သဘာဝဘေးအန္တရာယ်တွေကို တိုက်ဖျက်ဖို့၊ စီးပွားရေးတည်ဆောက်ဖို့ မြေပုံများကို ပြုလုပ်ခြင်း၊
-
0:01 - 0:062008 ခုနှစ် နာဂစ် မုန်တိုင်းက
မြန်မာနိုင်ငံကို ဝင်တိုက်ခတ်ခဲ့စဉ် -
0:06 - 0:10လူ သန်းပေါင်းများစွာတို့ဟာ အကူအညီကို
အရေးတကြီး လိုအပ်နေခဲ့ကြတယ်။ -
0:10 - 0:14ကုလသမဂ္ဂက အဲဒီနေရာတွေကို လူနဲ့
အထောက်အပံ့တွေ အမြန်ပေးပို့ချင်ခဲ့တယ်။ -
0:14 - 0:17ဒါပေမဲ့ အဲဒီနေရာအတွက် မြေပုံတွေ၊
လမ်းတွေရဲ့ မြေပုံတွေမရှိခဲ့ဘူး -
0:17 - 0:22ဆေးရုံတွေပြတဲ့ မြေပုံမရှိ၊ မုန်တိုင်းသင့်
ပြည်သူတွေကို ကူညီရဖို့ နည်းလမ်းမရှိခဲ့ဘူး။ -
0:22 - 0:25လော့စ်အင်ဂျလီ သို့မဟုတ်
လန်ဒန်ကို ကြည့်တဲ့အခါ -
0:25 - 0:28ယုံဖို့တောင်ခက်လိမ့်မယ်၊
-
0:28 - 0:31၂၀၀၅ခုနှစ်အထိ ၊ ကမ္ဘာကြီးရဲ့
၁၅ ရာခိုင်နှုန်းကပဲ -
0:31 - 0:34အသေးစိတ် မြေပုံဖြင့်
မှတ်တမ်းတင်နိုင်ခဲ့တယ် -
0:34 - 0:37ကုလသမဂ္ဂအနေနဲ့ ပထမဆုံးကြုံခဲ့ရတဲ့ ပြဿနာက
-
0:37 - 0:39ကမ္ဘာ့လူဦးရေသိပ်သည်းတဲ့ ဒေသအများစုမှာ
-
0:39 - 0:41အသေးစိတ်မြေပုံ မရှိတာပါပဲ။
-
0:41 - 0:43အကူအညီတွေကတော့ လာနေပါပြီ
-
0:43 - 0:45Google မှာ စေတနာ့ဝန်ထမ်း ၄၀ တို့က
-
0:45 - 0:48၁၂၀,၀၀၀ ကီလိုမီတာရှိတဲ့လမ်းတွေ၊
ဆေးရုံပေါင်း၃၀၀၀၊ နဲ့ -
0:48 - 0:51ထောက်ပံ့ရေးလမ်းကြောင်း၊ နေရာတွေကို
-
0:51 - 0:54မြေပုံဆွဲဖို့ ဆော့ဖ်ဝဲ အသစ်တစ်ခုကို
သုံးခဲ့တယ်။ -
0:54 - 0:56အဲဒါကို သူတို့ ၄ ရက်နဲ့ လုပ်နိုင်ခဲ့တယ်။
-
0:56 - 0:59သူတို့သုံးတဲ့ ဆော့ဖ်ဝဲကတော့
Google Mapmaker ပါ။ -
0:59 - 1:02Google Mapmaker က ကျွန်တော်တို့သိတဲ့
ဒေသတွင်းက -
1:02 - 1:05မြေပုံတွေကိုရေးဆွဲဖို့
စွမ်းဆောင်လာစေတဲ့ နည်းပညာတစ်ခုပါ။ -
1:05 - 1:07လူတွေက ဒီဆော့ဖ်ဝဲကိုသုံးပြီး
-
1:07 - 1:09လမ်းတွေ မြစ်တွေကနေစလို့
-
1:09 - 1:12ကျောင်းတွေ ဒေသတွင်းစီးပွားရေး
လုပ်ငန်းတွေ၊ ဗီဒီယိုစတိုးနဲ့ လမ်းထောင့်က -
1:12 - 1:15စတိုးဆိုင်တွေအထိ
မြေပုံထဲထည့်သွင်းနေကြပါပြီ -
1:15 - 1:17မြေပုံက အရေးကြီးပါတယ်။
-
1:17 - 1:19နိုဘယ်ဆုရှင်အဖြစ် အဆိုပြုခဲ့ရတဲ့
Hernando De Soto က -
1:19 - 1:21ဖွံ့ဖြိုးဆဲနိုင်ငံအများစု အတွက်
-
1:21 - 1:23စီးပွားရေးမြင့်တက်လာဖို့ သော့ချက်တစ်ခုက
-
1:23 - 1:26မဖော်ထုတ်ရသေးတဲ့ မြေတွေအများကြီးကို
ဖော်ထုတ်ဖို့ပဲ ထောက်ပြခဲ့ပါတယ်။ -
1:26 - 1:29ဥပမာ- အိန္ဒိယတစ်ခုတည်းမှာကိုပဲ
-
1:29 - 1:32ဒေါ်လာ ထရီလျံချီတဲ့ အိမ်ခြံမြေလုပ်ငန်း
တွေကို မဖော်ထုတ်ရသေးဘူး။ -
1:32 - 1:34လွန်ခဲ့တဲ့ တနှစ်တည်းမှာကိုပဲ
-
1:34 - 1:38နိုင်ငံ ၁၇၀ က အသုံးပြုသူထောင်ချီဟာ
-
1:38 - 1:41အချက်အလက် သန်းနဲ့ချီပြီး
