အောင်မြင်အောင်လုပ်တဲ့နည်းလမ်းလား၊ အိပ်ရေးဝအောင် အိပ်လိုက်ပါ။
-
0:00 - 0:02ကျွန်မရဲ့ ကြီးမားတဲ့ စိတ်ကူးဆိုတာကတော့
-
0:02 - 0:04အရမ်း၊ အရမ်းကို သေးငယ်တဲ့ စိတ်ကူးလေးတစ်ခုဟာ
-
0:04 - 0:06လက်ရှိလောလောဆယ်မှာ ကျွန်မတို့ရဲ့ ကိုယ်တွင်းမှာ
-
0:06 - 0:09ပုန်းအိပ်နေတဲ့ သန်းထောင်နဲ့ချီပြီးရှိနေတဲ့
-
0:09 - 0:12ကြီးကျယ်တဲ့ စိတ်ကူးတွေကို ဖော်ထုတ်ပေးနိူင်ဖို့ပါ။
-
0:12 - 0:14ဒါကိုပြုလုပ်ပေးမယ့် ကျွန်မရဲ့ စိတ်ကူးလေးဆိုတာကတော့
-
0:14 - 0:16အိပ်စက်ခြင်းပါပဲ။
-
0:16 - 0:18(ရယ်သံများ)
-
0:18 - 0:22(လက်ခုပ်တီးသံများ)
-
0:22 - 0:25ဒါဟာဆိုရင် ပြိုင်ဆိုင်မှုအားပြင်းထန်တဲ့ အမျိုးသမီးတွေရဲ့ အခန်းတစ်ခုပေါ့။
-
0:26 - 0:28ဒါကတော့ အိပ်ရေးမဝတဲ့
-
0:28 - 0:31အမျိုးသမီးတွေရဲ့ အခန်းပါ။
-
0:31 - 0:33ပြီးတော့ ကျွန်မဟာ အိပ်စက်ခြင်းရဲ့တန်ဖိုးကို
-
0:33 - 0:35ခက်ခက်ခဲခဲနဲ့ လေ့လာသင်ယူခဲ့ရတာပါ။
-
0:35 - 0:37လွန်ခဲ့တဲ့ (၂)နှစ်ခွဲလောက်ကပါ၊
-
0:37 - 0:39ကျွန်မဟာ ခြေကုန်လက်ပန်းကျပြီး မေ့လဲကျသွားခဲ့လို့
-
0:39 - 0:42ကျွန်မရဲ့ ခေါင်းဟာ စာရေးစားပွဲနဲ့ ဆောင့်မိသွားခဲ့တယ်။ ကျွန်မ မေးရိုးကျိုးသွားခဲ့တယ်လေ။
-
0:42 - 0:45ညာဖက်မျက်လုံးမှာ (၅)ချက်ချုပ်လိုက်ရတာပေါ့။
-
0:45 - 0:47နောက်တော့ အိပ်စက်ခြင်းရဲ့တန်ဖိုးကို
-
0:47 - 0:50ပြန်လည်ဖွေရှာဖို့ ခရီးစတင်ခဲ့ပါတယ်။
-
0:50 - 0:52အဲဒီဖြစ်စဉ်မှာ
-
0:52 - 0:54ကျွန်မ လေ့လာခဲ့တယ်၊
-
0:54 - 0:56ဆေးဖက်ဆိုင်ရာ ဆရာဝန်တွေ၊ သိပ္ပံပညာရှင်တွေနဲ့ တွေ့ဆုံခဲ့ပါတယ်။
-
0:56 - 0:58ပြီးတော့ ကျွန်မဒီမှာ ရှင်တို့အားလုံးကို
-
0:58 - 1:01ပြောပြမှာကတော့ ပိုပြီး အကျိုးဖြစ်ထွန်းတဲ့၊ ပိုပြီး စိတ်ကူးစိတ်သန်းထက်မြက်တဲ့
-
1:01 - 1:03ပိုပြီး စိတ်ချမ်းသာရတဲ့ ဘဝတစ်ခုကို ရှာကြံဖို့နည်းလမ်းကတော့
-
1:03 - 1:06အိပ်ရေးဝဝ အိပ်ခြင်းပဲ ဖြစ်တယ်ဆိုတာပါ။
-
1:06 - 1:11(လက်ခုပ်သံများ)
-
1:11 - 1:14ဒီတော့ ဒီတော်လှန်ရေး အသစ်မှာ နည်းလမ်းကို ဦးဆောင်သွားရမှာကတော့
-
1:14 - 1:17ကျွန်မတို့ အမျိုးသမီးတွေပဲ၊ အမျိုးအရေး လှုပ်ရှားမှု အသစ်ပေါ့ရှင်။
