Return to Video

ဆွဲငင်အားမှ လွတ်မြောက်ဖို့ ခင်ဗျား ဘယ်လောက် ဝေးတဲ့အထိသွားရမလဲ- Rene Laufer

  • 0:07 - 0:09
    ကမ္ဘာ့မျက်နှာပြင်မှ အလင်းနှစ်
  • 0:09 - 0:10
    ၆ ထောင်ကျော်ကျော်မှာ
  • 0:10 - 0:13
    မြန်ဆန်စွာ လည်ပတ်နေတဲ့ Black Widow pulsar
  • 0:13 - 0:15
    ခေါ် နယူထရွန်ကြယ် က
  • 0:15 - 0:19
    ၎င်းရဲ့ အဖော်ဖြစ်တဲ့ ရောင်ခြည်တွေနဲ့
    ကြယ်ညိုပုကို တဟုန်ထိုးပတ်နေပြီး
  • 0:19 - 0:23
    ၎င်းတို့ နှစ်ခုဟာ တစ်ခုကိုတစ်ခု ၉ နာရီ
    တိုင်းမှာ ပတ်လျက် ရှိပါတယ်။
  • 0:23 - 0:25
    ကျုပ်တို့ရဲ့ ဂြိုဟ်ပေါ်မှာရပ်နေရင်း
  • 0:25 - 0:28
    ပြင်းထန်လွန်းတဲ့ ဒီ ဘဲလေးအကကို
    ရှု့စားနေသူအလား သင် တွေးမိနိုင်ပါတယ်။
  • 0:28 - 0:32
    ဒါပေမဲ့လို့၊ ကြယ်နှစ် စင်းစလုံးက
    ခင်ဗျားကို ၎င်းတို့ထံ ဆွဲငင်နေကြပါတယ်။
  • 0:32 - 0:33
    ပြီးတော့ ခင်ဗျားလည်း ပြန်ဆွဲနေတာ၊
  • 0:33 - 0:35
    ကီလိုမီတာ ထရီလျံပေါင်းများစွာကို
    ဖြတ်သန်းလျက်
  • 0:35 - 0:38
    သွယ်တန်းထားတဲ့ ဆွဲငင်အားကြောင့်ပါ။
  • 0:38 - 0:42
    ဆွဲငင်အားဆိုတာ ဒြပ်ထုရှိတဲ့
    အရာနှစ်ခုကြားက ဆွဲငင်တဲ့ အားပါ--
  • 0:42 - 0:44
    ဒြပ်ထုရှိတဲ့ ဘယ်အရာနှစ်ခုမဆိုပါ။
  • 0:44 - 0:50
    ဒါက စကြ၀ဠာထဲက ရှိသမျှအရာတိုင်းက
    တခြားအရာတိုင်းကို ဆွဲငင်တဲ့ သဘောပါ-
  • 0:50 - 0:52
    ကြယ်တိုင်း၊ တွင်းနက်တိုင်း
  • 0:52 - 0:55
    လူတိုင်း၊ စမတ်ဖုန်းတိုင်း၊ အက်တမ်တိုင်၊
    ခပ်သိမ်းသော အရာတိုင်းတို့ဟာ
  • 0:55 - 0:57
    တစ်ခုကို တစ်ခု တချိန်လုံး ဆွဲငင်နေကြပါတယ်။
  • 0:57 - 1:02
    ဒါဆို ဦးတည်ချက် မျိုးစုံ ဘီလျံချီပြီး
    ဆွဲငင်တာ ကျုပ်တို့ ဘာကြောင့် မခံစားမိလဲ။
  • 1:02 - 1:05
    အကြောင်းအရင်း နှစ်ရပ်က
    ဒြပ်ထုနဲ့ အကွာအဝေးပါ။
  • 1:05 - 1:10
    အရာနှစ်ခုကြားက ဆွဲငင်အားကို
    ဖော်ပြထားတဲ့ မူရင်း ညီမျှခြင်းကို
  • 1:10 - 1:14
    ၁၆၈၇ မှာ Isaac Newton ရေးပေးခဲ့ပါတယ်။
  • 1:14 - 1:18
    ထို့နောက်ပိုင်းမှာ ဆွဲငင်အားဆိုင်ရာ သိပ္ပံ
    ပညာရှင်တို့ရဲ့ နားလည်မှု ပြောင်းလာခဲ့ပေမဲ့
  • 1:18 - 1:20
    နယူတန်ရဲ့ အထွေထွေ ဆွဲငင်အားဆိုင်ရာ
    နိယာမဟာ
  • 1:20 - 1:24
    အခြေအနေအများစု၌ အနီးစပ်ဆုံး
    ခန့်မှန်းချက် ကောင်းနေတုန်းပါ။
  • 1:24 - 1:25
    ၎င်းကို ဒီလို ဖော်ပြနိုင်တယ်-
  • 1:25 - 1:28
    အရာနှစ်ခုကြားက ဆွဲငင်အားသည်
    အရာ တစ်ခုရဲ့ ဒြပ်ထုကို
  • 1:28 - 1:30
    အခြားတစ်ခုရဲ့ ဒြပ်ထုနဲ့ အဆယူလိုက်ပြီး
  • 1:30 - 1:32
    ဆွဲငင်အားဆိုင်ရာ ကိန်းသေလို့ခေါ်တဲ့
  • 1:32 - 1:34
    အလွန်သေးငယ်တဲ့ ကိန်းနဲ့ မြှောက်ပြီးတော့
  • 1:34 - 1:36
