< Return to Video

Newton's First Law of Motion Concepts

  • 0:00 - 0:02
    အခု တို့တွေ အနည်းငယ်တော့သိကြပြီးပြီ
  • 0:02 - 0:03
    နယူ တန် ရဲ့ ပထမ နိယာမကို
  • 0:03 - 0:04
    အခု ငါတို့ ဉာဏ်စမ်းသဘောမျိုး ကိုယ့်ကိုယ်ကို စမ်းကြည့်ကြရအောင်
  • 0:04 - 0:07
    တို့လုပ်မှာက ဘယ် အချက် အကြောင်းအရာက တွေက အမှန်တကယ်
  • 0:07 - 0:10
    မှန်ကန်သလဲဆိုတာကို
  • 0:10 - 0:12
    ပထမ အချက်ကတော့
  • 0:12 - 0:19
    အရာဝထ္ထု တစ်ခုပေါ် ကို ကျရောက်သော အသားတင် အား သည် သုည ဆိုလျှင် ၎င်း ၏ အဟုန် သည် ပြောင်းလဲခြင်းမရှိ
  • 0:19 - 0:20
    စိတ်ဝင်စားစရာပဲ
  • 0:20 - 0:22
    ဒုတိယ အချက်က
  • 0:22 - 0:28
    ဝထ္ထု တစ်ခုပေါ်ကို ကျရောက်သော မညီမျှ အားသည် ယင်းအရာဝထ္ထု ု၏ မြန်နှုန်း(အလျင်)ကို အမြဲတမ်းသက်ရောက်မူ ရှိစေသည်။
  • 0:28 - 0:30
    ဒီအချက်ကလည်း စိတ်ဝင်စားစရာပဲ
  • 0:30 - 0:31
    တတိယ အချက်ကတော့
  • 0:31 - 0:39
    ကျွန်ုပ်တို့ ၏ နေ့စဉ် နေထိုင် မှု ဘဝများရှိ ရွေ့မြဲ ရွေ့နေသော အရာဝထ္ထု များ အား ရပ်တန့် သွားစေရန် တစ်ခုတည်းသော အကြောင်းမှာ ၎င်းတို့ပေါ်သို့
  • 0:39 - 0:42
    မျှခြေ မညီသော အား သက်ရောက်မှသာ ဖြစ်နိုင်သည်
  • 0:42 - 0:43
    စတုထ္ထ အချက်ကတော့
  • 0:43 - 0:50
    အရာဝထ္ထု တစ်ခု ပေါ်သို သက်ရောက် သော မညီမျှသော အားသည ် ၎င်း အရာဝထ္ထု ၏ လမ်းကြောင်းကို အမြဲတမ်း ပြောင်းလဲ သွားစေနိုင်သည်။
  • 0:50 - 0:53
    ဒါဆို မင်းတို့ စဉ်းစားရမှာက.
