ဒြပ်ထုတည်မြဲမှု နိယာမ - Todd Ramsey
-
0:07 - 0:09ဒီဟာတွေ အားလုံး ဘယ်က လာလဲ။
-
0:09 - 0:10ဒီ ကျောက်တုံးကလား။
-
0:10 - 0:11ဒီ နွားကလား၊
-
0:11 - 0:12သင့် နှလုံး ကလား။
-
0:12 - 0:16၎င်းအရာတွေ မဟုတ်ဘူးဆိုတာ
သင် သတိပြုပါ၊ ဒါပေမဲ့ ဘာတွေနဲ့ လုပ်ထားလဲ။ -
0:16 - 0:19အက်တမ်တွေဟာ အရာရာတိုင်းရဲ့
အခြေခံအဆောက်အအုံပါ။ -
0:19 - 0:23ဒီမေးခွန်း ဖြေဖို့၊ ဒြပ်ထုတည်မြဲခြင်း
ဥပဒေသကို တို့ ကြည့်မယ်။ -
0:23 - 0:26ဒီ ဥပဒသက ရုပ်ဒြပ်နှင့် စွမ်းအင်
မဖြတ်သန်းနိုင်တဲ့ -
0:26 - 0:30သီးခြား နယ်နိမိတ်တစ်ခု
လိုအပ်တယ်လို့ ဆိုပါတယ်။ -
0:30 - 0:34ဒီ စနစ်ထဲမှာ၊ ရုပ်နဲ့ စွမ်းအင် အဖြစ်
သိထားတဲ့ ဒြပ်ထုကို -
0:34 - 0:37အစပြု ဖန်တီး၍ မရ၊
အပြီးတိုင် ဖျက်စီး၍လည်း မရနိုင်ပါ။ -
0:37 - 0:40စကြ၀ဠာသည်၊ တို့ သိသမျှတော့
-
0:40 - 0:42အကောင်းဆုံး သီးခြားစနစ် တစ်ခုပါ။
-
0:42 - 0:46ဒါပေမဲ့... ဒါမပြောခင်၊ ခပ်သေးသေး
ရှင်းရှင်းဖြစ်တာကို ကြည့်လိုက်စို့။ -
0:46 - 0:49တို့တွေမှာ ကာဗွန်အက်တမ် ၆လုံး၊
ဟိုက်ဒြိုဂျင်အက်တမ် ၁၂လုံး နဲ့ -
0:49 - 0:52အောက်စီဂျင်အက်တမ် ၁၈လုံး ရှိတယ်။
-
0:52 - 0:56စွမ်းအင် နည်းနည်းလောက်နဲ့၊ တကယ်ပဲ
တို့ မော်လီကျူးတွေ စလှုပ်ရှားနိုင်ပြီ။ -
0:56 - 0:59ဒီအက်တမ်တွေက မော်လီကျူးတွေ ဖြစ်ဖို့
အတူတကွ ပေါင်းစည်းနိုင်တယ်။ -
0:59 - 1:00ဒီမှာ ရေ နဲ့
-
1:00 - 1:02ဒီမှာ ကာဗွန်ဒိုင်အောက်ဆိုဒ်။
-
1:02 - 1:04ဒြပ်ထုကို တို့တွေ ဖန်တီးလို့ မရ၊
ဖျက်စီးလို့ မရဘူး။ -
1:04 - 1:08တို့ရှိတာနဲ့ တို့ ပြန်အကြပ်ရိုက်နေပြီ၊
ဒီတော့ တို့တွေ ဘာလုပ်နိုင်မလဲ။ -
1:08 - 1:10သူတို့မှာ သူတို့ကိုယ်ပိုင် ဝိဉာဉ်ရှိပါတယ်
-
1:10 - 1:11နောက် ရေ၊CO2
ဖွဲ့ထားတယ်၊ ၆လုံးစီပါ -
1:14 - 1:19စွမ်းအင်နည်းနည်း ထည့်လိုက်၊ ၎င်းတို့ဘာသာ
ပြန်လည်ဖွဲ့စည်းပေးတဲ့ Simple Sugar နဲ့ -
1:19 - 1:21အောက်စီဂျင်ဓာတ်ငွေ့ တချို့ရနိုင်တယ်။
-
1:21 - 1:27တို့ အက်တမ်အားလုံးကို ရေတွက်သော်..
