ဘာကြောင့် အရည်အချင်းမရှိသူတွေက ကိုယ့်ကိုယ်ကိုယ် အံမခန်းထူးချွန်တယ်ထင်ကြသလဲ - David Dunning
-
0:07 - 0:10သင်က သင်ကိုယ့်သင် ထင်သလောက်
အရာတိုင်းမှာကျွမ်းကျင်ရဲ့လား -
0:10 - 0:14ပိုက်ဆံကို စီမံကိုင်တွယ်တာ ဘယ်လောက်တော်သလဲ
-
0:14 - 0:17လူတွေရဲ့ခံစားချက်တွေကိုဖတ်တဲ့နေရာမှာရော
-
0:17 - 0:20သင်သိတဲ့တခြားသူတွေနဲ့ယှဥ်ရင်
ဘယ်လောက်ပိုပြီးကျန်းမာလဲ -
0:20 - 0:23သဒ္ဒါမှာ သာမန်ထက်ပိုကောင်းသလား
-
0:23 - 0:25ကိုယ်ဘယ်လောက် အရည်အချင်းရှိလဲ
-
0:25 - 0:28ကိုယ့်ကျွမ်းကျင်တဲ့ပညာက တခြားလူတွေနဲ့
ဘယ်လို နှိုင်းယှဥ်လို့ရလဲသိခြင်းက -
0:28 - 0:31ကိုယ့်ကိုယ်ကိုယ် တန်ဖိုးထားမှုကို
မြှင့်တင်ပေးတာထက်ကို ပိုပါတယ် -
0:31 - 0:35ဘယ်အချိန်မှာကိုယ့်ဆုံးဖြတ်ချက်နဲ့
ပင်ကိုအသိကိုသုံးပြီးရှေ့ဆက်တိုးသင့်သလဲ -
0:35 - 0:39ဘယ်အချိန်မှာတော့အကြံဥာဏ်တောင်းဖို့လိုသလဲ
နားလည်နိုင်အောင် ကူညီပေးနိုင်တယ် -
0:39 - 0:42ဒါပေမယ့် စိတ်ပညာသုတေသနက ညွှန်ပြတာက
-
0:42 - 0:46ကျွန်တော်တို့ဟာကိုယ့်ကိုယ်ကိုယ်တိတိကျကျ
သုံးသပ်တဲ့နေရာမှာ သိပ်မကောင်းကြတာတွေ့ရတယ် -
0:46 - 0:50တကယ်တမ်းကျွန်တော်တို့ကကိုယ့်အရည်အချင်းကို
မကြာခဏ အမှန်ထက်ပိုအထင်ကြီးမိတတ်တယ် -
0:50 - 0:52သုတေသီတွေကဒီဖြစ်စဥ်ကိုနာမည်ပေးထားတယ်
-
0:52 - 0:56Dunning-Kruger သက်ရောက်မှု
-
0:56 - 0:58ဒီသက်ရောက်မှုက ဘာကြောင့်
လေ့လာမှု ၁၀၀ ကျော်က -
0:58 - 1:02လူတွေမှာသာလွန်ကောင်းမွန်တယ်လို့အထင်မှားမှု
လက္ခဏာပြသတယ်ဆိုတာကို ရှင်းပြတယ် -
1:02 - 1:06ကျွန်တော်တို့က ကိုယ့်ကိုယ်ကိုယ် သူများထက်
တော်တယ်လို့ ထင်မြင်အကဲဖြတ်တတ်တယ် -
1:06 - 1:08သင်္ချာနိယာမတွေကို
သွေဖယ်ဆန့်ကျင်တဲ့အထိပါပဲ -
1:08 - 1:13ကုမ္ပဏီနှစ်ခုကဆော့်ဖ်ဝဲလ်အင်ဂျင်နီယာတွေကို
သူတို့စွမ်းဆောင်မှုကိုအကဲဖြတ်ခိုင်းတဲ့အခါ -
1:13 - 1:18ကုမ္ပဏီတစ်ခုက အင်ဂျင်နီယာ ၃၂% နဲ့
နောက်တစ်ခုက ၄၂% က -
1:18 - 1:21သူတို့ကိုယ်သူတို့ ထိပ်ဆုံး ၅% ထဲထည့်ကြတယ်
-
1:21 - 1:25နောက်လေ့လာမှုတစ်ခုမှာ
အမေရိကန်ကားမောင်းသူ ၈၈% က -
1:25 - 1:29သူတို့ကိုယ်သူတို့ သာမန်(ပျမ်းမျှ)ထက်ပိုတဲ့
ကားမောင်းကျွမ်းကျင်မှုရှိတယ်လို့ပြောကြတယ် -
1:29 - 1:31ဒါတွေက သီးခြားတွေ့ရှိချက်တွေမဟုတ်ပါဘူး
-
1:31 - 1:35ပျမ်းမျှအားဖြင့် လူတွေက ကိုယ့်ကိုယ်ကိုယ်
အများစုထက် ပိုတော်တယ်လို့ အကဲဖြတ်လေ့ရှိတယ် -
1:35 - 1:42ကျန်းမာရေး၊ဦးဆောင်မှု၊ အရည်အချင်း၊ ကျင့်ဝတ်
ကစပြီး အခြားပညာရပ်တွေ ပါဝင်ပါတယ် -
