာလဲဆိုတော့
-
ဟီးမ်မိုဂလိုဘင်ကအောင်စီဂျင်သယ်လို့ပါ
-
ဟီးမ်မိုဂလိုဘင်ကအောက်စီဂျင်တွေပေါင်းစည်းဖို့နဲ့
-
လိုအပ်ရင်စုပုံဖို့ပါအကောင်းဆုံးဖြစ်ပါတယ်
-
အဲ့လိုလုပ်ဆောင်ချက်ကို
-
အတူတကွပေါင်းစည်းခြင်းလို့ခေါ်ပါတယ်
-
သဘောတရားအရ
-
အောက်စီဂျင်ကဟီးမ်မိုဂလိုဘင်ကို ဒီနားလာပေါင်းတဲ့အခါ
-
သူ့ရဲ့ပုံစံဟာတစ်ခြားတစ်ဖက်မှာပါအောက်စီဂျင်ပေါင်းနိုင်အောင်
-
ပြောင်းလဲသွားပါတယ်။
-
အဲ့ဒါကြောင့် တစ်ဖက်မှာအောက်စီဂျင်ပေါင်းလိုက်တာနဲ့နောက်တစ်ဖက်ပါ
-
အောက်စီဂျင် နဲ့ပေါင်းသွားမှာပါ။
-
-
ဟုတ်ပါပြီ
-
အဲ့ဒါကြောင့်ဟီးမ်မိုဂလိုဘင်ဟာအောက်စီဂျင် လက်ခံသူအဖြစ်ကောင်းကောင်းလုပ်နိုင်ပြီး
-
၎င်းကအဆုတ်သွေးကြောလေးထဲရောက်သွားရင်တော့
-
အဆုတ်အမြှေးပါးဆီကအောက်စီဂျင်ကိုရယူပါတယ်
-
ဟီးမ်မိုဂလိုဘင်ကအောက်စီဂျင်ကိုယူရာမှာအတော်ကောင်းပါတယ်
-
ဒါပေမယ့်အောက်စီဂျင်ကိုဘယ်လိုစုပုံလဲသိပါလား?
-
ဒါကအလွန်စိတ်ဝင်စားဖို့ကောင်းပါတယ်
-
-
ဟီးမ်မိုဂလိုဘင်မှာ မျက်လုံးတွေ ခြေရာခံစနစ်တွေမပါပါဘူး
-
ပုံထဲကလူကပြေးနေတယ်ဆိုတော့
-
အခုသူ့ဆံချည်မျှင်သွေးကြောတွေထဲမှာ ကာဗွန်ဒိုင်အောက်ဆိုဒ်တွေထွက်နေပါတယ်
-
ဒါကြောင့်သူ့ပေါင်ကြွက်သားတစ်ဝိုက်ကဆံချည်မျှင်သွေးကြောတွေထဲမှာ
-
အောက်စီဂျင်အများကြီးလိုအပ်နေပါတယ်
-
အဲ့တော့အောက်စီဂျင်ကိုအဲ့နေရာကိုပို့ပေးဖို့လိုလာပါပြီ
-
ပေါင်ကြွက်သားထဲမှာဟုတ်မဟုတ်မသိပါဘူး
-
အဲ့နေရာကို ဟီးမ်မိုဂလိုဘင်ကအောက်စီဂျင်ကိုဘယ်လိုရောက်အောင်ပို့လဲ?