-
1:18 - 1:21ကျွန်မတို့တွေဟာ တကယ်ကို အမြင့်ဆုံးထိကို အိပ်စက်ကြတော့မှာနော်၊ တကယ်နော်။
-
1:21 - 1:23(ရယ်သံများ)
-
1:23 - 1:28(လက်ခုပ်သံများ)
-
1:28 - 1:30အကြောင်းကတော့ အမျိုးသားတွေအတွက်တော့
-
1:30 - 1:32စိတ်မကောင်းစရာပဲပေါ့ရှင်၊
-
1:32 - 1:35အိပ်ရေးပျက်ခြင်းဆိုတာက ယောက်ျားပီသတဲ့ အမှတ်သညာ တစ်ခုဖြစ်နေပြီကိုး။
-
1:36 - 1:38မကြာသေးခင်က သူဟာ မနေ့ညတုန်းက
-
1:38 - 1:40အိပ်ချိန် (၄)နာရီပဲ ရခဲ့ပါတယ်လို့ ကြွားလုံးလာထုတ်တဲ့
-
1:40 - 1:42ငနဲတစ်ကောင်နဲ့ ညစာစားနေခဲ့တုန်းကပေါ့။
-
1:42 - 1:45ကျွန်မဖြင့် သူ့ကို ပြောချင်လိုက်တာ ....ဒါပေမဲ့ ကျွန်မ မပြောခဲ့ပါဘူး။
-
1:45 - 1:47ကျွန်မပြောချင်လိုက်တာက "နင်သိလား၊
-
1:47 - 1:49နင့်မှာ အိပ်ချိန် (၅)နာရီများရှိခဲ့ရင်
-
1:49 - 1:52ဒီညစာစားပွဲက ဒိထက် အရမ်းကိုကိုပြီး စိတ်ဝင်စားဖို့ကောင်းမယ်ဆိုတာလေ"
-
1:52 - 1:55(ရယ်သံများ)
-
1:55 - 1:57အခုအခါမှာ အိက်ရေးပျက်တာကိုပဲ ဂုဏ်တုဂုဏ်ပြိုင်
-
1:57 - 1:59လုပ်နေကြတာမျိုးက ရှိသေးတယ်။
-
1:59 - 2:02အထူးသဖြင့် ဟောဒီ ဝါရှင်တန်မှာပေါ့။ တကယ်လို့ ရှင်က မနက်စာစားဖို့ ချိန်းဖို့ ကြိုးစာတယ်ဆိရင်၊
-
2:02 - 2:04ရှင်ပြောမှာက "(၈)နာရီဆိုရင် ဘယ်လိုသဘောရလဲဟေ့"ပေါ့။
-
2:04 - 2:06သူတို့ပြောနိူင်ခြေရှိတာက "ငါ့အတွက်တော့ (၈)နာရီဆိုရင် အတော်နောက်ကျသွားပြီကွ၊
-
2:06 - 2:08ဒါပေမဲ့ ရပါတယ်ကွာ၊ ငါ တင်းနစ်တစ်ပွဲလောက်ဝင်ရိုက်ပြီး
-
2:08 - 2:11တယ်လီဖုန်း အစည်းအဝေးလေး အနည်းအကျဉ်း လုပ်လို့ရတာပေါ့၊ ပြီးတော့ မင်းနဲ့ (၈)နာရီမှာတွေ့တာပေါ့ကွာ"လို့လေ။
-
2:11 - 2:13အင်း သူတို့ထင်တာက သူတို့တွေဟာ အင်မတန်ကိုမှ အလုပ်တွေရှုပ်နေပြီး၊
-
2:13 - 2:16အရာရောက်နေတယ်ဆိုတဲ့ သဘောသက်ရောက်နေတယ်ပေါ့လေ။
-
2:16 - 2:19ဒါပေမဲ့ တကယ်က သူတို့အလုပ်ရှုပ်နေတာ မဟုတ်ပါဘူး။
-
2:19 - 2:21ဘာဖြစ်လို့လဲဆိုတော့ လောလောဆယ်အနေနဲ့
-
2:21 - 2:23ကျွန်မတို့မှာရှိတဲ့ အရမ်းကိုတော်တဲ့ ခေါင်းဆောင်တွေ
-
2:23 - 2:26စီးပွားရေးမှာ၊ ဘဏ္ဍာရေးမှာ၊ နိူင်ငံရေးတွေမှာ
-
2:26 - 2:29ဆိုးဝါးတဲ့ ဆုံးဖြတ်ချက်တွေချနေလိုက်ကြတာများ။
