-
စက်ဝိုင်းဟာ စကြာဝဠာထဲမှာ အခြေခံအကျဆုံး ပုံစံတစ်ခု ဖြစ်ကြောင်းကို
-
ဂြိုလ်ပတ်လမ်းကြောင်းတွေ ဖြစ်ဖြစ်၊
-
ဘီးတွေရဲ့ ပုံစံဘဲဖြစ်ဖြစ်
-
မော်လီကျူး အဆင့် အရာဝတ္တုတွေ ကိုကြည့်ရင်ဘဲ ဖြစ်ဖြစ် သိနိုင်ပါတယ်။
-
စက်ဝိုင်း ပုံစံကို နေရာပေါင်းစုံမှာ
-
အမြဲတမ်းတွေ့ မြင်နေရပါတယ်။
-
ဒါမို့ စက်ဝိုင်းနဲ့ ပက်သက်တဲ့
-
ဂုဏ်သတ္တိတွေ နားလည်တာ ဟာ တို့တတွေ အတွက် အကျိုးရှိနိုင်ပါတယ်။
-
လူတွေ စက်ဝိုင်းတွေ အကြောင်း တွေ့ရှိကြတဲ့ အခါ ဦးဆုံး
-
ပြောမဲ့ အချက်ကတော့ စက်ဝိုင်းရဲ့ ဂုဏ်သတ္တိက ဘာတွေ ဖြစ်မလည်းဆိုတာပါဘဲ။
-
မင်း လည်း လ ကို တစ်ချက်
-
လောက်ကြည့်လိုက်ပါဦး။
-
ပထမအချက်အနေနဲ့ စက်ဝိုင်းတစ်ခုတွင်
-
အမှတ်များ အားလုံး
-
ဗဟိုမှနေ တူညီစွာ ကွာဝေးကြပါတယ်။
-
အစွန်းမှာ ရှိနေတဲ့ အမှတ်တွေ အားလုံး
-
ဗဟိုကနေ တူညီသော အကွာအဝေးမှာ ရှိကြပါတယ်။
-
ဦးဆုံး အချက်များ အနက် မေးလိုတာကတော့
-
ဗဟိုကနေ တူညီစွာ ရှိနေတဲ့ အဆိုပါ အကွာအဝေးဟာ
-
ဘာလည်း ဆိုတာ ပါဘဲ။
-
ဒီနေရာမှာ
-
အထက်ပါ အကွာအဝေးကို စက်ဝိုင်းရဲ့ အချင်းဝက် လို့ ခေါ်ပါတယ်။
-
ဌင်းဟာ ဗဟိုနဲ့ အစွန်းကြား အကွာအဝေး ဘဲ ဖြစ်ပါတယ်။
-
အကယ်၍ ထို အချင်းဝက်ဟာ ၃ စင်တီမီတာဆို
-
ဒီ အချင်းဝက်ဟာလည်း ၃ စင်တီမီတာဘဲ ဖြစ်နေပါမယ်။
-
ဒီအချင်းဝက် ၃ စင်တီမီတာ ဖြစ်မယ်ဆိုရင်
-
ဒါဟာ ဘယ်တော့မှ ပြောင်းသွားလိမ့်မှာ မဟုတ်ပါ။
-
အဓိပ္ပါယ်ဖွင့်ရမယ်ဆိုရင် စက်ဝိုင်းဆိုတာ အမှတ်အားလုံး
-
ဗဟိုမှနေ တူညီစွာ ကွာဝေးတဲ့ အရာတစ်ခုပါဘဲ။
-
အဆိုပါ တူညီတဲ့ အကွာအဝေးကို အချင်းဝက်လို့ ခေါ်ပါတယ်။
-
နောက်ထပ် စက်ဝိုင်းနဲ့ ပက်သက်ပြီး စိတ်ဝင်စားကောင်းတဲ့ အချက်တစ်ခု ကိုပြောကြမယ် ဆိုရင်
-
စက်ဝိုင်းတစ်ခု ဟာ ဘယ်လောက်ကြီး သလည်း ဆိုတာပါဘဲ။
-
စက်ဝိုင်းရဲ့ အကျယ်ဆုံး အမှတ်မှာ အကျယ်ဘယ်လောက်ရှိလိမ့်မလည်း?