-
အဲ့ဒါကို Allosteric inhabition လို့ခေါ်ပါတယ်
-
စကားလုံးကတော့ရှုပ်ပေမဲ့
-
သဘောတရားကတော့ရိုးစင်းပါတယ်
-
-
Allosteric အကြောင်းပြောမယ်ဆိုရင်
-
အင်ဇိုင်းအကြောင်းကိုပါဆက်စပ်စဉ်းစားရပါမယ်။
-
အရာတစ်ခုကတခြားတစ်ခုကိုပေါင်းတာလို့စဉ်းစားလိုက်ပါ
-
Allo ဆိုတာကတော့ တခြားလို့အဓိပ္ပာယ်ရပါတယ်
-
အဲ့ဒါကြောင့် ပရိုတင်းဒါမှမဟုတ် အင်ဇိုင်း(ပရိုတင်းတစ်မျိုးပါပဲ)
-
ကိုသွားပေါင်းမယ်ဆိုရင်
-
အင်ဇိုင်းတွေဟာပရိုတင်းတွေပဲဖြစ်တဲ့အတွက်
-
အင်ဇိုင်းတွေရဲ့စွမ်းရည်ကိုပုံမှန်လိုပဲသက်ရောက်မှာပါ။
-
အဲ့ဒါကြောင့်ဟီးမ်မိုဂလိုဘင်ကို
-
ကာဗွန်ဒိုင်အောက်ဆိုဒ်နဲ့ပရိုတွန်တွေက allosterically ဟန့်တားပါတယ်
-
အဲ့ဒါကြောင့်ကာဗွန်ဒိုင်အောက်ဆိုဒ်က ဟီးမ်မိုဂလိုဘင်ရဲ့အခြားတစ်ဖက်မှာ
-
ပေါင်းနိင်ပါတယ်။ကျွန်တော်နေရာအတိအကျမသိပါဘူး
-
ပရိုတွန်လည်းပေါင်းနိုင်ပါတယ်
-
သိထားရမှာက
-
အက်စစ်ဓာတ်မှာ(ပရိုတွန်များလေအက်စစ်ဓာတ်များလေ)ကိုပါ။
-
အက်စစ်ဓာတ်များတဲ့ပတ်ဝန်းကျင်မှာတော့ ပရိုတွန်တွေလာပေါင်းနိုင်ပါတယ်။
-
ပရိုတွန်ကို ပန်းရောင်လို့သတ်မှတ်ပါမယ်
-
ပရိုတွန်တွေဟာ အီလက်ထရွန်မပါတဲ့ ဟိုက်ဒြိုဂျင်တွေပါ
-
ဟုတ်ပြီ ပရိုတွန်တွေကကျွန်တော်တို့ပရိုတင်းရဲ့ အချို့အစိတ်အပိုင်းတွေမှာလာပေါင်းနိုင်ပါတယ်
-
ပြီးတော့အောက်စီဂျင်ကိုသယ်ရတာလဲခက်ခဲစေပါတယ်
-
ကာဗွန်ဒိုင်အောက်ဆိုဒ် ဒါမှမဟုတ်
-
အက်စစ်များတဲ့ပတ်ဝန်းကျင်မှာ ဟီးမ်မိုဂလိုဘင်က
-
အောက်စီဂျင်ကိုသယ်မထားနိုင်ပေ။
-
အဲ့ဒါကြောင့်သယ်လာတဲ့အောက်စီဂျင်တွေ
-
လွတ်ထွက်သွားပါလိမ့်မယ်။
-
ပြေးနေတဲ့လုဆီပြန်သွားရအောင်
-
သူ့ရဲ့ပေါင်ကြွက်သားတစ်ဝိုက်မှာ
-
ဆဲလ်တွေအရမ်းလှုပ်ရှားရပါတယ်
-
အဲ့လိုလှုပ်ရှားမှုတွေကြောင့်
-
ဆံချည်မျှင်သွေးကြောထဲမှာ ကာဗွန်ဒိုင်အောက်ဆိုဒ်ထွက်တာတွေများလာပါတယ်
-
သူတို့ကသွေးလွှတ်ကြောကနေ သွေးပြန်ကြောတွေဆီသွားနေပါတယ်
-
သူတို့အောက်စီဂျင်တော်တော်လေးလိုနေပါပြီ
-
ဟီးမ်မိုဂလိုဘင်အတွက်အောက်စီဂျင်တွေစုပုံပေးဖို့အချိန်ကောင်းပါ။
-
