-
မကြာခင်တုန်းက၊
-
မျက်နှာဖြူ ငနဲ တချို့နဲ့
လူမည်းတချို့တို့ဟာ
-
Twitter ကိုယ်ပွားပုံတွေ၊
ဒါမှမဟုတ် ပုံတွေကို အွန်လိုင်း ဖလှယ်ကြတယ်
-
အကြောင်းအရာတွေကို ဖလှယ်ကြတာ မဟုတ်ဘူး
-
သူတို့ဟာ အလားတူ ပုံမှန် တွီးတ်နေခဲ့ကြတယ်
-
ရုတ်တရက် မျက်နှာဖြူငနဲတွေ သတိထားမိတာက
-
တစ်တချိန်လုံး ဆိုးတဲ့ စကားလုံးတွေပဲ
ရရှိနေကြတာကို သတိထားမိကြတယ်
-
သူတို့ဟာ အွန်လိုင်းမှာ အဆိုးဝါးဆုံး
အလွဲသုံးစားခံနေခဲ့ကြရပါတယ်
-
လူမည်းအမျိုးသမီးတွေကျတော့
ရုတ်တရက်ဆိုသလို
-
အရာတွေဟာ သိပ်ကျေနပ်စရာ ကောင်းလာပါတယ်။
-
သင်ဟာ ကျွန်မရဲ့ ငါးနှစ်ရွယ် ကလေးဆိုရင်
-
သင့်အင်တာနက်မှာ ခွေးကလေးတွေ၊
နတ်သမီးတွေ ရှိနေခဲ့ကြမှာပါ
-
မကြာခဏဆိုသလို နတ်သမီးတွေက
ခွေးတွေကို စီးလျက်ပေါ့လေ။
-
တကယ်ပါပဲ။ Google မှာ ရှာကြည့်ကြပါ။
-
ဒါပေမဲ့ ကျွန်မတို့ အားလုံး သိကြသလို
အင်တာနက်ဟာ
-
အရမ်းကို အရုပ်ဆိုးနိုင်တဲ့ အရာပါပဲ။
-
ကျွန်မတို့ ဒီမိုကရေစီအတွက်
အကျိုးရှိကြတယ်လို့ ကျွန်မထင်မိတဲ့
-
နင်လားငါလား ဆွေးနွေးမှုတွေကို
ပြောနေတာ မဟုတ်ပါဘူး။
-
ကျွန်မပြောနေတာက ရိုင်းစိုင်းတဲ့
ပုဂ္ဂိုလ်ရေး တိုက်ခိုက်မှုတွေကိုပါ။
-
ရှင်ဟာ အမျိုးသမီးဖြစ်တယ်၊
မျက်နှာဖြူ မဟုတ်ဘူး၊
-
ဒါမှဟုတ် လိင်တူချင်း ဆက်ဆံသူ ဖြစ်တယ်
-
ဒါမှဟုတ် လိင်တူချင်း ဆက်ဆံသူ ဖြစ်တယ်ဆိုရင်
-
အဲဒီလို အနည်းဆုံး
နှစ်ဆဖြစ်နိုင်ခြေ ရှိပါတယ်။
-
တကယ်အဖြစ်က၊
ကျွန်မ ဒီဆွေးနွေးပွဲကို ရေးနေစဉ်
-
ကျွန်မဟာ @SallyKohnSucks ဆိုတဲ့
တွီတားအကောင့်ကို တွေ့မိတယ်။
-
ဘိုင်အို ထဲမယ်ကျတော့ "အမျိုးသားတွေကို
မုန်းတီးသူ၊ အမျိုးသမီးချင်း လိင်ဆက်ဆံသူ၊
-
ကျွန်မဘဝထဲ လုပ်နိုင်ခဲ့တာဆိုလို့
ကျွန်မရဲ့ လိင်စွမ်းဆောင်မှုကို
-
ဖြန့်ဝေနေခြင်းသာ ဖြစ်တယ်"လို့ ဆိုထားပါတယ်။
-
အဲဒါက တကယ်ကျတော့ သုံးပုံတစ်ပုံသာ မှန်ပါတယ်။
-
မုသားစကားတွေပါ! (ရယ်မောသံများ)
-
တကယ်ပြောရရင်၊ ကျွန်မတို့ အားလုံး
ဒီညစ်ပတ်မှုတွေကို မုန်းကြပါတယ်။
-
မေးခွန်းက အဲဒါကို ပြောင်းလဲပစ်ဖို့အတွက်
-
သင်ဟာ ပုဂ္ဂိုလ်ရေး စွန့်လွှတ်မှုကို
လုပ်ဖို့အသင့်ရှိရဲ့လား။
-
