အရောင်ဆိုတာ ဘာလဲ - Colm Kellehe
-
0:14 - 0:18အလင်းနဲ့ဆက်ဆိုင်တဲ့ အထင်ရှားဆုံး
ဂုဏ်သတ္တိတွေအနက် တစ်ခုက အရောင်ရှိတာပါ။ -
0:18 - 0:22အရောင်ဖြစ်စဉ်ကို နားလည်ဖို့၊ အလင်းကို
လှိုင်းတစ်ခုလို့ တွေးတာ အထောက်ကူဖြစ်ပါတယ်။ -
0:22 - 0:25သို့သော် တို့ ဒါကို မရောက်ခင်
-
0:25 - 0:28လှိုင်းတွေနဲ့ ပတ်သတ်လို့
ယေဘုယျ နည်းနည်း ပြောကြစို့။ -
0:28 - 0:33သမုဒ္ဒရာထဲ လှေပေါ်ထိုင်၊ ရေမှာနိမ့်ချည်၊
မြင့်ချည်ဖြစ်နေတဲ့ဖော့ဆို့ကို ကြည့်နေတယ်။ -
0:33 - 0:36ရွှေ့လျားမှုနဲ့ပတ်သတ်ပြီး သင် သတိပြုမိတဲ့
ပထမအရာက ထပ် ထပ်ကျော့တာပါ။ -
0:36 - 0:42ဖော့ဆို့ဟာ ဒီလမ်းကြောင်းကိုပဲ အထပ်ထပ်
အခါခါ တက်လိုက်၊ကျလိုက် လိုက်ပါနေမယ်။ -
0:42 - 0:47ဒီ အကြိမ်ကြိမ်ကျော့သော၊ အလှည့်မှန်
ရွှေ့လျားခြင်းဟာ လှိုင်းရဲ့ ဝိသေသပါ။ -
0:47 - 0:48အခြားတစ်ခုခုကို သတိပြုမိဦးမယ်
-
0:48 - 0:52အချိန်မှတ် နာရီသုံးကာ ဖော့ဆို့
အမြင့်ဆုံးတက်၊ အနိမ့်ဆုံးပြန်ဆင်းပြီး -
0:52 - 0:56နောက်တစ်ကြိမ် ပြန်တက်တဲ့ကြာချိန်ကို
သင် တိုင်းမယ်။ -
0:56 - 0:58ဒါ အချိန် နှစ်စက္ကန့်ကြာမယ် ဆိုပါစို့။
-
0:58 - 1:03ရူပဗေဒဝေါဟာရသုံးဖို့ နိမ့်၊မြင့်ဖြစ်နေတဲ့
ဖော့ဆို့ပေါ်က လှိုင်းလွှဲချိန်တိုင်းတာပါ။ -
1:03 - 1:07ဆိုလိုတာက၊ လှိုင်းရွှေ့လျားမှု အတိုင်းအတာ
တစ်ခုပြည့်ဖို့ အချိန် ဘယ်လောက်ကြာမလဲ -
1:07 - 1:13ဒီအချက်ကိုပဲ လှိုင်းကြိမ်နှုန်း တွက်ပြီး
ကွဲပြားတဲ့နည်းနဲ့ ဖော်ပြနိုင်ပါတယ်။ -
1:13 - 1:17Frequency ဖော်ပြချက်ဟာ သင့်ကို
လှိုင်း ဘယ်နှယ့်ကြိမ်ဖြစ်တာ ပြောပါတယ်။ -
1:17 - 1:20ဒါက တစ်စက္ကန့်မှာ သူတို့ ဘယ်လောက်များ
ဖြတ်သွားတယ် ဆိုလိုတယ်။ -
1:20 - 1:23လှိုင်းပြည့်တစ်ခုဟာ အချိန်ဘယ်လောက်
ကြာမယ်ကို သင်သိထားရင် -
1:23 - 1:26ဒီနောက် တစ်စက္ကန့်မှာသွားတဲ့ လှိုင်း
ဘယ်လောက်များတာ တွက်ဖို့ လွယ်ပါတယ်။ -
1:26 - 1:33ခုကိစ္စမှာ တစ်လှိုင်းစီက ၂ စက္ကန့်ကြာတော့
frequency က တစ်စက္ကန့်မှာ ၀.၅ လှိုင်းပါ -
1:33 - 1:37နိမ့်၊မြင့် ဖြစ်နေတဲ့ ဖော့ဆို့ကို ထားလို့