ဟီးမ်မိုဂလိုဘင်ကို ကာဗွန်ဒိုင်အောက်ဆိုဒ်က allosterically
-
အားဖြင့်ဟန့်တားထားတာတော်တော်ကောင်းပါတယ်
-
ကာဗွန်ဒိုင်အောက်ဆိုဒ်ကဟီးမ်မိုဂလိုဘင်ရဲ့နေရာတစ်ချို့  မှာသွားပေါင်းပါတယ်
-
အဲ့လိုလာပေါင်းလိုက်ချိန်မှာတော့ ဟီးမ်မိုဂလိုဘင်ကအောက်စီဂျင်တွေကို
-
ခန္ဓာကိုယ်ရဲ့အောက်စီဂျင်လိုအပ်တဲ့နေရာတွေမှာစတင်ပို့ပေးပါတယ်
-
ဒါဆို
-
အက်စစ်ဓာတ်ရှိတဲ့ပတ်ဝန်းကျင်မှာရော
-
ဘယ်လိုအလုပ်လုပ်လဲ
-
ဟုတ်ပြီ ကာဗွန်ဒိုင်အောက်ဆိုဒ်တော်တော်များများဟာ
-
ကွဲပြားကုန်ပါတယ်
-
လုံးဝကွဲပြားသွားပါတယ်
-
သူတို့ကသွေးရေကြည်ထဲရောက်ပြီး
-
ကာဗွန်နစ်အက်စစ်အဖြစ်ဓာတ်ပြောင်းကုန်ပါတယ်
-
ပုံသေနည်းလေးရေးပြပါမယ်
-
သင့်ဆီက ကာဗွန်ဒိုင်အောက်ဆိုဒ်တစ်ချို့ ကိုရေနဲ့ရောကြည့်လိုက်ပါ
-
ကိုယ် ထဲမှာဆိုရင်သွေးရေကြည်ပေါ့
-
ကာဗွန်ဒိုင်အောက်ဆိုဒ်ကို
-
အင်ဇိုင်းပါဝင်တဲ့ရေနဲ့ရောပါမယ်
-
အဲ့အင်ဇိုင်းကသွေးနီဥထဲမှာရှိတဲ့အင်ဇိုင်းဖြစ်ပါတယ်
-
Carbonic anhydrase လို့ခေါ်ပါတယ်
-
-
ဓာတ်ပြု မှုဖြစ်ပေါ်ပြီးနောက်ဆုံးမှာ
-
ကာဗွန်နစ်အက်စစ်ကိုရပါတယ်
-
H2CO3 ဆိုတာရပါမယ်
-
-
ညီမျှခြင်းကညီပြီးသားပါ
-
အောက်စီဂျင်သုံးလုံး ဟိုက်ဒြိုဂျင်၂လုံး ကာဗွန်တစ်လုံးပါပါတယ်
-
အဲ့ဒါကိုကာဗွန်နစ်အက်စစ်လို့ခေါ်ပါတယ်ဘာလို့လဲဆိုတော့
-
သူကဟိုက်ဒြိုဂျင်ကိုပရိုတွန်နှစ်လုံးပေးလိုက်လို့ပါ
-
အက်စစ်တွေဟာသူတို့ရဲ့ Conjugate Base နဲ့ဟိုက်ဒြိုဂျင်ပရိုတွန်တွေအဖြစ်
-
အလွယ်တကူပြိုကွဲလွယ်ပါတယ်
-
အဲ့ဒါကြောင့်လဲကာဗွန်နစ်အက်စစ်ကအလွယ်တကူပြိုကွဲသွားတာပါ
-
အက်စစ်ဆိုသော်လည်း
-
မျှခြေကိုရေးပါမယ်
-
တကယ်လို့နားမလည်ဘူးဒါမှမဟုတ်အသေးစိတ်သိလိုရင်တော့
-
အက်စစ်ပြိုကွဲပုံ မျှခြေအကြောင်း ဓာတ်ပြုပုံအကြောင်း
-
ဓာတုဗေဒ ဗွီဒီယိုတွေကိုကြည့်နိင်ပါတယ်
-
ဟိုက်ဒြို ဂျင်ထဲကတစ်လုံးကိုပေးလိုက်ပါတယ်
-
ဒါပေမဲ့ ပရိုတွန်ကိုပဲပေးပြီးအဲ့ဟိုက်ဒြိုဂျင်ရဲ့အီလက်ထရွန်ကိုချန်ထားခဲ့ပါတယ်
-
ဒါကြောင့်ဟိုက်ဒြို ဂျင်ပရိုတွန်အပေါင်းတစ်လုံးပဲကျန်ပါတော့မယ်
-