  • 0:56 - 1:00
    အချက်အလိုက် ပြန် ကြည့်မယ်ဆိုရင်
  • 1:00 - 1:05
    ပထမ အချက် က ဒီမှာ..အရာဝထ္ထု တစ်ခုပေါ်ကို ကျရောက်သော အသားတင်အားသည် သုညဖြစ်လျှင် ၎င်းအရာဝထ္ထု ၏ အဟုန်သည် ပြောင်းလဲခြင်းမရှိချေ
  • 1:05 - 1:13
    မှန်ပါတယ် ဒီအကြောင်းက နယူတန် ရဲ့ ပထမ နိယာမကို စာပြန်စီထားတာပါပဲ
  • 1:13 - 1:20
    တကယ်လို့ ငါတို့မှာ အာကသထဲမှာ အဟုန် တစ်ခု နဲ့ သွားနေတဲ့ အရာဝထ္ထု တစ်ခုခု ရှိတယ်ဆိုပါစို့
  • 1:20 - 1:23
    ဒါဆို ရင် သူက မြန်နှုန်းတစ်ခုခုနဲ့ လမ်းကြောင်း တစ်ခုခုပေါ်မှာပေါ့
  • 1:23 - 1:25
    ပြောရရင် အဲဒါကနက် ရှိုုင်းတဲ့အာကာသ ကြီး ဖြစ်နိုင်ပြီး ဘာသက်ရောက်မှုအားမှလဲ မရှိဘူးလို့ဆိုကြပါစို့
  • 1:25 - 1:29
    ဘာဆွဲငင်အားမှလဲမရှိ အဲဒီမှာ အလွန်သေးငယ်တဲ့အရာ ဝထ္ထုလေးပဲရှိတယ်ဆိုပါဆို့
  • 1:29 - 1:33
    ဒါပေမယ့် ဆွဲငင်အားသက်ရောက်မှု မရှိဘူးလို့ဆိုကြပါစို့ အဲဒီ ထဲကို ကျရောက်သွားတဲ့ ဘာအမှုန်မှ မရှိဘူး ပေါ့
  • 1:33 - 1:38
    တကယ်ကို လေဟာနယ် မဲ့ ဇုန် ထဲမှာ ဒီအရာဝထ္ထုကတော့ အမြဲတမ်း ရွေ့နေတော့တာ
  • 1:38 - 1:43
    သူ့ရဲ့ အဟုန်လဲ မပြောင်းတော့ဘူး သွားတဲ့ မြန်နှုန်းလဲမပြောင်းဘူး သူ့ရဲ့လမ်းကြောင်းလဲမ ပြောင်းတော့ ဘူး
  • 1:43 - 1:46
    ဒါကြောင့် ဒီအချက်က လုံးဝကိုမှန်ပါတယ်
  • 1:46 - 1:55
    ဒုတိယ အချက် ဝထ္ထု တစ်ခုပေါ်ကို ကျရောက် သော မညီမျှအားတစ်ခုသည် ၎င်းအရာဝထ္ထု ၏ မြန်နုန်းပေါ်သို့အမြဲသက်ရောက်မှု ရှိသည် ဒီနေရာမှာ အဓိက စကားလုံးက
  • 1:55 - 1:57
    မြန်နှုန်းပဲ
  • 1:57 - 2:01
    တကယ်လို့ အရာဝထ္ထု ရဲ့ အဟုန်ကို ပြောင်းလဲစေတယ်လို့ ရေးလဲ ဒါမှန်တော့ မှန်နိုင်တာပဲ
  • 2:01 - 2:08
    ဝထ္ထု တစ်ခုပေါ်ကို သက်ရောက်သော မျှချက်မညီသည့်အားတစ်ခုသည် ၎င်းအရာဝထ္ထု ၏ အဟုန်ပေါ်သို့သက်ရောက်မှု ရှိသည် ဒါလဲမှန်ပါတယ်
  • 2:08 - 2:13
    ဒါပေမယ့် ဒီမှာ တို့က မြန်နှုန်းလို့ ရေထားတယ် မြန်နှုန်း သည် အဟုန်ရဲ့ ပမာဏတန်ဖိုးသက်သက်သာဖြစ်တယ် သူ့ရဲ့ လမ်းကြောင်း ကို ထည့်မတွက်ထားဘူး