ကာဗွန် ၆၊ ဟိုက်ဒြိုဂျင် ၁၂၊ အောက်စီဂျင် ၁၈ -
1:27 - 1:31တို့ပေးလိုက်တဲ့ စွမ်းအင်ကို အက်တမ်ချင်း
စည်းနှောင်ရာမှာ အခု သိမ်းထားတယ်။ -
1:31 - 1:33ဒီ သကြားကို ရေနဲ့ ကာဗွန်ဒိုင်အောက်ဆိုဒ်
-
1:33 - 1:37အဖြစ် ပြန်ဖြိုခွဲရင် ဒီစွမ်းအင်ကို
တို့ ပြန်ထုတ်နိင်တယ် ပြီးတော့ -
1:37 - 1:40အက်တမ်တွေကတော့ နဂိုအတိုင်းပါပဲ။
-
1:40 - 1:44တို့အက်တမ် အနည်းကို ဘေးဖယ်လိုက်ပြီး
အသေးစား ပေါက်ကွဲတဲ့ ဟာ တခုခု စမ်းမယ်။ -
1:44 - 1:49ဒါက မီသိန်း၊ နွား အစာဟောင်းဓါတ်ငွေ့နဲ့
အဆိုင်ဆုံးဖြစ်တယ်၊ -
1:49 - 1:51ဒါပေမဲ့ ဒုံးပျံ လောင်စာအတွက်လည်း သုံးတယ်။
-
1:51 - 1:54တို့ အောက်စီဂျင် တချို့ရယ်
မီးခြစ်ဆံက မီးနဲ့ စွမ်းအင် -
1:54 - 1:56နည်းနည်းရယ်ကို ပေါင်းထည့်ပေးလိုက်ရင်၊
-
1:56 - 2:01ကာဗွန်ဒိုင်အောက်ဆိုဒ်၊ ရေနှင့် အပိုဆောင်း
စွမ်းအင်တွေ အဖြစ်လောင်ကျွမ်းပါမယ်။ -
2:01 - 2:04သတိ..၊ တို့ မီသိန်းက ဟိုက်ဒြိုဂျင်
၄လုံးနဲ့ စခဲ့ပြီး၊ အဆုံးမှာ -
2:04 - 2:09ရေမော်လီကျူး နှစ်လုံး ဖမ်းထားတဲ့
ဟိုက်ဒြိုဂျင် လေးလုံး၊ တို့မှာ ရှိမြဲပဲ။ -
2:09 - 2:14နောက်ဆုံးပိတ်အနေနဲ့၊ ဒါက ပရိုပိန်း
လောင်ကျွမ်းနိုင်တဲ့ဓာတ်ငွေ့ နောက်တမျိုးပဲ။ -
2:14 - 2:17တို့ အောက်စီဂျင်ကိုထည့်၊ မီးမြှိုက်လိုက်..
