< Return to Video

ဘဝ ရည်ရွယ်ချက်ကို ၅ မိနစ် အတွင်းမှာ သိစေရမယ်| Adam Leipzig | TEDxMalibu

  • 0:36 - 0:41
    မနေ့ညက ကောလိပ် ကျောင်းနေဖက်တွေနဲ့
    ၂၅ နှစ်ကြာပြီးမှ တွေ့ဆုံပွဲကို တက်ခဲ့ရာ၊
  • 0:42 - 0:44
    ရွက်ထဲထဲမှာ ပါတီပွဲကို
  • 0:45 - 0:48
    ကပွဲတွေ၊ ဂီတတွေ နဲ့ ဆူညံစွာ
    ကျင်းပခဲ့ကြပါတယ်။
  • 0:48 - 0:52
    သိပ်ကို ဆူညံလွန်းလို့ တော်တော်များများက
    ရွက်ထဲမှ အပြင်ကို ထွက်လာကြပြီး
  • 0:52 - 0:55
    အနှစ်နှစ်ဆယ်ကျော် ကင်းကွာနေခဲ့ကြတဲ့
    ကျောင်းနေဖက်တွေနဲ့
  • 0:55 - 0:58
    စကားပြောဆိုလျက် ရှိနေခဲ့ကြတယ်။
  • 1:00 - 1:03
    ကျွန်တော့မိတ်ဆွေတွေနဲ့ စကားပြောနေစဉ်မှာ
    အံ့အားသင့်စရာ အချက်ကို သတိထားမိတယ်-
  • 1:04 - 1:08
    သူတို့ထဲက ၈၀% ကျော်ဟာ
    သူတို့ဘဝကို မကျေနပ်ခဲ့ကြဘူး။
  • 1:10 - 1:15
    "ကျွန်တော့ အသက် တဝက်ကုန်သွားပြီ၊ ဘဝကို
    အလကားဖြုန်းပစ်သလို ခံစားရတယ်။"
  • 1:15 - 1:18
    "ကျွန်တော်ဘဝဟာ ဘာကြီးမှန်း မသိပါဘူး။"
  • 1:19 - 1:22
    ကျွန်တော်ဟာ Yale ကို
    တက်နိုင်ခဲ့တဲ့ ကံကောင်းသူပါ၊
  • 1:22 - 1:26
    Yale တက္ကသိုလ်ဟောင်း တနေရာမှာ ကျွန်တော်တို့
    စုဝေးခဲ့ကြတာပါ၊
  • 1:26 - 1:32
    ကျွန်တော် စကားပြောနေခဲ့သူတွေဟာ အခွင့်ထူးခံ၊
    ပညာရေးအဆင့် မြင့်မားကြတဲ့သူတွေပါ၊
  • 1:32 - 1:36
    ငွေရေးကြေးရေးအရကော၊ ရာထူးနေရာများ အရပါ
    သိပ်ကောင်းတဲ့သူတွေပါ။
  • 1:36 - 1:39
    သူတို့ဆီမှာ ပထမအိမ်တွေသာမက
    ဒုတိယအိမ်ပါ ရှိနေကာ၊
  • 1:39 - 1:43
    ပထမဇနီးလည်းရှိ၊ ပြီးတော့ ဒုတိယဇနီးလည်း
    ရှိနေကြတဲ့သူတွေပါ။
  • 1:43 - 1:45
    (ရယ်မောသံများ)
  • 1:45 - 1:48
    ဒါတောင် သူတို့ထဲက ၈၀ %ဟာ သူတို့ဘဝကို
    မကျေနပ်ကြပါ။
  • 1:49 - 1:52
    ကျေနပ်နေသူတွေက ၂၀% ပဲလား?
