Return to Video

ဘာကြောင့် "Don Quixote" ကို သင်ဖတ်သင့်တာလဲ။ Ilan Stavans

  • 0:10 - 0:12
    သူ့ရဲ့ပိန်ကပ်ကပ် မြင်းပေါ်တက်ရင်း
  • 0:12 - 0:14
    ဇာတ်လိုက် Don Quixote ဟာ
  • 0:14 - 0:16
    ဘီလူး တပ်တစ်တပ်ကို အမိန့်ပေးလိုက်တယ်။
  • 0:16 - 0:18
    သူ့အမြင်မှာတော့ သူ့ချစ်မြတ်နိုးရတဲ့
  • 0:18 - 0:21
    ဂုဏ်သရေရှိအမျိုးသမီး
    Dulcinea အပ်နှင်းထားတဲ့ အာဏာအရ
  • 0:21 - 0:25
    ဒီသတ္တဝါကြီးတွေကို နှိမ်နှင်းဖို့က
    သူ့တာဝန်ပါ။
  • 0:25 - 0:28
    ဒါပေမဲ့ ရဲစွမ်းသတ္တိရဲ့လုပ်ဆောင်မှုက
    ယုတ္တိမတန်ဖြစ်နေတယ်။
  • 0:28 - 0:31
    သူ့ရဲ့တပည့် Sancho Panza က
  • 0:31 - 0:34
    အတန်တန်ရှင်းပြတာက ဘီလူးတွေမရှိဘူး၊
  • 0:34 - 0:37
    ဒါတွေဟာ လေရဟတ်တွေသက်သက်ပါတဲ့။
  • 0:37 - 0:38
    Don Quixote က မဖြုံပေမဲ့
  • 0:38 - 0:40
    သူ့ရဲ့ စူးရှတဲ့လှံရှည်ကတော့
  • 0:40 - 0:43
    မကြာခင် ၎င်းတို့ရဲ့ ရွက်တွေမှာ ငြိသွားတယ်။
  • 0:43 - 0:44
    လုံးဝ စိတ်ဓာတ်မကျပဲ
  • 0:44 - 0:47
    သူရဲကောင်းဟာ ဝင့်ကြွားစွာရပ်ပြီး
  • 0:47 - 0:50
    သူ့ရဲ့တာဝန်ကို ပိုတောင် တွေးဆမိလာတယ်။
  • 0:50 - 0:52
    ဒီဇာတ်ကွက်က အများကြီးနှစ်သက်ကြတဲ့
  • 0:52 - 0:55
    Don Quixote အကြောင်းကို အတိုချုပ်ပြတာပါ၊
  • 0:55 - 0:59
    Alonso Quijano ရဲ့ ယုတ္တိမရှိ၊
    ခံစားချက်ပြင်းတဲ့
  • 0:59 - 1:00
    ပုံပြင်ရှည်တစ်ပုဒ်၊
  • 1:00 - 1:03
    Knight of the Sorrowful Countenance လို့
  • 1:03 - 1:06
    ကျော်ကြားတဲ့ la Mancha ရဲ့
    ကိုးရိုးကားရားနိုင်ပေမဲ့
  • 1:06 - 1:09
    ရဲစွမ်းသတ္တိရှိတဲ့ Don Quixote ဖြစ်လာသူပါ။
  • 1:09 - 1:11
    မူလက အတွဲနှစ်တွဲ ပုံနှိပ်ထုတ်ဝေခဲ့ပြီး
  • 1:11 - 1:13
    ဇာတ်လမ်းက Don Quixote နောက်လိုက်တယ်
  • 1:13 - 1:16
    မကောင်းဆိုးဝါးတပ်ဖွဲ့တွေကိုကိုတိုက်ရင်း
    စပိန် အလယ်ပိုင်းနဲ့
