-
-
တစ် လေးပိုင်း သုံးပိုင်း ကို ခုနစ် ငါးပိုင်းတစ်ပိုင်းနဲ့ မြှောက်ပါ။
-
အဖြေကို ရှင်းပြီး ကိန်းရောဖြင့် ပြပါ။
-
ဒီတော့ ကျွန်တော့ ပထမဆုံးလုပ်ရမှာက ကိန်းရောတွေကို
-
အပိုင်းကိန်း ပြောင်းရပါမယ်။
-
ကျွန်တော့်အတွက်တော့ ဒါဟာ အရမ်းခက်ပါတယ်။
-
ကိန်းရောတွေကို တိုက်ရိုက်မြှောက်ဖို့ကျတော့ အရမ်းခက်ပါတယ်။
-
မြှောက်နိုင်တဲ့ လူတွေလည်း ရှိပါတယ်။
-
ဒါပေမယ့် အပိုင်းကိန်းအဖြစ် ပြောင်းနိုင်ရင် အများကြီး ပိုလွယ်သွားပါမယ်။
-
ဒီတော့ တစ်ခုချင်းစီ ပြောင်းကြရအောင်။
-
ဒီတော့ တစ် လေးပိုင်းသုံးပိုင်းက ညီပါတယ် -
-
ပိုင်းခြေကတော့ လေး ပဲ။ ဒါပေမယ့်
-
ပိုင်းဝေကတော့ ၁ နဲ့ ၃ ပေါင်းတာ
-
မဟုတ်ပါဘူး။
-
.
-
ပြီးတော့ ဘာလို့ပေါင်းမရတာလဲဆိုတော့
-
၁ ဆိုတာက ၄ပိုင်း ၄ပိုင်းနဲ့ ညီတယ် မဟုတ်လား။
-
၎ ပိုင်း ၄ပိုင်းနဲ့ ၄ ပိုင်း ၃ ပိုင်း ပေါင်းလိုက်ရင်
-
၎ ပိုင်း ၇ ပိုင်း ရပါတယ်။
-
.
-
ဒီတော့ ၁ လေးပိုင်း သုံးပိုင်းက ၄ ပိုင်း ၇ ပိုင်းနဲ့ ညီပါတယ်။
-
ခုနစ် ၅ ပိုင်း ၁ ပိုင်း ကို တွက်ကြည့်ရအောင်။
-
.
-
ခုနက နည်းလမ်းအတိုင်းပါပဲ။
-
ငါးပိုင်း ပိုင်းပြီး ပြောကြမယ်။
-
ပိုင်းခြေကို မူတည်ပြီး ပြောကြမယ်။
-
၅ နဲ့ ၇ နဲ့ မြှောက်လဒ်လို့ သင် ယူဆလိုက်တယ်။
-
၇ ဆိုတာ ၃၅ ပိုင်း ၅ ပိုင်း နဲ့ အတူတူပဲ။
-
ဒီတော့ ၅ နဲ့ ၇ မြှောက်လဒ်ကို ပိုင်းဝေနဲ့ ပေါင်းမယ်။
-
ဒီတော့ ၇ ဆိုတာ ၃၅ ပိုင်း ၅ ပိုင်း၊ ပြီးတော့ ၅ ပိုင်း ၁ ပိုင်း ထပ်ရှိသေးတယ်။
-
ဒီတော့ ၃၅ အပေါင်း ၁ ဆိုတော့ ၃၆ ပိုင်း ၅ ပိုင်းနဲ့ ညီသွားတယ်။
-
ဒီတော့ ဒီအဖြေဟာ ၇ပိုင်း ၄ပိုင်း အမြှောက် ၃၆ ပိုင်း ၅ ပိုင်း ရဲ့ အဖြေနဲ့
-
အတူတူပါပဲ။
-
အဲဒါကို ကျွန်တော်တို့ အခု မြှောက်လို့ရပါပြီ။
-
၇ အမြှောက် ၃၆ ကို ပိုင်းဝေအသစ်အဖြစ်ထားပါ။
-
၎ အမြှောက် ၅ ကို ပိုင်းခြေအဖြစ်ထားပါ။ ဒါပေမယ့်
-
၇ နဲ့ ၃၆ ကို စိတ်တွက်နဲ့ မမြှောက်နိုင်ဘူး
-
-
ဒီတော့ ဒါကို လွယ်အောင် ဘယ်လိုရှင်းမလဲ ကြည့်ကြရအောင်။