၀ုန်းခနဲ ပဲ။ -
2:17 - 2:19နောက်ထပ် ရေနဲ့ ကာဗွန်ဒိုင်အောက်ဆိုဒ် ပဲ။
-
2:19 - 2:21ဒီတကြိမ်တော့ CO2 သုံးလုံး ရမယ်
-
2:21 - 2:24အကြောင်းမှာ ပရိုပိန်းမော်လီကျူးက
ကာဗွန်အက်တမ် သုံးလုံးနဲ့ စတင်ခဲ့ပြီး -
2:24 - 2:27သူတို့မှာ တခြားသွားဖို့ နေရာလည်းမရှိပါ။
-
2:27 - 2:30ဒီအက်တမ် အုပ်စုလေးနဲ့ ပုံစံထုတ်နိုင်တဲ့
အခြားဓာတ်ပြုခြင်းတွေ များစွာရှိတယ် -
2:30 - 2:34ပြီးတော့ ဒြပ်ထုတည်မြဲခြင်း ဥပဒေသ
အမြဲတမ်း ဆက်မှန်တယ်။ -
2:34 - 2:37ဓာတ်ပြုစမှာ ရုပ်နဲ့ စွမ်းအင်
ဘာဖြစ်ဖြစ် ရှိမည်ဖြစ်ပြီး -
2:37 - 2:40ဓာတ်ပြုပြီးတဲ့အခါ ပြန်တွေ့ပါမယ်။
-
2:40 - 2:43ဒါကြောင့် ဒြပ်ကို
ဖန်းတီးမရ၊ ဖျက်စီးမရ လျင် -
2:43 - 2:46ဒီအက်တမ်တွေ ပထမနေရာ
ဘယ်နေရာက လာလဲ။ -
2:46 - 2:49အချိန်ကို နောက်ကြောင်းပြန်လှည့်
ကြည့်ကြစို့။ -
2:49 - 2:54ဝေး..ဝေး၊ ဝေး..ဝေး၊ ဝေးအုံး သိပ်ဝေးသွားတယ်
-
2:54 - 2:55ဟုတ်ပြီ၊ ဒီနေရာ ပဲ။
-
2:55 - 2:56မဟာပေါက်ကွဲမှု။
-
2:56 - 3:00ကျွန်ုပ်တို့ရဲ့ ဟိုက်ဒြိုဂျင်သည်
စကြ၀ဠာစတင်ပြီး သုံးမိနစ် အချိန်တွင် -
3:00 - 3:04အမှုန်များ စွမ်းအင်မြင့် ဆူပွက်ခြင်းမှ
ဖွဲ့စည်းခဲ့ပါတယ်။ -
3:04 - 3:08နောက်ဆုံးမှာ၊ စုပြုံလာတဲ့ အက်တမ်စုများ
နဲ့ ကြယ်များဖွဲ့စည်းခဲ့တယ်။ -
3:08 - 3:12ဒီကြယ်များ အတွင်း၊ နျူးကလိယားဓာတ်ပြု
ခြင်းတွေက ဟိုက်ဒြိုဂျင်နှင့် ဟီလီယံ လို -
3:12 - 3:14အပေ့ါစား ဒြပ်စင်များကို ပေါင်းပြီး
-
3:14 - 3:18ကာဗွန်၊ အောက်စီဂျင် လို ပိုကြီးမားတဲ့
ဒြပ်စင်များကို ဖွဲ့ခဲ့စည်းတယ်။ -
3:18 - 3:21အပေါ်ယံကြည့်ရင်၊ ဒီ ဓာတ်ပြုခြင်းတွေက
ဥပဒေသကို ချိုးဖောက်နေပုံပေါ်တယ် -
3:21 - 3:24ဘာလို့ဆို အံဩဖွယ်ကောင်းတဲ့ စွမ်းအင်
ပမာဏကို ရုတ်တရက် -
3:24 - 3:26သူတို့ ထုတ်လွှတ်တာလို့ ထင်ရတယ်
-
3:26 - 3:29သို့သော် အိုင်းစတိုင်းရဲ့ နာမည်ကျော်
ညီမျှခြင်းကြောင့် -
3:29 - 3:32စွမ်းအင်ဟာ ဒြပ်ထုနဲ့ ညီမျှတယ်လို့
တို့တွေ သိကြတယ်။ -
3:32 - 3:35ကနဦး အက်တမ်တွေရဲ့ စုစုပေါင်း
ဒြပ်ထုသည်၊ -
3:35 - 3:39ဆက်စပ်ပစ္စည်းတွေရဲ့ ဒြပ်ထုထက်
အနည်းငယ် ပိုများပြီး၊ ထို ဒြပ်ထု -
3:39 - 3:44ဆုံးရှုံးခြင်းသည် ကြယ်အပြင်ဘက်သို့
အလင်း၊ အပူ နှင့် စွမ်းအင်ဆောင်အမှုန်များ -
3:44 - 3:50အဖြစ်ဖြာထွက်သော စွမ်းအင် မြတ်ခြင်းနဲ့
အပြည့်အ၀ ကိုက်ညီပြန်ပါတယ်။ -
3:50 - 3:52အဆုံးသတ်မှာ ထိုကြယ်၊
ကြယ်ပေါက်ကွဲခြင်း ဖြစ်ခဲ့ပြီး -
3:52 - 3:55၎င်းရဲ့ ဒြပ်စင်တွေကို
ဟင်းလင်းပြင်မှာ ကြဲဖြန့်ခဲ့တယ် -
3:55 - 3:58အကျဉ်းရုံးဆိုသော်၊ သူတို့ချင်းဆုံပြီး
