-
ဒီမှာ ဂဏန်း လေး လုံးရှိတယ်
-
ဒီဂဏန်း တစ်ခုချင်းစီ ကို အနီးစပ်ဆုံး ယူကြည့်ကြမယ်
-
အနီးစပ်ဆုံးဆယ်တန်ဖိုး နဲ့ အနီးစပ်ဆုံး ရာတန်ဖိုးယူမယ်
-
ဗွီဒီယိုကိုရပ်ပြီးကိုယ့်ဘာကိုယ်အရင်ကြိုးစားကြည့်ပါဦး
-
အခုကော်လံနှစ်ခုလုပ်မယ်
-
တစ်ခုက အနီးစပ်ဆုံး ဆယ်တန်ဖိုး အတွက်
-
နောက်တစ်ခုက အနီးစပ်ဆုံးရာတန်ဖိုး အတွက်
-
154 ကိုစယူကြည့်မယ်
-
154 နဲ့အနီးဆုံးဖြစ်ပြီးသူ့ထက်ကြီးတဲ့ 10 ရဲ့ဆခွဲကိန်းကဘာလဲ
-
160 ပေါ့
-
154 နဲ့အနီးဆုံးဖြစ်ပြီးသူ့အောက်ငယ်တဲ့ 10 ရဲ့ ဆခွဲကိန်းက 150
-
အနီးစပ်ဆုံး 160 လို့ပိုယူလို့ရသလို 150 လို့လျှော့ယူလို့လည်းရတယ်
-
အနီးစပ်ဆုံး ဆယ်တန်ဖိုးယူတဲ့အခါမှာ
-
ခုဂဏန်းကိုကြည့်ရမယ်
-
အနီးစပ်ဆုံးယူမယ့် တန်ဖိုးရဲ့ညာဖက်မှာရှိတယ့်ဂဏန်းရဲ့ နေရာလိုက်တန်ဖိုး
-
ခုဂဏန်းမှာရှိတဲ့ 4 ကိုကြည့်မယ်
-
4 က 5 အောက်ငယ်လို့ 150 လို့လျှော့ယူရမယ်
-
ဒီကိန်းကိုဘဲပြန်ကြည့်ရအောင်
-
154 ကိုဘဲအနီးစပ်ဆုံး ရာတန်ဖိုးယူကြည့်မယ်
-
အနီးစပ်ဆုံး ယူမယ်ဆိုတာနဲ့
-
154 နဲ့အနီးဆုံးဖြစ်ပြီးသူ့ထက်ကြီးတဲ့ 100 ရဲ့ဆခွဲကိန်းကဘာလဲ
-
160 က 100 ရဲ့ဆခွဲကိန်းမဟုတ်ဘူး 154 နဲ့ အနီးဆုံးဖြစ်ပြီးသူ့ထက်လည်းကြီးတဲ့
-
100 ရဲ့ ဆခွဲကိန်းက 200
-
154 နဲ့အနီးဆုံးဖြစ်ပြီး သူ့အောက်ငယ်တဲ့ 100 ရဲ့ဆခွဲကိန်းကဘာလဲ
-
100 ပေါ့
-
အနီးစပ်ဆုံးရာတန်ဖိုးယူမယ်ဆို
-
ရာဂဏန်းကိုကြည့်
-
သူ့ရဲ့ညာဘက်တစ်နေရာဆိုတော့
-
ဆယ်ဂဏန်းပေါ့
-
5 သို့မဟုတ် 5 ထက်ကြီးရင်ပိုယူမယ်
-
5 အောက်ငယ်ရင်လျှော့ယူမယ်
-
ဒါက 5 သို့မဟုတ် 5 ထက်ကြီးလို့ပိုယူမယ်
-
စိတ်ဝင်စားဖို့ကောင်းလာပြီ
-
အနီးစပ်ဆုံးဆယ်တန်ဖိုးယူတုန်းက 4 ဖြစ်နေတဲ့အတွက်
-
ခုဂဏန်းမှာ ငါတို့ လျှော့ပြီးအနီးဆုံးယူခဲ့တယ်
-
ဒါပေမယ့် အနီးစပ်ဆုံးရာတန်ဖိုးယူရင်တော့
