< Return to Video

ကျန်းမာဖွံ့ဖြိုးတဲ့ ကလေးကို ပြုစုထိန်း​ကျောင်းနည်း - The Su Mon | TEDxYangon

  • 0:09 - 0:15
    ဒီထဲမှာ စာမေးပွဲဖြေဖူးတဲ့သူရှိရင်
    လက်ထောင်ပြပေးလို့ရမလား။
  • 0:15 - 0:18
    အင်း အကုန်လုံး စာမေးပွဲဖြေဖူးတဲ့ပုံပဲနော်။
  • 0:18 - 0:20
    ကျေးဇူးတင်ပါတယ်။
  • 0:20 - 0:24
    ကျွန်မငယ်ငယ်တုန်းက စာမေးပွဲတွေဟာ
    အရမ်းကိုအရေးကြီးခဲ့တာ။
  • 0:25 - 0:30
    ကျွန်မ အမေနဲ့အဖေက စာကြည့်ဖို့
    ဆိုပြီးတော့ နှိုးစရာကို မလိုဘူး...
  • 0:30 - 0:33
    ကျွန်မက သူတို့နှိုးစရာ မလိုပဲ
    အစောကြီး ထပြီး စာတွေ ကြည့်တယ်။
  • 0:34 - 0:38
    တစ်ခါတစ်လေ ညအိပ်နေရင်းနဲ့တောင် ယောင်ပြီး
    စာတွေထ ဆိုတတ်ပါသေးတယ်..
  • 0:39 - 0:45
    စာမေးပွဲဆိုတဲ့ အသံကြားရင်ကိုပဲ
    ရင်တွေခုန် စိတ်လှုပ်ရှားခဲ့တာပေါ့နော်။
  • 0:45 - 0:48
    အခုတောင် အိပ်မက်ထဲ
    စာမေးပွဲတွေ ဖြေနေတုန်းပဲ။
  • 0:49 - 0:53
    စာမေးပွဲ ပြီးသွားလို့ စာမေးပွဲခန်းထဲက
    ထွက်လာပြီဆိုရင်
  • 0:53 - 0:56
    ဆရာမတွေနဲ့ အဖြေတိုက်ကြည့်၊
    သူငယ်ချင်းတွေနဲ့ အဖြေတွက်ပြီး၊
  • 0:56 - 0:59
    ဘယ်လောက် အမှတ်ရမလဲဆိုပြီး
    စိုးရိမ်ရသေးတယ်။
  • 0:59 - 1:02
    အဲ၊ တစ်ခုခု မှားခဲ့တယ်ဆိုရင်တော့
  • 1:02 - 1:06
    တစ်ရှုံ့ရှုံ့နဲ့ ငိုလို့ကို မပြီးတော့ဘူး။
  • 1:06 - 1:10
    အဲဒီတုန်းက စာမေးပွဲတွေက
    ကျွန်မရဲ့ မျှော်လင့်ချက်လေ။
  • 1:11 - 1:13
    ကျွန်မ စာမေးပွဲမှာ ကျွန်မ ပထမရမှ ဖြစ်မယ်။
  • 1:14 - 1:18
    ကျွန်မ စာပေးပွဲမှာ ပထမ
    မရဘူးဆိုရင် အဆူခံရမယ်။
  • 1:19 - 1:21
    ပထမရခဲ့ရင်ကော၊
  • 1:22 - 1:26
    အဲဒါဆိုရင် အမှတ်တစ်ရာ
    အပြည့်မရလို့ ဆူခံရမှာပေါ့။
  • 1:27 - 1:30
    ပထမလည်းရ၊ အမှတ်တစ်ရာလည်း
    ပြည့်တယ်ဆိုရင်တော့
  • 1:30 - 1:33
    အဆူခံရ လွတ်သွားပြီလို့ပြောရမှာပေါ့နော်။
  • 1:33 - 1:34
    ဒါတောင် လူကြီးတွေက
  • 1:34 - 1:37
    အုန်းမှုတ်ခွက်ထဲက
    ဖားလေး ဖြစ်နေမယ်တဲ့
  • 1:37 - 1:39
    ကျေနပ်မနေနဲ့လို့ ပြောကြသေးတယ်။
  • 1:40 - 1:45
    ကျွန်မငယ်ငယ်က စာမေးပွဲမှာ
    ဘယ်လောက် အမှတ်ရတာထက်
  • 1:45 - 1:48
    ကျွန်မလိုချင်ခဲ့တာက
    မိဘတွေရဲ့ ချီးကျူးစကားပါ။
  • 1:48 - 1:54
    ဒါပေမဲ့ ကျွန်မက ဘယ်လောက် ကြိုးစားကြိုးစား
    မိဘတွေက ကျွန်မကို ချီးကျူးလေ့ မရှိကြဘူး။
  • 1:54 - 1:58
    အဲ့တော့၊ ငယ်ငယ်က ကျွန်မတွေးခဲ့တာက
    ကြိုးစားလည်း အပိုပါပဲ။
  • 1:59 - 2:02
    ရမှာလည်း မဟုတ်ဘူး၊ ဘာလို့ကြိုးစားရဦးမှာလဲ။
  • 2:03 - 2:07
    အသက်ကြီးလာလို့ ကိုယ်တိုင်လည်း
    မိခင်တစ်ယောက် ဖြစ်လာတဲ့ အချိန်မှာ
  • 2:08 - 2:11
    မိဘတွေရဲ့ စေတနာကို