-
တစ်နည်းအားဖြင့် ဌင်းရဲ့ အကျယ်ဆုံး အမှတ်ကြားကို ဖြတ်တိုင်းရင်
-
အကွာအဝေး ဘယ်လောက်ရနိုင်သလည်း?
-
ဒီနေရာမှာတင်မက
-
ဤနေရာမှာ ဖြတ်ရင်လည်း အလွယ်တကူဘဲ ရနိုင်ပါသေးတယ်။
-
အခု နေရာတွေကိုတော့ မဖြတ် ပြတောပါဘူး။
-
ဘာလို့လည်း ဆိုတော့ ဒါဟာ အကျယ်ဆုံး အမှတ်နေရာ မဟုတ်လို့ပါဘဲ။
-
အကျယ်ဆုံး အမှတ်နေရာ ကို ဖြတ်သွားတဲ့
-
နေရာ အများကြီး ရှိပါတယ်။
-
ကဲ အချင်းဝက်ကို ကြည့်ရအောင်။ နောက် အကျယ်ဆုံး အမှတ်ကိုကြည့်မယ်ဆိုရင်
-
ဗဟိုကို ဖြတ်ပြီး တောက်လျှောက် ဆက်သွားတာတွေ့ ရမယ်။
-
ဒါကြောင့် ဌင်းဟာ အချင်းဝက် ၂ ခုပါဘဲ။
-
ဒီမှာ အချင်းဝက်တစ်ခု၊ ဟိုမှာ လည်း နောက်ထပ်
-
အချင်းဝက်တစ်ခု ရပါမယ်။
-
စက်ဝိုင်းရဲ့ အကျယ်ဆုံး အမှတ်၊ ဒီအကွာအဝေးကို
-
အချင်း လို့ ခေါ်ပါတယ်။
-
ဒါဟာ စက်ဝိုင်းတစ်ခုရဲ့ အချင်း ဖြစ်ပါတယ်။
-
ဌင်းဟာ အချင်းဝက်နဲ့ အလွန်ရိုးရှင်းတဲ့ ဆက်နွယ်မှူ့ ရှိပါပြီ။
-
အချင်းဟာ အချင်းဝက်ရဲ့ နှစ်ဆ ရှိပါတယ်။
-
နောက်ထပ် စိတ်ဝင်စားစရာ အချက်တစ်ခုကတော့
-
စက်ဝိုင်းတစ်ခု ဟာ ပတ်ပတ်လည် ဘယ်လောက် ရှည်တယ်ဆိုတာပါဘဲ။
-
ပေကြိုးနဲ့ စက်ဝိုင်း ပတ်ပတ်လည် တိုင်းကြည့်မယ်ဆိုရင်
-
ရမဲ့ အကွာအဝေးဟာ ဘာဖြစ်ပါသလည်း။
-
ဒါကို စက်ဝိုင်းတစ်ခုရဲ့ အဝန်း လို့ ခေါ်ပါတယ်။
-
အခုဆို အချင်းနဲ့ အချင်းဝက် ဘယ်လို ဆက်နွယ်မှူ့ ရှိတယ်ဆိုတာ သိကြပြီ။
-
အဝန်း နဲ့ အချင်း ဟာ ဘယ်လို ဆက်စပ်နေတယ် ဆိုတာ ပြောနိုင်မလည်း။
-
အချင်းဟာ ဘာလည်း ဆိုတာ မသိခဲ့ ရင်တောင်
-
အချင်းဝက်နဲ့ ဆက်စပ်လိုက် ရင် ဒါဟာ အလွယ်လေး ဖြစ်သွားပါမယ်။
-
လွန်ခဲ့တဲ့ နှစ်ထောင်ပေါင်းများစွာက ပေကြိုး ကိုသုံးပြီး
-
အဝန်းနဲ့
-
အချင်းဝက် တို့ကို တိုင်းတာခဲ့ကြတယ်။
-
ပေကြိုးသုံပြီး တိုင်းတာ သိပ်မကောင်းဘူး ဆိုပါစို့။
-
အဝန်းကို တိုင်းကြည်တဲ့ အခါ