1:42 - 1:46ထူးထူခြားခြား စိတ်ဝင်စားဖို့ကောင်းတာက
အရည်အချင်းအနိမ့်ဆုံးသူတွေက မကြာခဏ -
1:46 - 1:50သူတို့ကျွမ်းကျင်မှုကိုအကြီးဆုံးအတိုင်းတာထိ
ပိုအထင်ကြီးဖို့ဖြစ်နိုင်ခြေအရှိဆုံးဖြစ်တယ် -
1:50 - 1:53သိသိသာသာ ညံ့ဖျင်းတဲ့သူတွေက
အကြိုးသင့်အကြောင်းသင့် တွေးခေါ်မှု -
1:53 - 1:54သဒ္ဒါ
-
1:54 - 1:56ငွေးကြေးဆိုင်ရာ ဗဟုသုတ သင်္ချာ
-
1:56 - 1:57စိတ်ခံစားမှု ဥာဏ်ရည်ဥာဏ်သွေး
-
1:57 - 2:00ဆေးပညာဆိုင်ရာဓာတ်ခွဲဆေးစစ်ချက်များ
လုပ်ဆောင်ခြင်းနဲ့ -
2:00 - 2:01စစ်တုရင် ကစားနည်းတို့မှာ
-
2:01 - 2:07သူတို့ရဲ့ကျွမ်းကျင်မှုကို တကယ့်ပညာရှင်တွေ
နီးပါး ကောင်းတယ်လို့ အကဲဖြတ်လေ့ရှိကြတယ် -
2:07 - 2:10ဒီတော့ ဘယ်သူတွေက ဒီအထင်မှားမှုကို
ခုခံနိုင်မှုအနည်းဆုံးလဲ -
2:10 - 2:12ဝမ်းနည်းစရာကတော့ အဖြေက
ကျွန်တော်တို့အားလုံးပါပဲ -
2:12 - 2:16အကြောင်းက ကျွန်တော်တို့အားလုံးမှာ
မကျွမ်းကျင်တဲ့ အရာတွေရှိနေလို့ပါပဲ -
2:16 - 2:18ကျွန်တော်တို့ သတိမထားမိတတ်ကြပါဘူး
-
2:18 - 2:19ဒါပေမယ့် ဘာကြောင့်လဲ
-
2:19 - 2:25စိတ်ပညာရှင်များ Dunning နဲ့ Kruger တို့က
ဒီသက်ရောက်မှုကို ၁၉၉၉မှာ ပထမဆုံးဖော်ပြခဲ့တယ် -
2:25 - 2:29သီးခြားနယ်ပယ်တွေမှာ အသိပညာ နဲ့
ကျွမ်းကျင်မှု မရှိတဲ့သူတွေက -
2:29 - 2:31နှစ်ဆကံဆိုးတယ်လို့ သူတို့ကပြောခဲ့တယ်
-
2:31 - 2:35ပထမဆုံး သူတို့က အမှားတွေလုပ်ပြီး
ဆုံးဖြတ်ချက်အလွဲတွေ လုပ်တတ်ကြတယ် -
2:35 - 2:40ဒုတိယက အဲ့ဒီအသိပညာ ကွာဟမှုတွေကပဲ
သူတို့ရဲ့အမှားတွေကိုမတွေ့မိအောင်ဟန့်တားတယ် -
2:40 - 2:43တနည်းပြောရရင်တော့ စွမ်းဆောင်ရည်ညံ့သူတွေက
-
2:43 - 2:47သူတို့ ဘယ်လောက် ဆိုးဝါးစွာလုပ်ဆောင်နေတာကို
သိဖို့ လိုအပ်တဲ့ ကျွမ်းကျင်မှု ကင်းမဲ့တယ် -
2:47 - 2:48ဥပမာအားဖြင့် သုတေသီတွေက
-
2:48 - 2:52ကောလိပ်စကားရည်လုပွဲ ယှဥ်ပြိုင်သူတွေကို
လေ့လာတဲ့အခါမှာ -
2:52 - 2:56လက်ရည်စမ်းပွဲအချီရဲ့
အောက်ဆုံး ၂၅% ကအသင်းတွေက -
2:56 - 2:59၅ ပွဲမှာ ၄ ပွဲလောက်နီးနီး ရှူံးကြတယ်
-
2:59 - 3:03ဒါပေမယ့် သူတို့က သူတို့ ၆၀% လောက်
နိုင်တယ်လို့ ထင်ခဲ့ကြတယ် -
3:03 - 3:05စကားရည်လုပွဲရဲ့ စည်းမျဥ်းတွေကို
သေချာနားလည်မှုမရှိဘဲ -
3:05 - 3:09ကျောင်းသားတွေက ဘယ်အချိန်နဲ့ဘယ်လောက်မကြာခဏ
-
3:09 - 3:12သူတို့ရဲ့ ချေပချက်က ပြိုလဲသွားတယ်ဆိုတာ
မသိနိုင်ကြဘူး -
3:12 - 3:17Dunning-Kruger သက်ရောက်မှုက အတ္တကြောင့်
အားနည်းချက်တွေကိုမမြင်စေတဲ့ပြဿနာမဟုတ်ပါဘူး -