    နှစ်ထပ်တင်ထားတဲ့ ၎င်းတို့ကြားက
  • 1:36 - 1:40
    အကွာအဝေးနဲ့ စားရတဲ့ ညီမျှခြင်းပါ။
  • 1:40 - 1:43
    အရာ၀တ္ထုတွေအနက် တစ်ခုရဲ့ ဒြပ်ထုကို
    နှစ်ဆ လုပ်ရင်
  • 1:43 - 1:45
    ၎င်းတို့ကြားက အားဟာလည်း
    နှစ်ဆဖြစ်လာပါမယ်။
  • 1:45 - 1:47
    ၎င်းတို့ကြားရှိ အကွာအဝေးက နှစ်ဆဖြစ်ပါက
  • 1:47 - 1:50
    အားသည် လေးပုံ တစ်ပုံလောက်
    အားကောင်းလာမှာပါ။
  • 1:50 - 1:55
    ကမ္ဘာနဲ့ ခင်ဗျားကြားရှိ ဆွဲငင်အားဟာ
    ခင်ဗျားကို ၎င်းရဲ့ ဗဟိုချက်ထံ ဆွဲလိုက်တဲ့
  • 1:55 - 1:58
    အားကို ခင်ဗျားရဲ့ ကိုယ်အလေးချိန်အဖြစ်
    ခံစားရမှာပါ။
  • 1:58 - 2:01
    ခင်ဗျားက ပင်လယ်မျက်နှာပြင်
    အမြင့်၌ ရပ်နေချိန်မှာ
  • 2:01 - 2:02
    ဒီအားက 800 newtons ခန့်ရှိတယ် ဆိုပါစို့။
  • 2:02 - 2:04
    ခင်ဗျားဟာ ပင်လယ်သေဆီကို သွားခဲ့ရင်
  • 2:04 - 2:08
    အဲဒီအားက တစ်ရာခိုင်နှုန်းရဲ့ ဒသမကိန်းမျှ
    တိုးလာပါမယ်။
  • 2:08 - 2:12
    တကယ်လို့များ သင်ဟာ ဧ၀ရတ်တောင်ထိပ်ကို
    တက်ခဲ့ရင်တော့ အားဟာ လျော့သွားပါမယ်—
  • 2:12 - 2:16
    ဒါပေမဲ့ မပြောပလောက်တဲ့ ပမာဏမျှပါ။
  • 2:16 - 2:19
    ပိုမြင့်ရာကို သွားခြင်းက ဒြပ်ဆွဲအား
    လွှမ်းမိုးမှု ပိုမို လျော့လာနိုင်ပေမဲ့
  • 2:19 - 2:21
    လွတ်မြောက်သွား၍ မရနိုင်ပါ။
  • 2:21 - 2:26
    ဒြပ်ထုရှိသမျှ အရာတိုင်း အနီး၌ ကွေးညွှတ်တတ်
    တဲ့ အချိန်နဲ့ သုံးဘက်တိုင်း ဟင်းလင်းပြင်—
  • 2:26 - 2:28
    ဟင်းလင်းပြင်အချိန် ကွေးမှု
    အမျိုးမျိုး ပြောင်းလဲခြင်းက
  • 2:28 - 2:32
    ဆွဲငင်အား ဖြစ်ပေါ်စေပါတယ်။
  • 2:32 - 2:36
    ကမ္ဘာမှ ဆွဲငင်အားဟာ ကမ္ဘာမြေပြင်အထက်
    ကီလိုမီတာ ၄၀၀ အဝေးရှိ
  • 2:36 - 2:38
    အပြည်ပြည်ဆိုင်ရာ အာကာသစခန်းသို့
  • 2:38 - 2:41
    ၎င်းရဲ့ မူလအား နီးပါးလောက်နဲ့
    သက်ရောက်ပါတယ်။
  • 2:41 - 2:44
    အလွန် ကြီးမားတဲ့ တိုင်ထိပ်မှာ
    အာကာသစခန်းကို တင်ပေးထားခဲ့ရင်
  • 2:44 - 2:46
    မြေပြင်ပေါ်မှာ ရှိတဲ့ ဒြပ်ဆွဲအားရဲ့ ၉၀%ကို
  • 2:46 - 2:50
    ခင်ဗျား ခံစားနေရမှာပါ။
  • 2:50 - 2:53
    အာကာသယာဉ်မှူးတွေ ကိုယ်အလေးချိန်မဲ့သလို
    ခံစားကြရတာက
  • 2:53 - 2:57
    အာကာသစခန်းဟာ ကမ္ဘာဆီသို့
    အစဉ် ဦးတည်ကျဆင်း လာလို့ပါ။
  • 2:57 - 3:02
    ကံကောင်းသည်က၊ မြန်လွန်းတဲ့ အလျင်နဲ့ ကမ္ဘာ
    ကို ပတ်နေလို့ ၎င်းဟာ ဘယ်တော့မြေပေါ်မကျပါ။
  • 3:02 - 3:05
    ခင်ဗျားသာ ကီလိုမီတာ ၄၀၀,၀၀၀ ခန့်ဝေးတဲ့
  • 3:05 - 3:08
    လရဲ့ မျက်နှာပြင်ဆီကို ရောက်သွားခဲ့ရင်
    ကမ္ဘာ့ဆွဲငင်အားကို
  • 3:08 - 3:10
    ခင်ဗျား ကမ္ဘာပေါ်မှာ ခံစားရတာရဲ့
  • 3:10 - 3:15