  • 2:13 - 2:18
    ဒုတိယ စာကြောင်းက ဘာလို့မှားလဲလို့ သိချင်တယ်ဆိုရင် အကြောင်း အရာနှစ်ခုကိုပဲ စဉ်းစားကြည့်ရအောင်
  • 2:18 - 2:23
    ငါတို့ ဗဟိုချဉ်း အရှိန်တွေ ဗဟိုချဉ်း အားတွေ ရယ် အတွင်းဘက်ချဉ်း အားတွေ တိုပိုနားလည်အောင်လို့ အဲဒါနဲကပတ်သက်တဲ့ ဗီဒီယို တွေ ပိုပြီး လုပ်မှာပါ
  • 2:23 - 2:28
    ဒါကို အခုချက်ခြင်း နားမလည်သေးဘူးဆိုရင်
  • 2:28 - 2:31
    ကဲငါတို့ ရေခဲပြင်စကိတ်စီး ပွဲကို အပေါ်ကနေကြည့်နေတယ်ဆိုပါဆို့
  • 2:31 - 2:34
    ဒါက ရေခဲပြင်စကိတ်စီးတဲ့သူ ဒါက သူရဲ့ ဦးခေါင်း
  • 2:34 - 2:37
    သူတို့ က လမ်းကြောင်းတစ်ခုတည်းပဲသွားမှာ
  • 2:37 - 2:43
    ဒါဆို အဲဒီအချိန်မှာ သူတို့ က ရေခဲပြင် ကွင်းပေါ်မှာစိုက်ထားတဲ့ ကြိုးတစ်ချောင်းနဲ့ ဆောင့်ဆွဲလိုက်မယ်ဆိုရင်
  • 2:43 - 2:47
    ဒါတွေကို အပေါ်စီးကနေ့ ကြည့်နေတာဆိုတော့ ဒါက ကြိုးနေရာ
  • 2:47 - 2:49
    အခု ဘာဖြစ်မှာလဲဆိုတော့
  • 2:49 - 2:56
    စကိတ်စီးတဲ့သူက ဆက်သွားတယ် ဒါပေမယ့် လမ်းကြောင်းကတော့လုံး၀ ပြောင်းသွားတယ်
  • 2:56 - 3:00
    သူတို့ ကြိုးကို ဆက်ဆွဲထားပြီးတော့ သူတို့ ကြိုးကို ဆွဲထားသရွေ့ စက်ဝိုင်းပုံလည်နေမှာပဲ
  • 3:00 - 3:07
    ကြိုးကို လွှတ်လိုက်တဲ့ အချိန်မှာတော့ သူတို့လွှတ်လိုက်တဲ့အချိန်မှာ ကျရောက်နေတဲ့ လမ်းကြောင်းတစ်ခုခုပေါ်ကိုေ ရာက်သွားပြီး ဆက်သွားလိမ့်မယ်..
  • 3:07 - 3:13
    သူတို့က အဲဒီလမ်းကြောင်းပေါ်မှာပဲဆက်သွားပြီးတော့ အဲဒီမှာရေခဲပြင်ကနေ ပွတ်မှုအားနည်းနည်းပဲ ရှိလိမ့်မယ်လို့ ယူဆလိုက်မယ်ဆိုရင်
  • 3:13 - 3:16
    သူတို့ တူတဲ့မြန်နှုန်း (အလျင်) နဲ့ပဲဆက်သွားလိမ့်မယ်.
  • 3:16 - 3:24
    ဒါကြောင့် အား( အတွင်းဘက်ချဉ်းအား) ဒီအခြေအနေမှာေတော့ စကိတ်စီးသူကနေ့ ကြိုးကို ဆွဲ ရာက ဖြစ်ပေါ်တဲ့ပြင်းအား ပဲ
  • 3:24 - 3:26
    စကိတ်စီးသူရဲ့လမ်းကြောင်းကိုပြောင်းလဲစေမှာဖြစ်တယ်.