အင်တာနက်ကို စွန့်ပစ်ဖို့ ပြောနေတာ မဟုတ်ပါ။
-
ရှင်တို့ ကလစ်ကြပုံကို
ပြောင်းလဲရန်ကို ဆိုလိုတာပါ၊
-
ကလစ်ခြင်းဟာ လူသိရှင်ကြားလုပ်ရပ်
တစ်ခုမို့လိုပါ။
-
အားကောင်းကြတဲ့ အထက်လွှာတချို့တို့က
-
မီဒီယာ အားလုံးကို ထိန်းချုပ်ထားကြပြီး
ကျွန်တော်တို့ အားလုံးဟာ
-
ဘာမှမတတ်သာဘဲ လက်ခံထားရတာမျိုး မဟုတ်တော့ပါ။
-
ကျွန်မတို့ ကိုယ်တိုင် မီဒီယာတွေ
တိုးတိုးဖြစ်လာကြပါပြီ။
-
ကောင်းပါပြီ၊ ကျွန်မဟာ အကျအန
ပြင်ဆင်လိုက်မယ်၊
-
မိတ်ကပ်တွေ အများကြီး တင်လိုက်မယ်၊
-
ရုပ်သံကို သွားပြီး သတင်းတွေ
အကြောင်းကို ပြောမယ်။
-
အဲဒါဟာ မီဒီယာကို ပြုလုပ်တဲ့
လူသိရှင်ကြား လုပ်ရပ်ပါ။
-
အဲဒီနောက် ကျွန်မဟာ အိမ်ပြန်သွားပြီး
ဝက်ဘ်ထဲမှာ ဝင်ကြည့်ပါတယ်
-
ကျွန်မ Twitter ကို ဖတ်နေတယ်၊
-
အဲဒါက မီဒီယာကို ပုဂ္ဂိုလ်ရေး သုံးစွဲတဲ့ လုပ်ရပ်ပါ။
-
အဲဒါ တကယ်ပါပဲ။ ကျွန်မဟာ အိပ်ရာဝတ်စုံနဲ့ပါ။
-
အဲဒါမှားတယ်။
-
ကျွန်မတို့ ရေးတဲ့ ဘလော့ဂ်တိုင်း၊
ကျွန်မတို့ တွီးတ်လိုက်တဲ့ အရာတိုင်း၊
-
ပြီးတော့ ကျွန်မတို့
ကလစ်လိုက်တဲ့ အရာတိုင်းဟာ
-
မီဒီယာ ပြုလုပ်ရေး လူသိရှင်ကြား လုပ်ရပ်ပါ။
-
ကျွန်မတို့ဟာ အယ်ဒီတာ အသစ်တွေပါ။
-
ကျွန်မတို့က အာရုံပြုလိုက်တဲ့ အရာက
-
ဘာတွေကို အာရုံစိုက်ကြမယ်
ဆိုတာကို ဆုံးဖြတ်ပေးပါတယ်။
-
ဒီနေ့ မီဒီယာ အလုပ်လုပ်ပုံက အဲဒီလိုပါ။
-
ရှင်တို့၊ ကျွန်မတို့ အားလုံး
တိုးတိုးမြင်လာရတာကို
-
ဆုံးဖြတ်ပေးတဲ့ အယ်လ်ဂိုရီသမ်တွေ
မြင်မရနိုင်ပေမဲ့၊
-
အားလုံးဟာ ကျွန်မတို့ ကလစ်လိုက်တာကို အခြေခံပါတယ်၊
-
အဲဒါကမှ ကျွန်မတို့ရဲ့ ယဉ်ကျေးမှု
တစ်ခုလုံးကို ပုံသွင်းနေတာပါ။
-
အမေရိကပြည်သူ ငါးဦးထဲက သုံးဦးဟာ
-
ကျွန်မတို့ နိုင်ငံထဲမှာ တကယ့်ကို ရိုင်းပျတဲ့
ပြဿနာကြီး ရှိနေပြီလို့ ယူဆပါတယ်၊
-
ဒါပေမဲ့ စော်ကားရေး
ကောလဟလ ထုတ်လွှင့်နေတာ
-
မလိုလားအပ်တဲ့ ညစ်ပတ်တဲ့ အရာတွေကိုမှ
ကလစ်နေကြကာ
-
လူ့အဖွဲ့အစည်းထဲကို
ဆိုးဝါးတဲ့ လှုံ့ဆော်ချက်တွေကို
-
ပို့ပေးနေကြတာ အမေရိကပြည်သူ
ငါးဦးထဲက သုံးဦးပဲ ဖြစ်ပါလိမ့်မယ်။
-
ဆူညံသံ ကျယ်လောင်လာနေတဲ့
မီဒီယာ မျက်နှာစာမှာ
-
