မြောက်ကိုရီယားမှ လွတ်မြောက်ခြင်း
-
0:01 - 0:05ငယ်ငယ်တုန်းကတော့ကျွန်မနိုင်ငံက
ကမ္ဘာပေါ်မှာအကောင်းဆုံးနိုင်ငံလို့ထင်ခဲ့တာ -
0:05 - 0:08"မနာလိုစရာဘာမှမရှိဘူး"ဆိုတဲ့
သီချင်းကို ဆိုပြီး ကြီးလာခဲ့တာ။ -
0:09 - 0:11အရမ်းလည်း ဂုဏ်ယူခဲ့တယ်။
-
0:11 - 0:15Kim ll-Sung ရဲ့ သမိုင်းကို သင်ရင်း
အချိန်တွေ အများကြီး ကုန်ခဲ့တယ် -
0:15 - 0:18ဒါပေမဲ့ အပြင်ကမ္ဘာအကြောင်းကို
တစ်ခါမှ မသင်ခဲ့ဖူးဘူး။ -
0:19 - 0:23အမေရိကား၊ တောင်ကိုရီးယားနဲ့
ဂျပန်ဟာ ရန်သူတွေ ဆိုတာကလွဲလို့ပေါ့ -
0:24 - 0:27အပြင်ကမ္ဘာအကြောင်း ခဏခဏတွေးဖူးပေမဲ့
-
0:27 - 0:31တစ်ဘဝလုံး မြောက်ကိုရီးယားမှာပဲ
ကုန်ဆုံးရမယ်လို့ ထင်ခဲ့တယ် -
0:31 - 0:33အရာအားလုံး ရုတ်တရက်
မပြောင်းလဲသွားခင်အထိပေါ့ -
0:35 - 0:39အသက် ခုနှစ်နှစ်မှာ သေဒဏ်
စီရင်တာကို မြင်ခဲ့တယ်။ -
0:40 - 0:42ဒါပေမဲ့ မြောက်ကိုရီးယားက
ဘဝကို ပုံမှန်ပဲလို့ ထင်နေခဲ့တာ -
0:43 - 0:45မိသားစုက ဆင်းရဲတဲ့သူတွေ မဟုတ်ဘူး
-
0:45 - 0:48ကျွန်မကိုယ်တိုင်လည်း တစ်ခါမှ မငတ်ခဲ့ဖူးဘူး
-
0:48 - 0:53ဒါပေမဲ့ ၁၉၉၅ က တစ်နေ့မှာတော့
အမေက လုပ်ဖော်ကိုင်ဖက်ရဲ့ ညီမဆီက -
0:53 - 0:55စာတစ်စောင်ယူလာခဲ့တယ်
-
0:55 - 0:58ဖတ်လိုက်တော့ "ဒီစာကို ဖတ်နေတဲ့ အချိန်မှာ
-
0:58 - 1:03ငါ့မိသားစု ငါးယောက်ဟာ
ကမ္ဘာပေါ်မှာ မရှိကြတော့ဘူး -
1:03 - 1:06ဘာလို့ဆိုတော့ လွန်ခဲ့တဲ့ သုံးပတ်လောက်
လုံးလုံး ဘာမှမစားရလို့ -
1:07 - 1:09ကြမ်းပြင်ပေါ်မှာ အတူတူ လဲလျောင်းနေကြတယ်
-
1:12 - 1:17ငါတို့တွေ အရမ်းအားနည်းနေပြီ။
သေဖို့ပဲရှိတော့တယ်။" -
1:19 - 1:20ကျွန်မ အရမ်းလန့်သွားတယ်
-
1:22 - 1:26နိုင်ငံထဲကလူတွေ ဒုက္ခရောက်နေတယ်လို့
ပထမဆုံးကြားဖူးတာပဲ -
1:28 - 1:31သိပ်မကြာခင်မှာ ဘူတာမှာ လမ်းလျှောက်နေတုန်း
-
1:31 - 1:35ဒီနေ့အထိ မေ့မရတဲ့ ကြောက်စရာ
မြင်ကွင်းတစ်ခုကိုတွေ့လိုက်ရတယ် -
1:36 - 1:39မြေကြီးပေါ်မှာ မိန်းမတစ်ယောက် သေနေတာ
-
1:39 - 1:43ပိန်ချုံးနေတဲ့ ကလေးတစ်ယောက်ကို
