TED Circles
-
0:01 - 0:05ဒီဂျစ်တယ် ကိရိယာမရှိဘဲနဲ့ လူတွေကို
ဆက်သွယ်ခဲ့တာကို သင် သတိရနိုင်ပါသလား။ -
0:06 - 0:08မျက်နှာချင်းဆိုင် စကားပြောဆိုမှုဟာ
ဒီနေ့ လောကကြီးထဲ -
0:08 - 0:10မှားနေတဲ့ အရာတွေအတွက် ဖြေဆေး တစ်ခုပါ။
-
0:10 - 0:12စကားပြောဆိုမှုက တစ်ဦးကိုတစ်ဦး
ကြည့်နိုင်ပြီး -
0:12 - 0:16တစ်ဦးကိုတစ်ဦး နားထောင်ရင်း
တစ်ဦးက တစ်ဦးဆီမှာ သင်ယူခွင့် ရရှိစေတယ်။ -
0:16 - 0:18အဲဒါနဲ့ ကျုပ်တို့ TED ထံမှာ
စိတ်ကူး တစ်ခုပေါ်လာတာက -
0:18 - 0:22မျက်နှာချင်းဆိုင် ဆက်သွယ်မှုကို လွယ်ကူကာ
ပျော်စရာနဲ့ စွမ်းထက်အောင် လုပ်ပေးဖို့ပါ။ -
0:22 - 0:25ကျုပ်တို့ဟာ သင့်ကို TED Circles နဲ့
မိတ်ဆက်ပေးချင်ပါတယ်။ -
0:25 - 0:29၎င်းတို့ကို ဒီဇိုင်းပြုစုထားပုံက ဘယ်သူကို
မဆို၊ သင်ကိုယ်တိုင်ကိုပဲ ဖြစ်ဖြစ်၊ -
0:29 - 0:32မိတ်ဆွေတွေ ဒါမှမဟုတ် အိမ်နီးချင်း အုပ်စု
လေးတွေ ပုံမှန် တွေ့ဆုံလျက် -
0:32 - 0:35ကမ္ဘာ့ပေါ်က အာရုံစူးစိုက်စရာ အကောင်းဆုံး
စိတ်ကူးတွေကို ဆွေးနွေးဖို့ အတွက်ပါ။ -
0:35 - 0:37TED Circles လုပ်ကိုင်ပုံက ဘယ်လိုလဲ။
-
0:37 - 0:38ရိုးရိုးလေးပါ။
-
0:38 - 0:42TED Circle တိုင်းဟာ လူတွေက ကြည့်ရှု
ခဲ့ကြတဲ့ TEDTalk တစ်ခုခုကို အခြေခံပါတယ်။ -
0:42 - 0:44လစဉ် အကြောင်းအရာတွေ ရှိနိုင်ပါတယ်၊
-
0:44 - 0:46"ပျော်ရွှင်မှုကိုရှာဖွေခြင်း" ဒါမှမဟုတ်
-
0:46 - 0:47"တီထွင်မှု" လို အကြောင်းအရာ၊
-
0:47 - 0:50ပြီးတော့ အဲဒီအကြောင်းအရာနဲ့
ဆက်စပ်နေကြတဲ့ ဟောပြောခန်း တစ်စုပါ။ -
0:50 - 0:53လက်ခံကျင်းပသူတို့က ဟောပြောချက်ကို
ရွေးလိုက်တဲ့ နောက်မှာ -
0:53 - 0:55သူတို့နေအိမ် ဒါမှမဟုတ် ကဖေးဆိုင်လို
နေရာကို ရှာပြီး -
0:55 - 0:59သူတို့ သိတဲ့လူတွေကို ဖိတ်ခေါ်ရင်း
အခြားသူတွေအတွက်ပါ တံခါးဖွင့်ထားနိုင်ကြတယ်။ -
0:59 - 1:02Circle ထဲပါဝင်ခြင်းအားဖြင့်၊ သင်ဟာ အရာ
အသစ်တွေကို သိရှိလာရပါမယ်၊ -
1:02 - 1:06ပြီးတော့ သင့်ရပ်ကွက် အသိုင်းအဝိုင်းထဲက
လူတွေနဲ့ ဆက်ဆံမှု ပိုခိုင်မြဲလာမှာပါ။ -
1:06 - 1:09ဒီလိုနည်းဖြင့်၊ သင်ဟာ အရေးကြီးဆုံး