အလင်းနဲ့ဆိုင်တာ အရောင်နဲ့ဆိုင်တာ က ဘာလဲ။ -
1:37 - 1:39အလင်းကလှိုင်းဆိုရင် ၎င်းမှာ
ကြိမ်နှုန်းတစ်ခုရှိရမယ်ပေါ့ -
1:39 - 1:41ကောင်းပြီ ရှိပါတယ်။
-
1:41 - 1:45ပြီးတော့ ဒါက မျက်လုံးနဲ့ အာရုံခံတဲ့
အလင်းကြိမ်နှုန်းရဲ့ နာမည်ရှိပြီးသားပါ။ -
1:45 - 1:47ဒါကို အရောင်လို့ ခေါ်ပါတယ်။
-
1:47 - 1:51မှန်တယ် အရောင်ဟာ အလင်းလှိုင်းတွေ မြန်မြန်
လှုပ်နေပုံကို တိုင်းတာတာထက် ဘာမှမပိုပါဘူး။ -
1:51 - 1:56တို့မျက်လုံး သိပ်လျင်ရင်၊ ဒီ အလှည့်မှန်
ရွှေ့လျားခြင်းကို ဖော့ဆို့ နဲ့ သမုဒ္ဒရာကို -
1:56 - 1:58မြင်သလို တိုက်ရိုက်မြင်တွေ့နိုင်ပါတယ်။
-
1:58 - 2:00သို့ သော် မြင်တဲ့ အလင်းကြိမ်နှုန်း
သိပ်မြင့်တယ် -
2:00 - 2:04၎င်းက တစ်စက္ကန့်မှာ အကြိမ် သန်းပေါင်း
သန်း ၄၀၀ အနိမ့် အမြင့် လှုပ်ရမ်းလို့ -
2:04 - 2:11လှိုင်းတစ်ခုလို မြင်ဖို့မဖြစ်နိုင်ပေမဲ့
အရောင်ကိုကြည့်ကာ ကြိမ်နှုန်း ပြောနိုင်တယ် -
2:11 - 2:15မြင်နိုင်တဲ့ ကြိမ်နှုန်းအနိမ့်ဆုံး အနီနဲ့
ကြိမ်နှုန်းအမြင့်ဆုံး ခရမ်းရောင် -
2:15 - 2:21ကြားက အခြားကြိမ်နှုန်းတွေ အားလုံး
ပေါင်းရုံးလို့ မြင်နိုင်ရောင်စဉ် ခေါ်တယ်။ -
2:21 - 2:24ဒီတော့ သင့် စားပွဲဇောင်းပေါ် တင်ထားတဲ့
အဝါရောင်ခဲတံရှိနှင့်ရင်ရော။ -
2:24 - 2:29နေက အရောင်အားလုံး ထုတ်လွှတ်တော့ အရောင်
အားလုံးပါတဲ့ အလင်းတွေ ခဲတံပေါ် ထိမှန်နေတယ် -
2:29 - 2:34ခဲတံက ဝါနေပုံပေါ်တာ တခြားအရောင်ထက်
အဝါရောင်ကိုသာ အလင်းပြန်တာကြောင့်ပါ။ -
2:34 - 2:37အပြာ၊ ခရမ်း နဲ့ အနီအလင်း
တွေ ဘာများဖြစ်ကုန်ပါလဲ။ -
2:37 - 2:41သူတို့ကို စုပ်ယူလိုက်ပြီး သူတို့သယ်လာတဲ့
စွမ်းအင်ကို အပူအဖြစ်ပြောင်းပေးလိုက်ပါတယ်။ -
2:41 - 2:43တခြားအရောင်ရှိတဲ့ အရာတွေမှာလည်း ဒါမျိုးပဲ။
-
2:43 - 2:47ပြာတဲ့ အရာဟာ အပြာရောင်ပြန်တယ်၊
နီတဲ့ ဟာက အနီရောင်ပြန်တယ်။ -
2:47 - 2:49ဖြူတာ ကျတော့ အရောင်စုံပြန်ပြီး
-
2:49 - 2:53မဲတာ ကျတော့ ဒါနဲ့ လုံး၀ ဆန့်ကျင်ဘက်
လုပ်ပြီး ကြိမ်နှုန်းအားလုံးစုပ်ယူလိုက်တယ်။ -
2:53 - 2:59စကားမစပ်၊ ဒါ့ကြောင့် နေသာရင် သင့်အကြိုက်