-
ဆယ်ဂဏန်းမှာ 5 ဖြစ်နေတဲ့အတွက် 200 လို့ပိုယူခဲ့တယ်
-
နောက်ထပ်ဆက်တွက်ကြည့်ရအောင်
-
ပျော်ဖို့ကောင်းပါတယ်
-
ဒီတစ်ခါ 4674
-
သူ့ထက်လည်းကြီးပြီးသူနဲ့အနီးဆုံးဖြစ်တဲ့ 10ရဲ့ဆခွဲကိန်းက 4680
-
သူ့ထက်လည်းငယ်သူနဲ့လည်းအနီးဆုံးဖြစ်တဲ့ 10 ရဲ့ဆခွဲကိန်းက 4670
-
10 ရဲ့ဆခွဲကိန်းတွေနဲ့ဘဲ စဥ်းစား ရမယ်ဆိုတာသတိထားပါ
-
အခုဆိုပိုယူမလား လျှော့ယူမလား
-
အနီးဆုံးဆယ်တန်ဖိုးယူရမှာဖြစ်လို့
-
ပိုယူမယ်ဆို 8 ဖြစ်သွားမှာဖြစ်ပြီး
-
လျှော့ယူမယ်ဆို 7 ဖြစ်သွားမှာဖြစ်တယ်
-
ဒါကိုသိဖို့အတွက် ခုနေရာကိုကြည့်မယ်
-
ခုနေရာက 5 သို့မဟုတ် 5 ထက်ကြီးရင် တိုးယူမယ်
-
5 အောက်ငယ်ရလျှော့ယူမယ်
-
ဒီမှာလည်း 5 အောက်ငယ်နေတဲ့အတွက်လျှော့ယူမယ်
-
ဒီကိန်းကိုဘဲ အနီးစပ်ဆုံးရာတန်ဖိုးယူကြည့်ရအောင်
-
သူနဲ့အနီးဆုံးဖြစ်ပြီးသူ့အောက်ငယ်တဲ့ 100 ရဲ့ဆခွဲကိန်းကဘာလဲ
-
4600 ဖြစ်တယ်
-
သူ့ထက်ကြီးပြီးသူနဲ့အနီးဆုံးဖြစ်တဲ့ 100 ရဲ့ဆခွဲကိန်းက 4700
-
အနီးစပ်ဆုံးရာတန်ဖိုးရှာနေတာဖြစ်လို့
-
ဆယ်နေရာကိုကြည့်ရမယ်
-
ဆယ်နေရာက 5 သို့မဟုတ် 5 ထက်ကြီးလို့ 4700 လို့တိုးယူမယ်
-
9995 ကိုကြည့်ရအောင်
-
ဒီတစ်ခါလည်း ဗွီဒီယိုကို ခဏရပ်ပြီး
-
မတွက်ရသေးရင်
-
ကိုယ့်ဘာကိုယ် အရင်တွက်ကြည့်ပါ
-
9995 မှာဆို
-
သူနဲ့အနီးဆုံးဖြစ်ပြီးသူ့အောက်ငယ်တဲ့ 10 ရဲ့ ဆခွဲကိန်းက
-
9990 ဖြစ်ပြီး
-
သူ့ထက်လည်းကြီးသူနဲ့လည်းအနီးဆုံးဖြစ်တဲ့ 10 ရဲ့ဆခွဲကိန်းကဘာဖြစ်မလဲ
-
သူ့ကို 10 တိုးလိုက်ရင်ဘဲ 10000 ရတယ်
-
ဒါက 100 ရဲ့ဆခွဲကိန်းမဟုတ်လား လို့မင်းပြောလိမ့်မယ်
-
တကယ်တော့ဒါက 1000 ရဲ့ဆခွဲကိန်း
-
10000 ရဲ့ဆခွဲကိန်းလည်းဖြစ်တယ်
-
အဲ့လိုဆိုပေမဲ့
-
9995 နဲ့အနီးဆုံးဖြစ်ပြီးသူ့ထက်ကြီးတဲ့ 10 ရဲ့ဆခွဲကိန်းကလည်း 10000 ဖြစ်တယ်
-
ဒါကို 10 ပေါင်းလိုက်ရုံနဲ့ 10000 ရတယ်