  • 1:52 - 1:57
    ကျွန်တော်တို့ဟာ စာပေ နဲ့ ဆန်းသစ်ခေတ်
    လက်ရာတွေကို လေ့လာခဲ့ကြသူတွေ၊
  • 1:57 - 2:01
    ပြဇာတ်ကို ကြိုက်တဲ့သူတွေ၊
    သမိုင်းကို ဝါသနာပါသူတွေပါ။
  • 2:02 - 2:05
    ကျွန်တော်တို့ဟာ ပညာသင်ရတာကို နှစ်ခြိုက်လို့
    အဲဒီအတန်းတွေကို တက်ခဲ့ကြတာပါ၊
  • 2:05 - 2:10
    အဲဒီသင်တန်းတွေက ကျွန်တော်တို့ကို အထူး
    အလုပ်နေရာ ပေးမယ်လို့ ထင်ခဲ့လို့ မဟုတ်ပါ။
  • 2:10 - 2:11
    ကျွန်တော်တို့ အားလုံး အလုပ်လက်ရှိနဲ့ပါ၊
  • 2:11 - 2:15
    ကျွန်တော်တို့ဟာ အကုန်အကျများတဲ့
    ဘဝတွေဖြင့် နေထိုင်နေကြတယ်၊
  • 2:15 - 2:17
    ဘဝအတက်အကျကတော့ ရှိတာပေါ့လေ၊
  • 2:17 - 2:22
    ကျွန်တော်တို့ဟာ အချိန်တမိနစ်ကိုမျှ အလကား
    ဖြုန်းခဲ့ကြတယ်လို့ မခံစားမိပါ။
  • 2:22 - 2:26
    ကျွန်တော် ခုနကပြောခဲ့တဲ့ ၂၀%၊ ကျေနပ်ကြတဲ့
    ၂၀%တို့ဟာ၊
  • 2:27 - 2:29
    တဦးချင်းစီဟာ သူတို့ဘဝဆိုင်ရာ ရည်ရွယ်ချက်
    အကြောင်းကို
  • 2:29 - 2:32
    သိနားလည်ခဲ့ကြသလို ရှိပါတယ်၊
  • 2:32 - 2:34
    သူတို့ဟာ အချက်ငါးချက်ကို သိရှိခဲ့ကြတယ်-
  • 2:34 - 2:38
    သူတို့ ဘယ်သူလဲ၊ သူတို့ လုပ်ခဲ့တာက ဘာလဲ၊
  • 2:38 - 2:40
    အဲဒါကို သူတို့ လုပ်ခဲ့တာက ဘယ်သူ့အတွက်လဲ၊
  • 2:40 - 2:42
    အဲဒီလူတွေ လိုချင်ခဲ့ကြတာ
    ဒါမှမဟုတ် လိုအပ်ခဲ့ကြတာက ဘာလဲ၊
  • 2:42 - 2:47
    အဲဒီထဲကနေပြီး သူတို့ ဘာကို ရရှိခဲ့ကြတာလဲ၊
    ရလဒ်အဖြစ် သူတို့ ဘယ်လို ပြောင်းလဲခဲ့ကြလဲ။
  • 2:48 - 2:49
    အဲဒါ သိပ်ခက်မယ် ထင်ကြလား?
  • 2:49 - 2:51
    လုံးဝမဟုတ်ပါ၊ အဲဒါ တကယ်တော့ လွယ်လွယ်လေးပါ။
  • 2:51 - 2:57
    အဲဒါဟာ လွယ်လွန်းလို့၊ ခင်ဗျားတို့ဟာ ဘဝ
    ရည်ရွယ်ချက်ကို အခုကို သိလာနိုင်တယ်။
  • 2:57 - 3:00
    ခင်ဗျားတို့ရဲ့ ဘဝ ရည်ရွယ်ချက်ကို လာမယ့်
    ငါးမိနစ်အတွင်းမှာ သိလာကြရပါမယ်။
  • 3:00 - 3:03
    ခင်ဗျားတို့ရဲ့ ဘဝ ရည်ရွယ်ချက်က ဘာများလဲ
    ဆိုတာ လာမယ့် ငါးမိနစ်အတွင်း သိလိုကြလား?
  • 3:03 - 3:04
    (ပရိသတ်) ဟုတ်ကဲ့။
  • 3:04 - 3:06
    နဲနဲလေး အသံကျယ်ပြီး ပြောနိုင်မလား?
  • 3:06 - 3:08
    ဟိုဘက် ရွက်ထဲမှာ အသံတွေ ဆူညံနေလို့ပါ၊
  • 3:08 - 3:12
    ခင်ဗျားတို့ကို ကျွန်တော် ကြားနိုင်ဖို့
    မိုက်ခရိုဖုန်းက သေးသေးလေးဗျာ။
  • 3:12 - 3:15
    ခင်ဗျားတို့ရဲ့ ဘဝ ရည်ရွယ်ချက်ကို
    လာမယ့် ငါးမိနစ်အတွင်းမှာ သိလိုကြလား?
  • 3:15 - 3:16
    ((ပရိသတ်) ဟုတ်ကဲ့!
  • 3:16 - 3:19
    ကျေးဇူးတင်ပါတယ်။ တကယ်တမ်းမှာ အဲဒါဟာ
    ငါးမိနစ်တောင် ကြာမှာ မဟုတ်ပါဘူး။
  • 3:19 - 3:22
    ကျွန်တော် ခင်ဗျားတို့ကို
    အချက်တချို့ မျှဝေပေးရမလား?