ပိုက်ထားသေးတယ် -
1:43 - 1:46ကလေးက သူ့အမေမျက်နှာကို
အားကိုးတကြီး ကြည့်နေရှာတယ် -
1:48 - 1:49ဘယ်သူမှ သူတို့ကို မကူညီကြဘူး
-
1:49 - 1:55ဘာလို့ဆိုသူတို့ဟာ သူတို့ကိုယ်သူတို့နဲ့
မိသားစုကိုပဲ ဂရုစိုက်ဖို့ ကြိုးစားနေရတာ -
1:56 - 1:59၁၉၉၀ အလယ်လောက်မှာ
မြောက်ကိုရီးယားမှာ အငတ်ဘေးဆိုက်တယ် -
2:00 - 2:04အငတ်ဘေးကြောင့် မြောက်ကိုရီးယားက
လူတစ်သန်းကျော် သေကုန်တယ် -
2:04 - 2:10အသက်ရှင်ကျန်ခဲ့တဲ့လူတွေက မြက်တွေ၊
သစ်ခေါက်တွေ အကောင်ပလောင်တွေကို စားရတယ်။ -
2:12 - 2:14မီးလည်း ခဏခဏပျက်တော့တာပဲ
-
2:15 - 2:19ညဆိုရင် မှောင်မဲနေတာပဲ
-
2:19 - 2:21တရုတ်ဘက် ပင်လယ်က အလင်းကလွဲလို့
ဘာမှမရှိဘူး -
2:21 - 2:25အိမ်ဘေးက မြစ်ဆီကနေ လှမ်းမြင်ရတယ်
-
2:25 - 2:28သူတို့ကျတော့ မီးရပြီး ငါတို့ကျတော့
ဘာလို့ မီးမရလဲ တွေးမိတယ် -
2:30 - 2:34ဒါက ဂြိုတ်တုကနေ ရိုက်ထားတဲ့
မြောက်ကိုရီးယားရဲ့ညပုံ -
2:34 - 2:36အိမ်နီးချင်းတွေနဲ့ ယှဉ်ကြည့်ပါဦး
-
2:38 - 2:39ဒါက Amnok မြစ်
-
2:39 - 2:44မြောက်ကိုရီးယားနဲ့ တရုတ်ကို
ခွဲခြားပေးထားတဲ့ မြစ် -
2:44 - 2:48တွေ့တဲ့အတိုင်းပဲ တချို့နေရာတွေမှာ
မြစ်က တော်တော်ကျဉ်းတယ် -
2:49 - 2:52ဒီကနေ မြောက်ကိုရီယားတွေက
တိတ်တိတ်လေး ထွက်ပြေးလို့ရတယ် -
2:53 - 2:54ဒါပေမဲ့ အများအပြားသေကြတယ်
-
2:55 - 2:59တစ်ခါတစ်လေ အလောင်းတွေ
မြစ်ပေါ်မှာ ပေါ်နေတာ တွေ့ဖူးတယ် -
3:03 - 3:07မြောက်ကိုရီးယားက ဘယ်လိုထွက်လာခဲ့လဲ
ဆိုတာတော့ အတိအကျ မပြောပြနိုင်ဘူး -
3:07 - 3:11ပြောနိုင်တာက အဲဒီ အငတ်
ဘေးကျနေချိန်မှာ -
3:11 - 3:16တရုတ်ပြည်က အမျိုးတွေဆီ
သွားနေဖို့ ပို့ခံရတယ် -
3:17 - 3:22ထင်တာက မိသားစုနဲ့ ခဏပဲခွဲနေရမယ်ပေါ့
-
3:24 - 3:26စုစုပေါင်း ဆယ်လေးနှစ်လောက်
ခွဲရလိမ့်မယ်လို့ -
3:26 - 3:28တစ်ခါမှ မတွေးမိဖူးဘူး
-
3:29 - 3:33တရုတ်ပြည်မှာ မိသားစုမရှိပဲ မိန်းကလေးငယ်
တယောက်တည်း နေဖို့က အတော် မလွယ်ဘူး -
3:33 - 3:36အဲဒီမှာ မြောက်ကိုရီးယား
ဒုက္ခသည်အနေနဲ့ ဘယ်လို -