  • 3:26 - 3:32
    ဒါကြောင့် မျှချက်မညီတဲ့ အားက အရာဝထ္ထု တစ်ခုရဲ့ မြန်နှုန်း(အလျင်)ကို ပြောင်းလဲစေဖို့ လုံးဝကို လို အပ်တယ်လို့တော့ ပြောလို့မရဘူး ..များသေားအားဖြင့်တော့ဟုတ်တယ် ဒါပေမယ့် ဒီအခြေအနေမှာတော့မဟုတ်ဘူး
  • 3:32 - 3:35
    သူက စကိတ်စီးသူရဲ့ လမ်းကြောင်းကို ပဲသက်ရောက်စေခဲ့တယ်
  • 3:35 - 3:42
    ဒီအခြေအနေမျိူးးနဲ့တူတာက ထပ်ပြောရင် ဗဟိုချဉ်း အရှိန် တွေ အတွင်းဘက်ချဉ်းအားတွေ အတွင်းဘက်ချဉ်း အရှိန်တွေပါတယ်
  • 3:42 - 3:47
    လမ်းကြောင်းတစ်ခုနဲပတ်နေတဲ့ ဂြိုဟ်တု ဒါမှမဟုတ် လမ်းကြောင်း ထဲမှာရှိနေတဲ့ အရာဝထ္ထု တစ်ခုခုပေါ့
  • 3:47 - 3:53
    ဒါဆို ဒါက ြရိုဟ်တစ်ခုဆိုရင် ဒီနားမှာက ဂြိုဟ်ရံလ
  • 3:53 - 3:59
    သူက သူ့ပတ်လမ်းကြောင်းပေါ်မှာပဲ ပတ်နေတယ် ဘာလို့လဲဆိုတော့ ဂြိုဟ်ထု ဆွဲငင်အားက ဒီအရာဝထ္ထုကို
  • 3:59 - 4:04
    လမ်းကြောင်းပြောင်းလဲသွားစေပေမယ့် သူ ရဲ့ မြန်နှုန်းကို တော့ မပြောင်း လဲစေဘူး မြန်နှုန်း(အလျင်)က မှန်နေတဲ့အတွက် သူကဆက်ပြီးတော့ သွားနေတာ
  • 4:04 - 4:07
    ဒီတော့ ဒါက သူ့ရဲ့ မြန်နှုန်း (အလျင်) ဒါပေမယ့် ဒီဂြို ဟ်သာမရှိဘူးဆိုရင် သူက ဒီလမ်းကြောင်းပေါ်မှာ
  • 4:07 - 4:09
    အမြဲဆက်သွားနေတော့မှာ
  • 4:09 - 4:13
    ဒါပေမယ့် ဒီမှာ ဂြိုဟ်က ရှိနေတော့ အတွင်းဘက်ချဉ်းဆွဲအားက ရှိနေတယ်
  • 4:13 - 4:16
    ငါတို့ ဆွဲငင်အားဆိုတာကို နောက်တော့သေချာထပ်ပြောကြတာပေါ့
  • 4:16 - 4:22
    ဒါပေမယ့် အဲဒီ အတွင်းဘက်ချဉ်းဆွဲငင်အားက ဒီအရာဝထ္ထု ရွေလျားတိုင်း သူရဲ့ အရှိန်ုကို အတွင်းဘက်ကို မြင့်စေတယ်..
  • 4:22 - 4:30
    ဒါကြောင့် အချိန်တစ်ခုကြာမြင့်ပြီးတဲ့အခါ အရာဝထ္ထု ရဲ့ အဟုန် ပြ တန်ဖိုး မှာ မူလ အဟုန် တန်ဖိုးနဲ့ပြောင်းလဲသွားတဲ့ ပမာဏကို ပေါင်းလိုက်မယ် ဆို
  • 4:30 - 4:32
    အဟုန်ပြ တန်ဖိုးအသစ်ဖြစ်ပါတယ်
  • 4:32 - 4:34
    ဒါက သူနည်းနည်းသွားပြီးတဲ့အခါမှာပေါ့
  • 4:34 - 4:38
    သူရဲ့ အဟုန်ပြတန်ဖိုး က ဒီလို ပုံစံမျိုး
  • 4:38 - 4:44
    ပြီးတော့ သူက မြန်နှုန်းသေနဲ့ ဆက်သွားနေပြီး တော့ အတွင်းဘက်ချဉ်အား ဒါမှမဟုတ် ဆွဲငင်အားကတော့
  • 4:44 - 4:50
    သူ့ရဲ့ အမှန်ရွေးလျားမှု လမ်းကြောင်းနဲ့ တော့ အမြဲတမ်း ထောင့်မှန်ကျနေမှာဖြစ်တယ်
  • 4:50 - 4:56
    သူက မြန်နှုန်းသေနဲ့ ရှိနေမှာဖြစ်တဲ့အတွက် နက်ရှိုင်းတဲ့အာကသထဲကိုလည်း ရောက်သွားမှာ မဟုတ်သလို ကမ္ဘာမြေပြင်ပေါ်ကို လဲပြုတ်ကျ မသွားဘူး .