    သဘောပေါက်ပါတယ်။
  • 2:11 - 2:15
    သူတို့က ကျွန်မကို အထင်ကြီးပြီးတော့
    ကြိုးစားမှု လျော့သွားမှာ ကြောက်တယ်။
  • 2:16 - 2:17
    ဘဝင်မြင့်သွားမှာ ကြောက်တယ်။
  • 2:17 - 2:22
    ဒါပေမဲ့ ဒါတွေကို ကလေးတစ်ယောက်
    အနေနဲ့ ကျွန်မ နားမလည်နိုင်ခဲ့ဘူး။
  • 2:22 - 2:24
    ကျွန်မ သမီးလေး မွေးလာတော့
  • 2:24 - 2:28
    ကျွန်မသမီလေးကို ကျွန်မငယ်ငယ်က ခံစားခဲ့
    ရတာမျိုး သူ့ကို မခံစားစေချင်ဘူး။
  • 2:28 - 2:32
    သူ့ကို အကောင်းဆုံး ဘယ်လို
    ပြုစုပျိုးထောင်းပေးရမလဲ ဆိုပြီးတော့
  • 2:32 - 2:36
    ကလေး ထိန်းကျောင်းရတာနဲ့ ပတ်သက်ပြီး
    ကျွန်မ အများကြီး လေ့လာခဲ့ပါတယ်။
  • 2:36 - 2:41
    ကျွန်မအတွက် ကံကောင်းတာက
    နိုင်ငံခြားမှာ နေခွင့်ရတဲ့အတွက်၊
  • 2:41 - 2:45
    ကိုယ့်လေ့လာချင်တာတွေကို
    အလွယ်တကူ လေ့လာလို့ ရနိုင်တာပေါ့။
  • 2:46 - 2:48
    အဲဒီမှာ ကျွန်မ ဘာတွေ တွေ့ရသလဲ ဆိုတော့
  • 2:49 - 2:52
    စိတ်ပညာရှင်တွေက ကလေး ထိန်းကျောင်းတာနဲ့
    ပတ်သက်ပြီးတော့
  • 2:54 - 2:57
    မိဘနဲ့ သားသမီး ရင်းရင်းနှီးနှီး ရှိတာရယ်၊
  • 2:57 - 3:02
    စည်းကမ်းချက်တင်းကျပ်မှု အနည်းအများ
    ပေါ် မူတည်ပြီး parenting styles ဆိုပြီး
  • 3:02 - 3:04
    လေးမျိုး ခွဲခြားထားပါတယ်။
  • 3:05 - 3:09
    ပထမ တစ်ခုက Neglectful Parenting ဆိုတာတော့
  • 3:09 - 3:13
    မိဘတွေက ကလေးတွေကို
    လုံးဝဂရုမစိုက်တာမျိုးပေါ့။
  • 3:14 - 3:17
    အရမ်းကို စီးပွားရေး အလုပ်ရှုပ်တတ်တဲ့
    လူတွေမှာလည်း ဖြစ်တတ်ပါတယ်။
  • 3:18 - 3:23
    ဒီကလေးတွေက မိဘတွေရဲ့ ချစ်ခင်မှုကို
    လုံလုံလောက်လောက် မရတဲ့အတွက်
  • 3:23 - 3:25
    သူတို့ဟာ စိတ်ဓာတ်ရေးရာမှာ သိမ်ငယ်ပြီး
  • 3:25 - 3:28
    တခြားဆိုးကျိုး တွေလည်း
    အမျိုးမျိုးရှိတယ်လို့ဆိုပါတယ်။
  • 3:31 - 3:36
    Permissive Parenting ဆိုတာကတော့
    မိဘက သားသမီးကို အကုန် အလိုလိုက်တာပေါ့။
  • 3:36 - 3:40
    တစ်ဦးတည်းသော သားသမီးမို့လို့၊ မိတဆိုးလေး
    ဖတဆိုးလေး အမျိုးမျိုးပေါ့လေ။
  • 3:41 - 3:46
    ဒီကလေးတွေက မိဘတွေက သူတို့ကို အစစ
    အရာရာ ဦးစားပေးပြီးတော့ ဆက်ဆံတဲ့အတွက်
  • 3:46 - 3:49
    သူတို့ဟာ သူများတွေနဲ့ ပေါင်းတဲ့နေရာမှာ
  • 3:50 - 3:51
    တစ်ကိုယ်ကောင်းဆန်ကြတယ်၊
  • 3:51 - 3:54
    ငါမှငါ ဆိုပြီး အတ္တကြီးတတ်ကြတယ်။
  • 3:55 - 4:00
    Authoritarian Parenting ဆိုတာတော့
    ကျွန်မတို့ မြန်မာနိုင်ငံ အပါအဝင်
  • 4:00 - 4:02
    အာရှ တော်တော်များများမှာ အသုံးများကြပါတယ်။
  • 4:03 - 4:06
    Tiger parenting လို့လည်း ခေါ်ကြတယ်။
  • 4:06 - 4:08
    ဗမာလို ဘာသာပြန်ရမယ်ဆိုရင်တော့
  • 4:08 - 4:13