ဟိုက်ဒြိုဂျင်တစ်လုံးကို ထပ်ပြီးပေးလိုက်မယ်ဆိုရင်တော့နောက်ဆုံးတစ်လုံးပဲကျန်ပါတော့မယ်
-
အဲ့ဒါက တစ်ကယ်တော့ bicarbonate အိုင်းယွန်းပါ
-
-
ဒါပေမယ့်ပရိုတွန်တစ်လုံးပဲပေးလိုက်ပြီး အီလက်ထရွန်ကိုသိမ်းထားတာကြောင့်
-
အနှုတ်သင်္ကေတကျန်ပါတယ်
-
ဒီတော့အားလုံးဓာတ်ပြယ်ကုန်ပါတယ်
-
ဒီနားမှာပြယ်ပါမယ်
-
ခြေထောက်ကဆံချည်မျှင်သွေးကြောမျှင်တွေထဲမှာဆိုပါစို့
-
ပုံဆွဲပြပါမယ်
-
ခြေထောက်က ဆံချည်မျှင်သွေးကြောတွေထဲရောက်နေတယ်ထားပါတော့
-
မနုမရင့်အရောင်နဲ့ပြပါမယ်
-
ဒါကတော့ဆံချည်မျှင်သွေးကြောတွေပေါ့
-
သွေးကြောမျှင်တစ်နေရာကို အကြီးချဲ့ပြပါမယ်
-
သွေးကြောမျှင်တွေဟာအမြဲ ဖြာနေပါတယ်
-
ဒီနားမှာတော့ကြွက်သားမျှင်တစ်ခုရှိမယ်
-
သူတို့က ကာဗွန်ဒိုင်အောက်ဆိုဒ်တွေအများကြီးထုတ်နေပါတယ်
-
ဒီတော့အောက်စီဂျင်လိုနေတယ်
-
ဘာတွေဖြစ်မလဲ
-
ကောင်းပြီ သွေးနီဥတွေသွေးကြောတစ်လျှောက်စီးဆင်းနေမယ်
-
စိတ်ဝင်စားဖို့ကောင်းတာက
-
သွေးနီဥတွေကသွေးကြောမျှင်တွေထက်အဆ၂၅%ကြီးပါတယ်
-
သွေးကြောမျှင်ကိုဖြတ်ဖို့အတွက်ကျုံ့ သွားမှရပါမယ်
-
လူတွေကတော့ဆံချည်မျှင်သွေးကြောတွေက
-
သွေးနီဥတွေမှာပါဝင်တဲ့အောက်စီဂျင်အချို့ ကိုထုတ်ပေးတဲ့
-
နေရာမှာကူညီတယ်လို့ယုံကြည်ကြတယ်
-
ဒီနေရာမှာသွေးနီဥတွေရှိနေတာကိုတွေ့ရပါတယ်
-
သွေးနီဥတွေဒီနားကိုရောက်လာပါပြီ
-
သူတို့မှာဟီးမ်မိုဂလိုဘင်အများအပြားပါ ပါတယ်
-
အများအပြားဆိုတာကသွေးနီဥတစ်လုံးစီမှာ
-
ဟီးမ်မိုဂလိုဘင်ပရိုတင်းသန်း၂၇၀ တောင်ပါလို့ပြောခြင်းဖြစ်ပါတယ်
-
လူတစ်ကိုယ်လုံးမှာရှိတဲ့ဟီးမ်မိုဂလိုဘင်တွေ
-
ပေါင်းလိုက်မယ်ဆိုရင်တော့သွေးနီဥပေါင်း
-
ကုဋေ၂၀ ကနေ ၃၀ လောက်ရှိမှာပါ
-
-
အဲ့ကုဋေ၂၀ ကနေ ၃၀ရှိတဲ့ သွေးနီဥတွေတစ်လုံးစီမှာ
-
ဟီးမ်မိုဂလိုဘင်သန်း၂၇၀ ပါတဲ့အတွက်
-
ဟီးမ်မိုဂလိုဘင်အမြောက်အမြားရှိမှာဖြစ်ပါတယ်
-
ဘာပဲဖြစ်ဖြစ်
-
သွေးနီဥတွေကကျွန်တော်တို့တစ်ကိုယ်လုံးမှာရှိတဲ့
-
ဆဲလ်တွေရဲ့ ၂၅%လောက်ကိုရှိပါတယ်
-
ကုဋေ၁၀၀ ဒါမှမဟုတ်
-
သူ့ထက်တောင်ပိုနိုင်ပါတယ်
-
ကျွန်တော်တော့ထိုင်ပြီးရေတွက်မနေနိုင်ဘူး
-
