-
.
-
အနှုတ်ပါတဲ့ ထပ်ညွှန်းတင်ထားတဲ့ ကိန်းတွေကို
-
‘1’ အပိုင်းခံပြီး ပိုင်းခြေကို ပြောင်းလိုက်တဲ့အခါ
-
ဘာလို့ ထပ်ညွှန်းက အပေါင်းလက္ခဏာ ပြောင်းသွားလဲဆိုတာကို
-
ရှင်းပြမယ်
-
ပိုပြီးအတွင်းကျကျ လေ့လာကြရအောင်
-
0 ထက်ငယ်တဲ့ အနှုတ်ကိန်းပြည့်တွေကို
-
2 ရဲ့ ထပ်ညွှန်းတွေအနေနဲ့ တစ်ခုချင်းစီ
-
တွက်ကြည့်မယ်
-
ပထမဆုံး 2³ ကို တွက်မယ်
-
2³ ဆို တာ 2 အမြှောက် 2 အမြှောက် 2
-
2³ ဆို 8 ရတယ်
-
2^2 သင်မည်သို့ဖြေရှင်းပေးသလဲ?
-
2 အမြှောက် 2
-
ပြီးတော့ 2² ဆိုရင် 4
-
အဲဒီနောက် 2³ နဲ့ 2² ကို ယှဉ်ကြည့်လိုက်ရင်
-
ဘယ်လိုဖြစ်နေလဲ
-
ဟုတ်တာပေါ့… 2 နဲ့ စားထားတာလေ
-
8 ကို 2 နဲ့ စားလိုက်ရင် 2² ရဲ့ တန်ဖိုး 4 ရတယ်
-
ဟုတ်ပြီ ဆက်တွက်မယ်
-
2¹ ဆိုရင်ရော?
-
2 ပဲရပါတယ်
-
အပေါ်ကအတိုင်းပဲ 2² ကနေ 2¹ ကို 2 နဲ့ စားထားတာပါပဲ
-
တဖြည်းဖြည်း စိတ်ဝင်စားဖို့ကောင်းလာပြီ
-
2º ဆိုရင်?
-
ဒီအဆင့်မှာ ဘာဖြစ်လို့
-
2º က ‘0’ မရဘဲ
-
‘1’ ရလဲဆိုတာ ရှင်းသွားလိမ့်မယ်
-
ဘယ်လိုမျိုးလဲဆိုတော့ အပေါ်မှာတွက်ခဲ့တဲ့အတိုင်းပါပဲ
-
2 ရဲ့ ထပ်ညွှန်း ‘1’ လျော့တိုင်း အဖြေတွေကို 2 နဲ့ စားလာခဲ့တယ် မဟုတ်လား
-
အဲဒီတော့ ဒီမှာလဲ အဲဒီလိုပဲ 2 နဲ့ ထပ်စားလိုက်ရင်
-
အဖြေ ‘1’ ရတာပေါ့
-
ဒါဆိုရင် ဆက်ပြီး တွက်ကြည့်ရအောင်
-
အဲဒီလိုပဲ 2 နဲ့ စားသွားမယ်ဆိုရင်
-
2 ̄ ¹ အတွက်
-
အဖြေဘယ်လောက်ရပါမလဲ?
-
ကောင်းပြီကျနော်တို့ 2 ကိုပိုင်းခြား
-
1/2 ညီမျှဖြစ်သွား
-
သတိပေးချက်: 2^ ̄¹ က 1/2 နှင့်ညီမျှသည်
-
2^1 က 1 နှင့်ညီမျှသည်
-
ဒီ၏အပြန်အလှန်ညီမျှသည်။
-
ဆက်တွက်ရအောင်
-
ပျော်စရာကောင်းပါတယ်
-
ဒါဆို 2 ̄ ² ဆိုရင်ရော?
-
ကျွန်တော်တို့ 2 နဲ့ပဲ ထပ်စားမယ်
-
အဲဒါဆိုရင် 1/4 ဆိုပြီး ရပါမယ်
-
ဒီလောက်ဆို တွက်ရတဲ့ ပုံစံအဆင့်ကို သိလောက်ပါပြီ
-
2 ̄ ³ ဆိုရင် 2 နဲ့ပဲ ထပ်စားလိုက်တဲ့အခါ
-
1/8 ရတာပေါ့
-
2^3 ၏အပြန်အလှန်ညီမျှသည်။
-
ဒါကလည်း 2 ̄ ³ ရဲ့ လှန်ကိန်းနဲ့ အတူတူပါပဲ
-
အဲဒီတော့ တစ်နည်းအားဖြင့်ပြောရရင် အနှုတ်ထပ်ညွှန်းပါတဲ့ ကိန်းတွေကို လှန်ကိန်းပုံစံပြောင်းခြင်းပဲပေါ့
-
အခုပြောသွားတာကတော့ အနှုတ်ထပ်ညွှန်းတင်ထားတဲ့ ကိန်းတွေဆိုရင်
-
‘1’ အပိုင်းခံပြီး အခြေတူကိန်းပေါ်မှာပဲ ထပ်ညွှန်းတွေက အပေါင်းအဖြစ်
-
ပြောင်းသွားတယ်ဆိုတဲ့ အကြောင်းပဲ ဖြစ်ပါတယ်