အခြားကြယ်ပေါက်ကွဲရာမှ အက်တမ်တွေက -
3:58 - 4:00ကမ္ဘာကို ဖွဲ့စည်းခဲ့ပြီး
-
4:00 - 4:04နှစ်သန်း ၄ထောင့် ၆ရာ အကြာမှာ
တို့ရဲ့ သီးခြားစနစ်ငယ် အတွင်း -
4:04 - 4:07သူတို့ရဲ့ အစအနများကို ပြသရန်
တလုံးတ၀တည်း စုစည်းခဲ့တယ်။ -
4:07 - 4:12ဒါပေမဲ့ သူတို့က သင့်ကို ဖွဲ့စည်းဖို့
အတူပေါင်းစုလိုက်တဲ့ အက်တမ်တွေလောက် -
4:12 - 4:13ဒီနွားလောက် ဒီကျောက်ခဲလောက်
-
4:13 - 4:14စိတ်ဝင်စားဖို့ မကောင်းပါ
-
4:14 - 4:17ဒါကြောင့်လည်း Carl Sagan က
တို့တွေကို လူသိရှင်ကြားပြောခဲ့တာ -
4:17 - 4:21တို့ဟာ ကြယ်နဲ့အတိပြီးတဲ့ အရာ။
- Title:
- ဒြပ်ထုတည်မြဲမှု နိယာမ - Todd Ramsey
- Description:
-
သင်ခန်းစာအပြည့်အစုံကြည့်ရန်: http://ed.ted.com/lessons/the-law-of-conservation-of-mass-todd-ramsey
ကျွန်ုပ်တို့ စကြ၀ဠာထဲက အရာခပ်သိမ်းမှာ အသေးဆုံး အက်တမ်မှ အကြီးဆုံး ကြယ်အထိ ဒြပ်ထုရှိကြပါသည်။ ဒါပေမဲ့ ကြယ်တွေ ဂြိုဟ်တွေနဲ့ သင်တို့ကိုယ်တိုင်ရဲ့ မွေးဖွားချိန်နဲ့ သေဆုံးချိန် အတောအတွင်း ဖြစ်တည်နေစဉ် တလျှောက်လုံး ဒြပ်ထုပမာဏဟာ ပုံသေတည်တံ့နေတာပါ။ သူ့ရဲ့ ဒြပ်ထုတည်မြဲအောင် ထိန်းသိမ်းရင်း စကြ၀ဠာကြီး ဘယ်နည်းဘယ်ပုံ တိုးတက်ပြောင်းလဲလာပါလိမ့်။ တောဒ့် ရမ်ဆေ က ဒြပ်ထုတည်မြဲမှုနိယာမဖြင့် ထိုမေးခွန်းကို ဖြေဆိုထားပါတယ်။
သင်ခန်းစာတင်ဆက်သူ-Todd Ramsey၊ ရုပ်သံလှုပ်ရှားမှုပုံရိပ်-Vegso/Banyai.
- Video Language:
- English
- Team:
closed TED
- Project:
- TED-Ed
- Duration:
- 04:37
![]() |
sann tint approved Burmese subtitles for The law of conservation of mass - Todd Ramsey | |
![]() |
sann tint accepted Burmese subtitles for The law of conservation of mass - Todd Ramsey | |
![]() |
sann tint edited Burmese subtitles for The law of conservation of mass - Todd Ramsey | |
![]() |
sann tint edited Burmese subtitles for The law of conservation of mass - Todd Ramsey | |
![]() |
sann tint edited Burmese subtitles for The law of conservation of mass - Todd Ramsey | |
![]() |
Tun Lin Aung + 1 edited Burmese subtitles for The law of conservation of mass - Todd Ramsey | |
![]() |
Tun Lin Aung + 1 edited Burmese subtitles for The law of conservation of mass - Todd Ramsey | |
![]() |
Tun Lin Aung + 1 edited Burmese subtitles for The law of conservation of mass - Todd Ramsey |