3:17 - 3:21လူတွေက သူတို့ချို့ယွင်းချက်တွေကို
တွေ့သွားတဲ့အခါ တကယ်တမ်း လက်ခံကြပါတယ် -
3:21 - 3:25လေ့လာမှုတစ်ခုမှာ ယုတ္တိဗေဒ ဥာဏ်စမ်းကို
အစမှာ မဖြေနိုင်ခဲ့တဲ့ကျောင်းသားတွေက -
3:25 - 3:29ယုတ္တိဗေဒဘာသာရပ် သင်တန်းတိုတစ်ခု
တက်ပြီးသွားချိန်မှာတော့ -
3:29 - 3:33သူတို့ မူလအဖြေတွေကို အလွန်ဆိုးဝါးတယ်လို့
သတ်မှတ်ဖို့ အလွန်လိုလိုလားလားရှိကြပါတယ် -
3:33 - 3:38ဒီအကြောင်းကြောင့်ပဲ အတွေ့အကြုံ (သို့)
ကျွမ်းကျင်မှု အသင့်အတင့်ရှိသူတွေက -
3:38 - 3:41မကြာခဏ သူတို့အရည်အချင်းကို
ယုံကြည်မှုပိုနည်းတာ ဖြစ်နိုင်ပါတယ် -
3:41 - 3:45အတော်အတန်သိထားတဲ့အတွက်
သူတို့မသိသေးတာ အများကြီးရှိမှန်းသိထားတယ် -
3:45 - 3:49တစ်ချိန်တည်းမှာပဲ ကျွမ်းကျင်ပညာရှင်တွေက
သူတို့ဘယ်လောက်နှံ့စပ် သလဲဆိုတာ သိကြတယ် -
3:49 - 3:52ဒါပေမယ့် သူတို့ကတော့ အခြားအမှားတစ်ခုကို
မကြာခဏ လုပ်တတ်ကြတယ် -
3:52 - 3:57သူတို့က တခြားသူတွေကိုလည်း
သူတို့လောက်နှံစပ်တယ်လို့ ယူဆထားတယ် -
3:57 - 4:00ရလဒ်ကတော့ မပိုင်နိုင်သည်ဖြစ်စေ
အလွန်ကျွမ်းကျင်သည်ဖြစ်စေ လူတိုင်းက -
4:00 - 4:05မမှန်ကန်တဲ့ ကိုယ့်ကိုယ်ကိုယ်အမြင်
ပူဖောင်းထဲမှာ မကြာခဏပိတ်မိနေကြတာပဲ -
4:05 - 4:08မကျွမ်းကျင်တဲ့အခါ သူတို့ကိုယ်တိုင်ရဲ့
အပြစ်ကို ပြန်မမြင်နိုင်ဘူး -
4:08 - 4:10အလွန်ထူးချွန်ပြန်တော့လဲ
-
4:10 - 4:13သူတို့ရဲ့အရည်အချင်းက ဘယ်လောက်
သူမတူသလဲဆိုတာ သတိမထားမိကြဘူး -
4:13 - 4:19ဒီတော့ Dunning-Kruger သက်ရောက်မှုက
ခံစားနေရတဲ့သူတွေအတွက် မမြင်သာဘူးဆိုရင် -
4:19 - 4:24အရာအမျိုးမျိုးမှာ သင်ဘယ်လောက်တတ်ကျွမ်းသလဲ
ဆိုတာကို သိအောင်ဘယ်လိုလုပ်လို့ရသလဲ -
4:24 - 4:27ပထမဆုံး အခြားသူတွေဆီက အမြင်ကိုတောင်းပါ
-
4:27 - 4:30ပြီတော့ နားဝင်မချိုရင်တောင်မှ သုံးသပ်ပါ
-
4:30 - 4:33ဒုတိယနဲ့ ပိုအရေးကြီးတာက
ဆက်ပြီးလေ့လာသင်ယူပါ -
4:33 - 4:35ပိုပြီး အသိပညာတိုးလာရင် ကျွန်တော်တို့ရဲ့
-
4:35 - 4:39စွမ်းဆောင်ရည်မှာ မမြင်နိုင်တဲ့
အပေါက်တွေရှိဖို့ ဖြစ်နိုင်ခြေနည်းပါတယ် -
4:39 - 4:44နောက်ဆုံးမှာတော့ အားလုံးက
အဲဒီရှေးဆိုရိုးဆီပဲရောက်လာတာဖြစ်မယ် -
4:44 - 4:45အရူးနဲ့ ငြင်းခုံနေရင်
-
4:45 - 4:50အခြားသူကလည်း အတူတူလုပ်နေတာ မဖြစ်အောင်
သေချာအောင်လုပ်ပါ
- Title:
- ဘာကြောင့် အရည်အချင်းမရှိသူတွေက ကိုယ့်ကိုယ်ကိုယ် အံမခန်းထူးချွန်တယ်ထင်ကြသလဲ - David Dunning
- Speaker:
- David Dunning
- Description:
-
Check out our Patreon page: https://www.patreon.com/teded