    အာဏာရှင်ဆန်ဆန်
    ထိန်းချုပ်ခြင်းလို့ ဆိုရမှာပေါ့။
  • 4:13 - 4:15
    ကလေးတွေကို အကြောက်
    တရားနဲ့အုပ်ချုပ်တာမျိုးပါ။
  • 4:16 - 4:18
    လူကြီးက ကောင်းစေချင်လို့ ဆုံးမတာ၊
  • 4:18 - 4:22
    အထွန့်မတက်နဲ့၊ ပြန်မပြောနဲ့
    ဆိုတာ ကြားဖူး၊တွေ့ဖူးကြမှာပါ။။
  • 4:23 - 4:29
    ဒီကလေးတွေက သူတို့မှာ Low Self Esteem၊
    ကိုယ့်ကိုယ်ကို တန်ဖိုး မထားတတ်ကြဘူး။
  • 4:29 - 4:33
    အခြားပညာရေး ပေါင်းသင်း
    ဆက်ဆံတဲ့ နေရာတွေမှာလည်း
  • 4:33 - 4:36
    အဆင်ပြေသင့်သလောက်
    အဆင်မပြေကြဘူးလို့ ဆိုကြပါတယ်။
  • 4:37 - 4:42
    တော်တဲ့လူတွေ ရှိပေမဲ့ သူတို့ဟာ စိတ်ဓာတ်ရေး
    အရ ပျော်ရွှင်မှုမှာ အားနည်းကြတယ်။
  • 4:43 - 4:47
    မိဘက ခိုင်းလို့သာ လုပ်ရတာ၊ ကိုယ်က
    စိတ်ပါတာ မဟုတ်ဘူးဆိုတာမျိုးပါ။
  • 4:47 - 4:52
    ဒါလေးတွေကို လေ့လာရင်းနဲ့ အင်တာနက်မှာ
    ကျွန်မတို့ အာရှမိဘတွေဟာ
  • 4:53 - 4:58
    စာမေးပွဲတွေအပေါ် အရမ်းကို ရူးကြတာကို
    သရော်ထားတဲ့ ဟာသလေးတွေ ရှိပါတယ်။
  • 4:59 - 5:06
    နောက်ဆုံး Authoritative Parenting ကတော့
    အကောင်းဆုံး ထိန်းကျောင်းခြင်းလို့ပြောရမယ်။
  • 5:08 - 5:11
    မိဘနဲ့သားသမီး ရင်ရင်းနှီးနှီး ရှိတယ်၊
  • 5:11 - 5:17
    ပြီးတော့ ကလေးတွေရဲ့ feedback
    ကို နားထောင်ပေးတယ်ပေါ့။
  • 5:17 - 5:22
    ဒါဆိုဒါမှ လုပ်ရမယ်၊ one-size-fits-all
    မျိုး မဟုတ်ဘူးပေါ့။
  • 5:23 - 5:28
    ဒီမှာတော့ ကလေးတွေက
    သူများတွေနဲ့ နှိုင်းယှဉ်လို့ဆိုရင်
  • 5:28 - 5:32
    အားလုံး ပိုပြီးတော့ သာပါတယ်လို့ ပြောပါတယ်။
  • 5:33 - 5:37
    ဒီထိန်းကျောင်းခြင်းဟာ အနောက်
    နိုင်ငံတွေမှာ ပိုပြီး အသုံးများပါတယ်။
  • 5:38 - 5:40
    နောက်ပိုင်း ကလေးတွေရဲ့ စိတ်ပညာကို
    လေ့လာပြီးတော့
  • 5:40 - 5:44
    ပိုပြီးတော့ထင်ရှားလာတဲ့ ထိန်းကျောင်းခြင်း
    လို့လည်းပြောလို့ ရနိုင်ပါတယ်။
  • 5:46 - 5:52
    အာရှမိဘတွေဟာ ကလေးတွေကို ချီးကျူးဖို့ထက်
    အပြစ်ပြောဖို့ ပိုအားသန်ကြတယ်။
  • 5:53 - 5:58
    သူတို့ရဲ့ အားနည်းချက်တွေကို ဖိပြီးပြော
    ပေးရင် ပိုပြီး ကြိုးစားမယ်လို့ ထင်ကြတယ်။
  • 5:59 - 6:02
    Harvard တက္ကသိုလ်က သုသေသန
    တစ်ခုမှာ
  • 6:02 - 6:08
    အပြစ်တင် စကားတစ်ခုဟာချီးကျူးစကား
    ငါးခုထက်ပိုပြီး ထိရောက်တယ်တဲ့။
  • 6:09 - 6:14
    ဒါကဘာကိုပြောတာလဲ ဆိုတော့၊ ကျွန်မတို့
    ရှေ့မှာ ချီးကျူးစကား ငါးခုပြောထားပေမဲ့
  • 6:15 - 6:19
    အပြစ်စကား တစ်ခုတည်းကိုပဲ
    လူတွေက မှတ်မိနေတာမျိုးပေါ့။
  • 6:19 - 6:23
    ဘာဖြစ်လို့လဲဆိုတော့ ကျမတို့ရဲ့ လူတွေရဲ့
    ပင်ကိုယ်စိတ်ကိုက
  • 6:23 - 6:26
    မကောင်းတာကို အာရုံစိုက်တတ်လို့ပါ။