ဘယ်လိုပဲဖြစ်ဖြစ် သွေးနီဥတစ်ခုစီမှာရှိတဲ့ ဟီးမ်မိုဂလိုဘင်သန်း၂၇၀ဟာ
-
ဘာကြောင့်သွေးနီဥတွေရဲ့ Nucleuses တွေမှာ
-
ဟီးမ်မိုဂလိုဘင်တွေမှီခိုနေတယ်ဆိုတာကို
-
ရှင်းပြနေပါတယ်
-
သူတို့ကအောက်စီဂျင်ကိုသယ်ပါတယ်
-
ကဲကြည့်ရအောင်
-
ဒါသွေးလွှတ်ကြောဟုတ်တယ်ဟုတ်
-
နှလုံးကသွေးတွေကိုသယ်လာပါတယ်
-
သွေးနီဥတွေလည်းအဲ့လမ်းကြောင်းအတိုင်းသွားပါမယ်
-
အောက်စီဂျင်တွေလွှတ်ချ ပါမယ်
-
ပြီးတော့သွေးပြန်ကြောဖြစ်သွားပါမယ်
-
ဘာဆက်ဖြစ်မလဲဆိုတော့အခုကာဗွန်ဒိုင်အောက်ဆိုဒ်ရှိတယ်
-
ကြွက်သားဆဲလ်တွေထဲမှာ ကာဗွန်ဒိုင်အောက်ဆိုဒ်အများအပြား
-
ရှိနေပါတယ်
-
များရာကနေနည်းရာကိုစိမ့်ဝင်သွားတဲ့သဘောအရ
-
သွေးရေကြည်ထဲကိုစိမ့်ဝင်သွားပါတယ်
-
တစ်ချို့ ကတော့အမြှေးပါးကိုဖြတ်ဝင်သွားကြပြီး
-
သွေးနီဥထဲကိုရောက်ရှိသွားပါတယ်
-
သွေးနီဥထဲမှာ carbonic anhydarse ဆိုတဲ့အင်ဇိုင်းရှိနေမယ်
-
အဲ့အင်ဇိုင်းကကာဗွန်ဒိုင်အောက်ဆိုဒ်ကိုပြိုကွဲစေပြီး
-
ကာဗွန်နစ်အက်စစ်ဖြစ်လာပါမယ်
-
ပြီးတော့ ပရိုတွန်ထုတ်ပေးပါတော့မယ်
-
-
အဲ့ပရိုတွန်တွေဟာ allosterically (သင်ပြီးပြီနော်) နည်းအားဖြင့်
-
ဟီးမ်မိုဂလိုဘင်ကသယ်လာတဲ့အောက်စီဂျင်ကိုတားပါလိမ့်မယ်
-
အဲ့ပရိုတွန်တွေကမတူညီတဲ့အစိတ်အပိုင်းတွေဆီသွားပေါင်းပါတယ်
-
ကာဗွန်ဒိုင်အောက်ဆိုဒ်ကဓာတ်မပြုတောင်မှ
-
ဟီးမ်မိုဂလိုဘင်ကို allosterically နည်းအားဖြင့်တားနိုင်ပါသေးတယ်
-
သူလည်းပဲတခြားအစိတ်အပိုင်းကိုသွားပေါင်းပါတယ်
-
အဲ့လိုပေါင်းတာနဲ့ဟီးမ်မိုဂလိုဘင်ဟာ
-
ပုံစံပြောင်းသွားပြီးအောက်စီဂျင်ကိုကောင်းကောင်းမသယ်နိုင်တော့ဘဲ
-
လက်လွှတ်လိုက်ရပါတော့တယ်
-
အတူတကွပေါင်းစည်းလုပ်ဆောင်တယ်ဆိုတာအဲ့ဒါပါ
-
အောက်ဆီဂျင်များများရှိလေလေပိုလက်ခံနိုင်လေလေ
-
ပြီးတော့ဆန့်ကျင်ဘက်တွေပိုဖြစ်လေလေပါပဲ
-
အောက်စီဂျင်စတင်လွှတ်တာနဲ့နောက်တစ်လုံး
-
ကိုထိန်းထားနိုင်ဖို့ခက်လာပါတယ်
-
အဲ့ဒါနဲ့ပဲအောက်စီဂျင်အကုန်ထွက်ကုန်ပါတော့တယ်
-
ဒီဟာကတော်တော်လေးကိုကောင်းတဲ့လုပ်ငန်းစဉ်ပါပဲ
-
ဘာလို့လဲဆိုတော့အောက်စီဂျင်က
-