-
ကျွန်တော်တို့ရဲ့ ပိုင်းခြေရော ပိုင်းဝေရောဟာ
-
၎ နဲ့ စားလို့ ပြတ်တဲ့ ဂဏန်းတွေ ဖြစ်ပြီး
-
၎ နဲ့ စားကြည့်ရအောင်။
-
ဒီတော့ ပိုင်းဝေမှာ ၃၆ ကို ၄ နဲ့စားရင် ၉ ရတယ်။
-
ပိုင်းဝေက ဂဏန်းတစ်ခုခုကို ၄ နဲ့စားရင်
-
ပိုင်းခြေကိုလည်း ၄ နဲ့ စားရမယ်။
-
ဒါမှ ၄ နဲ့ ၄ ချေလိုက်ရင် ၁ ပြန်ရမယ်။
-
အခုဆိုရင် ၇ အမြှောက် ၉ က ဘယ်လောက်ရလဲ။
-
အဖြေ ၆၃ ရတယ်။ ပိုင်းခြေမှာ ၅ နဲ့ ၁ နဲ့ မြှောက်မယ်။
-
ဒီတော့ အခုဆို ကျွန်တော့်တို့ အဖြေကို အပိုင်းကိန်း အနေနဲ့ ရသွားပြီ။
-
ဒါပေမယ့် ကိန်းရော အနေနဲ့ လိုချင်တာဖြစ်တဲ့အတွက်
-
၅ ပိုင်း ၆၃ ပိုင်း ရဲ့ ကိန်းရောက ဘာဖြစ်မလဲ။
-
အဲဒီ အဖြေကို ရှာဖို့အတွက် မြင်သာထင်သာရှိမယ့် အရောင်လေး ရွေးလိုက်မယ်။
-
ကျွန်တော်တို့ ၆၃ ကို ၅ နဲ့ စားမယ်။
-
၅ က ၆ အတွက် ၁ လီဝင်လို့ ရမယ်။
-
၅ တစ်လီက ၅။
-
နှုတ်လိုက်မယ်။
-
၆ အနှုတ် ၅ က ၁။
-
၃ ကို ဆွဲချ။
-
၁၃ ဖြစ်သွားပြီး ၅ က ၂ လီ ၀င်လို့ရမယ်။
-
၆၃ ကို ၅ နဲ့ စားလိုက်ရင် စားလဒ် ၁၂ ရတယ်လို့လည်း တန်းပြောနိုင်တယ်။
-
ဒါပေမယ့် ကျွန်တော့်အတွက်တော့
-
ဒါက ပိုရှင်းပါတယ်။
-
ပြီးတော့ ၅ နှစ်လီ က ၁၂။ အော်… မှားသွားလို့
-
၅ နှစ်လီက ၁၀ ပါ။
-
ဒါကြောင့် သင်္ချာပုစာတွက်နေတုန်း
-
ခဲတံမလဲလိုက်ပါနဲ့။
-
၂ ငါးလီ က ၁၀၊ ပြီးတော့ နှုတ်လိုက်ရင်
-
အကြွင်း ၃ ကျန်မယ်။
-
-
ဒီတော့ ၅ ပိုင်း ၆၃ ပိုင်း က စားလဒ် ၁၂ ရပြီး အကြွင်း ၃ ကျန်တယ်။
-
ဒါ့ကြောင့် ၅ ပိုင်း ၃ ပိုင်း ရတယ်။
-
အပိုင်းကိန်းကနေ ကိန်းရော ပြောင်းချင်တယ်ဆိုရင်
-
၁၂ ဆိုတာ ၅ ပိုင်း ၆၀ ပိုင်းနဲ့ တူတယ်လို့ တွေးလိုက်ရုံပါပဲ။
-
၅ ပိုင်း ၆၀ ပိုင်း အပေါင်း ၅ ပိုင်း ၃ ပိုင်း က ၅ ပိုင်း ၆၃ ပိုင်း ရတယ်။
-
ဒီတော့ အဲဒီနှစ်ခုက အတူတူပဲလေ။
-
အဲဒီနှစ်ခုက တန်ဖိုးချင်း ညီမျှပါတယ်။
-
ဒါကတော့ အပိုင်းကိန်း ဖြစ်သွားပါပြီ။
-
ဒါကတော့ ကိန်းရောပါ။
-
ဒါပေမယ့် ကျွန်တော်တို့ရဲ့ အဖြေက ဒီမှာပါ - ၁၂ ငါးပိုင်းသုံးပိုင်း ပါ။