  • 3:22 - 3:23
    လူအများစုလိုပဲ ဘဝ ရည်ရွယ်ချက်ကို
  • 3:23 - 3:27
    ခင်ဗျားတို့ တွေးကြည့်ခဲ့တာ စိုးရိမ်စဉ်းစား
    နေမိခဲ့တာ သေချာပါတယ်။
  • 3:27 - 3:31
    အဲဒီအကြောင်း စာအုပ်တွေ၊ မဂ္ဂဇင်းတွေ နဲ့
    ဆွေးနွေး နှီးနှောပွဲတွေ အများကြီးပါပဲ။
  • 3:31 - 3:38
    တကယ်တော့ Amazon မှာ ခင်ဗျားတို့ရဲ့ ဘဝ
    ရည်ရွယ်ချက် အကြောင်းဆိုင်ရာ
  • 3:38 - 3:42
    စာအုပ်ပေါင်း ၁၅၁၉၂၈ အုပ်တောင်
    စာရင်းပြုစုထားတယ်။
  • 3:42 - 3:43
    (ရယ်မောသံများ)
  • 3:43 - 3:46
    ကျွန်တော် သိတဲ့ တချို့လူတွေများဆိုရင်၊
    သူတို့ရဲ့ ဘဝ ရည်ရွယ်ချက်ကို
  • 3:46 - 3:49
    တသက်လုံး လေ့လာနေခဲ့တဲ့ သူတွေပါ။
  • 3:49 - 3:53
    ကျွန်တော်တို့ အားလုံးက ဘဝကို မဆန်းစစ်ဘဲ
    နေထိုင်မရနိုင်တာကို သဘောတူနိုင်ကြပေမဲ့၊
  • 3:53 - 3:57
    ဘဝကို ဆန်းစစ်ရင်းနဲ့ အချိန်ကုန်နေရင်
    အဲဒါဟာ ဘဝ မဟုတ်နိုင်တော့ပါ။
  • 3:57 - 3:59
    (ရယ်မောသံများ)
  • 3:59 - 4:03
    ဒီတော့၊ ဘဝရဲ့ ရည်ရွယ်ချက်ကို အခုကို အတူတူ
    ရှာကြံကြရအောင်-
  • 4:03 - 4:06
    ကိုယ် ဘယ်သူလဲ၊ ကိုယ်လုပ်တာက ဘာလဲ၊
    အဲဒါလုပ်တာ ဘာ့အတွက်လဲ၊
  • 4:06 - 4:11
    အဲဒီလူတွေ လိုချင်တာ၊ လိုအပ်တာက ဘာလဲ၊
    ရလဒ်အဖြစ် သူတို့ ဘယ်လို ပြောင်းလာကြလဲ။
  • 4:11 - 4:12
    ကျွန်တော်တို့ အခု လုပ်ကြမလား?
    (ပရိသတ်) ဟုတ်ကဲ့။
  • 4:12 - 4:13
    ကောင်းပါပြီ။
  • 4:13 - 4:16
    လူတိုင်း၊ နံပါတ် ငါးကို ရေလိုက်ချိန်မှာ၊
    ပထမ အမည်ကို အော်ပြောပါ။
  • 4:16 - 4:18
    တစ်၊ နှစ်၊ သုံး၊ လေး၊ ငါး-
  • 4:18 - 4:19
    (ပရိသတ် အော်သံ)
  • 4:19 - 4:20
    အံ့ဖွယ်ပါပဲ။
  • 4:20 - 4:22
    အဲဒါက ပထမ လုပ်စရာပါ၊
    နောက်လေးခု ကျန်သေးတယ်။
  • 4:22 - 4:24
    ခင်ဗျားတို့ ဘယ်သူလဲ ဆိုတာ သိပြီ။
    (ရယ်မောသံများ)
  • 4:24 - 4:26
    အခုတော့၊ ခင်ဗျားတို့ ဘာကို လုပ်ပါသလဲ?
  • 4:26 - 4:28
    ဘာလုပ်ရတာကို ခင်ဗျားတို့ ကြိုက်ကြလဲ?
  • 4:28 - 4:32
    ခင်ဗျားတို့ဟာ စာရေးတာ၊ ချက်ပြုတ်တာ၊
    ဒီဇိုင်းဆွဲရတာ၊ iOS အက်ပ်တွေ တီထွင်ရတာ၊
  • 4:32 - 4:38
    ကုဒ်ရေးရတာ၊ ဂဏန်းတွေကို တွက်ချက်နေရတာ၊
    စကားပြောတာ၊ စာသင်တာကို ကြိုက်လား?
