-
-
မေးခွန်းက ဒီကိန်းနှစ်ခုကိုနှုတ်ပြီး အဖြေကိုရှင်းထုတ်ပါ
-
ပြီးတော့ ကိန်းရောနဲ့အဖြေထုတ်ပါလို့ ပေးထားတယ်
-
ကျွန်တော်တို့ ပုံစံနှစ်မျိုးတွက်ပါမယ်
-
ပထမနည်းက ကျွန်တော်တို့ ကိန်းနှစ်ခုလုံးကို
-
ကိန်းတုပြောင်းပါမယ်။ ဘာထွက်မလဲကြည့်မယ်
-
နောက်တစ်နည်းက ကျွန်တော်တို့ ကိန်းပြည့်အပိုင်းကိုပဲ
-
နှုတ်ပါမယ်။ ပြီးတော့ အပိုင်းဂဏန်းအပိုင်းတွေကို
-
နှုတ်မယ်။
-
ဒီတော့ ကျွန်တော်တို့ ကိန်းနှစ်ခုလုံးကို ကိန်းတုပြောင်းရင်
-
ပထမဆုံး ၈ ၂/၃ ကိုကိန်းတုပြောင်းမယ်
-
ပိုင်းခြေမှာ ၃ ရှိတယ်။
-
၃ ရှစ်လီက ၂၄
-
၂၄ ကို ၂ ပေါင်းတော့ ၂၆
-
ဒီတော့ ၈ ၂/၃ က ၂၆/၃ နဲ့ တူတူပဲ
-
ပြီးတော့ ၅ ၅/၆ ၊ ကျွန်တော်တို့ နှုတ်မယ့်ကိန်းပါ
-
ပိုင်းခြေမှာ ၆ ရှိတယ်
-
၆ × ၅ က ၃၀
-
၃၀ ကို ၅ ပေါင်းတော့ ၃၅
-
ဒီကိန်းက ကိန်းတု ၃၅/၆ ဖြစ်သွားပြီ
-
အခု နှုတ်ဖို့ဆိုရင် ကျွန်တော်တို့မှာ ဘုံပိုင်းခြေရှိဖို့ လိုတယ်
-
၃ နဲ့ ၆ နဲ့ဆိုတော့ ပိုင်းခြေမတူဘူး။ ဒါပေမယ့်
-
ဂဏန်းနှစ်ခုလုံးကို ၆ နဲ့စားလို့ပြတ်တယ်
-
၆ က ၃ ကော ၆ ကောရဲ့ အငယ်ဆုံး ဘုံဆတိုးကိန်းပဲ
-
ဒီတော့ ပိုင်းခြေနှစ်ခုလုံးကို ၆ ဖြစ်အောင်လုပ်မယ်
-
၂၆/၃ ကို ပိုင်းခြေ ၆ ဖြစ်အောင်လုပ်ရင်၊ ၃ ကနေ ၆ ရဖို့
-
၂ နဲ့မြှောက်ရမယ်။ ဒါဆိုရင် ကျွန်တော်တို့
-
ပိုင်းဝေကိုလည်း ၂ နဲ့မြှောက်ရမယ်
-
၂၆ ကို ၂ နဲ့မြှောက်တော့ ၅၂ ရတယ်
-
ဒီတော့ ၅၂/၆ -
-
ဒီကိန်းကို လိမ္မော်ရောင် ပြောင်းစရာမလိုပါဘူး
-
ပိုင်းခြေ ၆ ဖြစ်ပြီးသားမို့ပါ၊ ဒီတော့ - ၃၆/၆
-
ဘာရလဲဆိုတော့ ၅၂ - ၃၅ ကဘယ်လောက်လဲ
-
ကြည့်ရအောင် ၃၅ ကို ၅ ပေါင်းရင် ၄၀ ရမယ်
-
၁၅ ပေါင်းရင်တော့ ၅၀ ရတယ်။ ဒီတော့ ကျွန်တော်တို့
-
နောက်ထပ် ၂ထပ်ပေါင်းလိုက်ရင် ၁၇။ ကွာခြားချက်က ၁၇
-
ဒီတော့ ၁၇/၆ ရတယ်
-
ဒါက အပိုင်းကိန်းတုပါ
-
အခု ကျွန်တော်တို့ အဲဒါကို ကိန်းရောပုံစံ ပြောင်းမယ်ဆိုရင်
-
၆ က ၁၇ ကို ဘယ်နှစ်လီဝင်လို့ရလဲ
-
အင်း.. ၆ ×၂ က ၁၂။ ဝင်လို့ရတယ်
-
၆ သုံးလီဆို ကြီးသွားပြီ
-
၁၈ ဖြစ်သွားပြီ။ ဒီတော့ ၂ လီဝင်လို့ရတယ်
-
အခု သင်တို့နှစ်လီဝင်မယ်ဆိုရင် ၊ ၁၂ ဆိုတော့
-
ပိုင်းဝေမှာ ၅ ကျန်မယ် ဟုတ်လား?