  • 4:56 - 4:59
    ဒါကို ပိုပြီး ခြုံငုံမိအောင် တိတိကျကျ သွားကြတာပေါ့
  • 4:59 - 5:00
    ဒါပေမယ့် အရှင်းဆုံးအဖြေကတော့
  • 5:00 - 5:06
    အရာဝထ္ထု တစ်ခုပေါ်ကို သက်ရောက်တဲ့ မညီမျျှချက်အားတစ်ခု ဟာ ၎င်းအရာ ဝထ္ထု ရဲ့ အဟုန် ( မြန်နှုန်း လမ်းကြောင်း ဒါမှမဟုတ် နှစ်ခုလုံး) ပေါ့
  • 5:06 - 5:11
    ဒါပေမယ့် နှစ်မျိုး စလုံးမဟုတ်ဘူးဆိုရင် မြန်နှုန်း သို့မ ဟုတ် လမ်းကြောင်း တစ်ခုခုပဲပေါ့
  • 5:11 - 5:14
    ဒါကြောင့်မိုလို့ ဒါကလဲ မမှန်တဲ့အချက်ပဲပေါ့
  • 5:14 - 5:19
    အခု တတိယ အချက် တို့တွေရဲ့ နေ့စဉ် ဘဝမှာ ရွေ့မြဲ ရွေ့နေတဲ့ အရာဝထ္ထု တွေကို ရပ်သွားစေတဲ့ အကြောင်းရင်းကတော့
  • 5:19 - 5:23
    သူတို့ ပေါ်မှာ မျှချက် မညီတဲ့အားတွေသက်ရောက်နေလို့ပဲဖြစ်တယ်
  • 5:23 - 5:26
    ဒါလုံးဝမှန်ပါတယ် ဒီမှာ နမူနာပါ
  • 5:26 - 5:32
    ဘာလို့လဲဆိုတော့ အရာဝထ္ထု တစ်ခုကို ယူမယ် တကယ်လို့ တို့ က တို့ စာအုပ်ကို ယူလိုက်ပြီး ခုံစောင်းပေါ်ကနေ လျောချမယ်ဆိုရင်
  • 5:32 - 5:37
    သူရပ်သွားမှာက မညီမျှတဲ့ ပွတ်မှုအား
  • 5:37 - 5:41
    စာအုပ်ရဲ့ မျက်နှာပြင်ရဲ့ ပွတ်ရှိန် နဲ့ စားပွဲရဲ့ ပွတ်ရှိန် တို့ပေါ့
  • 5:41 - 5:47
    တကယ်လို့ တို့ က ရေကန်ထဲမှာရှိနေမယ် အဲဒီမှာ ရေလှိုင်း လုံး၀ မရှိဘူးဆိုရင်တောင် မှ အဲဒီမှာ ကြိုးစားပြီး တွန်းကန်ရမှာပဲ
  • 5:47 - 5:55
    ရေထဲမှာ ရှိတဲ့အရာဝထ္ထု တွေ ဟာ လုံးဝကို ရပ်သွားဖို့ ဆိုတာက ရေကို ဆန့်ကျင်အားတွေ
  • 5:55 - 6:00
    ကိုယ်တိုင်ကြောင့်ပဲဖြစ်တယ် သူက သူ့ ရဲ့လှုပ်ရှားမှု တွေနဲ့ ဆန်ကျင်တဲ့ မညီမျှအားကို ဖြစ်ပေါ်စေလို့ဖြစ်တယ်
  • 6:00 - 6:02
    That is what slowing it down. ဒါကြောင့် နှေးသွားတာဖြစ်တယ်
  • 6:02 - 6:05
    ဒါကြောင့် တို့တွေ့ရဲ့ နေစဉ် ဘဝမှာ အဖြစ်အပျက်တွေ ဖြစ်ပျက်နေတာကို ဘယ်တော့မှ သတိမထားတဲ့ အကြောင်းရင်းက
  • 6:05 - 6:13
    ဒီ ပွတ်တိုက်မှု တွေ လေ ရဲ့ ခုခံအား ဒါမှမဟုတ် ရှိနေတဲ့ မျက်နှာပြင်တွေနဲ့ ပွတ်တိုက်အားတွေ ပေါ့
  • 6:13 - 6:19
    နောက်ဆုံးအချက်ကတော့ အရာဝထ္ထု တစ်ခုပေါ်ကို သက် ရောက် သော မညီမျှသော အားသည် ၎င်း အရာဝထ္ထု ၏ လမ်းကြောင်းကို ပြောင်းလဲသွားစေနိုင်သည်။
  • 6:19 - 6:23
    ဒါကတော့ အလိုလိုကို သိနေနိုင်တဲ့ အချက်ပဲ.