သူ့ကိုလိုအပ်တဲ့နေရာကိုရောက်သွားတယ်လေ
-
အဲ့ဒါကအခုသွေးလွှတ်ကြောကနေထွက်လာပြီး
-
ခုသွေးပြန်ကြောထဲရောက်သွားပြီဆိုတဲ့ပုံစံမဟုတ်ပါဘူး
-
သွေးကြောမျှင်တွေကိုဖြတ်သန်းသွားရပြီး
-
ပြီးတော့သွေးပြန်ကြောဆီပြန်သွားပါတယ်
-
အောက်စီဂျင်တွေလွှတ်ပါမယ်ဘာလို့လဲဆိုတော့
-
အောက်ဆီဂျင်တွေကိုလူတစ်ကိုယ်လုံးဖြန့်ပေးဖို့ပါ
-
ကာဗွန်ဒိုင်အောက်ဆိုဒ်နဲ့
-
အက်စစ်ပတ်ဝန်းကျင်က allosterically တားမြစ်တဲ့ဒီဖွဲ့စည်းပုံက
-
အောက်စီဂျင်ကိုတကယ်လိုအပ်တဲ့အချိန်
-
ကာဗွန်ဒိုင်အောက်ဆိုဒ်များများထွက်တဲ့အချိန်
-
အသက်ရှု (စွမ်းအင်ထုတ်)မှုမြန်နေတဲ့အချိန်တွေမှာမှအောက်စီဂျင်ကိုထုတ်ပေးတာပါ
-
တကယ့်ကိုထူးဆန်းပါတယ်
-
နားလည်သွားအောင်လုပ်ပါ
-
ဒီ chart ထဲမှာဟီးမ်မိုဂလိုဘင်မှာအောက်ဆီဂျင်ပါဝင်နှုန်း(သို့)
-
ဘယ်လောက်ပျော်ဝင်နိုင်လဲဆိုတာကိုပြထားပါတယ်
-
ဇီဝဗေဒစာသင်ခန်းမှာတွေ့ရင်
-
ပိုနားလည်သွားပါလိမ့်မယ်
-
ဒီမှာ ရေပြင်ညီ X ၀င်ရိုးမှာဆိုရင်
-
oxygen ရဲ့ partial pressure ရှိပါတယ်
-
တကယ်လို့partial pressure အကြောင်းသင်ထားတဲ့ Chemistry video တွေကြည့်ပြီးပြီဆိုရင်
-
နားလည်ပါလိမ့်မယ်
-
အောက်စီဂျင်ဘယ်နှစ်ကြိမ်သင်ရှုသွင်းလဲ
-
ရှုသွင်းလိုက်တဲ့အခါ အငွေ့ဒါမှမဟုတ် မော်လီကျူးတွေကနေ Pressure ထွက်ပေါ်လာတာပါ
-
pressure ထုတ်ပေးဖို့အတွက်ကတော့
-
အငွေ့ဖြစ်စရာမလိုပါဘူးမောလီကျူးတော့ဖြစ်ရပါမယ်
-
အောက်စီဂျင်ရဲ့ partial pressure ဆိုတာကတော့
-
အောက်စီဂျင်မော်လီကျူးက
-
ထုတ်လွှတ်တဲ့ပမာဏပါပဲ
-
မင်းတွေးမယ်ဆိုရင်တော့
-
ဘေးနားမှာအောက်စီဂျင်များများရှိလေလေ
-
အောက်စီဂျင်များများရှုသွင်းမိလေပါလို့တွေးရပါမယ်
-
ဝင်ရိုးရဲ့ညာဘက်ကိုသွားလေအောက်စီဂျင်ဘယ်လောက်များများ
-
ရှိလဲလို့ပြပါတယ်
-
ဒေါင်လိုက်ဝင်ရိုးကတော့
-
ဟီးမ်မိုဂလိုဘင်ဘယ်လောက်များများရှိနေတယ်ဆိုတာပြသတာပါ
-
ဆိုလိုတာကတော့၁၀၀%ဆိုရင်ဟီးမ်မိုဂလိုဘင်မှာရှိတဲ့ဟီးမ်အုပ်စုတွေ
-
အားလုံးအောက်စီဂျင်တွေရှိနေတယ်ဆိုတာပဲ
-
သုညဆိုရင်တော့ဘာမှမရှိတာပါ။ ဒါကြောင့်ပတ်ဝန်းကျင်မှာ