  • 6:29 - 6:33
    ချီးကျူးခံချင်တာ၊ အသိအမှတ်ပြုခံချင်တာဟာ
    ကလေးတွေရဲ့ အဓိက လိုအပ်ချက်ပါ။
  • 6:33 - 6:38
    American psychologist တစ်ဦးဖြစ်တဲ့
    Abram Harold Maslow က
  • 6:38 - 6:42
    လူတွေရဲ့ စိတ်ကျန်းမာ ပျော်ရွှင်မှုကို
    သုတေသန ပြုလုပ်ပြီးတော့၊
  • 6:42 - 6:46
    Maslow hierarchy of needs ဆိုပြီး
    ပိရမစ် နဲ့ ဖော် ပြခဲ့ပါတယ်။
  • 6:47 - 6:52
    လူတစ်ယောက်ရဲ့ အခြေခံ လိုအပ်ချက်
    ဖြစ်တဲ့ စားဝတ်နေရေး၊ လုံခြုံရေး၊
  • 6:53 - 6:56
    နောက် ပေါင်းသင်း ဆက်ဆံမှု၊ ချစ်ခင်မှု
    မေတ္တာတရားတွေ ပြီးရင်၊
  • 6:56 - 7:01
    self esteem ဆိုတာ နံပါတ် ၄ နေရာမှာ
    ရှိတယ်၊ အရေးအကြီးဆုံးပါတဲ့။
  • 7:01 - 7:07
    self esteem ဟာ ကိုယ့်ကိုကိုယ်
    ယုံကြည်မှု confident ရှိတာအပြင်
  • 7:07 - 7:12
    လေးစားမှုရှိတာ၊ ကိုယ့်ကိုကိုယ်
    ကျေနပ်မှုရှိတာတွေ ပါဝင်ပါတယ်။
  • 7:13 - 7:16
    စိတ်ဓာတ်ပြည့်ဝတယ်လို့ ပြောရမှာပေါ့။
  • 7:17 - 7:19
    ကလေးတွေမှာ self esteem ရဖို့ဟာ
  • 7:19 - 7:25
    မိဘတွေရဲ့ ချီးကျူးစကား၊ အားပေး
    စကားတွေဟာ အရမ်းကို အရေးကြီးပါတယ်။
  • 7:26 - 7:30
    မိဘဟာ ကိုယ့်ကို ယုံတယ်၊
    ကိုယ့်ကိုဂုဏ်ယူတယ် ဆိုတာဟာ
  • 7:30 - 7:34
    ကလေး တစ်ယောက် အနေနဲ့
    ရနိုင်တဲ့ အကောင်းဆုံး ဆုတစ်ခုပါပဲ။
  • 7:35 - 7:39
    ကျွန်မတို့ မြန်မာ မိဘတွေဟာ
    သားသမီးတွေ အရမ်းချစ်ကြပါတယ်၊
  • 7:39 - 7:44
    ဒါပေမဲ့ ပါးစပ်က ထုပ်ဖော်ပြောဖို့တော့
    အရမ်းကို ဝန်လေးကြတယ်။
  • 7:45 - 7:47
    ဟိုအရင်တုန်းက ရှေးလူကြီးတွေဆို
  • 7:47 - 7:51
    ကလေးတွေကိုချစ်လို့ နမ်းမယ်ဆိုရင်တောင်
  • 7:51 - 7:53

    ညအိပ်ချိန်ကျမှ နမ်း၊
  • 7:53 - 7:56
    သူတို့ကို ချစ်ကြောင်း ရှေ့မှာ မပြောနဲ့
    ဆိုပြီးတော့ ဆုံးမကြတယ်။
  • 7:56 - 7:58
    ဒါဟာ တကယ်တော့ မဖြစ်သင့်ပါဘူး။
  • 7:58 - 8:02
    ကလေးတွေကို ချစ်တယ်ဆိုတာကို
    အမူအရာအရကော နှုတ်ကပါ
  • 8:02 - 8:04
    ထပ်ခါထပ်ခါ ပြောပေးဖို့ လိုပါတယ်။
  • 8:04 - 8:11
    ဒါဟာ ကလေးတွေရဲ့ စိတ်ဓာတ်ရေးရာ လုံခြုံရေး
    အတွက် အရမ်းကို ထောက်ကူပေးတဲ့အရာမို့လို့ပါ။
  • 8:13 - 8:18
    ကျွန်မတို့ မြန်မာနိုင်ငံမှာ အသင်းစိတ်ဓာတ်၊
    Team work က အရမ်းကို အားနည်းပါတယ်။
  • 8:19 - 8:22
    တော်တော်များများ နေရာမှာ
    ဆရာကြီးတွေချည်းပဲ။
  • 8:25 - 8:29
    ကိုယ်အောင်မြင့်ဖို့ဟာကိုပဲ ပိုပြီး
    အရေးကြီးနေကြတယ်။
  • 8:30 - 8:32
    မနာလိုစိတ်တွေလည်း တအား များကြတယ်။
  • 8:35 - 8:40
    သူများကို တော်တယ်လို့ ချီးကျူးလာရင်၊
    ငါညံ့များသွားမလား စိုးရိမ်နေကြတယ်။
  • 8:41 - 8:45