မြေပုံထဲ ထည့်သွင်းခဲ့ပြီး -
1:41 - 1:45ဘယ်တော့မှ မဖြစ်နိုင်ဘူးလို့ထင်ရလောက်တဲ့
အဆင့်ရှိတဲ့ မြေပုံကိုဖန်တီးခဲ့ကြတယ်။ -
1:45 - 1:46ဒါကတော့ နေရာတိုင်းမှာရှိတဲ့
-
1:46 - 1:50စိတ်ဓာတ်ပြင်းပြတဲ့
အသုံးပြုသူတွေရဲ့ စွမ်းအားကြောင့်ပါ။ -
1:50 - 1:53အသုံးပြုသူတွေ ဖန်တီးထားတဲ့
-
1:53 - 1:56မြေပုံတချို့ကိုကြည့်ကြပါစို့။
-
1:56 - 1:58အခုပြောနေစဉ်မှာကိုပဲ
နိုင်ငံ ၁၇၀ ကလူတွေက -
1:58 - 2:00ကမ္ဘာကြီးကို မြေပုံ ပြုလုပ်နေကြပါတယ်။
-
2:00 - 2:06အာဖရိကမှ တစ်ယောက်က Senegal မှာ
လမ်းအသစ်တစ်ခုကို ထည့်လိုက်ပါတယ်။ -
2:06 - 2:11အိမ်နဲ့ပိုနီးတဲ့ Chalua မှာဆိုရင်တော့
ဘန်ဂလောမှာ N.G လမ်းတစ်ခုကို ထည့်လိုက်တယ်။ -
2:11 - 2:14ဒါက တွက်ချက်နိင်တဲ့ ဂျီသြမတြီ ၊
-
2:14 - 2:17အမူအရာ သိမှတ်ခြင်း၊ နဲ့ စက်ကသင်ယူတဲ့
အစွမ်းတွေကြောင့်ပါ။ -
2:17 - 2:19ဒါက မြို့ပေါင်းရာကျော်က ထောင်နဲ့ချီတဲ့
-
2:19 - 2:21အသုံးပြုသူတွေရဲ့ အောင်ပွဲပါပဲ၊
-
2:21 - 2:23အသုံးပြုသူတစ်ယောက်က
တစ်ခါပဲ ပြင်လိုက်ပါစေဦး -
2:23 - 2:27ဒါက မြေပုံမဆွဲရသေးတဲ့ ဒီဂြိုဟ်ရဲ့
၇၀ ရာခိုင်နှုန်းလောက်ကို -
2:27 - 2:29ဖိတ်ခေါ်လိုက်တာပါပဲ။
-
2:29 - 2:31ကမ္ဘာသစ်ကို ကြိုဆိုကြပါစို့။
-
2:31 - 2:34(လက်ခုပ်သံ)
- Title:
- သဘာဝဘေးအန္တရာယ်တွေကို တိုက်ဖျက်ဖို့၊ စီးပွားရေးတည်ဆောက်ဖို့ မြေပုံများကို ပြုလုပ်ခြင်း၊
- Speaker:
- Lalitesh Katragadda
- Description:
-
more » « less
၂၀၀၅ခုနှစ်အထိ ၊ ကမ္ဘာကြီးရဲ့ ၁၅ ရာခိုင်နှုန်းကိုသာ မြေပုံ ပြုလုပ်နိုင်ခဲ့တယ်။ ဒါက သဘာဝဘေးအန္တရာယ် တစ်ခုခရဲ့ နောက်မှာ အကူအညီ ပေးမှုကို နှေးကွေးစေပြီး အသုံးမပြုရသေးတဲ့ မြေတွေနဲ့ မသုံးရသေးတဲ့ လမ်းတွေရဲ့ စီးပွားရေး စွမ်းပကားတွေကို မြင်မရအောင် ဖုံးကွယ်ထားပါတယ်။ ဒီ ဟောပြောချက်အတိုလေးမှာ၊ Google မှ Lalitesh Katragadda က Map maker ကို သရုပ်ပြခဲ့ပါတယ်။ Map maker ဟာ ကမ္ဘာတစ်ဝှမ်းမှလူတွေက သူတို့ရဲ့ ကမ္ဘာကြီးကို မြေပုံဆွဲဖို့ပြုလုပ်ထားတဲ့ ကိရိယာတစ်ခုဖြစ်ပါတယ်။
- Video Language:
- English
- Team:
closed TED
- Project:
- TEDTalks
- Duration:
- 02:38
|
sann tint approved Burmese subtitles for Making maps to fight disaster, build economies | |
|
Myo Aung accepted Burmese subtitles for Making maps to fight disaster, build economies | |
|
Myo Aung edited Burmese subtitles for Making maps to fight disaster, build economies | |
|
Nyein Chan Ko Ko edited Burmese subtitles for Making maps to fight disaster, build economies |