View full lesson: https://ed.ted.com/lessons/why-incompetent-people-think-they-re-amazing-david-dunning
သင်က ပိုက်ဆံကိုစီမံတာ ဘယ်လောက်ကောင်းလဲ။ လူတွေရဲ့ ခံစားချက်တွေကို ခန့်မှန်းတာရော။ သင်သိတဲ့အခြားသူတွေနဲ့ယှဥ်ရင် ကျန်းမာရေးဘယ်လောက်ကောင်းသလဲ။ ကျွန်တော်တို့ရဲ့ ကျွမ်းကျင်မှုက အခြားသူတွေနဲ့ နှိုင်းယှဥ်ရင်ဘယ်လိုရှိသလဲဆိုတာ သိထားတာက နည်းမျိုးစုံအသုံးဝင်တယ်။ ဒါပေမယ့် စိတ်ပညာသုတေသနက ကျွန်ုပ်တို့က ကိုယ်တိုင် သုံးသပ်ရာမှာ မှန်ကန်တိကျအောင်မသုံးသပ်နိုင်ဘူး လို့ဆိုပါတယ်။ တကယ်တော့ ကျွန်တော်တို့က မကြာခဏ ကိုယ့် အရည်အချင်းကို အမှန်ထက်အထင်ကြီးမိတတ်ကြပါတယ်။ David Dunning က Dunning-Kruger သက်ေရာက်မှုကို ပြောပြထားပါတယ်။
David Dunning မှ သင်ခန်းစာ ပို့ချသည်၊ Wedensday Studio မှ တည်းဖြတ်သည်။
Thank you so much to our patrons for your support! Without you this video would not be possible!
Juan, Jordan Tang, Kent Logan, Alexandra Panzer, Jen, Ellen Spertus, Ryan Mehendale, Mary Sawyer, Scott Gass, Ruth Fang, Mayank Kaul, Hazel Lam, Tan YH, Be Owusu, Samuel Doerle, David Rosario, Katie Winchester, Michel Reyes, Dominik Kugelmann, Siamak H, Stephen A. Wilson, Manav Parmar, Jhiya Brooks, David Lucsanyi, Querida Owens. - Video Language:
- English
- Team:
closed TED
- Project:
- TED-Ed
- Duration:
- 05:08
![]() |
sann tint edited Burmese subtitles for Why incompetent people think they're amazing | |
![]() |
sann tint approved Burmese subtitles for Why incompetent people think they're amazing | |
![]() |
sann tint edited Burmese subtitles for Why incompetent people think they're amazing | |
![]() |
sann tint accepted Burmese subtitles for Why incompetent people think they're amazing | |
![]() |
May Brany Aung edited Burmese subtitles for Why incompetent people think they're amazing | |
![]() |
May Brany Aung edited Burmese subtitles for Why incompetent people think they're amazing | |
![]() |
May Brany Aung edited Burmese subtitles for Why incompetent people think they're amazing | |
![]() |
May Brany Aung edited Burmese subtitles for Why incompetent people think they're amazing |