ကိုယ့်ကို ကြားမိဖို့ ပိုပြီးဆူညံပေးဖို့
လိုလာပါတယ်၊
-
ပြီးတော့ ကျယ်လောင်သံတွေရဲ့ ဖိစီးမှုက
-
ဆိုးဝါးတဲ့ အရာတွေရဲ့ ဖိစီးမှုကို
အားပေးနေပါတယ်။
-
ဒါဟာ အဲဒီလို မဖြစ်သင့်ပါ။
-
ဘယ်လိုမှ မဖြစ်အပ်ပါ။
-
ကျွန်မတို့ဟာ အားပေးမှုကို
ပြောင်းလဲနိုင်ကြပါတယ်။
-
စတင်တဲ့အနေနဲ့၊ ကျွန်မတို့အားလုံး
လုပ်နိုင်ကြတဲ့ အရာနှစ်ခု ရှိပါတယ်။
-
ပထမက၊ တစ်ဦးဦး ထိုးနှက်ခံနေရတာကို မြင်ရင်
ဘေးမှာ ရပ်ကြည့်မနေပါနဲ့။
-
အွန်လိုင်းမှာ အလုံးသုံးစားနေတာကို
မြင်ရင် တစ်ခုခု လုပ်ပါ။
-
လူစွမ်းကောင်း လုပ်ပြပါ။
ဒါဟာ ရှင်တို့ရဲ့ အခွင့်အလမ်းပါပဲ။
-
ပြောဖြစ်ပါ။ ထုတ်ပြောလိုက်ပါ။
လူကောင်း တစ်ယောက် ဖြစ်ပါစေ။
-
အနှုတ်လက္ခဏာကို
အပေါင်းလက္ခဏာထဲကို နှစ်မြှုပ်ပစ်ပါ။
-
အဲဒီနောက် ဒုတိယက၊ ကျွန်မတို့
ကလစ်ခြင်းကို ရပ်စဲကြရပါမယ်
-
အနည်းဆုံးအားဖြင့် တုံ့ပြန်ချက်တွေ၊
-
လင့် မျှပေးတာကို ရပ်ကြရပါမယ်။
-
တကယ်လို့ ရှင်တို့ဟာ
ပရိုဂရမ် ရေးဆွဲတိုင်းမှာ
-
တစ်ချိန်လုံး၊ ၂၄/၇ Kardashian
လာလာနေတာကို မလိုချင်ရင်၊
-
ရှင်တို့ဟာ Kim Kardashian ရဲ့
လံကြုတ် ပုံပြင်တွေကို
-
ကလစ်နေခြင်းကို ရပ်ပစ်ဖို့ လိုပါတယ်။
-
ရှင်တို့ အဲဒီလို လုပ်ကြတာ ကျွန်မသိပါတယ်။
(လက်ခုပ်သံများ)
-
ရှင်တို့လည်း ပါတယ်။
-
တကယ်ပါ၊ အလားတူ ပြောရရင်
-
ရှင်တို့က နိုင်ငံရေးသမားတွေ အမည်တပ်
ပြောဆိုနေကြတာကို မကြိုက်ရင်၊
-
ပါတီ တစ်ခုထဲက လူက နောက်ပါတီ တစ်ခုထဲက လူကို
-
ပြောဆိုနေကြတဲ့ အကြောင်းတွေကို
ကလစ်လုပ်မှု ရပ်စဲလိုက်ကြပါ။
-
မီးရထားပျက်ကြီးကို လကစ်နေခြင်းဟာ
အဲဒီထဲကို ဓာတ်ဆီကို လောင်းပေးခြင်းပါပဲ။
-
အခြေအနေ ပိုလို့ကို ဆိုးလာပါမယ်၊
မီးဟာ ပိုပြန့်လာပါမယ်။
-
ကျွန်မတို့ရဲ့ ယဉ်ကျေးမှု တစ်ရပ်လုံး
မီးလောင်နေပါတယ်။
-
ကလစ်အများဆုံးက အရာတွေကို
အနိုင်ယူနေကြတယ်ဆိုတော့၊
-
ကျွန်မတို့ရဲ့ ကမ္ဘာကြီးကို
ပုံသွင်းမှုကို ကျွန်မတို့ဟာ
-
ကျွန်မတို့ရဲ့ ကလစ်များဖြင့် စတင်ကြပါစို့၊
-
ကလစ်ခြင်းဟာ အများပြည်သူအတွက်
လုပ်ဆောင်ချက်မို့လို့ပါ။
-
ဒီတော့ တာဝန်သိစွာဖြင့် ကလစ်ကြပါ။
ကျေးဇူးတင်ပါတယ်။
-
(လက်ခုပ်သံများ)