Return to Video

ဆွဲဆောင်မှုနဲ့ပတ်သက်ပြီး Aristotle နဲ့ Joshua Bell တို့မှ ကျွန်ုပ်တို့အား သင်ကြားပေးခဲ့ကြပုံ - Conor Neill

  • 0:15 - 0:19
    ၂၀၀၇ ခုနှစ်၊ ဇန်နဝါလ ၇ ရက်မှာ

    ကမ္ဘာ့ အကြီးကျယ်ဆုံး
  • 0:19 - 0:22
    တယောပညာရှင်တစ်ယောက်ဖြစ်တဲ့
    Joshua Bell ဟာ Boston ရဲ့ခံ့ညားတဲ့
  • 0:22 - 0:24
    လူ ၁၀၀၀ စာ Symphony Hall မှာ
  • 0:24 - 0:28
    ပြည်ကျပ်နေတဲ့ ပရိတ်သတ်ကို ဖျော်ဖြေခဲ့တယ်။
  • 0:28 - 0:32
    အဲဒီမှာ ခုံအများစုဟာ
    ဒေါ်လာ ၁၀၀ ကျော်ပါတယ်။
  • 0:32 - 0:35
    သူဟာ ရုံပြည့်ရောင်စွဲ့တဲ့ပွဲတွေရှိခဲ့တယ်။
  • 0:35 - 0:39
    သူအစွမ်းနဲ့ ကျော်ကြားမှုရဲ့
    အထွတ်အထိပ်မှာပါ။
  • 0:39 - 0:41
    နောက်သုံးရက်အကြာမှာ
  • 0:42 - 0:45
    Joshua Bell အညတရ ပရိတ်သတ်ကို
  • 0:45 - 0:46
    ဖျော်ဖြေခဲ့တယ်။
  • 0:48 - 0:51
    ခြောက်ယောက်လောက် ခဏလောက် တန့်ခဲ့ပြီး
  • 0:51 - 0:54
    ကလေးတစ်ယောက်ကတော့ ခဏ ရပ်ကြည့်ခဲ့တယ်၊
  • 0:54 - 0:58
    ထူးထူးခြားခြားတစ်ခုဖြစ်နေတာ
    နားလည်သယောင်နဲ့ပေါ့။
  • 0:58 - 1:01
    Joshua က ဒီအတွေအကြုံကို ပြောပြတာက
  • 1:01 - 1:06
    "လူတွေက တကယ်ပဲ ကျုပ်ကို မသိကျိုးကျွံ
    ပြုနေတဲ့ ထူးဆန်းတဲ့ ခံစားမှုတစ်ခုပါ။"
  • 1:08 - 1:13
    Joshua Bell က မြေအောက်ဘူတာရုံထဲမှာ
    တယောထိုးနေတာပါ။
  • 1:15 - 1:18
    "ဂီတခန်းမတစ်ခုမှာ တစ်ယောက်ယောက်
    ချောင်းဆိုးတာ၊
  • 1:18 - 1:21
    ဒါမှဟုတ် တစ်ယောက်ယောက်ရဲ့
    ဖုန်းမြည်သွားရင် ကျုပ်စိတ်ပျက်မိမှာပဲ၊
  • 1:21 - 1:25
    ဒါပေမဲ့ ဒီမှာတော့ ကျုပ်မျှော်လင့်ချက်တွေ
    တမဟုတ်ချင်း ပျောက်ကွယ်ခဲ့တယ်။
  • 1:25 - 1:29
    လူတစ်ယောက်က တစ်ဒေါ်လာပစ်ထည့်တဲ
    အူကြောင်ကြောင်နဲ့ ကျေးဇူးတင်မိတယ်။"
  • 1:32 - 1:34
    ဘာ ပြောင်းသွားခဲ့လဲ။
  • 1:34 - 1:35
    ဂီတလည်း အတူတူ၊
  • 1:35 - 1:37
    တယောလည်း အတူတူ၊
  • 1:37 - 1:38
    ထက်သန်မှု အတူတူ၊
  • 1:38 - 1:40
    ဖျော်ဖြေလူ အတူတူပဲ။
  • 1:40 - 1:45
    ဘာကြောင့်လူတွေက နားထောင်ပြီး
    နောက်တော့ နားမထောင်တာလဲ။
  • 1:46 - 1:50
    Aristotle တော့ ရှင်းပြနိုင်လိမ့်မယ်။
  • 1:50 - 1:53
    လူတွေကိုဆွဲဆောင်ဖို့ ဘာလိုအပ်လဲ။
  • 1:53 - 1:55
    လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၃၀၀ က
  • 1:55 - 1:59
    Aristotle ဟာဆွဲဆောင်မှုအကြောင်း
    အရေးပါဆုံးလက်ရာကို ရေးခဲ့တယ်။
  • 1:59 - 2:00
    Rhetoric
  • 2:00 - 2:05
    ဆွဲဆောင်နည်း ၃ ခုတဲ့။
  • 2:05 - 2:06
    Logos
  • 2:06 - 2:07
    Ethos နဲ့
  • 2:07 - 2:09
    Pathos ပေါ့။
  • 2:09 - 2:14
    Logos က ပရိတ်သတ်ရဲ့အမြင်ကနေ
    အဓိပ္ပာယ်ရှိစေတဲ့ စိတ်ကူးပါ။
  • 2:14 - 2:17
    ပြောသူရဲ့အမြင်နဲ့ အမြဲတစေ ကွဲပြားတော့
  • 2:17 - 2:18
    လောကအမြင်နဲ့ဆိုင်တဲ့
  • 2:18 - 2:21
    စိတ်ကူးဖန်တီးဖို့ လုပ်ဖို့လိုတဲ့ အလုပ်ပေါ့
  • 2:21 - 2:24
    နားဆင်သူတွေရဲ့ စိတ်ဆင်းရဲမှုတွေနဲ့
    စိန်ခေါ်မှုတွေပေါ့။
  • 2:24 - 2:26
    အကြောင်းပြချက်ကောင်းဟာ
    ဂီတကောင်းလိုပါ။
  • 2:26 - 2:30
    ဂီတကောင်းတစ်ခုဟာ သီဖွဲမှုစည်းမျဉ်း
    တစ်ချို့ကို လိုက်နာတယ်။