-
၃ လောက်ရနေတယ်။
-
ဆက်ပြီး အချင်းဝက် (သို့) အချင်းကို တိုင်းတဲ့ အခါ
-
ကဲ အချင်း လို့ ဘဲပြောရအောင်။
-
အဲ့ အချင်းဟာ ၁ လောက်ဖြစ်နေတယ်။
-
အဲ့အခါ သူတို့ ပြောမှာက
-
ကဲကဲ အချိုး အကြောင်း ထားလိုက်ဦး။
-
ဒီလို မျိုး အဝန်းနဲ့ အချင်း တို့ရဲ့အချိုး ကို ရေးချလိုက်မယ်။
-
အဝန်း နဲ့ အချင်းတို့ ရဲ့ အချိုးဘဲ ဖြစ်ပါတယ်။
-
တစ်ယောက်ယောက် ဆွဲထားတဲ့ စက်ဝိုင်းလေးရှိမယ် ဆိုပါစို့
-
ပထမဆုံး အကြိမ် တိုင်းတဲ့ အခါ သိပ်မကောင်းဘူး
-
သူတို့ အဝန်းတစ်လျှောက် တိုင်းကြည့်တဲ့အခါ
-
အကြမ်းဖျင်း ပတ်ပတ်လည် ၃ မီတာ လောက်ရတယ်လို့ ပြောတယ်။
-
ပြီးတော့ စက်ဝိုင်းရဲ့ အချင်းကို တိုင်းကြည့်တဲ့ အခါ
-
၁ မီတာလောက် ရနေတယ်။
-
ဟုတ်ပြီ။ စိတ်ဝင်စားစရာ ကောင်းလာပြီ။
-
အဝန်း နဲ့ အချင်း တို့ရဲ့ အချိုးဟာ
-
၃ ဖြစ်ကောင်း ဖြစ်နိုင်တယ်။
-
ဒါဆို အဝန်းဟာ အမြဲတမ်း
-
အချင်းရဲ့ ၃ ဆ ဖြစ်ကောင်းဖြစ်လိမ့်မယ်။
-
ဒါဟာ အဲ့ စက်ဝိုင်းအတွက်ဘဲ ဖြစ်မယ်။ ဒါပေမဲ့
-
ဒီမှာရှိတဲ့ အခြားစက်ဝိုင်းတွေကို တိုင်းကြည့်တဲ့ခါ
-
ဒီလို ဖြစ်မယ်။ ကဲ ပိုပြီး သေးအောင် ဆွဲလိုက်ပြီ။
-
ဒီစက်ဝိုင်းမှာတော့ တိုင်းကြည့်လိုက်တဲ့ အခါ
-
အဝန်း က ၆ စင်တီမီတာလောက် ဖြစ်တာတွေ့ ရတယ်။
-
တိုင်းတာ တာ သိပ်တိတိကျကျ မဟုတ်တောင်
-
အချင်း က
-
အကြမ်းဖျင်း ၂ စင်တီမီတာ လောက်ရ နေတယ်။
-
အခု တစ်ကြိမ်လည်း အဝန်းနဲ့ အချင်း တို့ အချိုး ဟာ
-
အကြမ်းဖျင်း ၃ ဖြစ်နေပြန်ပြီ။
-
ဟုတ်ပြီ။ ဒါဟာ စက်ဝိုင်းတွေရဲ့ လှပတဲ့ ဂုဏ်သတ္တိ တစ်ခုပါဘဲ။
-
ဘယ် စက်ဝိုင်းမှာ မဆို အဝန်းနဲ့ အချင်းတို့ အချိုးဟာ
-
တသတ်မတ်တည်း ဖြစ်ကောင်း ဖြစ်နိုင်ပါတယ်။
-
ဒါဆို ဆက်လက်ပြီး လေ့လာကြည့်ရအောင်။
-
ပိုပြီး တိတိကျကျ တိုင်းထားတာတွေ ရလာပါတယ်။
-
ပိုပြီး တိကျတဲ့ တိုင်းတာမှူ့တွေ ရလာတဲ့ အခါ