  • 4:38 - 4:40
    ဘာလုပ်ရတာကို ခင်ဗျားတို့ ကြိုက်သလဲ?
  • 4:40 - 4:42
    ခင်ဗျားတို့ ခေါင်းထဲမှာ
    စဉ်းစားမိတာ သိပ်ကို များနေရင်
  • 4:42 - 4:45
    မေးခွန်း တခုကို ပေးပြီး လိုတဲ့ဘက်ကို
    အာရုံကို ဆွဲယူနိုင်ပါတယ်-
  • 4:45 - 4:47
    အခုချက်ချင်း တခြားလူတွေကို သင်ပေးဖို့
  • 4:47 - 4:52
    ခင်ဗျားဟာ အရည်အချင်း အပြည့်ဝဆုံးပဲလို့
    ထင်တဲ့ အရာက ဘာလဲ?
  • 4:52 - 4:54
    အဖြေကို စကားလုံး တလုံးတည်းဖြင့်
    စဉ်းစားကြည့်ပါ။
  • 4:54 - 4:57
    အဲဒါကို မှတ်ထားပါ။ ထုတ်မပြောပါနဲ့။
    နံပါတ် ငါး ရောက်ချိန်မှာ။
  • 4:57 - 4:58
    ခင်ဗျားတို့ လုပ်တာက ဘာလဲ?
  • 4:58 - 5:01
    တစ်၊ နှစ်၊ သုံး၊ လေး၊ ငါး-
  • 5:01 - 5:02
    (ပရိသတ် အော်သံ)
  • 5:02 - 5:04
    သိပ်ကောင်း။ ခင်ဗျားတို့ လုပ်တာက အဲဒါကိုး။
  • 5:04 - 5:08
    အခုတော့၊ အဲဒါကို ခင်ဗျားတို့ ဘယ်သူ့အတွက်
    လုပ်တာလဲ စိတ်ထဲ သူတို့ပုံကို စဉ်းစားပါ၊
  • 5:08 - 5:10
    ငါးလို့ ရေလိုက်ချိန်မှာ
    ပြောဖို့ အသင့်ရှိနေပါ။
  • 5:10 - 5:11
    အဲဒါကို မှတ်ထားပါ။ ထုတ်မပြောပါနဲ့။
  • 5:11 - 5:14
    တစ်၊ နှစ်၊ သုံး၊ လေး၊ ငါး-
  • 5:14 - 5:15
    (ပရိသတ် အသံ တိုးတိုးလေးထွက်လာ)
  • 5:15 - 5:18
    အိုကေ၊ ခင်ဗျားတို့ ဘယ်သူ့အတွက်
    လုပ်တာလဲ၊ ထပ်ပြီး စမ်းကြည့်မယ်။
  • 5:18 - 5:20
    ရွက်ထဲက လူတွေထက်ကို ကျယ်လောင်စွာ အော်ကြပါ။
  • 5:20 - 5:22
    ခင်ဗျားတို့ ဘယ်သူ့အတွက် လုပ်တာလဲ?
    အားလုံးအတူတူ-
  • 5:22 - 5:23
    (ပရိသတ် အော်သံ)
  • 5:24 - 5:26
    ကျေးဇူးတင်ပါတယ်။ လိုချင်တာက
    အဲဒီလို စိတ်ဓာတ်ပါ၊ အိုကေ၊ ဆက်မယ်။
  • 5:26 - 5:28
    အဲဒီလူတွေ လိုချင်ကြတာ ဒါမှမဟုတ်
    လိုအပ်ကြတာက ဘာလဲ?
  • 5:28 - 5:30
    ခင်ဗျားတို့ဆီမှ သူတို့ လိုချင်တာ
    ဒါမှမဟုတ် လိုအပ်နေတာ၊
  • 5:30 - 5:33
    သူတို့က အဲဒါ့အတွက် လာခဲ့လို့
    ခင်ဗျားတို့ ပေးနိုင်တဲ့ အရာဘာလဲ။
  • 5:33 - 5:35
    သူတို့ လိုချင်တာ၊ လိုအပ်နေတာ ဘာလဲ?
    စကားလုံး တလုံး နှစ်လုံးနဲ့ ပြောပါ။
  • 5:35 - 5:37
    အဲဒါကို မှတ်ထားပါ။ ထုတ်မပြောပါနဲ့။
  • 5:37 - 5:40
    နံပါတ်ကို ငါးကို ရေချိန်မှာ-
    တစ်၊ နှစ်၊ သုံး၊ လေး၊ ငါး...