    ၀.၀၃% ထက်ကို နည်းပါလိမ့်မယ်။
  • 3:15 - 3:18
    ခင်ဗျား ခံစားရမိတဲ့ ဆွဲငင်အားဟာ
    လရဲ့ ဆွဲငင်အားသာ ဖြစ်ပြီး
  • 3:18 - 3:21
    ကမ္ဘာ့ရဲ့ခြောက်ပုံ တစ်ပုံခန့်သာ
    ခံစားရမှာပါ။
  • 3:21 - 3:22
    ပို၍ ဝေးရာကို သွားလေလေ
  • 3:22 - 3:26
    ခင်ဗျားအပေါ် ကမ္ဘာ့ရဲ့ ဒြပ်ဆွဲငင်မှုတွေ
    ထပ်ပြီး လျော့လေလေ ဖြစ်မှာပါ၊
  • 3:26 - 3:28
    ဒါပေမဲ့ ဘယ်တော့မှ သုညထိ ကျမသွားပါဘူး။
  • 3:28 - 3:32
    ကမ္ဘာ့ဆွဲငင်းအားက ကျုပ်တို့ကို ဘေးကင်း
    လုံခြုံစွာ ချည်နှောင်ထားတောင်မှ၊
  • 3:32 - 3:38
    အဝေးက အာကာသ ၀တ္ထုတွေနဲ့ လက်တကမ်းက အရာ
    များရဲ့ အားပျော့တဲ့ ဆွဲငင်မှုကို ခံရပါတယ်။
  • 3:38 - 3:42
    ခင်ဗျားကို နေက တစ်နယူတန်ရဲ့
    တဝက်ခန့် အား သက်ရောက်ပါတယ်။
  • 3:42 - 3:45
    စမတ်ဖုန်း တစ်လုံးရဲ့ မီတာ အနည်းငယ်
    အကွာမှာ ခင်ဗျားရှိရင်
  • 3:45 - 3:48
    ပီကိုနယူတန် အနည်းငယ် အပြန်အလှန်
    သက်ရောက်တဲ့ အားကို ခံစားရပါလိမ့်မယ်။
  • 3:48 - 3:51
    ဒါဟာ အလင်းနှစ် ၂.၅ သန်းအကွာရှိ
    နေရဲ့ ဒြပ်ထုထက် အဆ
  • 3:51 - 3:54
    တစ်ထရီလျံလောက်ရှိတဲ့ Andromeda ကြယ်စုနဲ့
  • 3:54 - 3:57
    ခင်ဗျားတို့ကြားမှာရှိတဲ့
  • 3:57 - 4:01
    ဆွဲငင်အားနဲ့ အတူတူ လောက်ရှိပါတယ်။
  • 4:01 - 4:03
    ဒါပေမဲ့ ဆွဲငင်မှုမှ
    လွတ်မြောက်ဖို့ကိစ္စထဲမှာ
  • 4:03 - 4:04
    ထွက်ပေါက် တစ်ခုရှိပါတယ်။
  • 4:04 - 4:07
    ကျုပ်တို့ အနီးက ဒြပ်ထုအားလုံး
    ကျုပ်တို့ကို တစ်ချိန်လုံး ဆွဲငင်နေရင်
  • 4:07 - 4:09
    မြေမျက်နှာပြင် အောက်ပိုင်းအထိ
    နက်ရှိုင်းစွာ တူးပါက
  • 4:09 - 4:12
    ကမ္ဘာ့ ဆွဲငင်အားဟာ ဘယ်လိုများ
    ပြောင်းသွားမလဲ။
  • 4:12 - 4:16
    ခင်ဗျားအနေနဲ့ ပိတ်ဆို့တာ၊ ပြိုကျတာ
    မဖြစ်ဘဲ အဆင်ပြေစွာ တူးနိုင်ရင်ပေါ့လေ။
  • 4:16 - 4:20
    ဝိုင်းစက်နေတဲ့ စက်လုံးပုံ ကမ္ဘာရဲ့
    ဗဟိုမှာ အခေါင်းကို ဖောက်နိုင်ခဲ့သော်..
  • 4:20 - 4:22
    စက်လုံး မဟုတ်ပေမဲ့၊ ဟုတ်တယ် ဆိုပါစို့—
  • 4:22 - 4:26
    ဘက်ပေါင်းစုံကနေ ထပ်တူညီတဲ့
    ဆွဲငင်မူကို ခင်ဗျား ခံစားရပါမယ်။
  • 4:26 - 4:28
    ခင်ဗျားဟာ အလေးချိန်မဲ့နေလျက်
    မျောနေပါလိမ့်မယ်၊
  • 4:28 - 4:32
    တခြားသော အာကာသ ၀တ္ထုတွေရဲ့ ဆွဲငင်မှု
    အနည်းအကျဉ်းကိုသာ ခံစားရမှာပါ။
  • 4:32 - 4:36
    ဒီတော့ ကမ္ဘာ့ဆွဲငင်အားကို ဒီလို အတွေးစမ်း
    သပ်မှုထဲတွင်သာ လွတ်မြောက်နိုင်မှာပါ—
  • 4:36 - 4:39
    ဒါပေမဲ့ အဲဒီနေရာဆီကို တည့်မတ်စွာ
    တိုးဝင်နိုင်ဖို့ လိုပါမယ်။
Title:
ဆွဲငင်အားမှ လွတ်မြောက်ဖို့ ခင်ဗျား ဘယ်လောက် ဝေးတဲ့အထိသွားရမလဲ- Rene Laufer
Speaker:
Rene Laufer
Description:

သင်ခန်းစာ အပြည့်အစုံကြည့်ရန်: https://ed.ted.com/lessons/how-far-would-you-have-to-go-to-escape-gravity-rene-laufer

ကြယ်တိုင်း၊ တွင်းနက်တိုင်း၊ လူတိုင်း၊ စမတ်ဖုန်းတိုင်း ပြီးတော့ အက်တမ်စသဖြင့် အားလုံးတို့ဟာ တစ်ခုကို တစ်ခု အားတစ်ခုကြောင့် ဆွဲငင်နေကြပါတယ်။ အဲဒါက ဆွဲငင်အားပါ။ ဒါဆို ဘီလျံချီအောင် ဘက်အမျိုးမျိုးဆီသို့ ဆွဲငင်ခံနေရတာကို ကျုပ်တို့ ဘာဖြစ်လို့ မခံစားမိကြတာလဲ။ ပြီးတော့ ကျုပ်တို့အအနေနဲ့ အဲဒီဆွဲငင်အားမှ လွတ်မြောက်နိုင်မည့် နေရာများ စကြ၀ဠာထဲမှာ ရှိပါသလား။ Rene Laufer က ဒြပ်ဆွဲငင်အားကို ရှောင်တိမ်းမရနိုင်သည့် သဘောကို အသေးစိတ် ရှင်းပြထားပါသည်။

သင်ခန်းစာတင်ဆက်သူ- Rene Laufer၊ စီစဉ်ညွှန်ကြားသူ- TED-Ed။

more » « less
Video Language:
English
Team:
closed TED
Project:
TED-Ed
Duration:
04:39

Burmese subtitles

Revisions