-
အချင်းက ၁ တိတိကျကျ ရတယ်ပေါ့။
-
အချင်း က အတိအကျ ၁ ရ နေတယ်။
-
ဒါပေမဲ့ အဝန်းကို တိုင်းတဲ့ အခါ
-
၃.၁ လောက် ဖြစ်နေတယ်။
-
ဒီမှာ လည်း တူတူဘဲ ဖြစ်နေတယ်။
-
အချိုးဟာ ၃.၁ နဲ့ နီးစပ်တယ်လို့ သတိထားမိကြတယ်။
-
ပိုပြီး ကောင်းသထက်ကောင်းအောင် တိုင်းကြည့်ကြတဲ့ အခါ
-
ဒီ အချိုးကို ဘဲ ရနေတယ် ဆိုတာ နားလည် လာကြတယ်။
-
ဆက်လက်ပြီး ပိုမိုတိကျအောင် တိုင်းတာကြတဲ့ အခါ
-
အချိုးဟာ ၃.၁၄၁၅၉ ဆိုတာ ရလာကြတယ်။
-
ဒဿမကိန်းတွေ ဆက်ဆက်ထည့်ကြည့်တဲ့ အခါ
-
ဒီ အချိုးထဲမှာ ဂဏန်းတွေ မထပ်တာ တွေ့ ရတယ်။
-
ဒါဟာ ထူးဆန်းပြီး စိတ်ဝင်စားဖွယ် ကောင်းတဲ့ အဆုံးမရှိတဲ့
-
ကိန်း တစ်ခု ဖြစ်လာခဲ့တယ်။
-
ဒီ ကိန်း စကြာဝဠာကြီး အတွက် အလွန် အခြေခံ ကျပါတယ်။
-
ဘာလိုလည်း ဆိုတော့ စက်ဝိုင်းဟာ စကြာဝဠာရဲ့ ပင်မ အရင်းအမြစ် ဖြစ်လို့ ပါဘဲ။
-
ပြီးတော့ ဘယ် စက်ဝိုင်း တိုင်းမှာ မဆို ဒီကိန်း ကို တွေ့ကြရမှာပါ။
-
အဝန်း နဲ့ အချင်းတို့ရဲ့ အချိုး ဖြစ်တဲ့
-
ဒီ မှော်ဆန်တဲ့ ကိန်း လေးကို နာမည်ပေးခဲ့ ပါတယ်။
-
ဒီကိန်းလေးကို Pi လို့ ခေါ်ပြီး လက်တင် (သို့)
-
ဂရိ အက္ခရာ Pi နဲ့ ကိုယ်စားပြုလိုက်ပါတယ်။
-
ဒီ အမှတ်အသားလေးဟာ စကြာဝဠာထဲမှာ အံသြဖွယ်
-
အကောင်းဆုံး ဖြစ်တဲ့ Pi ကို ကိုယ်စားပြူလိုက်ပါတယ်။
-
ဦးစွာ ဒီ ကိန်းကို အဝန်း နဲ့ အချင်း တို့ရဲ့ အချိုး အဖြစ်တွေ့ ရတယ်။
-
နောက်ပိုင်း မှာ သချာၤ ကို ပိုပြီး လေ့လာ သွားတာနဲ့အမျှ
-
ဒီ ကိန်း လေးကို နေရာ တိုင်း မှာ မင်း တွေ့ ရ လိမ့်မယ်။
-
Pi ဟာ စကြာဝဠာရဲ့ မူလကျတဲ့ အရာများစွာ အနက်က တစ်ခု ဖြစ်တဲ့ အတွက်
-
ဒါဟာ သေသေချာချာ စီစဉ်ထားတာလားလို့တောင် မင်း တွေးမိလိမ့်မယ်။
-
ကဲ ဘာဖြစ်ဖြစ်လေ ဒီ ကိန်းကို
-
တို့တတွေရဲ့ အခြေခံ သချာၤမှာ ဘယ်လို အသုံးချကြမလည်း?