  • 5:40 - 5:42
    (ပရိသိတ် အော်သံ)
  • 5:42 - 5:44
    ကောင်းလိုက်တာ။ အဲဒါ အကောင်းဆုံးပဲ။
  • 5:44 - 5:45
    သူတို့ ဘယ်လို ပြောင်းလဲလာခဲ့ကြလဲ?
  • 5:45 - 5:50
    ခင်ဗျား သူတို့ကို ပေးလိုက်တာရဲ့ ရလဒ်အဖြစ်
    သူတို့ ဘယ်လို ပြောင်းလဲသွားကြလဲ?
  • 5:50 - 5:51
    နံပါတ်ကို ရေတဲ့ အချိန်မှာ၊
  • 5:51 - 5:54
    ခင်ဗျား သူတို့ကို ပေးလိုက်တာရဲ့ ရလဒ်အဖြစ်
    သူတို့ ဘယ်လို ပြောင်းလဲသွားကြလဲ?
  • 5:54 - 5:57
    တစ်၊ နှစ်၊ သုံး၊ လေး၊ ငါး-
  • 5:57 - 5:59
    (ပရိသိတ် အော်သံ)
  • 5:59 - 6:03
    အရမ်းကောင်းလိုက်တာ။ အခုတော့ အဲဒါအားလုံးကို
    ဝါကျတကြောင်းတည်းဖြင့် ပြောကြမယ်၊ အိုကေနော်?
  • 6:03 - 6:06
    လူတိုင်း အတူတူ၊ ဟိုဖက် ရွက်ထဲထဲက
    လူတွေထက်ကို ပိုကျယ်လောင်စွာ-
  • 6:06 - 6:07
    ခင်ဗျား ဘယ်သူလဲ?
  • 6:07 - 6:09
    (ပရိသတ်ရဲ့ ဖြေကြားသံ)
  • 6:09 - 6:10
    ခင်ဗျားတို့ ဘာ လုပ်ကြတာလဲ?
  • 6:10 - 6:11
    (ပရိသတ်ရဲ့ ဖြေကြားသံ)
  • 6:11 - 6:13
    အဲဒါ ဘယ်သူ့အတွက် လုပ်ပေးတာလဲ?
  • 6:13 - 6:15
    (ပရိသတ်ရဲ့ ဖြေကြားသံ)
  • 6:15 - 6:16
    သူတို့ လိုချင်တာ ဒါမှမဟုတ် လိုအပ်တာက ဘာလဲ?
  • 6:16 - 6:17
    (ပရိသတ်ရဲ့ ဖြေကြားသံ)
  • 6:17 - 6:19
    သူတို့ဟာ ရလဒ်အဖြစ် ဘယ်လို ပြောင်းလဲလာလဲ?
  • 6:19 - 6:20
    (ပရိသတ်ရဲ့ ဖြေကြားသံ)
  • 6:20 - 6:21
    အံ့အားသင့်စရာကြီးပဲ။
  • 6:21 - 6:23
    ခင်ဗျားတို့အားလုံး ခုလေး လုပ်ပြီးသွားတာကို
  • 6:23 - 6:26
    Yale မှာ ပညာသင်ခဲ့ကြတဲ့ လူတွေ
    ၂၅ နှစ်အတွင်းမှာ မလုပ်နိုင်ခဲ့ကြဘူး။
  • 6:26 - 6:30
    ဂုဏ်ပြုနှုတ်ဆက်ပါတယ်။ ကိုယ့်ကိုယ်
    ချီးမြှင့်ကြပါ။ (လက်ခုပ်သံများ)
  • 6:30 - 6:33
    အဲဒီ ပုံစံနဲ့ သုံးနှုန်း မေးမှုက ဘာဖြစ်လို့
    အဲဒီလို အားကောင်းတာလဲ?