    တကယ်တော့ ကျွန်မတို့ အားလုံးမှာ
    ကိုယ်ပိုင်အရည်အချင်းတွေ ရှိကြတယ်၊
  • 8:45 - 8:47
    သူများနဲ့ ပြိုင်ပြီးတော့
    အနိုင်ယူစရာ မလိုပါဘူး။
  • 8:47 - 8:51
    ကိုယ့်အရည်အချင်းကို ကိုယ်ကပဲ ပိုပြီး
    ကောင်းအောင် ကြိုးစားသွားရမှာပါ။
  • 8:53 - 8:57
    နောက်၊ ကျွန်မတို့ မိဘ၊ဆရာတွေ
    လုပ်တတ်တာ တစ်ခုက-
  • 8:59 - 9:03
    ကျွန်မတို့ ပညာရေးကိုပဲ
    အဓိကထားပြီး အားပေးကြတယ်။
  • 9:03 - 9:08
    ကျွန်မငယ်ငယ်ကဆို၊ ကျောင်းနဲ့၊
    ကျူရှင်နဲ့ ဂိုက်နဲ့ သင်နေရတာဆို
  • 9:08 - 9:11
    မနက် ငါး-ခြောက်နာရီလောက်က
    စပြီးတော့ စာကြည့်လိုက်ရတာ
  • 9:11 - 9:13
    ည ဆယ်နာရီ ဆယ့်တစ်နာရီ အထိပဲ။
  • 9:13 - 9:14
    စာပေးပွဲ ပြီးသွားပြီ ဆိုတော့လည်း
  • 9:14 - 9:19
    နောက်တစ်တန်းအတွက် နွေရာသီကျောင်း
    ပိတ်ရက်မှာ ကြိုတင်ပြင်ဆင်ရသေးတယ်။
  • 9:21 - 9:23
    စာမေးပွဲ အမှတ်တွေ ဆိုရင်လည်း
  • 9:23 - 9:26
    ဘာသာစုံကို အမှတ် များစေချင်ကြတာပါ။
  • 9:28 - 9:30
    ကျွန်မတို့ ငယ်ငယ်တုန်းက
  • 9:30 - 9:33
    စာမကြည့်ချင်လို့၊
    စာကြည့်လို့ ပြီးသွားပြီဆိုရင်၊
  • 9:33 - 9:37
    ကျွန်မအဖေက ’’ကျောင်းသားဆိုတာ
    စာကြည့်လို့ ပြီးတယ် မရှိဘူး၊
  • 9:37 - 9:40
    ထပ်ခါထပ်ခါ ထပ်ကျက်နေရတာပဲ’’လို့
    ဆုံးမလေ့ ရှိခဲ့တယ်။
  • 9:42 - 9:44
    စာမေးပွဲဆိုရင်လည်း ဘာသာစုံ
    အမှတ်များစေချင်ကြတာပါ။
  • 9:44 - 9:48
    တကယ်တော့ ဘဝတစ်ခုလုံးနဲ့
    နှိုင်းယှဉ်ကြည့်မယ်ဆိုရင်
  • 9:48 - 9:51
    စာပေးပွဲဟာ အစိတ်အပိုင်းလေး တစ်ခုပါ။
  • 9:51 - 9:56
    ပညာရေးတင် မကဘဲနဲ့ ကျန်းမာရေး၊
    အားကစား၊ ပေါင်းသင်းဆက်ဆံရေး၊
  • 9:56 - 10:00
    နောက် တွေးခေါ်တတ်မှု၊ ဒါတွေဟာလည်း
    အားလုံး အရေးကြီးပါတယ်။
  • 10:00 - 10:03
    ဒါပေမဲ့ ကျွန်မတို့ နိုင်ငံမှာတော့
  • 10:03 - 10:06
    စာမေးပွဲ တစ်ခုကိုပဲ သေရေး
    ရှင်ရေး ဖြစ်နေကြတယ်။
  • 10:06 - 10:09
    အင်တာနက်မှာ တော်တော်များများလေး ရှယ်ကြတယ်၊
  • 10:09 - 10:11
    ကျွန်မအရမ်းသဘောကျတဲ့
    စာလေး အဲဒီမှာ ရှိပါတယ်။
  • 10:11 - 10:13
    ဖတ်ဖူးတဲ့ လူတွေလည်း ရှိကြမှာပါ။
  • 10:13 - 10:15
    အကုန်လုံးကို ဘာသာပြန် မပြတော့ပါဘူး။
  • 10:15 - 10:18
    ကျောင်းအုပ်ဆရာကြီးက စာမေးပွဲ
    လာစောင့်ကြတဲ့ ကျောင်းသားတွေကို
  • 10:18 - 10:20
    ပေးထားတယ် ဆိုတဲ့ ပုံစံမျိုးနဲ့ ရေးထားတာပါ။
  • 10:21 - 10:23
    ဒီစာမေးပွဲမှာ ဖြေတဲ့ ကျောင်းသားတွေ
    ထဲမှာ
  • 10:24 - 10:27
    သင်္ချာကို ကျွမ်းကျင်စရာမလိုတဲ့
    အနုပညာရှင်တွေ ပါပါတယ်။
  • 10:28 - 10:31
    သမိုင်းတို့၊ အင်္ဂလိပ် စာပေတို့လို
    ကျွမ်းကျင်စရာ မလိုတဲ့
  • 10:31 - 10:34