-
အဝန်းနဲ့ အချင်းရဲ့ အချိုး လို့
-
ပြောလိုက်တဲ့ အခါ
-
ဒါဟာ အဝန်းကို အချင်းနဲ့ စားပါလို့ ဆို သွယ်ဝိုက် ဆိုလိုတာ ဖြစ်ပြီး
-
မင်းဟာ Pi ကို ရပါလိမ့်မယ်။
-
Pi ဟာ ဒီ ကိန်းလေးပါဘဲ။
-
၃.၁၄၁၅၉ လို့ရေးနိုင်တယ်။ ဆက်ပြီး ကိန်းတွေ ထပ်ထည့်သွားလည်းရတယ်။
-
ဒါပေမဲ့ နေရာတွေ ပုပ်ပြီး အသုံးပြုရတာ
-
ခက်သွားမယ်။ ဒါမို့ လူတွေက ဒီ ဂရိ အက္ခရာ
-
Pi ကိုဘဲ ရေးလိုက်ကြတယ်။
-
ဒါကို ဘယ်လိုမျိုး ဆက်နွယ်လို့ ရမလည်း?
-
နှစ်ဖက်လုံးကို အချင်းနဲ့ မြှေက်လိုက်မယ်ဆိုရင်
-
အဝန်း ဟာ အချင်းရဲ့
-
Pi အဆ ရှိမယ်လို့ ပြောနိုင်ပါတယ်။
-
အချင်းဟာ အချင်းဝက်ရဲ့ ၂ ဆ ဖြစ်တဲ့ အတွက်
-
အဝန်းဟာ အချင်းဝက်ရဲ့ Pi နှစ်ခုစာ ရှိမယ်လို့
-
ပြောနိုင်ပါတယ်။
-
မင်း များသော အားဖြင့် တွေ့ရမဲ့ ပုံစံကတော့
-
2 Pi r ဘဲ ဖြစ်ပါတယ်။
-
ကဲ ဒါကို ပုစ္ဆာ အချို့မှာ ဘယ်လို အသုံးချနိုင်မလည်း ဆိုတာ ကြည့်ရအောင်။
-
စက်ဝိုင်းတစ်ခုရှိတယ် ဆိုပါစို့။
-
အဲ့ စက်ဝိုင်းရဲ့ အချင်းဝက် က ၃ ရှိတယ်ဆိုပါစို့။
-
အချင်းဝက်က ၃ လို့ ချရေးလိုက်ပြီ။
-
ဒါက ၃ မီတာ လည်း ဖြစ်နိုင်တယ်။ ယူနစ်ကို ထည့်လိုက်မယ်။
-
အဲ့ စက်ဝိုင်းရဲ့ အဝန်းက ဘယ်လောက်ဖြစ်မလည်း?