  • 6:23 - 6:27
    တို့တွေ ဒီအခြေအနေမျိုး အမြဲ ကြုံဖူးတာပဲ .ဒီမှာ အတုံး တစ်ခုေ့ပါ့
  • 6:27 - 6:32
    သူက လမ်းကြောင်းတစ်ခုကို ဦးတည်ပြီး တစ်စက္ကန့် ကို ငါးမီတာ နှုန်း နဲ့ သွားနေတယ်..
  • 6:32 - 6:37
    အဲဒီသွားနေတဲ့ လမ်းကြောင်းပေါ်ကိုပဲ မညီမျှအားတစ်ခုခု သက်ရောက်မယ်ဆိုရင်
  • 6:37 - 6:41
    တို့တွေသက်ရောက်လိုက်တဲအားက ဒီမှာ ဒါကို တို့တွေ သွားနေတဲ့ လမ်းကြောင်းအတိုင်းပဲသက်ရောက်လိုက်မယ်ဆိုရင်
  • 6:41 - 6:45
    ဒီလမ်းကြောင်းပေါ် မှာ ပဲ အရှိန်မြှင့်သလိုဖြစ်သွားမှာ ဒါဆို ဒါကို ပြောင်းလဲ လိုက်တယ်လို့ ပြောလို့မရဘူး
  • 6:45 - 6:50
    အရှိန်ကို မြှင့်သွာအောင်လုပ်ဆောင် ချက် လိုက်တယ် ဆိုပေမယ့် သူရဲ့လမ်းကြောင်းကို တော့ မပြောင်းခဲ့ဘူး
  • 6:50 - 6:53
    ဒါဆို လမ်းကြောင်းပြောင်းသွားအောင်တော့ ဒီလိုမျိုးလုပ်လို့ ရမယ်
  • 6:53 - 6:57
    ဒါပေမယ့် အမြဲတမ်းတော့ အရာဝထ္ထု ရဲ့ လမ်းကြောင်းကို ပြောင်းနိုင်မှာ မဟုတ်ဘူး
  • 6:57 - 7:02
    ဒါကြောင့် ဒါလဲမမှန်ဘူး အရာ ဝထ္ထ ု တစ်ခု ပေါ်ကို သက်ရောက်တဲ့မညီမျှအားတစ်ခုသည်
  • 7:02 - 7:04
    အဲဒီအရာဝထ္ထု ရဲ့ လမ်းကြောင်းကို အမြဲပြောင်းလဲစေခြင်းမရှိဘူး
  • 7:04 - 7:08
    ဒီလို အခြေအနေမျိုးဆိုရင်ဖြစ်နိုင်ပေမယ့် အမြဲတမ်းတော့မဟုတ်ဘူး
  • 7:08 - 7:13
    ဒါကြောင့် အမြဲတမ်းဆို့ ဆိုလိုက် တာ က လုံး၀ ကို မှားသွားစေတယ်
Title:
Newton's First Law of Motion Concepts
Description:

more » « less
Video Language:
English
Team:
Khan Academy
Duration:
07:14

Burmese subtitles

Revisions