3:36 - 3:38နေရထိုင်ရမလဲဆိုတာ လုံးဝ မသိဘူး
-
3:38 - 3:42ဒါပေမဲ့ နောက်တော့ အဲဒီမှာ
နေရတာ ခက်ခဲရုံတင်မကဘူး -
3:42 - 3:44အန္တရာယ်လည်း များတယ်ဆိုတာ သိလာရတယ်
-
3:45 - 3:51မြောက်ကိုရီးယား ဒုက္ခသည်ဆိုတာ တရုတ်ပြည်မှာ
တရားမဝင်နေထိုင်သူလို့ သတ်မှတ်ခံထားရတာလေ -
3:52 - 3:57ကျွန်မဘယ်သူဆိုတာ ထုတ်ဖော်ခံရတော့မလားဆိုတဲ့
စိုးိမ်စိတ်နဲ့ တလျှောက်လုံး နေလာခဲ့ရတယ်။ -
3:57 - 4:00သိသွားခဲ့ရင် ကျွန်မကို
မြောက်ကိုရီးယားကို ပြန်ပို့ကြမှာ -
4:00 - 4:02တစ်ရက် ဒီအိပ်မက်ဆိုး
တကယ်ဖြစ်လာတယ် -
4:03 - 4:06တရုတ်ရဲတွေ ဖမ်းတာ ခံခဲ့ရတယ်။
-
4:06 - 4:08စစ်ဆေးဖို့ ကျွန်မကို
ရဲစခန်းကို ခေါ်သွားခဲ့တယ်။ -
4:13 - 4:16တစ်ယောက်ယောက်က ကျွန်မကို
မြောက်ကိုရီယားပါလို့ တိုင်လိုက်တာ -
4:16 - 4:20မေးခွန်းတွေ အများကြီး မေးခံရတယ်။
-
4:20 - 4:22ကျွန်မ အရမ်းကို ကြောက်ခဲ့တာ
-
4:25 - 4:27နှလုံးတွေ ပေါက်ထွက်သွားပြီတောင်
ထင်မိတယ်။ -
4:28 - 4:33တခုခုများ လွဲခဲ့ရင် ကျွန်မကို
ဖမ်းချုပ်ပြီး ဟိုကို ပြန်ပို့လိုက်ကြမှာ -
4:34 - 4:36ငါ့ဘဝတော့ ဆုံးပါပြီလို့ တွေးမိတယ်။
-
4:37 - 4:40ဒါပေမဲ့ စိတ်မှာ ဖြစ်နေတာကို
ကျွန်မ ထိန်းချုပ်ထားနိုင်ခဲ့တယ်။ -
4:40 - 4:41မေးတာတွေကို ဖြေတယ်။
-
4:42 - 4:44အကုန်လုံး မေးလို့ ပြီးသွားတော့
-
4:44 - 4:46အရာရှိတစ်ယောက်က နောက်တယောက်ကို
-
4:46 - 4:49"လိမ်ပြီး တိုင်တာပဲကွ။ သူက
မြောက်ကိုရီးယား မဟုတ်ပါဘူး" -
4:50 - 4:53နောက်ပြီး သူတို့ ကျွန်မကို လွတ်
ပေးလိုက်တယ်။ တကယ်ဘုရားမတာပဲ။ -
4:54 - 4:58တချို့မြောက်ကိုရီယားတွေဟာ တရုတ်က နိုင်ငံ
ခြားသံရုံးတွေမှာ ခိုလှုံခွင့်တောင်းကြတယ်။ -
4:59 - 5:03ဒါပေမယ့် တော်တော်များများက
တရုတ်ရဲတွေ ဖမ်းတာ ခံရတာပဲ -
5:03 - 5:04နောက်တော့ ပြန်ပို့ခံရတာပါ။
-
5:04 - 5:06ဒီကောင်မလေးတွေကတော့
အရမ်းကံကောင်းတယ် -
5:06 - 5:08အဖမ်းခံရပေမယ့်
-
5:08 - 5:12နိုင်ငံတကာ ဖိအားတွေကြောင့်
ပြန်လွတ်ပေးခဲ့တယ်။ -