  • 6:33 - 6:36
    ခင်ဗျားတို့ရဲ့ ဘဝ ရည်ရွယ်ချက် အကြောင်းကို
    သိဖို့ လိုအပ်တဲ့
  • 6:36 - 6:38
    ခုနက ငါးချက်ထဲက နှစ်ခုကသာလျှင်
    ခင်ဗျားတို့နဲ့
  • 6:38 - 6:40
    ပတ်သက်နေတာ မို့လို့ပါ။
  • 6:40 - 6:44
    ကျန်တဲ့ သုံးခုတို့ဟာ
    အခြားသူတွေနဲ့ ပတ်သက်နေကြလို့ပါ-
  • 6:44 - 6:47
    သူတို့ ဘယ်သူတွေလဲ၊ သူတို့ လိုချင်တာ
    ဒါမှမဟုတ် လိုအပ်တာက ဘာလဲ၊
  • 6:47 - 6:50
    ပြီးတော့ ရလဒ်အဖြစ် သူတို့
    ဘယ်လို ပြောင်းလဲလာခဲ့ကြလဲ။
  • 6:50 - 6:53
    ခုနက သုံးနှုန်းမေးလိုက်မှုက ခင်ဗျားတို့ကို
    အပြင်ဖက်ကို မျက်နှာမူဖို့ စေ့ဆော်ခဲ့တယ်။
  • 6:53 - 6:57
    ခုနက နွေးထွေးလှတဲ့ ကောင်းကင်ဘုံသစ်ပါတီမှာ
    ကျွန်တော် ပြောခဲ့တဲ့ ရွက်ထဲထဲက
  • 6:57 - 6:58
    ကျေနပ်ပျော်ရွှင်နေကြတဲ့
    လူတွေအားလုံးတို့ဟာလည်း
  • 6:58 - 7:01
    မျက်နှာမူနေခဲ့ကြတာက အတွင်းဖက်ကို
    မဟုတ်ပဲ အပြင်ဖက်ကို ဖြစ်ခဲ့ပါတယ်။
  • 7:01 - 7:06
    သူတို့ လုပ်ကျွေးနေတဲ့ လူတွေကို
    သူတို့ ပြတ်ပြတ်သားသား မြင်ခဲ့ကြသလို
  • 7:06 - 7:08
    အဲဒီလူတွေ ပြောင်းလဲလာပုံကို မြင်ခဲ့ကြတယ်။
  • 7:08 - 7:10
    ဘယ်မှာပဲ ကြည့်ကြည့်
    အအောင်မြင်ဆုံး ပုဂ္ဂိုလ်ဆိုတာက
  • 7:10 - 7:16
    ကိုယ့်ကို လုပ်ကျွေးမှုအစား သူတို့
    လုပ်ကျွေးနေကြရတဲ့ လူတွေကို အများဆုံး
  • 7:16 - 7:21
    အာရုံစိုက်ကြသူတွေပဲ ဖြစ်ကြတာကို ခင်ဗျားတို့
    အလိုလို နာလည်လာကြကောင်းပါရဲ့။
  • 7:21 - 7:26
    စိတ်ချမ်းသာကြသူတွေဟာ အခြားသူတွေကို
    စိတ်ချမ်းသာအောင် လုပ်လိုကြသူတွေပါ၊
  • 7:26 - 7:31
    ပြီးတော့ သူတို့က အစောင့်ရှောက်ခံနေရကာ
    လုံခြုံတာကို ခံစားရဖို့ လုပ်ကိုင်နေကြတာပါ။
  • 7:31 - 7:33
    ကျွန်တော်တို့က အခြားလူတွေ စိတ်ချမ်းသာအောင်
    လုပ်ပေးရင်၊ ဘဝအတွေ့အကြုံအရ၊
  • 7:33 - 7:36
    ကျွန်တော်တို့ပါ အစောင့်ရှောက်ခံကြရမှာပါ။
  • 7:36 - 7:40
    ဒီနေ့ ကောင်းမွန်စွာ ကြိုးစားပြီးနောက်မှာ
    အပိုဆုအတွက် အချိန်နည်းနည်း ကျန်ပါသေးတယ်။
  • 7:40 - 7:41
    (ရယ်မောသံများ)
  • 7:41 - 7:43
    ခင်ဗျားတို့ လူတွေကို ပထမဦးဆုံးအကြိမ်
  • 7:43 - 7:45
    တွေ့ချိန်မှာ အခက်ဆုံး ဖြစ်နိုင်တဲ့ အရာတခုက
  • 7:45 - 7:48
    သူတို့က၊ "ဘယ်နှယ်လဲ၊
    ခင်ဗျား ဘယ်လိုနေလဲ?"