  • 1:16 - 1:20
    မြောက်ပိုင်းကို ဖြတ်ကျော်စဉ်ပါ။
  • 1:20 - 1:23
    Don Quixote ရဲ့
    မြင့်မြတ်တဲ့ စိတ်ကူးဆိုပေမဲ့
  • 1:23 - 1:25
    ၎င်းရဲ့ဖန်တီးသူ Miguel de Cervantes ကတော့
  • 1:25 - 1:28
    သူ့စာအုပ်ဟာ ခေတ်အဆက်ဆက်
    ရောင်းအကောင်းဆုံး
  • 1:28 - 1:32
    ဖြစ်လာမယ်ဆိုတာကို ဘယ်တုန်းကမှ
    စိတ်ကူးမကြည့်နိုင်ခဲ့ပါဘူး။
  • 1:32 - 1:34
    ၅ နှစ် စစ်သားတစ်ဦးအဖြစ် ပိတ်မိနေပြီး
  • 1:34 - 1:37
    နောက် ၅ နှစ် ပင်လယ်ဓားပြတွေရဲ့
    ကျွန်ပြုတာခံရတဲ့
  • 1:37 - 1:40
    Cervantes ဟာ သူ့ဘဝအများစုကို
  • 1:40 - 1:43
    ရုန်းကန်နေရတဲ့ကဗျာဆရာ၊ ပြဇာတ်ရေး
    ဆရာတစ်ဦးအြဖစ် ကုန်ဆုံးခဲ့တယ်။
  • 1:43 - 1:45
    သူ့အသက် ၅၀ နှောင်ပိုင်းမှ
  • 1:45 - 1:48
    သူ့ရဲ့ အကြီးကျယ်ဆုံးဖန်တီးမှုတွေကို
    ပုံနှိပ်ထုတ်ဝေခဲ့တာပါ၊
  • 1:48 - 1:53
    အလယ်ခေတ်သူရဲကောင်းဝတ္ထုတွေရဲ့
    သရော်တဲ့ဝတ္ထုရှည်တစ်ပုဒ်ပါ။
  • 1:53 - 1:53
    ဒီအချိန်က
  • 1:53 - 1:56
    အလယ်ခေတ်စာအုပ်တွေက
    ဥရောပယဉ်ကျေးမှုကို
  • 1:56 - 1:58
    လွှမ်းမိုးနေတဲ့ သူရဲကောင်းတွေနဲ့သူတို့ရဲ့
  • 1:58 - 2:00
    ကျင့်ဝတ်ဥပဒေတွေကို
    မှတ်တမ်းတင်တာတွေပါ။
  • 2:00 - 2:02
    Cervantes က ဝါသနာအိုးဆိုတော့
  • 2:02 - 2:05
    စရိုက် ဖွံ့ဖြိုးမှုထက်
  • 2:05 - 2:08
    သတ္တိ စွမ်းဆောင်မှုတွေစာရင်း
    ပြုစုတာကို ပိုအာရုံစိုက်တဲ့
  • 2:08 - 2:10
    ဒီထပ်နေတဲ့ ကျမ်းကြီးတွေကို
    စိတ်ကုန်နေတယ်၊
  • 2:10 - 2:13
    ဒါတွေကို စိန်ခေါ်ဖို့ Don Quixote ကို
    သူရေးခဲ့တယ်၊
  • 2:13 - 2:16
    နေ့ရော ညရော အလယ်ခေတ်သူရဲကောင်း
    ဝတ္ထုတွေဖတ်ရင်းအချိန်ကုန်ဆုံးသူ
  • 2:16 - 2:18
    လူကြီးမင်း (သို့)
  • 2:18 - 2:20
    အားနေတဲ့ အမျိုးကောင်းသားရဲ့ဝတ္ထုပါ။
  • 2:20 - 2:23
    ဒီဇာတ်လမ်းတွေနဲ့ ရူးပြီး
  • 2:23 - 2:27