5:13 - 5:16ဒီမြောက်ကိုရီးယားတွေကတော့ အဲလို
ကံမကောင်းကြဘူး။ -
5:16 - 5:20နှစ်တိုင်း မရေမတွက်နိုင်တဲ့ မြောက်ကိုရီး
ယားတွေဟာ တရုတ်မှာ အဖမ်းခံရတယ်။ -
5:20 - 5:23နောက်ပြီး မြောက်ကိုရီးယားကို
ပြန်ပို့ခံရတယ်။ -
5:23 - 5:28အဲဒီမှာ သူတို့ နှိပ်စက်ခံရနိုင်၊ထောင်ချ
ခံရနိုင်၊လူကြးထဲမှာတောင် သတ်ပစ်ခံရနိုင်တယ် -
5:29 - 5:32ကံကောင်းလွန်းလို့ ကျွန်မလွတ်ခဲ့ပေမယ့်
-
5:32 - 5:35တခြား မြောက်ကိုရီးယားတွေတော့ အဲဒီလောက်
ကံမကောင်းနိုင်ဘူး။ -
5:35 - 5:39မြောက်ကိုရီးယားလူမျိုးတွေဟာ သူတို့ရဲ့
ဖြစ်တည်မှုကို ဖုံးကွယ်ထားရတယ်။ -
5:39 - 5:42အသက်ရှင်ဖို့လည်း အရမ်း ရုန်းကန်ရတယ်။
-
5:43 - 5:46ဘာသာစကား အသစ်ကို သင်ပြီး
အလုပ်ရနေရင်တောင်မှပဲ -
5:46 - 5:50သူ့ဘဝဟာ လုံးဝပျက်ချင်ပျက်သွားနိုင်တဲ့
အခြေအနေမှာ အမြဲရှိတယ်။ -
5:50 - 5:54ဒါကြောင့်မလို့ ဆယ်နှစ်လောက်
ကျွန်မ ကိုယ်ယောက်ဖျောက်ပြီး နေခဲ့ပေမဲ့ -
5:54 - 5:57တောင်ကိုရီးယားကို စွန့်စားပြီး
သွားဖို့ ဆုံးဖြတ်ခဲ့တာ -
5:58 - 6:01နောက်ပြီး ဘဝအသစ်တခုကို
တည်ထောင်ခဲ့တယ်။ -
6:01 - 6:03တောင်ကိုရီယားမှာ အခြေချရတာဟာ
-
6:03 - 6:06ထင်ထားတာထက် အများကြီး ပိုခက်ခဲ့တယ်။
-
6:06 - 6:10တောင်ကိုရီးယားမှာ အင်္ဂလိပ်စကားတတ်ဖို့
အရမ်းအရေးကြီးတယ်။ -
6:10 - 6:12အဲဒါနဲ့ ကျွန်မရဲ့ တတိယ ဘာသာစကားကို
လေ့လာရပြန်တယ်။ -
6:13 - 6:18တောင်နဲ့ မြောက်မှာ ကွာခြားချက်တွေ
အများကြီးရှိတာလည်း သတိပြုမိခဲ့တယ်။ -
6:18 - 6:20ကျွန်မတို့အားလုံး ကိုရီးယားတွေဆိုပေမဲ့
-
6:20 - 6:25အတွင်းမှာတော့ အရမ်းကို ကွာခြားတယ်။
၆၇နှစ်လောက် ခွဲခြားခံထားရတာကိုး။ -
6:26 - 6:29ပထမဆုံး ဖြစ်တည်မှုနဲ့ ပတ်သက်ပြီး
ဝေခွဲမရဖြစ်တယ်။ -
6:30 - 6:32ကျွန်မဟာ တောင်ကိုရီးယားလား
မြောက်ကိုရီးယားလား.. -
6:33 - 6:35ကျွန်မက ဘယ်ကလဲ။
ကျွန်မ ဘယ်သူလဲ။ -
6:36 - 6:41ရုတ်တရက် ကျွန်မမှာ ကိုယ့်နိုင်ငံပါလို့
ဂုဏ်ယူစရာ နိုင်ငံမရှိဘူး။ -
6:44 - 6:47တောင်ကိုရီးယားမှာ