-
အဝန်း က ၂ x Pi နဲ့ ဖြစ်တယ်။
-
ဒါဟာ ၂ x Pi x အချင်းဝက် နဲ့ တူတူဘဲ ဖြစ်မယ်။
-
ဒါဟာ ၆ မီတာ အမြှောက် Pi
-
သို့မဟုတ် ၆ Pi မီတာ ဖြစ်မယ်။
-
၆ Pi မီတာ။
-
ဒါကို ထည့်ရှင်းလိုက်လို့ ရပြီ။
-
Pi ဟာ ကိန်းတစ်ခုဘဲဆိုတာ သတိပြုပါ။
-
Pi ဟာ ၃.၁၄၁၅၉ ဖြစ်ပြီး အဆုံးမရှိ ကိန်းတစ်ခု ဖြစ်တယ်။
-
ဒါကို ၆ နဲ့ မြှောက်ရင် ၁၈ ကျော်ကျော်
-
ဒဿမ တစ်ခုခု ရလိမ့်မယ်။
-
ဂဏန်းပေါင်းစက် သုံးပြီး ရှင်းချင်ရင် လည်း ရပါတယ်။
-
ဒါပေမဲ့ ကိန်းတွေကို
-
Pi နဲ့ အတူ ဒီအတိုင်းဘဲထားလိုကြပါတယ်။
-
အခု တော့ ၆ နဲ့ ၃.၁၄၁၅၉ မြှောက်ရင် ဘယ်လောက်ရမယ်ဆိုတာ ငါတော့ သေချာ မပြောနိုင်ဘူး။
-
၁၉ ဒါမှမဟုတ် ၁၈ လောက်ရမယ်။
-
၁၈ နောက် ဒဿမကိန်း တစ်ခုခု လည်း ရနိုင်တယ်။
-
ဒဿမ ကိန်း တစ်ခုခုပေါ့။
-
ဂဏန်းပေါင်းစက်တော့ မရှိပါဘူး။
-
ရမဲ့ ဒဿမကိန်း ရေးမဲ့ အစား
-
၆ Pi လို့ ရေးလိုက်ပြီ။
-
တကယ်တော့ အဖြေက
-
၁၉ ပြည့်မယ် မထင်ဘူး။
-
နောက်ထပ် မေးခွန်း တစ်ခု ထပ်မေးပါရစေဦး။
-
စက်ဝိုင်း ရဲ့ အချင်းက ဘယ်လောက်ဖြစ်သလည်း။
-
အချင်းဝက် ၃ ဆိုပါစို့။ အချင်းက ၂ ဆဖြစ်မယ်။
-
ဒါဆို ၃ x ၂ သို့မဟုတ် ၃+၃ ဆိုတော့
-
၆ မီတာ ရပါမယ်။
-
ဒါဆို အဝန်းက ၆ Pi မီတာ၊ အချင်းက ၆ မီတာ နဲ့
-
အချင်းဝက် က ၃ မီတာ ဖြစ်ပါမယ်။
-
အခြားနည်းလမ်း တွေကို သွားကြည့်ရအောင်။
-
အခြား စက်ဝိုင်းတစ်ခု ရှိမယ်ဆိုပါစို့။
-
အခြား စက်ဝိုင်းတစ်ခု ဒီနေရမှာ ရှိတယ်ပေါ့။
-
ငါ က မင်းကို အဝန်းက
-
၁၀ မီတာရှိတယ်လို့ပြောမယ်။ ဒါဟာ အဝန်းနော်။
-
မင်း က ပေကြိုးနဲ့ ပတ်ပတ်လည် တိုင်းကြည့်လိုက်တယ်။
-
တစ်ယောက်ယောက်က မင်းကို ဒီစက်ဝိုင်းရဲ့ အချင်းဟာ ဘယ်လောက်လည်းလို့ မေးလာမယ်ဆိုပါစို့။
-
ကောင်းပြီ တို့ တတွေ သိကြတာ
-
အဝန်းက အချင်းရဲ့ Pi ဆနဲ့ ညီတယ်။
-
အဝန်းက ၁၀ မီတာ ရှိတယ်ပေါ့။
-
ဒါကို ရှင်းဖို့ ညီမျှချင်း နှစ်ဖက်စလုံးကို
-
Pi နဲ့ စားလိုက်မယ်။
-
အချင်းက ၁၀ မီတာ/Pi
-
သို့မဟုတ် ၁၀/Pi မီတာ ရမယ်။
-
ဒါဟာ တကယ်တော့ ကိန်းတစ်ခုဘဲ ဖြစ်တယ်။
-
မင်းမှာ ဂဏန်းပေါင်းစက်သာ ရှိရင်
-
၁၀ ကို ၃.၁၄၁၅၉ နဲ့ စားရင်
-
၃ ဒဿမ ကျော်ကျော် ရမယ်။
-
ဒါကိုတော့ ငါစိတ်တွက်နဲ့ တွက်လို့ မရဘူး။
-
ဒါပေမဲ့ Pi ဟာ ကိန်းတစ်ခုဘဲနော်။
-
ရှူပ်ထွေးမသွားဖို့ အတွက် ဒီအတိုင်းဘဲ ထားလေ့ရှိကြတယ်။
-
ဒါဆို အချင်းဝက်ကရော?