Metallica တီရှပ်ဝတ်ဖို့ မသက်မသာ ဖြစ်တာပါ။
- Title:
- အရောင်ဆိုတာ ဘာလဲ - Colm Kellehe
- Speaker:
- Colm Kelleher
- Description:
-
သင်ခန်းစာတစ်ခုလုံးကြည့်ရန်- on http://ed.ted.com/lessons/how-do-we-see-color-colm-kelleher
အရောင်ဆိုသောအရာကို သင် စဉ်းစားဖူးပါသလား။ အရောင်အကြောင်းနဲ့ ပတ်သတ်လို့ အခန်းဆက်ဖော်ပြမှု ပထမပိုင်းမှာ အရောင်တွေရဲ့ နောက်ကွယ်မှ ရူပဗေဒ၊ ကျွန်ုပ်တို့ တွေ့မြင်နေရတဲ့ အရောင်တွေဟာ လှိုင်းတွေရဲ့ ရွှေ့လျားမှုအချိန်အပိုင်းအခြားနဲ့ ကြိမ်နှုန်းတို့ ဆက်စပ်နေပုံ အကြောင်းတွေကို Colm Kellehe က ဖော်ပြထားပါတယ်။
သင်ခန်းစာတင်ဆက်သူ-Colm Kellehe၊ ရုပ်သံလှုပ်ရှားမှုပုံရိပ်-Vitreous။
- Video Language:
- English
- Team:
closed TED
- Project:
- TED-Ed
- Duration:
- 03:10
![]() |
Tun Lin Aung + 1 commented on Burmese subtitles for What is color? | |
![]() |
sann tint commented on Burmese subtitles for What is color? | |
![]() |
sann tint edited Burmese subtitles for What is color? | |
![]() |
sann tint commented on Burmese subtitles for What is color? | |
![]() |
sann tint approved Burmese subtitles for What is color? | |
![]() |
sann tint accepted Burmese subtitles for What is color? | |
![]() |
sann tint edited Burmese subtitles for What is color? | |
![]() |
sann tint edited Burmese subtitles for What is color? |
Tun Lin Aung + 1
ဟုတ်ပါတယ် ဆရာ။ ကျွန်တော်လည်း ဘောင်ဝင်အောင် ပြင်ရင်း ပြင်ရင်း မူရင်း စာနဲ့ လွဲချော်ကုန်ပါတယ်။
Tun Lin Aung + 1
ဟုတ့်ကဲ့ပါ ဆရာ။ ကျွန်တော် စကားပြောသံကို နားထောင်တော့ light ဆိုတာမျိုး ကြားမိလို့ပါ။
sann tint
လောလောဆယ်တော့ life နဲ့ပဲ အတည်ပြုထားတယ်။ TED ကို အကြောင်းကြားပြီးပြီ။ သူတို့ဆီက ပြန်ကြားချက်ကို စောင့်ပြီးမှ ပြင်သင့်၊ မပြင်သင့်လုပ်ရမှာပါ။
sann tint
TED မှ light ဟု ပြင်ဆင်ပေးပြီးပါပြီ။
Tun Lin Aung + 1
ဟုတ့်ကဲ့ပါ ဆရာ။