-
၁၂ ကနေ ၁၇ ရဖို့ဆိုရင်၊ ၅ လိုတယ်။ ဒီတော့ ၅ ကျန်တယ်
-
သင်တို့ ၁၇ ကို ၆ နှစ်လီဝင်တယ်၊ အကြွင်း ၅ ကျန်တယ်
-
ဒီတော့ ၁၇/၆ က ၂ ၅/၆ ဖြစ်တယ်
-
ဒါဆို ကျွန်တော်တို့ ပြီးပြီ
-
ဒီပုံစံက အပိုင်းကိန်းတုပုံစံ ပြောင်းတဲ့နည်းလမ်းပါ
-
ဒါက အမြဲတမ်း ထိရောက်ပါတယ်
-
အမြဲတမ်း အလုပ်ဖြစ်ပါတယ်
-
တစ်ခါတစ်လေ မှာ လွယ်ချင်လွယ်မယ်၊ ခက်ချင်ခက်မယ်
-
ဒါပေမယ့် အမြဲတမ်း အဆင်ပြေပါတယ်
-
တကယ်တော့ ဘယ်နည်းမဆို အဆင်ပြေပါတယ်
-
ဒါပေမယ့် ကျွန်တော်က ဒီနည်းနဲ့ပဲတွက်လေ့ရှိတယ်
-
အခု ကိန်းပြည့်နဲ့ အပိုင်းဂဏန်းအပိုင်းတွေ
-
ခွဲ ပြီး တွက်ရအောင်
-
ကျွန်တော်တို့ ပထမဆုံး ၈ - ၅ အနေနဲ့ကြည့်မယ်
-
တွက်ရအောင်
-
(၈ - ၅)။ ဒါက ကိန်းပြည့်တွေကိုပဲ နှုတ်နေတာပါ
-
+ (၂/၃ - ၅/၆)
-
အခု ၈ - ၅ က ဒါကလွယ်ပါတယ်
-
၃ ရတယ်
-
ဒီမှာတော့ စိတ်ဝင်စားဖို့ကောင်းပါတယ်
-
ဒါကို ကြိုးစားပြီးတွက်ကြည့်ရအောင်
-
တခြားအရောင်နဲ့ တွက်ပြပါမယ်
-
ကျွန်တော်တို့ ဒီမှာ ဘုံပိုင်းခြေ လုပ်ချင်တယ်
-
၆ က ၃ကော ၆ ကောရဲ့ အငယ်ဆုံးဘုံဆတိုးကိန်းမှန်း ကျွန်တော်တို့သိပြီးသားပါ
-
ဒီတော့ ကျွန်တော်တို့ပိုင်းခြေနှစ်ခုလုံးကို ၆ လုပ်မယ်
-
၅/၆ ရဲ့ ပိုင်းခြေက ၆ ဖြစ်ပြီးသားပဲ။
-
ကျွန်တော်တို့ ဒီမှာ ဘာမှလုပ်စရာမလိုဘူး
-
ပိုင်းခြေမှာ ၃ ကို ၆ ဖြစ်အောင်လုပ်ဖို့
-
ကျွန်တော်တို့ ၂ နဲ့မြှောက်ရမယ်။ ဒီတော့ ကျွန်တော်တို့ ပိုင်းဝေမှာလည်း ၂ နဲ့မြှောက်မယ်
-
၂ × ၂ က ၄ ရတယ်
-
၎/၆ - ၅/၆ ဆိုတော့
-
ရှင်းလိုက်ရင် အနှုတ်ကိန်းထွက်ပါမယ်
-
၅ ထဲက ၄ ကိုနှုတ်လိုက်ရင် အဖြေက ၀ အောက်ရပါလိမ့်မယ်
-
အခု ကျွန်တော်တို့ အနှုတ်ကိန်းတွေနဲ့ မတွက်ချင်ဘူးဆိုရင်
-
ဘယ်လိုလုပ်မလဲ။ ကျွန်တော်တို့ ဂဏန်းပြန်ဖွဲ့တာ
-
ဒါမှမဟုတ် ဂဏန်းချေး ပြီးတွက်ရပါမယ်။ ဂဏန်းချေးတယ်လို့တော့
-
မခေါ်ပါဘူး။ ဂဏန်းသယ်တယ်လို့တော့ ပြောကြတယ်
-
ကျွန်တော်တို့ ၃ ကိုပြန်ရေးမယ်
-
ဒါက နည်းနည်းတော့ ခက်ပါတယ်
-
ကျွန်တော်ဒီမှာ တွက်ပါမယ်
-
ကျွန်တော် မျဉ်းဆွဲလိုက်မယ်။ ဒါဆို
-
နည်းနှစ်နည်း မရောတော့ဘူးပေါ့
-
ကျွန်တော်တို့ ၃ ကို ၂ + ၁ လို့ပြောင်းရေးမယ်။ ဒါပေမယ့်
-
၁ နေရာမှာ ၆/၆ လို့ရေးမယ်။ မှန်တယ်ဟုတ်?
-
၆/၆ က ၁ ပဲ၊ ၂ နဲ့ပေါင်းတော့ ၃
-
ပြီးတော့ ကျွန်တော်တို့ ဒီကိန်းတွေနဲ့ပေါင်းတယ်
-
ဒီတော့ + ၄/၆ - ၅/၆
-
အခု ဘာဖြစ်သွားပြီလဲ
-
ကျွန်တော်တို့ ၆/၆ ကိုဒီအပိုင်းကိန်းတွေနဲ့
-
ပေါင်းမယ်၊ ၄/၆ နဲ့ပေါင်း ပြီးတော့ ၅ ကိုနှုတ်မယ်
-
ဒီတော့ ကျွန်တော်တို့ အပေါင်းကိန်းရပြီ။ တွက်ရအောင်
-
ဒီမှာ ၂ ရေးမယ်။
-
၂ + ပြီးတော့ ပိုင်းခြေမှာ ၆ ၊ ပိုင်းဝေမှာ ၆+၎
-
ကျွန်တော်ရေးပါမယ်
-
၆ + ၄ - ၅
-
ဘယ်လောက်ရမလဲ
-
၂ ရေးမယ်။ ၆ ပေါ်မှာ
-
-
၆ + ၄ က ၁၀၊ ၁၀ - ၅ ဆိုတော့ ၅
-
ဒီတော့ ၂ ၅/၆ ၊ ကျွန်တော်တို့ တခြားနည်းနဲ့
-
တွက်လို့ရတဲ့အဖြေနဲ့ တူတူပါပဲ