  • 7:48 - 7:50
    မေးလေ့ရှိတဲ့ မေးခွန်းပါပဲ။
  • 7:50 - 7:52
    ပြီးတော့ ခင်ဗျားက၊ ကျွန်တော်တို့
    အများစုလိုပဲ
  • 7:52 - 7:54
    အခြေအနေမျိုးထဲဆိုရင် တော်တော့ကို
    ခက်တဲ့ မေးခွန်းပါ။
  • 7:54 - 7:58
    အထူးသဖြင့်၊ ခင်ဗျားတို့ဟာ
    ဖြစ်ရပ်တွေ ကြားမှာ ညှပ်မိနေတယ်၊
  • 7:58 - 8:01
    ဒါမှမဟုတ် ကိုယ့်ကို မလုံမလဲ ခံစားနေရတယ်၊
    ဒါမှမဟုတ် ဇဝေဇဝါဖြစ်နေတယ် ဆိုရင်ပေါ့လေ။
  • 8:01 - 8:05
    ဒါမှမဟုတ် ခင်ဗျား လုပ်ကိုင်နေတဲ့ဟာက
    ခင်ဗျား လုပ်ချင်တာ မဟုတ်ဘူး။
  • 8:05 - 8:08
    ဒါမှမဟုတ် ခင်ဗျားကို လုပ်ခိုင်းတဲ့ အရာက
    ခင်ဗျားကိုယ်တိုင် ရွေးခဲ့တာ မဟုတ်ဘူး။
  • 8:08 - 8:11
    အဲဒီတော့၊ လူတွေက ခင်ဗျားကို၊ "ဘယ်နှယ်လဲ၊
    ခင်ဗျား ဘာလုပ်ကိုင်လဲ?"မေးလာရင်
  • 8:11 - 8:13
    ခင်ဗျားရဲ့ ဦးနှောက်ထဲမှာ "အဲဒီလို ငါ့ကို
    ဘာလို့ မေးနေတာလဲ၊
  • 8:13 - 8:16
    ငါ လုပ်ကိုင်နေတာက ဘာများလဲ? အဲဒါရဲ့
    အကြောင်းရင်းက..." စဉ်းစားနိုင်တယ်။
  • 8:16 - 8:20
    အဲဒီလိုအဖြစ်ဟာ တကယ်တော့၊
    "သူဟာ ငါနဲ့ စကားပြောဖို့
  • 8:20 - 8:22
    အချိန်ကို ဖြုန်းသင့်မသင့် သိဖို့
    မေးနေတာလား?"
  • 8:22 - 8:23
    (ရယ်မောသံများ)
  • 8:23 - 8:26
    ဒါမှမဟုတ်၊ သူက၊ "အို၊ ဟုတ်လား၊
    ကျွန်တော် လုပ်တာထက် ပိုကောင်းတယ်ပေါ့?"
  • 8:26 - 8:29
    သေချာပေါက် ပြောဖို့အတွက်များလား
  • 8:29 - 8:30
    (ရယ်မောသံများ)
  • 8:30 - 8:31
    ဟုတ်တယ်နော်း?
  • 8:31 - 8:34
    အဲဒီတော့၊ တယောက်ယောက် ခင်ဗျားတို့ကို
    အဲဒီမေးခွန်း မေးလာရင် ခင်ဗျား လုပ်ရမှာက-
  • 8:34 - 8:38
    ခုနက ခင်ဗျားတို့ အော်ပြောခဲ့တဲ့ နောက်ဆုံး
    အရာကိုသာ ပြောပြလိုက်ပါ၊
  • 8:38 - 8:41
    ခင်ဗျားက ခင်ဗျား လုပ်ကျွေးပေးတဲ့ လူတွေကို
    ဘယ်လို ပြောင်းလဲစေတာကိုပါ။
  • 8:41 - 8:48
    ဥပမာ၊ ခင်ဗျားက၊ "ကျွန်တော် ကလေးတွေကို
    အံ့အားသင့်စရာ အိပ်မက်တွေကို ပေးတယ်။"
  • 8:49 - 8:53
    ခင်ဗျားရဲ့ ဘဝရည်ရွယ်ချက် ဖြစ်တယ်ဆိုရင်-
    "ကျွန်တော်ဟာ ကလေး စာရေးဆရာပါ၊
  • 8:53 - 8:58
    ကလေးတွေ အိပ်နေရင်း အံ့အားသင့်စရာ
    အိပ်မက်တွေ မက်နိုင်ဖို့အတွက်ပါ။"
  • 8:58 - 9:02
    ဒါမှမဟုတ်၊ လူတွေကို သူတို့အနေနဲ့
    လှနေဖို့၊ အကောင်းဆုံး ခံစားရဖို့ ကူပေးသူပါ၊"
  • 9:02 - 9:04
    ခင်ဗျားရဲ့ ဘဝရည်ရွယ်ချက် ဖြစ်ပါက၊
  • 9:04 - 9:09
    "အမျိုးသားများ နဲ့ အမျိုးသမီးများအတွက်