    စီးပွားရေး လုပ်ငန်းရှင်တွေလည်း ပါပါတယ်။
  • 10:34 - 10:39
    Physics ထက် သူတို့ရဲ့ ရုပ်ပိုင်း
    ကြံ့ခံဖွံ့ဖြိုးမှုက ပိုအရေးကြီးတဲ့
  • 10:39 - 10:41
    နိုင်ငံ့ဂုဏ်ဆောင် အားကစား
    သမားတွေလည်း ပါပါတယ်။
  • 10:42 - 10:46
    စာမေးပွဲ အမှတ်ကလေး တစ်မှတ်၊
    စာမေးပွဲလေး တစ်ခုဟာ
  • 10:46 - 10:50
    သူတို့ရဲ့ အိပ်မက်တွေ၊ အရည်အချင်းတွေကို
    ပျောက်ကွယ်သွားစေမှာ မဟုတ်ပါဘူးတဲ့။
  • 10:51 - 10:56
    နောက်ဆုံး ဘဝမှာ ဆရာဝန်တွေ၊ အင်ဂျင်နီယာ
    တွေပဲ ပျော်နေကြတာ မဟုတ်ပါဘူးတဲ့။
  • 10:57 - 11:02
    ဒါဟာ ကျမတို့ ဗမာမိဘတွေကို
    စောင်းပြီး ပြောထားတာ ထင်ပါတယ်။
  • 11:02 - 11:04
    ကျွန်မ ခုနက ပြောခဲ့သလိုပဲ
  • 11:04 - 11:11
    မိဘတွေ၊ဆရာတွေဟာ ဆယ်တန်း စာမေးပွဲကို ဘဝကို
    ဆုံးဖြတ်ပေးတဲ့စာမေးပွဲလို့ သဘောထားနေကြတာပါ
  • 11:11 - 11:12
    ကျွန်မ ဆယ်တန်းတုန်းက
  • 11:12 - 11:15
    အားလုံးက ခြောက်ဘာသာ
    ဂုဏ်ထူး မှန်းထားကြပေမဲ့
  • 11:15 - 11:17
    ကျွန်မက သုံးဘာသာ ဂုဏ်ထူးနဲ့ အောင်တော့
  • 11:17 - 11:20
    ကျွန်မ အမေနဲ့အဖေတို့ဟာ သုံးလေးလလောက်
  • 11:20 - 11:23
    မစားနိုင် မသောက်နိုင် စိတ်ဆင်းရဲခဲ့ကြတယ်။
  • 11:24 - 11:25
    ဒါပေမဲ့ ကျွန်မ ပြန်တွေးကြည့်တော့
  • 11:25 - 11:28
    အရမ်း ကံကောင်းတယ်လို့ ထင်ပါတယ်။
  • 11:28 - 11:30
    ကျွန်မ သွေးမြင်ရင်ကိုပဲ တအား ကြောက်တတ်တယ်၊
  • 11:30 - 11:32
    လူသေ ဆိုရင်တော့ ပြောမနေနဲ့တော့။
  • 11:33 - 11:36
    နောက်၊ ကျွန်မလို ဆေးပညာ ဝါသနာမပါဘဲနဲ့
  • 11:36 - 11:39
    မိဘ တိုက်တွန်းလို့သာ
    တက်ရမယ့် လူတစ်ယောက်အစား
  • 11:40 - 11:44
    တကယ် ဆေးပညာကို ဝါသနာပါတဲ့
    တစ်ယောက် ဝင်ခွင့်ရသွားတာဟာ
  • 11:44 - 11:46
    နိုင်ငံ့အတွက်လည်း
    အများကြီး အကျိုးရှိပါတယ်။
  • 11:47 - 11:49
    နောက် ခုနက ကျွန်မ ပြောခဲ့သလိုပဲ၊
  • 11:49 - 11:52
    ကျွန်မတို့နိုင်ငံမှာက အသင်းစိတ်ဓာတ်က
    အရမ်းအားနည်းပါတယ်။
  • 11:52 - 11:54
    တစ်ယောက်နဲ့တစ်ယောက်
    မနာလိုမှုတွေ များနေကြတယ်၊
  • 11:54 - 11:57
    တစ်ယောက်နဲ့တစ်ယောက် ပြိုင်နေကြတယ်။
  • 11:58 - 12:02
    ဒါဟာ ကျွန်မတို့ ငယ်ငယ်ကတည်းက
    သင်ကြားလာခဲ့တဲ့ စနစ်ကြောင့်လို့ ထင်ပါတယ်။
  • 12:03 - 12:05
    ငယ်ငယ်ကတည်းက မိဘ၊
    ဆရာတွေက ကျွန်မတို့ကို
  • 12:05 - 12:08
    သူများတွေနဲ့ ယှဉ်ပြီးတော့
    ဆုံးမလေ့ ရှိကြတယ်။
  • 12:08 - 12:11
    သူငယ်ချင်း အချင်းချင်း၊
    အတန်းဖေါ် အချင်းချင်း၊
  • 12:11 - 12:15
    နောက်ဆုံး မောင်နှမ အချင်းချင်းတောင်
    ယှဉ်ပြီးတော့ ဆုံးမလေ့ ရှိကြတယ်။
  • 12:15 - 12:18