    သူကိုယ်တိုင် နင်းပြားတွေအတွက်
    ရပ်တည်ကာကွယ်သူတစ်ဦးလို့ ပုံဖော်လိုက်တယ်။
  • 2:27 - 2:28
    သူ့ရွာထဲက လူတိုင်းက
  • 2:28 - 2:31
    သူ့ရဲ့ရူးသွပ်မှုကို
    စွန့်လွတ်ဖို့ နားချဖို့ကြိုစားကြတယ်၊
  • 2:31 - 2:34
    သူ့ကိုယ်ပိုင်စာကြည့်တိုက်က
    ချောက်ချားဖွယ်စာအုပ်တစ်ချို့ကို
  • 2:34 - 2:38
    မီးရှို့ဖို့သွားတဲ့အထိပေါ့။
  • 2:38 - 2:40
    ဒါပေမဲ့ Don Quixote က
    တားမနိုင်ဆီးမရပါ။
  • 2:40 - 2:43
    သူဟာ တောက်ပတဲ့ ချပ်ဝတ်တန်ဆာဟောင်းကိုဝတ်
  • 2:43 - 2:45
    ပိန်ကပ်ကပ်သူ့မြင်းပေါ်တက်ပြီး
  • 2:45 - 2:48
    ထည်ဝါမှုကိုရှာဖွေဖို့ သူ့ရွာက ထွက်သွားတယ်။
  • 2:48 - 2:49
    Cervantes ရဲ့ ဝတ္ထုဟာ
  • 2:49 - 2:52
    ရဲရင်တဲ့သူရဲကောင်းရဲ့ ကံခေမှုတွေကို
  • 2:52 - 2:55
    အသေးစိတ်ပြတဲ့ ဇာတ်ကွက်အစုတစ်ခုအဖြစ်
    ဖြေပြထာတယ်။
  • 2:55 - 2:57
    နောက်ပြီး အလယ်ခေတ် သူရဲကောင်းဝတ္ထုတွေနဲ့
  • 2:57 - 3:00
    ဖြစ်နိုင်တာ အခြား အရင်က
    စိတ်ကူးယဉ်ဝတ္ထုတွေနဲ့မတူပဲ
  • 3:00 - 3:03
    Cervantes ရဲ့ဝတ္ထုဟာ ဇာတ်လိုက်ရဲ့
  • 3:03 - 3:05
    အတွင်းကျတဲ့ဘဝကို စူစမ်းတယ်။
  • 3:05 - 3:08
    သိသာတဲ့ ပြောင်းလဲမှုကြုံရင်း
  • 3:08 - 3:12
    ဇာတ်လမ်းဖွံ့ဖြိုးလာသလို
    Don Quixote ဟာ ရင့်ကျက်လာတယ်။
  • 3:12 - 3:14
    ဒီစာပေ ဖွင့်ဆိုချက်က
  • 3:14 - 3:17
    ပညာရှင်တွေကို Don Quixote ဟာ
  • 3:17 - 3:19
    ပထမဆုံး ခေတ်ပေါ်ဝတ္ထုလို့ခေါ်စေတယ်။
  • 3:19 - 3:21
    ဒီစရိုက်ဖွံ့ဖြိုးမှုဟာ
  • 3:21 - 3:24
    ထီးတည်းဖြစ်ခြင်းမှာ
    မဖြစ်ပေါ်ပါဘူး။
  • 3:24 - 3:26
    အစောပိုင်းက Don Quixote ကို
  • 3:26 - 3:28
    Sancho Panza လို့ခေါ်တဲ့ရွာသားက ဖြစ်လာတဲ့
  • 3:28 - 3:30
    တပည့်တစ်ဦးက ပူးပေါင်းတယ်။
  • 3:30 - 3:32
    Sancho နဲ့ Don Quixote ဟာ
  • 3:32 - 3:34
    ဆန့်ကျင်ဘက်တွေရဲ့ နမူနာတစ်ခုပါ၊