နေထိုင်နိုင်ဖို့ သိပ်မလွယ်ဘူး။ -
6:47 - 6:52ကျွန်မ အစီအစဉ်တွေဆွဲတယ်။ တက္ကသိုလ်
ဝင်ခွင့်ဖြေဖို့ စာတွေ လေ့လာတယ်။ -
6:52 - 6:56ဘဝသစ်ကို စဖို့ ကျွန်မ စလုပ်ခဲ့တယ်။
-
6:56 - 6:59ထိတ်လန့်စရာ ဖုန်းတခု ဝင်လာခဲ့တယ်
-
6:59 - 7:01မြောက်ကိုရီးယား အာဏာပိုင်တွေက
မိသားစုဆီ ပို့လိုက်တဲ့ -
7:01 - 7:03ငေွကို ကြားဖြတ် ဖမ်းမိသွားတယ်
-
7:03 - 7:08အပြစ်ပေးတဲ့ အနေနဲ့ ကျွန်မမိသားစုကို
နယ်နင်ဒါဏ်ပေးပြီး -
7:08 - 7:11ခေါင်တဲ့ နယ်ဆီကို အပို့ခံရတယ်။
-
7:12 - 7:13သူတို့ ချက်ချင်းကို ပြေ ာင်းရတာ
-
7:14 - 7:17ဒါနဲ့ သူတို့ကို ကယ်ထုတ်ဖို့ ကျွန်မ
အစီအစဉ် ဆွဲရတော့တယ် -
7:18 - 7:21မြောက်ကိုရီးယားကနေ လွတ်မြောက်ဖို့ သွားရတဲ့
-
7:21 - 7:23ခရီးက မယုံနိုင်စရာ ရှည်လျားတယ်
-
7:24 - 7:26တောင်ကိုရီးယားနဲ့ မြောက်ကိုရီးယားကြားက
-
7:26 - 7:29နယ်စပ်ကို ဖြတ်ဖို့ဆိုတာ မဖြစ်နိုင်သလောက်ပဲ
-
7:29 - 7:33ဖြစ်ချင်တာ ဖြစ်တော့ဆိုပြီး တရုတ်ပြည်ကို
လေယာဉ်နဲ့ သွားလိုက်တယ် -
7:33 - 7:36နောက်ပြီး မြောက်ကိုရီးယားနယ်စပ်ကို
ဖြတ်ဖို့ ကြိုးစားတယ် -
7:37 - 7:40ကျွန်မ မိသားစုက တရုတ်စကား မပြောတတ်တော့
-
7:40 - 7:44ကျွန်မ သူတို့ကို မိုင်ပေါင်း ၂၀၀၀ ကျော်
လမ်းပြလုပ်ခဲ့ရတယ် -
7:44 - 7:48တရုတ်ထဲမှာရော အဲဒီကနေ အရှေ့တောင်
အာရှထဲကို ဝင်တယ် -
7:49 - 7:51ဘက်စ်ကားနဲ့ သွားရတဲ့ ခရီးက တစ်ပတ်ကြာတယ်
-
7:51 - 7:54အဖမ်းခံရမလို ဖြစ်တာ အခါခါပဲ
-
7:54 - 8:00တစ်ခါမှာတော့ ကားကို တားပြီး
တရုတ်ရဲတွေက စစ်တယ် -
8:01 - 8:03လူတိုင်းရဲ့ မှတ်ပုံတင်တွေ တောင်းကြည့်တယ်
-
8:03 - 8:06သူတို့ကို မေးခွန်းတွေ မေးတယ်
-
8:06 - 8:11ကျွန်မ မိသားစုက တရုတ်လို နားမလည်ကြတော့
-
8:11 - 8:13သူတို့တော့ အဖမ်းခံရပြီပဲ ထင်ခဲ့တာ
-
8:14 - 8:17ကျွန်မ မိသားစုနားကို အဲဒီအရာရှိ
ကပ်လာချိန်မှာတော့ -
8:17 - 8:19ကျွန်မ ရုတ်တရပ်ထရပ်ပြီး
-
8:19 - 8:23သူတို့တွေဟာ ဆွံ့အ နားမကြားတွေပါ။ ကျွန်မ
စောင့်ရှောက်နေတာပါလို့ ပြေ ာလိုက်တယ် -