-
အောက်ဆီဂျင်နည်းနည်းရှိတယ်ဆိုရင်
-
အတူတကွပေါင်းစည်းခြင်းကိုပြပါတယ်
-
အခုအောက်စီဂျင်နည်းတဲ့ပတ်ဝန်းကျင်မှာပဲထားပါတော့
-
အောက်စီဂျင်နည်းနည်းလာပေါင်းလိုက်တာနဲ့
-
ပိုပြီးအောက်စီဂျင်တွေလာပေါင်းလေလေပါ
-
နည်းနည်းလေးရှိလိုက်တာနဲ့ slope ကတိုးလာမှာပါ
-
သချာင်္ဘက်ကိုတော့မသွားတော့ဘူးနော်
-
ပုံမှာကတော့
-
slope ကမြင့်မြင့်လာတာကိုတွေ့ရမှာပါ
-
အောက်စီဂျင်တွေပိုပြီးပေါင်းလေလေ
-
ပိုမြင့်လေလေပါ
-
တချို့ နေရာမှာတော့အောက်စီဂျင်က
-
ဟီးမ်မိုဂလိုဘင်မော်လီကျူးထဲဝင်ဖို့တော်တော်ခက်မှာပါ
-
ဒါပေမယ့်အရှိန်ကဒီနားမှာရလာပါတယ်
-
တကယ်လို့သာ ကာဗွန်ဒိုင်အောက်ဆိုဒ်တွေအများကြီးရှိတဲ့ အက်စစ်ပတ်ဝန်းကျင်မှာဆိုရင်
-
ကာဗွန်ဒိုင်အောက်ဆိုဒ်က allosterically အားဖြင့်
-
ဟီးမ်မိုဂလိုဘင်ကိုတားမှာပါ ဒါဟာမကောင်းပါဘူး
-
ဒါကြောင့်အက်စစ်ပတ်ဝန်းကျင်မှာဆိုရင် ပုံထဲမှာ
-
အောက်စီဂျင်ရဲ့partial pressure ပမာဏဘယ်လောက်ပဲဖြစ်စေ
-
ဟီးမ်မိုဂလိုဘင်ကိုနည်းနည်းပဲပေါင်းနိုင်တော့မှာပါ
-
မတူတဲ့အရောင်နဲ့ပြပါမယ်
-
ပုံရဲ့မျဉ်းကွေးကဒီလိုဖြစ်ပါမယ်
-
အခြေအနေပြမျဉ်းကွေးကဒီလိုဖြစ်ပါမယ်
-
-
ဒါကတော့အက်စစ်များတဲ့ပတ်ဝန်းကျင်ပါ
-
ကာဗွန်ဒိုင်အောက်ဆိုဒ်တွေလဲရှိချင်ရှိပါမယ်
-
အဲ့ဒါကြောင့်ဟီးမ်မိုဂလိုဘင်ကို allosterically တားပါလိမ့်မယ်
-
ဒီနေရာမှာအောက်ဆီဂျင်များများစုပုံပါတော့မယ်
-
ကျွန်တော်မသိပါဘူး
-
ခင်ဗျားဘယ်လောက်စိတ်လှုပ်ရှားနေမလဲဆိုတာမသိပါဘူး
-
ကျွန်တော်သိတာကတော့ဒါကအောက်စီဂျင်တွေကို
-
လိုတဲ့နေရာမှာစုပုံပေးနိုင်တဲ့အရှင်းဆုံးနည်းဆိုတာပါပဲ
-
ခြေရာခံစနစ်တွေ စက်ရုပ်တွေမလိုပါဘူး
-
ခုကျွန်တော်ပေါင်ကြွက်သားနားကိုကြည့်နေပါတယ် ဒီလူလဲပြေးနေတုန်းပါ
-
အောက်စီဂျင်တွေစုပုံပါမယ်
-
ဘဘာဝအတိုင်းလုပ်ဆောင်နေတာပါဘာလို့လဲဆိုတော့
-
ကာဗွန်ဒိုင်အောက်ဆိုဒ်များတဲ့အက်စစ်ပတ်ဝန်းကျင်ဖြစ်နေလို့ပဲ
-
ဟီးမ်မိုဂလိုဘင်ကတားဆီးခံရတယ်၊အောက်ဆီဂျင်တွေ စုပုံလာပြီး
-
အသက်ရှုခြင်းဖြစ်စဉ် အတွက် အဆင်သင့်ဖြစ်နေပါပြီ။
-