အကြောင်းတွေကို ဆွေးနွေးနေကြတဲ့ -
1:09 - 1:13နိုင်ငံတကာ စကားဝိုင်း ထောင်ချီတို့ထဲက
တစ်စိတ်တစ်ပိုင်း ဖြစ်လာမှာပါ။ -
1:13 - 1:15ကျုပ်တို့ ဒါကို ဘာကြောင့် လုပ်ကြရတာလဲ။
-
1:15 - 1:19TED ဟာ အကျိုးအမြတ်ကို မရှာပါဘူး၊ ကျုပ်တို့
ရည်မှန်းချက်က စိတ်ကူးတွေ ဖြန့်ပေးဖို့ပါ။ -
1:19 - 1:23တကွဲတပြား ဖြစ်နေတဲ့ ကမ္ဘာကြီးပေါ်မှာ အဲဒါ
ပြုလုပ်ဖို့ လှပတဲ့ နည်းလမ်းမို့လို့ပါ။ -
1:23 - 1:26ဘယ်သူမဆို TED Circle ကို
အိမ်ရှင်အဖြစ် စည်းရုံးနိုင်တယ် - -
1:26 - 1:29၎င်းတို့ဟာ ပျော်စရာကောင်းပြီး အခမဲ့
ဖြစ်တဲ့အပြင် လူတိုင်းကို ကြိုဆိုပါတယ်။ -
1:29 - 1:33ဒီတော့ သင်ကိုယ်တိုင် စတင်ချင်ရင်
ဒီနေ့ကိုပဲ လက်မှတ်ထိုး ပါဝင်နိုင်ပါပြီ!
- Title:
- TED Circles
- Description:
-
TED Circles ဆိုတာက လူအုပ်စုလေးတွေ တွေ့ဆုံပြီး သူတို့ရဲ့ စိတ်ကူးတွေကို ဆွေးနွေးနိုင်ရန် အခမဲ့ ပလက်ဖောင်း တစ်ခုပါ။ စေတနာ့ဝန်ထမ်းသမား တစ်ဦးက အိမ်ရှင်အဖြစ် စည်းရုံးနိုင်ပြီး အပတ်စဉ် ဒါမှမဟုတ် လစဉ် အဲဒီလိုစုစည်းမှုက စိတ်ကူးကြည့်ဖို့နဲ့ ဆွေးနွေးခွင့်ကို ပေးနိုင်ပါတယ်။ TED Circle တိုင်းဟာ သူမတူထူးခြားပြီး လက်တွေ့မှာ TED Circles ပလက်ဖောင်းမှ တစ်ဆင့် တစ်ခုနဲ့တစ်ခု ချိတ်ဆက်နေကြလို့ ဒေသထဲက ဆွေးနွေးမှုကို ကမ္ဘာ့ အတိုင်းအတာ အထိ မြှင့်တင်ပေးနိုင်ပါတယ်။ ဒီဗီဒီယိုက Circles တွေ လုပ်ကိုင်ကြပုံကို လည်းကောင်း၊ TED က ဘာဖြစ်လို့ ၎င်းတို့ကို ယုံကြည်တာကို လည်းကောင်း ရှင်းလင်း တင်ဆက်ထားပါတယ်။
ပိုသိချင်ရင် ဝင်ကြည့်ရန်မှာ - www.TEDCircles.com
- Video Language:
- English
- Team:
- closed TED
- Project:
- TED Series
- Duration:
- 01:38
Myo Aung approved Burmese subtitles for TED Circles | ||
Myo Aung edited Burmese subtitles for TED Circles | ||
Sanda Aung accepted Burmese subtitles for TED Circles | ||
Sanda Aung edited Burmese subtitles for TED Circles | ||
Myo Aung edited Burmese subtitles for TED Circles | ||
Myo Aung edited Burmese subtitles for TED Circles |