8:24 - 8:26ကျွန်မကို သူ သင်္ကာမကင်း ကြည့်တယ်
-
8:26 - 8:29နောက်ဆုံးတော့ ကျွန်မ ပြောတာ သူယုံသွားတယ်
-
8:30 - 8:33ကျွန်မတို့ လာအိုနယ်စပ်ကို
ဖြတ်လာနိုင်ခဲ့တယ် -
8:34 - 8:38လာအို နယ်စပ် အစောင့်ကို ကျွန်မမှာ
-
8:38 - 8:40ပါသမျှ ပိုက်ဆံ အကုန်နီးပါ
လာဘ်ထိုးလိုက်ရတယ် -
8:41 - 8:43ဒါတောင် ကျွန်မတို့ နယ်စပ်ကို ဖြတ်ပြီးတာနဲ့
-
8:43 - 8:48ကျွန်မ မိသားစု အဖမ်းခံရပြီး တရားမဝင်
နယ်စပ်ဖြတ်ကူးမှုနဲ့ ထောင်ချခံလိုက်ရတယ် -
8:49 - 8:51ဒါဏ်ငွေတွေဆောင်၊ လာဘ်တွေ ထိုးပြီးတော့
-
8:51 - 8:54တစ်လလောက်နေတော့ မိသားစုကို
ပြန်လွတ်ပေးတယ် -
8:55 - 8:59ဒါပေမယ့် သိပ်မကြာခင်မှာပဲ
လာအိုရဲ့ မြို့တော်မှာ -
8:59 - 9:00နောက်တစ်ခါ အဖမ်းခံရပြီး ထောင်ချခံရတယ်
-
9:02 - 9:05အဲဒါဟာ ကျွန်မဘဝရဲ့ အဆိုးဆုံး အချိန်ပဲ
-
9:06 - 9:11သူတို့ လွတ်အောင် ကျွန်မ လုပ်နိုင်သမျှ
အကုန်လုပ်ခဲ့တယ် -
9:11 - 9:13နောက်ပြီး ဖြစ်လာခာနီးမှ
-
9:13 - 9:15သူတို့ကို ထောင်ချခံလိုက်ရပြန်တယ်
-
9:15 - 9:18တောင်ကိုရီးယား သံရုံးနဲ့ နီးနီးလေးမှာပဲ
-
9:19 - 9:22လူဝင်မှုကြီးကြပ်ရေးရုံးနဲ့ ရဲစခန်းကြားမှာ
-
9:22 - 9:24ကျွန်မ ခေါက်တုံခေါက်ပြန် သွားနေရတယ်
-
9:24 - 9:27မိသားစုကို ဘယ်လိုများ ကယ်နိုင်မလဲ
ကြိုးစားရင်းပေါ့ -
9:27 - 9:31ဒါပေမဲ့ လာဘ်ထိုးဖို့
ပိုက်ဆံ ကျွန်မမှာ မရှိဘူး။ -
9:31 - 9:32မျှော်လင့်ချက် မရှိတော့ဘူးလေ
-
9:33 - 9:37အဲဒီအချိန်မှာ လူတယောက်ရဲ့ အသံကို
ကျွန်မကြားခဲ့တယ် -
9:37 - 9:38"ဘာဖြစ်နေတာလဲ"
-
9:38 - 9:43လုံးဝ သူစိမ်းတယောက်က ဒီလိုမေးလာတော့
ကျွန်မ အရမ်း အံ့သြသွားခဲ့တယ် -
9:44 - 9:46မီးကျိုးမောင်းပျက်
အင်္ဂလိပ်စကားနဲ့ အဘိဓါန်သုံးကာ -
9:46 - 9:50ဖြစ်နေတာတွေကို သူ့ကို ရှင်းပြလိုက်တယ်။
-
9:50 - 9:52အဲဒီလူက ATM စက်ဆီကို သွားလိုက်ပြီး
-
9:52 - 9:55ကျွန်မ မိသားစုကို ကယ်ဖို့ လိုအပ်တဲ့
ပိုက်ဆံကို ပေးခဲ့တယ် -
9:55 - 9:58အဲဒီနောက်တော့ မြောက်ကိုရီးယား နှစ်ယောက်