  • 3:34 - 3:37
    တစ်ဦးက အခြေခံကျတဲ့ အရှိအတိုင်းလက်ခံသူ
  • 3:37 - 3:39
    အခြာတစ်ဦးက စိတ်ကူးယဉ်သမား။
  • 3:39 - 3:43
    သူတို့ရဲ့ အသက်ပါတဲ့၊ ဆင့်ကဲပြောင်းလဲတဲ့
    ခင်မင်မှုက မကြာခဏတော့
  • 3:43 - 3:46
    ပင်ကိုဇာတ်လိုက်နဲ့ တပည့်ကျော်
    အတွဲလို့ အသိအမှတ်ပြုခံရတယ်။
  • 3:46 - 3:51
    စိတ်ကူးယဉ်အတွဲတွေရဲ့
    စေ့ဆော်ပေးတဲ့ ရာစုတွေပေါ့
  • 3:51 - 3:53
    Don Quixote ဟာ ဧရာမ အောင်မြင်မှုတစ်ခုပါ၊
  • 3:53 - 3:56
    ၁၇ စုရာစုအတွင်း ဥရောပတစ်လွှားမှာ
  • 3:56 - 3:58
    ကြိမ်ရေများစွာ ပုံနှိပ်ထုတ်ဝေခဲ့ပါတယ်။
  • 3:58 - 3:59
    အပြစ်ဖြစ်စေတဲ့
  • 3:59 - 4:02
    အာရုံအနှောင့်အယှက်တွေ
    ဖြစ်တဲ့အတွက်
  • 4:02 - 4:04
    ဝတ္ထုအားလုံးတားမြစ်တဲ့
    ခရစ်ယာန်ဂိုဏ်းရှိရာ
  • 4:04 - 4:08
    အမေရိကမှာတောင်ခိုးကူးထားတဲ့ စာအုပ်တွေကို
    ပရိတ်သတ်တွေနှစ်ခြိုက်တယ်လို့သိရပါတယ်။
  • 4:08 - 4:10
    ဒီစာအုပ်က စာဖတ်သူတွေ ပွက်ပွက်ညံ
  • 4:10 - 4:13
    တောင်းဆိုတဲ့အထိ
    အသိအမှတ်ပြုခံရပါတယ်။
  • 4:13 - 4:16
    ပြိုင်ဘက် စာရေးဆရာက
    နောက်ဆက်တွဲအတုတစ်အုပ်နဲ့
  • 4:16 - 4:19
    အမြတ်ထုတ်ပြီးနောက်မှာ Cervantes က
  • 4:19 - 4:22
    တရားဝင် တုံ့ပြန်မှုတစ်ခု ထုတ်ခဲ့ပါတယ်။
  • 4:22 - 4:24
    အခုတော့ ပထမတွဲနဲ့တွဲထုတ်ထားတဲ့
  • 4:24 - 4:28
    လုံးချင်းးစာအုပ်အဖြစ် ဒီဒုတိယတွဲဟာ
    မူလကကျန်ခဲ့တဲ့နေရာကနေ
  • 4:28 - 4:30
    ပြန်ကောက်ထားပါတယ်။
  • 4:30 - 4:35
    အခုအခါမှာတော့ Don Quixote နဲ့ Sancho
    တို့ဟာ လူထု လူစွမ်းကောင်းတွေဖြစ်လာပါပြီ။
  • 4:35 - 4:38
    လက်တွေ့ဘဝမှာလိုပဲ Cervantes ဟာ
    သူ့ဝတ္ထုရဲ့အောင်မြင်မှုကို
  • 4:38 - 4:42
    သူ့ဇာတ်ကောင်တွေရဲ့
    ကမ္ဘာထဲမှာ ထည့်သွင်းခဲ့တယ်။
  • 4:42 - 4:45
    ဒီသမရိုးကျမဟုတ်တဲ့ လှုံ့ဆော်ချက်ကိုသိတဲ့
  • 4:45 - 4:48