-
သူ့အောက်ငယ်ပြီး သူနဲ့အနီးဆုံးဖြစ်တဲ့ 10 ရဲ့ဆခွဲကိန်းကတော့ 9990
-
အဲ့ဒါကို 10 ပေါင်းရင် 10000 ရမယ်
-
ဒါကိုဘယ်လိုယူကြမလဲ
-
အနီးဆုံးဆယ်တန်ဖိုးယူရင်
-
ခုနေရာကိုကြည့်မယ်
-
ခုနေရာက 5 သို့မဟုတ် 5 ထက်ကြီးရင် 10000 လို့တိုးယူမယ်
-
အနီးဆုံးရာတန်ဖိုးယူရအောင်
-
ဒါကိုကျင့်သားရနေလောက်ပြီ
-
သူ့အောက် 100 ငယ်တာကဘာလဲ
-
9900 ဖြစ်မယ်
-
သူ့ကို 100 တိုးတဲ့ 100 ရဲ့ဆခွဲကိန်းကတေ့
-
သူ့ကို 100 ပေါင်းရင်ရတဲ့ 10000 ဖြစ်တယ်
-
တိုးယူမလား လျှော့ယူမလားဘယ်လိုဆုံးဖြတ်မလဲ
-
ခုနေရာကိုကြည့်ရမှာမဟုတ်တော့ဘူး
-
အခုက အနီးဆုံးရာတန်ဖိုးယူနေတာဖြစ်တယ်
-
ဒါကြောင့်
-
ညာဘက်တစ်နေရာကိုကြည့်မယ်
-
အဲ့တော့ ဆယ်နေရာ
-
5 သို့မဟုတ် 5 ထက်ကြီးရင် ပိုယူရမှာဖြစ်ပြီး
-
5 အောက်ငယ်ရင် လျှော့ယူမယ်
-
ဒီမှာက 5 သို့မဟုတ် 5 ထက်ကြီးနေတာကြောင့် 10000 လို့ပိုယူမယ်
-
8346 ကိုဆက်ကြည့်ရအောင်
-
8340 နဲ့အနီးဆုံးဖြစ်ပြီး သူ့အောက်ငယ်တဲ့ 10 ရဲ့ဆခွဲကိန်းက 8340
-
သူ့ထက်ကြီးတာက 8350
-
အနီးဆုံး ဆယ်တန်ဖိုးယူနေတာဖြစ်လို့
-
ခုနေရာကိုကြည့်
-
5 သို့မဟုတ် 5 ထက်ကြီးလို့ တိုးယူမယ်
-
အနီးဆုံးရာတန်ဖိုးယူရအောင်
-
8346 နဲ့အနီးဆုံးဖြစ်ပြီးသူ့ထက်ကြီးတဲ့ 100 ရဲ့ဆခွဲကိန်းက 8400
-
သူ့ထက်ငယ်တဲ့ 100 ရဲ့ဆခွဲကိန်းက 8300
-
အခုကအနီးဆုံးရာတန်ဖိုးယူနေတာဖြစ်တယ်
-
တိုးယူမယ်ဆို ရာနေရာက 4 ဖြစ်သွားပြီး
-
လျှော့ယူမယ်ဆို 3 အတိုင်းဘဲရှိနေလိမ့်မယ်
-
ဒါပေမဲ့ နောက်မှာတော့ သုည တွေဘဲလိုက်မယ်
-
အနီးဆုံး ရာတန်ဖိုးယူချင်ရင်
-
ဆယ်နေရာကိုကြည့်
-
ဒီမှာက 5 အောက်ငယ်နေလို့ 8300 လို့လျှော့ယူမယ်
-
အနီးဆုံးဆယ်တန်ဖိုး ယူနေတာဆိုရင်
-
8350 လို့တိုးယူမယ်
-
အနီးဆုံးရာတန်ဖိုး ယူတာဆိုရင်
-
8300 လို့လျှော့ယူမယ်