ထောင်က လွတ်လာတော့တယ် -
9:59 - 10:03ကျွန်မ နှလုံးသားထဲကနေ သူ့ကို
ကျေးဇူးတင်ပါတယ်။ -
10:03 - 10:04"ကျွန်မကို ဘာလို့ ကူညီတာလဲ"မေးတော့
-
10:05 - 10:07"ငါက မင်းကို ကူတာမဟုတ်ပါဘူး"တဲ့။
-
10:07 - 10:09"မြောက်ကိုရီးယားတွေကို ကူညီတာ"တဲ့
-
10:10 - 10:14အဲဒီအခိုက်အတံ့လေးဟာ ကျွန်မဘဝအတွက်
အမှတ်ရဖွယ် အချိန်လေးပါ -
10:15 - 10:20ဒီလူစိမ်းဟာ ကျွန်မနဲ့ မြောက်ကိုရီးယား
လူမျိုးတွေကို အရေးထားတယ် -
10:20 - 10:22သူ့လိုလူမျိုးကို အလိုအပ်ဆုံးပဲ
-
10:22 - 10:25သူက လူစိမ်းတွေရဲ့ ကြင်နာတရားနဲ့
-
10:25 - 10:28နိုင်ငံတကာ လူထုရဲ့ အကူအညီတွေကို
ကျွန်မကို ပြသွားခဲ့တယ် -
10:28 - 10:32မြောက်ကိုရီးယားက လူတွေအတွက်
မျှော်လင့်ချက် ရောင်ခြည်ပါပဲ -
10:33 - 10:35နောက်ဆုံး ကျွန်မတို့ရဲ့ ခရီးစဉ်အပြီးမှာ
-
10:35 - 10:38တောင်ကိုရီးယားမှာ မိသားစုနဲ့ ကျွန်မ
ပြန်ဆုံကြတယ် -
10:39 - 10:42လွတ်မြောက်လာတာက တိုက်ပွဲရဲ့
တစ်ဝက်ပဲ ရှိသေးတယ် -
10:43 - 10:46မြောက်ကိုရီးယားတွေ အများကြီး
မိသားစုနဲ့ ကွဲနေကြတယ် -
10:46 - 10:49နိုင်ငံအသစ်ကို ရောက်တဲ့အခါ သူတို့မှာ
-
10:49 - 10:51ပိုက်ဆံ နည်းနည်းပဲ ရှိတယ်
-
10:52 - 10:55ဒီတော့ နိုင်ငံတကာ လူ့အဖွဲအစည်းတွေက
အကူအညီတွေ ရနိုင်တယ် -
10:56 - 11:00ပညာရေးအတွက်၊ အင်္ဂလိပ်စာ သင်ဖို့အတွက်၊
အလုပ်သင်တန်းအတွက် စတာတွေပေါ့။ -
11:01 - 11:03မြောက်ကိုရီးယားက လူတွေနဲ့
-
11:03 - 11:07အပြင်ကမ္ဘာနဲ့ ကြားမှာတံတားတွေအဖြစ်
ကျွန်မတို့ နေကြတယ် -
11:07 - 11:13ဘာလို့ဆိုတော့ ကျွန်မတို့အတော်များများရဲ့
မိသားစုတွေဟာ အထဲမှာပဲ ရှိသေးပြီး သူတို့နဲ့ -
11:13 - 11:15ကျွန်မတို့ ဆက်သွယ်ကာ
သတင်းနဲ့ ငွေတွေပို့တာကိုး -
11:15 - 11:18ဒါတွေဟာ မြောက်ကိုရီးယားရဲ့
အတွင်းကို ပြောင်းလဲဖို့ ကူညီတာပဲ -
11:19 - 11:24ဒီလို အကူအညီတွေရပြီး ဘဝခွန်အားတွေ ရခဲ့တာ
ကျွန်မ သိပ်ကံကောင်းတာပဲ -
11:25 - 11:28ကျွန်မလည်း မြောက်ကိုရီးယားကို