    ဈေးသက်သာတဲ့ အဝတ်အစားတွေကို ချုပ်လုပ်ပါတယ်၊
  • 9:09 - 9:12
    သူတို့ဟာ ကိုယ့်ကို လှပလျက် အကောင်းဆုံးလို့
    ထင်မြင်နိုင်ဖို့ ကူပေးတာပါ။"
  • 9:12 - 9:17
    ဒါမှမဟုတ်၊ "ကျွန်တော်ဟာ လူတွေကို
    အလုပ်ကောင်းတွေ ရအောင် ကူပေးသူပါ၊"
  • 9:17 - 9:20
    တကယ်လို့ ခင်ဗျားရဲ့ ဘဝရည်ရွယ်ချက်က-
  • 9:20 - 9:24
    "ကျွန်တော်က လုပ်ငန်းရှင်တွေကို သင်ပေးလျက်
    ရဲဝံ့စွာ ဆုံးဖြတ်နိုင်ဖို့ လေ့ကျင့်ပေးလို့
  • 9:24 - 9:27
    သူတို့ကို ကမ္ဘာပေါ်က အကောင်းဆုံး
    အလုပ်တွေကို ပေးနေသူပါ။"
  • 9:29 - 9:30
    ဒီတော့၊ ကျွန်တော်ပြောချင်တာက၊
  • 9:30 - 9:33
    ခုနက ခင်ဗျားတို့ လုပ်လိုက်တဲ့
    လေ့ကျင့်မှုလေးက
  • 9:33 - 9:36
    ခင်ဗျားတို့ကို မြှင့်တင်ပေးမယ့်
    ဓာတ်လှေခါးနဲ့ တူပါတယ်၊
  • 9:36 - 9:38
    ပြီးတော့ အဲဒါဟာ ဆွေးနွေးမှုနဲ့ စတတ်ပါတယ်။
  • 9:38 - 9:40
    ဘာလို့လဲဆိုတော့၊ ခုနက
    ကျွန်တော်တို့ ပြောနေခဲ့တဲ့ လူက
  • 9:40 - 9:42
    ခင်ဗျားတို့ကို တခုမေးထားတယ်။
  • 9:42 - 9:44
    "ခင်ဗျားဟာ ကလေးတွေကို အံ့အားသင့်စရာ
    အိပ်မက်တွေကို ဘယ်လိုပေးတာလဲ?"
  • 9:44 - 9:47
    "ခင်ဗျားဟာ လူတွေကို လှပလျက် အကောင်းဆုံး
    ခံစားရအောင် ဘယ်လိုကူပေးတာလဲ?"
  • 9:47 - 9:51
    "လူတွေဟာ ကမ္ဘာပေါ်က အကောင်းဆုံး အလုပ်တွေကို
    တကယ် ရရှိနိုင်ကြသလား?"
  • 9:51 - 9:54
    အဲဒီအချိန်မှာ ခင်ဗျားတို့ဟာ
    သူတို့အား ဖြေပေးရန် လိုပြီး
  • 9:54 - 9:58
    ခင်ဗျားရဲ့ ဘဝရည်ရွယ်ချက်ကို
    မျှဝေပေးရပါမယ်။
  • 9:58 - 10:02
    ဒီလို မျှဝေပေးခြင်းဖြင့် သူတို့ကိုပါ အဲဒါ
    သင်ယူဖို့ မျှဝေပေးမှုပဲ ဖြစ်ပါလိမ့်မယ်။
  • 10:04 - 10:05
    (လက်ခုပ်သံများ)
Title:
ဘဝ ရည်ရွယ်ချက်ကို ၅ မိနစ် အတွင်းမှာ သိစေရမယ်| Adam Leipzig | TEDxMalibu
Description:

ဒီဟောပြောချက်ကို ဒေသန္တရ TEDx ဖြစ်ရပ် အဖြစ် ပြုလုပ်ခဲ့ကာ TED တွေ့ဆုံပွဲများမှ သီးခြား စီစဉ်ခဲ့ခြင်း ဖြစ်သည်။
Adam Leipzig ဟာ ရုပ်ရှင် ၂၅ ခုကျော်ကို ထုတ်လုပ်သူ၊ စီမံသူ နဲ့ ဖြန့်ချိသူအဖြစ် ပါဝင်ဆောင်ရွက်ခဲ့သူပါ။ သူဟာ စင်မြင့်ပေါ်မှာ ကစားရတဲ့ ပြဇာတ် နဲ့ သက်ရှိ အစီအစဉ် ၃၀၀ ကျော်ကို ထုတ်လုပ်ခဲ့ပြီး Los Angeles Theatre Center ကို ထူထောင်ခဲ့သူပါ။

more » « less
Video Language:
English
Team:
closed TED
Project:
TEDxTalks
Duration:
10:34

Burmese subtitles

Revisions