    ဒဿနဆိုင်ရာ ခက်ခဲနက်နဲမှုကို
  • 4:48 - 4:50
    သူရဲ့ကောင်းနဲ့ သူရဲ့တပည့်ဟာ
  • 4:50 - 4:53
    သူတို့ဇာတ်လမ်းရဲ့အဓိပ္ပါယ်ကို
    တွေးဆစဉ် ဖန်တီးခဲ့တယ်။
  • 4:53 - 4:55
    ကံဆိုးချင်တော့ Cervantes ဟာ
    စာအုပ်ထုတ်ဝေခွင့်ကို
  • 4:55 - 4:58
    မဖြစ်စလောက်နဲ့ ရောင်းခဲ့တယ်။
  • 4:58 - 5:00
    ကျော်ကြားမှုကြွယ်ဝခြင်းတစ်ခုနဲ့သာ
    သူဆေဆုံးခဲ့တာပါ။
  • 5:00 - 5:03
    ဒါပေမဲ့ သူ့ရဲ့ ဖန်တီးနိုင်မှုစွမ်းအားနဲ့
  • 5:03 - 5:05
    ကိုယ်ပိုင်မူ အကြောင်းကျမ်းက စေ့ဆော်ပေးတာက
  • 5:05 - 5:06
    အနုပညာ၊
  • 5:06 - 5:08
    စာပေနဲ့
  • 5:08 - 5:09
    ခေတ်ပေါ်ယဉ်ကျေးမှုနဲ့
  • 5:09 - 5:11
    နိုင်ငံရေးဆိုင်ရာ တော်လှန်ရေးကိုတောင်ပါ။
  • 5:11 - 5:13
    Don Quixote က ဆွေးနွေးငြင်းခုံတာက
  • 5:13 - 5:18
    ကျွန်ုပ်တို့စိတ်ကူးဟာ လုပ်ရပ်တွေကို
    အမြောက်အများ သတင်းပေးပေးတယ်၊
  • 5:18 - 5:20
    ကျွန်ုပ်တို့ ပြောင်းလဲနိုင်စွမ်း
    ဖန်တီးပေးရင်း
  • 5:20 - 5:22
    တကယ်တော့ လူသားပီသစေရင်းပါ။
Title:
ဘာကြောင့် "Don Quixote" ကို သင်ဖတ်သင့်တာလဲ။ Ilan Stavans
Speaker:
Ilan Stavans
Description:

သူ့ရဲ့ပိန်ကပ်ကပ် မြင်းပေါ်တက်လိုက်ပြီး Don Quixote ဟာ ဘီလူး တပ်တစ်တပ်ကို အမိန့်ပေးလိုက်တယ်။ သူ့ချစ်မြတ်နိုးရတဲ့ ဂုဏ်သရေရှိအမျိုးသမီး Dulcinea အပ်နှင်းထားတဲ့ အာဏာအရ ဒီသတ္တဝါကြီးတွေကို နှိမ်နှင်းဖို့က သူ့တာဝန်ပါ။ ပြဿနာတစ်ခုပဲရှိတယ်၊ ဘီးလူးတွေဟာ လေရဟတ်တွေသာဖြစ်နေတာပါ။ အရမ်းကို ချစ်မြတ်နိုးစရာဖြစ်စေတဲ့ ကိုးရိုးကားရာနိုင်ပေမဲ့ ရဲစွမ်းသတ္တိရှိတဲ့ သူရဲကောင်းရဲ့ ပုံပြင်ရဲ့အကြောင်းက ဘယ်လိုများလဲ။ Ilan Stavans ကနေပြီး လေ့လာထားပါတယ်။

သင်ခန်းစာကို Ilan Stavans က ပြစုပြီး Avi Ofer က ရိုက်ကူးထားပါတယ်။

more » « less
Video Language:
English
Team:
closed TED
Project:
TED-Ed
Duration:
05:38

Burmese subtitles

Revisions