  • 2:30 - 2:32
    အကြောင်းပြချက်ကောင်းတွေဟာ
    ယုတ္တိစည်းမျဉ်းတွေကိုလိုက်နာတယ်
  • 2:32 - 2:36
    ဒါက ပရိတ်သတ်ကို အဓိပ္ပာယ်ရှိစေတယ်။
  • 2:36 - 2:40
    Ethos ကတော့ ကျော်ကြားမှု၊
    သင့်ကို သိစေတာပေါ့၊
  • 2:40 - 2:44
    အများလက်ခံနိုင်မှု၊ ပညာရှင်ပုံပေါက်ပြီး၊
    ပြုမူတာပေါ့။
  • 2:44 - 2:47
    ယုံကြည်ထိုက်မှု၊ သင့်ရည်ရွယ်ချက်တွေ
    ရှင်းလင်းလား၊
  • 2:47 - 2:51
    သင့်ကိုယ်သင် ဂရုထားသဘောက်
    ပရိတ်သတ်ကို ဂရုထားတာ ပြသလား။
  • 2:51 - 2:55
    သြဇာညောင်းတာက ယုံကြည်မှုအပြင်
    တိကျတဲ့ သတင်းစကား၊
  • 2:55 - 2:58
    ကြည်လင်၊အားကောင်းတဲ့ အသံပေါ့။
  • 2:58 - 3:01
    Pathos ဆိုတာက စိတ်ပိုင်းဆက်နွယ်မှုပါ။
  • 3:01 - 3:06
    ပုံပြင်တွေဟာ စိတ်ပိုင်းဆက်နွယ်မှုတစ်ခု
    ဖန်တီးဖို့ ထိရောက်တဲ့ လူ့ကိရိယာတစ်ခုပါ။
  • 3:06 - 3:08
    သတင်းစကားကြားဖို့ ပရိတ်သတ်
  • 3:08 - 3:10
    အဆင်သင့်မဖြစ်တဲ့ ကာလတွေရှိတယ်။
  • 3:10 - 3:15
    ပြောဟောသူတစ်ယောက်ဟာ သူ့သတင်းစကားအတွက်
    သင်တော်တဲ့ စိတ်ဝန်းကျင်ကို ဖန်တီးရမယ်။
  • 3:15 - 3:17
    ဘာ ပြောင်းသွားခဲ့လဲ။
  • 3:17 - 3:20
    ဘာကြောင့် သူဖျော်ဖြေတာ တစ်ညနားထောင်ဖို့
    လူတွေ မိုင်ချီ ခရီးထွက်ပြီး
  • 3:20 - 3:24
    နောက်မနက်မှာ နားထောင်ဖို့
    တစ်ချက်ကလေးတောင် မနားခဲ့တာလဲ။
  • 3:24 - 3:29
    အဖြေကတော့ ကျော်ကြားမှုနဲ့
    စိတ်ပိုင်းဆက်နွယ်မှု ပျောက်နေတယ်။
  • 3:29 - 3:30
    Ethos
  • 3:30 - 3:34
    Joshua ရဲ့ပွဲကို ကျင်းပတဲ့ ဂီတခန်းမကြီးက
    ၎င်းရဲ့ယုံကြည်မှုကိ Joshua ဆီ
  • 3:34 - 3:37
    သယ်ဆောင်တယ်ဆိုတဲ့အချက်ပါ။
  • 3:37 - 3:40
    ဗိမာန်ကြီးကိုယုံတယ်၊
    အခု Joshua ကို ယုံတယ်။
  • 3:40 - 3:43
    မြေအောက်ဘူတာရုံမှာ ဂီတစွမ်းရည်အတွက်
    ယုံကြည်မှုမရှိဘူး။
  • 3:43 - 3:45
    ကြီးကျယ်တဲ့အနုအပညာ၊ ကြီးကျယ်တဲ့ဂီတ၊
  • 3:45 - 3:46
    ကြီးကျယ်တဲ့စိတ်ကူး
  • 3:46 - 3:48
    တွေ့ဖို့ ကျွန်တော်တို့ မမျှော်လင့်တော့
  • 3:48 - 3:51
    Joshua ယုံကြည်မှု
    ပေးမထားဘူး။
  • 3:52 - 3:54
    Pathos
  • 3:54 - 3:56
    ဂီတခန်းမက ပရိတ်သတ်နဲ့ အနုအညာရှင်ကြားက
  • 3:56 - 3:59
    စိတ်ပိုင်း ရင်းနှီးမှုတစ်ခုအတွက်
    စီစဉ်ထားတယ်
  • 3:59 - 4:01
    မြေအောက်ရတားစင်္ကြံကတော့ မဟုတ်ဘူးလေ။
  • 4:01 - 4:04
    ပျားပန်းခပ်လှုပ်ရှားမှုနဲ့ စိတ်ဖိစီးမှုက
    ဖျော်ဖြေသူနဲ့
  • 4:04 - 4:09
    နားဆင်သူတွေကြားက
    စိတ်ပိုင်းဆက်နွယ်မှုကို မဖြစ်စေဘူး။
  • 4:09 - 4:11
    Logos
  • 4:11 - 4:12
    ethos
  • 4:12 - 4:14
    pathos
  • 4:14 - 4:17
    ဒီစိတ်ကူးက ကျန်တာမပါရင်
    အလကားပဲလေ။
  • 4:17 - 4:18
    ဒါက ၂၀၀၇ ခုနှစ်၊ ဒီလောက်အေးစက်တဲ့
  • 4:18 - 4:22
    ဇန်နဝါရီတစ်ရက်မှာ
    Joshua Bell သင်ယူလိုက်ရတာပါ။
  • 4:23 - 4:24
    ကြီးကျယ်တဲ့စိတ်ကူးတစ်ခုရှိရင်
  • 4:24 - 4:28
    အများလက်ခံနိုင်မှုနဲ့ စိတ်ပိုင်းဆက်နွယ်မှု
    ကို ဘယ်လိုများ သင်တည်ဆောက်မလဲ။
Title:
ဆွဲဆောင်မှုနဲ့ပတ်သက်ပြီး Aristotle နဲ့ Joshua Bell တို့မှ ကျွန်ုပ်တို့အား သင်ကြားပေးခဲ့ကြပုံ - Conor Neill
Description:

သင်ခန်းစာအပြည့်အစုံကို http://ed.ted.com/lessons/what-aristotle-and-joshua-bell-can-teach-us-about-persuasion-conor-neill တွင်ကြည့်ပါ။

သင်ဟာ ကမ္ဘာ့အကြီးကျယ်ဆုံး တယောပညာရှင်တွေထဲက တစ်ဦးလို့ စိတ်ကူးကြည့်လိုက်ပါ။ သင်ဟာ စမ်းသပ်မှုတစ်ခုကို လုပ်ဆောင်ဖို့ ဆုံးဖြတ်လိုက်တယ်။ မြေအောက်ဘူတာရုံတစ်ခုအတွင်းမှာ ဖျော်ဖြေပြီး ဂီတခန်းမတစ်ခုနဲ့ နာမည် ကြီးမှုကို ခွာချထားတဲ့အခါ ဒါကို နှစ်သက်ခံစားဖို့ တစ်ဦးဦးများ ရပ်လေမလားဆိုတာ သိရအောင်ပေါ့။ Joshua Bell ကတော့ ဒီလိုလုပ်ခဲ့တယ်။ ဘာကြောင့် အခြေအနေဟာ အရေးပါတယ်ဆိုတာနားလည်ဖို့ Conor Neill ကနေပြီး Aristotle ကို လမ်းကြောင်းပေးထာပါတယ်။

သင်ခန်းစာကို Conor Neill ကပြုစုပြီး လှုပ်ရှားရုပ်ပုံများကိုတော့ Animationhaus ဖန်တီးထားပါတယ်။

more » « less
Video Language:
English
Team:
closed TED
Project:
TED-Ed
Duration:
04:40

Burmese subtitles

Revisions