    ဒါဟာ ရန်တိုက်ပေးတာပဲလို့ ကျွန်မက ထင်ပါတယ်။
  • 12:18 - 12:20
    ကလေးမှာလည်း ပေါင်းသင်းရေး
    စိတ်ဓာတ် မရှိတော့ဘူး၊
  • 12:20 - 12:23
    နောက်၊ စိတ်ဓာတ်အားလည်း သိမ်ငယ်စေတယ်။
  • 12:27 - 12:30
    ကျွန်မ ခုနက ပြောခဲ့သလိုပဲ ကျမတို့မှာ
    ကိုယ်ပိုင် အရည်အချင်းတွေ ရှိကြပါတယ်၊
  • 12:30 - 12:33
    သများတွေနဲ့ ပြိုင်ပြီးတော့
    အနိုင်ယူစရာ မလိုပါဘူး။
  • 12:33 - 12:36
    ကိုယ့် အရည်အချင်းကိုပဲ ပိုကောင်းအောင်
    ကိုယ်က ကြိုးစားသွားရမှာပါ။
  • 12:37 - 12:40
    အခုခေတ် ကလေးတွေဟာ
    အရမ်းကို ဉာဏ်ကောင်းကြပြီးတော့
  • 12:40 - 12:41
    Creative ဖြစ်ကြပါတယ်။
  • 12:41 - 12:45
    သူတို့ရဲ့ စွမ်းဆောင်နိုင်မှု
    စွမ်းအားတွေကို
  • 12:46 - 12:50
    ကျွန်မတို့ရဲ့ အာဏာရှင်ဆန်တဲ့ ထိန်း
    ကျောင်းရေး စနစ်ဖြင့် မဖျက်ဆီးပစ်ကြပါနဲ့။
  • 12:51 - 12:55
    ကျွန်မတို့ မြန်မာနိုင်ငံကြီးဟာ
    ပြောင်းလဲ တိုးတက်လာပါပြီ။
  • 12:55 - 13:00
    ဟိုအရင်တုန်းကလို ဆရာဝန်တွေ၊ အင်ဂျင်နီယာ
    တွေပဲ ပညာတတ်တွေပဲ
  • 13:00 - 13:03
    တိုးတက် အောင်မြင်နေကြတယ် ဆိုတာ
    ကုန်သွားပါပြီ။
  • 13:04 - 13:07
    မိသားစုပဲ ဖြစ်ဖြစ်၊
    ပတ်ဝန်းကျင် အနေနဲ့ပဲ ဖြစ်ဖြစ်
  • 13:07 - 13:11
    တိုးတက်ဖို့ အတွက် ကျွန်မတို့ ကလေးတွေဟာ
    သူများတွေနဲ့ ပူးပေါင်းဆောက်ရွက်ကြရမှာပါ။
  • 13:11 - 13:15
    ဒီလို ပူးပေါင်းဆောက်ရွက်နိုင်ဖို့
    သူတို့ဟာ ကိုယ့်ကိုယ်ကို confident ရှိပြီး
  • 13:15 - 13:18
    သူများကိုလည်း စာနာ နားလည်ကြရမှာပါ။
  • 13:20 - 13:22
    နောက် ကျွန်မ ဒီနေ့ ဒီမှာ ပြောဖို့ရော
  • 13:24 - 13:28
    ခုအချိန်အထိ ကျွန်မကို မြေတောင် မြှောက်
    ပေးခဲ့တဲ့ မိဘနှစ်ပါးကို ကျေးဇူးတင်ပါတယ်။
  • 13:28 - 13:32
    ကျွန်မ ဒီနေ့ပြောတဲ့ အရာတွေဟာ သူတို့ကို
    ပြစ်တင်လျက် ပြောနေတာ မဟုတ်ပါဘူး။
  • 13:34 - 13:38
    သူတို့ ပတ်ဝန်းကျင် အခြေအနေ၊
    အသိပညာတွေနဲ့ ကျွန်မတို့အတွက်
  • 13:38 - 13:40
    အကောင်းဆုံး ဖြစ်မယ်
    ထင်တာကို ဆုံးမခဲ့ကြတာပါ။
  • 13:42 - 13:45
    ကလေးတွေကလည်း မွေးလာကတည်းက
    သူတို့ကို ဘယ်လို ထိန်းကျောင်းပါဆိုပြီး
  • 13:45 - 13:48
    Manual ပိုက်ပြီး မွေးမလာဘူးကိုး။
  • 13:48 - 13:50
    နောက်၊ ကျွန်မတို့လို အင်တာနက်
    ဆိုတာ မပေါ်သေးတော့၊
  • 13:50 - 13:52
    Reference လုပ်စရာလည်း မရှိခဲ့ဘူးပေါ့။
  • 13:54 - 13:56
    ကျွန်မ နောက်ဆုံး ပြောချင်တာက-
  • 13:56 - 14:00
    ကျွန်မတို့ဟာ ကလေးတွေကို ဘယ်လို ပုံစံမျိုး
    တွေနဲ့ မွေးထုတ်ပေးချင်တာလဲ။
  • 14:01 - 14:05
    စက်ရုံ တစ်ခုက ထုတ်ပေးလိုက်တဲ့
    ပုံစံတူ ရိုဘော့တွေ အနေနဲ့လား။
  • 14:05 - 14:10