-
2:29 - 2:31ဒီတော့ အိုင်ကျူ အမှတ်မြင့်တယ်ဆိုတာနဲ့
-
2:31 - 2:34လူတစ်ယောက်ဟာ ခေါင်းဆောင်ကောင်းတစ်ယောက်လို့ ပြောလို့မရဘူး။
-
2:34 - 2:36ဘာဖြစ်လို့လဲဆိုတော့ ခေါင်းဆောင်မှုဆိုတာရဲ့ အနှစ်သာရဟာ
-
2:36 - 2:38Titanics သင်္ဘောကို မတိုက်မိခင်က
-
2:38 - 2:41ရေခဲစိုင်ကြီးကို မြင်နိူင်တဲ့ အစွမ်းရှိခြင်းပါ။
-
2:41 - 2:44နောက်ပြီး ကျွန်မတို့ရဲ့ Titanics ကို တိုက်တိုက်နေကြတဲ့ ရေခဲစိုင်တွေက
-
2:44 - 2:46ကျွှန်မတို့ဆီမှာ အနမတဂ္ဂ ရှိနေတယ်လေ။
-
2:46 - 2:48တကယ်တော့ ကျွန်မခံစားမိတာက
-
2:48 - 2:50Lehman Brothers ဟာ
-
2:50 - 2:52Lehman Brothers and Sisters ဖြစ်ခဲ့ကြမယ်ဆိုရင်
-
2:52 - 2:54သူတို့တွေ ဒီအနီးတစ်ဝိုက်မှာ ရှိနေဦးမှာပါ။
-
2:54 - 2:57(လက်ခုပ်သံများ)
-
2:57 - 2:59ညီအစ်ကိုတွေက (၂၄)နာရီ (၇)ရက်ပတ်လုံး
-
2:59 - 3:02အလွန်အမင်း ချိတ်ဆက်ပြီး အလုပ်ရှုပ်နေခဲ့တုန်းမှာ
-
3:02 - 3:05ညီအစ်မတစ်တွေကတော့ ရေခဲစိုင်တွေကို သတိပြုမိကောင်းပြုမိခဲ့ပါလိမ့်မယ်၊
-
3:05 - 3:09ဘာဖြစ်လို့လဲဆိုတော့ သူမဟာ အိပ်ချိန် (၇)နာရီခွဲ၊ (၈)နာရီကနေ နိူးထခဲ့မိမှာဖြစ်ပြီး
-
3:09 - 3:11ရုပ်ပုံလွှာကြီးကြီးကို
-
3:11 - 3:13မြင်နိူင်စွမ်း ရှိခဲ့လိမ့်မှာပေါ့လေ။
-
3:13 - 3:15ဒီတော့ အခုအချိန်မှာ ကျွန်မတို့တွေဟာ
-
3:15 - 3:17ကမ္ဘာကြီးထဲမှာရှိတဲ့ အလုံးစုံသော ဘေးကျပ်နံကျပ် တစ်သီတစ်တန်းနဲ့
-
3:17 - 3:20ရင်ဆိုင်ကြုံတွေ့ နေရစဉ်မှာ တစ်ဦးချင်းအဆင့်မှာ
-
3:20 - 3:23ဘာကများ ကျွန်မတို့အတွက် ကောင်းတာလဲ၊
-
3:23 - 3:26ဘာကများ ကျွန်မတို့ရဲ့ဘဝထဲကို ပျော်ရွင်မှု၊ ကျေးဇူးတရား၊
-
3:26 - 3:28ထိရောက်ထက်မြက်မှုတွေကို ဆောင်ကြဉ်းပေးလာလိမ့်မလဲ၊
-
3:28 - 3:31ကမ္ဘာကြီအတွက်လည်း အကောင်းဆုံးဖြစ်တဲ့ ကျွန်မတို့ရဲ့ ကိုယ်ပိုင်
-
3:31 - 3:34သက်မွေးမှုလုပ်ငန်းအတွက် အကောင်းဆုံးဖြစ်တာက ဘာလဲဆိုတာပေါ့လေ။
-
3:34 - 3:37ဒီတော့ အားလုံးကို ကျွန်မ တိုက်တွန်းချင်တာက
-
3:37 - 3:39ရှင်တို့ရဲ့မျက်စိတွေကို ပိတ်လိုက်ပြီး၊
-
3:39 - 3:41ကျွန်မတို့ရဲ့ ကိုယ်တွင်းမှာ ခိုအောင်းနေတဲ့ ကြီးကျယ်တဲ့