ကူညီချင်တယ် -
11:28 - 11:32နိုင်ငံတကာ အထောက်အပံ့နဲ့ ပေါ့။
-
11:34 - 11:37ရှင်တို့တွေ ကမ္ဘာပေါ်မှာ
အောင်မြင်နေတဲ့ မြောက်ကိုရီယားတွေ -
11:37 - 11:39ပိုပိုပြီး တွေ့လာနေပြီလို့ ကျွန်မ ယုံပါတယ်
-
11:39 - 11:41ဒီ TED စင်မြင့်ပေါ်မှာရောပေါ့
-
11:41 - 11:42ကျေးဇူးတင်ပါတယ်
-
11:42 - 11:49(လက်ခုပ်သံများ)
- Title:
- မြောက်ကိုရီယားမှ လွတ်မြောက်ခြင်း
- Speaker:
- Hyeonseo Lee
- Description:
-
မြောက်ကိုရီယားမှာ မွေးဖွားကြီးပြင်းပြီး Hyeonseo Lee ဟာ သူ့နိုင်ငံကို "ကမ္ဘာပေါ်မှာ အကောင်းဆုံး နိုင်ငံ"အဖြစ် ထင်ခဲ့တယ်။ ၉၀ ခုနှစ်တွေမှာ အငတ်ဘေး မကြုံခင်အထိ ဒီလို ထင်နေဆဲပဲ။ အငတ်ဘေးတွေ့တော့မှ သူစပြီး ဟုတ်ရဲ့လားလို့ သံသယဝင်ခဲ့တယ်။ အသက် ၁၄နှစ်မှာ တိုင်းပြည်က ထွက်ပြေးခဲ့တယ်။ တရုတ်ပြည်မှာ ဒုက္ခသည်အဖြစ် ဘဝကို ဖုံးကွယ်ပြီး နေထိုင်ခဲ့တယ်။ သူ့ဘဝဟာ ကြမ်းတမ်းတယ်။ ဒါပေမယ့် အသက်ရှင်သန်ခြင်း၊ မျှော်လင့်ချက်တွေနဲ့ လူပဲ။ အန္တရာယ်ကြုံပေမယ့် ရင်းဆိုင်နိုင်တဲ့ ခွန်အားအပြည့်ရှိတယ်။ နယ်စပ်ဟာ အခုတော့ အဝေးကြီးမှာ ကျန်ခဲ့ပြီ။
- Video Language:
- English
- Team:
closed TED
- Project:
- TEDTalks
- Duration:
- 12:15
![]() |
sann tint edited Burmese subtitles for My escape from North Korea | |
![]() |
sann tint edited Burmese subtitles for My escape from North Korea | |
![]() |
sann tint approved Burmese subtitles for My escape from North Korea | |
![]() |
sann tint edited Burmese subtitles for My escape from North Korea | |
![]() |
sann tint accepted Burmese subtitles for My escape from North Korea | |
![]() |
sann tint edited Burmese subtitles for My escape from North Korea | |
![]() |
sann tint edited Burmese subtitles for My escape from North Korea | |
![]() |
sann tint edited Burmese subtitles for My escape from North Korea |