    ဒါမှမဟုတ်ရင် သူတို့ရဲ့ ပင်ကိုယ်
    စွမ်းဆောင်နိုင်မှု စွမ်းအားတွေနဲ့
  • 14:10 - 14:14
    တိုးတက် အောင်မြင်နေတဲ့ အနာဂတ်ရဲ့
    ခေါင်းဆောင်တွေ အနေနဲ့လား။
  • 14:15 - 14:18
    ဒီနေ့ ကျွန်မတို့ရဲ့ ပြောင်းလဲလာ
    ပြီဖြစ်တဲ့ မြန်မာနိုင်ငံမှာ
  • 14:19 - 14:23
    ဟိုရှေးတုန်းက ထိန်းကျောင်း
    နည်းတွေ မှန်သေးလား။
  • 14:23 - 14:26
    ဆက်လက် လုပ်ဖို့ သင့်သေးရဲ့လား ဆိုတာကို
  • 14:26 - 14:30
    ပြန်ပြီးတော့ စဉ်းစားကြပါလို့
    ကျွန်မက တိုက်တွန်းလိုက်ပါတယ်။
  • 14:30 - 14:32
    အားလုံးကို ကျေးဇူးတင်ပါတယ်။
  • 14:32 - 14:33
    (လက်ခုပ်သံများ)
Title:
ကျန်းမာဖွံ့ဖြိုးတဲ့ ကလေးကို ပြုစုထိန်း​ကျောင်းနည်း - The Su Mon | TEDxYangon
Description:

ဒီအရိုးခံ အူလှိုက်သည်းလှိုက်ဖြစ်ရတဲ့ ဟောပြောချက်ထဲမှာ သဲစုမွန်ကနေပြီးတော့ သူကိုယ်တိုင်ရဲ့ မိဘအဖြစ် သွန်သင်အုပ်ထိန်းမှုပုံစံထဲတွင် ဖြစ်တောင့်ဖြစ်ခဲတဲ့ သူ့ရဲ့မိဘတွေရဲ့ အသိအမှတ်ပြုမှုနဲ့ ချီးမွမ်းမှုအတွက် အသည်းအသန် ကြီးပြင်းလာရပုံကို ​သတိတရရှိပြီး "သင့်ကလေးတွေကို ဘယ်ပုံစံနဲ့ ပြုစုထိန်းကျောင်းချင်ပါသလဲ"ဆိုတဲ့ အရေးကြီးတဲ့ မေးခွန်းကို မေးမြန်းထားပါတယ်။

ဒီဟောပြောချက်ဟာ TED ညီလာခံ ပုံစံ အသုံးပြုထားပေမဲ့ ဒေသတွင်း လူတစ်စုက သီးသန့်ကျင်းပတဲ့ TEDx ပွဲတစ်ခုမှာ ဟောပြောခဲ့တာပါ။ http://ted.com/tedx တွင် ပိုလေ့လာနိုင်ပါတယ်။

more » « less
Video Language:
Burmese
Team:
closed TED
Project:
TEDxTalks
Duration:
14:45
sann tint edited Burmese subtitles for ကျန်းမာဖွံ့ဖြိုးတဲ့ ကလေးကို ပြုစုထိန်း​ကျောင်းနည်း - The Su Mon | TEDxYangon
sann tint edited Burmese subtitles for ကျန်းမာဖွံ့ဖြိုးတဲ့ ကလေးကို ပြုစုထိန်း​ကျောင်းနည်း - The Su Mon | TEDxYangon
sann tint edited Burmese subtitles for ကျန်းမာဖွံ့ဖြိုးတဲ့ ကလေးကို ပြုစုထိန်း​ကျောင်းနည်း - The Su Mon | TEDxYangon
sann tint edited Burmese subtitles for ကျန်းမာဖွံ့ဖြိုးတဲ့ ကလေးကို ပြုစုထိန်း​ကျောင်းနည်း - The Su Mon | TEDxYangon
sann tint edited Burmese subtitles for ကျန်းမာဖွံ့ဖြိုးတဲ့ ကလေးကို ပြုစုထိန်း​ကျောင်းနည်း - The Su Mon | TEDxYangon
sann tint edited Burmese subtitles for ကျန်းမာဖွံ့ဖြိုးတဲ့ ကလေးကို ပြုစုထိန်း​ကျောင်းနည်း - The Su Mon | TEDxYangon
sann tint edited Burmese subtitles for ကျန်းမာဖွံ့ဖြိုးတဲ့ ကလေးကို ပြုစုထိန်း​ကျောင်းနည်း - The Su Mon | TEDxYangon
sann tint edited Burmese subtitles for ကျန်းမာဖွံ့ဖြိုးတဲ့ ကလေးကို ပြုစုထိန်း​ကျောင်းနည်း - The Su Mon | TEDxYangon
Show all

Burmese subtitles

Revisions Compare revisions