-
3:41 - 3:43စိတ်ကူးတွေကို ရှာဖွေကြဖို့ပါ။
-
3:43 - 3:46ရှင်တို့ရဲ့ အင်ဂျင်တွေကို ပိတ်ပြီး၊ အိပ်စက်ခြင်းရဲ့ အစွမ်းကို ရှာဖွေကြဖို့ပါ။
-
3:46 - 3:48ကျေးဇူးတင်ပါတယ်ရှင်။
-
3:48 - 3:50(လက်ခုပ်သံများ)
- Title:
- အောင်မြင်အောင်လုပ်တဲ့နည်းလမ်းလား၊ အိပ်ရေးဝအောင် အိပ်လိုက်ပါ။
- Speaker:
- အာရီယာနာ ဟပ်ဖင်တန် (Arianna Huffington )
- Description:
-
ဤတိုတောင်းတဲ့ ပြောဆိုဆွေးနွေးမှုထဲမှာ အာရီယာနာ ဟပ်ဖင်တန်ကနေပြီး သေးငယ်တဲ့ စိတ်ကူးလေးတစ်ခုဟာ သူ့ထက်ပိုပြီးကြီးမားတဲ့ စိတ်ကူးတွေကို နှိုးဆွပေးနိူင်တယ်ဆိုတာကို မျှဝေထားပါတယ်။ တစ်ညတာ တဝကြီး အိပ်စက်လိုက်ခြင်းရဲ့ စွမ်းပကားလေ၊ ကျွန်တော်တို့ရဲ့ အိပ်ရေးမဝတာတွေကို လေလုံးထုတ်နေမယ့်အစားပေါ့လေ။ သူမက ကျွန်တော်တို့ရဲ့ မျက်လုံးတွေကို မှိတ်လိုက်ပြီး၊ ကြီးမားတဲ့ ရုပ်ပုံကားချပ်ကို ကြည့်နိုင်ဖို့ ကျွန်တော်တို့ကို တိုက်တွန်းလိုက်တာပါတယ်။ ကျွန်တော်တို့တွေဟာ ထုတ်လုပ်မှုနဲ့ ပျော်ရွှင်မှုကို တိုးမြှင့်လာစေဖို့ အိပ်နေနိုင်ပါတယ်။ ပိုပြီး ပါးနပ်ချက်ချာတဲ့ ဆုံးဖြတ်ချက်ချခြင်းပဲပေါ့။
- Video Language:
- English
- Team:
closed TED
- Project:
- TEDTalks
- Duration:
- 03:50
![]() |
Myo Aung approved Burmese subtitles for How to succeed? Get more sleep | |
![]() |
Myo Aung commented on Burmese subtitles for How to succeed? Get more sleep | |
![]() |
Myo Aung accepted Burmese subtitles for How to succeed? Get more sleep | |
![]() |
Myo Aung edited Burmese subtitles for How to succeed? Get more sleep | |
![]() |
Myo Aung edited Burmese subtitles for How to succeed? Get more sleep | |
![]() |
Myo Aung edited Burmese subtitles for How to succeed? Get more sleep | |
![]() |
Myo Aung commented on Burmese subtitles for How to succeed? Get more sleep | |
![]() |
Myo Aung edited Burmese subtitles for How to succeed? Get more sleep |
Myo Aung
Very interesting!
Myo Aung
It is Done now!