-
ကဲ အချင်းဝက်ကတော့ အချင်းရဲ့ တစ်ဝက် ဖြစ်တယ်။
-
ဒီ အကွာအဝေးတစ်ခုလုံးဟာ ၁၀/Pi မီတာ ဖြစ်တယ်။
-
အချင်းဝက်ကို လိုချင်ရင် ဒါကို တစ်ဝက် ဝက်လိုက်မှာပေါ့။
-
ဒါကို ၁/၂ နဲ့ မြှောက်လိုက်ရင် အချင်းဝက်ကို ရမှာပါ။
-
ဒါဆို ၁/၂ အမြှောက် ၁၀/Pi ဒါမှမဟုတ်
-
၁/၂ x ၁၀ ဒါမှမဟုတ်
-
ပိုင်းဝေနဲ့ ပိုင်းခြေကို ၂ နဲ့စားလိုက်တယ်လို့ ပြောလို့ရတယ်။
-
ဒီဘက်မှာ ၅ ရတဲ့ အတွက် နောက်ဆုံး ၅/Pi ရမယ်။
-
ဒီဘက်က အချင်းဝက်က ၅/Pi ရမယ်။
-
ဘာမှ ခက်ခက်ခဲခဲ မဟုတ်ပါဘူး။
-
ရှူပ်ထွေးသွားနိုင်တာက လူအများစုက Pi ကို ကိန်းတစ်ခုအဖြစ်
-
သဘောမပေါက်ကြတာပါ။
-
Pi ဟာ ၃.၁၄၁၅၉ ဖြစ်ပြီး အဆုံးမရှိတဲ့ ကိန်းတစ်ခုပါဘဲ။
-
အပြင်မှာ Pi နဲ့ ပက်သက်ပြီး စာအုပ်တွေ ထောင်ချီ ရေးသားခဲ့ပြီးပါပြီ။
-
ငါလည်း စာအုပ်ထောင်ချီ ရှိမယ်ဆိုတာ အတိအကျတော့ မသိပါဘူး။
-
ငါ ချဲ့ကားပြောလွန်းတာလည်း ဖြစ်မယ်။ ဒါပေမဲ့ ဒီကိန်းနဲ့ ပက်သက်ပြီး စာအုပ်ပေါင်းများစွာ ရေးလို့ ရပါတယ်။
-
ဒါပေမဲ့ Pi ဟာ ဂဏန်း တစ်လုံး ပါဘဲ။
-
ဒါဟာ အလွန် အရေးပါတဲ့ ကိန်းတစ်ခု ဖြစ်ပါတယ်။ မင်းက ဒီကိန်းကို ဖော်ပြချင်တယ်ဆို
-
ပုံမှန် ကိန်းဂဏန်းတွေကို ရေးတဲ့ အတိုင်း ထည့်ရေးနိုင်ပြီး
-
ကျန်ကိန်းတွေနဲ့ မြှောက်ပေးလိုက်ရုံ ပါဘဲ။
-
များသောအားဖြင့် လူအများစုက
-
Pi ကိန်း အစားမထိုးဘဲ ဒီအတိုင်းဘဲ ထားချင်ကြပါတယ်။
-
ကောင်းပြီ ဒီမှာဘဲ ရပ်ကြရအောင်။
-
နောက် ဗီဒီယိုမှာတော့ စက်ဝိုင်း ဧရိယာနဲ့ ပက်သက်ပြီး စဉ်းစားကြရအောင်။